Progressive Mep Engineering

Progressive Mep Engineering Get the excellent engineering services with us.

𝗣𝗶𝗽𝗲 𝘀𝗹𝗲𝗲𝘃𝗲 𝘄𝗼𝗿𝗸------------------         ကျွန်တော်များ Progressive Mep Engineering မှ 𝗠𝗘𝗣 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များ တာဝန်ယူထားသည့်...
03/11/2025

𝗣𝗶𝗽𝗲 𝘀𝗹𝗲𝗲𝘃𝗲 𝘄𝗼𝗿𝗸
------------------

ကျွန်တော်များ Progressive Mep Engineering မှ 𝗠𝗘𝗣 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များ တာဝန်ယူထားသည့် အင်းစိန်မြို့နယ်၊ထန်းပင်ကုန်းရပ်ကွက် မှာ ရှိတဲ့ 𝐓𝐰𝐨 𝐒𝐭𝐨𝐫𝐲𝐞𝐝 𝐑.𝐂.𝐂 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥 အဆောက်အဦးရဲ့ 𝐏&𝐒 𝐬𝐲𝐬𝐭𝐞𝐦 အတွက် 𝐏𝐢𝐩𝐞 𝐬𝐥𝐞𝐞𝐯𝐞 ထည့်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါတယ်ခင်ဗျာ။

Slab နဲ့ Pipe sleeve ကြားမှ ရေယိုစိမ့်မှု မဖြစ်စေရန် 𝗦𝘄𝗲𝗹𝗹𝗶𝗻𝗴 𝗿𝘂𝗯𝗯𝗲𝗿 𝘄𝗮𝘁𝗲𝗿 𝘀𝘁𝗼𝗽𝗽𝗲𝗿 ထည့်ခြင်း၊ Sleeve ပိုက် ထည့်ခြင်းကြောင့် လျော့နည်းသွားသော Concrete strength အတွက် Sleeve ပိုက် ပတ်လည်အား𝗧𝗿𝗶𝗺𝗺𝗲𝗿 𝗯𝗮𝗿 အကူများ ထည့်ခြင်း စသည်တို့အား စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်ခင်ဗျာ။

𝐊𝐨𝐡𝐥𝐞𝐫 𝐛𝐫𝐚𝐧𝐝 𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐅𝐢𝐱𝐭𝐮𝐫𝐞𝐬 တွေကို 𝘾𝙡𝙖𝙨𝙨𝙞𝙘 ဆန်ဆန်သုံးထားတဲ့ ရွှေတောင်ကြားက Luxury Site လေး မကြာခင် ပြီးပါတော့မယ်😍😍😍။လ...
12/11/2024

𝐊𝐨𝐡𝐥𝐞𝐫 𝐛𝐫𝐚𝐧𝐝 𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐅𝐢𝐱𝐭𝐮𝐫𝐞𝐬 တွေကို 𝘾𝙡𝙖𝙨𝙨𝙞𝙘 ဆန်ဆန်သုံးထားတဲ့ ရွှေတောင်ကြားက Luxury Site လေး မကြာခင် ပြီးပါတော့မယ်😍😍😍။

လုပ်ငန်းအပ်နှံသူ Client များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။


▪️       ကျွန်တော်များ 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀𝗶𝘃𝗲 𝗠𝗘𝗣 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 မှ တာဝန်ယူ လုပ်ဆောင်တဲ့ တောင်ဥက္ကလာမြို့နယ်၊ ငွေကြာရံ အိမ်ရာ...
19/10/2024

▪️ ကျွန်တော်များ 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀𝗶𝘃𝗲 𝗠𝗘𝗣 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 မှ တာဝန်ယူ လုပ်ဆောင်တဲ့ တောင်ဥက္ကလာမြို့နယ်၊ ငွေကြာရံ အိမ်ရာအတွင်းရှိ 2 Storyed Residence ရဲ့ ရေမီး လုပ်ငန်းများရဲ့ ပုံရိပ်တစ်ချို့ဖြစ်ပါတယ်...။

▪️ ယုံကြည်စွာ လုပ်ငန်းအပ်နှံသော Client များကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။စီးပွါးဥစ္စာများ ဒီရေအလား တိုးတက်ပါစေခင်ဗျာ...။


