23/11/2022
𝗛𝗶𝘀𝘁𝗼𝗿𝘆 𝗼𝗳 𝗠𝗖𝗘𝗠
ကျနော်တို့ MCEM ကို Mitsubishi Corporation နဲ့ YOMA Strategic Holding တို့ အတူပူးပေါင်းပြီး 2014 ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါတယ်။
YOMA Strategic Holding (SPA Elevator) ဟာဆိုလျှင်လည်း မြန်မာနိုင်ငံအတွင်းရှိလူနေအိမ်ရာ အဆောက်အဦများအတွက် လိုအပ်သော ထောက်ပံ့မှုများပြုလုပ်နိုင်ရန် Mitsubishi Elevator, Escalator များကို 1999 ခုနှစ်ကတည်းက စတင် တင်သွင်း တပ်ဆင် ဝန်ဆောင်မှု ပေးခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ MCEMအနေနဲ့ 2015 နှင့် 2016 ခုနှစ်များတွင်လည်း ရွေတိဂုံ စေတီတော် တွင် Elevator 4စီး ကို ဘုရားဖူးပြည်သူများ အဆင်ပြေ သက်သာစွာ အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ပါတယ်။
တိုးတက်လာသော ဈေးကွက်လိုအပ်ချက်နှင့် ဝယ်ယူသူများ ပိုမို စုံလင်စွာ ရွေးချယ်နှိုင်စေရန် 2019 ခုနှစ်မှ စတင်ပြီး Thailand ထုတ် Elevator, Escalator များအပြင် Shanghai Mitsubishi မှ Elevator, Escalator များကိုလည်း စတင် တင်သွင်း တပ်ဆင် ပေးခဲ့ပါတယ်။
တပ်ဆင် ဆင်ပြီးစီးသည့် Mitsubishi Elevator, Escalator များကို လစဉ် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းနှင့် 24/7 Emergency Callback များကို ဝန်ဆောင်မှု့ ပေးလျက်ရှိပါတယ်။
ဆက်သွယ်ရန် -
MC Elevator (Myanmar) Ltd.
Sales Hotlines: 09 401 728 561, 401 728 562
Office address: #502, 4th Floor, Building No. 15, MICT Park,
Hlaing Township, Yangon, Myanmar.