Atum 7

Atum 7 Engineering Group
Construction & Decoration
M & E
Aircon Service & Installation
Aircon Sale & Spare Parts

Permanently closed.
 #လမ်းမတော်မြို့နယ် "Lanthit Avanue" ရှိ  Kohler KD 220KVA Under Voltage Shutdown ဖြစ်စဥ်အား ကျွန်တော်တို့ Atum-7 မှ သွာ...
01/03/2023

#လမ်းမတော်မြို့နယ် "Lanthit Avanue" ရှိ

Kohler KD 220KVA Under Voltage Shutdown ဖြစ်စဥ်အား ကျွန်တော်တို့ Atum-7 မှ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ယုံကြည်စွာ အလုပ်အပ်နှံပေးပါသော "Sae Paing Development Company" အား ကျေးဇူးအထူးတင်ရှိပါသည်။

Air-Con များတပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ Servicing ပြုလုပ်ခြင်း၊
ရေလိုင်း၊ မီးလိုင်းများဆင်ခြင်း၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊
မီးစက်များပြုပြင်ခြင်း၊ maintenance ပြုလုပ်ခြင်းများအတွက်
0973143382,
09773852161,
09254856148
တို့ကို ဖုန်းဆက်ပြီး Atum 7 ကို hello လုပ်လိုက်ပါ..
-Con # M&E

   375 KVA  Regular Service ပြုလုပ်ခြင်းယုံကြည်စွာဖြင့် အလုပ်အပ်နှံပေးပါသော "Ngwe Saung MPT Office" မှ တာဝန်ရှိသူများအား...
25/02/2023

375 KVA Regular Service ပြုလုပ်ခြင်း

ယုံကြည်စွာဖြင့် အလုပ်အပ်နှံပေးပါသော "Ngwe Saung MPT Office" မှ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ Air-Con များတပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ Servicing ပြုလုပ်ခြင်း၊
ရေလိုင်း၊ မီးလိုင်းများဆင်ခြင်း၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊
မီးစက်များပြုပြင်ခြင်း၊ maintenance ပြုလုပ်ခြင်းများအတွက်
0973143382,
09773852161,
09254856148
တို့ကို ဖုန်းဆက်ပြီး Atum 7 ကို hello လုပ်လိုက်ပါ..
-Con # M&E

22/02/2023

-7 Engineering Group မှ
အရောင်း ဝန်ထမ်း မ (3) ဦး အလိုရှိသည်။

လိုအပ်ချက်များ
- အရောင်းပိုင်းစိတ်ဝင်စားသူ ဖြစ်ရမည်။
- အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
- စကားပြော ပြေပြစ်၍ လူမှု့ဆက်ဆံရေးကောင်းမွန်ရမည်။
- ပညာ အရည်အချင်း အထက်တန်းအဆင့် ဖြစ်ရမည်။
- Computer basic တတ်ရမည်။
- အသက် (18-25 ) နှစ်ထိ။

- အလုပ်ချိန် (8:30am - 5:30pm)
- ပိတ်ရက် ( Sunday Off )
- လစာ ညှိနှိုင်း

လျှောက်ထားလိုသူများ အနေဖြင့်
- Cv Form (လိုင်စင်ဓာတ်ပုံ ၂ ပုံ)
- မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း မိတ္တူ
- ရပ်ကွက် ထောက်ခံစာ တို့ဖြင့် လူကိုယ်တိုင်သော် လည်းကောင်း
Page massenger မှ သော်လည်းကောင်း (18.3.2023) ထိပေးပို့လျှောက်ထားနိုင်ပါသည်။

Office Address
No.(26), Ground Floor, 42 street, Strand Block,
Botahtaung Towship, Yangon.
09-254856148 (Viber)

  Curtain 5' Installationယုံကြည်စွာဖြင့် အလုပ်အပ်နှံပေးပါသော Tamwe Ocean "Little Boss" မှ အကိုအား ကျေးဇူးအထူးတင်ရှိပါသည်...
14/02/2023

Curtain 5' Installation

ယုံကြည်စွာဖြင့် အလုပ်အပ်နှံပေးပါသော Tamwe Ocean "Little Boss" မှ အကိုအား ကျေးဇူးအထူးတင်ရှိပါသည်။

လူကြီးမင်းတို့၏ Air-Con များတပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ Servicing ပြုလုပ်ခြင်း၊
ရေလိုင်း၊ မီးလိုင်းများဆင်ခြင်း၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊
မီးစက်များပြုပြင်ခြင်း၊ maintenance ပြုလုပ်ခြင်းများအတွက်
0973143382,
09773852161,
09254856148
တို့ကို ဖုန်းဆက်ပြီး Atum 7 ကို hello လုပ်လိုက်ပါ..
-Con # M&E

One of our completed projects..ဒီဆိုင်ရဲ့ အနောက်တိုင်းဆန်တဲ့အပြင်အဆင်နှင့် မြန်မာ့ရိုးရာပုသိမ်ထီးတို့ ပေါင်းစပ်မှုဟာ coz...
22/01/2023

One of our completed projects..

