KL Star Engineering & Trading Company Limited

Call Directions

KL Star Engineering & Trading Company Limited Engineering & Trading

Main Company နဲ့ Sub Company ကြားထဲမှာ Pilot Lamp (၃) လုံးနဲ့ တိုင်ပတ်ခဲ့ရတဲ့ KL Star အဖွဲ့သားများ" 😅⚡​အစကတော့ "Pilot La...
14/09/2026

Main Company နဲ့ Sub Company ကြားထဲမှာ Pilot Lamp (၃) လုံးနဲ့ တိုင်ပတ်ခဲ့ရတဲ့ KL Star အဖွဲ့သားများ" 😅⚡

​အစကတော့ "Pilot Lamp လေးတွေ မီးပြန်လင်းအောင် သွားလုပ်ပေးပါဦး" ဆိုလို့ ခပ်ပေါ့ပေါ့ပါပဲ... လွယ်မယ်ထင်ပြီး သွားလိုက်တာ။ နေရာရောက်မှ ဇာတ်လမ်းက စတာ။
​Main Company က Panel တွေ တပ်ပေးသွားတယ်။ နောက် Sub Company တစ်ခုက Master Panel နဲ့ Slave Panel ကြား Cable တွေ သွယ်ပေးထားတယ်။ အကွာအဝေးက မီတာ ၄၀၀ ကျော်ကို AC 220V နဲ့ ဆွဲထားတာ။

​ထပ်ပြီး Gas Control System လည်း ဖြစ်နေတော့ ကျွန်တော်တို့အတွက်ပါ အသစ်အဆန်းဖြစ်နေတဲ့အပြင် Function လည်း သေချာ မရှင်းပြနိုင်ကြတော့ ပထမရက်မှာတင် တော်တော်လေး စမ်းတဝါးဝါး ဖြစ်ခဲ့ရတယ်။ Drawing နဲ့ As-built ပြန်တိုက်၊ Switch ပိတ်ထားတာတောင် မီးရောက်နေတဲ့ LED လိုင်းတွေကို လိုက်စစ်... ပထမရက်တော့ အဖြေရှာမရဘဲ အဆင်မပြေခဲ့ဘူး။
​ဒုတိယရက်ကျတော့ Master နဲ့ Slave ကြား Power Source ကို Same Power ဖြစ်အောင်လုပ်၊ Panel Wiring တွေ ပြန်စစ်ကြည့်တယ်။ ဒါပေမဲ့ ပြဿနာက မပြေလည်သေးဘူး။

​နောက်ဆုံး ကျနော်တို့ အဖြေရှာတွေ့သွားတာက... Induced Voltage ကြောင့်ပဲ!
မီတာ ၄၀၀ ကျော် Cable Layout Error ဖြစ်နေတော့ Cable Line ထဲမှာ Capacitive Coupling/Induced Voltage ဖြစ်ပြီး Neutral လိုင်းတွေပေါ်မှာပါ Voltage တွေ ရောက်နေတာ။ ဒါကြောင့် Switch ပိတ်ထားလည်း Pilot Lamp က မှိန်မှိန်လေး မီးဆက်လင်းနေတာပေါ့။
​Customer အတွက်ကျတော့လည်း မီတာ ၄၀၀ ကျော် Cable ကြီး ပြန်လဲဖို့ဆိုတာ ဘတ်ဂျက်‌ေကာ၊ အချိန် ကော မဖြစ်နိုင်တော့ဘူးလေ။

​ဒါနဲ့ပဲ KL Star တို့ရဲ့ Head Chemistry သုံးပြီး control circuit လေးတစ်ခု ကြားထဲက အပိုဆင်ပေးလိုက်တယ်။ Switch ပိတ်ရင် ငြိမ်း၊ ဖွင့်ရင် လင်း... ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြစ်သွားအောင် အဖြေရှာပြီး အောင်မြင်စွာ စနစ်ကို ပြန်အပ်ခဲ့ပါတယ်။ 😎💪
​အတွေ့အကြုံသစ်လည်းရ၊ ခင်းထားတဲ့ ထောင်ချောက်တွေကိုလည်း ဖြေရှင်းခဲ့ရတဲ့ အမှတ်တရပေါ့ဗျာ။

