DY MECHANICAL MYANMAR

DY MECHANICAL MYANMAR Auto Parts & Services

02/09/2022

Porsche Cayenne
Level Control Fault

P1222  Toyota 3C
19/08/2022

P1222 Toyota 3C

2019​မော်ဒယ် chevy😌ဖွက်ထားတာတွေ လိုက်ရှာခြင်း
08/08/2022

2019​မော်ဒယ် chevy😌
ဖွက်ထားတာတွေ လိုက်ရှာခြင်း

Ford Fusion Passenger airbag fault🛠
07/08/2022

Ford Fusion Passenger airbag fault
🛠

Rough idling 2AZBalance Shaft timing adjustment🛠
06/08/2022

Rough idling
2AZ
Balance Shaft timing adjustment🛠

LS460 fuel injector check
04/08/2022

LS460 fuel injector check

အသုံးများတဲ့ အိမ်စီးကား V-Belt နံပတ်များSuzuki Swift 5PK 900 4PK 770(AC Compressor)Toyota Kluger2AZ 7PK 1935Alphard 1MZ ...
22/07/2022

အသုံးများတဲ့ အိမ်စီးကား V-Belt နံပတ်များ

Suzuki Swift 5PK 900 4PK 770(AC Compressor)
Toyota Kluger2AZ 7PK 1935
Alphard 1MZ Engine V Belt 6PK 1035(alt) /4PK 880(ps)
Honda Fit GE6 5PK 1140
Suzuki Carry K6A 4PK 870 /2310 9.5×790La
Caldina 3S GTE 5PK 1140 3PK 700

