Thein Than Han Constrution Co.,Ltd

Thein Than Han Constrution Co.,Ltd Scientists Dream About Doing Great Things.Engineers Do Them.

🏠နံရံတွေမှာ အက်ကြောင်းတွေမြင်နေရလို့ စိတ်ညစ်နေရပြီလားအိမ်တစ်အိမ်ရဲ့ အလှတရားဟာ နံရံကနေ စတင်ပါတယ်။ ဆေးရောင်စုံလှပဖို့ထက် န...
26/02/2026

🏠နံရံတွေမှာ အက်ကြောင်းတွေမြင်နေရလို့ စိတ်ညစ်နေရပြီလား

အိမ်တစ်အိမ်ရဲ့ အလှတရားဟာ နံရံကနေ စတင်ပါတယ်။ ဆေးရောင်စုံလှပဖို့ထက် နံရံမျက်နှာပြင် ပြောင်ချောညီညာနေဖို့က ပိုအရေးကြီးပါတယ်။ ဆေးမသုတ်ခင် နံရံမှာရှိတဲ့ အက်ကြောင်းနဲ့ အပေါက်အပြဲတွေကို အပြည့်အဝ ဖုံးပေးနိုင်တဲ့ နံရံအချောကိုင်မှုန့် (Weberbase Levelling Plaster) ကို အသုံးပြုမယ်ဆိုရင်တော့
သင့်အိမ်ရဲ့ နံရံတွေက မှန်သားပြင်လို ချောမွတ်သွားမှာပဲ ဖြစ်ပါတယ်။

နံရံအချောကိုင်မှုန့် (Weberbase Levelling Plaster) ရဲ့ အားသာချက်တွေကတော့

✅ ဆေးကုန်သက်သာစေသလို၊ အလုပ်တွင်ပြီး အခြောက်မြန်တာကြောင့် အချိန်နဲ့ ငွေကြေးကုန်ကျမှုကိုပါ သက်သာစေပါတယ်။

✅ နံရံမှာရှိတဲ့ အက်ကြောင်းတွေနဲ့ လေပူဖောင်းပေါက်တွေကို အကုန်ဖုံးပေးနိုင်လို့ နံရံမျက်နှာပြင်ကို ချောမွတ်သွားစေမှာပဲဖြစ်ပါတယ်။

✅ နံရံကို လက်နဲ့ ပွတ်ကြည့်ရင်တောင် ဖုန်မှုန့်တွေ ကပ်ပါလာတာမျိုး မရှိလို့ ဆေးသုတ်တဲ့အခါ ဆေးသားကို တစ်ပြေးညီဖြစ်စေပါတယ်။

✅ ဆေးသား မညီမညာဖြစ်တာမျိုး လုံးဝမရှိဘဲ ဆေးရောင်ကို ပိုပြီး အရောင်ထွက်စေပါတယ်။

✅ နံရံအခြေအနေပေါ်မူတည်ပြီး အထူအပါးကို စိတ်ကြိုက်ညှိလို့ရတာကြောင့် အသုံးပြုရတာ
လွယ်ကူအဆင်ပြေစေပါတယ်။

နံရံအချောကိုင်မှုန့်ကို အုတ်နံရံ၊ ကွန်ကရစ်နံရံနဲ့ အင်္ဂတေနံရံတွေမှာ အဓိက အသုံးပြုလို့ရပါတယ်။ အိမ်အတွင်းပိုင်း နံရံတွေမှာရှိတဲ့ အပေါက်အပြဲတွေကို ပြန်ပြုပြင်ဖို့နဲ့ ဆေးမသုတ်ခင် နံရံမျက်နှာပြင် ညီညာအောင် အချောသတ်ပေးဖို့အတွက် အကောင်းဆုံး ရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။

လှပညီညာတဲ့ နံရံမျက်နှာပြင်ကို ပိုင်ဆိုင်ဖို့အတွက်
နံရံအချောကိုင်မှုန့် (Weberbase Levelling Plaster) ကို ကျွန်တော်တို့ Thien Than Han Construction Co.,Ltd မှာ အခုပဲဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။📦

မိမိတို့အတွက် ဆောက်လုပ်ရေး နဲ့
အလှတန်ဆာဆင် ဝန်ဆောင်မှုတို့ကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
🤳 “09955194649” ကို စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ . . . . . . . . . . . . . . . . . .
🏢Thein Than Han Construction Co.,Ltd
📞 09955194649
✉️ [email protected]

