ACE ARCHI Construction Co.,Ltd

ACE ARCHI Construction Co.,Ltd Our Areas of Expertises:
- Construction
- Decoration
- Renovation
- M&E
- Modern Furniture

29/05/2026

"သူငယ်ချင်း ၂ ယောက်ကို Site Inspection သွားစစ်ခိုင်းလိုက်တဲ့အခါ..." 😉💚

အလုပ်လေး သေချာလုပ်ခဲ့ဖို့ လွှတ်လိုက်ပေမယ့် တကယ်တမ်း ပြန်ရောက်လာတော့ Inspection Report အကြောင်းမပါဘဲ အခန်းလေးက ဘယ်လောက်လှတဲ့အကြောင်းတွေပဲ တတွတ်တွတ် ပြောပြနေကြပါတယ်။

တကယ်လည်း သူတို့လေးတွေ စိတ်ကူးယဉ်ချင်စရာပါပဲ...

🛏 Master Bedroom ကြီးက အရမ်းကို ကျယ်ဝန်းပြီး ဝင်သွားတာနဲ့ နေချင်စရာ အငွေ့အသက်လေးကို ရစေတယ်။

🚪 Storage အများကြီးပါတဲ့ Wardrobe ကြီးကလည်း Ceiling ထိ အပြည့်လုပ်ပေးထားတော့ ပစ္စည်းတွေအများကြီး ထည့်လို့ရတဲ့အပြင် အခန်းကို ပိုပြီးသပ်ရပ်သွားစေတယ်။

🛋 Functional ဖြစ်တဲံ Modern Furniture အလန်းစားလေးတွေနဲ့ သေသပ်လှပစွာ ပြင်ဆင်ထားတော့ ဘယ်သူက အလုပ်ဆက်လုပ်ချင်စိတ် ရှိတော့မှာလဲလေ။

အခန်းလှလှလေးကို ငေးကြည့်ပြီး Inspection စစ်ဖို့မေ့ကာ "ငါ့အခန်းလေးသာ ဆိုရင်..." ဆိုပြီး တစ်ယောက်တစ်ပေါက် စိတ်ကူးယဉ်ပြီး ပြန်လာကြတဲ့ ACE ARCHI Besties နှစ်ယောက်ပါပဲ။ 🤩🤩🤩

#လုံးချင်း #အိပ်ခန်း

27/05/2026

"ကိုယ့်စိတ်ကြိုက် ဖန်တီးထားတဲ့ နေရာလေးတစ်ခုမှာ အေးအေးချမ်းချမ်း အနားယူဖို့ဆိုတာ လူတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲ။" 💚

ဒါပေမယ့် အဲ့ဒီအိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ
✅ - ကိုယ့်ရဲ့ LifeStyle နဲ့ တကယ်ကိုက်ညီတဲ့ Design မျိုး၊
✅ - ရေရှည်အသုံးခံပြီး မရိုးသွားတဲ့ အပြင်အဆင်မျိုး ဖြစ်လာဖို့က အရေးကြီးပါတယ်။

ACE ARCHI ကနေ Client ရဲ့မိသားစုဝင်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို သေချာနားထောင်ပြီး၊ နေ့စဉ်ဘဝမှာ အမှန်တကယ် အသုံးဝင် (Functional) ဖြစ်မယ့် နေရာထိုင်ခင်းလေးတွေဖြစ်လာအောင် ဘယ်လို ဖန်တီးပေးနေလဲဆိုတာ ဒီ Master Bedroom Project လေးမှာ တွေ့မြင်နိုင်ပါတယ်။ 💚

#ဆောက်လုပ်ရေး #လုံးချင်း #အတွင်းပိုင်းဒီဇိုင်း

23/05/2026

မိုးတွင်းရောက်တိုင်း ခေါင်မိုးရေယိုလို့ အိမ်တွင်းအလှဆင်ထားတာတွေ ပျက်စီးရတဲ့ ဒုက္ခကြောင့်စိတ်ညစ်နေရပြီလား?

