PHYO ကားပစၥည္းဆိုင္း

PHYO ကားပစၥည္းဆိုင္း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYO ကားပစၥည္းဆိုင္း, Automotive Parts Store, No, 272 Kyaik Kasan Road, Yangon.

        #ကားပစၥည္းဆိုင္
14/01/2022


#ကားပစၥည္းဆိုင္

11/01/2022

 #ကားပစၥည္းဆိုင္09946337935
10/01/2022

#ကားပစၥည္းဆိုင္
09946337935

 #ကားပစၥည္းဆိုင္
10/01/2022

#ကားပစၥည္းဆိုင္

10/01/2022
22/09/2020

Zawgyi >>>

#ကားအင္ဂ်င္စက္ႏႈိးမရေသာ ျပႆ နာႏွင့္ ခြၽတ္ယြင္းအားနည္းခ်က္မ်ား
⚡⚡⚡⚡⚡

🔨႐ုတ္တရက ္ကားအင္ဂ်င္စက္ ႏိႈးမရေသာ အခက္အခဲမ်ဳိးကုိ ကား ပုိင္ရွင္တုိင္း ႀကံဳဖူးၾကသည္။ ကား အေၾကာင္း အေျခခံက်က်နားလည္ ထားေသာ ၀ါရင့္အေတြ႔အႀကံဳရွိသူ မ်ားအတြက္ ေျဖရွင္းႏုိင္ေသာ္လည္း လူငယ္မ်ားႏွင့္ ယာဥ္ပိုင္ရွင္အသစ္ မ်ားအတြက္ ကားစက္ႏိႈးမရေသာ ျပႆနာသည္ ေခါင္းခဲအၾကပ္႐ိုက္ ျဖစ္ေစေသာ အခက္အခဲတစ္မ်ဳိးျဖစ္ ပါသည္။

🔧သင့္ကားအင္ဂ်င္ စက္ႏိႈးသြား ေစရန္ ႀကိဳးပမ္းေဆာင္ရြက္စဥ္ မည္ သည့္အရာမ်ား ျဖစ္ေပၚလာပါသ နည္း။ ခြၽတ္ယြင္းမႈျဖစ္ၿပီး မူမမွန္ေသာ အေျခအေနမ်ားကို ေလ့လာသံုးသပ္ ၍ #ကားစက္ႏိႈးမရေသာ ျပႆနာမ်ား ၏ အေျဖကုိ ရွာေဖြေဖာ္ထုတ္ႏုိင္ပါ သည္။

💣(၁) Ignition Switch ေသာ့ ေပါက္ထဲသို႔ ကားေသာ့ထည့္ၿပီးလွည့္ ၍ ရပါသလား။

💣(၂) ကားေသာ့လွည့္လိုက္ေသာ အခါ ကားဒတ္ခ်္ဘုတ္တြင္ မီးလင္း လာပါသလား။ ကားလံုၿခံဳေရးစနစ္ အရ ကားေသာ့ပံုစံ (Key-shaped Light) မီးအလင္းေရာင္ ေပၚလာပါ သလား။ အင္ဂ်င္ Check မီးလင္း ေနပါသလား။

💣(၃) ကားေသာ့တံကုိ "On" အဆင့္မွ "Start" အေနအထား Position သို႔လွည့္လုိက္ေသာအခါ ျဖစ္ေပၚ ေသာ အေျခအေနမ်ား -

👉 အင္ဂ်င္လွည့္မရပါ။ မည္ သည့္ အသံမွ်လည္း မၾကားပါ။

👉 ကားေသာ့ လွည့္လုိက္ပါက ေတာက္၊ ေတာက္ဟု ျမည္သံၾကားရ ၿပီး အင္ဂ်င္မလည္ပါ။ စက္ႏိူးေမာ္ တာ မ႐ုန္းပါ။

👉 စက္ႏိႈးေမာ္တာ ျဖည္းျဖည္း သာ လည္သည္။ စက္မႏိႈးပါ။

👉 စက္ႏႈိးေမာ္တာတစ္ပတ္ခ်င္း အားမရွိေသာ ပံုစံမ်ဳိးျဖင့္ လည္႐ံုသာ လည္ပါသည္။ စက္မႏိုးပါ။

🚨 #ပထမဆံုးစစ္ေဆးျခင္း🚨

🔔ကားစက္ႏိႈးမရပါက ပထမဆံုး စစ္ေဆးရမည့္အေျခခံမ်ားမွာ

👉 ဘက္ထရီအားရွိပါသလား။ OK မွာ ရွိေနပါသလား။

👉 ေအာ္တိုဂီယာေဘာက္စ္ကား မ်ား ဂီယာတံကုိ Park (P) တြင္ မထား ပါက စက္ႏိႈးေမာ္တာ မလည္ႏုိင္ေအာင္ စီမံထား ပါသည္။ ပါကင္ (P) ေနရာတြင္ ဂီယာ ၀င္ေနၿပီး ကားစက္ႏိုးသြားပါက ယာဥ္ တုိက္မႈ ျဖစ္တတ္ပါ သျဖင့္ Starting System တြင္ ေဘးကင္း လံုၿခံဳမႈရွိေစရန္ Neutral Safety Switch တပ္ဆင္ထား ျခင္းျဖစ္ ပါ သည္။