12/04/2024

"နှစ်သစ်ဆုတောင်းလွှာ"
°°°°°°°°°°°°°°°°°°°°°°°°

နှစ်သစ်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ စီးပွားရေးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြပါစေလို့ ကျွန်တော်တို့𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀𝗶𝘃𝗲
မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ....။

Progressive Mep Engineering

ဆိုဒ်မတူသော ရေတိုင်ကီများကို တွဲဖက်အသုံးပြုခြင်း°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°          ပိုနေတဲ့ရ...
02/03/2024

ဆိုဒ်မတူသော ရေတိုင်ကီများကို တွဲဖက်အသုံးပြုခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပိုနေတဲ့ရေတိုင်ကီများကို အလဟဿ မဖြစ်ရအောင် တွဲသုံးချင်ရင်ပဲဖြစ်ဖြစ်၊ သုံးရတာ ရေမလောက်လို့ ရေတိုင်ကီထပ်ထည့်ချင်သော်လည်း တိုင်ကီအသေးလောက်ပဲ ထည့်သုံးချင်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ရေဂါလံချင်းမတူသော ရေတိုင်ကီ နှစ်မျိုးကို တွဲဖက်အသုံးပြုလိုပါက အောက်ပါ အတိုင်း အသုံးပြုနိုင်ပါတယ်။

ဥပမာ - လီတာ (၂၀၀၀) ရေတိုင်ကီနဲ့ လီတာ (၅၀၀) ရေတိုင်ကီ နှစ်လုံးဆိုပါစို့။ ရေတင်ပန့်(Transfer pump) ကနေ ထွက်လာတဲ့ ရေတင်ပိုက်ကို ရေတိုင်ကီ အကြီးထဲသို့ အရင်ထည့်ပါ။ ရေတိုင်ကီအကြီး ရေပြည့်လို့ ရေလျှံလာရင် ထွက်လာတဲ့ ရေလျှံပိုက်(overflow pipe) ကို ရေတိုင်ကီ အသေးထဲသို့ ထည့်ပါ။

ရေတိုင်ကီ အကြီးက ရေထွက်ပိုက်နဲ့ ရေတိုင်ကီ အသေး
က ရေထွက်ပိုက်တို့ကို ဆက်သွယ်တဲ့အခါ ရေတိုင်ကီအသေးက
ထွက်လာတဲ့ ရေထွက်ပိုက်မှာ တဖက်စီးဗား (Check valve) ခံပေးရမှာပါ။ မျက်စိထဲ မြင်သာအောင် အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ရှုနိုင်ပါတယ်။

တိုင်ကီအသေးရဲ့ ရေအထွက်ပိုက်မှာ Check valve မထည့်ရင်တော့ ရေတိုင်ကီ အသေးနဲ့အကြီးဟာ တဆက်ထဲ ဖြစ်ပြီး တိုင်ကီ ၂လုံးဟာ ရေပြိုင်တူ ဝင်လာမှာပါ။ အဲ့လိုဆိုရင်တော့ တိုင်ကီအသေး ဟာ ရေအရင်ပြည့်သွားမှာမို့ တိုင်ကီ အကြီး ရေပြည့်အောင်အထိ သုံးလို့မရတော့ပါဘူး။

မိတ်ဆွေများ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေခင်ဗျာ။


🙏🙏🙏 မင်္ဂလာပါခင်ဗျာ🙏🙏🙏°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°📖       M&E လုပ်ငန်းများကို လုပ်ကိုင်နေကြသူများ၊လေ့လာနေကြ...
04/01/2024

🙏🙏🙏 မင်္ဂလာပါခင်ဗျာ🙏🙏🙏
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

📖 M&E လုပ်ငန်းများကို လုပ်ကိုင်နေကြသူများ၊လေ့လာနေကြသူများ အတွက် ဖတ်ရှုလေ့လာနိုင်စေရန် မြန်မာဘာသာဖြင့် ရေးသားထားသော pdf စာအုပ် (၃၂) အုပ်အား တစ်နေရာထဲမှာ ဖတ်ရှုလို့ရအောင် ကျွန်တော်တို့ Progressive Mep Engineering မှ ရှာဖွေစုစည်း တင်ပြပေးလိုက်ပါတယ်။