အိမ်တစ်လုံးဆောက်ပြီး ၁ နှစ်၊ ၂ နှစ်အကြာမှာ အဖြစ်အများဆုံးနဲ့ စိတ်အညစ်ရဆုံး ပြဿနာကတော့ Roof Slab ကနေ ရေယိုစိမ့်တဲ့ ပြဿနာပါပဲ။

Roof Slab ကောင်းကောင်းမလုပ်ထားမိလို့
❌ ရေယိုခြင်း
❌ Concrete Crack ဖြစ်ခြင်း
❌ Ceiling Damage
❌ နောက်ပိုင်း Maintenance Cost ကြီးခြင်း
တွေကို အိမ်ရှင်တွေ မကြာခဏကြုံရပါတယ်။

ဒီ Video လေးမှာ ACE ARCHI က ဘယ်လို တာဝန်ယူ တည်ဆောက်ပေးနေလဲ, အဆင့်ဆင့် ဘယ်လို အသေးစိတ် ဆောင်ရွက်ပေးထားလဲဆိုတာ အဆုံးထိ ကြည့်ပေးပါဦး။

ACE ARCHI Construction & Decoration က သင့်အိမ်ရဲ့ အလှအပကိုသာမက၊ ရေရှည်ခိုင်ခံ့မှုအတွက်ပါ စိတ်ချရတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ပေးနေပါတယ်။

---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

#လုံးချင်း #အိမ်ဆောက် #အိမ်အလှဆင်

#ဆောက်လုပ်ရေး

22/05/2026

အိမ်တစ်လုံးရဲ့ အသက်သွေးကြောနဲ့ အိမ်ရှင်ရဲ့ ဂုဏ်ကျက်သရေကို အပေါ်လွင်ဆုံး ဖော်ပြနေတာကတော့ မျက်နှာစာ (Main Entrance) နေရာပါပဲ... ✨🚪

ဒီနေ့ မျှဝေပေးမယ့် Video လေးထဲမှာတော့ ကျွန်တော်တို့ ACE ARCHI ကနေ အကောင်းဆုံး တာဝန်ယူ ဖန်တီးပေးထားတဲ့ Main Entrance ပြင်ဆင်မှု အကြောင်းကို အသေးစိတ် ရှင်းပြပေးထားပါတယ်ခင်ဗျာ။

ဒီ Video ထဲမှာဆိုရင်...
🔸 နေအိမ်ရဲ့ Main Entrance ကို ဘယ်လိုမျိုး ခမ်းနားထည်ဝါအောင် ဖန်တီးထားလဲ?
🔸 ရေရှည်တည်တံ့ခိုင်ခံ့ဖို့နဲ့ ပြဿနာကင်းကင်း အသုံးပြုနိုင်ဖို့အတွက် ဘယ်လို အရည်အသွေးမြင့် ကုန်ကြမ်းတွေကို စနစ်တကျ ရွေးချယ်ပြင်ဆင်ထားလဲ?
🔸 အသေးစိတ်ကျတဲ့ လက်ရာတွေနဲ့ Safety ကိုပါ ထည့်သွင်းစဉ်းစားပြီး ဘယ်လောက်ထိ ဂရုစိုက် တည်ဆောက်ပေးထားလဲ? ဆိုတဲ့ အကြောင်းအရာတွေကို ဝင်ရောက်လေ့လာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Video လေးကို အဆုံးထိ ကြည့်လိုက်ရင် ကျွန်တော်တို့ ACE ARCHI ရဲ့ စေတနာနဲ့ အရည်အသွေးကို ပိုပြီး ပြည့်ပြည့်စုံစုံ ခံစားသိရှိရမှာမို့ အတူတူ ကြည့်ရှုလေ့လာကြည့်လိုက်ရအောင်ပါဗျာ။ ✨

ကိုယ့်အိမ်လေးရဲ့ မျက်နှာစာကို ဘယ်လိုဒီဇိုင်းမျိုး ပြင်ဆင်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်ရခက်နေတယ်ဆိုရင်တော့ ACE ARCHI နဲ့ အရင်ဆုံး လာရောက်တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက ပုံစံလေးတွေကို အလှပဆုံးနဲ့ အခိုင်ခံ့ဆုံးဖြစ်အောင် ကျွန်တော်တို့က အကောင်းဆုံး တာဝန်ယူ ပုံဖော်ပေးသွားမှာပါ။
---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

