ST Construction Company Limited

ST Construction Company Limited We Construct Your Dream Home.

🎉🎉အိမ်ဆောက်ဖို့ စိတ်ကူးနေတယ်ဆိုရင် ST Construction ရဲ့ မိုးရာသီပရိုမိုးရှင်းရှိပါတယ်။ 🙌အိမ်ဆောက်တယ်ဆိုတာ ဘဝမှာအရေးပါတဲ့ ...
15/06/2026

🎉🎉အိမ်ဆောက်ဖို့ စိတ်ကူးနေတယ်ဆိုရင် ST Construction ရဲ့ မိုးရာသီပရိုမိုးရှင်းရှိပါတယ်။ 🙌

အိမ်ဆောက်တယ်ဆိုတာ ဘဝမှာအရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ အိမ်ဆောက်မဲ့ သူတွေအနေနဲ့ အချိန်ရော၊ ငွေပါ ရင်းနှီးသုံးစွဲရတာဖြစ်လို့ စိတ်ဖိစီးမှုမရှိဘဲ စိတ်တိုင်းကျ အိမ်လေးတစ်လုံးရဖို့ ST Construction က ကူညီပေးနိုင်ပါတယ်။

ST Construction နဲ့လက်တွဲပြီး စိတ်ကူးထဲကအိမ်ကို ပုံဖော်ကြမဲ့သူတွေအတွက် မိုးရာသီပရိုမိုးရှင်းနဲ့ မိတ်ဆက်ပေးပါရစေ။
ပရိုမိုးရှင်းမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့-
✨ Sofa Set
✨ 2-Seater Sofa
✨ Kitchen Table Set တို့ဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလက 15.6.2026 ကနေ 18.7.2026 အထိဖြစ်ပြီး 2,500 square feet နှင့်အထက် အိမ် ဒါမှမဟုတ် အဆောက်အဦး ဆောက်လုပ်မဲ့သူတွေကို မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပါ။

ST Construction က အရည်အသွေးမှီ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့အတူ စိတ်ချရတဲ့ ဆေက်လုပ်ရေး စံနှုန်းတွေအတိုင်း၊ ခိုင်ခန့်သေသပ်စွာ အသေးစိတ် ဆောက်လုပ်ပေးနိုင်ပါတယ်။

လူကြီးမင်းတို့ စိတ်ကူးထားတဲ့ အိမ်ကို လက်တွေ့ပုံဖော်တဲ့နေရာမှာ လိုအပ်တဲ့ အချက်လက်အားလုံးကို ဆွေးနွေးပေးနိုင်ဖို့ အခုပဲဆက်သွယ်လိုက်ပါ။
📲 ဖုန်း- 09250527079, 09794360851
📍 ရုံးလိပ်စာ- အမှတ် ၁၃၇ (အေ-၃)၊ မြင်တော်သာလမ်းမကြီး (ကျန်းမာရေးမှတ်တိုင်အနီး)၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

“သင်ကစိတ်ကူးပါ
ကျွန်ုပ်တို့က ပုံဖော်ပေးမှာ”

မိုးရာသီ ပရိုမိုးရှင်း
အခုပဲဆက်သွယ် ဆွေးနွေးလိုက်ပါ

Sofa Set
2-Seater Sofa
Kitchen Table Set

*စည်းကမ်းသတ်မှတ်ချက်များရှိပါတယ်*






🏛ဒီအိမ်ဒီဇိုင်းက ဘာဒီဇိုင်းဖြစ်မလဲ?■​Modern Brutalist သို့မဟုတ် Industrial Minimalist လို့ ခေါ်ပါတယ်။••​ဒီဇိုင်းရဲ့ ထူးခ...
07/06/2026

