Zay Minn Co.,Ltd - QA/QC

Zay Minn Co.,Ltd - QA/QC Deliver high quality designs and construction services.

06/07/2026
Zay Minn Co., Ltd ရှိ QA/QC လုပ်ငန်းများအတွက် ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများ နှင့်ပြည့်စုံသော...
06/07/2026

Zay Minn Co., Ltd ရှိ QA/QC လုပ်ငန်းများအတွက် ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများ နှင့်ပြည့်စုံသော ဝန်ထမ်းများအမြန်ဆုံးအလိုရှိသည်။

အင်ဂျင်နီယာ(မြို့ပြ) ကျား/မ -(3)ဦး
- AGTI(Civil), B-Tech(Civil), BE(Civil) ဘွဲ့တခုခုရရှိထားသူဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (မလိုအပ်ပါ)။
- အလုပ်ကြိုးစား၍ သင်ယူလေ့လာရန် စိတ်အားထက်သန်မှုရှိရန်သာလိုအပ်သည်။ လုပ်ငန်းခွင်လိုအပ်သည်များအား မိမိတို့ဘက်မှ တာဝန်ယူသင်ကြားပေးမည်ဖြစ်ပါသည်။
- လိုအပ်ပါက ခရီးသွားလာနိုင်ရမည်။
- ဒေသခံဦးစားပေးပါမည်။
စိတ်ဝင်စားပါက မျှော်မှန်းလစာနှင့်တကွ CV Form အား Email/Telegram သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Email - [email protected]
Telegram - 09446645561

Zay Minn Co., Ltd ရှိ QA/QC လုပ်ငန်းများအတွက် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများ နှင့်ပြည့်စုံသော...
25/06/2026

Zay Minn Co., Ltd ရှိ QA/QC လုပ်ငန်းများအတွက် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများ နှင့်ပြည့်စုံသော ဝန်ထမ်းများအမြန်ဆုံးအလိုရှိသည်။
အင်ဂျင်နီယာ(မြို့ပြ) ကျား/မ -(၄)ဦး
- AGTI(Civil), B-Tech(Civil), BE(Civil) ဘွဲ့တခုခုရရှိထားသူဖြစ်ရမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (မလိုအပ်ပါ)။
- အလုပ်ကြိုးစား၍ သင်ယူလေ့လာရန် စိတ်အားထက်သန်မှုရှိရန်သာလိုအပ်သည်။ လုပ်ငန်းခွင်လိုအပ်သည်များအား မိမိတို့ဘက်မှ တာဝန်ယူသင်ကြားပေးမည်ဖြစ်ပါသည်။
- လိုအပ်ပါက ခရီးသွားလာနိုင်ရမည်။
- ဒေသခံဦးစားပေးပါမည်။
စိတ်ဝင်စားပါက မျှော်မှန်းလစာနှင့်တကွ CV Form အား Email/Telegram သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Email - [email protected]
Telegram - 09446645561

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ပြန်ပြင်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အခြေခံအကျဆုံးဖြစ်တဲ့ ဘိလပ်မြေ အရည်အသွေးကို အင်...
28/04/2026

