City Depot - စီးတီးဒီပို

City Depot - စီးတီးဒီပို Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from City Depot - စီးတီးဒီပို, Building Material Store, Yadanar Road, South Okkalapa, Yangon.

၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံကို ခန့်မှန်းပြီး iPad 11th Gen ဆုကြီးကို ပိုင်ဆိုင်လိုက်ပါဘောလုံးပရိသတ်တွေအားလုံး ရင်ခုန်စောင့်မ...
08/06/2026

၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံကို ခန့်မှန်းပြီး iPad 11th Gen ဆုကြီးကို ပိုင်ဆိုင်လိုက်ပါ

ဘောလုံးပရိသတ်တွေအားလုံး ရင်ခုန်စောင့်မျှော်နေတဲ့ ကမ္ဘာ့ဖလားပွဲကြီး စတင်တော့မှာပဲဖြစ်ပါတယ်ရှင့် ⚽
ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ ဘောလုံးအမြင်နဲ့ ဗျူဟာမြောက် ခန့်မှန်းရင်း အဖိုးတန်ဆုကြီးတွေကို ကံစမ်းဖို့ City Depot က အဆင်သင့်စောင့်ကြိုနေပါတယ်။

🎁 ကံထူးနိုင်မည့် ဆုများ (Prizes)
• 📱 Grand Prize: iPad 11th Generation (128 GB) — (၁) ဆု
• 🧥 Other Prize: မိုးကာအင်္ကျီ — (၁၀) ထည်

🎟️ ပါဝင်ကံစမ်းရန် စည်းကမ်းချက်များ
၁။ City Depot တွင် ဝယ်ယူမှုတန်ဖိုး ၁၀ သိန်းကျပ် စီတိုင်းအတွက် Coupon Code (၁) ခု ရရှိပါမည်။
၂။ ရရှိလာသော Coupon Code ဖြင့် QR Scan ဖတ်ပြီး မိမိခန့်မှန်းလိုသည့် ချန်ပီယံအသင်းကို လွယ်ကူစွာ ဝင်ရောက်ဖြည့်စွက်နိုင်ပါသည်။

ရရှိလာတဲ့ Coupon Code တွေကို မိမိအကြိုက်ဆုံး (၁) သင်းတည်းမှာပဲ အကုန်ပုံအောပြီး ခန့်မှန်းမလား? 🤔 သို့မဟုတ် အနိုင်ရနိုင်ခြေရှိတဲ့ အသင်းပေါင်းစုံကို ဖြန့်ပြီး ကံစမ်းမလား? မိမိစိတ်ကြိုက် လွတ်လပ်စွာ ခွဲဝေခန့်မှန်းခွင့်ရှိလို့ ကုဒ်တွေ များများရလေ၊ အခွင့်အရေး ပိုသာလေပါပဲ! 😉

ခန့်မှန်းရမည့်ကာလ: ၈ ဇွန် မှ ၂၈ ဇွန် ၂၀၂၆ အထိ
မဲဖောက်ပေးမည့်ရက်: ၂၁ ဇူလိုင် ၂၀၂၆

(ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ချန်ပီယံဖြစ်လာသည့်အသင်းကို မှန်ကန်စွာ ခန့်မှန်းနိုင်သူများထဲမှသာ ကံထူးရှင်များကို မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။)

ယခုပဲ City Depot မှာ ဝယ်ယူရင်း သင့်ရဲ့ ကံစမ်းခွင့်တွေကို အပြည့်အဝ ရယူလိုက်ပါ! 🛒✨

ဂုဏ်ယူထိုက်သော အလုပ်သမားထုကြီးနှင့်အတူ "Happy Labour Day"လူမှုပတ်ဝန်းကျင်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်စွ...
01/05/2026

ဂုဏ်ယူထိုက်သော အလုပ်သမားထုကြီးနှင့်အတူ "Happy Labour Day"

လူမှုပတ်ဝန်းကျင်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်နေကြတဲ့ အခြေခံအလုပ်သမားထုကြီးမှသည် နယ်ပယ်အသီးသီးက လုပ်သားထုတစ်ရပ်လုံးကို City Depot မိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

အလုပ်သမားနေ့ အားလပ်ရက်မှာ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ အနားယူနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

