Now for You Air-conditioning knowledge sharing center

Now for You Air-conditioning knowledge sharing center Air-conditioning knowledge sharing

❄️❄️အဲကွန်းစတင်လေ့လာနေသော ညီအကိုများအတွက် "Copper  Pipe Bender" စနစ်တကျ ချိုးနည်းကိုမျှဝေပေးလိုက်ပါတယ်၊❄️❄️✅ Bender အသုံ...
27/08/2023

❄️❄️အဲကွန်းစတင်လေ့လာနေသော ညီအကိုများအတွက် "Copper Pipe Bender" စနစ်တကျ ချိုးနည်းကိုမျှဝေပေးလိုက်ပါတယ်၊❄️❄️

✅ Bender အသုံးမပြုမီ အမြဲပြုလုပ်ရမည့် "0" Adjustment 👇👇👇
1️⃣ "0" အမှတ်အသားများ - Copper pipe ကွေးညွှတ်ခြင်းမပြုခင်၊ Bender လက်ကိုင်ပေါ်ရှိ "0 - 45° - R - L" ထဲမှ "0" အမှတ်အသားကို Bender body ပေါ်ရှိ "0 - 45° - 90° - 135° - 180°" ထဲမှ "0" အမှတ်အသားဖြင့် ချိန်ညှိပါ။
🔷 (ပထမ "0" အမှတ်အသားသည် ပုံ 3 မှ A ကိုဆိုလိုသည်)

✅ "0" Adjustment မှန်အောင်အရင်ချိန်ပါ၊ 👇👇👇
2️⃣ "45°" ကွေးရန်၊ 45° ကွေးချင်သော Copper pipe ပေါ်ရှိ အမှတ်အသားကို Bender လက်ကိုင်ပေါ်ရှိ 45° အမှတ်အသားဖြင့်ချိန်ညှိပါ။
🔷 (Bender လက်ကိုင်ပေါ်ရှိ 45° အမှတ်အသားမှာ ပုံ 3 မှ B ကိုဆိုလိုသည်)

✳️✳️အဲကွန်းစတင်လေ့လာနေသော ညီအကိုများအတွက် ဒီအဆင့်ထိက လွယ်ကူရိုးရှင်းပါသည်၊ အမှန်တကယ်တိတိကျကျချိုးရပြီး trunking ဖြင့်သပ်သပ်ရပ်ရပ် စနစ်တကျဖြစ်ချင်လျှင် အောက်ပါနည်းအတိုင်း ချိုးမှ အဆင်ပြေနိုင်ပါမည်၊✳️✳️

✅ Pipe bender ချိုးနည်းမှာ "R" အမှတ်အသားအတွက် ညာချိုးနှင့် "L" အမှတ်အသားအတွက် ဘယ်ချိုးဆိုပြီး နှစ်မျိုးရှိပါသည်၊
🔷 ဘယ်ချိုးဆိုသည်မှာ ကိုယ်တိုင်းတာပြီး လိုချင်တဲ့ Length အတိုင်းအတာကို Bender ရဲ့ ဘယ်ဘက်မှာထားတာကိုဆိုတာပါ၊
🔷 ညာချိုးဆိုသည်မှာ ကိုယ်တိုင်းတာပြီး လိုချင်တဲ့ Length အတိုင်းအတာကို Bender ရဲ့ ညာဘက် မှာထားတာကိုဆိုတာပါ၊
🔷 ဘာလို့ညာမှာထားရတာလဲ? ဘာလို့ဘယ်မှာထားရတာလဲ? ဆိုတာကတော့ Pipe length နဲ့ နေရာအခက်အခဲအရ အဆင်ပြေသလိုချိုးရလို့ ဘယ်ညာပြောင်းသင့်ရင် ပြောင်းချိုးရလို့ပါ၊

✳️✳️ ဘယ်ချိုးဆိုဘယ်လို Marking ယူရမလဲ? ညာချိုးဆိုဘယ်လို Marking ယူချိုးရမလဲ? စတင်ပြောပါပြီး၊✳️✳️

✅ "0" Adjustment မှန်အောင်အရင်ချိန်ပါ၊ 👇👇👇
3️⃣ Copper pipe 90° ချိုးရန်အတွက် မိမိတိုင်းတာထားသော Copper pipe ပေါ်ရှိအမှတ်အသားကို Bender ရဲ့"ညာ"မှာထားထားထားလျှင်၊ ထိုအမှတ်အသားကို Bender လက်ကိုင်ပေါ်ရှိ ("0 - 45° - R - L") အမှတ်များထဲမှ "R" အမှတ်အသားဖြင့် ချိန်ညှိပြီး ချိုးချရမည်၊
🔷 Bender body ပေါ်ရှိ "90°" နှင့် Bender လက်ကိုင်ပေါ်ရှိ "0" အမှတ်ညီမှသာရပ်ရမည်၊
🔷 (Bender လက်ကိုင်ပေါ်ရှိ "R" အမှတ်အသားမှာ ပုံ 3 မှ C ကိုဆိုလိုသည်)၊

✅ "0" Adjustment မှန်အောင်အရင်ချိန်ပါ၊ 👇👇👇
4️⃣ Copper pipe 90° ချိုးရန်အတွက် မိမိတိုင်းတာထားသော Copper pipe ပေါ်ရှိအမှတ်အသားကို Bender ရဲ့"ဘယ်"မှာထားထားထားလျှင်၊ ထိုအမှတ်အသားကို Bender လက်ကိုင်ပေါ်ရှိ ("0 - 45° - R - L") အမှတ်များထဲမှ "L" အမှတ်အသားဖြင့် ချိန်ညှိပြီး ချိုးချရမည်၊
🔷 Bender body ပေါ်ရှိ "90°" နှင့် Bender လက်ကိုင်ပေါ်ရှိ "0" အမှတ်ညီမှသာရပ်ရမည်၊
🔷 (Bender လက်ကိုင်ပေါ်ရှိ "L" အမှတ်အသားမှာ ပုံ 3 မှ D ကိုဆိုလိုသည်)၊