🏛ဒီအိမ်ဒီဇိုင်းက ဘာဒီဇိုင်းဖြစ်မလဲ?
■​Modern Brutalist သို့မဟုတ် Industrial Minimalist လို့ ခေါ်ပါတယ်။
••​ဒီဇိုင်းရဲ့ ထူးခြားချက်များ:
■​Exposed Concrete (အကြမ်းထည် ကွန်ကရစ်): နံရံ၊ မျက်နှာကြက်နဲ့ ကြမ်းပြင်တွေမှာ ဆေးမသုတ်ဘဲ၊ ပလတ်စတာ မကိုင်ဘဲ ကွန်ကရစ်ရဲ့ မူလ အကြမ်းထည် အသွင်အပြင်ကို အရှိအတိုင်း ပြသထားပါတယ်။ ဒါဟာ ဒီဇိုင်းရဲ့ အသက်ပါပဲ။
■​ရိုးရှင်းပြီး တည်ငြိမ်တဲ့ ပုံသဏ္ဍာန်: အဆောက်အဦးရဲ့ ပုံသဏ္ဍာန်က လေးထောင့်စပ်စပ် ရိုးရှင်းပြီး ခိုင်ခံ့ တည်ငြိမ်တဲ့ ခံစားချက်ကို ပေးပါတယ်။
■​သဘာဝအလင်းရောင်နှင့် မှန်: ကွန်ကရစ်ရဲ့ အေးစက်မှုကို မှန်အကြီးကြီးတွေ သုံးပြီး သဘာဝအလင်းရောင် ရအောင် လုပ်ခြင်းအားဖြင့် မျှတမှုကို ယူထားပါတယ်။
■​Minimalist Furniture: ပရိဘောဂတွေကို နည်းနိုင်သမျှ နည်းနည်းနဲ့ အရည်အသွေးမြင့်တာတွေကိုပဲ သုံးပြီး နေရာကျယ်ဝန်းမှုကို အသားပေးပါတယ်။
■​Exposed Concrete ဒီဇိုင်းတွေမှာ အရေးကြီးဆုံးက ကွန်ကရစ်လောင်းတဲ့ လက်ရာပါပဲ။ ဆေးသုတ်ပြီး ဖုံးကွယ်လို့ မရတဲ့အတွက် တကယ့်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာများ၊လက်သမားနဲ့ ကွန်ကရစ် အဖွဲ့သားတွေ လိုအပ်ပါတယ်။
■ဒီလို Exposed Concrete ဒီဇိုင်းမျိုးကို အကောင်အထည်ဖော်တဲ့အခါ ကွန်ကရစ်မှာ ရေစိမ့်တာ၊ မှိုတက်တာတွေ မဖြစ်အောင်၊ ပြီးတော့ Surface (မျက်နှာပြင်) သေသပ်အောင် လုပ်ရတာ အရမ်းစိန်ခေါ်မှု ရှိပါတယ်။
•••အခုလိုဒီဇိုင်းကိုဘယ်လိုစနစ်တကျတည်ဆောက်ရမလဲ?
​✅ Perfect Surface Treatment: ကွန်ကရစ်မျက်နှာပြင်မှာ လေပူဖောင်းရာတွေ၊ အနာအဆာတွေ မရှိဘဲ ပုံထဲကအတိုင်း ချောမွေ့သေသပ်တဲ့ Texture ရအောင် သေချာတိကျစွာ အရောင်တင် ဖန်တီးပေးခြင်း။
✅ Advanced Waterproofing System: အကြမ်းထည် ကွန်ကရစ်ရဲ့ အဓိက စိန်ခေါ်မှုဖြစ်တဲ့ ရေစိမ့်တာ၊ ရေတင်တာနဲ့ မှိုတက်တာမျိုး လုံးဝ (လုံးဝ) မရှိစေဖို့ Premium Quality Waterproofing စနစ်ကို ထည့်သွင်း တည်ဆောက်ပေးခြင်း။
✅ Solid Structural Design: ခိုင်ခံ့မှုကို အင်ဂျင်နီယာပိုင်းဆိုင်ရာ စနစ်တကျ တွက်ချက်ထားတဲ့ RC Structure ဖြင့် ရေရှည်စိတ်ချရအောင် တည်ဆောက်ခြင်း တို့လိုအပ်ပါတယ်ခင်ဗျာ။