မနက်ဖြန် (မေလ ၂ ရက်) မှစတင်၍ City Depot အရောင်းဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်နော်။

"ဗျာ၊ ဖွား၊ ပွင့်၊ စံ" ထူးကဲဖြစ်စဉ် (၄) ရပ် ဆုံစည်းရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) 🙏ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ...
30/04/2026

"ဗျာ၊ ဖွား၊ ပွင့်၊ စံ" ထူးကဲဖြစ်စဉ် (၄) ရပ် ဆုံစည်းရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) 🙏

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်ထူး (၄) ရပ် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့သည့် အလွန်ထူးမြတ်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

✨ ဗျာ - ဗျာဒိတ်တော် ခံယူသည့်နေ့
✨ ဖွား - ဖွားမြင်တော်မူသည့်နေ့
✨ ပွင့် - ဘုရားအဖြစ်သို့ ရောက်ရှိသည့်နေ့
✨ စံ - ပရိနိဗ္ဗာန် စံဝင်သည့်နေ့

ဤနေ့ထူးနေ့မြတ်တွင် ညောင်ရေသွန်းလောင်း၍ ကုသိုလ်ယူကြသူများ အားလုံးနှင့်တကွ City Depot ၏ ချစ်ရပါသော Customer များအားလုံး... ကိုယ်စိတ်နှစ်ဖြာ အေးမြချမ်းမြေ့မှုများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

"ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်မှာ ဘေးကင်းပျော်ရွှင်၊ အေးချမ်းကြပါစေ" 💦City Depot (ရန်ကုန်၊ မန္တလေး) Showroom များကို ဧပြ...
09/04/2026

"ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်မှာ ဘေးကင်းပျော်ရွှင်၊ အေးချမ်းကြပါစေ" 💦

City Depot (ရန်ကုန်၊ မန္တလေး) Showroom များကို ဧပြီလ (၁၀) ရက်၊ နေ့လယ် (၂) နာရီမှ စတင်ကာ (၁၉) ရက်နေ့အထိ သင်္ကြန်ရုံးပိတ်ရက်အဖြစ် ခေတ္တပိတ်ထားမှာဖြစ်ကြောင်း အသိပေးပါရစေရှင်။ ✨

ဧပြီလ (၂၀) ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်တွေ့ဆုံကြမယ်နော်။ အားလုံးပဲ ဘေးကင်းပျော်ရွှင်တဲ့ သင်္ကြန်ကာလလေး ဖြစ်ပါစေရှင်။ 🙏




သင်္ကြန်အကြို အထူးဧည့်ခံပွဲကြီး လာပါပြီနော်! 🍺သင်္ကြန်နားနီးပြီဆိုတော့ ရင်ထဲမှာ အေးမြသွားစေဖို့ City Depot ကနေ အစီအစဉ်ကေ...
07/04/2026

သင်္ကြန်အကြို အထူးဧည့်ခံပွဲကြီး လာပါပြီနော်! 🍺

သင်္ကြန်နားနီးပြီဆိုတော့ ရင်ထဲမှာ အေးမြသွားစေဖို့ City Depot ကနေ အစီအစဉ်ကောင်းလေးတစ်ခု ပြုလုပ်ထားပါတယ်ရှင့်။ ✨

📅 ဧပြီလ (၈) ရက် နှင့် (၉) ရက်နေ့တွေမှာ
📍 City Depot ရဲ့ ရန်ကုန် နှင့် မန္တလေး Showroom များတွင် လာရောက်အားပေးကြတဲ့ ချစ်ရတဲ့ Customer များအားလုံးကို...
✅ အုန်းသီးချိုချိုလေးဖြူးထားတဲ့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ်နှင့် 🍡
✅ ရင်အေးမြစေမယ့် ဘီယာ အေးအေးလေးတွေကို 🍺
ပျော်ပျော်ပါးပါး ဧည့်ခံကျွေးမွေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။ ဈေးလည်းဝယ်ရင်း၊ မုန့်လည်းစားရင်း သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေကို City Depot မှာ အတူတူခံစားလိုက်ကြစို့နော်။ 💦🌸