ဒီဆိုင်ရဲ့ အနောက်တိုင်းဆန်တဲ့အပြင်အဆင်နှင့် မြန်မာ့ရိုးရာပုသိမ်ထီးတို့ ပေါင်းစပ်မှုဟာ cozy ဖြစ်ဖြစ်လေးနဲ့ ခေတ်မှီထည်ဝါနေပါတယ်။
ဒီလို atmosphere အတွက် အေးငြိမ်းမှုအတွက် Air-Con နှင့် နွေးထွေးတဲ့ အလင်းရောင်အတွက် Lighting တွေကိုတော့ ကျွန်ုပ်တို့ Atum 7 မှ တာဝန်ယူအားဖြည့်ပေးထားတာဖြစ်ပါတယ်။
တစ်ဆိုင်လုံးအတွက် Air-Con များတပ်ဆင်ခြင်း နှင့် မီးနင့် မီးလိုင်းများ သွယ်တန်းတပ်ဆင်ခြင်း အလုပ်တာဝန်အား ယုံယုံကြည်ကြည် အပ်နှံခဲ့တဲ့ "Htee Cafe" ကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆိုင်အနေဖြင့် ရောင်းအားကောင်း၊ အောင်မြင်ပြီး၊ လုပ်ငန်းတိုးတက် ပါစေကြောင်း ကျွန်ုပ်တို့ Atum 7 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Air-Con များတပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ Servicing ပြုလုပ်ခြင်း၊
ရေလိုင်း၊ မီးလိုင်းများဆင်ခြင်း၊ စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊
မီးစက်များပြုပြင်ခြင်း၊ maintenance ပြုလုပ်ခြင်းများအတွက်
0973143382,
09773852161,
09254856148
တို့ကို ဖုန်းဆက်ပြီး Atum 7 ကို hello လုပ်လိုက်ပါ..
-Con # M&E

"နွေကတော့ ခြေလှမ်းလာပါပြီ"ရန်ကုန်ရဲ့နွေကိုတွန်းလှန်ဖို့တစ်ချို့ကတော့ပြင်ဆင်နေပါပြီ။ ပြင်ဆင်ချိန်ရှိတုန်းလေး ATUM 7 ကို သ...
04/03/2022

"နွေကတော့ ခြေလှမ်းလာပါပြီ"

ရန်ကုန်ရဲ့နွေကိုတွန်းလှန်ဖို့တစ်ချို့ကတော့ပြင်ဆင်နေပါပြီ။ ပြင်ဆင်ချိန်ရှိတုန်းလေး ATUM 7 ကို သတိရပေးကြပါ မိတ်ဆွေများခင်ဗျာ။

Air Con 5HP - (5)လုံးကို တပ်ဆင်ပေးဖို့ ATUM 7 ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးတဲ့ “ထာဝရမိဘမေတ္တာ" Company အား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Air Con and Refrigerator Sale and Service ဝန်ဆောင်မှုများ၊ အခြားသော Electronic Engineering ဝန်ဆောင်မှုများအတွက် ATUM 7 ကို 09254856148 မှဖြစ်စေ၊ Chat Box မှဖြစ်စေ ဆက်သွယ်ပြီး ဝန်ဆောင်မှုများကိုစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

🚩အဲကွန်းတွေSuction ပိုက်လိုင်းရေခဲတာဘာကြောင့်လဲ?(သေချာတာက ဂက်စ်နည်းလို့မဟုတ်ပါ)🚩အဲကွန်းတွေ အပူဖလှယ်တဲ့စက်(heat exchanger...
03/03/2022

🚩အဲကွန်းတွေSuction ပိုက်လိုင်းရေခဲတာဘာကြောင့်လဲ?
(သေချာတာက ဂက်စ်နည်းလို့မဟုတ်ပါ)

🚩အဲကွန်းတွေ အပူဖလှယ်တဲ့စက်(heat exchanger)တွေအပူစုပ် အပူထုတ်ရာမှာအဓိက
လွှမ်းမိုးတဲ့ဂုဏ်သတ္တိ ၅ ခုရှိပါတယ်။

၁ #အပူဖလှယ်တဲ့ပစ္စည်းရဲ့ အပူဖလှယ်နိုင်စွမ်းသတ္တိ
(Conductivity-k)
၂ #အပူဖလှယ်တဲ့ အရာဝတ္ထုနှစ်ခုကြားထိတွေ့ချိန်
(Time-T)
၃ #အပူဖလှယ်တဲ့အရာဝတ္ထုနှစ်ခုကြားအပူချိန်ကွာဟချက်
(Delta T)
၄ #အပူဖလှယ်တဲ့အရာဝတ္ထုနှစ်ခုရဲ့ ထိတွေ့တဲ့ဧရိယာ
(Heat transfer Area ,Fin Area or Contact Area))
၅ #အပူဖလှယ်တဲ့ကြားခံလေရေစတဲ့ ပစ္စည်းရဲ့
ထုထည်ပမာဏ စတာတွေပါ။
(Air flow , water flow , Refrigerant flow)
အဲဒါတခုခုအပြောင်းအလဲဖြစ်ရင် အပူစုပ်တဲ့ထုတ်တဲ့
ပမာဏ ပြောင်းပါတယ်။

