BEST SOLAR POWER

BEST SOLAR POWER Renewable Energy

With Growatt Burma – I'm on a streak! I've been a top fan for 15 months in a row. 🎉
15/01/2026

With Growatt Burma – I'm on a streak! I've been a top fan for 15 months in a row. 🎉

မင်္ဂလာပါမိတ်ဆွေတို့ရေ။30kW On Grid ဆိုလာ Site လေးတစ်ခု လုပ်ငန်းစတင်နေပါပြီ။🔷 Client : TED (Star City Thanlyin)🔷 Project...
13/01/2026

မင်္ဂလာပါမိတ်ဆွေတို့ရေ။
30kW On Grid ဆိုလာ Site လေးတစ်ခု လုပ်ငန်းစတင်နေပါပြီ။

🔷 Client : TED (Star City Thanlyin)
🔷 Project : On Grid Solar System
🔷 Capacity : 30kW + 50kW
🔷 Location : Zone A & C STP (Sewage Treatment Plant)
🔷 Designed & Built by BEST SOLAR POWER
🔷 PV Capacity: 46kWp + 76.32 kWp
🔷 Inverter : Huawei Solar Inverter
🔷 Solar : Bluesun Solar 720 Wp

BSP မှဝန်ဆောင်မှုပေးနေတဲ့ Services မြင်ကွင်းများ၊ကဲ့မိတ်ဆွေတို့ဆိုလာစနစ်များ ရေရှည်သုံးနိုင်ဖို့ လိုအပ်တဲ့ regular maint...
03/01/2026

BSP မှဝန်ဆောင်မှုပေးနေတဲ့ Services မြင်ကွင်းများ၊
ကဲ့မိတ်ဆွေတို့ဆိုလာစနစ်များ ရေရှည်သုံးနိုင်ဖို့ လိုအပ်တဲ့ regular maintenance services များကို ယုံကြည်စွာအပ်နှံနိုင်ပါပြီ။

Welcome 2026 "Happy New Year ပါမိတ်ဆွေများကိုယ်စိတ် ၂ ပါးကျမ်းမာချမ်းသာစွာနှင့် ယခင်နှစ်များမှ အတွေ့အကြုံကောင်းများမှ သင...
01/01/2026

Welcome 2026
"Happy New Year ပါ
မိတ်ဆွေများ
ကိုယ်စိတ် ၂ ပါးကျမ်းမာချမ်းသာစွာနှင့်
ယခင်နှစ်များမှ အတွေ့အကြုံကောင်းများမှ သင်ခန်းစာယူ၍ Year 2026 ကိုပိုမိုကောင်းမွန်စွာဖြတ်ကျော်နိုင် ကြပါစေ။

🙏🙏🙏 မင်္ဂလာပါမိတ်ဆွေတို့ရေ2025 ခုနှစ်အတွက် အပိတ်ရက်မှာ BEST SOLAR POWER CO.,LTD ရဲ့ CSR ( Corporate Social Responsibilit...
01/01/2026

🙏🙏🙏 မင်္ဂလာပါမိတ်ဆွေတို့ရေ
2025 ခုနှစ်အတွက် အပိတ်ရက်မှာ BEST SOLAR POWER CO.,LTD ရဲ့ CSR ( Corporate Social Responsibility) program လေးတစ်ခုလုပ်ဖြစ်ပါတယ်။
မိတ်ဆွေများ ယုံကြည်စွာလက်တွဲပြီးရခဲ့တဲ့ ဝင်ငွေများထဲမှ ပြုလုပ်ခဲ့တဲ့ အလှူလေးလဲဖြစ်တာကြောင့်၊ မိတ်ဆွေများသာဓုခေါ်နိုင်ရန်ဖြစ်ပါတယ်ခင်ဗျ။

🕹️System - 6kW Off Grid Hybrid

⬛ Solar PV panel - 720Wp Bluesun Solar 9 Pcs.