စာကြွင်း - အမှတ်အသားမပါသော Bender များ (သို့) အမှတ်အသားများပျက်နေသော Bender များအတွက် Marking ပေးပြီးချိုးနည်းများကိုလည်း နောက်များမှာ Sharing လုပ်ပေးသွားပါဦးမည်၊ နောက်ထက် Sharing များထက်လေ့လာနိုင်ရန်အတွက် page ကို Like & Follow လုပ်ထားလို့ရပါတယ်၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️1Lb မှာ ဘယ်လောက် PSI ရှိလဲ? သိချင်ရင်စာကို ဆက်ဖက်ပေးပါ❄️❄️✅PSI ဆိုတာ (pound per square inch) တစ်လက်မပတ်လည်မှာ သတ်ရော...
24/08/2023

❄️❄️1Lb မှာ ဘယ်လောက် PSI ရှိလဲ? သိချင်ရင်စာကို ဆက်ဖက်ပေးပါ❄️❄️

✅PSI ဆိုတာ (pound per square inch) တစ်လက်မပတ်လည်မှာ သတ်ရောက်နေတဲ့အားကိုဆိုလိုတာပါ၊ ဘယ်လောက် PSI မှာ ဘယ်နှစ်ပေါင်ရှိရမယ်လို့အတိအကျမရှိသလို ဆတ်သွယ်ချက်မရှိပါဘူး၊
စိတ်မပျက်ပါနဲ့ ဆက်ပြီးဖတ်ပေးပါ 👇👇👇

ဥပမာ - R410A gas ပဲဆိုကြပါစို့၊ တကောင်စက်မှာထည့်ရမယ့် PSI နဲ့ လေးကောင်စက်မှာထည့်ရမယ့် PSI ကတော့ အတူတူပါပဲ၊

✅သို့ပေမယ့် ထည့်ရမယ့် Kg or Lb ကတော့မတူပါဘူး၊ [Outdoor Unit Specification] မှာကြည့်လို့ရပါတယ်၊
💭Outdoor Unit မှာ Refrigerants ဆိုပြီး ဘယ်လောက် (Kilograms) Kg or (Gram) g စသဖြင့်ရေးထားပါတယ်၊ Maximum pipe length ထက်ကျော်မှသာ Additional gas ဆိုပြီးထက်ထည့်ရတာပါ၊
များသောအားဖြင့် 10M (~30ft) လောက်ဆို Additional gas ထက်ထည့်စရာမလိုပါဘူး၊

✅ဒါကြောင့် PSI ကျတော့တူပြီး ထည့်ရတဲ့ Kg or Lb ကွာသွားရလဲဆိုတော့ သူတို့နှစ်ခုရဲ့ သတ်ရောက်နေတဲ့ ဧရိယာမတူကြလို့ပါ၊ တနည်းအားဖြင့် (Copper pipe size Eg; 1/4"×3/8", 1/4"×1/2", 3/8" ×5/8") နဲ့ Length အတိုအရှည်) မတူတာကြောင့် သူတို့နှစ်ခုရဲ့ Area ဧရိယာလည်း မတူနိုင်တာကို ဆိုလိုတာပါ၊

✅ဧရိယာမတူရင် pressure (PSI) လည်းမတူနိုင်တာ ရှင်းပြီးလို့ထင်ပါတယ်ဗျ၊

🍉နောက်ဆုံးဥပမာအနေဖြင့်
ကမ္ဘာမြေကြီးမှာလည်း သတ်ရောက်နေတဲ့ Pressure တခုရှိပါတယ်၊ ဘယ်လောက်လဲဆိုတော့ 14.7PSI ပါ၊

💭အာ့ဒါကို 14.7PSI ပါပဲလေဆိုပြီး ဘယ်လောက်မှမရှိပါဘူးပြောလို့မရပါဘူး၊ ကမ္ဘာမြေကြီးတခုလုံးကို 14.7PSI သတ်ရောက်နေဖို့ ကျွန်တော်တို့ ဘယ်လောက် ပမာဏ gas ဖြည့်ရမလဲ စဥ်းစားကြည့်လို့ရပါတယ်?

💭အများကြီးဖြစ်နေမှာပေါ့_ဆိုတော့_အဲကွန်းလုပ်ငန်းရဲ့ အခြေခံလေးတွေဖြစ်တဲ့_မေးခွန်းလေးတွေ_ရှင်းရှင်းလင်းလင်းနားလည်ကြပါစေ_မေးခွန်းအမှားကြီးတွေလည်း_ထပ်မမေးနဲ့တော့နော်
❌❌1Lb မှာဘယ်လောက် PSI ရှိလဲ?❌❌

✳️✳️နောက်နေ့တွေမှာလည်း Sharing တွေလုပ်ပေးမှာမို့ page ကို Like & Followed လုပ်ထားလို့ရပါတယ်✳️✳️

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️လူကြီးမင်းတို့၏ အိမ်သုံးအဲကွန်းများကို ဘာလို့ ပုံမှန် Servicing ဆေးသင့်သလဲ? ဆိုတာကို မျှဝေပေးသွားမှာပါ❄️❄️❌ အဲကွန်းမ...
25/09/2022

❄️❄️လူကြီးမင်းတို့၏ အိမ်သုံးအဲကွန်းများကို ဘာလို့ ပုံမှန် Servicing ဆေးသင့်သလဲ? ဆိုတာကို မျှဝေပေးသွားမှာပါ❄️❄️