အဲကွန်းမှာဆိုရင်တော့
အဲဒီလို​ပြောင်းပြီဆိုတာနဲ့ အအေးကွိုင်ဟာ သူ့ကိုဖြတ်သွားတဲ့ လေထဲက
အပူတွေကို စုပ်နိုင်တဲ့ပမာဏက
စက်အသစ်တုန်းကရှိ​ေနရမည့်ပမာဏထက် လျော့သွားပါတယ်။

🚩၁ #အချက်အရပြောရရင် အအေးကွိုင်ဟာ
ဂျီးပိတ်နေတဲ့အခါ ပိုက်တွေတွေဆူးတောင်ပြားတွေရဲ့ အပူဖလှယ်နိုင်တဲ့ ဂုဏ်သတ္တိကတော့ မပြောင်း
ပေမယ့် အပူဖလှယ်နှုန်းလျော့သွားလို့ အပူစုပ်အားကျဆင်းသွားပါတယ်။
🚩၂ #အချက်အရပြောရရင် ကွိုင်တွေဂျီးပိတ်သွားတဲ့အတွက် ဖြတ်သွားတဲ့လေနဲ့ ဆူးတောင်တွေ ထိတွေ့ချိန်ပိုနှေးသွားတဲ့အတွက် အပူဖလှယ်မှုမြင့်ရမှာမှန်ပေမယ့် နှစ်ခုကြားဂျီးခံနေလို့ အပူစီးကူးနှုန်းကျဆင်းသွားပါတယ်။

🚩၃ #အချက် ပြောရရင် ဖြတ်သွားတဲ့ လေနဲ့ ဂျီးပိတ်နေတဲ့ကွိုင်ကြား ထိတွေ့မှု နည်းသွားတဲ့အတွက် အအေးကွိုင်ကိုဝင်လာတဲ့လေနဲ့ ကွိုင်ကြားအပူချိန် ကွာဟချက်များနေရင်တောင် အပူဖလှယ်မှုတော့ အသစ်တုန်းကနဲ့ယှဉ်ရင် အရမ်းနည်းသွားပါပြီ။

🚩၄ #အချက်ကိုပြောရရင်လေနဲ့ ဆူးတောင်တွေကြားအပူဖလှယ်ဖို့ ထိတွေ့ဧရိယာက ဂျီးခံနေတဲ့အတွက် တကယ်ထိနေတဲ့
ဧရိယာ နည်းသွားတဲ့အတွက် အပူဖလှယ်မှုကျဆင်းသွားပါတယ်။

🚩 #၅အချက်ကိုပြောရရင် အအေးကွိုင်ကို ဖြတ်သန်းသွားရမည့်လေထုထည်ပမာဏဟာ ကွိုင်ဂျီးပိတ်နေတဲ့အတွက် အသစ်တုန်းကလို ကွိုင်သန့်ရှင်းနေတုန်းကလို ပမာဏမများနိုင်တော့ပါဘူး
အဲဒါတွေကြောင့် အအေးကွိုင်ထဲဖြတ်သွားတဲ့ဂက်စ်က ပုံမှန်ရှိနေရင်တောင် ကွိုင်ဂျီးပိတ်နေတဲ့အတွက်
ဒါမှမဟုတ် လေစစ်စကာ ဂျီးပိတ်နေတဲ့အတွက်
အအေးကွိုင်ကိုဖြတ်သွားတဲ့ လေနဲ့ အအေးကွိုင်ထဲက ဂက်စ်ရဲ့ကြား
အပူဖလှယ်မှုအရမ်းနည်းသွားလို့အအေးကွိုင်တဲ့ ဝင်လာတဲ့ဂက်စ် ဟာ လိုအပ်တဲ့အပူကိုမစုပ်နိုင်လို့
အရည်ဘဝကနေ အငွေ့ဘဝကို ၁၀၀%မပြောင်းနိုင်တော့ပဲ အအေးကွိုင်ကနေ အရည်ဘဝအဖြစ်နဲ့အများစု ထွက်ခွာလာရင်း Suction ပိုက်တလျှောက်မှာ
ပတ်ဝန်းကျင် လေထုထဲကနေ အပူကိုစုပ်ယူ လိုက်တဲ့အခါ
Suction Pipe ဘေးကပတ်ဝန်းကျင် လေထုထဲက
ရေခိုးရေငွေ့တွေဟာ ပိုက်လိုင်းထဲက ဂက်စ်ရဲ့ အပူစုပ်ယူခံလိုက်ရလိူ့ ရေခဲမှတ်အောက်ထိအပူချိန်ကျဆင်းတဲ့အခါ ရေကနေ ရေခဲဘဝပြောင်းရင်း
Suction ပိုက်လိုင်းတလျှောက် ခဲနေတတ်ပါတယ်။
ဒါက အဲကွန်းရဲ့ အင်ဒိုးအအေးကွိုင် ပိတ်ရင် ဒါမှမဟုတ်လေစစ်စကာပိတ်ရင် Suction ပိုက်လိုင်းတလျှောက်ရေခဲတတ်တဲ့အပိုင်းပါ။

