PCG General service in
- Air Conditioner
- Refrigerator
- Electrical

28/04/2026
16/03/2026

Aircon ,ရေခဲသေတ္တာ ၊အဝတ်လျှော်စက်၊Solar,Battery,Inverter
Home Applier brand အစုံကို တနေရာတည်းမှာရရှိနိုင်ပြီး
Door To Door serviceဖြင့် ပြုပြင်၊တပ်ဆင်ခြင်းများကို
အိမ်အရောက်ဝန်ဆောင်မှု ရရှိနိုင်ပါတယ်။

‘Customer’s Satisfaction is Our Future’

16/03/2026

အဲကွန်း ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အပိုပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး

စက်ထုတ်လုပ်သူတွေလိုဒီဇိုင်းမျိုးတွေဖန်တီးသင့်တယ်
06/09/2025

စက်ထုတ်လုပ်သူတွေလိုဒီဇိုင်းမျိုးတွေဖန်တီးသင့်တယ်

24/02/2025

နွေရာသီရောက်ရင်...အဲကွန်းကို ၂၆ မှာပဲထားတော့မယ် မီတာခ သက်သာပြီး ကျန်းမာရေးနဲ့လည်းညီ
ညွတ်တယ်တဲ့
M......

အဲကွန်း Remote Control ကနေ အပူချိန်ကို
အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက်
ထားလိုက်ရင်

၂၆ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့
လေတွေ ထွက်လာမယ်၊ အခန်းလည်း
မြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။

အမှန်က လုံးဝ မဟုတ်ပါဘူး။

အဲကွန်းက ထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။
ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။

လူအများနားလည်အောင် Technical Terms တွေ
ကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။

ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့
Split Type Air Conditioner တွေမှာ
Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါ၀င်ပါတယ်။

အဓိက အနေနဲ့ Indoor Unit မှာ Evaporator
နဲ့ Outdoor Unit မှာ Compressor နဲ့
Condenser တွေ ပါဝင်ပါတယ်။

Evaporator ဟာ လေထုထဲက ရေငွေ့တွေကို
ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို အေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။

အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက
လေကို စုပ်ယူလိုက်ပါတယ်။

အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို
Evaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး
အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ

အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက
ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို
Compressor နဲ့ Condenser တွေကို
ဖြတ်သန်စေပြီး

အေးမြခြောက်သွေ့တဲ့ လေကို
ပြန်မှုတ်သွင်းလိုက်ပါတယ်။

ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ
အဲကွန်းကို ၂၆ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင်

၂၆ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုကို စုပ်ယူလိုက်၊

လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို
ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို
တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။

ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ
သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို

အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့
အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။
စက်ရပ်တာ ကြာလာလို့ အခန်းတွင်း အပူချိန်က
၂၆ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက
အလုပ် ပြန်လုပ်ပါတယ်။

ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို
ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင်
၂၆ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ
ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။

အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ
ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။

အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း

အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက်
မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ
(ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။

ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့
ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့
ပြန်သုံးသပ်သင့်ပါတယ်။

လူ့အရေပြားဟာ အပူချိန် ၂၆ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို
၂၆ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ

ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို...

ပြင်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာအသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက်

ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင်
အတွင်း အပြင် အပူ အအေး ကွာခြားလွန်းလို့
အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး
ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း
အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။

လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့်

ပန်ကာလည်ပတ်နှုန်း
များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။

#ပန်ကာလည်နှုန်းမြင့်လေမီတာစားနှုန်းမြင့်လေမို့
စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင်တင်ပြီး
အေးလာတာနဲ့ အနိမ့်ဆုံးမှာပြန်ချထားခြင်းဟာလည်း

ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။

ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊

အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ
အလွန်အေးတဲ့ နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။

ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊

ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင်
အဲကွန်းကို အပူချိန် ၂၆ ဒီဂရီလောက်မှာပဲ
ချိန်ထား လုပ်ထားပါတယ်။

ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကိုဖန်တီးထားကြပါတယ်။

အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က
လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့
ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို
ချွေတာကြတယ်တဲ့။

ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့
ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။

သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့
လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင်
စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။
အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၆ ဒီဂရီ စင်တီဂရိတ်
ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။

ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၆ ဒီဂရီမှာ
အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ
မီတာခ အရမ်းသက်သာသွားသလို
ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။
----------------------------
အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို
ဒီထက် လျှော့ချချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။

ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက် နှစ်ခုထဲမှာ...
Compressor နဲ့ Condenser တွေဟာ လေရဲ့
ပကတိ အပူချိန်ကို ဖယ်ရှားပြီး အေးမြအောင် လုပ်ပေးသလို

Evaporator က လေထုထဲက ရေငွေ့ကို
ဖယ်ရှားပြီး အခန်းထဲက အပူတွေကို ဖယ်ပေးတာပါ.

အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက
Dry Mode ဆိုတာပါ ပါပါတယ်။

Cool Mode မှာ Evaporator Compressor နဲ့
Condenser တွေ အားလုံး အလုပ်လုပ်ပြီး
အခန်းတွင်းက လေကို အေးမြစေပါတယ်။

Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက်
ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။

ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း
ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို
Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၆ ဒီဂရီလောက်မှာထားပြီး

Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်...
အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက် အခန်းတွင်းမှာ မှိုမတက်ခြင်း၊

ရောဂါပိုးမွှားတွေ
မပေါက်ပွါးနိုင်ခြင်း
ရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ
လူ့အရေပြားက ချွေးတွေကို အလွယ်တကူ
အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့

အအေးခံထားသည့်အလား ခံစားရစေခြင်း
၂၆ ဒီဂရီလည်း ဖြစ်ပြန် Dry Mode လည်း ဖြစ်ပြန်လို့

မီတာခ သက်သာခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့

စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်.

အဲယားကွန်းကို 16 မှာထားတာရင်လဲ ဒီလေပဲ
30 မှာထားလဲ ဒီလေပဲထွက်ပါတယ်နော်.

အလုပ်လုပ်ချိန်ပိုကြာသွားလို့ ပိုအေးတာပါ.

အခြားသော လျှပ်စစ်ပစ္စည်းတွေကိုလည်း အထာသိပြီး သတိထား အသုံးပြုရင် လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်..//

Credit - Original Uploader

ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့အိမ်ရှင် - ကျွန်တော် ဒါလေး ပြင်ချင်လို့ ဘယ်လောက်လောက် ကျမလဲကန်ထရိုက် - ဒေါ်လာ ၂၈၀...
02/02/2025

ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့

အိမ်ရှင် - ကျွန်တော် ဒါလေး ပြင်ချင်လို့ ဘယ်လောက်လောက် ကျမလဲ
ကန်ထရိုက် - ဒေါ်လာ ၂၈၀၀ ကနေ ၃၅၀၀ ကြား ကုန်မယ်

အိမ်ရှင် - ဟာ များလှချည်လားဗျာ။
ကန်ထရိုက် - အစ်ကိုက ဘယ်လောက် မှန်းလို့လဲ

အိမ်ရှင် - အလွန်ဆုံး ဒေါ်လာ ၈၀၀ ပေါ့ဗျာ။ ဘာခက်တာမို့လို့လဲ။
ကန်ထရိုက် - အဲဒီလောက်တော့ မရဘူးဗျ

အိမ်ရှင် - ခင်ဗျားတို့ ကန်ထရိုက်တွေကလည်း အမြတ်ကြီးစားမယ်ဆိုတာချည်းပဲဗျာ။
ကန်ထရိုက် - သြော် အဲ့လိုလည်း မဟုတ်ပါဘူးဗျာ။ ဒီအလုပ်ကို အစ်ကို လုပ်တတ်နေရင် ဘာလို့ ကိုယ့်ဖာသာကိုယ် မလုပ်တာလဲဗျ။

အိမ်ရှင် - ကိုယ်တိုင် မလုပ်တတ်လို့ပေါ့ဗျာ။
ကန်ထရိုက် - ဒေါ်လာ ၉၀၀ ပေးရင် ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော် သင်ပေးမယ်။ ဒေါ်လာ ၈၀၀ နဲ့ အစ်ကို ရအောင်လုပ်ပေါ့။ ၂ ခုပေါင်းမှ ဒေါ်လာ ၁၇၀၀ ပဲ ကျမယ်။ ဒါဆိုရင် အစ်ကို့အတွက် ဒေါ်လာ ၁၁၀၀ လောက် သက်သာမယ်။ ပြီးတော့ နောက်တစ်ခါဆိုရင် ကိုယ့်ဖာသာကိုယ် လုပ်တတ်သွားလိမ့်မယ်။ ဘယ်သူ့မှ ခေါ်လုပ်ခိုင်းစရာ မလိုတော့ဘူး။

အိမ်ရှင် - ဟုတ်ပါပြီ။ သဘောတူတယ်။
ကန်ထရိုက် - အိုကေ။ ဒါဆိုရင် အစ်ကို လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဗျာ။ တူတွေ၊ ဖောက်စက်တွေ၊ ဘိလပ်မြေဖျော်တဲ့အိုးတွေနဲ့ တခြားတိုလီမိုလီပစ္စည်းလေးတွေလည်း လိုတယ်။