👉 ဘက္ထရီ ေကဘယ္ႀကိဳး အဆက္မ်ား၊ ဘက္ထရီေခါင္းငုတ္ မ်ား ေခ်ာင္ေနသလား။ လြတ္ေန သလား။

👉 ဆီတိုင္ကီထဲတြင္ ေလာင္စာ ဆီ အလံုအေလာက္ ရွိပါသလား။

👉 အျမင့္ကားမ်ားတြင္ လံုၿခံဳမႈ စနစ္ကုိ အဆင့္ျမႇင့္ထား၍ကားေသာ့ပံု မီးလင္းေနပါက စက္ႏိႈးမရပါ။

👉 ကားသူခိုးရန္မွ လံုၿခံဳမႈရွိေစ ရန္ Anti-theft System တပ္ထား ေသာ ကားမ်ားတြင္ အလြယ္တကူ စက္ႏိႈး၍ မရႏုိင္ပါ။

🚨 #ကားဘက္ထရီ စစ္ေဆးျခင္း🚨

🔔ခ်ာဂ်င္မ၀င္ႏုိင္ဘဲ အားကုန္ ေနေသာ ဘက္ထရီေၾကာင့္ စက္ႏႈိး ေမာ္တာ လံုး၀ မလႈပ္ရွားႏုိင္ေတာ့ပါ။ ဘက္ထရီတြင္ အားလက္က်န္ရွိ ^မရွိ စစ္ေဆးပါ။ ဟြန္းတီးၾကည့္ပါ။ ၀ိုက္ ဘာဖြင့္ၾကည့္ၿပီး ေရွ႔မီးႀကီးဖြင့္ၾကည့္ ပါ။ ဟြန္းသံက်ယ္ၿပီး ၀ိုင္ဘာလည္ ပတ္မႈေကာင္းပါက ဘက္ထရီေကာင္း ပါသည္။ မီးႀကီးအလင္းေရာင္လည္း စူးရွၿပီး လင္းထိန္ေနပါက ဘက္ထရီ အားျပည့္ေနေသာ အေျခအေနျဖစ္ပါ သည္။

🔒ဒိုင္နမို ခ်ာဂ်င္စနစ္ အားနည္း ၍ ဘက္ထရီသုိ႔ ခ်ာဂ်င္အ၀င္နည္းပါ က ဘက္ထရီတြင္ အားမရွိႏုိင္ပါ။ ေႏြရာသီတြင္ အပူခ်ိန္ျမင့္မားလြန္း၍ ဘက္ထရီအိုးထဲမွ လွ်ပ္လိုက္ရည္မ်ား အေငြ႔ပ်ံခန္းေျခာက္မႈ ျမန္သည္။ ဘက္ထရီပလိပ္ျပားေပၚေအာင္အထိ လွ်ပ္လိုက္ရည္ ေလ်ာ့က်ခန္းေျခာက္ ေနပါက ဘက္ထရီဓာတ္ျပဳႏုိင္ေသာ မ်က္ႏွာျပင္ဧရိယာ က်ဆင္းသြား၍ ဘက္ထရီအားမရွိေသာ ပံုစံမ်ဳိးျဖစ္ေန တတ္သည္။

🔔ဘက္ထရီအုိးတြင္ လွ်ပ္္လိုက္ ရည္ Level ျပန္ျပည့္ေအာင္ ဘက္ထရီ မိုးေရထပ္ျဖည့္ေပးရသည္။ ဘက္ထရီ ငုတ္တုိင္ႏွင့္ ဘက္ထရီေခါင္း တပ္ ဆင္ထားရွိမႈ တင္းၾကပ္ေသခ်ာေနရ မည္။ ဘက္ထရီေခါင္း ေခ်ာင္ေနပါက ထိဆက္မႈ အားနည္းၿပီး စက္ႏိႈး ေမာ္တာဆြဲပါက အားမေကာင္းဘဲ ျဖစ္ေနတတ္သည္။ ဘက္ထရီတစ္လံုး ၏ သက္တမ္းသည္ ႏွစ္ႏွစ္မွ ေလး ႏွစ္အထိ အသံုးခံပါသည္။ မၾကာခဏ ကားအင္ဂ်င္ စက္ႏိႈးေပးရေသာ ကားမ်ား၊ အဲကြန္းအၿမဲသံုးေသာကား မ်ား ဘက္ထရီသက္တမ္းတိုပါသည္။

