27/09/2023
ကားတစ်စီး ဝယ်ပြီးရင် ဆီလေးထည့်ပြီး လက်တင်မောင်းရုံနဲ့ မပြီးဘူးနော်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လိုအပ်တာလေးတွေ စစ်ဆေးပေးနေမှ လမ်းမထက်မှာ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်မှာပေါ့။ ဒီအတွက် ဘာတွေစစ်ဆေးပေးရမလဲ မျှဝေပေးလိုက်ပါတယ်ဗျာ။
🔶 နေ့စဉ် စစ်ဆေးပေးသင့်တဲ့ အရာ
✔️ ကားတာယာ(၄)လုံးကို လေပေါင်ပြည့်၊ မပြည့် စစ်ဆေးပါ။
✔️ ကားစက်မနိုးခင် ပန်ကာကြိုး မော်တာကြိုးတွေ အလျှော့အတင်း စစ်ဆေးပါ။
✔️ကားရှေ့မှန်တွေ ဝါးနေလား၊ ရှေ့ကို ရှင်းရှင်းလင်းလင်း မြင်ရရဲ့လား သေချာစစ်ပါ။
✔️ ဆီတိုင်ကီထဲ ဆီ ရှိ/မရှိ၊ အင်ဂျင်ဝိုင် လျော့/မလျော့ စစ်ဆေးပါ။
🔶 အပတ်စဉ် စစ်ဆေးပေးသင့်တဲ့ အရာ
✔️ ကားရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီးနဲ့ မီးကြီး စတာတွေ ကောင်းမကောင်း စစ်ဆေးပါ။
✔️ အင်ဂျင်အပူချိန်ကို ထိန်းပေးတဲ့ coolant လျော့နေလား၊ ကောင်းသေးလား ဆိုတာကို စစ်ဆေးပါ။
✔️ ဘက်ထရီသက်တမ်းနဲ့ ဘက်ထရီအခြေအနေ ကောင်း/မကောင်း စစ်ဆေးပါ။
✔️ လေကာမှန်ဝိုင်ဘာ ပုံမှန်အလုပ်/မလုပ်၊ ဝိုင်ဘာထဲ ရေရှိ/မရှိ စစ်ဆေးပါ။
🔶 လစဉ် စစ်ဆေးပေးသင့်တဲ့ အရာ
✔️ ဘရိတ်ဆီ ရှိ/မရှိ၊ ဘရှိတ်ရှူးတွေ ကောင်း/မကောင်း စစ်ဆေးပေးပါ။
✔️ ကားတာယာပန်းတွေကို စစ်ဆေးပြီး တာယာအသစ် လဲသင့်ရင် လဲပေးပါ။
✔️ အင်ဂျင်ဝိုင်နဲ့ filter ကောင်း/မကောင်း စစ်ဆေးပြီး မကောင်းတော့ရင် အသစ်လဲပေးပါ။
✔️ ကားလေကာမှန် ဝိုင်ဘာမှာ တပ်ဆင်ထားတဲ့ ရာဘာရွက်လေးတွေ ကောင်း/မကောင်း စစ်ဆေးပါ။
✔️ ကားအောက်ပိုင်းကြံ့ခိုင်ဖို့က အလွန်အရေးကြီးလို့ တစ်လတစ်ခါ ပုံမှန်စစ်ဆေးပေးပါ။
ကဲ ... ဒီအချက်တွေအတိုင်း ပုံမှန်စစ်ဆေးပြီး ကားကြံ့ခိုင်ရေး၊ ကားအန္တရာယ်ကင်းရှင်းရေးကို ဂရုစိုက်လိုက်ပါဦး။ အင်ဂျင်ဝိုင် လဲဖို့ လိုရင်တော့ မမေ့နဲ့ နော်။