18/10/2024
ဒီနေ့ ဖော်ပြပေးသွားမှာကတော့ ကားတစ်စီး ဒါမှမဟုတ် engine တစ်လုံးအတွက်အရေးကြီးဆုံး ဟုခေါ်ထိုက်သော engine oil အကြောင်းနဲ့ လူကြီးမင်းတို့ကားအတွက် သင့်လျော်သောengine oil ကို ဘယ်လိုရွေးချယ်မလဲ?engine oil အရွေးမှားရင် engine ကိုဘယ်လောက်ဆိုးရွားစွာ ထိခိုက်စေနိုင်မလဲ?ဆိုတာတွေကို ဖော်ပြပေးမှာပါဗျ။ ပထမဆုံးအနေနဲ့ engine oil သည် engine နှင့်လုံးဝ ဆက်စပ်နေပါတယ်ဗျ။ အဲ့ဒါကြောင့် ဒီထဲမှာ engine အကြောင်းကို အနဲအကျဉ်းလေးသိထားရင်တော့ပိုအဆင်ပြေမယ်ထင်ပါတယ်ဗျ။ ဒါပေမဲ့လဲ အကျဉ်းချုပ်တော့ပြောပြပေးသွားမှာပါ။အိုကေ ကြည့်လိုက်ရအောင်ဗျ။
ပထမဆုံးအနေနဲ့ ဘာလို့ engine oil ကိုသုံးလဲ engine oil ရဲ့ functions တွေကဘာလဲဆိုတာပေါ့နော်။ car တစ်စီးမောင်းဖို့ engine လည်ပတ်ရတယ်ဆိုတာအားလုံးသိပီးသားဖြစ်မယ်ထင်ပါတယ်ဗျ။ engine လည်ပတ်ရာမှာ ကျွန်တော်တို့ engine အထဲမှာ သံအချင်းချင်း ပွတ်တိုက်ပါတယ်။ အဲ့တော့ ရှင်းပါတယ်ဗျ သံအချင်းချင်းပွတ်တိုက်ရာမှာ ဖြစ်ပေါ်လာတဲ့ ပွန်းစားမှု friction ကိုလျော့ချပေးဖို့ပါ။ဒါကတော့ အများသိထားတဲ့ engine oil ရဲ့ အဓိက လုပ်ဆောင်ချက် တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ် engine oil ရဲ့ functions တွေကဘာလဲဆိုတော့ engine ကိုသန့်ရှင်းအောင်လုပ်ပေးခြင်း၊ engine မှအပူကိုလျော့ချပေးခြင်း၊ သံချေးတက်ခြင်းမှကာကွယ်ပေးခြင်း၊ hydraulic fluid အနေနဲ့ လုပ်ဆောင်ပေးခြင်း(ယခုနောက်ပိုင်း VVT, VVTI, အစရှိသည့် engineများတွင်တွေ့ရ) အစရှိသည်တို့ဖြစ်ပါသည်။ functions တွေကိုတော့ အကျယ်မရှင်းတော့ပါဘူးဗျ ဘာလို့ဆို အခုက engine oil ရွေးချယ်ခြင်းကို အဓိကထားပြောမှာမလို့ပါဗျ။ ဟုတ်ကဲ့ အဲ့တော့ နောက်တစ်ဆင့်အနေနဲ့ engine oil အမျိုးအစားပေါ့။ engine ရဲ့type ကိုမူတည်ပီး gasoline engine oil နဲ့ diesel engine oil 2 မျိုးရှိပါတယ်ဗျ။ ဒါပေမဲ့ ဒီမှာတော့ ကျွန်တော် လေ့လာထားတဲ့ gasoline engine oil နဲ့ပတ်သက်ပီးတော့ပဲပြောပြသွားမှာပါဗျ။ diesel engine oil လဲပဲ အနီးစပ်ဆုံးတူမယ်လို့ထင်ပါတယ်ဗျ။ gasoline engine oil မှာမှ conventional, synthetic blend, and full synthetic ဆိုပီး 3 မျိုးပြန်ခွဲပါတယ်ဗျ။ ဒီ3မျိုးက ဘာတွေကွာလဲဆိုတော့ conventional ကတော့ အရင်က နည်းပညာတွေမတိုးတက်ခင်က simple method engine oil တစ်မျိုးဖြစ်ပါတယ်ဗျ။ ပြောရမယ်ဆို engine oil ဘိုးတော်ကြီးပေါ့ဗျ။ နောက်တာပါဗျ။ နောက်ပိုင်းတဖြေးဖြေး နည်းပညာတိုးတက်လာတဲ့အခါ synthetic blend အဲ့ဒီကနေ ယခုအတွေ့အများဆုံးဖြစ်တဲ့ full synthetic engine oil အမျိုးအစားကိုထုတ်လုပ်လာခဲ့ပါတယ်။ လွယ်လွယ်ပြောရမယ်ဆို full synthetic engine oil အမျိုးအစားကတော့ အဆင့်မြင့်ပီး တစ်ခါထဲ့ထားရင် ကြာကြာအသုံးခံတဲ့ အမျိုးအစားပါဗျ။ စျေးကြီးမယ် အရည်အသွေးကောင်းမယ်။ ပြောချင်တာက မအားလို့ခဏခဏ engine oil မလဲနိုင်လဲ အဆင်ပြေပါတယ်ဗျ။
အဲ့တော့ နောက်တစ်ဆင့် တော်တော်များများ စံသတ်မှတ်ပီးရွေးချယ်တတ်တဲ့ engine oil ဘူးတွေပေါ်က နံပတ်များကိုရှင်းပြပေးပါ့မယ်။ ရှင်းပါတယ် အဲ့ဒီ့နံပတ်တွေက ပြောရမယ်ဆို engine oil ရဲ့ စေးပျစ်မှု viscosity ကို နံပတ်တွေနဲ့ဖော်ပြထားတာပါပဲ။ အလွယ်ပြောရမယ်ဆို နံပတ် နဲရင် ကျဲမယ် နံပတ်များရင် စေးပျစ်မယ်ပေါ့ဗျာ။ ဒါပေမဲ့ အရေးကြီးတဲ့အချက်တစ်ခုက အပူချိန် temperature ပါ။ engine oil ရဲ့ စေးပျစ်မှု viscosity က အပူချိန် အနဲအများပေါ်မူတည်ပီး ကွဲပြားပါတယ်။ ဒါကတော့ရှင်းပါတယ်ဗျ အေးတဲ့အချိန်မှာဆိုရင် engine oil ကပိုစေးပျစ်ပီးတော့ ပူလာရင်တော့ ကျဲလာပါတယ်ဗျ။ဒါကြောင့် engine oil အေးတဲ့အချိန်စေးပျစ်မှု နဲ့ ပူတဲ့အချိန် စေးပျစ်မှု ကိုခွဲပီးဖော်ပြထားပါတယ်။ ဥပမာ 5W30 ကိုကြည့်ရအောင်။ W ရဲ့အရှေ့က ဂဏန်းက winter ကိုရည်ညွှန်းပါတယ်ဗျ။ ပြောရမယ်ဆို engine oil ရဲ့ စေးပျစ်မှု viscosity က ဆောင်းရာသီ ဒါမှမဟုတ် engine အေးနေတဲ့အချိန် အကြမ်းအားဖြင့် 40°C မှာဆိုရင် 5 ရှိပါတယ်ဗျ။ အနောက်က 30 ကတော့ engine ပူတဲ့အချိန် 100 °Cမှာဆိုရင် 30 စေးပျစ်မှု ရှိပါတယ်ဗျ။ အကျယ်ပြောရမယ်ဆို (0,5,10,15,20,25) W (8,12,16,20,30,40,50,60) ဒီလိုရှိပါမယ်ဗျ။ ဒါဆိုရင်ရှင်းသွားပီထင်ပါတယ်ဗျ။