အားလုံးကို စောင့်ကြိုနေပါမယ်ရှင့်။ 🙏✨



#မုန့်လုံးရေပေါ်
#ဘီယာ

11/02/2026

၁၂ . ၂ . ၂၀၂၆ ရက်နေ့ ပြည်ထောင်စုနေ့တွင် City Depot Yangon & Mandalay Showroom များအား ၁ ရက်ပိတ်မည်ဖြစ်ပြီး ကျန်ရက်များတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချပေးမှာပဲ ဖြစ်ပါတယ်ရှင့်။



City Depot Christmas Lucky Draw အစီအစဉ်ရဲ့ Makita DC Drill Set ကံထူးရှင်ကတော့...🎉🎉 Deco Art Interior Decoration Co., Ltd...
03/01/2026

City Depot Christmas Lucky Draw အစီအစဉ်ရဲ့ Makita DC Drill Set ကံထူးရှင်ကတော့...

🎉🎉 Deco Art Interior Decoration Co., Ltd. 🎉🎉 ပဲ ဖြစ်ပါတယ်ရှင့်

နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပြီဆိုတော့ တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ ဆက်လက်ရောက်ရှိလာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

31/12/2025

နှစ်သစ်ကူး Showroom ပိတ်ရက် ကြေညာခြင်း

City Depot ရဲ့ ရန်ကုန်၊ မန္တလေး Showroom များအား ဇန်နဝါရီ ၁ ရက်နေ့တွင် ပိတ်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင့်

City Depot Customer များအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်



🎄🎄Merry Christmas To You All!🎄🎄City Depot ရဲ့ Customer များ Christmas အချိန်လေးမှာ ပျော်ရွှင်စွာ ဈေးဝယ်ယူနိုင်ဖို့အတွက် ...
21/12/2025

🎄🎄Merry Christmas To You All!🎄🎄

City Depot ရဲ့ Customer များ Christmas အချိန်လေးမှာ ပျော်ရွှင်စွာ ဈေးဝယ်ယူနိုင်ဖို့အတွက် City Depot ရဲ့ Yangon, Mandalay Showroom တွေမှာ ပျော်စရာ အစီအစဉ်လေးတွေ စီစဉ်ထားရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။ 🔔

22.12.2025 ကနေ 25.12.2025 အထိ ကျပ် ၃ သိန်းနှင့်အထက် ဝယ်ယူသည့် Customer တိုင်းအတွက် ဆုလက်ဆောင်တွေ ချက်ချင်းထုတ်ယူနိုင်တဲ့ Spin The Wheel အစီအစဉ်နှင့် ကျပ် ၁၀ သိန်းဖိုးနှင့်အထက် ဝယ်ယူသည့် Customer တိုင်းအတွက် Makita DC Drill Set (၁)ခု ကို မဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။ ☃️

ပျော်ရွှင်ဖွယ်ရာ Christmas အစီအစဉ်လေးတွေမှာ ပါဝင်နိုင်ဖို့အတွက် အခုပဲ City Depot ရဲ့ Yangon, Mandalay Showroom တွေဆီကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🎄



တန်ဆောင်တိုင် Showroom ပိတ်ရက်ကြေငြာခြင်းမကြာခင်ကျရောက်လာတော့မယ့် တန်ဆောင်တိုင်ရုံးပိတ်ရက် November 2, 3, 4 ရက်တွေမှာ Ci...
31/10/2025

တန်ဆောင်တိုင် Showroom ပိတ်ရက်ကြေငြာခြင်း

မကြာခင်ကျရောက်လာတော့မယ့် တန်ဆောင်တိုင်ရုံးပိတ်ရက် November 2, 3, 4 ရက်တွေမှာ City Depot ရဲ့ ရန်ကုန်၊ မန္တလေး Showroom များအား ပိတ်မည်ဖြစ်ပြီး November 5 ရက်နေ့‌တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချပေးမှာပဲ ဖြစ်ပါတယ်ရှင့်

City Depot customer များအားလုံး တန်ဆောင်တိုင်ရုံးပိတ်ရက်တွေမှာ မိသားစုနဲ့အတူတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ‌တယ်ရှင့်



21/04/2023

Welcome to City Depot, Yangon, Myanmar. We are providing the best quality of Interior Building Materials.

Address

Yadanar Road, South Okkalapa
Yangon
11091

Telephone

+959898986660

Website

Alerts

Be the first to know and let us send you an email when City Depot - စီးတီးဒီပို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share