❌ အဲကွန်းမအေးတော့မှ Servicing ခေါ်ဆေးခြင်းသည် မှားပါသည်၊

❌ အဲကွန်းရေကျနေမှ Servicing ခေါ်ဆေးခြင်းသည် မှားပါသည်၊

✅ အမှန်ကတော့ လူကြီးမင်းတို့အဲကွန်းအေးနေသော်လည်း Servicing ခေါ်ဆေးသင့်ပါသည်၊

✅ ရေမကျသော်လည်း Servicing ခေါ်ဆေးသင့်ပါသည်၊

✅ သတ်မှတ်ထားတဲ့ အခန်းအနေအထားအရ တနှစ် (၄) ကြိမ်၊ တနှစ် (၃) ကြိမ်၊ တနှစ် (၂) ကြိမ် ပုံမှန်ရက်ချိန်းအတိုင်း Servicing ခေါ်ဆေးသင့်ပါသည်၊

🔹ဘာ့ကြောင့် အခုလိုလုပ်ဖို့လိုတာလဲ❓

☑️ အဲကွန်းတလုံးသည် ပုံမှန် Servicing မဆေးခြင်းကြောင့် အပူကွိုင်၊ အအေးကွိုင်မှာ ချေးများအမှုန်များ ညစ်ပတ်သောရေများ ရေရှည်ပိတ်မိနေနိုင်သောကြောင့် လူကြီးမင်းတို့အတွက် ကျန်းမာရေးဆိုးကျိုးများဖြစ်နိုင်ပါသည်၊

☑️ အဲကွန်းနှင့် ပက်သက်၍ သက်တမ်းမတိုင်ခင် ကွိုင်များသံချေးတက်ခြင်းနှင့် ကွိုင်ပေါက်ခြင်းများကြောင့် မလိုအပ်ဘဲ ပြုပြင်ရခြင်းများဖြစ်နိုင်ပါသည်၊

☑️ အပူကွိုင်နှင့် အအေးကွိုင်တွင် ချေးများ၊ ဖုန်မှုန့်များ ရေရှည်ပိတ်မိနေသောကြောင့် Compressor သည်လည်း ပိုမိုရုန်းရခြင်းတို့ကြောင့် Compressor သက်တမ်းတို၍ ပျက်ဆီးနိုင်ပါသည်၊

☑️ အဲကွန်းတပ်ဆင်ထားသော အခန်းသတ်မှတ်ချက်အလိုက် ပုံမှန် Servicing မဆေးခြင်းကြောင့် အခန်းထဲတွင် ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် အခြားဓာတ်မတည့်သည့်အမှုန်အမွှားများ ပျံ့နှံ့နေနိုင်သည်၊

☑️ ထိုဖုန်မှုန့်နှင့် အညစ်အကြေးများကြောင့် ဗက်တီးရီးယားပိုးမွှားများ ခိုအောင်းနေနိုင်ပြီး လူကြီးမင်းတို့အနေဖြင့်
✳️ ပန်းနာရင်ကျက်၊
✳️ ထိပ်ကပ်နာနှင့်
✳️ ဓာတ်မတည့်ခြင်းကဲ့သို့သော ပြဿနာများဖြစ်စေနိုင်ပါသည်၊

☑️ ပုံမှန် Servicing ဆေးခြင်းကြောင့် တပ်ဆင်ထားသော အဲကွန်းအတွက်သာမက လူကြီးမင်းတို့၏ ကျန်းမာရေးအတွက်ပါ ဂရုစိုက်ရာရောက်ပါသည်၊

👉👉 ထို့ကြောင့် လူကြီးမင်းတို့၏ အဲကွန်းများကို ပုံမှန်အေးနေသော်လည်း Servicing ခေါ်ဆေးသင့်သည် 👈👈 ဟုအကြံပြုလိုပါသည်၊

⤴️ တခြားလိုအပ်သည်များရှိပါက ပညာရှင်များအနေဖြင့် ဖြည့်စွက်ပြောပေးစေလိုပါသည်၊

⤴️ အဲကွန်းအသုံးပြုနေသူ လူကြီးမင်းများအတွက် Servicing ပုံမှန်ပြုလုပ်ခြင်းကြောင့် အကျိုးရှိစေမည့် အကြံပြုချက်များလည်း ပြောပေးစေလိုပါသည်၊

🔹နောက်နေ့တွေမှာလည်း လူကြီးမင်းတို့အတွက် ယခုလိုမျိုးအကြောင်းရာလေးတွေ၊ အကြံပြုချက်လေးတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက် Now for You Page လေးကို Like & See first လေးပြုလုပ်ပေးပါထားပါဦးဗျ၊

🔹အဲကွန်းပိုင်းလေ့လာနေသူတွေကိုလည်း Invited လုပ်ပြီး page ကိုဖိတ်ခေါ်ပေးပါဦးဗျ၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

1️⃣ ❄️❄️လူကြီးမင်းတို့ရဲ့ အိမ်သုံးအဲကွန်းတွေကို ကိုယ်တိုင်အလွယ်တကူ ဆေးကြောနိုင်မယ့်နည်းလမ်းလေးတချို့ကို မျှဝေပေးပါ့မယ်၊❄...
20/09/2022

1️⃣ ❄️❄️လူကြီးမင်းတို့ရဲ့ အိမ်သုံးအဲကွန်းတွေကို ကိုယ်တိုင်အလွယ်တကူ ဆေးကြောနိုင်မယ့်နည်းလမ်းလေးတချို့ကို မျှဝေပေးပါ့မယ်၊❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=107166718765206&id=105065495641995&mibextid=9R9pXO

2️⃣ ❄️❄️လူကြီးမင်းတို့ရဲ့ အိမ်သုံးအဲကွန်းများအား Service အဖွဲ့မှ လာရောက်စစ်ဆေးတဲ့အခါ သိထားရမည့်အချက်တချို့ကို မျှဝေပေးပါ့မယ်❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=107179598763918&id=105065495641995&mibextid=9R9pXO