🚨ေသာ့အံု (Ignition Switch) ထဲတြင္ကားေသာ့လွည့္မရျခင္း🚨

🔒စတီယာရင္တြင္ Lock က်ေန ပါက ကားေသာ့လွည့္၍မရပါ။ ေရွ႔ ဘီးေမာင္းကားမ်ား ေရွ႔ဘီးတာယာႏွင့္ လမ္းပလပ္ေဖာင္း ထိတိုက္ေနပါက Steering Wheel လွည့္၍ မရပါ။ ကားစတီယာရင္ကြင္းကုိ ဘယ္ / ညာ ကစားေပးၿပီး ကားေသာ့ကို ကစားေပး ပါက စတီယာရင္ကြင္း Lock က်ေန သည္ကို ျပန္၍ ကုစားႏုိင္ပါမည္။

🚨ကားဒတ္ခ်္ဘုတ္ Instrument Panel တြင္ မီးအလင္းေရာင္မေပၚ ျခင္း🚨

🔔ကားေသာ့တံသြင္း၍ေသာ့အံုကုိ On အေနအထားဖြင့္လိုက္ပါက ဒတ္ခ်္ဘုတ္မီးမ်ား လင္းရပါသည္။ အကယ္၍ Instrument Panel တြင္ မီးအလင္းေရာင္မ်ားေပၚမလာပါက ဘက္ထရီ လံုး၀အားမရွိ၍ျဖစ္ပါလိမ့္ မည္။

🚨စက္ႏိႈးေမာ္တာ လံုး၀မလည္ ႏုိင္ျခင္း🚨

🔒ကားေသာ့ လွည့္လိုက္ေသာ္ လည္း ေမာ္တာ လံုး၀ မဆြဲပါ။ ဘက္ထရီအားရွိ / မရွိဦးစြာစစ္ေဆးပါ။ ဘက္ထရီအား ေကာင္းပါလ်က္ ေမာ္တာ လံုး၀မလႈပ္ျခင္းမွာ ေမာ္တာ စနစ္တြင္ ခြၽတ္ယြင္းခ်က္မ်ား ရွိေန၍ ျဖစ္ပါမည္။

👉 ကားေသာ့အံု (Ignition Switch) ေကာင္း / မေကာင္း စစ္ေဆး ပါ။ ကားေသာ့အံု Switch မွ လွမ္းပုိ႔ လိုက္ေသာ လွ်ပ္စစ္ပါ၀ါသည္ ေမာ္တာ Solenoid ကြိဳင္၀ါယာသုိ႔ ေရာက္ရပါသည္။

👉 Solenoid ယူနစ္ကစားမွ ေမာ္တာသို႔ အားေကာင္းေသာ လွ်ပ္စီး ေၾကာင္း အမ္ပီယာမ်ားမ်ားကုိ ဘက္ ထရီမွ ရရွိပါမည္။

👉 စက္ႏိႈးေမာ္တာ စနစ္တြင္ ေဘးကင္းလံုၿခံဳမႈရွိေစရန္ Nautral Safety Switch ထားေလ့ရွိပါသည္။ ၎ Switch မေကာင္းပါကလည္း စက္ ႏိႈးေမာ္တာစနစ္သို႔ ဘက္ထရီမွ စြမ္း အင္မ်ား မေရာက္ႏုိင္ပါ။

🚨ေမာ္တာမွ ေတာက္ခနဲျမည္သံ ထြက္ၿပီး အင္ဂ်င္ကုိမလွည့္ႏိုင္ျခင္း🚨

🔑ကားေသာ့လွည့္၍ စက္ႏိႈး ေမာ္တာကုိ ဆြဲခုိင္းသည္။ ေမာ္တာမွ ဆိုလိုႏြိဳက္ကစားေသာ ေတာက္ ခနဲ ျမည္သံထြက္သည္။ သို႔ေသာ္လည္း အင္ဂ်င္ကုိ မလွည့္ႏုိင္ဘဲ ရပ္ေနမည္။ ဤသို႔ျဖစ္ပါက ဘက္ထရီအားနည္း ေန၍ျဖစ္မည္။ (သို႔မဟုတ္) ဘက္ထရီ ႀကိဳးႏွင့္ ဘက္ထရီေခါင္းမ်ား ဆက္ သြယ္မႈ မေကာင္းဘဲ မထိတထိျဖစ္ေန ျခင္းေၾကာင့္ျဖစ္မည္။