အိမ်ရှင် - ဟာ ဒါလေးတစ်ခုတည်း လုပ်ဖို့အတွက်တော့ အဲ့ပစ္စည်းတွေ မဝယ်ချင်ဘူးဗျ။
ကန်ထရိုက် -ဟုတ်ပြီဗျာ။ ဒါဆိုရင် ကျွန်တော် အဲဒီပစ္စည်းတွေ ငှားပေးမယ်။ ငှားခတော့ ဒေါ်လာ ၃၀၀ ထပ်ပေးပေါ့။ အစ်ကို့အတွက် ဒေါ်လာ ၈၀၀ လောက် သက်သာပါသေးတယ်။

အိမ်ရှင် - ဒါဆိုလည်း ငှားမယ်ဗျာ။
ကန်ထရိုက် - ဟုတ်ပြီဗျာ။ လာမယ့်စနေနေ့ စလုပ်ကြတာပေါ့။

အိမ်ရှင် - ဟ စနေနေ့ ကျွန်တော် မအားဘူးဗျ။ ဒီနေ့ပဲ အချိန်ရတာ။
ကန်ထရိုက် - ကျွန်တော်လည်း စနေနေ့မှပဲ သင်ပေးလို့ရမှာ။ ဒီကြားရက်တွေမှာ အခြားအလုပ်တွေ ရှိသေးတယ်။

အိမ်ရှင် - ဒါဆိုလည်း စနေနေ့ မိသားစုနဲ့ ခရီးသွားမယ့် အစီအစဉ်ကို ဖျက်ရတော့မှာပေါ့ဗျာ။
ကန်ထရိုက် - အော် ဒါနဲ့ အခုချိန်မှာ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ နည်းနည်းခက်မယ်ဗျ။ ပစ္စည်းတွေ ပြတ်နေတယ်။ ဒီတော့ မနက် ၆ နာရီလောက် သွားတန်းစီပြီး ဝယ်ရမှာ။

အိမ်ရှင် - ဘာ !!! စနေနေ့နံနက် ၆ နာရီလောက်ကြီး သွားတန်းစီရမှာ ဟုတ်လား။ အစောကြီးပါလားဗျ။ ကျွန်တော့်မှာ ပစ္စည်းတိုက်ဖို့ ထရပ်ကားလည်း မရှိဘူး။
ကန်ထရိုက် - ဒါဆိုလည်း ကျွန်တော့် ထရပ်ကား ပေးသုံးမယ်ဗျာ။ ဒါနဲ့ ပစ္စည်းတွေ အတင်၊ အချလုပ်ဖို့ရော အလုပ်သမား ရှိလား။

အိမ်ရှင် - ထားလိုက်ပါတော့ဗျာ။ ခင်ဗျား ပြောတဲ့ ဈေးနဲ့ပဲ အလုပ်အပ်လိုက်တော့မယ်။ ကျွန်တော်လည်း အဲ့လောက် အလုပ်ရှုပ်မခံနိုင်ဘူး။
ကန်ထရိုက် - ကောင်းပါပြီဗျာ။ ဒါဆိုလည်း စာချုပ်ချုပ်လိုက်တာပေါ့။ ကျွန်တော့်ကို ၂၀ ရာခိုင်နှုန်းတော့ စရံချထားပေး။

သင်ခန်းစာ

သူတို့က ဒါလေးပဲ လုပ်ပြီး ပိုက်ဆံအများကြီး တောင်းရလားလို့ မြင်တဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတ၊ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ၊ သူတို့ရဲ့ကိုယ်ပိုင်အချိန်၊ သူတို့ရဲ့ မိသားစုဘဝနဲ့ တခြားတခြားသော အရာတွေကို ပေးဆပ်ထားရတယ်ဆိုတာလည်း တွေးမိဖို့ပါပဲ။ ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့။

Ref: ~ Texas Morgans LLC
Team ( ရိုးရာလေး)

💢💢Split Type Aircon ၏ အအေးကွိုင်(Evaporator) ပြဿနာ💢💢Service provider တစ်ယောက်အနေနဲ့ ယခုနောက်ပိုင်း အများဆုံး တွေ့နေရတဲ့ ...
12/01/2025