👌 စာအုပ် link တွေ လွယ်လွယ်နဲ့ link မသေရအောင် ကျွန်တော်များ ရဲ့ ကိုယ်ပိုင်လိပ်စာနဲ့ upload တင်ထားတာမို့ စာအုပ်အကုန်လုံးကို download မဆွဲနိုင်သေးပါက ပို့စ်ကို Save (or) Share ပြုလုပ်ပီး သိမ်းထားနိုင်ပါတယ်။

📚 အားလပ်ချိန်လေးတွေမှာ လေ့လာဖတ်ရှုလိုသူများ၊အကြောင်းကြောင်းကြောင့် သင်တန်းတက်ဖို့ အဆင်မပြေသူများ အဆင်ပြေချောမွေ့ကြပါစေ။ မိမိအပေါင်းအသင်း၊မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးရင်း ပညာဒါန နိုင်ပါစေ။

#မြန်မာဘာသာဖြင့်ရေးသားထားသောစာအုပ်များစုစည်းမှု

◼ အီလက်ထရောနစ် အခြေခံလက်စွဲ-ဆရာမင်းမင်းထွန်း(4.98MB)
https://www.mediafire.com/file/a390xsxmlttwtz6/%25E1%2580%25A1%25E1%2580%25AE%25E1%2580%259C%25E1%2580%2580%25E1%2580%25BA%25E1%2580%2591%25E1%2580%259B%25E1%2580%25B1%25E1%2580%25AC%25E1%2580%2594%25E1%2580%2585%25E1%2580%25BA_%25E1%2580%25A1%25E1%2580%2581%25E1%2580%25BC%25E1%2580%25B1%25E1%2580%2581%25E1%2580%25B6%25E1%2580%259C%25E1%2580%2580%25E1%2580%25BA%25E1%2580%2585%25E1%2580%25BD%25E1%2580%25B2_-_%25E1%2580%2586%25E1%2580%259B%25E1%2580%25AC_%25E1%2580%2599%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8%25E1%2580%2599%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8%25E1%2580%2591%25E1%2580%25BD%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8_.pdf/file

◼ Sewerage and Sanitary work(COP) မြန်မာဘာသာပြန်-ဆရာနေဝင်းမောင်(5.14 MB)
https://www.mediafire.com/file/kmpupm0hrmnd4mh/Cop_SEWERAGE_AND_SANITARY_WORKS_PART-3.pdf/file

◼ မြန်မာနိုင်ငံမီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(၂၀၂၀) - မီးသတ်ဦးစီးဌာန (19.59 MB)
https://www.mediafire.com/file/4x5ukc0ypcagct5/Myanmar_Fire_Safety_Code_of_Procedures_2020%2528DRAFT%2529.pdf/file

◼ M&E systems for Building (မြန်မာလို) - ဆရာချောလွင် (4.66 MB)
https://www.mediafire.com/file/ghgo3757i9x7fu7/M%2526E_System_for_Buildind_by_KoChaw_Lwin_Collection%25281%2529.pdf/file

◼ Air Conditioning and Mechanical Ventilation (မြန်မာလို) - ကောင်းထက်ညွှန့် (19.53 MB)
https://www.mediafire.com/file/bennw6kathpl3ub/Air_Conditioning_and_Mechanical_Ventilation_%2528Volume-One%2529.pdf/file

◼ မီတာတိုင်းနည်း (262.04 KB)
https://www.mediafire.com/file/ffemalre4owr0b1/%25E1%2580%2599%25E1%2580%25AE%25E1%2580%2590%25E1%2580%25AC%25E1%2580%2590%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8%25E1%2580%2581%25E1%2580%25BC%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8.pdf/file