🔨 စက္ႏိႈးေမာ္တာ လည္ေသာ္ လည္း ဆြဲအားမေကာင္းဘဲ ေႏွးေကြး ေနသည္။ ကားအင္ဂ်င္စက္လည္း မႏိႈးႏုိင္ျဖစ္ေနပါက ကားဘက္ထရီ အားအျပည့္ရွိ / မရွိ ပထမစစ္ေဆးပါ။ ဘက္ထရီ အားေကာင္းပါလ်က္ ေမာ္တာ႐ုန္းအား မေကာင္းျခင္းျဖစ္ ေနပါက စက္ႏိႈးေမာ္တာ (Starter Motor) မေကာင္းျခင္းေၾကာင္ ့ျဖစ္ႏုိင္ သည္။ ဒိုင္နမို / ေမာ္တာ ဆားဗစ္ဆုိင္ တြင္ ေမာ္တာကုိ စစ္ေဆးပါ။ ဆားဗစ္ စင္လုပ္ပါ။ မေကာင္းေသာ အစိတ္ အပိုင္းမ်ားကုိ အစားထုိးလဲပါ။

🔧 စက္ႏိႈးေမာ္တာစနစ္ လည္း ေကာင္းသည္၊ ဘက္ထရီလည္း အား အျပည့္ရွိသည္။ ကားေသာ့လွည့္၍ စက္ႏိႈးၾကည့္ပါက ေမာ္တာအား ေကာင္းေကာင္းႏွင့္ လွည့္ေပးႏုိင္ သည္။ သို႔ေသာ္ ကားအင္ဂ်င္စက္ႏိႈး ရန္ အရိပ္အေယာင္ေတာင္ မျမင္ျဖစ္ ေနတတ္သည္။ ကားအင္ဂ်င္တစ္လံုး စတင္စက္ႏိႈးသြားႏုိင္ရန္ လိုအပ္ခ်က္ မ်ားက အဘယ္နည္း။

(က) 🚨 အင္ဂ်င္ လံုရမည္။🚨

🔓 Compression ဖိသိပ္အား ျမင့္မားရ မည္။ အင္ဂ်င္ ဆလင္ဒါ တစ္လံုးတြင္ Compression Test စမ္းၾကည့္ပါက ဖိသိပ္အား 120 psi မွ 170 psi အတြင္းရွိရမည္။ အကယ္၍ ဖိအား 70-80 psi ထက္ ေလ်ာ့နည္းေနလွ်င္ အင္ဂ်င္စက္ႏိႈးရန္ မျဖစ္ႏုိင္ေတာ့ပါ။ အင္ဂ်င္ Compression ေကာင္းၿပီး လံုေနေစရန္ ပစၥတင္ Ring မ်ား ေကာင္းရမည္။ ဆလင္ဒါ Head ဂတ္စ္ ကတ္လံုရမည္။ ဗားမ်ား လံုရမည္။ အင္ဂ်င္ Ring ကြင္းမ်ားက်ဳိးၿပီး တုိင္မင္ Belt ႀကိဳး မေကာင္း၍ တိုင္မင္လြဲေခ်ာ္ ေနေသာ အင္ဂ်င္တစ္လံုးသည္ Compression ဖိသိပ္အား မေကာင္းႏိုင္ ပါ။

(ခ) 🚨တိုင္မင္ မွန္ကန္ရမည္။🚨

🔑 အင္ဂ်င္ Head အတြင္းမွ ဗားမ်ား အဖြင့္အပိတ္ တိုင္မင္ကုိ မွန္ကန္တိက် စြာ လႈပ္ရွားေစေသာအရာမွာ Camshaft ျဖစ္သည္။ Camshaft ကို ခ်ိန္းႀကိဳး (သုိ႔မဟုတ္) တုိင္မင္ Belt ႀကိဳးျဖင့္ လွည့္ေပးသည္။ တုိင္မင္ Belt ႀကိဳးသက္တမ္းျပည့္ပါက အခ်ိန္ မီ အသစ္လဲေပးရသည္။

(ဂ) 🚨ေလာင္စာဆီႏွင့္ မီးပြား Spark🚨

🔓ဓာတ္ဆီ အင္ဂ်င္မ်ားသည္ မီး တိုင္မင္မွန္ကန္မွသာ စက္ႏိႈးရန္လြယ္ ကူသည္။ မီးေပးတိုင္မင္စနစ္ ေကာင္း ရန္ Ignition Coil ႏွင့္ Spark Plug မ်ားလည္း ေကာင္းရသည္။ ပလပ္ႀကိဳး ႏွင့္ ဒစ္စႀတီဗ်ဴတာမ်ား ေကာင္းရ သည္။ ဒစ္စႀတီဗ်ဴတာစနစ္ကုိ ေက်ာ္ လြန္ခဲ့ေသာ ယေန႔ေခတ္ကားအင္ဂ်င္ မ်ားတြင္ မီးတိုင္မင္ကုိ ကြန္ပ်ဴတာ စနစ္က အမိန္႔ေပးၫႊန္ၾကားသည္။

🔨ထုိနည္းအတူ ေလာင္စာဆီပုိ႔ စနစ္တြင္လည္း ကြန္ပ်ဴတာထိန္း ေက်ာင္းမႈရွိေသာ EFI စနစ္ျဖင့္ ဆီျဖန္႔ေ၀ေပးသည္။ ေလာင္စာဆီမ်ား အရည္အေသြးမွန္ကန္ၿပီး Injector မ်ား ေကာင္းပါက စက္ႏိႈးရန္အဆင္ သင့္ျဖစ္ေသာ အင္ဂ်င္တစ္လံုးျဖစ္ပါ သည္။