🌏 Location - ShanChaungZaytawon monastery, Hlaingtharyar T/S.

နှစ်ဟောင်းကတင်ကျန်နေတဲ့ အညစ်အကြေးများကို နှစ်သစ်ဆီမပါအောင် သန့်ရှင်းစင်ကြယ်စေခဲ့ပါပြီ။

🎄🎄🎄မင်္ဂလာပါမိတ်ဆွေတို့ရေ။အခုတစ်လော လုပ်ဖြစ်နေတဲ့ solar cleaning services မှာ cleaning kits အဖြစ် twins motor နဲ့ brush ...
29/12/2025

🎄🎄🎄မင်္ဂလာပါမိတ်ဆွေတို့ရေ။

အခုတစ်လော လုပ်ဖြစ်နေတဲ့ solar cleaning services မှာ cleaning kits အဖြစ် twins motor နဲ့ brush လေးသုံးပြီး services ပေးဖြစ်ပါတယ်။
ရေမဆေးတာကြာနေတဲ့ solar ပြားတွေမှာ ဂျိုးတက်နေတတ်ပါတယ်။
🗓️ အရင်နှစ်က သုံးခဲ့တဲ့ cleaning kits manual brush နဲ့က ရေဆေးရင် နှစ်ခေါက် သုံးခေါက်လောက်တိုက်ရတယ်၊ ရေဂျိုးတွေပြောင်အောင်ပေါ့။ ပြီးရင် အခြောက်ထပ်တိုက်ရတယ်။ အဲဒါတောင် တစ်ချို့အချပ်တွေစိတ်တိုင်းမကျခဲ့ဘူး။
📈 ဒီနှစ်သုံးတဲ့ motor နဲ့က motor လည် အားရယ် သူ့ဝိတ်ရယ်ပေါင်းပြီး ဆိုလာပြားကိုပွတ်ဆေးတာ ရေဂျိုးတွေလဲပြောင်တယ်။ အချိန်လဲသိပ်မပေးရဘူး။ ရေကောင်းကောင်းသုံးပေရင် ရလဒ်ကောင်းတယ်ဗျာ။ အောက်မှာပုံလေးတွေနဲ့ပြောပေးမယ်။
📅 ကဲပါဗျာ မိတ်ဆွေတို့ရဲ့ ဆိုလာစနစ်တွေ အထွက်ကောင်းဖို့ ဆက်သွယ်လိုက်ပါနော်။

Growatt ရဲ့ပွဲလေးတက်ဖြစ်တယ်။
26/12/2025

Growatt ရဲ့ပွဲလေးတက်ဖြစ်တယ်။

မိတ်ဆွေများ ဘဝအမောတွေပြေပျောက်ပါစေ။
25/12/2025

မိတ်ဆွေများ ဘဝအမောတွေပြေပျောက်ပါစေ။

🚿 ဆိုလာပြားတွေကို ရေဆေးဖို့ လိုပြီလား ?🙅 မဆေးပဲနေရင်ကော မရဘူးလား ?🤷 ရေဆေးရင်ကော ဆပ်ပြာတွေသုံးဖို့လိုသလား ?💁 ကို့ဘာသာကိုယ...
19/12/2025