ဒါဆိုရင်ကျွန်တော်တို့ နောက်တစ်ဆင့်အနေနဲ့ ကိုယ့် ကားနဲ့အဆင်ပြေမဲ့ engine oil ကိုဘယ်လိုရွေးမလဲဆိုတာ စပြောပါတော့မယ်။ အရင်ဆုံး engine oil ရွေးမယ်ဆိုရင်တော့ 1.ဘယ်နေရာဒေသမှာ ကားကိုသုံးမှာလဲ(ပူတဲ့နိုင်ငံမှာလား အေးတဲ့နိုင်ငံမှာလား)၊ 2.ဘာကားအတွက်လဲ (ပြိုင်ကားလား၊ ရိုးရိုး အိမ်စီးကားလေးပဲလား) 3. ဘာ engine အမျိုးအစားလဲ(hybridလား turboနဲ့လား) 4.ကားကိုဘာအတွက်သုံးမှာလဲ?ဘယ်လိုမောင်းမှာလဲ?(သူငယ်ချင်းတွေနဲ့ street race အသေးလေးတွေသွားမှာလား၊ ရုံးသွားရုံးပြန်ပဲလား၊ ခရီးအမြဲထွက်မှာလား) ဒီလေးချက်ကို သေချာမဆုံးဖြတ်ရသေးရင်တော့ engine oil မရွေးပါနဲ့အုံးလို့အကြံပေးပါရစေ။ဘာလို့ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော်တော်များများ အရိုးစွဲနေသော engine oil ရွေးပုံရွေးနည်းအရ engine ဟောင်းလာပီ ကီလိုများတဲ့ကားတွေဆိုရင် engine oil အပျစ် 10W40 ထဲ့မယ်၊ ကားလေးသစ်မယ် ကီလိုနဲသေးတယ်ဆိုရင် 5W30 လောက်ထဲ့မယ်ပေါ့ဗျာ။ engine oil ကိုအဲ့လိုသာရွေးပီးသုံးမယ်ဆိုရင် လူကြီးမင်းကားအတွက် အရမ်းပျက်ဆီးပါလိမ့်မယ်လို့ပြောပါရစေ။ကားဟောင်းတွေအတွက်ဆို high mileage engine oil တွေရှိပါတယ်ဗျ အဲ့ဒါတွေသုံးပေးရမှာပါ engine oil အပျစ်နဲ့ လုံးဝ မသက်ဆိုင်ပါဘူးဗျ။အခုတော့ အပေါ်မှဖော်ပြခဲ့တဲ့အချက် 4 ချက်နဲ့ဥပမာထားရွေးပြပေးပါမယ်။ ကျွန်တော်က Toyota Prius အမျိုးအစားကို မြန်မာနိုင်ငံမှာ ရုံးတက်ရုံးဆင်းရယ် တစ်ခါတစ်လေမိသားစုနဲ့ခရီးလေးသွားမယ် မောင်းရင်လဲပုံမှန်လေးပဲမောင်းမယ် ဆိုပါစို့။ ပထမဆုံးသိရမှာက Toyota Prius က full hybrid ပါ။ပြောချင်တာ engine ကရပ်လိုက် ပီးရင် ချက်ချင်းပြန် နှိုးလာလိုက် လုပ်မှာပါ အဲ့တာအရေးကြီးပါတယ်။ပီးတော့ hybrid စီးပီဆိုကတည်းက ဆီစားနှုန်း fuel consumption သက်သာချင်လို့ပါ။ ပီးတော့ street race တွေလဲမသွားပါဘူး၊ သွားလို့လဲမရပါဘူး ဒီကားနဲ့တော့။ အဲ့တော့ ကျွန်တော်ဆို 0W20,0W16 ပဲသုံးပါမယ်။ ဘာလို့ဆို hybrid engine တွေကနားတဲ့နေရာကနေ ချက်ချင်းထrunပေးရတာမျိုးပါ။အဲ့တော့ 15W...20W... လောက်သုံးမယ်ဆိုရင် အေးတဲ့အချိန်မှာ engineက ထ run မယ် engine oil