🚩နောက်ဖြစ်နိုင်ချေတွေကတော့...
ဂက်စ်စီးဆင်းမှုက​ေနပြောရင်
အအေးကွိုင်အထွက်
Suction လိုင်းတနေရာရာမှာ
ပိုက်ခေါက်လို့ဖြစ်စေ
တခုခုပိတ်ဆို့လို့ဖြစ်စေ..တစိတ်တပိုင်း
ပိတ်နေလို့ပါ...အဲဒီအခါ Suction ပိုက်ရဲ့ ဖိအားနဲ့အပူချိန်ကျဆင်းသွားလို့ ပတ်ဝန်းကျင်လေထုထဲ ရေခိုးရေငွေ့တွေကပိုက်ကိုသူတိူ့အပူတွေပေးလိုက်ရပြီး လာကပ်ပြီးခဲတတ်တာပါ။

🚩နောက်တခုက..
အအေးကွိုင်မှာ..
လေစစ်ဇကာပိတ်ရင်ဖြစ်စေ..
ကွိုင်ပိတ်နေရင်ဖြစ်စေ..
Blower မော်တာချွတ်ယွင်းနေရင်ဖြစ်စေ
Blower ဒလက်တွေကျိုးပဲ့နေလို့ Indoor coil ကို လေကောင်းကောင်းမဖြတ်နိုင်ရင်ဖြစ်စေ
Suction ပိုက်နဲ့ အအေးကွိုင်မျက်နှာပြင်မှာရေခဲတတ်ပါတယ်။

🚩Suction ပိုက်တလျှောက်မဟုတ်ပဲ..
ကွန်ပရက်ဆာအဝင်နားနဲ့ကွန်ပရက်ဆာမှာပဲခဲတယ်ဆိုရင်တော့...Suction အဖွင့်အပိတ် ဗားတဝက်တပျက်ပိတ်နေတာဖြစ်နိုင်ပါတယ်..။
ကွန်ပရက်ဆာ အဝင်က အကျူမလေတာလို့ခေါ်တဲ့ အရည်အနည်ထိုင်ပြီးအငွေပျံပေးတဲ့ ပစ္စည်းရဲ့အဝင်စကာပိတ်နေလို့ဖြစ်နိုင်ပါတယ်။

🚩အဓိကမှတ်ရမှာက..အဲကွန်းတွေမှာ
Suction လိုငိးနဲ့ ကွန်ပရက်ဆာဘော်ဒီအောက်ခြေတလျှောက်ရေခဲတယ်ဆိုရင်တော့..
အအေးကွိုင် (Evaporator) အပူမစုပ်အောင်
ကာဆီးထားတဲ့....အပူမစုပ်စေတဲ့ ပြဿနာရယ်
ဂက်များနေတာရယ်..

🚩အအေးကွိုင်ကအပူစုပ်နေရင်...
ပိုက်တနေရာရာမှာ..တစိတ်တပိုင်းပိတ်နေလို့ရယ်ဖြစ်နေလို့သာပဲလို့မှတ်နိုင်မယ်ထင်ပါတယ်။

🚩ကွန်ပရက်ဆာအဝင် နဲ့ ဗိုက်အောက်ခြေနဲ့ ဗားနေရာလေးပဲခဲတာဆိုရင်တော့..
အပေါ်ဟာတွေအပြင်..ဗားတစိတ်တပိုင်းပဲပွင့်နေလို့ပဲလို့မှတ်ရပါမယ်။

🚩စက်ထဲမှာဂက်စ်နည်းလို့မဟုတ်ပါ...။
စက်ထဲမှာ ဂက်စ်အရမ်းနည်းရင်
Capilary (Expansion valve)
အထွက် Liquid လိုင်း နဲ့ Expansion valve ကအအေးကွိုင်နဲ့ကပ်နေရင်
အအေးကွိုင်အဝင်မျက်နှာပြင်မှာမှာရေခဲပါမယ်။

ဘယ်အဲကွန်းမဆို
ဂက်စ် မဆိုစလောက်နည်းယုံနဲ့ Capilary(Expansion device)အထွက် liquidပိုက်တလျှောက်နဲ့ အအေးကွိုင်(Evaporator)အဝင်မှာရေမခဲသေးပါ ။ ရေခဲမှတ်အောက်(0'C)အောက် Saturation temperature ရောက်မှခဲပါတယ်။