#ကျွန်းတံခါးမကြီး #အိမ်အလှဆင် #အတွင်းပိုင်းဒီဇိုင်း #အိမ်ဆောက်

21/05/2026

အိမ်တစ်လုံးရဲ့ ခမ်းနားမှုကို အစပြုတဲ့ မျက်နှာစာ Main Entrance တံခါးမကြီး... ✨

ဒီVideo မှာတော့ ACE ARCHI ကနေ တာဝန်ယူပြင်ဆင်ပေးနေတဲ့ Main Entrance တံခါးမကြီး တပ်ဆင်နေမှု အဆင့်ဆင့်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဒီ Project အတွက် ACE ARCHI အနေနဲ့ အဓိက အချက် (၃) ချက်ကို အထူးဦးစားပေးပြီး ဖန်တီးပေးထားပါတယ်။
၁။ အကောင်းဆုံးသော ကုန်ကြမ်း (Premium Material) - တံခါးအတွက် တကယ့်ကို အရည်အသွေးကောင်းမွန်ပြီး စစ်မှန်တဲ့ "ကျွန်းသစ်" အစစ်ကိုသာ အထူးရွေးချယ် အသုံးပြုပေးထားပါတယ်။

၂။ လှပသေသပ်တဲ့ ဒီဇိုင်း (Stunning Design) - နေအိမ်ရဲ့ မျက်နှာစာနဲ့ လိုက်ဖက်ညီပြီး နေအိမ်ရဲ့ ဂုဏ်ကျက်သရေကို ပိုမိုပေါ်လွင်စေမယ့် ခမ်းနားတဲ့ Design ကို ဖန်တီးပေးထားပါတယ်။

၃။ ရေရှည်ခိုင်ခံ့မှုနဲ့ သေသပ်မှု (Durability & Craftsmanship) - အဝင်အထွက်များတဲ့ နေရာဖြစ်တဲ့အတွက် ရေရှည်အသုံးပြုနိုင်ဖို့နဲ့ အသေးစိတ် သေသပ်လှပနေစေဖို့ ACE ARCHI Team က ဂရုတစိုက် တပ်ဆင်ပေးထားပါတယ်။

ကိုယ့်ရဲ့ နေအိမ်လေးကိုလည်း ဒီလို သေသပ်လှပပြီး Quality ကောင်းကောင်းနဲ့ ပြင်ဆင်ချင်တယ်ဆိုရင်တော့ ACE ARCHI ကို သတိရလိုက်ပါခင်ဗျာ။

---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654, 09 695 558 876
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

19/05/2026

ကိုယ့်မိသားစုရဲ့ နွေးထွေးတဲ့ အိမ်ဂေဟာလေးကို အလှဆင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ခြံတံခါး (Main Gate) လေးကို ဘယ်လိုဒီဇိုင်းမျိုး ရွေးချယ်ထားလဲခင်ဗျာ?

အိမ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးမယ့်နေရာလေးဖြစ်လို့ အပြင်ပန်းအလှအပအပြင် မိသားစုရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝပေးစွမ်းနိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်ခင်ဗျာ။ ဒါကြောင့် မိသားစုရဲ့ လုံခြုံမှုရော၊ အိမ်လေးရဲ့ အလှအပအတွက်ပါ စိတ်ချရအောင် Ace Archi Team က ဘယ်လိုတွေ သေချာစဉ်းစားပြီး ဖန်တီးပေးထားလဲဆိုတာ ဒီ Video လေးမှာ ကြည့်လိုက်ရအောင်နော်။ ✨

---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654, 09 695 558 876
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

အိမ်ဆောက်မယ်/ ပြင်မယ် စိတ်ကူးထားရင် ဒါလေးအရင်ဖတ်ပေးပါ... ✔-------------------------------------“Design လှလှလေးရရင်ပြီးရေ...
18/05/2026