🔧ကားအင္ဂ်င္တစ္လံုး စက္ႏိႈး၍ မရေသာအေၾကာင္းတရားမ်ားကို ရွာ ေဖြေဖာ္ထုတ္ရာတြင္ သာမန္မ်က္ျမင္ စစ္ေဆး႐ံုျဖင့္မသိႏုိင္ေသာ ျပႆနာ မ်ားကို ပစၥည္းကိရိယာ Device အေထာက္အကူမ်ားျဖင့္ ရွာေဖြမွသာ ျမင္ႏုိင္ပါသည္။ ကားစက္ႏိႈးရခက္ ေသာ၊ အႏိႈးထုိင္းေသာ၊ စက္သံမမွန္ ေသာကားမ်ားကို ပစၥည္းကိရိယာစံု လင္ေသာ စက္ျပင္ကား၀ပ္ေရွာ့ပ္ႀကီး မ်ားတြင္ စစ္ေဆးျပဳျပင္သင့္ပါသည္။
🚘🚘🚘🚘🚘
==========================
ကူးယူမ်ွေဝျခင္းသာ

#ကား-Car အေျကာင္းစုံ

Crd : ကားခ်စ္သူ
Credit》》
awjmyanmar
photo:internet

Unicode

#ကားအင်ဂျင်စက်နှိုးမရသော ပြဿ နာနှင့် ချွတ်ယွင်းအားနည်းချက်များ
⚡⚡⚡⚡⚡

🔨ရုတ်တရက်ကားအင်ဂျင်စက် နှိုးမရသော အခက်အခဲမျိုးကို ကား ပိုင်ရှင်တိုင်း ကြုံဖူးကြသည်။ ကား အကြောင်း အခြေခံကျကျနားလည် ထားသော ၀ါရင့်အတွေ့အကြုံရှိသူ များအတွက် ဖြေရှင်းနိုင်သော်လည်း လူငယ်များနှင့် ယာဉ်ပိုင်ရှင်အသစ် များအတွက် ကားစက်နှိုးမရသော ပြဿနာသည် ခေါင်းခဲအကြပ်ရိုက် ဖြစ်စေသော အခက်အခဲတစ်မျိုးဖြစ် ပါသည်။

🔧သင့်ကားအင်ဂျင် စက်နှိုးသွား စေရန် ကြိုးပမ်းဆောင်ရွက်စဉ် မည် သည့်အရာများ ဖြစ်ပေါ်လာပါသ နည်း။ ချွတ်ယွင်းမှုဖြစ်ပြီး မူမမှန်သော အခြေအနေများကို လေ့လာသုံးသပ် ၍ #ကားစက်နှိုးမရသော ပြဿနာများ ၏ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပါ သည်။

💣(၁) Ignition Switch သော့ ပေါက်ထဲသို့ ကားသော့ထည့်ပြီးလှည့် ၍ ရပါသလား။

💣(၂) ကားသော့လှည့်လိုက်သော အခါ ကားဒတ်ခ်ျဘုတ်တွင် မီးလင်း လာပါသလား။ ကားလုံခြုံရေးစနစ် အရ ကားသော့ပုံစံ (Key-shaped Light) မီးအလင်းရောင် ပေါ်လာပါ သလား။ အင်ဂျင် Check မီးလင်း နေပါသလား။

💣(၃) ကားသော့တံကို "On" အဆင့်မှ "Start" အနေအထား Position သို့လှည့်လိုက်သောအခါ ဖြစ်ပေါ် သော အခြေအနေများ -

👉 အင်ဂျင်လှည့်မရပါ။ မည် သည့် အသံမျှလည်း မကြားပါ။

👉 ကားသော့ လှည့်လိုက်ပါက တောက်၊ တောက်ဟု မြည်သံကြားရ ပြီး အင်ဂျင်မလည်ပါ။ စက်နိူးမော် တာ မရုန်းပါ။

👉 စက်နှိုးမော်တာ ဖြည်းဖြည်း သာ လည်သည်။ စက်မနှိုးပါ။

👉 စက်နှိုးမော်တာတစ်ပတ်ချင်း အားမရှိသော ပုံစံမျိုးဖြင့် လည်ရုံသာ လည်ပါသည်။ စက်မနိုးပါ။