Toyota - Belta (1300cc) 4PK 1210
Toyota - Belta (1000cc) 6PK 1210
Toyota - Voxy (2000cc) 7PK 1920
Toyota - Harrier (3000cc) 6PK 1050, 4PK 875
Toyota - Probox 4PK1210(Alt), 3PK (850)
Toyota- Vitz 4PK 1210
Toyota- CROWN Royal (3000CC) 7PK 1550
Toyota - WISH (1800CC) 6PK 1693, 6PK 1700
Toyota - RAV 4 5PK998, 5PK1090
Toyota - Passo 2011, (1300cc) 4PK1210
Toyota- Ractis 2009 6PK-1590
Toyota - Ractis (2011 & 2012) 4PK 878 4PK1155 4PK898 4PK1170
Toyota - Corolla Fielder (2010) 1500 cc- 4PK923/4PK1183
Toyota - Corolla Fielder (2010) 1800 cc- 6PK1873
Toyota - Hilux Surf (2000) RECMF 6390
Toyota - ALPHARD(2003) 2400cc 7PK1920
Toyota - Succeed 4PK1183/4PK1170
Toyota - Wish 2000cc 7PK1933
Toyota - Townace (2008) 1500cc 10x875, 10x950, 13x975
Toyota - Corolla (2002) 1500cc RECMF1390 RECMF 1420
Toyota- Fielder (2005) 1.5 4PK923 4PK1183
Toyota - Ipsum (2003) 7PK1920
Toyota - Alphard *G* (2003) 3000cc 6PK1043
Toyota - Premio (2002) 1800cc 6PK1880
Toyota - Mark 2 (1999) 4PK823 4PK833
Toyota - Fielder (2006) 1500cc 4PK923 ,4PK1183
Toyota - Caldina ပဲခြမ်း 4PK 820, 4PK 1080
Toyota - ရွှေငါး 2.04PK1070
Toyota - Rav4 (2000) 1800cc 6PK1540 6PK1888
Toyota - Mark X (2005) 7PK1550
Toyota - Kluger (2002) 7PK1933
Toyota - Corolla (2011) 1300cc 6PK1148 6PK1138
Toyota – Corolla Axio (2007) 1500cc 4PK 920, 4PK1180
Toyota - Premio (2002) 2000cc 7PK1933
Toyota – Hiace Super Custom (3000cc)1KZအင်ဂျင် RECMF 6390
Toyota – Brevis (3000cc) 6PK 1920
Nissan - Vanette (2000CC) 4PK 868(Alt), 3PK 828 (PS), 4PK 850 (AC)
Nissan – Vanette 2007 (ဓာတ်ဆီ) Recmf-6380
Nissan - X-trail (2000CC) 6PK 2245
Nissan- AD Van (1240cc) 5PK1070 3PK670
Nissan - Note (2009) 4PK833 4PK1070 (cr14de ) 7PK1043 7PK1140(hr16de)
Nissan - March (2011) 1200 CC 6PK995
Nissan - Wingroad 1800cc 6PK818 6PK1113
Nissan - Advan 3PK 670 Honda - Fit 5PK 1140
Honda - Civic 4PK 1600
Honda - Insight 4PK 1165
Honda - Fit Hybrid (2011) 4PK1165
Honda – Odyssey 2001 (2300cc) 6PK 930, 6PK 1080
Honda – Odyssey 2001 (3000cc) 6PK 1175
Mazda - Demio 6PK1840 Mitsubishi - RVR 4PK 773
Mitsubishi - Pajero (2500CC/diesel),(13x925), (17x113)
Mitsubishi - PAJERO (3200CC/DIESEL) RECMF1380
Forland402- RECMF 8420 / RECMF6610 ISUZU –
BIGHON (1998) 4jb1 RECMF8410
Suzuki – Carry truck 4PK 868
Suzuki – Swift (1300cc) 4PK 835, 4PK 840
Daihatsu – Hijet (ပုံဟောင်း) 4PK 710, 4PK 705
Daihatsu – Hijet (ပုံသစ်) 4PK 760/765
အထက်ဖော်ပြပါကြိုးများသည် ကားများနှင့် အတတ်နိုင်ဆုံးနီးစပ်သော ပန်ကာကြိုးများကို ဖော်ပြထားသည်။ မှတ်ချက်အနေဖြင့် တစ်ချို့သောကားများသည် ပူလီ သို့မဟုတ် မော်တာများလဲလှယ်ထားသောကြောင့် ကြိုး၏ အရှည်နှင့်နံပါတ်များမှာ လွဲနိုင်ပါသည်။
PK ကြိုးများကို ဖတ်ရှုရာတွင် 6PK 1000ကို 6လိုင်းပူး1000mmဟု ဖတ်ရှုနိုင်သည်။
မူလကြိုးနံပါတ်နှင့် 10mmအတွင်း အတိုးအလျှော့လုပ်၍လည်း တပ်ဆင်နိုင်သည်။
Credit: original uploader

Ball Bearing ပေါ်မှ ကိန်းဂဏန်းများBearing Number တွေအကြောင်း အနည်းငယ်ရှင်းပြပါရစေ…သူ့မှာ (1) Prefix (2) Basic Design Num...
01/09/2021

Ball Bearing ပေါ်မှ ကိန်းဂဏန်းများ

Bearing Number တွေအကြောင်း အနည်းငယ်ရှင်းပြပါရစေ…

သူ့မှာ (1) Prefix (2) Basic Design Number နဲ့ (3) Suffix ဆိုပြီးရှိပါတယ်…

(1) Prefix

K = Cage with roller elements
L = Removable bearing ring
R = Ring with roller set
S = Roll body of stainless steel
W = Stainless steel deep groove ball bearing

ဘယ်ရင်ထုတ်တဲ့ကုမ္ပဏီတွေကလဲ ကိုယ်ပိုင် Prefix တွေကို ဖန်တီးကြပါတယ်… ဒါကြောင့် ကွဲပြားနိုင်ပါတယ်…

(2) Basic Design Number

Bearing ရဲ့ နံပါတ်က 6005 2RS ဆိုပါစို့…

6005 ရဲ့ ပထမဆုံး ဂဏန်း “6”