💢💢Split Type Aircon ၏ အအေးကွိုင်(Evaporator) ပြဿနာ💢💢
Service provider တစ်ယောက်အနေနဲ့ ယခုနောက်ပိုင်း အများဆုံး တွေ့နေရတဲ့ ပြဿနာကတော့ Split Type Aircon များရဲ့ အအေးကွိုင်(evaporator) ပေါက် ခြင်းပဲ ဖြစ်ပါတယ်။
အရင်က Aircon များရဲ့ အအေးကွိုင် များဟာ ၁၀ နှစ်ပတ်ဝန်းကျင်လောက် ပျမ်းမျှသက်တမ်းရှိကြပါတယ်။ ခုနောက်ပိုင်းမှာ သုံးတဲ့ Refrigerant(Gas) R410a နဲ့ R32 တို့ဟာ အရင်သုံးတဲ့ R22 ထက် Pressure 30% လောက်များတဲ့ အပြင် ဈေးကွက် စီးပွား ရေးအတွက် ဈေးနှုန်း ကို သက်သာအောင် ထုတ်လုပ်လာကြလို့ သက်တမ်း အတော်လေး‌ လျော့လာတာတွေ့ နေရပါတယ်။
ပြဿနာက အဲ့ဒီမှာ စပါတယ်။
China Aircon သွင်းတဲ့ Company တော်တော် များများဟာ အလုံးစုံ အာမခံကို ၃ နှစ်ပေးထားကြပါတယ်။ ၃နှစ်အတွင်း အ‌အေး ကွိုင်ပေါက်တဲ့အခါ အသစ်လဲပေးခြင်း မလုပ်ဘဲ ပေါက်တဲ့ အပေါက်ကို ဖာပြီး ပြန်တပ်ပေးတဲ့အတွက် သက်တမ်း မရှည်တော့ပါဘူး။ End User များက နားမလည်တဲ့အတွက် လက်ခံပေးကြပါတယ်။ နောက်ပိုင်း Gas ခဏခဏ ယိုစိမ့်လာလို့ အအေးကွိုင်ကို ဖာမရတဲ့အခါ အသစ်လဲဖို့လည်း spare parts မရှိကြပါဘူး။
အချို့ Japan Brand တွေမှာလည်း ၁ နှစ်ခွဲလောက်နဲ့ အအေးကွိုင် ပေါက်တာတွေ့ရပါတယ်။ Japan Brand တွေက တစ်နှစ်သာ အာမခံ ပေးလို့ အာမခံ အကျုံးမဝင်ပေမဲ့၊ အချို့က Spare Parts ရောင်းပေးဖို့လည်း မရှိကြပြန်ပါဘူး။ ယခုခေတ် Japan Brand Aircon တစ်လုံးရဲ့ ဈေးဟာ သိန်း၂၀ အထက်မှာရှိလို့ ၁-၂နှစ်သုံးပြီး ပစ်လိုက်ရမယ်ဆိုရင် Customer အတွက် အရမ်းနစ်နာပါတယ်။ အအေးကွိုင်များဟာ အခြားအစိတ်အပိုင်းတွေလို အစားထိုးလို့မရနိုင်ပါဘူး။ Original Parts ရမှ သာ လဲလှယ်လို့ရပါတယ်။
ကျွန် တော် တို့ လို Service Provider များက ပြဿနာကို ထိပ်တိုက်ဖြေရှင်းရပါတယ်။

End User ( Customer) များကို ပေးချင်တဲ့ information က ၊ တံဆိပ် တစ်ခုကို ဝယ်မယ်ဆို Spare parts အမှန် ပေးနိုင်တဲ့ Brand ဖြစ်ဖို့ အရေးကြီးပါတယ်။
အဝယ်မမှားကြရန် အကြံပြု ရေးသားခြင်း သာဖြစ်တယ်။ မည်သူကိုမှ ထိခိုက်နစ်နာ‌‌စေရန် ရေးသားခြင်းမဟုတ်ပါ။
ရောင်းသူ၊ ဝယ်သူအဆင် ပြေအောင် အာမခံ အမှန် ရ‌‌တဲ့ Brand တွေကိုသာ အားပေးကြပါ။

to original uploader

18/07/2024

အဲကွန်းတစ်လုံးမှာ ဂတ်စ် သွားတဲ့ ပိုက်လိုင်းတလျှောက် အယိုအစိမ့် အပေါက်အပြဲ မရှိလျှင် တစ်သက်တာ ဂတ်စ် ပြန်ဖြည့်ရရိုး မရှိပါ

အပေါက်အပြဲအယိုအစိမ့်ရှိမှသာ ပြန်လည်ပြုပြင်ပြီး ဂတ်စ် ပြန်ဖြည့်ရတာပါ

အပေါက်အပြဲပြန်လည်မပြုပြင်ပဲ ဂတ်စ် ဖြည့်သုံးရင်လဲ ခဏသာ အဆင်ပြေနိုင်ပါတယ်

အယိုအစိမ့်မရှိတဲ့ အဲကွန်းတစ်လုံးဟာ ဂတ်စ် လျော့ရိုး မရှိပါ

အလိမ်အညာကင်းဝေးပါစေဗျ

Address

No-20, BEHS 2 Road
Tharyarwady

Telephone

+9595416548

Website

Alerts

Be the first to know and let us send you an email when PCG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PCG:

Share