🚨 #ပထမဆုံးစစ်ဆေးခြင်း🚨

🔔ကားစက်နှိုးမရပါက ပထမဆုံး စစ်ဆေးရမည့်အခြေခံများမှာ

👉 ဘက်ထရီအားရှိပါသလား။ OK မှာ ရှိနေပါသလား။

👉 အော်တိုဂီယာဘောက်စ်ကား များ ဂီယာတံကို Park (P) တွင် မထား ပါက စက်နှိုးမော်တာ မလည်နိုင်အောင် စီမံထား ပါသည်။ ပါကင် (P) နေရာတွင် ဂီယာ ၀င်နေပြီး ကားစက်နိုးသွားပါက ယာဉ် တိုက်မှု ဖြစ်တတ်ပါ သဖြင့် Starting System တွင် ဘေးကင်း လုံခြုံမှုရှိစေရန် Neutral Safety Switch တပ်ဆင်ထား ခြင်းဖြစ် ပါ သည်။

👉 ဘက်ထရီ ကေဘယ်ကြိုး အဆက်များ၊ ဘက်ထရီခေါင်းငုတ် များ ချောင်နေသလား။ လွတ်နေ သလား။

👉 ဆီတိုင်ကီထဲတွင် လောင်စာ ဆီ အလုံအလောက် ရှိပါသလား။

👉 အမြင့်ကားများတွင် လုံခြုံမှု စနစ်ကို အဆင့်မြှင့်ထား၍ကားသော့ပုံ မီးလင်းနေပါက စက်နှိုးမရပါ။

👉 ကားသူခိုးရန်မှ လုံခြုံမှုရှိစေ ရန် Anti-theft System တပ်ထား သော ကားများတွင် အလွယ်တကူ စက်နှိုး၍ မရနိုင်ပါ။

🚨 #ကားဘက်ထရီ စစ်ဆေးခြင်း🚨

🔔ချာဂျင်မ၀င်နိုင်ဘဲ အားကုန် နေသော ဘက်ထရီကြောင့် စက်နှိုး မော်တာ လုံးဝ မလှုပ်ရှားနိုင်တော့ပါ။ ဘက်ထရီတွင် အားလက်ကျန်ရှိ ^မရှိ စစ်ဆေးပါ။ ဟွန်းတီးကြည့်ပါ။ ၀ိုက် ဘာဖွင့်ကြည့်ပြီး ရှေ့မီးကြီးဖွင့်ကြည့် ပါ။ ဟွန်းသံကျယ်ပြီး ၀ိုင်ဘာလည် ပတ်မှုကောင်းပါက ဘက်ထရီကောင်း ပါသည်။ မီးကြီးအလင်းရောင်လည်း စူးရှပြီး လင်းထိန်နေပါက ဘက်ထရီ အားပြည့်နေသော အခြေအနေဖြစ်ပါ သည်။

🔒ဒိုင်နမို ချာဂျင်စနစ် အားနည်း ၍ ဘက်ထရီသို့ ချာဂျင်အ၀င်နည်းပါ က ဘက်ထရီတွင် အားမရှိနိုင်ပါ။ နွေရာသီတွင် အပူချိန်မြင့်မားလွန်း၍ ဘက်ထရီအိုးထဲမှ လျှပ်လိုက်ရည်များ အငွေ့ပျံခန်းခြောက်မှု မြန်သည်။ ဘက်ထရီပလိပ်ပြားပေါ်အောင်အထိ လျှပ်လိုက်ရည် လျော့ကျခန်းခြောက် နေပါက ဘက်ထရီဓာတ်ပြုနိုင်သော မျက်နှာပြင်ဧရိယာ ကျဆင်းသွား၍ ဘက်ထရီအားမရှိသော ပုံစံမျိုးဖြစ်နေ တတ်သည်။

🔔ဘက်ထရီအိုးတွင် လျှပ်လိုက် ရည် Level ပြန်ပြည့်အောင် ဘက်ထရီ မိုးရေထပ်ဖြည့်ပေးရသည်။ ဘက်ထရီ ငုတ်တိုင်နှင့် ဘက်ထရီခေါင်း တပ် ဆင်ထားရှိမှု တင်းကြပ်သေချာနေရ မည်။ ဘက်ထရီခေါင်း ချောင်နေပါက ထိဆက်မှု အားနည်းပြီး စက်နှိုး မော်တာဆွဲပါက အားမကောင်းဘဲ ဖြစ်နေတတ်သည်။ ဘက်ထရီတစ်လုံး ၏ သက်တမ်းသည် နှစ်နှစ်မှ လေး နှစ်အထိ အသုံးခံပါသည်။ မကြာခဏ ကားအင်ဂျင် စက်နှိုးပေးရသော ကားများ၊ အဲကွန်းအမြဲသုံးသောကား များ ဘက်ထရီသက်တမ်းတိုပါသည်။

🚨သော့အုံ (Ignition Switch) ထဲတွင်ကားသော့လှည့်မရခြင်း🚨

🔒စတီယာရင်တွင် Lock ကျနေ ပါက ကားသော့လှည့်၍မရပါ။ ရှေ့ ဘီးမောင်းကားများ ရှေ့ဘီးတာယာနှင့် လမ်းပလပ်ဖောင်း ထိတိုက်နေပါက Steering Wheel လှည့်၍ မရပါ။ ကားစတီယာရင်ကွင်းကို ဘယ် / ညာ ကစားပေးပြီး ကားသော့ကို ကစားပေး ပါက စတီယာရင်ကွင်း Lock ကျနေ သည်ကို ပြန်၍ ကုစားနိုင်ပါမည်။