3️⃣ ❄️❄️ဒီနေ့တော့ လူကြီးမင်းတို့အတွက် (Refrigeration cycle story) ဆိုပြီး technical နည်းအရမဟုတ်ဘဲ ပုံပြင်တပုဒ်လို နားလည်လွယ်အောင် ကြိုးစားထားတာလေး မျှဝေပေးပါ့မယ်ဗျ၊❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=108638015284743&id=105065495641995&mibextid=9R9pXO

4️⃣ ❄️❄️လူကြီးမင်းတို့ မေးလေ့မေးထရှိတဲ့ အိမ်သုံးအဲကွန်းဂက်စ်တွေအကြောင်း အနည်းငယ်မျှဝေပေးပါ့မယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=111781381637073&id=105065495641995&mibextid=9R9pXO

5️⃣ ❄️❄️လူကြီးမင်းတို့မေးလေ့မေးထရှိသော ရိုးရိုး (Non-Inverter) အဲကွန်းနှင့် မီးအားစားသက်သာသော (Inverter) အဲကွန်းများ၏ အကြောင်းရင်းတချို့ကို နားလည်လွယ်အောင် အနည်းငယ်မျှဝေပေးပါ့မယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=115514207930457&id=105065495641995&mibextid=9R9pXO

6️⃣ ❄️❄️လူကြီးမင်းတို့အတွက် အဲကွန်းတလုံးကို နေရာမှန်ကန်စွာရွေးခြယ်တက်ဆင်နိုင်ရန် သိထားရမည့်အချက်တချို့ကို မျှဝေပေးပါမယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=118036624344882&id=105065495641995&mibextid=9R9pXO

7️⃣ ❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးတွင် Pressure Gauge တပ်ဆင်ပုံအဆင့်ဆင့်ကို နားလည်လွယ်အောင် မျှဝေပေးပါမယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=118929350930732&id=100084410015834&mibextid=9R9pXO

8️⃣ ❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးမှ Pressure Gauge ဖြုတ်ပုံအဆင့်ဆင့်ကို နားလည်လွယ်အောင် မျှဝေပေးပါမယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=119471270876540&id=100084410015834&mibextid=9R9pXO

9️⃣ ❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံး Pump down ဆွဲပုံအဆင့်ဆင့်ကို အတိုချုံ့လေး မျှဝေပေးပါ့မယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=120716477418686&id=100084410015834&mibextid=9R9pXO

🔟 ❄️❄️လူကြီးမင်းတို့၏ အိမ်သုံးအဲကွန်းများကို ဘာလို့ ပုံမှန် Servicing ဆေးသင့်သလဲ? ဆိုတာကိုမျှဝေပေးပါမယ် ❄️❄️ 👇👇 https://m.facebook.com/story.php?story_fbid=123544050469262&id=100084410015834&mibextid=9R9pXO

🔹အဲကွန်းဝါသနာပါသော လူကြီးမင်းများနှင့် ညီအကိုများအတွက် page မှ မျှဝေပေးခဲ့သော အကြောင်းအရာများကိုရွေးခြယ်လေ့လာနိုင်အောင် ပထမတဖြတ်အနေဖြင့် တစုတစည်းထဲ ပြန်လည်စုစည်းပေးထားပါသည်၊

🔹နောက်နေ့တွေမှာလည်း အဲကွန်းပိုင်း လေ့လာနေသော လူကြီးမင်းများနှင့် ညီအကိုများအတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို အမြဲမျှဝေပေးသွားမှာဖြစ်တဲ့အတွက် page လေးကို Like & Follow လေးပြုလုပ်ပေးထားပြီး၊
အဲကွန်းပိုင်းစိတ်ဝင်စားတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း Invited & Share လေးလည်း လုပ်ပေးစေချင်ပါသည်၊

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံး Pump down ဆွဲပုံအဆင့်ဆင့်ကို အတိုချုံ့လေး မျ...
15/09/2022

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံး Pump down ဆွဲပုံအဆင့်ဆင့်ကို အတိုချုံ့လေး မျှဝေပေးသွားမှာပါ❄️❄️

1️⃣ အဲကွန်းကိုဖွင့်ပါ၊

📌 Pressure gauge တပ်ဆင်ပုံ အပိုင်း (၁) အတိုင်း Gauge တပ်ဆင်ထားလျှက်ဖြစ်ရမည်၊

အပိုင်း (၁) https://m.facebook.com/story.php?story_fbid=118929350930732&id=100084410015834&mibextid=9R9pXO

2️⃣ L-Key ဖြင့် ပိုက်သေးရှိ (Liquid stop valve) ကိုပိတ်ပါ၊

📌 မကျွမ်းကျင်သူများအနေဖြင့် (Suction pipe) ပိုက်ကြီးရှိ (Gas stop valve) ကို ဦးစွာ တစ်ဝက် (၅ပတ်လောက်) အရင်ကြိုလှည့်ထားပြီးမှ ပိုက်သေးကို ပိတ်နိုင်သည်၊

3️⃣ Pressure gauge ညွှန်းတံ '0' PSI ရောက်သည်အထိစောင့်ပါ၊

📌 Compressor discharge ဘက်ခြမ်းကိုပိတ်လိုက်ခြင်းဖြင့် Compressor suction ဘက်တွင် အစုပ်သာရှိသောကြောင့် (Copper pipe) ပိုက်လိုင်းထဲရှိ Gas များကို Outdoor unit ထဲသို့စုပ်ယူသွားခြင်းဖြစ်သည်၊

4️⃣ Pressure gauge ညွှန်းတံ '0' PSI ရောက်သောအခါ ပိုက်ကြီး (Gas stop valve) ကိုအပြည့်ပိတ်ပါ၊

📌 ပိုက်ကြီးကိုကြို လှည့်ထားသူတွေအတွက် အနည်းငယ်သာ ထက်လှည့်ရပြီး Pump down လုပ်ငန်းစဥ်အတွက် အချိန်ပိုရနိုင်ပါသည်၊

