Royal Treasure Electrical Trading

Royal Treasure Electrical Trading စက်ရုံသုံး အိမ်သုံး လျှပ်စစ် ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး , CCTV နှင့် Engineering Service

⚡️ မော်တာတစ်လုံးရဲ့ သက်စောင့်အဆောင် (သို့မဟုတ်) Overload Relay​လျှပ်စစ်မော်တာတွေ ပျက်စီးရတဲ့ အဓိကအကြောင်းအရင်းဟာ "အပူလွန...
20/04/2026

⚡️ မော်တာတစ်လုံးရဲ့ သက်စောင့်အဆောင် (သို့မဟုတ်) Overload Relay
​လျှပ်စစ်မော်တာတွေ ပျက်စီးရတဲ့ အဓိကအကြောင်းအရင်းဟာ "အပူလွန်ကဲခြင်း" ပါပဲ။ ဒီအန္တရာယ်ကနေ ကာကွယ်ပေးဖို့ Overload Relay က ဘယ်လိုတွေ စွမ်းဆောင်ပေးသလဲဆိုတာ ကြည့်လိုက်ရအောင်။

​🔍 သိထားသင့်တဲ့ အချက် (၅) ချက်
​Bimetallic Strip ရဲ့ စွမ်းပကား: လျှပ်စစ်စီးကြောင်း များလာတာနဲ့အမျှ Relay ထဲက သတ္တုပြားလေးက အပူကြောင့် ကွေးညွတ်သွားပြီး မော်တာဆီသွားတဲ့ မီးလိုင်းကို ချက်ချင်းဖြတ်တောက်ပေးပါတယ်။
​Trip Classes ကို မှန်အောင်ရွေးပါ: မော်တာ အမျိုးအစားပေါ်မူတည်ပြီး Class 10, 20 စသဖြင့် ခွဲခြားသတ်မှတ်ရပါတယ်။ ရုန်းအားများတဲ့ မော်တာတွေအတွက် Class မြင့်တာကို သုံးရပါတယ်။

​Phase Failure ကာကွယ်မှု: Phase (၃) လိုင်းထဲက တစ်လိုင်းပြတ်သွားတာနဲ့ မော်တာမလောင်ခင် Relay က ကြိုတင်သိရှိပြီး Trip ပေးနိုင်ပါတယ်။
​ပတ်ဝန်းကျင်အပူချိန်: အဆင့်မြင့် Relay တွေမှာ ပြင်ပအပူချိန်ကြောင့် အလုပ်လုပ်ပုံ မမှားယွင်းအောင် Ambient Temperature Compensation စနစ် ပါဝင်ပါတယ်။

​Manual Reset ကို ဦးစားပေးသုံးပါ: Trip ဖြစ်သွားတဲ့အခါ အလိုအလျောက်ပြန်တက်တဲ့ (Auto) ထက်၊ လူကိုယ်တိုင် စစ်ဆေးပြီးမှ ပြန်တင်ရတဲ့ (Manual) စနစ်က မော်တာကို ပိုမိုဘေးကင်းစေပါတယ်။

​⚙️ အကြံပြုချက်:
Overload Relay တပ်ဆင်တဲ့အခါ မော်တာရဲ့ Full Load Amps (FLA) အတိုင်း မှန်ကန်စွာ Setting ချိန်ဖို့ မမေ့ပါနဲ့။ Setting မှားယွင်းနေရင် Relay ရှိသော်လည်း မော်တာလောင်သွားနိုင်ပါတယ်။


အိမ်မှာ ဘရိတ်ကာ တပ်တော့မယ်ဆိုရင် "အမ်ပီယာ (Ampere)" ဂဏန်းတစ်ခုတည်း ကြည့်ပြီး ဝယ်နေတုန်းလား? ဒါဆိုရင်တော့ သင် အကြီးအကျယ် ...
19/04/2026

အိမ်မှာ ဘရိတ်ကာ တပ်တော့မယ်ဆိုရင် "အမ်ပီယာ (Ampere)" ဂဏန်းတစ်ခုတည်း ကြည့်ပြီး ဝယ်နေတုန်းလား? ဒါဆိုရင်တော့ သင် အကြီးအကျယ် မှားနေပါပြီ! ❌

ကိုနေ(Royal Treasure)