🚨ကားဒတ်ခ်ျဘုတ် Instrument Panel တွင် မီးအလင်းရောင်မပေါ် ခြင်း🚨

🔔ကားသော့တံသွင်း၍သော့အုံကို On အနေအထားဖွင့်လိုက်ပါက ဒတ်ခ်ျဘုတ်မီးများ လင်းရပါသည်။ အကယ်၍ Instrument Panel တွင် မီးအလင်းရောင်များပေါ်မလာပါက ဘက်ထရီ လုံးဝအားမရှိ၍ဖြစ်ပါလိမ့် မည်။

🚨စက်နှိုးမော်တာ လုံးဝမလည် နိုင်ခြင်း🚨

🔒ကားသော့ လှည့်လိုက်သော် လည်း မော်တာ လုံးဝ မဆွဲပါ။ ဘက်ထရီအားရှိ / မရှိဦးစွာစစ်ဆေးပါ။ ဘက်ထရီအား ကောင်းပါလျက် မော်တာ လုံးဝမလှုပ်ခြင်းမှာ မော်တာ စနစ်တွင် ချွတ်ယွင်းချက်များ ရှိနေ၍ ဖြစ်ပါမည်။

👉 ကားသော့အုံ (Ignition Switch) ကောင်း / မကောင်း စစ်ဆေး ပါ။ ကားသော့အုံ Switch မှ လှမ်းပို့ လိုက်သော လျှပ်စစ်ပါဝါသည် မော်တာ Solenoid ကွိုင်ဝါယာသို့ ရောက်ရပါသည်။

👉 Solenoid ယူနစ်ကစားမှ မော်တာသို့ အားကောင်းသော လျှပ်စီး ကြောင်း အမ်ပီယာများများကို ဘက် ထရီမှ ရရှိပါမည်။

👉 စက်နှိုးမော်တာ စနစ်တွင် ဘေးကင်းလုံခြုံမှုရှိစေရန် Nautral Safety Switch ထားလေ့ရှိပါသည်။ ၎င်း Switch မကောင်းပါကလည်း စက် နှိုးမော်တာစနစ်သို့ ဘက်ထရီမှ စွမ်း အင်များ မရောက်နိုင်ပါ။

🚨မော်တာမှ တောက်ခနဲမြည်သံ ထွက်ပြီး အင်ဂျင်ကိုမလှည့်နိုင်ခြင်း🚨

🔑ကားသော့လှည့်၍ စက်နှိုး မော်တာကို ဆွဲခိုင်းသည်။ မော်တာမှ ဆိုလိုနွိုက်ကစားသော တောက် ခနဲ မြည်သံထွက်သည်။ သို့သော်လည်း အင်ဂျင်ကို မလှည့်နိုင်ဘဲ ရပ်နေမည်။ ဤသို့ဖြစ်ပါက ဘက်ထရီအားနည်း နေ၍ဖြစ်မည်။ (သို့မဟုတ်) ဘက်ထရီ ကြိုးနှင့် ဘက်ထရီခေါင်းများ ဆက် သွယ်မှု မကောင်းဘဲ မထိတထိဖြစ်နေ ခြင်းကြောင့်ဖြစ်မည်။

🔨 စက်နှိုးမော်တာ လည်သော် လည်း ဆွဲအားမကောင်းဘဲ နှေးကွေး နေသည်။ ကားအင်ဂျင်စက်လည်း မနှိုးနိုင်ဖြစ်နေပါက ကားဘက်ထရီ အားအပြည့်ရှိ / မရှိ ပထမစစ်ဆေးပါ။ ဘက်ထရီ အားကောင်းပါလျက် မော်တာရုန်းအား မကောင်းခြင်းဖြစ် နေပါက စက်နှိုးမော်တာ (Starter Motor) မကောင်းခြင်းကြောင့် ဖြစ်နိုင် သည်။ ဒိုင်နမို / မော်တာ ဆားဗစ်ဆိုင် တွင် မော်တာကို စစ်ဆေးပါ။ ဆားဗစ် စင်လုပ်ပါ။ မကောင်းသော အစိတ် အပိုင်းများကို အစားထိုးလဲပါ။

🔧 စက်နှိုးမော်တာစနစ် လည်း ကောင်းသည်၊ ဘက်ထရီလည်း အား အပြည့်ရှိသည်။ ကားသော့လှည့်၍ စက်နှိုးကြည့်ပါက မော်တာအား ကောင်းကောင်းနှင့် လှည့်ပေးနိုင် သည်။ သို့သော် ကားအင်ဂျင်စက်နှိုး ရန် အရိပ်အယောင်တောင် မမြင်ဖြစ် နေတတ်သည်။ ကားအင်ဂျင်တစ်လုံး စတင်စက်နှိုးသွားနိုင်ရန် လိုအပ်ချက် များက အဘယ်နည်း။