ကလဲစေးပျစ်နေမယ်ဆိုရင် သေချာတယ် engine ကလိုအပ်တဲ့နေရာအထိ engine oil ကိုပို့ဖို့ခက်ခဲပီး အင်ဂျင်နာပါလိမ့်မယ်။ ကျွန်တော်က နောက်ထပ်ကားတစ်စီးထပ်ဝယ်လိုက်ပါအုံးမယ် ဟဲဟဲ။ ဒါကတော့ Subaru BRZ ဖြစ်ပါတယ်ဗျ။ ဒါကတော့ sport type ဖြစ်ပီး 200hp boxer engine ဖြစ်ပါတယ်။ရှယ်ကြီးနော်။ ဒီကားကိုတော့ကျွန်တော် ခရီးတွေသိပ်မသွားပါဘူး သွားလဲအဆင်မပြေနိုင်ဘူးလေ။ ညဘက်တွေ street race လေးတွေသွားမယ်။ကားရှင်းတဲ့အချိန် ပေါ့ပေါ့ပါးပါးလေး ထွက်မောင်းမယ် အဲ့လောက်ပါပဲ။ဒါပေမဲ့ ကားကိုမညှာပဲမောင်းမှာပါ။အဲ့လိုအခြေအနေမျိုးမှာဆို ကျွန်တော် 10W50,10W60 လောက်သုံးမှာပါ၊ heavy duty ရမယ်ဆိုပိုကောင်းမှာပါ။ ဘာလို့ဆိုတော့ အင်ဂျင်က အမြဲပူနေပီးတော့ အမြဲလိုလို rpm များများနဲ့သွားရမှာဖြစ်တဲ့အတွက်ပါ။ ပီးတော့ ဒီမှာပြောချင်တာ Subaru BRZ ကားအသစ်တစ်စီးဝယ်ပီး 0W20,0W16 လောက်သုံးမယ်ဆိုရင် လုံးဝ engine ကိုထိခိုက်မှာပါ။ဘာလို့ဆိုတော့ အင်ဂျင်က rpm မျာများနဲ့သွားနေပီး piston တွေ crank shaft တွေအရမ်းလည်နေတဲ့အချိန်မှာချောမွေ့အောင်လုပ်ပေးဖို့ engine oil ရဲ့ viscosity ကမလုံလောက်လို့ပါ။ဒါပေမဲ့ Subaru BRZကိုပဲ တောင်ကြီးမှာတစ်လလောက်သွားသုံးမယ်။street race လဲမသွားဘူး တောင်လမ်းတွေဆိုတော့သေမှာဆိုးလို့ပါ။ပီးတော့ ပုံမှန်ပဲမောင်းမယ်ပေါ့။ဒါဆိုရင်တော့ကျွန်တော် 5W30 လောက်သုံးမှာပါ။ဘာလို့ဆို အေးတဲ့နေရာဖြစ်တဲ့အတွက် Wတန်ဖိုးများရင် engine အထမှာ နာပါလိမ့်မယ် ပီးတော့ ပုံမှန်ပဲမောင်းမှာဖြစ်တဲ့အတွက် 5W30 ကအရမ်းမစေးပျစ်တဲ့အတွက် ဆီစားနှုန်း fuel consumption လဲသက်သာစေမှာပါ။
အိုကေ ဒီလောက်ဆိုရင်သင့်တော်တဲ့ engine oil ရွေးပုံလေးကိုအကြမ်းဖျင်းတော့ သဘောပေါက်လောက်မယ်ထင်ပါတယ်ဗျ။ ပြောချင်တာက engine oil သည် engine တစ်ခုလုံးအတွက် အသက်ပါပဲ။ဒါကြောင့် engine ရေရှည်ကောင်းမွန်စေရန် engine oil ကိုမှန်ကန်စွာရွေးပီးသုံးပေးကြဖို့တိုက်တွန်းပါရစေဗျ။engine oil ရဲ့ effect တွေကိုထပ်အကျယ်ရှင်းလို့လဲရပါသေးတယ်။ဒါပေမဲ့ စာအုပ်ထုတ်တာမဟုတ်တဲ့ အတွက် ဒီလောက်ပဲ ဖော်ပြပါရစေ။ ကျေးဇူးတင်ပါတယ်ဗျ။