​

🎉 Another Major Milestone Achieved in 2026! 🚀​ကျွန်ုပ်တို့ KL Star Engineering က လက်ရှိစနစ်ကို Upgrade လုပ်တဲ့ Project တ...
30/08/2026

🎉 Another Major Milestone Achieved in 2026! 🚀

​ကျွန်ုပ်တို့ KL Star Engineering က လက်ရှိစနစ်ကို Upgrade လုပ်တဲ့ Project တစ်ခုတွင် Electrical Installation Service များကို တာဝန်ယူ လုပ်ကိုင်ခွင့် ရရှိခဲ့ပါသည်။ ⚡️

​ဒီ Project ဟာ ထုတ်လုပ်မှု လုပ်ငန်းဖြစ်သည်နှင့်အမျှ သတ်မှတ်ထားသော စံချိန်စံညွှန်း (Standards) များ၊ ဘေးကင်းလုံခြုံရေး (Safety) များနှင့် ကိုက်ညီစေရန် အသေးစိတ် သေချာစွာ စီစဉ်ဆောင်ရွက်ခဲ့ရသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

​အဓိက တာဝန်ယူဆောင်ရွက်ခဲ့သည့် အလုပ်မှာ -
🔹 Main Distribution Board (MDB) မှ စတင်၍ နည်းပညာမြင့် Control Panel အသစ် (၄) လုံး သို့ 240 mm² 3-Phase 4-Wire Cable များကို အမြင့်ပေါ်တွင် အထူးဂရုစိုက် စနစ်တကျ Cable Layout ပြေးပေးခဲ့ခြင်း ဖြစ်ပါသည်။

​နိုင်ငံခြား ပညာရှင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ရပြီး၊ ၂၀၂၆ ခုနှစ်၏ အခက်အခဲ စိန်ခေါ်မှုပေါင်းစုံကြားထဲမှ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာနှင့် ဘေးကင်းလုံခြုံစွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျွန်ုပ်တို့အဖွဲ့သားများအတွက် ဂုဏ်ယူစရာ Milestone တစ်ခုဖြစ်ခဲ့ပါသည်။ 💯

​ယခုလို ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သော လုပ်ငန်းရှင်ကြီးအား အထူးပင် ကျေးဇူးတင်ရှိပြီး စီးပွားရေးလုပ်ငန်းများ ဆထက်တိုး၍ ပိုမိုအောင်မြင် ကြီးပွားတိုးတက်ပါစေကြောင်း KL Star Engineering မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏✨

​

Customer ရဲ့ စက်ရုံတွင်း လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေစေရန်နှင့် မီးဘေးလုံခြုံရေး စနစ် စံချိန်စံညွှန်းမီစေရန်အတွက် အောက်...
23/08/2026

Customer ရဲ့ စက်ရုံတွင်း လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေစေရန်နှင့် မီးဘေးလုံခြုံရေး စနစ် စံချိန်စံညွှန်းမီစေရန်အတွက် အောက်ပါ လုပ်ငန်းစဉ် (၂) ခုကို စနစ်တကျ ဂရုစိုက် ဆောင်ရွက်ပေးခဲ့ပါတယ်။

​⚡️ ဆောင်ရွက်ပေးခဲ့သည့် အလုပ်များ -
​၁။ Fire Panel Cable သွယ်တန်းခြင်း -
​Fire Panel Supply အတွက် ပေ (၄၅၀) ရှည်လျားသော 3-Phase 4-Wire ကြိုးလိုင်းကို စနစ်တကျ ဆွဲပေးခဲ့ခြင်း။
​၂။ Existing Panel နေရာပြောင်းရွှေ့ တပ်ဆင်ခြင်း -
​စက်ရုံ၏ Project အသစ် ပြုလုပ်မည့်နေရာတွင် အဆင်ပြေစေရန် Panel အဟောင်းကို မပျက်စီးစေဘဲ စနစ်တကျ ဂရုစိုက်၍ နေရာအသစ်သို့ ပြောင်းရွှေ့ တပ်ဆင်ပေးခဲ့ခြင်း။