🚿 ဆိုလာပြားတွေကို ရေဆေးဖို့ လိုပြီလား ?
🙅 မဆေးပဲနေရင်ကော မရဘူးလား ?
🤷 ရေဆေးရင်ကော ဆပ်ပြာတွေသုံးဖို့လိုသလား ?
💁 ကို့ဘာသာကိုယ် ဆေးလို့ရလား ?
🧜‍♂️ ရေဆေးဖို့ ဆိုရင် ဘယ်လိုရေနဲ့ဆေးရမလဲ ?
🕖 ဘယ်လိုအချိန်တွေဆေးရမလဲ
🧨 ဘာတွေထပ်သတိထားရမလဲ
စတဲ့ စတဲ့ မေးခွန်းတွေလာနေပါပြီ။
မီးပျက်တုန်းက တစ်တပ်တစ်အား တပ်လိုက်ကြတဲ့ ဆိုလာတွေ performance ကောင်းနေစေရန် အတွက် ဆိုလာပြားမျက်နှာပြင်ကို သန့်ရှင်းနေဖို့လိုပါတယ်။
မျက်နှာပြင်သန့်ရှင်းနေမှ နေရောင်ခြည်ကနေပါလာတဲ့ irradiance တွေကိုကောင်းမွန်စွာ ဖမ်းယူပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်မှာပါ။
ဆိုလာပြားမျက်နှာပြင်က ဖုံမှုန့်တွေ၊ချေးညော်တွေ၊ငှက်ချေးတွေ၊ စတာတွေ ကျနေရင် ဆိုလာပြားအလုပ်လုပ်နိုင်နှုန်းက ကျဆင်းသွားပါတယ်။
ဒါကြောင့် ဆိုလာပြားကို သန့်ရှင်းရေလုပ်ပေးဖို့လိုအပ်တာပါ။
ဒါဆိုရင် အပေါ်ကမေးခွန်းတွေကိုတစ်ခုချင်းအဖြေပေးမယ်။

🚿 ဆိုလာပြားတွေကို ရေဆေးဖို့ လိုပြီလား ?
ဒီလိုရာသီဥတုဆိုရင် လိုပါပြီ။ နေ့ခင်းဘက် လေထုထဲမှာပါဝင်လွင့်မျောနေတဲ့ ဖုံမှန့်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကထွက်တဲ့ ပတ်တီးမှုန့်၊ သဲမှုန်တွေ၊ ဘိလပ်မြေမှုန့်တွေ၊ စက်မှုဇုံထဲ (သို့) နီးတဲ့နေရာတွေဆိုရင် စက်ရုံ အလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင် အနိမ့် အမြင့်ကထွက်တဲ့ grease ပါတဲ့ကြပ်ခိုးမဲဖတ်တွေ၊ စတာတွေဟာ ဆိုလာပြားမျက်နှာပြင်တွေပေါ်မှာ တင်ကျန်ကပ်ညှိနေကြပါတယ်။ မနက်စောစောမြူကျတော့ ရေလေးတွေသီးကျန်တဲ့အခါ နေ့ခင်းကကျထားတဲ့ အမှုန့်ပေါင်းစုံနဲ့ မနက်စောစော တင်လာတဲ့ရေနဲ့ ရောပြီး ဂျပ်ပြင်ကြီးဖြစ်ပါလေရောဗျာ။
အဲဒီလိုဆိုတော့ ရာသီဥတုအခြေအနေအရဆေးဖို့လိုအပ်လာတာပါ။
နောက်တစ်ခုက အခြားရာသီတွေမှာလဲ ငှက်တွေများတဲ့ ဒေသတွေမှာ ငှက်ချေးတွေကလဲ ဒုက္ခပေးပါတယ်။ အဲဒါတွေကို တစ်လတစ်ခါလောက်တက်စစ်ကြည့်သင့်ပါတယ်။
နောက်တစ်ခုက solar output power နဲတယ်လို့ monitoring စနစ်ကနေပြနေရင်လဲ တက်စစ်ကြည့်သင့်ပါတယ်။ ဆိုလာပြားတွေ falling object ကြောင့် ကွဲအက်နေလား စသဖြင့်ပါ။
ကဲ့မိတ်ဆွေတို့ကော ဆေးသင့်တယ်ထင်လား ?