အရောင်အသွေးသစ်တွေနဲ့ ပုံစံသစ်ဖြစ်သွားတဲ့ ပညာရေးနယ်မြေတစ်ခု 🏗️မြောက်ဒဂုံမှာ မကြာခင် ဖွင့်လှစ်တော့မယ့် TMP International I...
22/02/2026

အရောင်အသွေးသစ်တွေနဲ့ ပုံစံသစ်ဖြစ်သွားတဲ့ ပညာရေးနယ်မြေတစ်ခု 🏗️

မြောက်ဒဂုံမှာ မကြာခင် ဖွင့်လှစ်တော့မယ့် TMP International Institute အတွက် မူလအဆောက်အအုံကို ကျောင်းဘက်က ရွေးချယ်ထားတဲ့ အရောင်အသွေးတွေနဲ့အညီ Thein Than Han Construction Co.,Ltd မှ တာဝန်ယူ တည်ဆောက်မွမ်းမံပေးခဲ့ပါတယ်။

မူလရှိပြီးသား အဆောက်အအုံကိုပဲ အရင်နဲ့မတူ
ကျောင်းဘက်က တောင်းဆိုထားတဲ့ အရောင်တွေ
အတိုင်းစနစ်တကျပြောင်းလဲခြယ်သပေးထားတာပဲ ဖြစ်ပါတယ်။ ကျောင်းသား/သူတွေအတွက် တက်ကြွလှပတဲ့ ပညာသင်ကြားရေး ပတ်ဝန်းကျင်သစ်တစ်ခု ဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Thein Than Han Construction Co.,Ltd မှာ အဆောက်အအုံသစ်တွေ ဆောက်တာပဲဖြစ်ဖြစ်၊ ရှိပြီးသားနေရာကို အသစ်အတိုင်း ပြန်ပြင်ချင်တာပဲဖြစ်ဖြစ်၊ အတွင်းပိုင်း ဒီဇိုင်းပိုင်းတွေအထိ ကျွန်တော်တို့ဘက်က လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူ တည်ဆောက်ပေးနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

မိမိတို့အတွက် ဆောက်လုပ်ရေး နဲ့
အလှတန်ဆာဆင် ဝန်ဆောင်မှုတို့ကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
🤳 “09955194649” ကို စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ . . . . . . . . . . . . . . . . . .
🏢Thein Than Han Construction Co.,Ltd
📞 09955194649
✉️ [email protected]

မိုးတွင်းမှ ရေလုံဆေး လိုအပ်တယ် လို့ ထင်နေတုန်းလား 🤔လူအများစုက မိုးရွာပြီး ရေစိမ့်မှသာ ရေလုံဆေးအကြောင်း စဉ်းစားတတ်ကြပါတယ်...
15/02/2026

မိုးတွင်းမှ ရေလုံဆေး လိုအပ်တယ် လို့ ထင်နေတုန်းလား 🤔

လူအများစုက မိုးရွာပြီး ရေစိမ့်မှသာ ရေလုံဆေးအကြောင်း စဉ်းစားတတ်ကြပါတယ်။ တကယ်တော့ ရေလုံဆေး ဆိုတာ အိမ်တစ်အိမ်ရဲ့
ခိုင်ခံ့မှုကို အဓိကထိန်းညှိပေးတဲ့ "အကာအကွယ်အလွှာ" တစ်ခုပဲ ဖြစ်ပါတယ်။

နေပူရှိန်ပြင်းတဲ့ အခုလိုနွေရာသီမှာ ရေလုံဆေးကို စနစ်တကျ အသုံးပြုထားခြင်းက အိမ်တွင်းအပူချိန်ကို လျော့ကျစေရုံတင်မကဘဲ၊ မိုးတွင်းမှာ ကြုံတွေ့ရမယ့် ရေစိမ့်တာနဲ့ အက်ကြောင်းပြဿနာတွေကိုပါ အမြစ်ပြတ် ကြိုတင်ကာကွယ်ထားနိုင်တာပဲ ဖြစ်ပါတယ်။