​Customer များအတွက် အပိုမလိုဘဲ ကုန်ကျစရိတ် မများပြားစေရန်နှင့် အရည်အသွေးပြည့်မီအောင် အသေးစိတ် ဂရုစိုက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 🤝
​💡 "Powering Your Vision, Deliver The Quality"

⚡️ လျှပ်စစ်ကျွမ်းကျင် အလုပ်သမား ခေါ်ယူနေပါသည် ⚡️KL Star Engineeringမှာ  🔧 **လျှပ်စစ်ကျွမ်းကျင် အလုပ်သမား** ခေါ်ယူနေပါတယ်...
19/08/2026

⚡️ လျှပ်စစ်ကျွမ်းကျင် အလုပ်သမား ခေါ်ယူနေပါသည် ⚡️

KL Star Engineeringမှာ
🔧 **လျှပ်စစ်ကျွမ်းကျင် အလုပ်သမား** ခေါ်ယူနေပါတယ်။

Edited - 3 post လုံးပြည့်သွားပါပြီ။

**လိုအပ်ချက်များ**

- လျှပ်စစ်လုပ်ငန်း အတွေ့အကြုံရှိသူ
- လျှပ်စစ်လုပ်ငန်းကို လက်တွေ့လုပ်ကိုင်နိုင်သူ
- Wiring / Installation / Electrical ပိုင်း အခြေခံနားလည်သူ
- အလုပ်ကြိုးစားပြီး တာဝန်ယူမှုရှိသူ
- အတွေ့အကြုံကောင်းရင် ဦးစားပေးမည်

👉 အရည်အချင်းနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ထိုက်သင့်တဲ့လစာနှင့်အကျိုးခံစားခွင့်ရှိသည်။

📍 **အလုပ်နေရာ — ရန်ကုန်

📞 **ဆက်သွယ်ရန် — 09755163756
သို့မဟုတ်
💬 **Messenger မှာ တိုက်ရိုက်လာမေးနိုင်ပါတယ်။**

**အလုပ်လုပ်ဖူးပြီး လက်တွေ့လုပ်နိုင်ရင် လျှောက်ထားနိုင်ပါတယ်။**
မိတ်ဆွေများထဲမှာ သင့်တော်သူရှိရင်လည်း **Share ပေးကြပါဦးခင်ဗျာ 🙏**

လျပ်စစ် အန္တရယ် ကာကွယ်ရေးအတွက် ဓာတ်လိုက်တာကာကွယ်ဖို့အတွက်(RCCB / ELCB) တပ်တော့မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ သတိထားပါ ⚡️​အိ...
09/08/2026

လျပ်စစ် အန္တရယ် ကာကွယ်ရေးအတွက် ဓာတ်လိုက်တာကာကွယ်ဖို့အတွက်(RCCB / ELCB) တပ်တော့မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ သတိထားပါ ⚡️

​အိမ်မှာပဲဖြစ်ဖြစ်၊ စက်ရုံ/အလုပ်ရုံမှာပဲဖြစ်ဖြစ် ဓာတ်လိုက်မှာကြောက်လို့ RCCB ဒါမှမဟုတ် ELCB တပ်ချင်ကြပေမဲ့ "ဝိုင်ယာစနစ် ဖြစ်သလိုဆင်ထားရင်တော့ တပ်လဲ မထူးပါဘူး"။
​တော်တော်များများ မှားတတ်ကြတဲ့ ပြဿနာ (၂) ခုနဲ့ ပတ်သက်ပြီး သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

​၁။ Line (L) နဲ့ Neutral (N) ကို အဆင်ပြေသလို ပြောင်းပြန်တပ်ထားရင်
​RCCB / RCB ဆိုရင် - အဝင်/အထွက် ပြောင်းပြန်ဖြစ်နေရင် အတွင်းပိုင်း အာရုံခံစနစ်တွေ ပုံမှန်အလုပ်မလုပ်တော့ပါဘူး။ Test Button နှိပ်ရင်တောင် မီးမဖြတ်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
​ELCB ဆိုရင် - နည်းပညာဟောင်းဖြစ်တဲ့အတွက် L/N လွဲနေရင် ဓာတ်လိုက်တဲ့အခါ မီးဖြတ်မပေးတော့ဘဲ အန္တရာယ် ပိုကြီးသွားနိုင်ပါတယ်။