​အိမ်မက်များကိုအပြည့်အဝ ရရှိပိုင်ဆိုင်ဖို့အတွက် လက်ရာသေသပ်ပြီး စိတ်ချရတဲ့ ST Construction Company Limited ကို သတိရလိုက်ပါခင်ဗျာ။
​📞 ဖုန်းနံပါတ် - 09 250 52 70 79,09 79 43 60 851
📥 လူကြီးမင်းတို့မြေကွက်အကျယ်အဝန်းအလိုက် Design ဆွေးနွေးလိုပါက Page Messenger ကနေ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။
​

🏗️ Structural Safety (အဆောက်အအုံ ခိုင်ခံ့ဘေးကင်းမှု) ဆိုတာ ဘာလဲ? အိမ်မဆောက်ခင် ဒါတွေသိထားပြီလား❓️❓️❓️​အိမ်တစ်လုံးရဲ့ အလှ...
03/06/2026

🏗️ Structural Safety (အဆောက်အအုံ ခိုင်ခံ့ဘေးကင်းမှု) ဆိုတာ ဘာလဲ? အိမ်မဆောက်ခင် ဒါတွေသိထားပြီလား❓️❓️❓️

​အိမ်တစ်လုံးရဲ့ အလှအပက စိတ်ကျေနပ်မှုကိုပေးပြီး၊ အိမ်ရဲ့ Structure ခိုင်ခံ့မှုကတော့ အသက်အာမခံချက်ကို ပေးပါတယ်‼️‼️‼️

​မျက်နှာကြက် လှလှပပ၊ ကြွေပြားအကောင်းစားတွေက အိမ်ဆောက်ပြီးရင် အချိန်မရွေး ပြန်ပြင်လို့ရပေမဲ့ အဆောက်အအုံရဲ့ Main ဖြစ်တဲ့ Structure ပိုင်း အားနည်းခဲ့ရင်တော့ နောက်မှ ပြန်ပြင်ဖို့ မလွယ်ကူသလို အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။

ဒါကြောင့် RC (Reinforced Concrete) လူနေအိမ်တွေ ဆောက်တဲ့အခါ Structural Safety ရှိစေဖို့ ဘာတွေက အဓိကကျလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

​၁။ Load Bearing (ဝန်ထမ်းနိုင်စွမ်း) စနစ်မှန်ကန်မှု
​အိမ်တစ်လုံးမှာ ဝန် (Load) အဓိကအားဖြင့် (၂) မျိုးရှိပါတယ်။
​Dead Load (အသေဝန်): အဆောက်အအုံရဲ့ ကိုယ်ပိုင်အလေးချိန် (ကွန်ကရစ်၊ အုတ်နံရံ၊ ကြွေပြား စတာတွေရဲ့ အလေးချိန်)။
​Live Load (အရှင်ဝန်): အိမ်ထဲမှာ နေထိုင်မယ့် လူတွေ၊ ပရိဘောဂတွေနဲ့ ပစ္စည်းကိရိယာတွေရဲ့ အလေးချိန်။
​Structural Safety ကောင်းမွန်တဲ့ အဆောက်အအုံတစ်ခုဟာ ဒီဝန်တွေကို အဆင့်ဆင့် စနစ်တကျ ခွဲဝေစီးဆင်းစေပါတယ်။
​ဝန်စီးဆင်းပုံအဆင့်ဆင့်: အမိုး/ကြမ်းခင်း Slab \ ရက်မ (Beam) \တိုင် (Column) \အုတ်မြစ် (Foundation) \မြေကြီး (Soil) ဆီသို့ပဲဖြစ်ပါတယ်။

​ဒီလမ်းကြောင်းထဲက တစ်နေရာရာမှာ သံချောင်း သတ်မှတ်ချက်မပြည့်တာ၊ Concrete Strength မပြည့်ခဲ့ရင် အဆောက်အအုံ ပြိုကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