ဘယ်ရင်ရဲ့ Basic Number ထဲက ပထမဆုံး ဂဏန်းဟာ ဘယ်ရင် အမျိုးအစားကို ဖော်ညွှန်းပါတယ်…

First Number က

1 ဆိုရင် Self-Aligning Ball Bearing
2 ဆိုရင် Barrel & Spherical Roller Bearing
3 ဆိုရင် Tapered Roller Bearing
4 ဆိုရင် Deep Groove Double-Row Bearing
5 ဆိုရင် Axial Deep Groove Ball Bearing (Thrust Ball Bearing)
6 ဆိုရင် Deep Groove Ball Bearing (Single Row)
7 ဆိုရင် Single Row Angular Contact Ball Bearing
8 ဆိုရင် Axial Cylinderical Roller Bearing (Cylinder Roller Thrust Bearing)

ပထမ ဂဏန်းမှာ 6 ဖြစ်နေတော့ Deep Grooved Roller Bearing (Single Row) အမျိုးအစားဖြစ်ပါတယ်…


6005 ရဲ့ ဒုတိယ ဂဏန်း “0”

ဒုတိယအက္ခရာကတော့ ဘယ်ရင်ရဲ့ တောင်းတင်းခံနိုင်ရည်ရှိမှုကို ကိုယ်စားပြုပါတယ်… သူရဲ့ စကေးက 9 မှ 4 အထိရှိပြီး အတွင်းကွင်း (Inner Race) နဲ့ အပြင်ကွင်း (Outer Race) တွေဟာ တဆင့်ခြင်းထူသွားသလို Ball အရွယ်ကလဲ ကြီးလာပြီး ဝန်အပိုကို ထမ်းနိုင်လာပါတယ်…

9 ဆိုရင် Very Thin Section
0 ဆိုရင် Extra Light
1 ဆိုရင် Extra Light Thrust
2 ဆိုရင် Light
3 ဆိုရင် Medium
4 ဆိုရင် Heavy

6005 က Extra Light ဆိုတော့ 6205, 6305 ထက်ပိုသေးတာပေါ့…

6005 ရဲ့ နောက်ဆုံးဂဏန်း ၂ လုံး “05”

6005 ရဲ့ နောက်ဆုံးဂဏန်း ၂ လုံးကတော့ ဘယ်ရင်ရဲ့ Bore Size ကို ပြောတာပါ ခင်ဗျ…. 00 ကနေ 03 အထိတော့ သီးသန့် Bore Size ရှိပါတယ်… 00 ဆိုရင် 10 mm၊ 01 ဆိုရင် 12 mm၊ 02 ဆိုရင် 15 mm၊ 03 ဆိုရင် 17 mm ရှိပါတယ်… 04 ကစပြီး ဘယ်ရင်ရဲ့ နောက်ဆုံး ဂဏန်း ၂လုံး ကို ၅ နဲ့ မြှောက်ရင် Bore Size ကိုရပါတယ်….

ဥပမာ
04 ဆိုရင် Bore Size 04 x 5 = 20 mm
08 ဆိုရင် Bore Size 08 x 5 = 40 mm
11 ဆိုရင် Bore Size 11 x 5 = 55 mm

နောက်ဆုံးဂဏန်း ၂ လုံးက 05 ဆိုတော့ ဘယ်ရင်ရဲ့ Bore Size က 25mm ဖြစ်ပါတယ်…

(3)Suffix

Suffix တွေကလဲ အမျိုးမျိုး ရှိပြီး အောက်ပါ အချက်တွေကို ပံ့ပိုးပေးပါတယ်…

(၁) Cage Type (၂) Internal Design (၃) Seal (၄) Lubricant used (၅) Tolerances (၆) Internal clearance (၇) External Design တို့ဖြစ်ပါတယ်…