​၂။ Ground (Earth) စနစ်တကျ မတပ်ထားရင်
​ELCB ကတော့ လုံးဝအလုပ်လုပ်မှာ မဟုတ်ပါဘူး - ELCB ဆိုတာ Earth ကြိုးပေါ်ရောက်လာတဲ့ ဗို့အားကို ကြည့်ပြီး မီးဖြတ်ပေးတာမို့ Earth ကြိုးမရှိရင် သို့မဟုတ် မကောင်းရင် လုံးဝ အသုံးမဝင်တော့ပါဘူး။
​RCCB ကတော့ အလုပ်လုပ်ပေမဲ့ အပြည့်အဝ မကာကွယ်နိုင်ပါဘူး - Ground မရှိရင် စက်ဘောဒီမှာ ဓာတ်အားယိုစိမ့်နေပေမဲ့ မီးမဖြတ်ဘဲ လူသွားထိပြီး ဓာတ်လိုက်လိုက်တော့မှ မီးဖြတ်ပေးမှာ ဖြစ်ပါတယ်။ (Ground သာ စနစ်တကျရှိရင် လူသွားမထိခင်ကတည်းက ကြိုဖြတ်ပေးမှာပါ)။

​💡
​ဘရိတ်ကာ တပ်တော့မယ်ဆိုရင် ဖြစ်သလို ဆင်ထားတာတွေကို အရင်ပြင်ပါ။
​Line နဲ့ Neutral ကို အမှန်အတိုင်း လဲလှယ်တပ်ဆင်ပါ။
​Ground (Earth) စနစ်တကျ ရအောင် အရင်လုပ်ပါ။
​ဒါတွေ မှန်မှန်ကန်ကန် ပြင်ပြီးမှ RCCB တပ်မယ်ဆိုရင်တော့ ဓာတ်လိုက်တဲ့ အန္တရာယ်ကနေ ရာနှုန်းပြည့် စိတ်ချရပြီပဲ ဖြစ်ပါတယ်။

လူကြီးမင်းတို့ လိုအပ်တဲ့ ဝန်ဆောင်မှူများကို တကယ်တတ်သိနားလည်တဲ့ ဝန်ဆောင်မှူပေးနိုင်တဲ့ ပညာရှင်တွေနဲ့ စနစ်တကျ တပ်ဆင်မယ်ဆိုရင် တော့ Engineering & Trading ကိုသတိရလိုက်ပါ။
​

⚡️ Breaker Size၊ ကြိုး Size နဲ့ မီးဘေးအန္တရာယ် (IEC & Myanmar National Building Code စံနှုန်းများ)လျှပ်စစ်တပ်ဆင်ခြင်း ပြ...
02/08/2026

⚡️ Breaker Size၊ ကြိုး Size နဲ့ မီးဘေးအန္တရာယ် (IEC & Myanmar National Building Code စံနှုန်းများ)

လျှပ်စစ်တပ်ဆင်ခြင်း ပြုလုပ်တော့မယ် ဆိုလျင် မီးလာပြီးရော သုံးရပြီးရော ဆိုပြီး အလွယ်တကူ တပ်ဆင်ဖို့ တွေးတော ကျတာမျိုး အလုပ်ဖြစ်ဖို့ လုပ်ကျတာမျိုး ရှိတတ်ပါတယ်။

​ဒါပေမဲ့ တကယ်တော့ Wire Size (ကြိုးအရွယ်အစား)၊ Breaker Size နဲ့ မီးလုံး/မီးပလပ် အရေအတွက် မမျှတရင် အိမ်အတွက် တကယ့် ငုပ်လျှိုးနေတဲ့ မီးဘေးအန္တရာယ်ကြီး ဖြစ်လာနိုင်ပါတယ်။