​၂။ ငလျင်ဒဏ်ခံနိုင်ရည် ရှိအောင် တည်ဆောက်ခြင်း (Earthquake Resistance)
​မြန်မာနိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် နည်းစနစ်တကျ တွက်ချက်ဆောက်လုပ်ဖို့ လိုပါတယ်။ ငလျင်ဒဏ်ခံနိုင်ဖို့ဆိုရင် -
​Ductility (ကျုံ့ဆန့်နိုင်စွမ်း): အဆောက်အအုံက အရမ်းတောင့်တင်းလွန်းရင် ငလျင်လှုပ်တဲ့အခါ ကျိုးပြတ်သွားတတ်ပါတယ်။ ဒါကြောင့် ငလျင်လှုပ်တဲ့ဒဏ်ကို လိုက်လျောညီထွေ လှုပ်ရှားခံနိုင်အောင် တိုင်နဲ့ရက်မ ဆုံချက်တွေမှာ (Stirrups/Links) တွေကို စနစ်တကျ စိပ်စိပ်လေး ချည်နှောင်ပေးရပါမယ်။
​Symmetrical Design: အဆောက်အအုံ ဒီဇိုင်းက ညီညာမျှတမှုရှိရပါမယ်။ တစ်ဖက်က အရမ်းလေးပြီး တစ်ဖက်က အရမ်းပေါ့နေရင် ငလျင်ဒဏ်ကို မခံနိုင်ပါဘူး။

​၃။ ကွန်ကရစ်နှင့် သံချောင်း အရည်အသွေး (Material Quality)
​Concrete Mix Ratio: သတ်မှတ်ထားတဲ့ အချိုးအစားကို တိတိကျကျ သုံးဖို့လိုပြီး၊ ကွန်ကရစ်ဖျော်တဲ့အခါ ရေများလွန်းရင် ကွန်ကရစ်ရဲ့ ခိုင်ခံ့မှု (Strength) တန်ဖိုး တော်တော်လေး ကျဆင်းသွားတတ်ပါတယ်။
ကိုယ် Structural Analysis လုပ်ထားတဲ့ Concrete psi အတိုင်းရရှိဖို့လိုအပ်ပါတယ်။AG နဲ့လောင်းတဲ့ Concrete တွေအတွက် Strength ခံနိုင်ရည်အားပြည့်ဝဖို့ စိတ်မပူရပေမဲ့၊ Hand mixed တွေမှာတော့ Strength အပြည့်ရဖို့ ဂရုတစိုက်ဖျော်စပ်လောင်းဖို့လိုအပ်ပါတယ်။

​Curing (ရေလောင်းခြင်း): ကွန်ကရစ်လောင်းပြီးရင် သတ်မှတ်ရက်အလိုက် စနစ်တကျ ရေလောင်း (Curing) ပေးမှသာ ကွန်ကရစ်က သူ့ရဲ့ အမြင့်ဆုံး ခိုင်ခံ့မှုကို ရရှိမှာ ဖြစ်ပါတယ်။

၄။Foundation - အဆောက်ဦးတခုလုံးပေါ်ကကျရောက်မည့် Weight ကို မြေကြီးထဲသို့လွဲပြောင်းပေးမည့် Foundation Design မှာလဲ အပေါ်မှ အဆောက်ဦးတခုလုံး၏ Weight ကိုခံနိုင်ရမည့် Design တခုဖြစ်ဖ်ု့အလွန်အရေးကြီးပါတယ်ခင်ဗျာ ။

