Aung Htoo Khine Auto Part

Aung Htoo Khine Auto Part Sale Auto Part

04/01/2025
မူစကူဒူး 😁😁😁😁😁photo credit
19/12/2023

မူစကူဒူး 😁😁😁😁😁

photo credit

12/12/2023


မဂ်လာပါခဗျ ကားစက်ပြင်တဲ့ညီအကိုတွေ အတွက် LED Display ပါတဲ့ Car Circuit Tester Pen လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ခဗျ၊  ဒီမီးစ...
12/12/2023

မဂ်လာပါခဗျ

ကားစက်ပြင်တဲ့ညီအကိုတွေ အတွက် LED Display ပါတဲ့ Car Circuit Tester Pen လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ခဗျ၊

ဒီမီးစမ်း Tester လေးဟာဆိုရင်ဖြင့် 5V ကနေ 30V အတွင်း မီးစမ်းလို့ရပါတယ် ခဗျ။

(+) လိုင်းကိုစမ်းသပ်တဲ့အခါ Tester Penလေးကနေ အနီရောင် ဖြင့်ဖော်ပြပေးမှာဖြစ်ပြီး ၊ (-) လိုင်းကိုစမ်းသပ်တဲ့အခါမှာတော့ အစိမ်းရောင်ဖြင့်ဖော်ပြပေးမှာဖြစ်ပါတယ် ခဗျ။

အသုံးပြုပုံလေးကိုလည်း Video file ဖြင့်ဖော်ပြပေးထားပါတယ် ခဗျ။

ဒါ့အပြင် ကားစက်နှိုးထားစဥ်အတွင်း ကားတွင်ပါဝင်သော Sensorများသို့ မီးရောက်မရောက်စမ်းသပ်တဲ့အခါမှာလည်း ECU ကနေလက်ခံရရှိတဲ့ ဗို့(V) ကိုလည်း LED display မှာဖော်ပြပေးထားတဲ့အတွက် စက်ပြင်ညီအကိုအတွက် အသုံးတည့်မယ့် ပစ္စည်းကောင်းလေးတခုဖြစ်ပါတယ်။

ပစ္စည်းတန်ဖိုးကတော့ 50,000 ကျပ်ပါ။

ပစ္စည်းအရေအတွက် အနည်းငယ်ပဲပါလို့ ဦးသူရပါမယ်ခဗျ။

☎09424162512
☎09779672330

မဂ်လာပါခဗျ ကားစက်ပြင်ညီအကိုတွေအတွက် mobile gasoline injector ဆေးလို့ရမယ့် ပစ္စည်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ခဗျ။  ဒီပစ္စည...
12/12/2023

မဂ်လာပါခဗျ

ကားစက်ပြင်ညီအကိုတွေအတွက် mobile gasoline injector ဆေးလို့ရမယ့် ပစ္စည်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ခဗျ။

ဒီပစ္စည်းလေးမှာ ပါဝင်တဲ့ ပစ္စည်းများကတော့ injector အတွက် မီးပေးရန် ဝါယာကြိုး နှစ်ချောင်း (ဆော့ကတ် အကြီးနှင့် အသေး) ၊ injector စွပ်ရန်အတွက် ပလတ်စတစ်အထိုင် နှစ်ခု (injector အပေါက် အကြီး နင့် အသေး) ဆိုပြီး ပါဝင်ပါတယ် ခဗျ။

ဒီပစ္စည်းလေးဟာဆိုရင်ဖြင့် စက်ပြင်ညီအကိုများ အပြင်မှာ ကားထွက်ပြင်ရတဲ့အခါမျိုးမှာ injector ဆေးရန် လိုအပ်လာပါက အချိန်ကုန်သက်သာစွာဖြင့် မိမိပြင်နေသောကားအနားမှာတွင် ဆေးကြောလို့ရပါတယ်ခဗျ။

အသုံးပြုနည်း video လေးလည်းတွဲတင်ပေးထားပါတယ် ။ ဆေးကြောရန်အတွက် လိုအပ်သော ဆေးရည်အတွက်ကတော့ Throttle cleaner လေးနဲ့ဆို ဆေးကြောလို့ရပါတယ်ခဗျ။

ပစ္စည်းအရေအတွက်ကတော့ အနည်းငယ်ပဲပါလို့ ဦးသူရပါမယ် ခဗျာ။

စျေးနှုန်းလေးကတော့ 30,000 ကျပ် ပါ ခဗျ။

☎09424162512
☎09779672330

#အင်ဂျက်တာ

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🙏၊မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မ...
29/10/2023

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🙏၊မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ် မှာ 084903 ဖြစ်ပါသည်။

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

ဘတ်မှန်ချိန်နည်းလေး ဘယ်မောင်းယာဥ်တွေအတွက်ပါ
17/10/2023

ဘတ်မှန်ချိန်နည်းလေး ဘယ်မောင်းယာဥ်တွေအတွက်ပါ

တရုတ်ကားလေးတွေအတွက် ကား ပြစ်ချက်ရှာတဲ့​ Bluetooth OBD2 Scanner လေးရောင်းချင်ပါတယ်ခဗျ။ ဒီ OBD Bluetooth စင်လေးဟာဖြင့် 201...
08/10/2023