◼ လျှပ်စစ်မှတ်စု- လျှပ်စစ်ဝန်ကြီးဌာန (16.02 MB)
https://www.mediafire.com/file/5wdhgc4dzaqgatw/%25E1%2580%259C%25E1%2580%25BB%25E1%2580%25BE%25E1%2580%2595%25E1%2580%25BA%25E1%2580%2585%25E1%2580%2585%25E1%2580%25BA%252B%25E1%2580%2599%25E1%2580%25BE%25E1%2580%2590%25E1%2580%25BA%25E1%2580%2585%25E1%2580%25AF%2528%25E1%2580%259C%25E1%2580%25BB%25E1%2580%25BE%25E1%2580%2595%25E1%2580%25BA%25E1%2580%2585%25E1%2580%2585%25E1%2580%25BA%25E1%2580%259D%25E1%2580%2594%25E1%2580%25BA%25E1%2580%2580%25E1%2580%25BC%25E1%2580%25AE%25E1%2580%25B8%25E1%2580%258C%25E1%2580%25AC%25E1%2580%2594%2529.pdf/file

◼ Building Services (မြန်မာလို) - ဆရာနေဝင်းမောင် (19.21 MB)
https://www.mediafire.com/file/obc340jr5htoybk/Building_services_by_Nay_Win_Maung.pdf/file

◼ လျှပ်စစ်ကျွမ်းကျင်မှုမွမ်းမံသင်တန်း - စက်မှုဝန်ကြီးဌာန (14.93 MB)
https://www.mediafire.com/file/ocv8u31j32yanrg/EI%252BRefresher%252BCourse-1.pdf/file

◼ အိမ်တွင်းလျှပ်စစ်ကြိုးသွယ် ဆားကစ်ပတ်လမ်းများ - ဦးအုန်းမြင့်(လျှပ်စစ်) (9.33 MB)
https://www.mediafire.com/file/eiw5minfe0rcf3i/electric_installation%2528u_own_myaint%2529.pdf/file

◼ လျှပ်စစ်ပညာသဘောတရားနှင့်လက်တွေ့ - ဦးဖေသိန်း (17.4 MB)
https://www.mediafire.com/file/b2pxdkk5jb0rwzq/electrical_power_concept_and_practical%2528u_phae_thein%2529.pdf/file

◼ M&E Coordination work (မြန်မာလို) - ဆရာစန်းမောင်မောင် (2.27 MB)
https://www.mediafire.com/file/n8f41s3k2qh86qa/MandE_Coordination_by_SanMaungMaung.pdf/file

◼ M&E Collections facebook postများစုစည်းမှု
(မြန်မာလို) (3.26 MB)
https://www.mediafire.com/file/ejzzsfxyzsjwlii/mya-collection%252Bof%252BM%2526E%252Bfacebook%252Bpost.pdf/file

◼ လျှပ်စစ်တပ်ဆင်မှုလုပ်ငန်းများအတွက် တွက်ချက်မှုများ - စွယ်တော်မင်းသန်းအေး (63.59 MB)
https://www.mediafire.com/file/2ehredsa67ex9i2/mya-electrical_installation_calculation.pdf/file

◼ ပိုက်ပြင်ပိုက်ဆက်လက်စွဲ - အေးငြိမ်း(လေးမျက်နှာ) (33.16 MB)
https://www.mediafire.com/file/1cc1hahuc365wjz/Piping%252BBook%252BHadbook%252Bby%252BU%252BAye%252BNyein-2.pdf/file

◼ Power System များအကြောင်း - ဆရာအောင်ကိုထွေး(4.53 MB)
https://www.mediafire.com/file/fbob6ioga9jvo9v/power_system_%25E1%2580%2599%25E1%2580%25BB%25E1%2580%25AC%25E1%2580%25B8%25E1%2580%25A1%25E1%2580%2580%25E1%2580%25BC%25E1%2580%25B1%25E1%2580%25AC%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8_%2528aung_ko_htay%2529.pdf/file

◼ ရေပေးဝေရေးဘာသာရပ် အပိုင်း(၁) - ဆလိုင်းဦးမျိုးမြင့် (25.26 MB)
https://www.mediafire.com/file/ae944dallylmmnh/Water_supply_system-1.pdf/file

◼ ရေပေးဝေရေးဘာသာရပ် အပိုင်း(၂) - ဆလိုင်းဦးမျိုးမြင့် (23.74 MB)
https://www.mediafire.com/file/wdaswx9zhme1nvk/Water_supply_system_-_2.pdf/file