5️⃣ ထို့နောက် အဲကွန်းပိတ်ပါ၊

📌 လုပ်ငန်းစဥ်အားလုံးအတွက် မိနစ်ပိုင်းသာကြာသင့်သည်၊ အချိန်ကြန့်ကြာပါက Compressor ထိခိုက်နိုင်သည်၊

✅ Pump down လုပ်ငန်းစဥ်ပြီးပါပြီး၊

🔹ထို့နောက် စက်ဖြုတ်ချပြီး နေရာရွေ့ရန်ဖြစ်စေ၊ စက်ဖြုတ်ချပြီး Servicing ပြုလုပ်ရန်ပဲဖြစ်ဖြစ် Flare join ကိုဖြုတ်၍ ပြုလုပ်နိုင်ပါပြီး၊

😊အဲကွန်းဝါသနာပါတဲ့ သူငယ်ချင်းတွေကိုလည်း Like & Follow လုပ်နိုင်ဖို့ Invited လုပ်ပေးကြပါဦးဗျ၊😊

🔹ယခုအကြောင်းရာများသည် အဲကွန်းပိုင်း လေ့လာနေသော ညီအကိုများအတွက် အခြေခံကျသော အကြောင်းအရာဖြစ်သည့် Pump down ဆွဲပုံအဆင့်ဆင့်ကို မျှဝေပေးထားခြင်း ဖြစ်ပါတယ်၊ ပညာရှင်များအနေဖြင့် လိုအပ်သည်များရှိပါက Comment box တွင်ဖြည့်စွက်ပြောပေးနိုင်ပါသည်၊

🔹နောက်နေ့တွေမှာလည်း အဲကွန်းပိုင်း လေ့လာနေသော ညီအကိုများအတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို အမြဲမျှဝေပေးသွားမှာဖြစ်တဲ့အတွက် Comment box က မူရင်း Page လေးကို Like & Follow လုပ်ထားပေးပါဦး၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးမှ Pressure Gauge ဖြုတ်ပုံအဆင့်ဆင့်ကို နားလည်...
11/09/2022

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးမှ Pressure Gauge ဖြုတ်ပုံအဆင့်ဆင့်ကို နားလည်လွယ်အောင် မျှဝေပေးသွားမှာပါ❄️❄️

အပိုင်း (၂)

အပိုင်း (၁)
https://m.facebook.com/story.php?story_fbid=118929350930732&id=100084410015834

အပိုင်း (၁) တွင် Gauge ချိတ်ခဲ့ပြီး Run နေတဲ့အခြေနေမှ စနစ်တကျဖြင့် Gas လေလွင့်မှုမရှိစေဘဲ Pressure gauge ပြန်ဖြုတ်ခြင်းနည်းစနစ်ကို မျှဝေပေးပါ့မယ်၊

1️⃣ အဲကွန်းကို ဆက်ဖွင့်ထားပါ၊

2️⃣ ပိုက်သေး၏ (Liquid stop valve) [See photo 1] ကို L-key ဖြင့်ပိတ်ပါ၊

📌 Low pressure gauge မှာ Pressure ကျသွားသည်အထိစောင့်ပါ၊
📌 Nearly '0' PSI

🔹ရှင်းလင်းချက် >>>> ပိုက်ကြီးက (Suction side) အစုပ်ဖြစ်သည့်အတွက် Pressure gauge hose ထဲက Gas တွေပါစုပ်ယူသွားလို့ Gauge မှာ pressure ကျသွားခြင်းဖြစ်ပါတယ်၊

3️⃣ Control valve [See photo 2] ကို (နာရီလက်တံပြောင်းပြန်လှည့်) ပိတ်ပါ၊

📌 Control valve ဖွင့်ခြင်း (သို့) ပိတ်ခြင်းအတွက် အရစ်အဆုံးထိ အတင်းအကြပ် မပြုလုပ်ရပါ၊
✅ ရေရှည်အတွက် Valve တွင် Leakage ဖြစ်နိုင်သည်၊

🔹ရှင်းလင်းချက် >>>> နာရီလက်တံအတိုင်းဆို အထဲဝင်ပြီး Pin valve ကိုသွားထောက်ပြီး Gas ထွက်ပါတယ်၊
✅ Screw ရစ်သလိုပါပဲ၊

4️⃣ ပိုက်သေး၏ (Liquid stop valve) ကို L-key ဖြင့်ပြန် ဖွင့်ပါ၊

📌 အချိန် မိနစ်ပိုင်းအတွင်းပြီးစီးအောင်ပြုလုပ်ပါ၊

ရှင်းလင်းချက် >>>> အချိန်ကြန့်ကြာပါက Compressor ထိခိုက်နိုင်ပါတယ်၊

5️⃣ စက်ကိုပိတ်ပြီး Control valve ကိုဖြုတ်ခြင်းဖြင့် Pressure gauge ပြန်ဖြုတ်ခြင်း လုပ်ငန်းစဥ်ပြီးပါပြီး၊

🔹ရှင်းလင်းချက် >>>> Pressure gauge hose ထဲမှာရှိနေတဲ့ Gas တွေကို Pump down ဆွဲပြီး စက်ထဲပြန်သိမ်းလိုက် သည့်သဘောတရားပါပဲ၊ ကျွမ်းကျင်လာသည်နှင့်အမျှ Control valve ဖြုတ်လျှင် Gas ထွက်သည်အသံ မကြားရမည်မဟုတ်ပါ၊
✅ "ရွှက်" ဆိုသောအသံကြားနေရသေးလျှင် မကြားရအောင် ဆက်လက်လေ့ကျင့်ပါ၊