2RS ဆိုရင် ၂ ဖက်စလုံးကို Rubber seal နဲ့ ပိတ်ထားမယ်…
RS ဆိုရင် တဖက်ကို Rubber seal နဲ့ ပိတ်ထားပြီး တဖက် ဖွင့်ထားမယ်…
2Z / ZZ ဆိုရင် ၂ ဖက်စလုံးကို Metal seal နဲ့ ပိတ်ထားမယ်…
Z ဆိုရင် တဖက်ကို Metal seal နဲ့ ပိတ်ထားပြီး တဖက် ဖွင့်ထားမယ်…

အဲဒါကိုကြည့်ပြီး 6005 2RS အဓိပ္ပါယ်ဖွင့်ရရင် Single Row Deep Groove Roller Bearing, Extra Light, rubber sealed in both side ဖြစ်ပြီး 25 mm shaft ပေါ်မှာ တပ်ဆင်အသုံးပြုနိုင်တယ်လို့ ပြောရင်ရပါတယ်…

Suffix မှာ နောက်ထပ်အက္ခရာတွေ အများကြီးရှိပါသေးတယ်…
ဘယ်ရင်တွေမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပေါ် မူတည်ပြီး Prefix နဲ့ Suffix တွေ ကွဲပြားပါတယ်…

Bearing ရဲ့ Radial internal clearance ဟာ အရေးကြီးပါတယ်... ၄င်းကို surfixes C1 မှ C5 ထိ အောက်ပါအတိုင်း ခွဲခြားထားပါတယ်...

Suffix Radial internal clearance
C1 Less than C2
C2 Less than Normal
CN Normal, only used in combination with letters indicating reduced or displaced clearance range
C3 Greater than Normal
C4 Greater than C3
C5 Greater than C4

၄င်း Radial internal clearance ကို တပ်ဆင်ထားတဲ့ အခြေအနေနဲ့ စက်မောင်းနှင်နေရတဲ့ အခြေအနေပေါ်မူတည်ပြီးရွေးချယ်ရမှာပါ...

အကယ်၍ ဘယ်ရင်ကာဗာမှာ တပ်ဆင်ရင်လည်း ကျပ်နေတယ်... shaft မှာ တပ်ဆင်ရင်လည်း ကျပ်နေတယ် ဆိုရင် Radial internal clearance များတဲ့ ဘယ်ရင်ကို အသုံးပြုရမှာ ဖြစ်ပါတယ်...

ထိုနည်းတူစွာ ပတ်ဝန်းကျင် အပူချိန်ကလည်း မြင့်တယ်... အမြဲလည်း မောင်းနှင်နေရတဲ့စက်မျိုး (ဥပမာ Electric Motor) ဆိုရင် clearance ပိုများတဲ့ C3 Bearing ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်....

ရွှင်လန်းချမ်းမြေ့ပါစေ....

Crd # # # # # Ko Maung Maung Aung

O2 & AF sensor အကြောင်းနှင့်Crown & Mark X တို့ရဲ့ AF sensor ပြဿနာ❗ အတွေ့အကြုံကို အခြေခံ၍ရေးထားခြင်းဖြစ်ပြီး ဂျူနီယာများ...
30/08/2021