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ပြန်ပြင်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် အခြေခံအကျဆုံးဖြစ်တဲ့ ဘိလပ်မြေ အရည်အသွေးကို အင်ဂျင်နီယာတစ်ယောက် မဟုတ်ရင်တောင် မိမိဘာသာ အလွယ်တကူ စစ်ဆေးကြည့်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ဘိလပ်မြေအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အရောင်က တညီတညွတ်တည်းဖြစ်တဲ့ မီးခိုးရောင်ဖျော့ဖျော့ (Greenish Grey) ရှိနေရမှာဖြစ်ပြီး လက်နဲ့ နှိုက်ကြည့်ရင် အေးမြတဲ့ ခံစားချက် ရှိနေရပါမယ်။ တကယ်လို့ လက်ထဲမှာ ပူနေတယ်ဆိုရင်တော့ အဲဒီဘိလပ်မြေဟာ Chemical Reaction စဖြစ်နေပြီမို့ အရည်အသွေး မပြည့်ဝတော့တာ သေချာပါတယ်။ နောက်ထပ် စမ်းသပ်နည်းတစ်ခုကတော့ ဘိလပ်မြေ အနည်းငယ်ကို လက်ညှိုးနဲ့ လက်မကြားထဲ ထည့်ပွတ်ကြည့်ပါ၊ အကယ်၍ အမှုန့်လေးတွေက ချောမွတ်မနေဘဲ ခဲလုံးလေးတွေ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ ခံစားချက်ရှိနေရင်တော့ အစိုဓာတ်ဝင်နေတာဖြစ်လို့ အသုံးမပြုသင့်တော့ပါဘူး။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ DIY စမ်းသပ်နည်းတစ်ခုကတော့ ရေခွက်တစ်ခုထဲကို ဘိလပ်မြေ လက်တစ်ဆုပ်စာ ထည့်ကြည့်လိုက်တာပါပဲ၊ အရည်အသွေးကောင်းတဲ့ ဘိလပ်မြေဟာ ရေထဲကို တန်းနှစ်မသွားဘဲ ခဏလောက် အပေါ်မှာ ပေါ်နေပြီးမှ ဖြည်းဖြည်းချင်း နစ်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ QC စစ်ဆေးနည်းလေးတွေကို သိထားရုံနဲ့တင် ကိုယ့်အိမ်အတွက် အကောင်းဆုံး ပစ္စည်းတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်ဗျ။

ကိုယ့်အိမ်နံရံမှာ ဒါမှမဟုတ် လမ်းမတွေပေါ်မှာ အက်ကြောင်းလေးတွေ တွေ့တဲ့အခါ အင်္ဂတေကိုင်တာ မကောင်းလို့ ဒါမှမဟုတ် ဘိလပ်မြေညံ့...
27/04/2026

ကိုယ့်အိမ်နံရံမှာ ဒါမှမဟုတ် လမ်းမတွေပေါ်မှာ အက်ကြောင်းလေးတွေ တွေ့တဲ့အခါ အင်္ဂတေကိုင်တာ မကောင်းလို့ ဒါမှမဟုတ် ဘိလပ်မြေညံ့လို့ လို့ပဲ လွယ်လွယ်တွေးမိတတ်ကြတယ်။ အဓိကအားဖြင့် ကွန်ကရစ်ဖျော်စပ်တဲ့အခါ လောင်းရလွယ်အောင်ဆိုပြီး ရေကို လိုတာထက် ပိုသုံးမိရင် ကွန်ကရစ်ခြောက်သွားတဲ့အခါ အထဲမှာ အပေါက်ငယ်လေးတွေ ကျန်ခဲ့ပြီး အက်ကြောင်းတွေ စဖြစ်လာတတ်သလို၊ ကွန်ကရစ်လောင်းပြီးနောက်မှာလည်း သတ်မှတ်ထားတဲ့ ရက်အတိုင်း စနစ်တကျ Curing ပေးဖို့ ပျက်ကွက်ရင် အပူချိန်ကြောင့် ရုတ်တရက် ကျုံ့သွားပြီး အက်ကွဲကြောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ကွန်ကရစ်ထဲမှာ လေခိုမနေအောင် Vi****or သေချာသုံးပြီး ကျစ်လျစ်အောင် မလုပ်နိုင်ခဲ့ရင်လည်း အတွင်းပိုင်းအားနည်းချက်ကနေတစ်ဆင့် ရေရှည်မှာ အက်ကြောင်းကြီးတွေ ဖြစ်လာစေတာမို့ အင်ဂျင်နီယာလုပ်ငန်းမှာ အသေးအဖွဲ ဆိုတာ မရှိဘဲ စံနှုန်းအတိုင်း စနစ်တကျ စစ်ဆေးတဲ့ QC လုပ်ငန်းစဉ်က အလွန်အရေးကြီးပါတယ်။

Address

No. (148), Zayarthiri(7th)Street
Yangon
11241

Website

Alerts

Be the first to know and let us send you an email when Zay Minn Co.,Ltd - QA/QC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share