08/12/2024
အစစ အရာရာ စျေးကြီးနေတဲ့ ခုချိန်မှာ ...
Value Engineering က ရှေ့တန်း ရောက်လာလို့ ...
Architect အပါအဝင် Design team တခုလုံး က စဥ်းစားပေးကြရတာမျိုးကို market က တောင်းဆိုနေတာကြောင့် ...
ရေးခဲ့ဖူးတာလေးကို ပြန် Share တာပါ ...
_
Value Engineering … (VE)
စကားလုံး အသုံးအနှုန်းကြီး နေလို့သာ … တကယ်တော့ အားလုံး နေ့တဓူဝ သုံးတာ စွဲတာ မှာလည်း စဉ်းစားနေကြတာပါဘဲ …
အမျိုးသမီးတွေ ပစ္စည်းတခု ဝယ်မယ် ဆိုရင် မဝယ်ခင် အရောင် .. အဆင်က ဘယ်လို၊ ဈေးက ဘယ်လောက်၊ quality က ဘယ်လို၊ ဘယ်နှစ်ပွဲ ဝတ်လို့ရမယ် စသဖြင့် cost နဲ့ quality တင် မက လိုချင်တဲ့ စံ၊ အသုံးတဲ့မယ့် အနေအထား စတဲ့ criteria မျိုးစုံကို ခေါင်းထဲ ထည့်ပြီး ဆိုင်တွေ မပိတ်မချင်း ပတ်ကြတာ VE ပါဘဲ …
Value Engineering ကို construction industry မှာတော့ များသောအားဖြင့် scheme design stage တွေမှာ လုပ်လေ့ရှိပါတယ်။
VE study ဆိုတာ cost လျှော့ချနိုင်ဖို့ အဓိက ရည်ရွယ်တယ် ဆိုပေမဲ့ low quality လုပ်ဖို့ မဟုတ်ပါဘူး။
ကျနော်တို့ structural engineering မှာ ဆိုရင်တော့ column size တွေ လျှော့ပြစ်တာ၊ beam size တွေ လျှော့ပြစ်တာ၊ သံချောင်းတွေ လျော့တာမျိုး လုပ်ဖို့ မဟုတ်ပါဘူး။ Unnecessary cost ကို ဘယ်လို လျော့ချနိုင်မလဲ ဆိုတာကို systematic approach လုပ်တာပါ။
လုပ်ခဲ့ဖူးတဲ့ ပရောဂျက် ရဲ့ concrete framed building တခုမှာ column တိုင် တွေ ဟာ အပေါ် ဆုံး ကနေ အောက်ဆုံး မြေအောက် ဒုတိယအထပ် ဖောင်ဒေးရှင်း ထိ တိုက်ရိုက် မသွားဘဲ basement ၂ ထပ်မှာ သီးခြား column layout ပြောင်းသွားတဲ့ အတွက် မြေညီထပ်မှာ transfer beam တွေနဲ့ အပေါ်ထပ်တွေက column တွေကို ထောက်ပို့ပေးနိုင်ဖို့ လုပ်ထားရပါတယ်။
Loading သိပ်များတဲ့ အတွက် transfer concrete beam size ကြီးတွေဟာ အဆမတန်ကြီး နေတဲ့ အပြင် ဆက်စပ်နေတဲ့ Column, Pile cap, Pile အရေအတွက် အစစ အရာရာ ကြီးကုန်ပါတယ်။
VE study လုပ်တော့ ကျနော်တို့က အာခီတက် ကို transfer beam မသုံးရတဲ့ alternative layout သုံးနိုင်မယ် ဆိုရင် transfer beam တွေ မလိုတော့တဲ့ အတွက် မြေအောက် တူးရမဲ့ အနက် လျှော့လို့ ရမယ် လို့ အကြံပေးပါတယ်။
ပေါင် သန်း ၁၅၀ လောက် ကုန်ကျမဲ့ site တခုလုံးရဲ့ ၃ ပုံ ၁ပုံ လောက်မှာ တူးရမဲ့ မြေအနက် ၁ မီတာလောက် လျော့သွားစေလို့ မြေတူးဖို့တင် မကဘဲ ဘေးက sheet pile wall design/ column / beam/ pile cap/ pile design အစရှိသဖြင့် အားလုံးပေါ်မှာ လျော့ကျသွားစေပါတယ်။
အာခီတက်က archi requirement ကို alternative ပြောင်းနိုင်အောင် စဉ်းစားလို့ ရမယ် ဆိုရင် ကျနော်တို့ကလဲ structural scheme က ဘယ်လို လုပ်လို့ ရမယ်၊ ဘယ်လောက် လျော့သွားမယ် ဆိုတာတွေကို လည်း ချပြပေးရပါမယ်။ design team တခုလုံး က ဝိုင်း စဉ်းစားကြတဲ့ process မျိုးပါ။
VE စဉ်းစားရင် cost ကို အနည်းဆုံး ဖြစ်အောင် လျှော့ချဖို့ study လုပ်တဲ့ VE process ကို စောစော လုပ်နိုင်ဖို့ လိုပါတယ်။ conceptual design stage မှာ အသင့်တော်ဆုံးပါ။
ပုံမှာ ပြထားသလို အချိန်က နောက် တဖြည်းဖြည်း ရောက်လာပြီ ဆိုရင်တော့ အကန့်အသတ် တွေ ပိုများလာပါမယ်။ ပိုကုန်ဖို့တောင် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
VE လုပ်ဖို့ အခြေခံ စဉ်းစားဖို့ လိုတာက ၅ ချက်ပါ။
• What is it?
• What does it do?
• What does it cost?
• What else will do the job?
• What will that cost?
ရိုးရိုးလေးပါဘဲ။ ဒီ အချက်တွေ တဆင့်ပြီး တဆင့် ဝိုင်း စဉ်းစားကြရင် ကုန်ကျစရိတ် နဲ့ ကာမိပြီး အရည်အသွေးလဲ မလျော့စေတဲ့ ပရောဂျက် တခု ရစေပါမယ်။