အိမ်ဆောက်မယ်/ ပြင်မယ် စိတ်ကူးထားရင် ဒါလေးအရင်ဖတ်ပေးပါ... ✔
-------------------------------------

“Design လှလှလေးရရင်ပြီးရော…” / “Cost သက်သာရင် OK ပြီ…”

ဆိုပြီး ရွေးလိုက်တဲ့အိမ်တွေ…
နောက်ပိုင်း ဘာတွေဖြစ်သွားတတ်လဲ သိပါသလား? ⚠️

အိမ်ဆောက်တယ်/ အိမ်အလှဆင်တယ်ဆိုတာ မျက်စိရှေ့မှာ မြင်ရတဲ့ Decoration လှပနေရုံ/ ကနဦး Cost သက်သာရုံနဲ့ မပြီးပါဘူး။

အစကတည်းက
- System မရှိဘူး…
- Process မရှင်းဘူး…
- Communication မကောင်းဘူးဆိုရင်…

နောက်ပိုင်းမှာ အိမ်ရှင်တွေ အများဆုံးကြုံရတဲ့ ပြဿနာတွေက👇

━━━━━━━━━━━━━━━

❌ ၁။ “သက်သာတဲ့ Quotation” အောက်က Hidden Costs

အစမှာ ဈေးသက်သာတယ်ထင်ရပေမယ့်…

လုပ်ငန်းလုပ်နေတဲ့အချိန်မှ
“ဒါက Scope ထဲမပါဘူး”
“ဒါထပ်ပေးရမယ်”

ဆိုပြီး Additional Charges တွေ တက်လာတာမျိုးပါ။

Budget planning တစ်ခုလုံး ပျက်သွားနိုင်ပါတယ်။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Scope of Work ကို detail ဖတ်ပါ
✔️ “ဘာတွေမပါသေးလဲ” ဆိုတာ ကြိုမေးထားပါ

━━━━━━━━━━━━━━━

❌ ၂။ Material ကောင်းမယ်ပြောပြီး… တကယ်သုံးတာ တခြားတစ်မျိုး

“အကောင်းစားသုံးပေးမယ်”

ဆိုတာထက်…

✔️ Brand
✔️ Model
✔️ Thickness
✔️ Grade

တွေ ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားရင်
Quality ညံ့တဲ့ material တွေနဲ့ change လုပ်ခံရတတ်ပါတယ်။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Contract ထဲမှာ Material Specifications ထည့်ပါ
✔️ Sample approval ယူပါ
✔️ Site ထဲရောက်လာတဲ့ material တွေ confirm လုပ်ပါ

━━━━━━━━━━━━━━━

❌ ၃။ Timeline ဆွဲပြီး… အလုပ်က မပြီးနိုင်တော့တာ

“နောက်အပတ်ပြီးမယ်”
“ဒီလအတွင်းအပ်မယ်”

ဆိုပေမယ့်…

⚠️ Labour management is weak
⚠️ Planning မရှိ
⚠️ Site coordination မကောင်း

ဖြစ်တဲ့အခါ Project timeline တွေ အရမ်း delay ဖြစ်တတ်ပါတယ်။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Work Schedule တောင်းပါ
✔️ Milestone timeline သတ်မှတ်ပါ
✔️ Weekly progress updates တောင်းပါ

━━━━━━━━━━━━━━━

❌ ၄။ QC မရှိလို့ Handover ပြီးမှ defect တွေပေါ်လာတာ

Site Supervisor မရှိတာ
Quality Control မရှိတာတွေကြောင့်…

❌ Floor level မညီ
❌ Wall crack
❌ Ceiling defect
❌ Finishing မသေသပ်

တွေက နောက်ပိုင်းမှ တဖြည်းဖြည်း ပေါ်လာတတ်ပါတယ်။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ QC process ရှိမရှိ မေးပါ
✔️ Site Supervisor onsite ရှိမရှိ confirm လုပ်ပါ
✔️ Handover မတိုင်ခင် walkthrough inspection လုပ်ပါ

