03/08/2025
Cylinder Head Gasket ပေါက်တယ်
Cylinder Head ကွဲတယ်
ဓာတ်ဆီကား Cylinder head ကို အပူချိန်မြင့်မားတဲ့ combustion chamber room ရဲ့ဒဏ်ကိုခံနိုင်တဲ့ အပူစွန့်လွှတ်မှုကောင်းပြီး ပေါ့ပါး ခိုင်ခံ့တဲ့ aluminum alloy ကိုသုံးတယ်
Gasket ကို ဖိအားဒဏ်နဲ့ အပူဒဏ်ကို ခံနိုင်တဲ့ steel, copper, composite တို့သုံးပြီး အလွီာ ၂ လွှာ ၃ လွှာပါရှိတတ်တယ်
တချို့ gasket တွေမှာ ကားရဲ့ အင်ဂျင် output power ကိုလိုက်ပြီး gasket ရဲ့ အပေါ်ယံအလွှာမှာ rubber , graphite, aramid fiber တို့ကို sealing ကောင်းကို coating အဖြစ်သုံးကြတယ်
Cylinders head ကို အအေးပေးစနစ် အနေနဲ့ ပြင်ပလေနဲ့ အအေးခံခြင်း၊ coolant လည်ပတ်စီးဆင်းခြင်းဖြစ် အအေးခံခြင်း၊ အင်ဂျင်ဝိုင်လည်ပတ် စီးဆင်းခြင်းဖြစ် အအေးခံခြင်းတွေရှိတယ်
ပုံထဲက ကားက မိုင် ၁ သိန်းဝန်းကျင် head gasket ပေါက်သွားပြီး အမျိုးအစားတူ တစီးက cylinder head အက်သွားတယ် ညီကိုတို့ ဘာကြောင့်လို့ထင်လဲ
Cylinder head material ညံလို့လား
Gaskets ညံလို့လား
အပူစွန့်လွှတ်မှုစနစ် မကောင်းလို့လား
thermostats မကောင်းလို့ ပွင့်သင့်တဲ့ အချိန်မပွင့်လို့လား
Water pump ရဲ့ ဒလက်တွေ မကောင်းလို့လား
Misfire ဖြစ်ချိန် ချက်မီးလင်းနေတာကို ဇွတ်ဆက်မောင်းလို့ combustion chamber မှာ ဓာတ်ဆီအိုင်ပြီး hydro locked ဖြစ်ပြီး engine ဘက်အခြမ်း connecting rod မကောက်သွားဘဲ အပေါ်က cylinder head ကွဲအက်သွားသလား
ကဲ…ဘာဖြစ်မယ်ထင်လဲ ဂျပန် စလုံး ဩဇီ ယပလက် မြန်မာ က ကျောင်းနေဖက် ချစ်ညီကိုတို့
ကိုဇာကြီး(နတ်သမီးမြို့တော်)