Structural Safety စိတ်ချရဖို့အတွက် အိမ်မဆောက်ခင်မှာ တတ်ကျွမ်းနားလည်တဲ့ Structural Engineer (အဆောက်အအုံ ဒီဇိုင်းအင်ဂျင်နီယာ) နဲ့ သေချာ တွက်ချက်ပုံထုတ်သင့်ပြီး၊ လုပ်ငန်းခွင်ထဲမှာလည်း ပစ္စည်းအချိုးစားလျော့တာ၊ အချိုးအစား မမှန်တာမျိုး မရှိအောင် စနစ်တကျ ကြီးကြပ်ဖို့ လိုအပ်ကြောင်း မျှဝေပေးလိုက်ပါတယ်ဗျာ။






02/06/2026

မြောက်ဒဂုံ ၄၂ site လေး👷👷





တောင်ဥက္ကလာကျော်သူ(၁၆လမ်း) Site လေး Roof Top Slab လောင်းလိုက်ပါပြီခင်ဗျာ။Concrete Spe: G.25P 7Day WP 100±20.
31/05/2026

တောင်ဥက္ကလာကျော်သူ(၁၆လမ်း) Site လေး Roof Top Slab လောင်းလိုက်ပါပြီခင်ဗျာ။
Concrete Spe: G.25P 7Day WP 100Âą20.





31/05/2026

Throwback Memories for North Dagon 37 Ward Project.

အိမ်ဖြူလေးရဲ့ Short Video လေးပါ 🤗🤗🤗

အသေးစိတ်ဝင်ရောက်ကြည့်ရှုချင်ရင်တော့ ဒီ link ထဲကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ🤗🤗🤗
https://www.facebook.com/share/p/14cxoiY7D7h/





29/05/2026

တောင်ဥက္ကလာ ကျော်သူလမ်းsite လေး Roof top slab လောင်းရန် အသင့်စောင့်ကြိုနေပါပြီခင်ဗျာ။
Roof Top Slab ဖြစ်တဲ့အတွက် Water Tank,Solar,Rain Load,Services အတွက် Live Load,Own weight တွေရယ် စတာေတွ အကုန်ထည့်သွင်းစဥ်းစားပြီး တွက်ချက်ထားပါတယ်။
Roof Top Slab ဖြစ်တဲ့အတွက် Water Leakage ပြသနာအတွက် AG မှာတဲ့အခါ Water Proof(Chemical) ထည့်သွင်းမှာပြီးလောင်းပါမယ်ခင်ဗျာ။




မြန်အောင် Site လေးမကြာမှီ Foundation ထဲကထွက်ဖို့ အပီအပြင်ကြိုးစားနေတာပဲဖြစ်ပါတယ်ခင်ဗျာ။အခိုင်ခံ့အလှပဆုံးအိမ်လေးများကိုတည...
27/05/2026

မြန်အောင် Site လေးမကြာမှီ Foundation ထဲကထွက်ဖို့ အပီအပြင်ကြိုးစားနေတာပဲဖြစ်ပါတယ်ခင်ဗျာ။

အခိုင်ခံ့အလှပဆုံးအိမ်လေးများကိုတည်ဆောက်လိုပါက ကျွန်တော်တို့ ST Construction Company Limited ကိုဆက်သွယ်လိုက်ပါခင်ဗျာ။

📞ဆက်သွယ်ရန်
09 250527070,09 794360851

🏘ရုံးခန်းလိပ်စာ
အမှတ်၁၃၇(အေ၃)၊ မြင်တော်သာလမ်းမကြီး(ကျန်းမာရေးမှတ်တိုင်အနီး)၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။




26/05/2026

ဘယ်လိုကြည့်ကြည့် သေသပ်လှပနေသော ကော့မှုးမှအိမ်လေး🥰🥰🥰
Video ထဲကဖြစ်ဖြစ် ဓါတ်ပုံလေးတွေနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ ST Construction Company Limited ရဲ့ စေတနာများကို ကြည့်ရှုအားပေးပေးပါအုံးခင်ဗျာ။






Address

No, (137) Myin Taw Thar Road, Tharkayta Township
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30

Telephone

+959250527079

Website

Alerts

Be the first to know and let us send you an email when ST Construction Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ST Construction Company Limited:

Share