━━━━━━━━━━━━━━━

❌ ၅။ Waterproofing မကောင်းလို့ မိုးတွင်းရောက်မှ စိတ်ညစ်ရတာ 💧

အပ်တဲ့နေ့မှာ လှနေတဲ့အိမ်က…

မိုးတွင်းရောက်တော့

⚠️ Wall seepage
⚠️ Ceiling stain
⚠️ Mold smell

တွေ ဖြစ်လာတာမျိုး အရမ်းများပါတယ်။

Waterproofing ဆိုတာ
“ဆေးသုတ်လိုက်တာ” မဟုတ်ဘဲ
Systematically လုပ်ရတဲ့ process တစ်ခုပါ။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Waterproof layer ဘယ်နှစ်ထပ်သုံးလဲ မေးပါ
✔️ Testing process ရှိမရှိ confirm လုပ်ပါ
✔️ Wet areas တွေကို အထူးဂရုစိုက်စစ်ဆေးပါ

━━━━━━━━━━━━━━━

❌ ၆။ Progress Update မရှိလို့ အိမ်ရှင်ကပဲ စိတ်ပူနေရတာ

Site ကို နေ့တိုင်းသွားမကြည့်နိုင်တဲ့အခါ…

📌 Photo updates
📌 Progress reports
📌 Regular discussions

တွေမရှိရင်…

“ကိုယ့်အိမ် ဘယ်အခြေအနေရောက်နေပြီလဲ”
ဆိုတာတောင် မသိရတော့ပါဘူး။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Weekly report system ထားပါ
✔️ Communication channel (Viber/ Telegram Group) တစ်ခုသတ်မှတ်ပါ
✔️ Decision approval process clear ဖြစ်ပါစေ

━━━━━━━━━━━━━━━

❌ ၇။ Handover ပြီးတာနဲ့ ဆက်သွယ်မရတော့တဲ့ Contractor

ဒါက အဆိုးဆုံးပြဿနာပါ။

Project အပ်ပြီးနောက်…

Electrical issue/ Water leakage /Minor defects တွေဖြစ်လာတဲ့အချိန်မှာ After-sale service မရှိဘူးဆိုရင်…

အိမ်ရှင်ကပဲ အကုန်ပြန်ရှင်းရတတ်ပါတယ်။

💡 ဘယ်လိုကာကွယ်မလဲ?

✔️ Warranty period ရှိမရှိ မေးပါ
✔️ After-sale service policy တောင်းကြည့်ပါ

━━━━━━━━━━━━━━━

ဒီပြဿနာအများစုက…

“အိမ်ဆောက်တာ” ကိုပဲ အာရုံစိုက်ပြီး
Process နဲ့ System ကို မကြည့်မိလို့ ဖြစ်တာများပါတယ်။

Project တစ်ခုမှာ
လှပမှုတစ်ခုတည်းမဟုတ်ဘဲ…

✔️ Transparency
✔️ Quality Control
✔️ Communication
✔️ Timeline Management
✔️ After-sales Service

တွေက equally important ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

ACE ARCHI Construction & Decoration အနေနဲ့တော့

✔️ Detailed Cost Estimation များတွက်ချက်ပေးခြင်း
✔️ QC Inspection များ systematic လုပ်ဆောင်ခြင်း
✔️ Timeline အတိုင်း တာဝန်ယူဆောင်ရွက်ခြင်း
✔️ Regular Progress Updates ပေးခြင်း
✔️ Warranty & After-sale Service များထားရှိခြင်း

တို့ဖြင့် Client များ စိတ်အေးချမ်းသာစွာ အလုပ်အပ်နှံနိုင်ရန် စနစ်တကျ ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။
---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.