​📘 ၁။ Breaker ရဲ့ အဓိက တာဝန်က ဘာလဲ?
​လူတော်တော်များများ ထင်ထားသလို Breaker ဆိုတာ မီးဖို၊ Aircon စတဲ့ ပစ္စည်းတွေကို ကာကွယ်ပေးတာထက် "အိမ်က မီးကြိုးတွေကို အပူလွန်ကဲပြီး မီးမလောင်အောင် ကာကွယ်ပေးဖို့" ဖြစ်ပါတယ်။
​⚠️ အဓိက ဥပဒေသ: Breaker Size သည် ကြိုး၏ ခံနိုင်ရည် (Ampere) ထက် အမြဲတမ်း ငယ်ရမည် (သို့) တူရမည်။ (Breaker \le Cable\ Capacity)

​📐 ၂။ MNBC & IEC Standard အလိုက် သတ်မှတ်ချက်များ
​မြန်မာနိုင်ငံ၏ Standard (MNBC - Myanmar National Building Code) နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်း (IEC Standard) တို့အရ Safe Current Capacity (ဘေးကင်းသော အမ်ပီယာ ခံနိုင်ရည်) ပေါ်မူတည်ပြီး သတ်မှတ်ထားသော ပမာဏများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -အသုံးပြုမည့် လိုင်းWire SizeBreaker (MCB)တပ်ဆင်ရန် အများဆုံး ပမာဏ (Max Points / Load)
မီးလုံး / ပန်ကာ လိုင်း1.5 \text{ mm}^210A8 မှ 10 Points (Max 800\text{W})
အထွေထွေ မီးပလပ် လိုင်း2.5 \text{ mm}^216A - 20A8 မှ 10 Sockets (Max 2000\text{W} - 2400\text{W})
Aircon / ရေပူစက် / မော်တာ4.0 \text{ mm}^220A - 25A၁ လိုင်းလျှင် ၁ ခုသာ (Dedicated Circuit)
အပူပေးစက်ကြီး / မီးဖိုကြီးများ6.0 \text{ mm}^232A၁ လိုင်းလျှင် ၁ ခုသာ (Dedicated Circuit)

📌 သတိပြုရန်:
​Lighting လိုင်းတစ်လိုင်းမှာ မီးလုံး/ပန်ကာ ၁၀ ခုထက် မပိုရပါ။ စုစုပေါင်း ဝါတ်အား 800W ထက် မကျော်ရပါ။
​Aircon၊ ရေပူစက်၊ မိုက်ခရိုဝေ့ဖ်၊ Induction Cooker စတဲ့ ဝါတ်အားကြီး ပစ္စည်းတွေကို အထွေထွေ မီးပလပ်များနှင့် ရောမသုံးဘဲ သီးသန့် မီးလိုင်း (Dedicated Line) ဆွဲပေးရပါမယ်။

​⚠️ ၃။ စနစ်တကျ မဆင်ရင် ဖြစ်လာနိုင်တဲ့ ဘေးဒုက္ခများ

​🛑 ၁။ ကြိုးသေးသေးမှာ Breaker ကြီးကြီးတပ်ခြင်း (အန္တရာယ်အရှိဆုံး!)
​မီးခဏခဏကျလို့ဆိုပြီး 2.5 \text{ mm}^2 ကြိုးလိုင်းမှာ 32A Breaker သွားတပ်လိုက်တာမျိုး ဖြစ်ပါတယ်။
​မီးကြိုးတွေ အပူလွန်ကဲပြီး ကြိုးအခွံတွေ အရည်ပျော်ကာ မီးလောင်နေချိန်မှာတောင် Breaker က ကျမှာ မဟုတ်ပါဘူး။ ဒါဟာ အိမ်မီးလောင်ရခြင်းရဲ့ အဓိက တရားခံ ဖြစ်ပါတယ်။

​🛑 ၂။ ကြိုးကြီးကြီးမှာ Breaker သေးသေးတပ်ခြင်း
​ကြိုးက 4.0 \text{ mm}^2 သုံးထားပြီး Breaker ကို 10A သဲတပ်ထားတာမျိုး ဖြစ်ပါတယ်။ မီးဘေးအန္တရာယ် မရှိနိုင်ပေမယ့် Aircon ဒါမှမဟုတ် ပလပ်တစ်ခုခု သုံးလိုက်တာနဲ့ Breaker ခဏခဏ ကျနေပါလိမ့်မယ်။