◼ လျှပ်စစ်အင်ဂျင်နီယာလက်စွဲ - ဦးကိုကိုလေး (34.92 MB)
https://www.mediafire.com/file/gtzlmbkr2sjoan8/UKOKOLAy_-_2021-06-01T224547.265.pdf/file

◼ M&E ဆိုတာ ဘာလဲ - ဆရာစည်သူညို (115.53 KB)
https://www.mediafire.com/file/4x910b15xj8gps4/What_is_MandE_by_Sithu_Nyo.pdf/file

◼ Fire Alarm System (မြန်မာလို) - ကောင်းထက်ညွှန့် (33.61 MB)
https://www.mediafire.com/file/jmaoazdtudzt79g/Fire_Alarm_system_-_Kaung_Htet_Nyunt.pdf/file

◼ Compressed Air System (မြန်မာလို) - ကောင်းထက်ညွန့် (2.15 MB)
https://www.mediafire.com/file/a6hkubjpek6hv1x/Compress_Air_system.pdf/file

◼ HVAC Controls and Building Automation System(မြန်မာလို)- ကောင်းထက်ညွှန့် (19.01 MB)
https://www.mediafire.com/file/j3l7bqjlt5quq5j/HVAC_control_%2526_Building_Automation_.pdf/file

◼ Chillers and Chilled Water Systems(မြန်မာလို) - ဆရာကောင်းထက်ညွှန့် (38.19 MB)
https://www.mediafire.com/file/1th7lj2f2co8h9v/Chiller_and_Chill_water_system.pdf/file

◼ ရာစုသစ်အခြေခံအီလက်ထရောနစ် - ဝင်းထက်ဝင်း (86.45 MB)
https://www.mediafire.com/file/du9npjg75q21dr4/Basic_Electric_Yar_Su_Thit.pdf/file

◼ Water tank များ အကြောင်း (ဆရာချောလွင်) (957.66 KB)
https://www.mediafire.com/file/5gp0ucsb0swj6k1/About_Water_Tanks_by_Chaw_Lwin.pdf/file

◼ Duct System (ဆရာကောင်းထက်ညွှန့်)(3.8 MB)
https://www.mediafire.com/file/4ztmozkkyo3npvv/Duct+System+Book.pdf/file

◼ အဆောက်အဦးအတွင်း သောက်ရေ၊သုံးရေ သွယ်တန်းခြင်း (6.27 MB)
https://www.mediafire.com/file/ete3agsa1cih0c5/About+for+Cold+water+supply+system.pdf/file

◼ Relay များ အကြောင်း (ဆရာရန်ကျော်မိုး)(395.99 KB)
https://www.mediafire.com/file/iqe9ymloum9j3bw/Type_and_Revolution_Electrical_Relays_+by_YanKyawMoe.pdf/file

◼ ELCB & RCD Breaker များ အကြောင်း (1.38 MB)
https://www.mediafire.com/file/fzgvtnb9ub5q1p0/ELCB+&+RCD.pdf/file

◼ Grease Trap များ အကြောင်း (ဆရာစိုးနိုင်ဝင်း) (471.13 KB)
https://www.mediafire.com/file/ajq6hjb4t7ntk5e/Grease+Interceptor.pdf/file

◼ M&E QS Notes (ဆရာရဲမျိုး) (13.7 MB)
https://www.mediafire.com/file/uqvjbqac809360t/Professional_QS_%2528Ye_Myo%2529.pdf/file

📚 စာအုပ်လေးတွေဖတ်ရင်း အသိပညာ၊အတတ်ပညာများ တိုးပွားကြပါစေ၊စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ လို့ ကျွန်တော်များ 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀𝗶𝘃𝗲 𝗠𝗲𝗽 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

📢 ဆက်လက်ပီးလည်း M&E စာအုပ်များ ရှာဖွေစုဆောင်းပီးပါက အပိုင်း (၂) အဖြစ် ဆက်လက်မျှဝေပေးသွားမှာမို့ နောက်လာမယ့် ပို့စ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။😊😊😊