O2 & AF sensor အကြောင်းနှင့်Crown & Mark X တို့ရဲ့ AF sensor ပြဿနာ❗

အတွေ့အကြုံကို အခြေခံ၍ရေးထားခြင်းဖြစ်ပြီး ဂျူနီယာများအတွက်သာ

O2 sensor ဟာ 1996 ခုနှစ်နဲ့ နောက်ပိုင်းမှာ ကားတိုင်းနီးပါ စတင်အသုံးပြုလာကြပါတယ်။ O2 sensor ဟာ zirconium dioxide ကို အခြေခံပြီး ထုတ်လုက်ထားပါတယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်က အင်ဂျင်ခန်းမီးလောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာတဲ့ Gas တွေထဲမှ မလောင်ကျွမ်းပဲ ပိုလျှံလာတဲ့အောက်ဆီဂျင်နဲ့ ပြင်ပလေထုထဲမှ အောက်ဆီဂျင်ကို နှိုင်းယှဉ်ခြင်းဖြစ်ပြီး ပြင်ပအောက်ဆီဂျင်နဲ့ Exhaust အတွင်းမှ အောက်ဆီဂျင်ရဲ့ခြားနားချက်ပေါ်မူတည်ပြီး Voltage အပြောင်းအလဲဖြင့် ECU (engine control unit)သို့သတင်းပေးပို့ခြင်းဖြစ်ပါတယ်။

သူ့ရဲ့ out put voltage ဟာ 0 to 1 Volt ဖြစ်ပြီး normal voltage ဟာ 0.45 (450mv) voltage ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လေအချိုး14.7 နဲ့ ဆီအချိုး 1 အခြေအနေဖြစ်ပါတယ်။ အကယ်၍ အင်ဂျင်ခန်း မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဆီအချိုးများနေမယ်ဆိုရင် out put voltage အနေနဲ့ 0.9 volt ထွက်မှာဖြစ်ပြီး ဆီအချိုးနဲနေချိန်မှာတော့ 0.1ဝန်းကျင်ပဲ out put voltage ထွက်နေမှာဖြစ်ပါတယ်။ upstream မှာ O2 sensor ပဲသုံးထားတဲ့ကားမှာတော့ O2 sensor1 ရဲ့ out put voltage ပေးပို့တဲ့အပေါ်မူတည်ပြီး ECM မှ fuel trim adjust လုပ်ပေးသွားမှာဖြစ်ပါတယ်။ Downstream O2 sensor 2ကတော့ TWC (Three Way catalyst converter) ကောင်းမကောင်းအတွက်ပဲ အဓိက လုပ်ဆောင်ပေးသွားမှာပါ။

မော်ဒယ်မြင့်ကားအများစုမှာတော့ upstream နေရာမှာ O2 sensor အစား AF sensor ပဲအသုံးပြုထားပါတယ်။
O2 sensor ဟာ ဝါယာ 4 pin ပါပြီး
1, Signal
2, Heater +
3, Heater -
3, Ground ဖြစ်ပါတယ်။ Heater +B စဟာ EFI main relay မှာလာပြီး သော့ဖွင့်တာနဲ့ ရောက်ရပါမယ်။ အကယ်၍ Scan နဲ့စစ်ကြည့်လိုက်လို့ P0030,P0031,P0032,36,37,38 P0135,36,37,38,39 oxygen sensor Heater control circuit malfunction တွေတက်ခဲ့သည်ရှိသော် heater line +B ရောက်မရောက်စစ်ပါ။မရောက်ပါက EFI relay & EFI fuse များကိုစစ်ပါ။

ကြိုးလိုင်းရောက်တယ်ဆိုရင်တော့ sensor ရဲ့ heater line Resistance ပျက်စီးနေလား စစ်ဆေးပါ။ အတွေ့ကြုံရတော့ O2 sensor အများစု heater line ပျက်စီးတာများပါတယ်။ Toyota မှာတော့ O2 sensor Resistance ဟာ ပြင်ပအပူချိန် 40°C ဝန်းကျင်ရှိတဲ့အချိန်မှာ12ohm ဝန်းကျင်နဲ့ Nissan မှာတော့ 4 ohm ဝန်းကျင်ရှိပါမယ်။ တိုင်းတာတဲ့ အပူချိန်ပေါ်မူတည်ပြီး Resistance အနည်းငယ်ပြောင်းလဲပါမယ်။ Bank 1 နဲ့ bank 2 O2 sensorနဲ့ AF sensor မှားထည့်တတ်၍ သေချာစစ်ဆေးပေးပါ။ Toyota မှာတော့ O2 sensor ဟာ 89465 နဲ့လာပြီး AF sensor မှာတော့ 89467 နဲ့လာပါတယ်။