​🛑 ၃။ Standard မဟုတ်သော (Sub-standard) ပစ္စည်းများ သုံးခြင်း
​ကြိုးမှာ ရေးထားတာ 2.5 \text{ mm}^2 ဆိုပေမယ့် ကြေးနီပါဝင်မှု နည်းပါးပါက ခံနိုင်ရည် လျော့သွားပါတယ်။ Breaker အတုများဆိုပါကလည်း Short Circuit ဖြစ်ချိန်တွင် Trip မဖြစ်ဘဲ ဘေးအန္တရာယ် ကြုံရနိုင်ပါတယ်။

​🚨 "မီးလင်းရင် ပြီးရော" ဆိုတဲ့ အတွေးနဲ့ "ကျွမ်းကျင်သူ" တို့ရဲ့ ကွာခြားချက်
​အိမ်မီးလိုင်း ဆွဲတဲ့အခါ "မီးလာရင် ပြီးရော၊ လင်းရင် ရပြီ" ဆိုပြီး ဖြစ်သလို သောကကင်းကင်း လုပ်လိုက်တာက ရေတိုမှာ ပိုက်ဆံ သက်သာသလို ထင်ရပေမယ့် ရေရှည်မှာတော့ မိသားစုနဲ့ အိမ်တစ်အိမ်လုံးကို အသက်အန္တရာယ်နဲ့ ရင်းနေရတာ နဲ့ တူပါတယ်။
​"မီးလာရင် ပြီးရော" လုပ်သူများ: Wattage မတွက်၊ ကြိုးနဲ့ Breaker မမျှ၊ မီးပလပ်မှာ ဝါတ်အားကြီးတာတွေ ပြိုင်တူထိုးသုံးလို့ရအောင် အလွယ်တကူ ဆင်ပေးတတ်ကြပါတယ်။ ဒါဟာ ကြိုးအပူလွန်ကဲပြီး အခန်းထဲ အိပ်နေစဉ် မီးလောင်ပြင် ဖြစ်သွားစေနိုင်တဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

​တတ်သိနားလည်သော ကျွမ်းကျင်သူများ: Load Capacity ကို စနစ်တကျ တွက်ချက်သည်၊ Standard အတိုင်း Safety Factor ချန်သည်၊ Safety Breaker များ စနစ်တကျ သုံးစွဲသည့်အတွက် ရေရှည်မှာ ဘေးကင်းလုံခြုံပြီး စိတ်အေးရပါတယ်။

​🛡 အိမ်တိုင်းအတွက် အကြံပြုချက်
​1️⃣ မီးခဏခဏ ကျပါက Breaker ကို အလွယ်တကူ အမ်ပီယာ ကြီးတာနဲ့ သွားမလဲပါနဲ့ (ကြိုး Size နဲ့ သုံးစွဲထားတဲ့ Wattage ကို အရင်စစ်ပါ)။
2️⃣ "မီးလာရင် ပြီးရော" ဆိုပြီး အလွယ်မလုပ်ဘဲ တတ်သိနားလည်သည့် ကျွမ်းကျင် လျှပ်စစ်အင်ဂျင်နီယာ/ဆရာများနှင့် တိုင်ပင်ပြီး စနစ်တကျ တပ်ဆင်ပါ။
3️⃣ စံချိန်စံညွှန်းမီ (IEC/ISO အသိအမှတ်ပြု) မီးကြိုးနှင့် Breaker များကိုသာ အသုံးပြုပါ။

ဒီလို ကျွမ်းကျင်တဲ့ ဝန်ဆောင် မူမျိုး လိုအပ်ရင်တော့ မိတ်ဆွေတို့ အတွက် ကို သတိရလိုက်ပါ။

​

စနစ်တကျရှိမှုနဲ့ သပ်ရပ်မှုကို ဦးစားပေးသော ကျွန်ုပ်တို့ရဲ့ Cable Layout Renovation Project ကလေးပါ ⚡​အရင်က မြောင်းထဲမှာ ရိ...
26/07/2026