🙅 မဆေးပဲနေရင်ကော မရဘူးလား ?
မဆေးပဲလဲနေလို့ရပါတယ်၊ ဆိုလာပြားကတော့သူ့အလုပ်သူရသလောက်လုပ်နေမှာပဲ။ ROI တွေဘာတွေ နဲ့ run နေတဲ့ system တွေနဲ့ တစ်ကယ့်ကို solar ကိုအားကိုးပြီး operated လုပ်နေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ လျှပ်စစ်မီးမမှန်လို့တပ်ထားရတဲ့ အိမ်တွေဆိုရင်တော့ဆေးသင့်တာပေါ့။

🤷 ရေဆေးရင်ကော ဆပ်ပြာတွေသုံးဖို့လိုသလား ?
Manufacturer တွေရဲ့ cleaning guide တွေမှာတော့ အားပျော့ တဲ့ detergent တွေကိုသုံးနိုင်တယ်လို့ဆိုထားတယ်။ ကျွန်တော်ကတော့တတ်နိုင်သလောက် ဆပ်ပြာမသုံးဘူးခင်ဗျ။ ဆပ်ပြာကြောင့် ဆိုလာပြားမှာရှိတဲ့ seal တွေအချိန်မတန်ခင်ပျက်ပြီး ရေဝင် ရှော့ဖြစ်ကုန်မှာစိုးတယ်။ ကိုယ့် ကိုယ်ပိုင်ပစ္စည်းမဟုတ်ပေမယ့် ကိုယ့် Customer ကို ဂရုစိုက်ပေးတာပါ။
ဒါပေမယ့် ဆိုလာပြားကိုကြည့်လိုက် ဖုန်တွေကပ်ပြီးဖွေးစိန်ဖြစ်နေရင် ဆပ်ပြာသုံးစရာမလိုဘူးလို့ အကြမ်းဖျင်းမှတ်လို့ရတယ်။
အကယ်၍ ဆိုလာပြားမျက်နှာပြင်က ကျပ်ခိုးတွေလိုမဲနေရင် ဆီညော်ပါဝင်နိုင်တော့ ဆပ်ပြာပျော့ပျော့ကိုတော့သုံးရလိမ့်မယ်ဗျ။
နောက်မှ ရှာတွေ့ထားတာလေးတွေဝေမျှပါဦးမယ်။

💁 ကို့ဘာသာကိုယ် ဆေးလို့ရလား ?
ရပါတယ်။ ဒါပေမယ့် safety အတွက်တော့သတိထားရလိမ့်မယ်။
ရေစိုမှာဖြစ်တဲ့အတွက် အဓိက ရာဘာလည်ရှည်ဖိနပ်စီးထားသင့်တယ်၊ ရာဘာလက်အိပ်စွပ်နိုင်ရင်ပိုကောင်းတယ်။
ဒါက safety အတွက်၊ နောက်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေရှိသေးတယ်။
အဲဒါတွေသိချင်ရင် မန့်မှာပြောထားဗျာ တင်ပေးမယ်။

🧜‍♂️ ရေဆေးဖို့ ဆိုရင် ဘယ်လိုရေနဲ့ဆေးရမလဲ ?
ဆိုလာပြားထုတ်လုပ်သူတွေ ရဲ့ cleaning guide တွေထဲမှာတော့ low mineral content and a total hardness less than 75 mg/L ကိုသုံးသင့်တယ်လို့ရေထားတယ်။ ideal option ကတော့ RO water ပါပဲ။

ကျွန်တော်ကတော့ဖတ်ပြီး ဒီမှာနဲဲ့အသင့်တော်ဆုံး ကိုစဉ်းစားရွေးထုတ်ထားတယ်။
RO water ကတော့ဦးစားပေးပါပဲ။
နောက် plan B အနေနဲ့ က RO မရောက်ခင်အဆင့်ရှိတဲ့ filtration လုပ်ထားတဲ့ ရေပါ။
အလွယ်ဆုံးက ရေသန့်ပါပဲ။
မသုံးသင့်ဆုံးက အဝီစိတွင်းရေ နဲ့ ကန်ရေပါပဲ။ သူတို့က ရေမှာပျော်ဝင်ပစ္စည်းတွေကသဘာဝအတိုင်းရှိနေတာ။ ဆိုလာပြားကရေဆေးပြီး သဘာဝလေနဲ့ပဲခြောက်သွားရင် အဲဒီရေမှာပျော်ဝင်နေတဲ့ အရာတွေက ဆိုလာပြားပေါ်မှာကျန်ခဲ့တာ ဆိုတော့ ဆေးကား ဆေး၏ မရ ဖြစ်ရောပေါ့ဗျာ။