(၇၆) နှစ်မြောက် "လွတ်လပ်ရေးနေ့" အား ကြိုဆိုဂုဏ်ပြုပါသည်။
04/01/2024

(၇၆) နှစ်မြောက် "လွတ်လပ်ရေးနေ့" အား ကြိုဆိုဂုဏ်ပြုပါသည်။


𝗡𝗲𝗮𝗿𝗹𝘆 𝗛𝗮𝗻𝗱𝗼𝘃𝗲𝗿👌♦          ယုံကြည်စွာ လုပ်ငန်းအပ်နှံသော မိတ်ဆွေများနှင့်Site တစ်ခုလုံး အောင်အောင်မြင်မြင် ပြီးဆုံးသည်အထိ...
03/01/2024

𝗡𝗲𝗮𝗿𝗹𝘆 𝗛𝗮𝗻𝗱𝗼𝘃𝗲𝗿👌

♦ ယုံကြည်စွာ လုပ်ငန်းအပ်နှံသော မိတ်ဆွေများနှင့်Site တစ်ခုလုံး အောင်အောင်မြင်မြင် ပြီးဆုံးသည်အထိ အင်တိုက်အားတိုက် လုပ်ကိုင်ပေးကြသော 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬𝐢𝐯𝐞 𝐌𝐞𝐩 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 မှ ညီငယ်များအား အထူးပင် ကျေးဇူတင်ရှိပါသည်။

♦ ကျွန်တော်တို့ရဲ့ 𝙈𝙀𝙋 𝙨𝙚𝙧𝙫𝙞𝙘𝙚𝙨 လုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် အမြဲကြိုးစားသွားပါမည်။


မကြာမီ အပ်နှံတော့မယ့် Siteလေး😍😍😍
20/12/2023

မကြာမီ အပ်နှံတော့မယ့် Siteလေး😍😍😍



𝗢𝗻𝗴𝗼𝗶𝗻𝗴 𝗣𝗿𝗼𝗷𝗲𝗰𝘁!!!        Schedule မှီအောင် လုပ်နေရတာမို့ နေပူလည်း နားနေလို့မဖြစ်၊ မိုးချုပ်လည်း အိမ်ပြန်လို့မဖြစ်ပဲ OT ...
18/12/2023

𝗢𝗻𝗴𝗼𝗶𝗻𝗴 𝗣𝗿𝗼𝗷𝗲𝗰𝘁!!!

Schedule မှီအောင် လုပ်နေရတာမို့ နေပူလည်း နားနေလို့မဖြစ်၊ မိုးချုပ်လည်း အိမ်ပြန်လို့မဖြစ်ပဲ OT တွေဆင်းပီး ကြိုးစားနေကြသော 𝙋𝙈𝙀 အဖွဲ့သားများ.....😍😍😍


𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲 𝗥𝗲𝗱𝘂𝗰𝗶𝗻𝗴 𝗩𝗮𝗹𝘃𝗲(𝗣𝗥𝗩)••••••••••••••••••••••••••••••••••••••••••          Pressure Reducing Valve (PRV) ဆိုတာ Wate...
23/05/2023

𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲 𝗥𝗲𝗱𝘂𝗰𝗶𝗻𝗴 𝗩𝗮𝗹𝘃𝗲(𝗣𝗥𝗩)
••••••••••••••••••••••••••••••••••••••••••

Pressure Reducing Valve (PRV) ဆိုတာ Water Supply System (ရေပေးဝေခြင်း) လုပ်ငန်းတွေမှာ ရေဖိအား (Pressure) ကို ကန့်သတ်ရန်အတွက် အသုံးပြုတဲ့ Valve တစ်မျိုး ဖြစ်ပါတယ်။

#ဘယ်လိုနေရာတွေမှာတပ်ဆင်အသုံးပြုသလဲ?

ဟိုတယ်၊ကွန်ဒို၊Shopoing Mall တို့လိုအထပ်မြင့် အဆောက်အဦးတွေမှာ Sanitary fixture တွေ (WC,
Basin,Shower) တွေကို Overhead tank ကနေ ရေပေးဝေဖို့ဆိုရင် အောက်ဆုံးအလွှာတွေဟာ ရေဖိအား (Pressure) ဟာ လိုအပ်တဲ့ Pressure ထက် များနေနိုင်ပါတယ်။