စနစ်တကျရှိမှုနဲ့ သပ်ရပ်မှုကို ဦးစားပေးသော ကျွန်ုပ်တို့ရဲ့ Cable Layout Renovation Project ကလေးပါ ⚡

​အရင်က မြောင်းထဲမှာ ရိုးရိုးရှင်းရှင်း သာ ထည့်သွင်းထားတဲ့ Cable လိုင်းတွေကို ပိုမို သပ်ရပ်သန့်ရှင်းပြီး ဘေးကင်းလုံခြုံမှုရှိစေဖို့ Cable Tray နဲ့ စနစ်တကျ ပြန်လည် မွမ်းမံတပ်ဆင် (Renovation) ပေးခဲ့တဲ့ ပရောဂျက်လေးပဲ ဖြစ်ပါတယ်။

​ဒီ ပရောဂျက်မှာတော့ -
​120 mm² (3 Phase, 5 Wire) Cable ၁ စုံ
​70 mm² (3 Phase, 5 Wire) Cable ၂ စုံ တို့ကို အဓိကထားပြီး စနစ်တကျ ပြန်လည် Wiring ဆွဲပေးခဲ့တာဖြစ်ပါတယ်။

​Customer အတွက် အဓိက စဉ်းစားပေးခဲ့တဲ့အချက်များ -

၁။ ကုန်ကျစရိတ် ချွေတာပေးခြင်း: Customer ရဲ့ လိုအပ်ချက်အတိုင်း မလိုအပ်ဘဲ စရိတ်မကြီးစေရန် အရင် Cable အဟောင်းများကို ပျက်စီးမှုမရှိစေဘဲ စနစ်တကျ ပြန်လည်အသုံးပြု (Reuse) ပေးခဲ့ပါတယ်။

၂။ ရေရှည်ခိုင်ခံ့မှုနှင့် ဘေးကင်းမှု: အရင်ကလို မြောင်းထဲမှာ ရေစိုပြီး ပျက်စီးနိုင်ခြေရှိတာမျိုး မဟုတ်ဘဲ Cable Tray သေချာဆွဲပေးခဲ့လို့ ရေရှည်မှာ ထိန်းသိမ်းရလွယ်ကူပြီး အန္တရာယ်ကင်းစေပါတယ်။

​သုံးစွဲသူ Customer တိုင်းရဲ့ လိုအပ်ချက်ကို အလေးထားပြီး စရိတ်စက သက်သာစွာဖြင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုကို ပေးအပ်နိုင်ခဲ့လို့ ဝမ်းသာရပါတယ်။ တာဝန်လွှဲအပ်ပေးခဲ့တဲ့ Customer ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏✨

​လျှပ်စစ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် စနစ်တကျ Cable Tray Renovation ပြုလုပ်လိုပါက ကျွန်ုပ်တို့ KL Star Engineering & Trading သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အမြတ်ပိုကျန်ချင်ရင်... ဆိုင်ရဲ့ မီတာခ အလေအလွင့်ကို အရင်ထိန်းချုပ်ပါ 🏪💡​စားသောက်ဆိုင်၊ Minimart နဲ့ Showroom တွေမှာ မီးဆိ...
19/07/2026

အမြတ်ပိုကျန်ချင်ရင်... ဆိုင်ရဲ့ မီတာခ အလေအလွင့်ကို အရင်ထိန်းချုပ်ပါ 🏪💡

​စားသောက်ဆိုင်၊ Minimart နဲ့ Showroom တွေမှာ မီးဆိုင်းတွေ၊ ရေခဲသေတ္တာတွေ၊ Aircon တွေ အများကြီး သုံးရပါတယ်။ လကုန်လို့ မီတာဘေလ်စာရွက် ရောက်လာမှ "ဒီလလည်း မီတာခက များပြန်ပြီ" ဆိုပြီး စိတ်ညစ်နေရတုန်းပဲလား?

​ဒေတာ (Data) ကို မျက်စိနဲ့ မမြင်ရသရွေ့ ဘယ်တော့မှ မီးအသုံးအစွဲကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။

​Smart Energy Meter စနစ်က ဆိုင်ရဲ့ လျှပ်စစ်ဒေတာကို Real-time ပြသပေးမှာ ဖြစ်လို့:
​ဘယ် Aircon က မီးပိုစားနေလဲ?