နွေရာသီမှာ ရေလုံဆေး အသုံးပြုခြင်းကြောင့်
ရရှိမယ့် အကျိုးရလဒ်များကတော့

✅ အပြင်က အပူရှိန်ကို ပြန်ကန်ပေးနိုင်လို့ အိမ်တွင်းအပူရှိန်ကို လျော့ကျစေပါတယ်။

✅ မိုးရာသီမှာ ရေယိုစိမ့်မှုပြဿနာကို ကြိုတင်ဖြေရှင်းထားနိုင်လို့ အချိန်နဲ့ ငွေကြေးကုန်ကျမှုကို သက်သာစေပါတယ်။

✅ အက်ကြောင်းတွေကတစ်ဆင့် ရေစိမ့်ဝင်ပြီး အဆောက်အအုံရဲ့ ခိုင်ခံ့မှုကို ထိခိုက်မှာကို တားဆီးပေးနိုင်ပါတယ်။

✅ နံရံမှာ အစိုပြန်ပြီး မှိုတက်တာနဲ့ ဆေးသားဖောင်းပြီး ကွာတာမျိုး မဖြစ်အောင် အကာအကွယ်ပေးပါတယ်။

ကျွန်တော်တို့ Thien Than Han Construction Co.,Ltd မှာဆိုရင် လူကြီးမင်းတို့ရဲ့ အိမ်နဲ့
အဆောက်အအုံအတွက် အရည်အသွေးမြင့် ရေလုံဆေး ဝန်ဆောင်မှုများကို
တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

ပစ္စည်းရွေးချယ်မှုအတွက် လူကြီးမင်းတို့ ခေါင်းခဲနေစရာမလိုဘဲ ကျွန်တော်တို့ Thein Than Han Construction Co.,Ltd က အကောင်းဆုံးနဲ့ အကိုက်ညီဆုံးဖြစ်မယ့် အရည်အသွေးမြင့်ထုတ်ကုန်တွေကိုပဲ စနစ်တကျ ရွေးချယ်အသုံးပြုပေးသွားမှာပါပဲ ဖြစ်ပါတယ်။

အောက်ခံမျက်နှာပြင် ပြင်ဆင်တာကအစ အချောသပ်တဲ့အထိ အဆင့်တိုင်းကို စနစ်တကျတာဝန်ယူ ဆောင်ရွက်ပေးနေတဲ့အတွက်
လက်ရာပိုင်းရော ရေရှည်ခိုင်ခံ့မှုကိုပါ
စိတ်ချယုံကြည်နိုင်ပါတယ်ခင်ဗျာ။

မိမိတို့အတွက် ဆောက်လုပ်ရေး နဲ့
အလှတန်ဆာဆင် ဝန်ဆောင်မှုတို့ကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
🤳 “09955194649” ကို စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ . . . . . . . . . . . . . . . . . .
🏢Thein Than Han Construction Co.,Ltd
📞 09955194649
✉️ [email protected]

ခေတ်မီတဲ့အိမ်လား ၊  ခမ်းနားတဲ့အိမ်လားသင့်စိတ်ကြိုက် အိမ်ပုံစံကို ရွေးချယ်လိုက်ပါ🏠အိမ်တစ်လုံးဆောက်ဖို့ ရည်ရွယ်ထားပြီဆိုရင...
11/02/2026

ခေတ်မီတဲ့အိမ်လား ၊ ခမ်းနားတဲ့အိမ်လား
သင့်စိတ်ကြိုက် အိမ်ပုံစံကို ရွေးချယ်လိုက်ပါ🏠

အိမ်တစ်လုံးဆောက်ဖို့ ရည်ရွယ်ထားပြီဆိုရင် "ဘယ်လိုပုံစံလေးဆောက်ရင် အလှဆုံးနဲ့ အခိုင်ခံ့ဆုံးဖြစ်မလဲ" ဆိုတဲ့ မေးခွန်းက အရင်ဆုံး စဥ်းစားမိတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၂၀ နောက်ပိုင်းကစပြီး အိမ်ရှင်အများစု အနှစ်သက်ဆုံးဖြစ်နေတဲ့ ဒီဇိုင်းပုံစံ (၂) မျိုးအကြောင်းကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ💡