​ဘရိတ်ကာတစ်လုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထားတဲ့ B, C, D ဆိုတဲ့ အက္ခရာလေးတွေဟာ သင့်အိမ်ကို မီးဘေးအန္တရာယ်ကနေ တကယ်ကာကွယ်ပေးမယ့် "လျှို့ဝှက်ကုဒ်" တွေ ဖြစ်ပါတယ်။
​🔍 ဘာတွေကွာတာလဲ?
1️⃣ Type B: အာရုံခံစားမှု အရမ်းမြန်တယ်။ Sensitive ဖြစ်တဲ့ Electronic ပစ္စည်းတွေအတွက် သုံးပါတယ်။
2️⃣ Type C: ကျွန်တော်တို့ အသုံးအများဆုံးပါ။ မီးချောင်း၊ ရေခဲသေတ္တာ စတဲ့ အိမ်သုံးပစ္စည်းတွေအတွက် အသင့်တော်ဆုံးပဲ။
3️⃣ Type D: အဆောင့်ဒဏ်ကို အရမ်းခံနိုင်တယ်။ စက်ရုံသုံး မော်တာကြီးတွေအတွက်ပဲ သုံးသင့်ပါတယ်။
​⚠️ အမှတ်မှားတတ်တဲ့ အချက်
အိမ်သုံးမီးလိုင်းမှာ အဆောင့်ခံနိုင်တဲ့ Type D ကို သွားတပ်မိရင် Short Circuit ဖြစ်တဲ့အခါ ဘရိတ်ကာက ချက်ချင်းမကျဘဲ ကြာနေတတ်ပါတယ်။ အဲ့ဒီအချိန်မှာ သင့်အိမ်က ဝိုင်ယာကြိုးတွေ အရင်လောင်သွားနိုင်တာကို သတိပြုပါ!
​💡 နောက်ထပ် သိထားရမှာက 2P နဲ့ 1P+N အကြောင်းပါ
​2 Pole (2P): Line ရော Neutral ပါ Protection ပါလို့ အပြည့်အဝ စိတ်ချရတယ်။ (Main ခေါင်းမှာ သုံးပါ)
​1P+N: Line တစ်ခုတည်းကိုပဲ စောင့်ကြည့်တာဖြစ်လို့ နေရာချွေတာချင်တဲ့ Sub-circuit တွေမှာပဲ သုံးသင့်ပါတယ်။
​အမ်ပီယာတူရင် ပြီးတာပဲလို့ မယူဆပါနဲ့။ အမျိုးအစား (Type) မှန်မှသာ သင့်မိသားစုနဲ့ သင့်အိမ်ကို မီးဘေးကနေ တကယ်ကာကွယ်နိုင်မှာပါ။
​ဒီဗဟုသုတလေးက မီးဆရာတွေနဲ့ အိမ်ရှင်တွေအတွက် အကျိုးရှိမယ်ဆိုရင် Like & Share လုပ်ပြီး သိမ်းထားနိုင်ပါတယ်ဗျ။ ✨

အမေးများနေတဲ့Schneider brand , RM17TE00 , VMR(Voltage Mornitoring Relay) or Modular Measurement and Control Relay or Mon...
24/04/2025

အမေးများနေတဲ့

Schneider brand , RM17TE00 , VMR(Voltage Mornitoring Relay) or Modular Measurement and Control Relay or Monitoring and Control Relay (3-Phase Supply) အကြောင်းလေး ကျနော်သိထား‌သလောက် ပြောပြထားခြင်းပါခင်ဗျာ

Phase Sequence Protector လို့လဲ ခေါ်ကြပါတယ်
မသိသေးတဲ့ Beginner များ အတွက်သာ
ရည်ရွယ်ပါတယ်ခင်ဗျ

ဒီ Device , Model လေးကတော့ အောက်ပါ အချက်တွေကို ထောက်လှမ်းပြီး အလုပ်လုပ်ပေးတဲ့ Protection Device ဖြစ်ပါတယ်

1-Phase Sequence
2-Phase Loss
3-Asymmetry
4-Over/Under Voltage

ဖေါ်ပြပါ Fault တွေထဲက တစ်ခုခု Abnormal ဖြစ်ခဲ့ရင်
Output signal(NO/NC) ထုတ်ပေးမယ့် သဘောပါခင်ဗျ