Thermal expansion valve သုံးတဲ့စက်တွေဆိုရင် ဂက်စ်နည်းရင်..စီစီမြည်သံ(Hissing sound )ကြားရတတ်ပါတယ်။

🚩 #ကိုနန္ဒမိုး

COURSE-001
🎯အိမ်သုံးကွန်း၊ရေခဲသေတ္တာနှင့်အ၀တ်လျှော်စက်ပြုပြင်ခြင်းသင်တန်း
အခြေခံကျွမ်းကျင်မှု(၁)လအပြတ်သင်တန်း

🚩1.4.2022နေ့သင်တန်းဖွင့်ပါမည်။

(သင်တန်းဖွင့်ပေးဖို့ အဆက်မပြတ်တောင်းဆိုသူများအတွက်ပါ၊ သင်တန်းသားဟောင်းများ ပြန်လည် တက်ရောက်နိုင်ပါသည်။
အဲကွန်းဆိုင်မှာ၊ကုမ္ပဏီလုပ်ငန်းခွင်မှာ
အင်ဂျင်နီယာ၊စက်ပြင်ပညာသင်အဖြစ်
လက်တွေ့လုပ်ကိုင်ဖို့
#အဲကွန်းပညာရပ်ရဲ့အခြေခံကစပြီးအလုပ်လုပ်ပုံနဲ့
#အဲကွန်းစနစ်သုံးပစ္စည်းတွေရဲ့အလုပ်လုပ်ပုံ
#ပြစ်ချက်ရှာပုံအခြေခံတွေကိုသိရှိလိုသူများ
တက်ရောက်သင်ကြားနိုင်ဖို့ရည်ရွယ်ပါတယ်။

ဘယ်အပိုင်းတွေသင်ကြားမှာလဲ..?

✅ အဲကွန်းနှင့်အအေးခန်းစနစ်သီအိုရီအခြေခံများ
(Refrigeration Cycles & System)
✅ အဲကွန်းနှင့်ရေခဲသေတ္တာသုံးအဓိကပစ္စည်းများ
(Main Components of Refrigeration System)
✅ အဲကွန်းဂက်စ်(Refrigerant)များအကြောင်း
✅ ကွန်ပရက်ဆာပြစ်ချက်ရှာခြင်း၊ဆီသွန်ဆီလဲခြင်း
✅ ကွန်ပရက်ဆာစနှိုးရီလေးများအကြောင်း
(Types of compresor starting relays)
✅ ကပစီတာများပြစ်ချက်ရှာခြင်း၊အစားထိုးခြင်း
✅ အိမ်သုံးအဲကွန်းတရုပ်ကဒ်လဲခြင်းနှင့်
✅3-Phase အဲကွန်းဝါယာရင်းစနစ်အကြောင်း
✅ ရေခဲသေတ္တာဝါယာရင်းအကြောင်း
✅ ကြေးဝရိန်ဆော်ခြင်းဆောင်ရန်ရှောင်ရန်
✅ အဲကွန်းရေခဲသေတ္တာဂက်စ်ဖြည့်ပုံ
✅ အဲကွန်းပိုက်ရေခဲ၊အင်ဒိုးရေကျ ပြစ်ချက်ရှာခြင်း
✅ အဲကွန်းစနစ်တကျတပ်ဆင်ခြင်း
✅ Chiller တွေရဲ့အလုပ်လုပ်ပုံအခြေ ခံ
✅ ဂက်စ်(Regrigerant)များရဲ့
✅PT chart အသုံးပြုပုံ
✅အဲကွန်းစနစ်တခုရဲ့ကာကွယ်ရေးပစ္စည်းများအကြောင်း(Protective devices)
✅ အဲကွန်းနှင့်အအေးခန်းများရဲ့စနစ်အကူပစ္စည်းများအကြောင်း(Auxiliary Equipments)
✅ အဲကွန်းစနစ်ရဲ့စက်မလည်ရခြင်းပြစ်ချက်များ
ရှာခြင်း ပြုပြင်ခြင်းအသိပညာ
(Trouble shooting and Solutions)
🚩အခန်းအပူပမာဏနဲ့ BTU တွက်ချက်မှုများ
🚩ရေခဲသေတ္တာများရဲ့အခြေခံနှင့်အလုပ်လုပ်ပုံသဘောတရားအပြည့်အစုံ
🚩ရေခဲသေတ္တာထဲမှာ ပါ၀င်တဲ့ ကွန်ပရက်ဆာ၊အပူကွိုင်၊အအေးကွိုင်၊ကပလရီ၊ရီလေး၊ပန်ကာ၊ရေခဲဖျော်တိုင်မာ
ပစ္စည်းတွေရဲ့ တိုင်တာ၊ပြုပြင်အစားထိုးခြင်း
🚩ရေခဲသေတ္တာအခြေခံပြုပြင်နည်းများ
🚩အ၀တ်လျှော်စက် အခြေခံအလုပ်လုပ်ပုံနှင့်
ပျက်စီးတဲ့အစိတ်အပိုင်းများ တိုင်းတာပြုပြင်ခြင်း။
✅လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးအခြေ ခံအသိပညာ
✅လုပ်ငန်းခွင်လူမှုဆက်ဆံရေးအခြေခံအသိပညာ