၁။ ခေတ်မီပြီး အမြင်ရှင်းတဲ့ ဒီဇိုင်း
(Modern Style) 🏙️

အခုနောက်ပိုင်းမှာ အိမ်ရှင်အများစုက
အပြင်အဆင်တွေ သိပ်မပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ သပ်ရပ်နေတဲ့ ပုံစံမျိုးကို ပိုပြီး သဘောကျလာကြပါတယ်။ မှန်ပြတင်းပေါက် ကျယ်ကျယ်လေးတွေနဲ့ အလင်းရောင်ကောင်းကောင်းရအောင် ဆောက်လုပ်ထားတာကြောင့် အိမ်ထဲမှာနေရင်လည်း မွန်းကြပ်မှုမရှိဘဲ စိတ်ကို လန်းဆန်းစေတာက ဒီ ဒီဇိုင်းရဲ့ ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်ရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့ ကိုက်ညီဖို့ဆိုရင်တော့ "အလှ" တစ်ခုတည်းကြည့်လို့ မရပါဘူး။ အိမ်ထဲကို နေပူရှိန် တိုက်ရိုက်မကျအောင်နဲ့ မိုးမပက်အောင် အမိုးစွန်းတွေကို ခပ်ကျယ်ကျယ်လေး ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့
အမြင်မှာလည်း စမတ်ကျနေသလို၊ အပြင်မှာ ဘယ်လောက်ပဲ ပူနေပါစေ အိမ်ထဲမှာ အေးအေးချမ်းချမ်းနဲ့ စိတ်အေးလက်အေး နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်ဗျ။

၂။ ခိုင်ခံ့ပြီး ခမ်းနားထည်ဝါတဲ့ ဒီဇိုင်း
(Classic Style) 🏛️

ဘယ်တော့မှ ရိုးမသွားတဲ့ ခမ်းနားမှုကို လိုချင်သူတွေအတွက်တော့ ဒီ ဒီဇိုင်းက အသင့်တော်ဆုံးပါပဲ။ တိုင်လုံးကြီးတွေနဲ့ အနုစိတ် အလှဆင်ထားတာကြောင့် ကြည့်လိုက်တာနဲ့ ခိုင်ခံ့ပြီး ခမ်းနားတဲ့အသွင်ကို ပေးစွမ်းနိုင်ပါတယ်။

ဒီပုံစံရဲ့ အားသာချက်ကတော့ အမိုးလျှောပုံစံနဲ့ ခေါင်မိုးဒီဇိုင်းကျယ်ကျယ်တွေ ပါဝင်တာကြောင့် မိုးရေစီးဆင်းမှုကောင်းပြီး အိမ်ထဲကို အမြဲအေးမြနေစေတာပဲ ဖြစ်ပါတယ်။
နံရံအထူတွေကလည်း အပြင်က အပူဒဏ်ကို အိမ်ထဲအထိ မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အနုစိတ်လက်ရာတွေနဲ့ သေသေချာချာ တည်ဆောက်ထားတာကြောင့် အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ သင့်ရဲ့အိမ်လေးက အမြဲတမ်း ခမ်းနားတင့်တယ်နေမှာ ဖြစ်ပါတယ်ဗျ။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းပါစေ... သင့်ရဲ့ စိတ်ကူးအိမ်မက်တွေကို ခိုင်ခံ့မှု၊ လှပမှုတွေ နဲ့ ပေါင်းစပ်ပြီး အကောင်အထည်ဖော်ပေးဖို့ Thien Than Han Construction Co.,Ltd က အမြဲအသင့်ရှိနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ🤝

မိမိတို့အတွက် ဆောက်လုပ်ရေး နဲ့ အလှတန်ဆာဆင် ဝန်ဆောင်မှုတို့ကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
🤳 “09955194649” ကို စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ . . . . . . . . . . . . . . . . . .
🏢Thein Than Han Construction Co.,Ltd
📞 09955194649
✉️ [email protected]

08/02/2026
08/02/2026
❝ ပြောင်းလဲမှုတွေဆိုတာ Thein Than Han Construction Co.,Ltd နဲ့ မှဖြစ်ပေါ်တာ❞ 🏗️Thein Than Han Construction Co.,Ltd မှ လက...
04/02/2026

❝ ပြောင်းလဲမှုတွေဆိုတာ Thein Than Han Construction Co.,Ltd နဲ့ မှဖြစ်ပေါ်တာ❞ 🏗️

Thein Than Han Construction Co.,Ltd မှ လက်တလော ဆောက်လုပ်ပြီးစီးထားခဲ့တဲ့ အဆောက်အအုံ တစ်ခု ရဲ့ စတင်တည်ဆောက်ခဲ့စဥ်က ပုံနဲ့ တည်ဆောက်အပြီး ပုံရိပ်တို့ကို မျှဝေပေးလိုက်ပါတယ်။