ဒီ Device လေးကို အဓိကအားဖြင့်တော့ Three Phase Motor တွေ/ ATS function တွေရဲ့ ပုံမှန်မဟုတ်တဲ့ ‌အခြေနေမှာ Emergency power supply ဘက်ကို Switching လုပ်‌ေစချင်တဲ့နေရာတွေ /Sequence အမှားမခံတဲ့ 3-Phase supplies တွေ
စတဲ့ နေရာတွေမှာ Protection အတွက်သုံးကြပါတယ်

Device အလုပ် လုပ်ဖို့အတွက် 3-Phase power supply (L1/L2/L3) ပေးရမည်ဖြစ်ပြီး
Control အတွက် 11/12/14 pin များကို သုံးကြရပါမယ်
11 pin = Common
12 pin = NC
14 pin = NO

NO & NC Contact တွေကိုတော့ ကိုယ်သုံးတဲ့ Function ပေါ်မှာ မူတည်ပြီး လိုအပ်သလို အသုံးပြုကြပါတယ်

Setting တွေအရတော့
ပထမ , အပေါ်ဆုံး Setting, က ချိန်ပေးရမယ့်
Voltage Range,Un ပါ
3-Phase Voltage =208,220,380,400,415,440 and 480 V အထိ Range အမျိုး၂ ပါပါတယ်
ကိုယ်ချိန်ထားတဲ့ Rang ပေါ်မှာ မူတည်ပြီး
Over/Under Voltage setting ,Delta U & Aysmmetry threshold setting,Asy
(i.e-Unbalanced voltage) တွေကို တွက်ပြီးလိုက်ချိန်ပေးရပါတယ်
ကျနော်တို့ နိုင်ငံသုံး 3-Phase Voltage အရ Normal ဆိုရင်တော့ အများစုက 400 V Range မှာ set လုပ်ကြပါတယ်

ဒုတိယ setting ကတော့ Fault တစ်ခုကို Detect လုပ်ပြီးတာနဲ့ ဘယ်လောက် အချိန်ကြာမှာ Relay Output signal ထုတ်ပေးခိုင်းမလဲ ဆိုတဲ့ Delay time setting,Tt (Adjustable from 0.1s to 10s) ဖြစ်ပါတယ်

တတိယ setting ကတော့
Over/Under voltage, Delta U setting ပါ
(Adjustable from 2 to 20% of Un)
Eg-10% ချိန်ထားတယ်ဆိုရင်
Over Voltage = Voltage Range ,Un
400 V+10%= 440 V
Under Voltage = Voltage Range , Un
400 V -10% = 360 V
***Over/Under Voltage နှစ်မျိုးလုံးသည် Window mode မှာအလုပ်လုပ်တာဖြစ်လို့
Set Voltage Range ပေါ်တည်ပြီးပဲ
Set လုပ်ထားတဲ့ percent ကို နှုတ်မယ်/ပေါင်းမယ်
ရလာတဲ့ တန်ဖိုး အတိုင်း set interval အတွင်းမှာပဲ
အလုပ်လုပ်သွားမှာပါ
Over ကိုတော့ 440 V ထားပြီး Under ကို 340 V ထားချင်လို့မရပါဘူးခင်ဗျာ
Eg-Delta U ကို 8% ချိန်ထားရင် Un ပေါ်မှာ မူတည်ပြီး
Over Voltage = Un,400 V + 8% = 432 V
Under Voltage = Un,400 V - 8% = 368 V
ဒီလိုပဲ တွက်ပြီး အလုပ်လုပ်သွားမှာပါ
နားလည်မယ်ထင်ပါတယ်

စတုတ္ထ အောက်ဆုံး setting ကတော့ Asymmetry threshold setting,Asy ပါဗျ
(Adjustable from 5 to 15% of Un)
L1/L2/L3 Phase voltage တွေဟာ တစ်လိုင်းနဲ့ တစ်လိုင်း Voltage ဘယ်လောက်ခြားနား(Unbalanced)သွားရင် Output signal ထုတ်မယ်ဆိုတဲ့ သဘောလို့နားလည်ပါတယ်ခင်ဗျ
Eg.10% မှာချိန်ထားတယ်ဆိုရင် လိုင်း တစ်လိုင်းနဲ့ တစ်လိုင်း Voltage ခြားနားချက် (400 V×10%)40 V ရှိလာရင် Output signal ထုတ်ပေးမှာဖြစ်ပါတယ်