Heater ရဲ့ - စကတော့ ECM မှ စက်စတင်၍နိုးတဲ့အချိန်နှင့် engine coolant Temperature sensor မှ အေးနေတယ်လို့သတ်မှတ်ထားတဲ့အချိန်တွေမှာ Heater - Voltage ပေးပို့မှဖြစ်ပြီး NOT (Normal operation temperature) ရောက်တဲ့အချိန်နဲ့ O2 sensor ရဲ့သတ်မှတ်ထားတဲ့အပူချိန် လုံလုံလောက်လောက်ရောက်တဲ့အချိန်မှာတော့ ECM မှ heater line သို့ voltage ပေးပို့ခြင်းကို ဖြတ်တောက်လိုက်ပြီး sensor ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
O2 sensor စတင်လုပ်ဆောင်နိုင်ဖို့ ပျှမ်းမျှအားဖြင့် 400°C ( 750°F ) ဝန်းကျင်လိုအပ်ပါတယ်။

AF sensor
AF sensor ဟာ titanium dioxide နဲ့ပြုလုပ်ထားပြီး response အားဖြင့် O2 sensor ထက် တိကျမှန်ကန် ပို၍မြန်ဆန်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း AF sensor ဟာ O2 sensor ထက် ဈေးများလေ့ရှိပါတယ်။ AF sensor စတင်လုပ်ဆောင်နိုင်ဖို့ပျှမ်းမျှအားဖြင့် 650°C (1200°F) လိုအပ်ပါတယ်။ AF sensor မှာ ပြင်ပအပူချိန် 40°C ဝန်းကျင်ရှိတဲ့အချိန်မှာတော့
4 ohm ဝန်းကျင်ရှိပါမယ်။ AF sensor ဟာ wide range ဖြစ်ပြီး 0 to 5 Volt အထိလုပ်ဆောင်နိုင်ပါတယ်။ သူ့ရဲ့ normal voltage ဟာ 3.3 Volt ဖြစ်ပြီး ဒီအခြေအနေဟာ လေအချိုး 14.7 နဲ့ ဆီအချိုး 1 ကို ကိုယ်စားပြုပါတယ်။ အကယ်၍ AF sensor ရဲ့ out put voltage ဟာ 2.5 ဝန်းကျင်မှာဆိုရင်‌ေတာ့ Rich mixture ဆီအချိုးများနေတယ်လို့ ECU မှ သတ်မှတ်ပြီး Out put voltage ဟာ 4.0 ဝန်းကျင်အနားဆိုလျှင်တော့ ECU မှ Lean mixture ဆီအချိုးနည်းနေတယ်လို့ သတ်မှတ်ပါတယ်။
Toyota ရဲ့ AF sensor အပေါ်အခြေခံ၍တွက်ထားတာဖြစ်ပြီး Bosh sensor နဲ့ Europe car တွေမှာတော့ ကွဲပြားသွားပါမယ်။

ECU မှ AF sensor ရဲ့ Voltage ပေးပို့မှုပေါ်မူပြီး Lean mixture လား Rich mixture လားဆိုတာကို သိရှိခြင်းဖြစ်ပြီး အကယ်၍ Lean mixture ဖြစ်ခဲ့ရင် Air fuel trim ကို + အချိုးဖြင့်ပေးပို့မှာဖြစ်ပါတယ်။ Rich mixture ဖြစ်ခဲ့ရင်တော့ - အချိုးဖြင့် Air fuel trim ကို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ Shoft term fuel trim+/ -25 နဲ့ Long term fuel trim +/- 25 ထက်ကျော်လွန်ချိန်မှာတော့ Engine check မီးလင်းလာမှာ ဖြစ်ပြီး DTC code အနေနဲ့ P0171 or P0172 system too lean bank1or system too rich bank 1 နဲ့ P0174 or P0175 system too lean bank 2 or system too rich bank 2 နဲ့ တို့ထွက်ပေါ်လာမှာဖြစ်ပါတယ်။
Location 👉AF sensor မှာ TWC ခေါ် ( Three Way catalyst converter) ရဲ့ ရှေ့မှာ တက်ဆင်ထားပြီး TWC ရဲ့ နောက်မှာတပ်ဆင်ထားတာကတော့ O2 sensor ဖြစ်ပါတယ်။

