01/10/2023
#လျှပ်စစ်ဓာတ်အားခွဲရုံ_တလုံးဆောက်ဖို့အတွက်_MS(Methods of Statement) ဘယ်လောက်လောက် Clients/Consultants/Employers ကို တင်ပြဖို့ လိုနိုင်လဲ??
International project တွေမှာ များသောအားဖြင့် လုပ်ငန်းမစတင်ခင် clients approval အတွက်တင်ရမည့် Documents တွေများစွာရှိပါတယ်။ MS ဆိုတာ ထို documents များစွာထဲမှ တခုဖြစ်ပြီး siteထဲမှာ တကယ့်လုပ်ငန်းမစတင်ခင် ကိုယ်လုပ်မယ့်အလုပ်ကို မည်သို့မည်ပုံလုပ်မည်ဖြစ်ကြောင်း ပုံတွေ ၊ စာတွေ ၊ flowchartတွေ ၊guidline တွေ၊ employer requirementsတွေ၊ refrenceတွေနဲ့အတူ safety and enviromental controlling process တွေပါတွဲပြီး အမှန်တကယ် လုပ်နိုင်တာတွေကို ထိထိမိမိ ရှင်းရှင်းလင်းလင်း မြင်သာအောင်ဖော်ပြထားသော documentsတခုဖြစ်ပါသည်။
Engineers တွေ စပြီးအလုပ်များတဲ့ ကိစ္စဆိုလည်းမမှားပါဘူး။(စလာတာနဲ့ MS submission plan တင်ပါပဲ။ပြီးတော့ approved ရဖို့ဆိုတာလွယ်တာမှတ်လို့ တချို့ဟာတွေဆို နှစ်ချီကြာပြီး လုပ်ခါနီးမှ meetingတွေအတင်းလုပ်ပြီး approvalတောင်းရတာမျိုးတွေတောင်ရှိခဲ့ဖူးတယ်။ဘာလို့ဆို တချို့သောကိစ္စတွေဟာ safety & qualityနဲ့ညှိပြီး budgetကိုလာနွယ်နေတတ်တာကိုး)။
MSတခုသည် မည့်သည့်project မဆိုသုံးလို့ရအောင်တကြိမ်တခါတည်းပဲ ပြုလုပ်လို့ မရနိုင်ပါ။ အကယ်၍ installation/construction အတွက်same menthods ဖြစ်နေရင်တောင်မှ အနည်းဆုံးတော့ project locationတွေ specific attached drawings တွေ employer requirementsတွေ တူနိုင်မည်မဟုတ်တဲ့အတွက်ကြောင့်ပါ။
(နောက်မှ MSတစောင်မှာပါသင့်သည့်အချက်တွေနှင့် attachmentsတွေကို လက်ရှိသုံးနေသော sampleတခုပြပြီး အသေးစိတ်ရေးပါဦးမည်။)
ယခုဖော်ပြထားသော MS summary listသည် project requirements/ Employer & Consultants requirementsနဲ့ work scope ပေါ်မူတည်ပြီး အတိုး အလျှော့ရှိနိုင်ပါသည်။
ထပ်ဆောင်းအကြံပြုလိုသည်မှာ လုပ်ငန်းခေါင်းစဥ်တခုခြင်းစီခွဲရေးတာကောင်းတယ်၊ တူရာတူရာပေါင်းပြီးနည်းနည်းပဲရေးတာကောင်းတယ်မဟုတ်ပဲ မိမိက Employer/consultantရဲ့သဘောတူညီမှုကို လုပ်ငန်းမစတင်ခင် ယူချင်တဲ့အကြောင်းအရာမျိုး၊ပါကိုပါသင့်တဲ့mainအကြောင်းအရာမျိုး နဲ့ Employer/consultants က သိချင်လို့တောင်းဆိုနိုင်တာမျိုးတွေကို ရေးသင့်ပါတယ်။
1.Civil Related MSs..
MS for Site Clearing &Grubbing, and Top Soil Removal
MS for Tree Cutting
MS for Site Grading and Levelling
MS for Boundary Wall, Perimeter Fence & Gates
MS for Outdoor Equipment Foundation (Outdoor Equipment, Steel Structures, TR Rails and Other Foundations)
MS for Transformer Rail Installation
MS for Construction of Building Foundations
MS for Scaffolding Installation
MS for Construction of Substation Maintenance Road and Rain Water Drainage System
MS for Cable Trench Construction Work
MS for Construction of Slope Protection and Retaining Wall
MS for Painting Works of the Buildings
MS for Installation of Raised Floors and False Ceiling
MS for Fabrication of Building Steel Structure & Other Miscellaneous Metal Works
MS for Building Walling and Partition Installation
MS for Construction of Building Roof System
MS for Sewage (Septic Tank) System
MS for Construction of Concrete Fire Walls of Transformer
MS for Tiling Work
MS for Construction of Water Supply and Drainage System
MS for Construction of Building Superstructure
MS for Pile Installation / Driving Works
MS for Cable Ladder and Support Installation
MS for Doors & Windows Installation Work
MS for HDD( Horizontal Directional Drilling) work
MS for Manhole Construction Work
MS for Epoxy Flooring and Water Proofing Work
MS for Green Plantation Work
2.Electrical Related MSs..
MS for Installation of Steel Structure Supports & Platforms
MS for Earthing System Installation Work
MS for Shunt Reactor Installation Work
MS for Transformer Installation Work
MS for Generator Installation Work
MS for Insulator and Conductor with Hardware
MS for AIS Equipment Installation
MS of Power Cable Installation and Termination Work
MS of M&E and HVAC System
MS for Overhead Gantry Crane Installation
MS for Welding
MS for H-GIS Installation Work
MS of Fire Fighting System Installation Work for TR & SHR
MS for Switchyard Lighting Installation Work
MS for Auxiliary Power Cable & Control Cable Installation and Terminations Work
MS for Control and Protection System Installation Work
MS for Lightning Protection System Installation Work
MS for Battery Bank and Charger Installation Work
MS for Indoor Panels Installation Work
သက်ဆိုင်ရာနယ်ပယ်တွေအတွက် Referenceကောင်းတခုဖြစ်နိုင်ပါစေ။