တရုတ်ကားလေးတွေအတွက် ကား ပြစ်ချက်ရှာတဲ့​ Bluetooth OBD2 Scanner လေးရောင်းချင်ပါတယ်ခဗျ။

ဒီ OBD Bluetooth စင်လေးဟာဖြင့် 2011 နှင့်အထက်ကားတော်တော်များများကို စစ်ဆေးလို့ရပါတယ် ခဗျ။

အသုံးပြုရတာလည်းလွယ်ကူပါတယ် ၊

အသုံးပြုနည်း
-Google​ play store က OBD Home app ကို​Download အရင်ဆွဲပါ။
-မိမိဖုန်းတွင် bluetooth ဖွင့်ပါ၊ internet ဖွင့်ပါ။
-OBD စက်ကို ကားတွင်တပ်ဆင်ပါ၊ ကားစက်နှိုးပါ။
-မိမိဖုန်းရဲ့ Bluetooth Setting ထဲသို့အရင်ဝင်ပါ။
-Availabe Device တွင် OBD ဆိုပြီးတွေ့ပါလိမ့်မယ်။
-pair လုပ်ပါ၊ code 1234 ရိုက်​ထည့်ပါ
-ဖုန်းနှင့်OBD Bluetooth ချိတ်ဆက်မှုပြီးလျှင် OBD Home app သို့ဝင်ပါ
-auto ချိတ်ဆက်ပါလိမ့်မည်၊ ချိတ်ဆက်မှု အောင်မြင် လျှင်​စတင်အသုံးပြုလို့ရပါပြီ၊
-အသုံးပြုပုံလေးကိုလည်း Video file လေးဖြင့်ရှင်းပြထားပါတယ် ခဗျ။

OBD စက်လေးကရဲ့တန်ဖိုးကတော့ 80,000 ကျပ် ဖြစ်ပါတယ် ခဗျ။

☎️☎️ 09424162512
☎️☎️ 09779672330

''ဂျက်မား '' ကပြောတယ်============ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။အကြွေးတင်ရင် အသက်က...
25/08/2023

''ဂျက်မား '' ကပြောတယ်
============
ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။

ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။

အကြွေးတင်ရင် အသက်ကိုရင်းပြီး ပြန်ဆပ်ရမယ်။
ပြန်မဆပ်နိုင်သေးရင် ဖုန်းဆက်ပြီးပြော။သင် မမေ့ဘူးဆိုတာကို သူများသိအောင်ပြ။

ရိုးရိုး သားသားနဲ့ လူလုပ်။
ဘယ်တော့မှ သူများ သင့်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို မပျက်စေနဲ့။

သူများ သင့် ကိုယုံကြည်တာဟာ သင် သူများရဲ့ရင်ထဲမှာ တည်ရှိနေတဲ့တန်ဖိုးပါ။

ဘဝခရီးကရှည်တယ်။
လမ်းကျဉ်းအောင်တော့မလုပ်နဲ့။

လူကောင်းအောင်သာ အရင်လုပ်။
ဘာမဆိုရှိလာနိုင်တယ် ဖြစ်လာနိုင်တယ်။

ဘယ်တော့မှ သင့်ပတ်ဝန်းကျင်ကလူတွေကို ယုံကြည်မှုမပျက်သွားစေနဲ့။

ယုံကြည်မှုပျက် = တစ်သက်ပြိုလဲ


ကားအောက်ပိုင်းက မြည်သံတွေ 1. စတီယာရင်အကွေ့တွေမှာ     ရှေ့ဘီးတွေက "တောက်တောက်"     မြည်တာဒူးဆစ်အသံပါ2. 50-60 km/h မှာ    ...
23/08/2023

ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်"
မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ
"လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"
မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန် တကျွီကျွီ
မြည်တာက ဘရိတ်ရှုးအသားနဲ့
ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန်
တဂျောက်ဂျောက်မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ်
( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်
အသံထွက်နေတယ်၊
ဘရိတ်မှေးထားရင်
ပျောက်တယ်ဆိုတာက
ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခု
ရောက်လာချိန်မှာ
တစ်စီးလုံးတုန်လာတာ၊
ရှေ့ယက်ကားတွေမှာဆိုရင်
အတွင်းဒူးဆစ်ခွက်တွေ
စားနေတာကြောင့်
အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင်
ညာမောင်းဆိုရင်
ဘယ်ဘက်က
ဂန်းရှပ်ဖ် ရိုက်သံကြားရ၊
ဘယ်မောင်းဆို ညာဘက်က
ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း
တဒုန်းဒုန်းတဒိုင်းဒိုင်း
ဖြစ်​နေတာကတော့
ရှော့ဘားတွေ
ထောက်တန်းဘွတ်တွေ
ရှော့ဘားအထိုင်တွေ
မကောင်းတာကြောင့်
ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊
ဘောဂျွိုင်းအသံတွေ
မြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့
သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ
ကားမောင်းနိုင်ကြပါစေဗျာ။
Credit.Original

Address

No 292(B), 4/1. Shwe Dagon Pagoda Road, Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959779672330

Website

Alerts

Be the first to know and let us send you an email when Aung Htoo Khine Auto Part posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Htoo Khine Auto Part:

Share