🔹အပိုင်း (၃) တွင် Pump down ဆွဲပုံအဆင့်ဆင့်ကို မျှဝေပေးသွားပါ့မယ်၊

🔹ယခုအကြောင်းရာများသည် အဲကွန်းပိုင်း လေ့လာနေသော ညီအကိုများအတွက် အခြေခံကျသော အကြောင်းအရာများဖြစ်သည့် Pressure gauge ဖြုတ်ပုံအဆင့်ဆင့်ကို မျှဝေပေးထားခြင်း ဖြစ်ပါတယ်၊ ပညာရှင်များအနေဖြင့် လိုအပ်သည်များရှိပါက Comment box တွင်ဖြည့်စွက်ပြောပေးနိုင်ပါသည်၊

🔹နောက်နေ့တွေမှာလည်း အဲကွန်းပိုင်း လေ့လာနေသော ညီအကိုများအတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို အမြဲမျှဝေပေးသွားမှာဖြစ်တဲ့အတွက် Comment box က page လေးကို Like & Follow လေးပြုလုပ်ထားပေးပါဦး၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးတွင် Pressure Gauge တပ်ဆင်ပုံအဆင့်ဆင့်ကို နား...
09/09/2022

❄️❄️အဲကွန်းပိုင်းကို စိတ်ဝင်စားလို့ စတင်လေ့လာနေသော ညီအကိုများအတွက် စက်တလုံးတွင် Pressure Gauge တပ်ဆင်ပုံအဆင့်ဆင့်ကို နားလည်လွယ်အောင် မျှဝေပေးသွားမှာပါ❄️❄️

အပိုင်း (၁)
1️⃣ Pressure Gauge မှ Blue hose နှင့် Control valve [See photo 1] ကိုချိတ်ပါ၊

2️⃣ Control valve ကို Outdoor unit ရှိ Service port တွင်ချိတ်ပါ၊

Noted: အိမ်သုံးအဲကွန်းများတွင် Pressure gauge [See photo 2] ချိတ်ရန် Service port အနေဖြင့် (Section pipe) ပိုက်ကြီး မှာသာပါရှိတဲ့အတွက် Low pressure ကိုကိုယ်စားပြုတဲ့ Blue hose မှာချိတ်ရတာပါ၊

3️⃣ Yellow hose ကို Vacuum pump [See photo 3] မှာချိတ်ပြီး ပိုက်ထဲက လေတွေကို 2min ခန့် Vacuum ဆွဲပါ၊

📌 High pressure side ဖြစ်တဲ့ Red hose ရဲ့ Valve ကို ယခုဖြစ်စဥ်တွင် မလိုအပ်တဲ့အတွက် အမြဲပိတ်ထားရမည်၊
📌 စက်ထဲက Gas ဖြင့် pushing လုပ်ခြင်းကိုရှောင်ထားပါတယ်

4️⃣ Vacuum ဆွဲပြီးလျှင် Pressure gauge ရှိ Low pressure value ကိုပိတ်ပါ၊ Yellow hose ကို Vacuum pump မှဖြုတ်ပါ၊ ပြီးလျှင် Vacuum pump ကိုပိတ်ပါ၊

📌 Vacuum pump မှ ဆီများ Hose အတွင်းသို့မလိုက်ရန်အတွက် Yellow hose ကိုဖြုတ်ပြီးမှ Vacuum pump ပိတ်ပါ၊
📌 Low pressure gauge မှ ညွှန်းတံပြန်တက်မတက် စစ်ဆေးပါ၊ ပြန်တက်လျှင် အဆက်နေရာတွေကို Leakage စစ်ပြီးသေခြာစွာ ပြန်ကြပ်ပြီး၊ ✅အစကပြန်လုပ်ပါ၊

5️⃣ Control valve ကိုဖွင့်ပြီးလျှင် Pressure gauge တပ်ဆင်ခြင်းပြီးပါပြီး၊

📌 ထို့နောက် Gauge တွင် ရပ်ထားနဲ့အချိန် Standing pressure နှင့် စက်ဖွင့်ပြီး Run နေတဲ့ Section pressure တို့ကိုကြည့်လို့ရပါပြီး၊

🔹အပိုင်း (၂) တွင် Pressure gauge ဖြုတ်ပုံအဆင့်ဆင့်ကို မျှဝေပေးသွားပါ့မယ်၊
👇👇
https://m.facebook.com/story.php?story_fbid=119471270876540&id=100084410015834&mibextid=9R9pXO

🔹ယခုအကြောင်းရာတချို့သည် အဲကွန်းအကြောင်းလေ့လာနေသော ညီအကိုများအတွက် အခြေခံကျသော အကြောင်းအရာများဖြစ်သည့် Pressure gauge တပ်ဆင်ပုံအဆင့်ဆင့်ကို မျှဝေပေးထားခြင်း ဖြစ်ပါတယ်၊ ပညာရှင်များအနေဖြင့် လိုအပ်သည်များရှိပါက Comment box တွင်ဖြည့်စွက်ပြောပေးနိုင်ပါသည်၊

🔹နောက်နေ့တွေမှာလည်း အဲကွန်းပိုင်း လေ့လာနေသော ညီအကိုများအတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက် page လေးကို Like & See first လေးပြုလုပ်ထားပေးပါဦး၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️လူကြီးမင်းတို့အတွက် အဲကွန်းတလုံးကို နေရာမှန်ကန်စွာရွေးခြယ်တက်ဆင်နိုင်ရန် သိထားရမည့်အချက်တချို့ကို မျှဝေပေးပါ့မယ် ❄️❄...
28/08/2022

❄️❄️လူကြီးမင်းတို့အတွက် အဲကွန်းတလုံးကို နေရာမှန်ကန်စွာရွေးခြယ်တက်ဆင်နိုင်ရန် သိထားရမည့်အချက်တချို့ကို မျှဝေပေးပါ့မယ် ❄️❄️