Device အပေါ်မှာပါတဲ့ Indication light လေးတွေကတော့
Un = Green LED : power supply ON ‌တယ်/Normal ဆိုတာ ပြနေခြင်းဖြစ်ပြီး
R = Yellow LED : Relay output status ကို ပြနေခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ

***အပေါ်ဆုံးက Voltage Range setting,Un ကို ပြောင်းချိန်ချင်တဲ့အခါမျိုးမှာ Input 3-Phase power (L1/L2/L3) ရှိနေတဲ့အချိန် တစ်နည်း Device operate လုပ်နေစဉ်ပြောင်းခဲ့ရင် program abnormal ဖြစ်တဲ့အနေထားဖြစ်သွားပြီး indication light(LED) လေးတွေဟာ blinking ဖြစ်နေပါမယ်
ဒါကြောင့် Range setting ကို အပြောင်းလဲ လုပ်တော့မယ်ဆိုရင် power မရှိတဲ့အချိန်မှာ လုပ်ရပါတယ်ဗျ

* VMR အများစုရဲ့ အလုပ်လုပ်ပုံက
L1/L2/L3, power supply ရောက်တာနဲ့
Pin 11 (Common) ကနေ Pin 12(NC) ကို
1 sec: ခန့်အတွင်း contact signal တစ်ချက်ထုတ်‌ေပးပါတယ် ပြီးမှ Normal ဖြစ်တယ်ဆိုရင်ချက်ချင်း Pin 14 (NO) ဘက်ကို ကပ်သွားတာပါ
Pin 11 & 12 အသုံးပြုမယ့် အနေထားမျိုးမှာ လိုအပ်ရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ

*** Device တိုင်းမှာသူ့ရဲ့ Manual တွေက များသောအားဖြင့်ပါတတ်စမြဲဖြစ်တဲ့အတွက် အသုံးမပြုမှီ နားလည်အောင် ဖတ်ပြီးမှ အသုံးပြုတာတော့ အကောင်းဆုံးပါပဲ

*** ဒါတွေသည် ကျနော်သိထားသလောက်သာဖြစ်ပြီးလိုအပ်ချက်များရှိပါက ထောက်ပြ ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

သင်/မြင်/ကြား ဆရာအားလုံးအား ဦညွတ်လျက်
🙏🏽🙏🏽🙏🏽

Credit to Ko Nyan Lin Aung
BE-MC(Mgy)






MCCB နဲ့ MCB ဘာတွေကွာခြားတာလဲ?============================အရင်တစ်ပတ်က Circuit Breaker အမျိုးအစားတွေနဲ့ အလုပ်လုပ်ပုံတွေကိ...
23/04/2025

MCCB နဲ့ MCB ဘာတွေကွာခြားတာလဲ?
============================

အရင်တစ်ပတ်က Circuit Breaker အမျိုးအစားတွေနဲ့ အလုပ်လုပ်ပုံတွေကို ပြောပြခဲ့ပြီးပြီမို့ အခုတစ်ပတ်မှာတော့ ဗို့အားနိမ့် Circuit Breaker တွေထဲက ၂ မျိုးဖြစ်တဲ့ MCB နဲ့ MCCB အကြောင်းကို ပြောပြပေးချင်ပါတယ် 💡💡💡
MCCB နဲ့ MCB ဘာတွေကွာခြားတာလဲ 🔎
MCCB ( Moulded Case Circuit Breaker)
ပုံသွင်းထားတဲ့အရာတစ်ခုထဲမှာ ထည့်ပိတ်ထားတဲ့ Circuit breaker ကို MCCB လို့ခေါ်ပါတယ် ။ တခြား fuction တွေ ကိုပါ ထည့်လို့ရအောင် ပုံစံခွက်အနေအထားအိမ်ခံ ထည့်ပြီး လုပ်ထားတဲ့ breaker အမျိုးအစား ဖြစ်ပါတယ်။
1600A ထိ current rating နဲ့ 150KA ထိ fault level အတွက်သုံးပါတယ်။

overload ဖြစ်နေတဲ့ circuit တွေနဲ့ short circuit တွေကို bimetal နဲ့ solenoid သုံးပြီးကာကွယ်ပေးပါတယ်။
အများအားဖြင့် 100A အထက်ကနေ 1000A 2000A အထိ ထုတ်လုပ်ကြပါတယ်။