မိုးရာသီမရောက်ခင် အိမ်မှာ မဖြစ်မနေ စစ်ထားသင့်တဲ့ အရေးကြီးအချက် (၈) ချက်-------------------------------မိုးရာသီရောက်လာတို...
15/05/2026

မိုးရာသီမရောက်ခင် အိမ်မှာ မဖြစ်မနေ စစ်ထားသင့်တဲ့ အရေးကြီးအချက် (၈) ချက်
-------------------------------
မိုးရာသီရောက်လာတိုင်း အိမ်မှာ ရေယိုစိမ့်မှုတွေ၊ နံရံပျက်စီးတာတွေနဲ့ လျှပ်စစ်အန္တရာယ်တွေကို စိတ်ပူနေရပြီလား။ မိုးတွင်းကာလမှာ မိသားစုတွေ စိတ်အေးချမ်းသာစွာနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်ဖို့ဆိုရင် ကြိုတင်စစ်ဆေးပြင်ဆင်မှုတွေက မဖြစ်မနေ လိုအပ်ပါတယ် ခင်ဗျာ။

ဒါကြောင့် မိုးမကျခင် ကြိုတင်စစ်ဆေးထားသင့်တဲ့ အရေးကြီးအချက်တွေကို ပြဿနာနဲ့တကွ ဖြေရှင်းရမယ့် နည်းလမ်း (Problem & Solution) များခွဲခြားပြီး ACE ARCHI ကနေ မျှဝေပေးလိုက်ပါတယ်။

✅ • ၁။ ခေါင်မိုး ရေယိုစိမ့်မှု (Roof Leakage)
• ပြဿနာ - မိုးသည်းထန်တဲ့အခါ ဟောင်းနွမ်းနေတဲ့ အမိုးအကာတွေ၊ သံမှိုပေါက်တွေနဲ့ အက်ကွဲကြောင်းတွေကနေ မိုးရေယိုစိမ့်ပြီး အိမ်တွင်း မျက်နှာကြက်တွေပါ ပျက်စီးတတ်ပါတယ်။
• အကြံပြုချက် - အမိုးအကာတွေကို သေချာစစ်ဆေးပြီး လိုအပ်ရင် အသစ်လဲလှယ်တာ၊ သံမှိုပေါက်တွေကို ဖာထေးတာမျိုး ကြိုတင်လုပ်ဆောင်ပါ။

✅ • ၂။ မျက်နှာကြက် စိုစွတ်မှု (Ceiling Moisture)
• ပြဿနာ - အပေါ်ထပ် ဒါမှမဟုတ် ခေါင်မိုးကနေ ရေစိမ့်ဝင်တဲ့အခါ မျက်နှာကြက်မှာ ရေကွက်တွေထင်လာပြီး မှိုတက်တာ၊ ဆွေးမြည့်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။
• အကြံပြုချက် - မျက်နှာကြက်မှာ အသုံးပြုထားတဲ့ (Gypsum Board / Smart Board) တွေကို ထိခိုက်မှုမရှိအောင် ရေစိမ့်တဲ့ ရင်းမြစ်ကို ရှာဖွေပြီး ချက်ချင်း ပြုပြင်သင့်ပါတယ်။

✅ • ၃။ ရေတံလျှောက်နှင့် ရေဆင်းပိုက်များ (Drain Blockage)
• ပြဿနာ - သစ်ရွက်တွေ၊ အမှိုက်တွေကြောင့် ရေတံလျှောက်နဲ့ ရေဆင်းပိုက်တွေ ပိတ်ဆို့ပြီး မိုးရေလျှံတာ၊ ခေါင်မိုးပေါ် ရေဝပ်တာတွေ ဖြစ်တတ်ပါတယ်။
• အကြံပြုချက် - မိုးမကျခင် ရေဆင်းပိုက်တွေကို ကြိုတင်ရှင်းလင်းထားပြီး ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ထားပါ။

✅ • ၄။ အပြင်နံရံ အက်ကွဲကြောင်းများ (Exterior Wall Cracks)
• ပြဿနာ - နံရံအက်ကွဲကြောင်းတွေကတစ်ဆင့် မိုးရေဝင်ရောက်ပြီး အိမ်တွင်းက ဆေးသားတွေကွာကျတာ၊ မှန်တွေနဲ့ ပရိဘောဂတွေကို ထိခိုက်ပျက်စီးစေတာတွေ ဖြစ်နိုင်ပါတယ်။
• အကြံပြုချက် - အက်ကွဲကြောင်းတွေကို သေချာဖာထေးပြီး Outdoor Unit တွေအတွက် ရေစိုခံဆေး (Waterproof Paint) တွေ သုတ်လူးထားဖို့ လိုအပ်ပါတယ်။