စသည်များကို အခြေခံပိုင်နိုင်စေရန် သင်ကြားပေးသွားမှာပါ။

လစဉ် ။ လဆန်း (1)ရက်နေ့တိုင်းတန်းခွဲသစ်ရှိပါသည်။



♦️သေချာသင်ယူနိုင်မှလာခဲ့ပါ။

♦️အဲကွန်းအအေးခန်းပညာအခြေခံပိုင်နိုင်ဖို့တကယ်တတ်ချင်မှလာခဲ့ပါ။အခြေခံပိုင်ဖို့Hyper က
မျှဝေပေးဖို့အသင့်ပါခင်ဗျာ။

♦️အခြေခံသင်ယူနိုင်စွမ်းနည်း
ရင် အချိန်ပိုပေးနိုင်မှလာခဲ့ပါ။

♦️အခြေခံသိသင့်သိထိုက်တာတွေ
တတ်ကျွမ်းဖို့ကတော့ စိတ်မှတကယ်ရှိရင်
Hyper ကသင်ပေးဖို့တတ်နိုင်ပါတယ်။

⛔ဆရာကြီးလိုဂျွတ်နေအောင်တခါတည်းကျွမ်းဖို့‌တော့
ကျ‌ နော်တို့လည်းမသင်‌ပေးနိုင်ပါ။
ဂျွတ်နေအောင်ကျွမ်းဖို့ကအလုပ်ထပ်လုပ်မှ
အတွေ့အကြုံစုံမှရပါမယ်။

🛑ဖောရှောသင်တန်းကျောင်း မဟုတ်ပါ။

#သင်တန်းဖွင့်မည့်ရက်-1.4.2022
# #သင်တန်းကြေး-၂၀၀၀၀၀/-ကျပ်

(သင်တန်းတချိန်လျှင်( ၈)ယောက်သာလက်ခံပါမည်)
သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့် သင်ကြားနိုင်ရန်ဖြစ်ပါသည်။)

သင်တန်းအချိန်-9:00am to 5:00pm -(1)လ

🎯သင်တန်းတည်နေရာ
မြောက်ဒဂုံ၊ကုန်ပဒေသာ

#စာတွေ့+လက်တွေ့ တပတ် (၅)ရက်။

ကျန်အချိန်များမှာလည်း လုပ်ငန်းခွင်သို့
အချိန်ပေးပြီးလိုက်ပါသင်ယူနိုင်သူဖြစ်လျှင်ပို၍
အဆင်ပြေပါသည်။

ဖုန်း- 09420280525 ,09428120646 သို့
ကြိုတင်စာရင်းပေးသွင်းတက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက
ဆရာဇင်ဘိုဘိုထွဋ်-09420280525
ကိုနန်ဒမိုး-09428120646
သို့ဖြစ်စေ၊ ဖေ့စ်ဘုတ် message မှဖြစ်စေစုံစမ်းနိုင်ပါသည်။

⛔အဲကွန်း ရေခဲသေတ္တာတွေဘာကြောင့်  ဆွဲရတာလဲ♦️အဲကွန်းရေခဲသေတ္တာပိုက်လိုင်းတွေထဲကလေကိုပြောင်စင်အောင်စုပ်ထုတ်ပြီးဘာကြောင့် လေ...
02/03/2022

⛔အဲကွန်း ရေခဲသေတ္တာတွေ
ဘာကြောင့် ဆွဲရတာလဲ

♦️အဲကွန်းရေခဲသေတ္တာပိုက်လိုင်းတွေထဲကလေကို
ပြောင်စင်အောင်စုပ်ထုတ်ပြီးဘာကြောင့် လေဟာနယ်ဖြစ်အောင် ဆွဲရတာလဲ?

♦️Aircon တစ်လုံးကို အသစ်ဆင်ပြီးချိန်မှာပဲဖြစ်ဖြစ်

♦️အဟောင်းကို ဖြုတ်ပီးနေရာရွှေ့ချိန်မှာဖြစ်ဖြစ်

♦️အဲကွန်းတစ်လုံးရဲ့ ပိုက်ပေါက်သွားလို့ စနစ်ထဲက
ဂက်စ် refrigerant တွေ လုံးဝမရှိတော့တဲ့ချိန်မှာ
ဖြစ်ဖြစ်

♦️အဲကွန်းတလုံးထဲက အဓိကပစ္စည်းတွေဖြစ်တဲ့
Compressor,Condensor,Expansion Valveနဲ့ Evaporator coil.တခုခုပျက်စီးလို့ဖြုတ်လဲချိန်မှာဖြစ်ဖြစ်