အထူးသဖြင့် WC (ဘိုထိုင်) ရဲ့ Hand Spray (ရေဆေးပိုက်) အတွက် Pressure ဟာ 2.5 ~ 3 bar လောက်အထိသာ အဆင်ပြေပါတယ်။ အဲ့ဒီထက် Pressure များနေရင် သုံးလို့အဆင်မပြေတော့ပါဘူး။ ရေဖိအားကို ပျှမ်းမျှသတ်မှတ်ရာမှာ အဆောက်အဦးအမြင့် 10 m( ပေ ၃၀) မှာ 1 bar သတ်မှတ်ကြပါတယ်။

အဲ့ဒီအခါမှာ အထပ်မြင့်အဆောက်အဦးတွေမှာ အဆောက်အဦးအမြင့်အပေါ် မူတည် တွက်ချက်ပီး Pressure Reducing Valve ကို တပ်ဆင်အသုံးပြုကြပါတယ်။

Pressure Reducing Valve (၂)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
◼ Direct Action
◼ Pilot Opreated

◼ Direct Action pressure reducing valve မှာတော့ Valve အတွင်းမှာပါတဲ့ Adjust Control Spring ရဲ့ရွေ့လျားမှုအပေါ် မူတည်ပီး Pressure အတိုးအလျှော့ကို လိုအပ်သလို ချိန်ညှိရတာပါ။

◼ Pilot Opreated pressure reducing valve မှာတော့ Adjust Control Spring အပြင် ဖိအား Pressure ကို အာရုံခံပေးတဲ့ ပိုက်တွေကနေ Down Stream Pressure ကို ချိန်ညှိလုပ်ဆောင်ပေးတာပါ။ အောက််မှာဖော်ပြထားတဲ့ ကျွန်တော်တို့ တပ်ဆင်အသုံးပြုနေတဲ့ PRV ကတော့ Pilot Opreated pressure reducing valve ပဲ ဖြစ်ပါတယ်။

ိုဘယ်လိုချိန်ညှိသလဲ?
PRV ကို ချိန်ညှိရာမှာ PRV မှာပါတဲ့ Screw or K**b ကို Clockwise (နာရီလက်တံ သွားရာဘက်သို့) လှည့်ပါက Output pressure တိုးလာမှာ ဖြစ်ပီး Counter Clockwise (နာရီလက်တံပြောင်းပြန်) အတိုင်း လှည့်ပါက Output Pressure လျော့သွားမှာဖြစ်ပါတယ်။ Pressure အတိုးအလျော့ကို သိဖို့ရာအတွက် PRV ရဲ့ အဝင်အထွက််မှာ Pressure Gauge တွေ ပါရှိရမှာဖြစ်ပါတယ်။ Direct Action PRV တွေ မှာတော့ Pressure Gauge မပါတော့ မိမိဘာသာ Pressure gauge တွေ တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ုံးပြုသောနေရာများ
Pressure Reducing Valve များကိုတော့ Apartment တွေ၊ Residential တွေ၊ Factory တေွမှာတော့ Branch ခွဲသွားတဲ့ ပိုက်လိုင်းတွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။ Floor to Floor အမျိုးအစားတွေ ဖြစ်တဲ့ Hotel ၊ Condo ၊ Office ၊ Shopping Mall တွေမှာတော့ Vertical Pipe တွေဖြစ်တဲ့ Riser တွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။

ဒီလောက်ဆိုရင် Pressure Reducing Valve အကြောင်း အကြမ်းဖျဥ်းသိလောက်ပီထင်ပါတယ်။ အသေးစိတ်မေးမြန်းလိုရင်လည်း ကျွန်တော်တို့ရဲ့ Progressive Mep Engineering ရဲ့ Chat Box မှာ လာရောက််မေးမြန်းနိုင်ပါတယ်ဗျ။ နောက်ရက်တွေမှာ M&E နဲ့ပတ်သတ်တဲ့ တခြားအကြောင်းအရာများကိုလည်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ရောစပ်ပီး စာတွေ့/လက်တွေ့ ေပါင်းစပ် မျှဝေပေးသွားပါမယ်ခင်ဗျာ။

" မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ"


Address

No(388), Sein Pann Street, Ward (40), North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95943011213

Alerts

Be the first to know and let us send you an email when Progressive Mep Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Progressive Mep Engineering:

Share