(က) 🚨 အင်ဂျင် လုံရမည်။🚨

🔓 Compression ဖိသိပ်အား မြင့်မားရ မည်။ အင်ဂျင် ဆလင်ဒါ တစ်လုံးတွင် Compression Test စမ်းကြည့်ပါက ဖိသိပ်အား 120 psi မှ 170 psi အတွင်းရှိရမည်။ အကယ်၍ ဖိအား 70-80 psi ထက် လျော့နည်းနေလျှင် အင်ဂျင်စက်နှိုးရန် မဖြစ်နိုင်တော့ပါ။ အင်ဂျင် Compression ကောင်းပြီး လုံနေစေရန် ပစ္စတင် Ring များ ကောင်းရမည်။ ဆလင်ဒါ Head ဂတ်စ် ကတ်လုံရမည်။ ဗားများ လုံရမည်။ အင်ဂျင် Ring ကွင်းများကျိုးပြီး တိုင်မင် Belt ကြိုး မကောင်း၍ တိုင်မင်လွဲချော် နေသော အင်ဂျင်တစ်လုံးသည် Compression ဖိသိပ်အား မကောင်းနိုင် ပါ။

(ခ) 🚨တိုင်မင် မှန်ကန်ရမည်။🚨

🔑 အင်ဂျင် Head အတွင်းမှ ဗားများ အဖွင့်အပိတ် တိုင်မင်ကို မှန်ကန်တိကျ စွာ လှုပ်ရှားစေသောအရာမှာ Camshaft ဖြစ်သည်။ Camshaft ကို ချိန်းကြိုး (သို့မဟုတ်) တိုင်မင် Belt ကြိုးဖြင့် လှည့်ပေးသည်။ တိုင်မင် Belt ကြိုးသက်တမ်းပြည့်ပါက အချိန် မီ အသစ်လဲပေးရသည်။

(ဂ) 🚨လောင်စာဆီနှင့် မီးပွား Spark🚨

🔓ဓာတ်ဆီ အင်ဂျင်များသည် မီး တိုင်မင်မှန်ကန်မှသာ စက်နှိုးရန်လွယ် ကူသည်။ မီးပေးတိုင်မင်စနစ် ကောင်း ရန် Ignition Coil နှင့် Spark Plug များလည်း ကောင်းရသည်။ ပလပ်ကြိုး နှင့် ဒစ်စတြီဗျူတာများ ကောင်းရ သည်။ ဒစ်စတြီဗျူတာစနစ်ကို ကျော် လွန်ခဲ့သော ယနေ့ခေတ်ကားအင်ဂျင် များတွင် မီးတိုင်မင်ကို ကွန်ပျူတာ စနစ်က အမိန့်ပေးညွှန်ကြားသည်။

🔨ထိုနည်းအတူ လောင်စာဆီပို့ စနစ်တွင်လည်း ကွန်ပျူတာထိန်း ကျောင်းမှုရှိသော EFI စနစ်ဖြင့် ဆီဖြန့်ဝေပေးသည်။ လောင်စာဆီများ အရည်အသွေးမှန်ကန်ပြီး Injector များ ကောင်းပါက စက်နှိုးရန်အဆင် သင့်ဖြစ်သော အင်ဂျင်တစ်လုံးဖြစ်ပါ သည်။

🔧ကားအင်ဂျင်တစ်လုံး စက်နှိုး၍ မရသောအကြောင်းတရားများကို ရှာ ဖွေဖော်ထုတ်ရာတွင် သာမန်မျက်မြင် စစ်ဆေးရုံဖြင့်မသိနိုင်သော ပြဿနာ များကို ပစ္စည်းကိရိယာ Device အထောက်အကူများဖြင့် ရှာဖွေမှသာ မြင်နိုင်ပါသည်။ ကားစက်နှိုးရခက် သော၊ အနှိုးထိုင်းသော၊ စက်သံမမှန် သောကားများကို ပစ္စည်းကိရိယာစုံ လင်သော စက်ပြင်ကားဝပ်ရှော့ပ်ကြီး များတွင် စစ်ဆေးပြုပြင်သင့်ပါသည်။
🚘🚘🚘🚘🚘
==========================
ကူးယူမျှဝေခြင်းသာ

#ကား-Car အကြောင်းစုံ

Crd : ကားချစ်သူ
Credit》》
awjmyanmar
photo:internet

Address

No, 272 Kyaik Kasan Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959250657113

Website

Alerts

Be the first to know and let us send you an email when PHYO ကားပစၥည္းဆိုင္း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PHYO ကားပစၥည္းဆိုင္း:

Share