MCCB မှာ Over Ampere အပြင် တခြား ထည့်သွင်းနိုင်တဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ fuctions တွေအများကြီးထည့်သုံးနိုင်ပါတယ်။

အခုခေတ်မှာ microprocessor ပါတဲ့ ဒီMCCB တွေဟာ သူတို့ရဲ့ လျှပ်စစ်ထုတ်လွှတ်မှုမြန်ဆန်တဲ့ လုပ်ဆောင်ချက်ကြောင့် လူကြိုက်များပါတယ်။

MCB ( Miniature Circuit Breaker)
MCB ဆို တာ Miniature Circuit Breaker ဖြစ်ပြီး
အဓိပ္ပာယ်က breaker အသေးစားဖြစ်ပါတယ်။
MCB ကို current rating ပိုနည်းတဲ့နေရာတွေမှာ အကာအကွယ်အတွက်သုံးပါတယ်။

125A circuit တွေအထိ သုံးနိုင်ပါတယ်။ MCCB လိုပဲ overload ဖြစ်နေတဲ့ circuit နဲ့ short circuitတွေကို bimetalနဲ့ solenoid သုံးပြီး ကာကွယ်ပေးပါတယ်။
သူရဲ့ Trip Current ကတော့ ထုတ်လုပ်သူရဲ့ သတ်မှတ် ထားတဲ့ Overload Over current short circuit တွေ ကို breaker ပေါ်မှာ ရေးမှတ်ထားတဲ့ အတိုင်း
အသုံးပြုတဲ့ သူက ဘာမှပြုပြင်လို့ fuction ကို ထပ်တိုးထည့်လို့မရပါဘူး။ အများဆုံး 100Aအောက်မှာပဲ ထုတ်လုပ်ပါတယ်

ဒီနေ့ခေတ်မှာ Class 3 MCB တွေဟာ မြန်မြန်စက်ဖွင့်နိုင်စွမ်းနဲ့ ဖြတ်သွားတဲ့ စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေတဲ့အတွက် လူကြိုက်များပါတယ်။

အချုပ်ပြောရရင်
၂ခုစလုံးကတော့ thermal အပူကြောင့် ဖြတ်ပေးတဲ့ စနစ် နဲ့ လုပ်ထားတာပါ။

MCCB မှာ pole version 2 pole , 3 pole, 4 pole ထိ ရှိပါတယ်
MCB မှာ pole version 1,2,3,4 pole ရှိ ပြီး 1Amp မှ 125 Amp ထိရှိပါတယ်။

MCB မှာ က စက်ရုံက ထုတ်လုပ်တဲ့ over ampere trip တခုတည်း ဘဲ သုံးလို့ ရပြီး
တခြား fuction တွဲသုံးဖို့ မလုပ်ပေးထားပါဘူး။
အသုံးပြုသူက over current တခုတည်းအတွက်ပဲ အသုံးပြုမယ်ဆို 100A အောက် breaker MCB နဲ့ ကို လုံလောက်ပါတယ်။

MCCB ဝယ်တတ်မယ် ဆိုရင် မလိုအပ်ဘဲ ပိုက်ဆံ ပိုကုန်ပါတယ်။ safe ဖြစ်တာချင်းက အတူတူပါ။
နောက်ပိုင်း ဈေးကွက်ထဲမှာ MCB က 60A အထိဘဲ တွေ့ရပြီး
MCCB ကိုလဲ 16A ကနေစပြီး တွေ့ရပါတယ်။
ဒီလောက်ဆို ကိုယ်လိုအပ်တာနဲ့ ကိုက်ညီအောင် သေချာရွေးချယ်ပြီး အသုံးပြုလို့ရနိုင်ပြီထင်ပါတယ် ခင်ဗျာ

Credit: Aye Mya Chan Thar


သင့်အိမ်မှာတပ်ဆင်ထားတဲ့ Circuit Breaker က လဲဖို့လိုအပ်နေပြီလားဆိုတာ သင်ဘယ်လိုသိနိင်မလဲ??================================...
23/04/2025