🕖 ဘယ်လိုအချိန်တွေဆေးရမလဲ
နေရောင်ချည်ကျရောက်မှုနဲတဲ့ အချိန်ကိုရွေးချယ် ရင်အကောင်းဆုံးပါ။ ဥပမာ မနက်စောစော သို့ ည နေဝင်ခါနီး အချိန်တို့ပေါ့ဗျာ။

🧨 ဘာတွေထပ်သတိထားရမလဲ
ရှိသေးတာပေါ့ဗျာ
ဆိုလာဆေးရင် ဘာ tools တွေသုံးပြီးဆေးရမလဲ ?
တတ်နိုင်သမျှတော့ non conductive brush တို့၊ ကားတွေမှာသုံးတဲ့ ရေစုပ်ယူအားကောင်းပြီး ကားမှန်တွေအစင်းကြောင်းမထင်စေတဲ့ microfibers cloth တွေနဲ့လုပ်ထားတဲ့ ကြမ်းတိုက်တံ တို့နဲ့က သင့်တော်ပါတယ်။
အကောင်းဆုံးကတော့ solar ပြား cleaning အတွက်သီးသန့်ထုတ်ထားတဲ့ manual တိုက်ဆေးရတဲ့ brush တွေ၊ motor ပါလာပြီး လူကိုင်ဆေးရတဲ့ brush တွေ၊လူမပါပဲ robots နဲ့ဆေးတာတို့ပေါ့ဗျာ။

နောက်သတိထားရဦးမှာ က ပါတ်ဝန်းကျင်အပူချိန်ပါ။
ကိုယ်ဆေးမယ့်အချိန်က temperature မြင့်နေတဲ့အချိန် ဆိုရင်မဆေးသင့်ဘူးဗျ။ အကြောင်းက ဆိုလာပြားရဲ့ အပူချိန်မြင်နေတဲ့အချိန်မှာ ရေအေးနဲ့ထိသွားရင် ဆိုလာပြားရဲ့ အပေါ်ဆုံးအလွှာ tempered glass က temperature different ကြောင့် ကွဲအက်သွားနိုင်လို့ပါပဲ။ ဆိုလာပြားအပူချိန်နဲ့ ရေရဲ့အပူချိန် ကွာခြားမှုမရှိရင်တော့ အဲဒီပြဿနာမဖြစ်တော့ဘူးပေါ့ဗျာ။

⬇️ အောက်မှာ ရေဆေးပြီးဆိုလာ output အခြေအနေလေးပြထားတယ်။

✨ ဒီ post မှာကျန်နေတဲ့အချက်လေးများ မိတ်ဆွေတို့သတိပြုမိတာလေးရှိရင် မှတ်ချက်ပေးထားဖို့ တောင်းဆိုပါတယ် ခင်ဗျ။
နောက်ဆုံးက Solar cleaning services ယူမယ်ဆိုရင် booking လေးတင်ထားပေးပါ။ လုပ်ငန်းရမယ့် အချိန်လေး ညှိနှိုင်း ပေးပါမယ်ခင်ဗျ။
PH / Viber 09942848612

မင်္ဂလာပါ မိတ်ဆွေတို့ရေ🔋🔋🔋 LiFePo4 battery လေးတစ်လုံးကို အချိန်လေးပေးပြီး treatment လုပ်ထားတာလေးမျှဝေဦးမယ်ခင်ဗျ။ Used Ce...
08/12/2025