​ဆိုင်ပိတ်ထားတဲ့ ညဘက်တွေမှာ ဘယ်ပစ္စည်းတွေက မလိုအပ်ဘဲ မီးစားနေလဲ?
​တစ်နေ့တာရဲ့ ဘယ်အချိန်တွေမှာ မီတာ ပိုတက်နေလဲ?
​ဆိုတာတွေကို တိတိကျကျ သိရမှာပါ။ ဒီလို သိရမှသာ ဘယ်အရာကို လျှော့ချရမယ်၊ ဘယ်လို ပိတ်ရမယ်ဆိုတာ စနစ်တကျ လုပ်ဆောင်နိုင်ပြီး ဆိုင်ရဲ့ လစဉ် ကုန်ကျစရိတ်ကို ထိထိရောက်ရောက် ချွေတာနိုင်မှာ ဖြစ်ပါတယ်။

Software က Visualization အရမ်းကောင်းပြီး real time လဲ ကြည့်လို့ရတဲ့အတွက် ဘယ်အချိန်မှာ မီးအားစားလဲ စတာတွေကို စနစ်တခု နဲ့ ကြည့်လို့ရပါမယ်

​"မသိရင် မပြင်နိုင်ဘူး၊ ဒေတာသိမှ ချွေတာနိုင်မယ်"
သင့်ဆိုင်ရဲ့ မီတာခတွေကို Smart Meter နဲ့အတူ စမတ်ကျကျ လျှော့ချလိုက်ပါ။ 📉✨

အောက်မှာပြထားတာ က Carlo gazavi brand နဲ့ Eastrun Brand ပါ အသေးစိတ်သိချင်တာရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်

315 kVA Generator လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ Earth စနစ် တပ်ဆင်ခြင်း ⚡👷‍♂️​မီးစက်ကြီးတွေ တပ်ဆင်တဲ့နေရာမှာ ...
12/07/2026

315 kVA Generator လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ Earth စနစ် တပ်ဆင်ခြင်း ⚡👷‍♂️

​မီးစက်ကြီးတွေ တပ်ဆင်တဲ့နေရာမှာ အင်ဂျင်ပတ်ဝန်းကျင်နဲ့ အဆောက်အအုံတစ်ခုလုံး လျှပ်စစ်အန္တရာယ်ကင်းဝေးဖို့ "Earth (မြေစိုက်စနစ်)" က အဓိကသော့ချက်ဖြစ်ပါတယ်။

​ယခုအလုပ်ခွင်မှာတော့ 315 kVA Generator ကြီးအတွက် လျှပ်စစ်စီးဆင်းမှုနဲ့ ဗို့အား တည်ငြိမ်မှုရှိစေရန် Neutral နဲ့ Earth (Body) ကို သီးသန့်စီ (Ground ခွဲပြီး) စနစ်တကျ မြေစိုက်တံ (Earth Rod) ရိုက်ပေးခဲ့ပါတယ်။

​ဒါ့အပြင် Grounding Connection တွေမှာ သံချေးတက်တာ၊ လျော့ရဲတာမျိုး လုံးဝမရှိဘဲ ရေရှည်ခိုင်ခံ့ပြီး စွမ်းဆောင်ရည်အပြည့်ရစေဖို့ ရိုးရိုး Joint တွေအစား Exothermic Welding Joint (ကြေးအရည်ဖျော် ဂဟေဆက်စနစ်) ကို အသုံးပြုပြီး သေသပ်သေချာစွာ ချိတ်ဆက်ပေးခဲ့ပါတယ်။ ⚒️🔥

​အင်ဂျင်နီယာစံနှုန်းများနှင့်အညီ စနစ်တကျ တွက်ချက်လုပ်ကိုင်ပေးထားလို့ Safety ပိုင်းအတွက် ရာနှုန်းပြည့် စိတ်ချရပါပြီခင်ဗျာ။

​

Address

Theik Pan Street, Myanmar, Burma (Myanmar)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959755163756

Website

Alerts

Be the first to know and let us send you an email when KL Star Engineering & Trading Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share