သင့်အိမ်မှာတပ်ဆင်ထားတဲ့ Circuit Breaker က လဲဖို့လိုအပ်နေပြီလားဆိုတာ သင်ဘယ်လိုသိနိင်မလဲ??
========================================================
ဒီနေ့မှာတော့ အိမ်မှာတပ်ဆင်ထားတဲ့ Circuit Breaker တွေကို လဲဖို့လိုအပ်လာတဲ့အခါ ဖြစ်တတ်တဲ့ အခြေအနေတွေအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ breaker panel ထဲက မီးကျွမ်းတဲ့အနံ့ရခြင်း
breaker panel ထဲက မီးကျွမ်းတဲ့အနံ့ရတာဟာ ဝါယာတွေ နဲ့ လျှပ်ကာပစ္စည်းက အပူလွန်ကဲလို့ပါ။ ဒါဆိုအရေးပေါ်ဖြစ်ရင် breaker က ဖြတ်ချပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုအနံ့ရခဲ့ရင် မိန်းချလိုက်ပြီး breaker ကို ကျွမ်းကျင်သူနဲ့ပြသင့် ဒါမှမဟုတ် အသစ်လဲလှယ်သင့်ပါတယ်။

၂။ breaker က reset ပြန်မကျတော့ခြင်း
Breaker က ဖြတ်ချလိုက်ပြီး reset ချတာ လပေါင်းများစွာကြာလာတဲ့အခါ breaker reset ပြန်မကျတော့တာပါ။ ဒါဆို ကျွမ်းကျင်သူကိုခေါ်ပြီး ပြသင့်ပါတယ်။ လိုအပ်လျှင်အသစ်လဲပါ။

၃။ breaker ကို ထိမိခိုက်မိတာမျိုးရှိခြင်း
Breaker၊ breaker outlet နဲ့ breaker နဲ့ ဆက်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေမှာ မျက်နှာပြင်လောင်ထားတဲ့အရာတွေတွေ့ရင် ဒါဟာ ဝါယာတွေကို နီရဲပူစေပြီး မကောင်းတော့တာတွေ ဖြစ်စေနိုင်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် Beaker နဲ့ ဆက်သွယ်ထားတဲ့ပစ္စည်းတွေ အကုန်ဖြုတ်လိုက်ပြီး ကျွမ်းကျင်သူကိုပြပါ။

၄။ breaker က ခဏခဏဖြတ်ချနေခြင်း
လျှပ်စစ်ပစ္စည်းတစ်ခုခုကို ဖွင့်လိုက်တာနဲ့ breaker က ဖြတ်ချတာမျိုးပါ။ breaker တွေက လျှပ်စစ်အားအများကြီးသုံးရင် ဖြတ်ချပေးပါတယ်။ ဒါပေမယ့် ပစ္စည်းတစ်ခုခုကို ဖွင့်တာနဲ့ ဖြတ်ချနေတာ၊ ခဏခဏဖြတ်ချနေတာဆိုရင်တော့ breaker က မကောင်းတော့တာ ဒါမှမဟုတ် လျှပ်စီးပတ်လမ်းကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်။

၅။ breaker သက်တမ်းကြာလာတာ
Breaker က ဘာမှမဖြစ်ပါဘူး အကောင်းအတိုင်းပဲဆိုပြီး လျစ်လျူရှုထားလို့မရပါဘူး။ ကြာလာတာနဲ့အမျှ breaker တွေကိုလဲဖို့ ပိုသင့်လာပါတယ်။ breaker တွေကို ပုံမှန်စစ်ဆေးပြီး မှန်မှန်လဲပေးရင် အကောင်းဆုံးပါ။

ဒီလိုအချက်တွေတွေ့ရင် breaker ကို အမြန်ဆုံးစစ်ဆေးပြီး လဲလှယ်ပေးပါ။
ဒါမှမဟုတ်ရင် လျှပ်စစ်ဆွဲအားများလို့ breaker အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဒါကြောင့် breaker ကို လဲသင့်နေပြီလားဆိုတာ ဂရုတစိုက်စစ်ဆေးကြည့်သင့်ပါတယ်။

Credit: Aye Mya Chan Thar


Dual Source Energy Meter အကြောင်း------------------------------------------------------------လျှပ်စစ်ဓာတ်အားသုံးစွဲမှုတိ...
22/04/2025

Dual Source Energy Meter အကြောင်း
------------------------------------------------------------

လျှပ်စစ်ဓာတ်အားသုံးစွဲမှုတိုင်းအတွက် ကျသင့်တဲ့အဖိုးအခကို 1Unit(1kWh)အတွက် ဘယ်လောက်ကျပ် ဆိုပြီး ကိုယ်သုံးစွဲတဲ့ Unitအလိုက် ကျသင့်တဲ့ မီတာခကို သုံးစွဲသူများက ပေးဆောင်ကြရစမြဲဖြစ်ပါတယ်။

လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို အစိုးရကဖြန့်ဝေပေးတဲ့ လျှပ်စစ်ဓာတ်အားစံနစ် (Utility)ကနေ အဓိက ရယူသုံးစွဲကြရပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်တဲ့အခါမှာ Secondary Source အနေဖြင့် Generator များကို မောင်းနှင်သုံးစွဲကြရပါတယ်။

ခေတ်မီလူနေအိမ်ရာအဆောက်အဦးတွေမှာဆိုရင် အစိုးရမီး ပျက်သွားတဲ့အခါမှာ Generatorတွေ မောင်းပေးပြီး မီးမပျက်ရအောင် ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။အဲသလို Generator နဲ့ သုံးစွဲတဲ့အချိန်မှာ 1Unitအတွက် ကျသင့်ငွေဟာ အစိုးရမီး သုံးလို့ ပေးရတဲ့ Unitထက် ပိုမိုကျသင့်မှာဖြစ်ပါတယ်။

လကုန်လို့ မီတာက ကောက်ခံတဲ့အခါမှာ အစိုးရမီးနဲ့ သုံးထားတာက ဘယ်လောက်Unit ၊Generatorနဲ့ သုံးတာက ဘယ်လောက် Unitဆိုပြီး ကျသင့်ငွေကို ပေးဆောင်ကြရမှာဖြစ်ပါတယ်။

Generatorမောင်းချိန် နာရီမှတ်ပြီး ခန့်မှန်းတွက်ချက်ကောက်ခံတဲ့အခါ သုံးစွဲယူနစ်ကို အတိအကျတွက်ချက်နိုင်မှာမဟုတ်လို့ အဆင်မပြေပါဘူး၊….

မီတာ(2)လုံးတပ်ဖို့ လုပ်မယ်ဆိုရင်လည်း တော်တော်အလုပ်ရှုပ်ပါလ်ိမ့်မယ်။အဲဒီအတွက်ကြောင့် Dual Source Energy Meter ပေါ်လာရတာပဲဖြစ်ပါတယ်။

Energy Meter နှစ်လုံးတပ်စရာမလိုပဲနဲ့ Utility နဲ့ သုံးတဲ့အချိန်မှာ တက်တဲ့ Unitကို သပ်သပ်၊Generatorနဲ့ သုံးတဲ့အချိန်မှာ တက်တဲ့ Untiကို သပ်သပ် မှတ်သားပေးနိုင်တာကြောင့် Dual Source Energy Meter တပ်ထားလိုက်ရင် တော်တော် အဆင်ပြေပါတယ်။

Dataတွေကို Computerနဲ့ဖတ်တာတွေ Networkချိတ်ဆက်ကြည့်ရှုတာတွေလည်း လုပ်လို့ရပါတယ်။ဆက်လက်လေ့လာနိုင်ကြပါစေခင်ဗျာ။




Overload ဆိုတာက သတ်မှတ်ထားတဲ့ လျှပ်စစ်စနစ် (Circuit) တစ်ခုမှာ ခွင့်ပြုထားတဲ့ Ampere (Current) ထက်ပိုပြီး လျှပ်စစ်စီးကြော...
22/04/2025

Overload ဆိုတာက သတ်မှတ်ထားတဲ့ လျှပ်စစ်စနစ် (Circuit) တစ်ခုမှာ ခွင့်ပြုထားတဲ့ Ampere (Current) ထက်ပိုပြီး လျှပ်စစ်စီးကြောင်း ဝန်ပို ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်သည်။ ဖြစ်ပေါ်ရတဲ့အကြောင်းရင်းများစွာရှိသည်။

~ Devices များစွာ ချိတ်ဆက်သုံးခြင်း (e.g., Multiple appliances plugged into one socket)

~ မသင့်လျှော်တဲ့ Breaker (MCB) သုံးခြင်း

~ Transformer နှင့် Generator size (KW) ထက်များသော ပါဝါသုံးစွဲ၍ Overload ဖြစ်ခြင်းစသည်အားဖြင့် ရှိပါသည်။