♦️စနစ်ရဲ့ပိုက်လိုင်းတွေအက်ကွဲလို့ဂက်စ်တွေယိုစိမ့်နေလို့ ပြန်လည်ပြီးဖာထေးပြုပြင်ဖို့လိုအပ်လာတဲ့
အခါမှာပဲဖြစ်ဖြစ်

♦️Compressor oil အသစ်လဲလှယ်ဖြည့်တင်းရာ
မှာဖြစ်ဖြစ်

♦️စနစ်အကူပစ္စည်းတွေဖြစ်တဲ့
valves
drier
Glass
valve
တွေပြုပြင်အစားထိုးဖို့လိုအပ်လာလို့
ပိုက်လိုင်းတွေဖြတ်တောက်ပြီးအသစ်လဲလှယ်
တဲ့အချိန်မှာပဲဖြစ်ဖြစ်

ဘက်ကျူန်း Vacuum ဆွဲတယ်လို့ခေါ်တဲ့
Evacuation လုပ်ခြင်းကို မဖြစ်မနေ
လုပ်ကြရပါတယ်။

⛔ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်အဲကွန်းတစ်လုံးရဲ့
ပိုက်လိုင်းတွေထဲမှာ Refrigerant လို့ခေါ်တဲ့ အဲကွန်းဂက်စ်တွေရှိနေချိန်မှာ ဂက်စ်ရဲ့ ဖိအားကလေထုဖိအားထက်များနေလို့စနစ်ထဲကို အပြင်လေနဲ့ရေခိုးရေငွေတွေမဝင်လာနိုင်ပါဘူး။

⛔ စနစ်ကို ပြုပြင်ချိန် ပိုက်လိုင်းတွေထဲမှာ ဂက်စ် မရှိတော့ဘူးဆိုရင်တော့ပြင်ပက
လေနဲ့ ရေခိုးရေငွေ့တွေဟာ စနစ်ရဲ့ ပိုက်လိုင်း၊Compressor oil နဲ့ စက်ပစ္စည်း
အစိတ်အပိုင်းတွေကြားဝင်ရောက်လာတော့မှာပါ။

အဲဒီထဲကမှ
🛑 #စနစ်ထဲမှာဝင်ရောက်ခိုအောင်းနေတဲ့
လေဟာ စနစ်ရဲ့ အပူစုပ်နိုင်စွမ်းကိုလျော့ကျစေပြီး
ကွန်ပရက်ဆာဆီရယ်၊
ဂက်စ်( )တွေရယ်နဲ့
ရေခိုးရေငွေ့တွေရယ်ရောနှောပြီးဓာတ်ပြုလို့
စနစ်ထဲက သံထည်အစိတ်အပိုင်းတွေကို
သံချေးတက်ပြီးပျက်စီးစေနိုင်ပါတယ်။

🛑 #ရေငွေ့တွေကပိုက်လိုင်းတလျှောက်
စနစ်ထဲမှာအေးခဲပြီးပိတ်ဆို့ရင်းစနစ်ကို
အနှောက်အယှက်ပေးနိုင်ပါတယ်။

🛑 #တခြားပစ္စည်းတွေနဲ့ဓာတ်ပြုပြီး
အက်ဆစ်ဖြစ်စေရင်း Compressor coil တွေရဲ့ လျှပ်ကာပစ္စည်းတွေရဲ့ခံနိုင်ရည်တွေကိုလျော့ကျစေနိုင်ပါတယ်။

🛑အဲဒီအခါအလုံပိတ်
Hermetic type Compressor တွေ
ဖြစ်ခဲ့မယ်ဆိုရင်Compressor motor ရဲ့ကွိုင်
(Winding)တွေရဲ့ လျှပ်ကာခံနိုင်ရည်ကို ပျက်စီးစေနိုင်ပါတယ်။

🛑အဲဒါကြောင့် စနစ်ထဲမှာ ဂက်စ်မရှိတော့တဲ့အခြေတခုကနေ ပြုပြင်ပြီးလို့ ဂက်စ်ပြန်ဖြည့်တော့မယ်ဆိုရင်
Evacuation လို့ခေါ်တဲ့
Vacuum ဆွဲတယ်လို့
ညီလေးတို့ပြောကြတဲ့ စနစ်ထဲကနေ လေနဲ့ ရေခိုးရေငွေ့တွေစုပ်ထုတ်တဲ့ လုပ်ငန်းစဉ်ကို မဖြစ်မနေ လုပ်ကြရပါတယ်။

🛑အဲဒီလို Evacuation လုပ်တဲ့အခါ
စနစ်ထဲမှာလေနဲ့ရေခိုးရေငွေ့တွေမကျန်တဲ့အခြေအနေ Absolute atmospheric pressure
-30 inHg ထိ ၊တနည်းအားဖြင့် Pressure Guage မှာဆိုရင် 0 Psig အောက် အစိမ်းလေးနဲ့ ပြထားတဲ့
#30 InHg သို့မဟုတ်
#0 micron သို့မဟုတ်
#760 mm Hg ရောက်တဲ့အထိ