မိမိတို့အတွက် ဆောက်လုပ်ရေး နဲ့ အလှတန်ဆာဆင် ဝန်ဆောင်မှုတို့ကို ရယူဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့
🤳 “09955194649” ကို စိတ်တိုင်းကျ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ . . . . . . . . . . . . . . . . . .
🏢Thein Than Han Construction Co.,Ltd
📞 09955194649
✉️ [email protected]

20/10/2025

*weberbase leveling plaster*

ဘိလပ်မြေအခြေခံထုတ်လုပ်ထားသော ဝီဘာဘေ့စ်လယ်ဘယ်လိန်း ပလာစတာသည် နံရံများကိုအချောကိုင်ရာမှာအလွန်အသုံးတည့်သောခေတ်မီထုတ်ကုန်တစ်ခုဖြစ်ပါသည်။ ကွန်ကရိမျက်နှာပြင်၊ ပရီကက်စ်ကွန်ကရိမျက်နှာပြင်၊ texca wall ပေါပါးမိုလောင်းနံရံမျက်နှာပြင်၊ ချောထားပြီးမညီညာသည့်မျက်နှာပြင်၊ အုတ်နံရံ၊ ဘိလပ်မြေကျောက်ပြားနံရံ စသည်တို့ကိုအလွယ်တကူနှင့်လှလှပပအချောကိုင်နိုင်ရန်အထူးဖေါ်စပ်ထုတ်လုတ်ထားခြင်းဖြစ်ပါသည်။

ထုတ်ကုန်၏အားသာချက်များမှာ-
✅အသုံပြုရလွယ်ကူပြီးချောမွှတ်လှပသောမျက်နှာပြင်ဖြစ်ပေါ်စေခြင်း၊
✅စွဲကပ်အားကောင်းမွန်ပြီးဖုန်အညစ်အကြေးထွက်မှုမရှိခြင်း၊
✅အောက်ခံနံရန်ပေါ်မှာဖြစ်လေ့ရှိသည့် ပူဖေါင်းပေါက်များ၊ အက်ကြောင်းငယ်များ၊မျက်နှာပြင်ကြမ်းတန်းမှုများကိုအကောင်းဆုံးဖုံးအုပ်ပေးနိုင်ခြင်း၊
✅မျက်နှာပြင်ကို 2 mm လောက်ပါးပါးညှိပေးနိုင်ပြီး 10mm အထူအထိညှိပေးနိုင်ခြင်း၊

အရောင်မှာခဲရောင်ဖြစ်ပြီး ထုပ်ပိုးမှုအနေနှင့် 25kg အိပ်ဖြစ်ပါသည်။ နံရံကို 5mm အထူချောလျှင် တစ်ကျင်းကို 2 အိပ်ခန့်ကုန်ပါမည်။
——————————————-

အသေးစိပ်သိလိုပါက - 09798157635 သို့မဟုတ် 09798189854 ကိုဆက်သွယ်ပါ။

————————————————

နည်းပညာအချက်အလက်များရယူရန်နှိပ်ပါ။
https://www.th.weber/files/th/2020-08/weberbase_levelling_plaster_certificates_datasheet_EN.pdf



အေး တည် ငြိမ်း စံ ဓမ္မ ဗိမာန် မှာတော့ ကုသိုလ်ပြု မှတ်တိုင်စိုက်ထူးနိုင်ခဲ့ပြီ။
28/02/2025

အေး တည် ငြိမ်း စံ ဓမ္မ ဗိမာန် မှာတော့ ကုသိုလ်ပြု မှတ်တိုင်စိုက်ထူးနိုင်ခဲ့ပြီ။

အားလုံးပဲ Merry Christmasပါဗျ။ အားလပ်ရက်တွင် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်နှက်နေပါစေလို့ နွေးထွေးစွာ ဆုမွန်ကေ...
25/12/2024

အားလုံးပဲ Merry Christmasပါဗျ။ အားလပ်ရက်တွင် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်နှက်နေပါစေလို့ နွေးထွေးစွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျ။ 🎄🎁

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thein Than Han Constrution Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share