🔸OUTDOOR UNIT🔸
✅စစ်ဆေးရန်နှင့်ပြုပြင်ရန်ခက်ခဲသောနေရာများတွင်တပ်ဆင်ခြင်းမပြုရန်၊

✅Outdoor unit ညာဘက်ခြမ်း Service area အတွက် အနည်းဆုံး ၁ပေနှင့်အထက် နေရာလွက်ထား၍ တပ်ဆင်ရန်၊

✅Outdoor unit ၏လေထွက်ရာဘက်မှ အနည်းဆုံး ၂၀လက်မနှင့်အထက် နေရာလွက်ထား၍ တပ်ဆင်ရန်၊

✅လုံလောက်သောမာကြောမှုရှိသော နံရံတွင်သာတပ်ဆင်ခြင်းပြုရန်၊

✅​ရေပြင်ညီစွာ ထားနိုင်သောနေရာနှင့် လေစီးဆင်းမှုကောင်းမွန်သော နေရာတွင် တပ်ဆင်ရန်၊

✅လေမထန်သောနေရာတွင် တပ်ဆင်ရန်၊

✅လေစီးဆင်းမှုနှင့် ဆူညံသံအတွက် အနီးနားရှိအိမ်များသို့ အနှောက်ယှက်မပေးနိုင်သောနေရာတွင် တပ်ဆင်ရန်၊

✅အများဆုံးခွင့်ပြုထားသော Copper pipe အလျားထက်ကျော်၍ တပ်ဆင်ရသောနေရာများတွင်မတပ်ဆင်ရန်၊

✅ပေါက်ကွဲနိုင်သော ဓါတ်ငွေ့နှင့် မီးလောင်နိုင်သောအရာများရှိသော နေရာများတွင်မတင်ဆင်ရန်၊

🔹INDOOR UNIT🔹
✅လေအေးသည် တခန်းလုံး (သို့) သက်မှက်ထားသောဧရိယာသို့ ရောက်ရှိနိုင်သောနေရာတွင် တပ်ဆင်ရန်၊

✅Indoor unit အပေါ်နှင့် ဘေးနှစ်ဖက်တွင် အနည်းဆုံး ၂လက်မနှင့်အထက် နေရာလွက်ထား၍ တပ်ဆင်ရန်၊

✅TV နှင့် လျှပ်စစ်အသုံးဆောင်ပစ္စည်းများ အပေါ်တွင် တပ်ဆင်ခြင်းမပြုရန်၊

✅လုံလောက်သောမာကြောမှုရှိသော နံရံတွင်သာတပ်ဆင်ခြင်းပြုရန်၊

✅အပြင်ဘက်သို့အလွယ်တကူ ရေဆင်းနိုင်သော နေရာတွင်တပ်ဆင်ရန်၊

✅လေအေးထွက်မည့်လမ်းကြောင်းအားပိတ်ဆို့မှုမရှိသောနေရာတွင်တပ်ဆင်ရန်၊

✅ပန်ကာနှင့်လေဝင်ပေါက်များနှင့် ဝေးသောနေရာများတွင်တပ်ဆင်ရန်၊

✅မီးဖိုချောင်အတွင်းရှိဆီနှင့်ရေနွေးငွေ့ မထိနိုင်သောနေရာများတွင် တပ်ဆင်ရန်၊

✅ပူ၍စိုထိုင်းမှုမရှိသောနေရာတွင် တပ်ဆင်ရန်၊

⭕Safety သည်သာအဓိကဖြစ်သည့်အတွက် လူကြီးမင်းတို့အနေဖြင့် Outdoor များအား Service ပြုလုပ်ရလွယ်ကူသောနေရာများတွင် ရွေးခြယ်တပ်ဆင်ခိုင်းသင့်သည်၊
⭕Installers များအနေဖြင့်လည်း လိုအပ်သည်များကိုအကြံပြုပြောဆိုကာ Indoor unit အား Location မှန်ကန်စွာ ရွေးခြယ်တပ်ဆင်ပေးသင့်သည်၊

🔹ယခုအကြောင်းရာတချို့သည် အဲကွန်းတလုံးကို နေရာမှန်ကန်စွာ ရွေးခြယ်တပ်ဆင်နိုင်ရန် Customers များနှင့် Installers များတွက်ပါ သတိထားရမယ့်အချက် တချို့ကို မျှဝေပေးထားခြင်း ဖြစ်ပါသည်၊ လိုအပ်သည်များရှိပါက Comment box တွင်ဖြည့်စွက်ပြောပေးနိုင်ပါသည်၊

🔹နောက်နေ့တွေမှာလည်း လူကြီးမင်းတို့အတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက် page လေးကို Like & See first လေးပြုလုပ်ထားပေးပါဦး၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

❄️❄️လူကြီးမင်းတို့မေးလေ့မေးထရှိသော ရိုးရိုး (Non-Inverter) အဲကွန်းနှင့် မီးအားစားသက်သာသော (Inverter) အဲကွန်းများ၏ အကြောင...
21/08/2022

❄️❄️လူကြီးမင်းတို့မေးလေ့မေးထရှိသော ရိုးရိုး (Non-Inverter) အဲကွန်းနှင့် မီးအားစားသက်သာသော (Inverter) အဲကွန်းများ၏ အကြောင်းရင်းတချို့ကို နားလည်လွယ်အောင် အနည်းငယ်မျှဝေပေးပါ့မယ်❄️❄️

1️⃣ ရိုးရိုး (Non-Inverter) အဲကွန်းတွေဟာ လည်/ရပ် ပဲလုပ်ပါတယ်ဗျ၊ ဆိုလိုတာကတော့ NINV အဲကွန်းတွေအနေဖြင့် အခန်းအတွက် သက်မှတ်ထားတဲ့ *အပူချိန် တခုရောက်သွားပြီးဆိုရင် Outdoor unit မှာရှိတဲ့ Compressor က ရပ်သွားပါတယ်၊ [*အပူချိန်တခုဆိုတာ အခန်းအေးသွားတာကိုပြောတာပါ]