🛑Vacuum pump နဲ့စနစ်ထဲကလေကို ဆွဲစုပ်ထုတ်ပစ်ရပါတယ်။ အဲဒါမှသာ လေနဲ့ရေခိုးရေငွေတွေစနစ်ထဲမှာပြောင် စင်မှာပါ။

🛑 လက်တွေ့အားဖြင့်တော့
0 micron လို့ခေါ်တဲ့ စနစ်ထဲမှာလေ လုံးဝမရှိတဲ့
အခြေအေ နအထိစုပ်ထုတ်ပစ်ဖို့မဖြစ်နိုင်တဲ့အတွက်
500 micron ထိစုပ်ထုတ်ပစ်နိုင်ရင်ကိုအဆင်ပြေပါတယ်။
တကယ်လက်ရှိသုံးနေတဲ့ ဂိတ်တွေ ပန့်တွေနဲ့ အဲဒီအဆင့်ရောက်ဖို့တောင်မလွယ်ကူပါဘူး။
0 ထိရောက်ရင်တော့ အကောင်းဆုံးပေါ့။

ပုံမှန်သုံးနေတဲ့ Pressure Guage တွေကတော့
အကြမ်းအားဖြင့် ပြတာဖြစ်တဲ့အတွက်
စနစ်ထဲမှာလေ 500 micron (0.01 PSI) ဖိအားထိ စကေးစိပ်စိပ် ပြထားလေ့ ပါလေ့မရှိကြပါဘူး။

🛑Micron အဆင့်ထိအသေးစိတ်ပြနိုင်တဲ့ ဒီဂျစ်တယ်ဂိတ် (DigitalMicron Guage) တွေနဲ့သာသိနိုင်ပါတယ်။

🛑သာမာန်အိမ်သုံးအဲကွန်းစက်တွေအနေဖြင့်တော့ ရိုးရိုး Pressure guage မှာ ပြထားတဲ့ 30 inHg ထိ ၂၀ မိနစ်လောက်ထိ စုပ်ထုတ်နိုင်ရင်ကိုလုံလောက်ပါတယ်။
အချိန်ရလို့ကြာကြာစုပ်နိုင်လေကောင်းလေပါ။

🛑ရေခဲသေတ္တာနဲ့ အရေးကြီးတဲ့စက်တွေမှာတော့
Digital micron guage တွေသုံးပြီးEvacuate လုပ်
စုပ်ထုတ်နိုင်ရင် အဲကွန်းစနစ်ထဲမှာ ပိတ်ဆို့အနှောက်အယှက်ပြုခြင်း(Choke) ကို သက်သာစေမှာ။ပိုလည်းကောင်းပါတယ်။

🛑Evacute လုပ်တာပဲပြောပြော
Vacuum ဆွဲတာပဲဆိုဆို လုပ်တဲ့အခါ
Aircon ကို Pressure Guage နဲ့ Micron
Gauage တွေတပ်ဆင်ပုံနဲ့ InHg နဲ့ Micron ယူနစ်တွေဆက်စပ်ပုံ ဇယားနဲ့ပုံတွေကို ပူးတွဲပေးထားပါတယ်။

🛑တချို့အဲကွန်းစက်ကြီးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်စ
ညီလေးတို့အတွက် စက်ကြီးတွေ Evacuate လုပ်ရာမှာ Vacuum pump size ရွေးချယ်ရာမှာတော့
Vacuum pump ရဲ့ လေစုပ်ထုပ်နိုင်စွမ်း
Cubic Feet per Minute (CFM)
ရဲ နှစ်ထပ် ကိုရွေးချယ်ရမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်
7 CFM ရှိတဲ့ Vacuum Pump ဟာ
7*7 =49 Tons စက်ကို စုပ်ထုတ်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။အဲဒီလိုနည်းအားဖြင့်ရွေးချယ်ပြီးအသုံးပြုရမှာပါ။

🛑နောက်တချက်ကတော့..အရေးကြီးတဲ့စက်တွေကို Evacuate တခါလုပ်ပြီးတိုင်း Vacuum pump ထဲက
ဆီCompressor oil ကိုလဲလှယ်နိုင်ရင်ပိုကောင်းပါတယ်ဗျ။

ဘာဖြစ်လို့လဲဆိုတော့ စက်ထဲကဆီက လေထဲက ရေငွေ့နဲ့တွေ့ရင်စုပ်ယူထားတတ်လို့ပါ။ဆီမလဲရင်
ရေငွေ့တွေ စနစ်ထဲကနေမပြောင်စင်ပဲနေတတ်လို့ပါ။

#ကိုနန္ဒမိုး

Address

Yangon

Alerts

Be the first to know and let us send you an email when Atum 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Atum 7:

Share