27/08/2025
အခန်းကျဉ်းကို ကျယ်တဲ့ ခံစားချက်မျိုးရအောင် ဘယ်လို ပြုပြင်နေထိုင်ကြမလဲ ???
🔰အခန်း အကျဉ်း ကို ကျယ်အောင်ခံစားရစေဖို့ အမြင်နဲ့ ဖန်တီးမှုပေါ်မူတည်ပါတယ်။ အခန်းထဲမှာထားရှိတဲ့ ပရိဘောဂဒီဇိုင်း ၊ အခန်းအတွင်း အလင်းရောင်ရရှိမှု ၊ နံရံဆေးရောင်တွေ အစရှိသဖြင့် စနစ်တကျ ဖန်တီးလိုက်မယ်ဆိုရင် အခန်းကျဥ်းဖြစ်နေပေမဲ့ ကျယ်ဝန်းတဲ့ခံစားချက်ကို ရရှိနိုင်ပါတယ်။
📌 ဒီတခေါက်မှာတော့ အခန်းကျဉ်းကို ကျယ်သလိုဖြစ်အောင် ပြုပြင်လို့ရနိုင်မယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
✅ ( 1 ) အလင်းရောင်များများရအောင် Design လုပ်ရန်
( Natural lighting + Artificial lighting )
Natural lighting + Artificial lighting 2 မျိုးသုံးခြင်းက အခန်းတွင်း အလင်းရောင်ရရှိမှုကို တိုးပီး အခန်းကျယ်သလိုဖြစ်စေနိုင်ပါတယ်။
Artificial light LED strip light ကို ဗီဒိုအောက်လို နေရာလွတ်တွေမှာ တပ်ဆင်ခြင်းကလည်း အလင်းရောင်ဖြန့်သလိုဖြစ်ပီး အခန်းကျယ်သလိုဖြစ်စေနိုင်ပါတယ်။
✅ ( 2 ) အခန်းလင်းစေတဲ့ အိမ်သုတ်ဆေးအရောင် ရွေးချယ်ခြင်း
Wall Color ကို အလင်းဘက်သွားတဲ့ အရောင်နုတွေကို သုံးပေးခြင်းဖြင့် အခန်းကို ကျယ်သလို ခံစားချက်မျိုးရရှိနိုင်ပါတယ်။ ရင့်တဲ့ color တွေက အခန်းကို ပိုပီး ကျဉ်းသလိုဖြစ်စေပါတယ်။
Floor Color ကို lighting color ( Eg. အဖြူ၊ မီးခိုးရောင် ) သုံးပေးပါ။
Furniture တွေကိုလည်း Wall & Floor color နဲ့ လိုက်ဖက်မယ့် color တွေကို ရွေးချယ်ပေးဖို့လိုပါတယ်။
✅( 3 ) Furniture ရွေးချယ်ခြင်း
ပြတင်းပေါက်ရှေ့တွင် မြင်ကွင်းပိတ်စေမည့် Furniture မသုံးဘဲ Low Furniture များကိုသာ ရွေးချယ်သုံးသင့်ပါတယ်။
✅( 4 ) နေရာလွတ်များဖန်တီးပေးခြင်း
Design မှာ လိုတာထပ်ပိုစေမယ့် ပစ္စည်းတွေနဲ့ အလှဆင်တာတွေလျော့ပြီး နေရာလွတ်များရအောင် Spaceဖန်တီးပေးရမည်။
ရိုးရှင်းသော Minimalist Style က အခန်းကို ပိုကျယ်သလိုဖြစ်စေပါတယ်။
အခုပြောပြခဲ့တဲ့ အချက်လေးတွေနဲ့ မိမိတို့ရဲ့ အခန်းကျဉ်းကို ကျယ်သလိုဖြစ်အောင် ပြုပြင်နေထိုင်လို့ရပါတယ် ခင်ဗျာ။
📍 Mighty Hope မှာဆိုရင် Design ဆွဲတာတွေ၊ Construction ပိုင်းတွေကစလို့ M&E အပိုင်း၊ ID အပိုင်းတွေအထိပါ One Stop Service အနေနဲ့ တစ်ဆက်တည်း ဆောင်ရွက်ပေးနေပါပြီ။
Mighty Hope ရဲ့ One Stop Solution Service မှာဆိုရင်တော့
● Design Stage (Architectural, Structural and M&E designs)
● Construction Stage
● MEP (Mechanical, Electrical & Plumbing) Services
● Project Management / Construction Management
● Quality assurance and control
● Procurement and supply chain management
● Exterior & Interior Decoration
● Landscaping
● Restoration & Renovation
● ELV Solutions အစရှိတဲ့ Service များပါဝင်ပါတယ်။
ဒီလို Service မျိုးစုံကို တစ်နေရာတည်းမှာရရှိပြီး ကိုယ့်ရဲ့ Interior အပြင်အဆင်လေးကို တစ်ဆင့် Upgrade မြှင့်ပြီး Customer တွေများများဝင်စေချင်တယ်ဆိုရင်တော့ Mighty Hope ကိုသာ ဆက်သွယ်လိုက်ပါ။
𝙈𝙞𝙜𝙝𝙩𝙮 𝙃𝙤𝙥𝙚 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝘾𝙤., 𝙇𝙩𝙙.🔹
Engineering Towards Your Hopes & Dreams
📍 Address : No.590 4th Floor, Thumingalar Street,
5th Quarter, South Okkalapa Township, Yangon.
📲 Phone : 09 458276737, 09 5147558.
✉️ Email : [email protected]