Koyo Bearings Myanmar

Koyo Bearings Myanmar Koyo Bearings Customer Service in Myanmar

"မျက်ရည်သွန်းလို့ ဘဝင်ညှိုးဇူလိုင် တစ်ဆယ့်ကိုး" ဆိုသလိုယနေ့ ဇူလိုင် (၁၉)ရက်တွင် ကျရောက်သော(၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင...
19/07/2020

"မျက်ရည်သွန်းလို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး" ဆိုသလို
ယနေ့ ဇူလိုင် (၁၉)ရက်တွင် ကျရောက်သော
(၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
မင်းသားကြီးဆိုင်ကယ်ရောင်းဝယ်ရေးမိသားစု မှ
အောက်မေ့သတိရလျက်
ဦးညွှတ်စွာဖြင့် အလေးပြုအပ်ပါသည်။

#အာဇာနည်နေ့

"သန္ဓေတောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို" ဟူသည့်အတိုင်း ဝါဆိုလပြည့်နေ့သည် ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ထူးနေ့မ...
04/07/2020

"သန္ဓေတောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" ဟူသည့်အတိုင်း
ဝါဆိုလပြည့်နေ့သည် ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ထူးနေ့မြတ်တစ်နေ့ပင်ဖြစ်သည်။
ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့လည်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားသည် ဓမ္မစကြာတရားကို စတင်၍ဟောကြားတော်မူသော နေ့မြတ်တစ်ရက်လည်းဖြစ်ခြင်းကြောင့် ဓမ္မစကြာနေ့အဖြစ်လည်း ခေါ်ဝေါ်ကြသည်။ ဘုရားအဖြစ်ကို ဝန်ခံတောမူခြင်း၊ တရားရတနာ၊ သံဃာရတနာ စတင်ပေါ်ပေါက်ခြင်း၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြသတော်မူသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံရသောနေ့ဖြစ်ခြင်းနှင့် ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းများကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထူးခြားသောနေ့ထူးနေ့မြတ်တစ်ရပ်ပင် ဖြစ်ပါသည်။

#လမြတ်ဝါဆို
#ဓမ္မစကြာနေ့

မြန်မာအမျိုးသမီးများကို တန်ဖိုးထားဂုဏ်ပြုရင်း “မြန်မာအမျိုးသမီးများနေ့”ကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ 🙆_   _   _   _ 🙋မြ...
03/07/2020

မြန်မာအမျိုးသမီးများကို တန်ဖိုးထားဂုဏ်ပြုရင်း “မြန်မာအမျိုးသမီးများနေ့”ကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ 🙆
_ _ _ _
🙋မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှောက်တဲ့သင်္ကေတအနေနဲ့ နှစ်စဉ် ဇူလိုင်လ (၃)ရက်နေ့ကို “မြန်မာအမျိုးသမီးများနေ့” အဖြစ် သတ်မှတ်ထားပါတယ်။ ထိုနေ့မှာတင်ပဲ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဆိုတာလည်း ပေါ်ပေါက်လာပါတယ်။ ✨

👩‍💼အမျိုးသမီးတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ ဖြစ်မြောက်လာတဲ့အခြေအနေတစ်ခုကို အားပေးချီးမြှောက်သင့်သလို တစ်ဖက်မှာလည်း ကျား/မ တန်းတူအခွင့်အရေးရရှိစေဖို့နဲ့ အမျိုးသမီးတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကြမ်းမဖက်ခံရ‌ရေးစတဲ့ ကိစ္စအဝဝကိုလည်း မြန်မာပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်မပေးကြဖို့ အရေးကြီးပါတယ်။

“မောင်တစ်ထမ်း မယ်တစ်ရွက်” ဆောင်ရွက်နေကြချိန်မှာ အမျိုးသမီးတို့ရဲ့အနာဂတ် ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့ လုံခြုံမှုရရှိစေဖို့ တိုက်တွန်းဆန္ဒပြုရင်း “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ မြန်မာအမျိုးသမီးများအနေနဲ့လည်း ယဉ်ကျေးသိမ်မွေ့ ထက်မြက်ပြီး မိန်းမကောင်းအဖြစ် ဝင့်ထည်နိုင်ဖို့၊ လက်မထောင်နိုင်ဖို့ ကြိုးစားရန်လိုကြောင်း၊ မြန်မာအမျိုးသမီးတို့ရဲ့ ဂုဏ်ရည်ကိုထိန်းသိမ်းမြှင့်တင်ရန်လိုကြောင်း အသိပေးလိုက်ရပါတယ်။

#မြန်မာအမျိုးသမီးများနေ့

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ ကျရောက်သောမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်စိတ်၏ချမ်းသာခြင်း၊ကိ...
19/06/2020

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ ကျရောက်သောမွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံ၍
လိုအင်ဆန္ဒများလည်း ပြည့်ဝပါစေ။
ဘဝကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း
ဖြတ်သန်းကျော်ဖြတ်နိုင်ပါစေ။
အခက်အခဲမရှိပဲ
အောင်မြင်မှုပေါင်းမြောက်များစွာနဲ့
ရယူပိုင်ဆိုင်နိုင်ပါစေ။
နိုင်ငံ့အကျိုး ဆထက်တပိုး
သယ်ပိုးနိင်ပါစေကြောင်း
Koyo Bearings Myanmar မှ
ဆုမွန်ကောင်းတောင်းလိုက်ပါသည်။



2စက္ကန့်ခြား တစ်ခါတိုင်းမှာသင့်ရဲ့သွေးကို တစ်စုံတစ်ယောက်ကလိုအပ်နေပါတယ်.........သင့်သွေးဖြင့်အသက်ကယ်ပါ⚠
14/06/2020

2စက္ကန့်ခြား တစ်ခါတိုင်းမှာ
သင့်ရဲ့သွေးကို တစ်စုံတစ်ယောက်က
လိုအပ်နေပါတယ်.........
သင့်သွေးဖြင့်အသက်ကယ်ပါ⚠



Address

Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959448168888

Alerts

Be the first to know and let us send you an email when Koyo Bearings Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Koyo Bearings Myanmar:

Share