ထို့နောက် အခန်းအတွက် သက်မှတ်ထားတဲ့ *အပူချိန်ထက် ပြန်မြင့်တက်သွားပြီးဆိုရင် Compressor ကိုပြန်လည်စေပြီး အခန်းကိုသက်မှတ်ထားတဲ့ အပူချိန်အတိုင်းပြန်အေးစေတာပါ၊

ထိုနည်းအတိုင်းပဲ NINV အဲကွန်းများသည်လည်လိုက်၊ ရပ်လိုက်နဲ့ အလုပ်လုပ်ပါတယ်၊

တနည်းအားဖြင့် လည်လိုက်ရပ်လိုက်ခဏခဏဖြစ်နေခြင်းကြောင့် INV အဲကွန်းများထက် မီးအားပိုစားရခြင်း ဖြစ်ပါတယ်ဗျ၊

◼️အားနည်းချက် မီးအားစားများခြင်း၊
◼️သတ်မှတ်ထားသော အခန်းအပူချိန်သို့ ရောက်ရန် နှေးကွေးသည်၊
◼️အပူချိန်အတက်အကျများ၍ သက်တောင့်သက်သာရှိမှု နည်းပါးခြင်း၊
◼️Compressor လည်ရပ်ဖြစ်ခြင်းကြောင့် Outdoor unit ဆူညံမှုများခြင်း၊
◻️ အားသာချက် ကနဦး/ဝယ်ယူမှုကုန်ကျစရိတ် သက်သာခြင်း၊
◻️ ပြုပြင်ထိန်းသိမ်းစရိတ်နည်းခြင်း၊

2️⃣ မီးအားစားသက်သာသော (Inverter) အဲကွန်းတွေကတော့ ရိုးရိုး (NINV) အဲကွန်းတွေထက် ဈေးကြီးပါတယ်၊ ဒါကတော့ Initial cost အနေနဲ့သာ ကုန်သွားတာပါ၊ ရေရှည်အတွက် (Power Consumption) ပါဝါစားသုံးမှုအများကြီးသက်သာနိုင်ပါတယ်၊ အများကြီးတက်ဆင်ထားရင်အများကြီးသိသာပါတယ်၊

မီးအားစားသက်သာသော Inverter အဲကွန်းတွေဟာ Non-Inverter အဲကွန်းများလို လည်ရပ် မလုပ်ပါဘူး၊ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ သက်မှတ်ထားတဲ့ အခန်း*အပူချိန်တခုရောက်ရင် Outdoor unit မှာရှိတဲ့ Compressor ကဖြည်းဖြည်းပဲလည်ပါတယ်၊ ရပ်မသွားပါဘူး၊ [*အပူချိန်တခုဆိုတာ အခန်းအေးသွားတာကိုပြောတာပါ]

ထို့နောက် အခန်းအတွက် သက်မှတ်ထားတဲ့ *အပူချိန်ထက် ပြန်မြင့်တက်သွားပြီးဆိုရင် Compressor ကို မြန်မြန်လည်စေခြင်းဖြင့် အခန်းကိုသက်မှတ်ထားတဲ့ အပူချိန်အတိုင်းပြန်အေးစေတာပါ၊

Non-Inverter တွေလို ခဏခဏရပ်သွားလို့ ခဏခဏပြန်မလည်ရတာက Inverter အဲကွန်းတွေကို မီးအားစားသက်သာစေတာပါ၊

◼️ အားနည်းချက် မြင့်မားသောကနဦး/ ဝယ်ယူမှုကုန်ကျစရိတ်ရှိခြင်း၊
◼️ ပြုပြင်ထိန်းသိမ်းစရိတ်များခြင်း၊
◼️ စနစ်တကျတက်ဆင်ပြုပြင်နိုင်သူများ လိုအပ်ခြင်း၊
◻️အားသာချက် မီးအားစားသက်သာခြင်း၊
◻️အခန်းအတွက် လိုအပ်သော အပူချိန်ကို ထိမ်းညှိပေးနိုင်ခြင်း၊
◻️ Compressor မရပ်ဘဲ ဖြည်းဖြည်းသာလည်ခြင်းကြောင့် ဆူညံမှုနည်းခြင်း၊

🔹ယခုအကြောင်းရာတချို့သည် လူကြီးမင်းတို့ မေးလေ့မေးထရှိသော Non-Inverter အဲကွန်း နှင့် Inverter အဲကွန်း ဘာကွာလဲ ဆိုသောမေးခွန်းကို ရိုးရိုးရှင်းရှင်းဖြင့် နားလည်လွယ်အောင် မျှဝေပေးထားခြင်း ဖြစ်ပါသည်၊ ပညာရှင်များအနေဖြင့် လိုအပ်သည်များရှိပါက ဖြည့်စွက်ပေးစေလိုပါတယ်ဗျ၊

🔹နောက်နေ့တွေမှာလည်း လူကြီးမင်းတို့အတွက် ယခုလိုမျိုး အိမ်သုံးအဲကွန်းနှင့်သက်ဆိုင်သော အကြောင်းရာလေးတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက် page လေးကို Like & See first လေးပြုလုပ်ထားပေးပါဦး၊

❗❗❗"ထပ်ဆင့်ကူးယူဖော်ပြချင်သူများအနေဖြင့် Post တွင်ပါရှိထားသော စာသားများအားလုံးကို ဖြုတ်ခြင်း/ဖြတ်ခြင်း၊ ဖြည့်စွက်ခြင်းများ မပြုလုပ်ဘဲ ကူးယူဖော်ပြနိုင်ပါသည်၊❗❗❗

Address

Yangon

Telephone

+959763923192

Website

Alerts

Be the first to know and let us send you an email when Now for You Air-conditioning knowledge sharing center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share