~ Overload ဖြစ်တဲ့အခါ Circuit Breaker (MCB/Fuse) လောင်သွားနိုင်သည်။ Wire များ ပူလောင်လာခြင်း ဖြစ်နိုင်သည်။

~ Overload ကာကွယ်ရန်နည်းလမ်းကောင်းများထဲက ကောက်နုတ်ဖော်ပြရလျှင် Circuit တစ်ခုချင်းစီအတွက် သင့်တော်သော Breaker (MCB) သုံးခြင်း၊ Appliances များစွာ ချိတ်မသုံးခြင်းနှင့်၊ Wire size နှင့် Transformer and generator size များနှင့် သုံးမည့်ဝန်အားကို သင့်လျှော်မှု မှန်ကန်အောင် ရွေးချယ်ခြင်းတို့ပင်ဖြစ်သည်။
---

Short Circuit ဆိုတာ Positive Wire (Live/Phase) နှင့် Negative Wire (Neutral/Ground) တိုက်မိ/ထိမိသွားခြင်းကြောင့် အလွန်အမင်း အားကြီးတဲ့ လျှပ်စစ်စီးကြောင်း ဖြစ်ပေါ်ခြင်းကို ခေါ်သည်။ ဖြစ်ပေါ်နိုင်တဲ့ အကြောင်းရင်းများစွာရှိသည်။

~ လိုင်းကြိုးအချင်းချင်း တိုက်မိ/ထိမိ ခြင်း

~ Insulation ချို့ယွင်းမှု (Wiring Damage)

~ Water Exposure (စိုထိုင်းမှု)ကြောင့် အဆက်နေရာ/joint Connection ပြုန်းခြင်း

~ Electronic Device အတွင်း Short Circuit ဖြစ်ခြင်း စသည့်အကြောင်းရင်းများကြောင့်ဖြစ်သည်။

~ Circuit Breaker (MCB/RCCB) မှာ Short Circuit ဖြစ်လျှင် အလိုအလျောက် ဖြတ်ပေးသည်။ Wire များ ပူလောင်ခြင်းနှင့် မီးလောင်မှုများ ဖြစ်နိုင်သည်။ short circuit ကာကွယ်နိုင်မည့် နည်းလမ်းများလည်းရှိသည်။

~ wire Insulation(ဝါယာကာဘာ) ကောင်းမွန်မှု ရှိစေရန် cable ladder, cable tray စသည်တို့နှင့် သင့်တော်တဲ့ ဝါယာသွယ်တန်းမှု ပြုလုပ်ခြင်း

~ စိုထိုင်းစနှင့်‌ရေစိုနိုင်သောပတ်ဝန်းကျင်တွင် Waterproof Wiring သုံးခြင်း

~ ELCB/RCCB (Earth Leakage Circuit Breaker) ထည့်သွင်းခြင်း

~ Regular Inspection(ပုံမှန်စစ်‌ဆေးခြင်းနှင့်ထိန်းသိမ်းခြင်း) ပြုလုပ်ရန်
---

လျှပ်စစ်နည်းပညာအရ မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ရ‌န် သတ်မှတ်ထားသော Circuit Breaker တစ်ချို့ကိုဖော်ပြပါမည်။

1. MCB (Miniature Circuit Breaker) - Overload & Short Circuit (ဝန်ပိုနှင့်ပတ်လမ်းတို) ကာကွယ်နိုင်သည်

2. RCCB (Residual Current Circuit Breaker) - Leakage current(ယိုစီးလျှပ်စစ်) များကို အထူးကာကွယ်သည်။

3. MCCB (Molded Case Circuit Breaker) - High Capacity Overload & Short Circuit

Overload နှင့် Short Circuit များသည် လျှပ်စစ်စနစ်ထဲတွင် အထူးသိသာသော ပြဿနာများဖြစ်ပြီး၊ Breaker များဖြင့် ထိန်းချုပ်ကာကွယ်နိုင်ပါသည်။ တာရှည်အသုံးခံပြီး လုံခြုံမှု ကို ဦးစားပေးလိုပါက သင့်တော်သော Circuit Protection Devices များသာ သုံးသင့်ပါသည်။
************




Address

No. 37, Old Yay Tar Shay Street , Bahan Tsp
Yangon
11201

Telephone

+959427384068

Website

Alerts

Be the first to know and let us send you an email when Royal Treasure Electrical Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Treasure Electrical Trading:

Share