မင်္ဂလာပါ မိတ်ဆွေတို့ရေ
🔋🔋🔋 LiFePo4 battery လေးတစ်လုံးကို အချိန်လေးပေးပြီး treatment လုပ်ထားတာလေးမျှဝေဦးမယ်ခင်ဗျ။
Used Cells လေးတွေနဲ့ လုပ်ထားတဲ့ SAKO brand LiTower 200Ah လေးကို treatment လေးလုပ်လိုက်တယ် အချိန် ၅ ရက်လောက်ယူလိုက်တယ်။
မဆိုးဘူးဗျ အတော်တက်လာတယ်။ အသုံးလဲပိုခံလာတယ်။
စက်ရုံကထုတ်လာတဲ့ အရည်အသွေးတော့မရဘူးပေါ့ဗျာ။ 150Ah လောက်တော့ကောင်းကောင်းသုံးနိုင်သေးတယ်။
Original BMS ကိုဖြုတ် ကိုယ့် BMS JBD ကိုထည့်။
JBD Display နဲ့ပြန်ဆင်ထားတာ။
ကဲ့ဗျာ မိတ်ဆွေတို့ရဲ့ LiFePo4 battery တွေ performance ကျနေရင် ( သို့ ) error တက်နေရင်
BEST SOLAR POWER ကိုသတိရပါ။

03/12/2025

မိတ်ဆွေတို့ရေ ပွင့်လင်းရာသီလဲရောက်ပြီ။

မိမိတို့တပ်ထားသော ဆိုလာပြားတွေအတွက် performance ကောင်းကောင်း ရနေစေဖို့၊ regular maintenance ကိစ္စတွေထဲက Solar ပြားဆေးကြောခြင်းဆိုတဲ့ ကိစ္စကို လုပ်ရမှာပါ။
ဆိုလာပြားတွေဘယ်အချိန်ဆေးသင့်သလဲဆိုတာ အရင် post တွေမှာ ပြောထားပြီးပါပြီ။

ဆိုလာထွက်အားကောင်းမှ မူရင်းရည်ရွယ်တွက်ချက် ထားတဲ့ မီတာခသက်သာရေး၊ ဆိုလာနဲ့ ဘယ်ပစ္စည်းတွေသုံးမှာ၊ ROI တွေ၊ စတာတွေကိုရရှိမှာဖြစ်တယ်။

ကဲ့
BSP ကတော့ တစ်နှစ်ထက်တစ်နှစ်ပိုမိုကောင်းမွန်တဲ့ Services ပေးနိုင်ဖို့ ဒီလိုပြင်ဆင်ထားပါတယ်။
မြန်ဆန်ရမယ်၊ လွယ်ကူရမယ်၊ သေချာစေရမယ်။
မိတ်ဆွေတို့ရဲ့ Solar စနစ်တွေ ကျန်းမာစေဖို့အတွက်
BEST SOLAR POWER ရှိနေပါတယ်နော်။

မင်္ဂလာပါမိတ်ဆွေတို့ရေ။ဒီတစ်ခေါက် တော့ System relocation လေးပါ။ Customer ကအိမ်ပြောင်းတော့ solar system ပါပြောင်းရတာပေါ့။...
09/09/2025

မင်္ဂလာပါမိတ်ဆွေတို့ရေ။
ဒီတစ်ခေါက် တော့ System relocation လေးပါ။
Customer ကအိမ်ပြောင်းတော့ solar system ပါပြောင်းရတာပေါ့။
မှတ်မိကြဦးမလား တော့မသိဘူး Bluesun set လေးတစ်စုံလေ။
Bluesun Solar,
Bluesun inverter,
Bluesun LFP Battery.
ဒီတစ်ကြိမ်တော့ Customer က Engineering Field ကမို့လားမသိ regular maintenance access အတွက် ကိုတစ်ခါတည်းဆောင်ရွက်စေတာတွေ့ရပါတယ်။

Address

Shwetamar (2) Street
Yangon
11401

Telephone

+95943023818

Website

Alerts

Be the first to know and let us send you an email when BEST SOLAR POWER posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BEST SOLAR POWER:

Share