Toyota Crown & Mark X တို့ရဲ့ အင်ဂျင်ချက်မီးလင်းခြင်းနှင့် AF sensor ပျက်ရတဲ့အကြောင်း⁉️

ပုံမှန်အားဖြင့် AF sensor ဟာ O2 sensor လောက်Heater line ပျက်စီးဖို့ မလွယ်ကူတာ‌ေတွ့ရပါတယ်။ 80,000 to 100,000 km ဝန်းကျင်မှာတော့ ပျက်စီးတတ်လေ့ရှိပေမဲ့ ကားတိုင်းလည်း မပျက်စီးတာ‌ေတွ့ရပါတယ်။ ဒီကားတွေအများစု AF sensor ပျက်ရတဲ့အကြောင်းမှာ.....AF sensor ရဲ့အပေါ်သို့ Tappet seal မလုံ၍ Tappet cover မှ engine oil များ sensor အပေါ်ကျရောက်၍ sensor ပျက်စီးခြင်းဖြစ်ပြီး အင်ဂျင်ဝိုင်မကျပဲ ပျက်စီးတာရှိသော်လည်း အနည်းငယ်မျှသာဖြစ်ပါတယ်။

Tapped seal ဟာ 20,000 to 50,000 miles ဝန်းကျင်မှာတော့ ပျက်စီးလေ့ရှိပြီး နောက်ထည့်မယ့်ပစ္စည်းကတော့ မိမိရွေးချယ်တဲ့အရည်အသွေးပေါ်မူတည်ပြီး သက်တန်းကွာခြားသွားပါမယ်။
ကားချစ်သူများအနေဖြင့် မိမိကား 50,000 km ဝန်းကျင်နားရောက်တိုင်း သို့မဟုတ် အင်ဂျင်ဝိုင်လဲလှယ်တိုင်း အင်ဂျင်ခန်းဆီအယိုအစိမ့်ရှိလားဆိုတာကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ကြောင်းအကြံပြုရင်း နောက်မှဆုံကြတာပေါ့။
13.12.2020
𝓚𝔂𝓪𝔀 𝓢𝔀𝓪𝓻 𝓜𝓲𝓷

If you wanna read more about oxygen sensor and AF sensor 👇
Reference ∆ -- https://bit.ly/2VF1Ute

Reference ∆ https://www.underhoodservice.com/emissions-update-understanding-how-wide-ratio-air-fuel-wraf-sensors-work/

Credit to KO Kyaw Swar Min

မော်တော်ကားများနှင့်ပတ်သက်ပြီးUS နှင့် UK ကွာခြားချက်တွေထဲက မတူညီကြတဲ့ အသုံးအနှုန်း အခေါ်အဝေါ်များ......Photo Creditပါခင...
13/08/2021

မော်တော်ကားများနှင့်ပတ်သက်ပြီး
US နှင့် UK ကွာခြားချက်တွေထဲက
မတူညီကြတဲ့ အသုံးအနှုန်း အခေါ်အဝေါ်များ......

Photo Creditပါခင်ဗျာ

honda-insight 2010-2014 Engine Room Fuse BoxInterior Fuse Box/Relay Diagram
01/10/2020

honda-insight 2010-2014
Engine Room Fuse Box
Interior Fuse Box/Relay Diagram

Honda Insight (2010 - 2014) - fuse box diagram

Address

Yangon
11421

Website

Alerts

Be the first to know and let us send you an email when DY MECHANICAL MYANMAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DY MECHANICAL MYANMAR:

Share