AYAR AYE Engineering Group

AYAR AYE Engineering Group AYAR Engineering Air-Con

ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့ဘယ်တော့မှ မတွေးသလို၊မျောက်တစ်ကောင်ဟာလည်းငါဘာလို့ လေမှာ မ...
23/09/2024

ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့
လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့
ဘယ်တော့မှ မတွေးသလို၊

မျောက်တစ်ကောင်ဟာလည်း
ငါဘာလို့ လေမှာ မပျံနိုင်ရသလဲလို့ မတွေးပါဘူး။

အရာရာတိုင်းမှာ လောကကြီးက
သူ့နေရာနဲ့သူ အားနည်းချက် ၊
အားသာချက် တွေနဲ့ ဖန်တီးထားလို့ပဲဖြစ်တယ်။

မင်းကားမောင်းတဲ့နေရာမှာ ဆရာတစ်ဆူ
ဖြစ်ချင်ဖြစ်လိမ့်မယ်။

လူတင်ပြီး နင်းရတဲ့ ဆိုက်ကားမှာတော့
ဆိုက်ကားဆရာကို မှီမှာ မဟုတ်ဘူး။

တက္ကသိုလ်မှာ မင်းဟာ ပါမောက္ခတစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ် ။

ဒါပေမဲ့ ပင်လယ်ပြင်ကို ခရီးနှင်တဲ့အခါ
လေးထိုးသားလောက် မင်းဟာ အရေးမပါနိုင်ဘူး။

လောကမှာ ဘယ်သူ့ကိုမှ အထင်သေးလို့မရသလို
ဘယ်သူ့ကိုမှ အသလွတ် အထင်ကြီးနေလို့ မရဘူး။

ဘာလို့ဆို ကိုယ့် မှာ မရှိတဲ့အရာ
တစ်ပါးသူမှာ ရှိနေနိုင်လို့ပဲ ဖြစ်တယ်။

စစ်မှန်သောစေတနာဖြင့်
စေမျှလိုက်ပါတယ်။

တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာမြေပြင်မှာ တွားသွားနေတယ်။ဒါကို လိပ်တစ်ကောင်က တွေ့တော့"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လိ...
21/09/2024

တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ
မြေပြင်မှာ တွားသွားနေတယ်။

ဒါကို လိပ်တစ်ကောင်က တွေ့တော့
"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လို့ဆိုတယ်။

လိပ်ကျောပေါ် ခရုငယ်တက်သွားတော့
တီကောင်တစ်ကောင် ရှိနေပါတယ်။

တီကောင်က " သေချာထိုင်နော်
သူသွားတာ တော်တော်မြန်တယ် "လို့ပြောတယ်။

ဒီဟာသကို ကြားခါစက
လိပ်ရဲ့ လေးစားဖွယ်သဘောထား
တီကောင်ရဲ့ အထင်ကြီး အားကျပုံနဲ့
ခရုငယ်ရဲ့ ကျေးဇူးတရားပြည့်ဝနေတဲ့ မျက်ဝန်းကို
ကြှနျုပျ မြင်ယောင်ခဲ့မိတယ်။

ဒါကို ဟာသတစ်ပုဒ်လို သဘောထားပြီး
တွေ့သူတိုင်းကို ပြောပြခဲ့ပါတယ်။

တစ်ချို့က
"လိပ်က သူ့ဟာနဲ့သူတောင် အင်အားမရှိ
သွားတာလည်း နှေးတာတောင်
တစ်ခြားသူကို ကူချင်သေးတယ်" လို့
ဝေဖန်အပြစ်တင်တယ်။

တစ်ချို့ကလည်း တီကောင်ကို
"အမြင်မကျယ်တဲ့ တွင်းထဲက ဖားသူငယ်အဖြစ်"
ခိုင်းနှိုင်းတယ်။

တစ်ချို့ကလည်း ခရုငယ်ကို
"ကိုယ့်ဘာသာမလျှောက်ဘူး။
အမြန်လိုတော့ အနှေးတွေ့ပြီလေ"လို့ အပြစ်ဖို့တယ်။

ဟာသတစ်ပုဒ်က
ဒီလိုအငြင်းပွားလိမ့်မယ်လို့
ကြှနျုပျ တွေးထင်မထားခဲ့မိဘူး။

ဒါပေမယ့် လူတစ်ယောက်ရဲ့ ပြောစကားက
ကြှနျုပျရငျကို လှုပ်ခါသွားခဲ့တယ်။

သူပြောတာက
"လိပ်က နှေးတယ် ဒါပေမယ့်
တီကောင်နဲ့ ခရုငယ်ရဲ့အမြင်မှာ သူကမြန်တယ်။
ကိုယ့်လောက်မစွမ်းသူကို ကူညီတာ
အကူအညီလိုတဲ့သူကို ကူညီတာဟာ
ဘယ်လောက်ပဲ ကူညီနိုင်တာဖြစ်ဖြစ် ချစ်စရာပါ"

ဒီစကားလေးတစ်ခွန်းက
လူကို လှုပ်နှိုးသွားစေပြီးတော့
ပုံပြင်ရဲ့ တကယျ့အဓိပ်ပါယျကို နားလည်သွားခဲ့ပါတယ်။

'တတ်စွမ်းသလောက် ကူညီတယ်။
ကိုယ်ထက် ခွန်အားနည်းသူကို ကူညီတယ်။
လက်တစ်ဖက် အကူအညီလိုသူကို
လက်တစ်ဖက် ကမ်းတယ်။
ကူညီမှုက နည်းများမဆို
အကူအညီလိုသူကို ကူညီတာဟာ
မွန်မြတ်ခြင်းတစ်ပါးပါ'

ဖယောင်းတိုင်ငယ်လေးရဲ့ အလင်းက
ဘယ်အထိ ဝေးဝေးလင်းနိုင်မလဲ၊
ဒါပေမယ့် သူ့အနီးဝန်းကျင်က
အမှောင်ကိုတော့ ခွင်းနိုင်ပါတယ်။

မဂ်လာပါခင်ဗျာ။အတွေ့အကြုံက စျေးကြီးတယ်""""""""""""""""""""""""""""""ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်...
21/09/2024

မဂ်လာပါခင်ဗျာ။

အတွေ့အကြုံက စျေးကြီးတယ်
""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Address

စကားဝါလမ်း
Yangon
ZIP

Telephone

+95943056141

Website

Alerts

Be the first to know and let us send you an email when AYAR AYE Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share