✅ • ၅။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး (Electrical Safety)
• ပြဿနာ - မိုးရေစင်နိုင်တဲ့ နေရာက ပလပ်ပေါက်တွေနဲ့ ဟောင်းနွမ်းနေတဲ့ ဝါယာကြိုးတွေဟာ ရှော့ခ်ဖြစ်တာ၊ မီးလောင်တာ စတဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
• အကြံပြုချက် - အန္တရာယ်ကင်းရှင်းရေးအတွက် မဖြစ်မနေ စစ်ဆေးပြီး လိုအပ်ရင် Electrical Wiring တွေကို စနစ်တကျ ပြန်လည်လဲလှယ်တပ်ဆင်ပါ။

✅ • ၆။ တံခါးနှင့် ပြတင်းပေါက်များ လုံခြုံမှု (Window & Door Sealing)
• ပြဿနာ - မိုးသက်လေပြင်းတိုက်တဲ့အခါ ပြတင်းပေါက်ဘောင်တွေနဲ့ တံခါးဟောင်းလောင်းပေါက်တွေကနေ မိုးရေစက်တွေ အိမ်ထဲ ဝင်ရောက်လာတတ်ပါတယ်။
• အကြံပြုချက် - တံခါးနဲ့ ပြတင်းပေါက်ဘောင်တွေမှာ ဆီလီကွန် (Silicone) တွေ သေချာပိတ်ထားဖို့နဲ့ လိုအပ်ရင် အသစ်လဲလှယ်တပ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

✅ • ၇။ ရေမြောင်းနှင့် မိလ္လာစနစ် ပိတ်ဆို့မှု (Sewerage & Drainage)
• ပြဿနာ - ရေမြောင်းတွေနဲ့ မိလ္လာစနစ်တွေ ပိတ်ဆို့နေရင် ခြံဝင်းအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အနံ့အသက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
• အကြံပြုချက် - ရေမြောင်းတွေနဲ့ မိလ္လာစနစ် (Sewerage and Drainage System) တွေကို မိုးမကျခင် ကြိုတင်ရှင်းလင်းထားဖို့ မမေ့ပါနဲ့ ခင်ဗျာ။

✅ ၈။ အိမ်ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်ကိုင်းများ (Overhanging Trees)
• ပြဿနာ - မိုးသက်လေပြင်းကြောင့် အိမ်အနီးအနားက ကြီးမားတဲ့ သစ်ကိုင်းတွေ ကျိုးကျပြီး ခေါင်မိုးနဲ့ အဆောက်အအုံကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
• အကြံပြုချက် - အန္တရာယ်ရှိနိုင်တဲ့ သစ်ကိုင်းတွေကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားသင့်ပါတယ်။

အဆောက်အအုံတွေကို စစ်ဆေးပြုပြင်ချင်တာပဲဖြစ်ဖြစ်၊ စိတ်တိုင်းကျ အလှဆင်ချင်တာပဲဖြစ်ဖြစ် ACE ARCHI ကိုသာ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါနော်။ 👷‍♂️✨

ဒါ့အပြင် အခမဲ့ ကွင်းဆင်းတိုင်းတာပေးတဲ့ (Free Site Survey) ဝန်ဆောင်မှုလေးလည်း ရှိသေးတာမို့ အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် ယခုပဲ ဆက်သွယ်လိုက်ပါနော်။

---------------------------

ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။ 💚🙏🏻

ACE ARCHI CONSTRUCTION & DECORATION CO.,LTD

📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

လူကြီးမင်းရဲ့ Dream Space ကို ယုံကြည်စွာ အပ်နှံပေးတဲ့အတွက် ACE ARCHI မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🤝ယနေ့မှာတော့ Renov...
11/05/2026

လူကြီးမင်းရဲ့ Dream Space ကို ယုံကြည်စွာ အပ်နှံပေးတဲ့အတွက် ACE ARCHI မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🤝

ယနေ့မှာတော့ Renovation Service အတွက် Contract Signing ကို အောင်မြင်စွာ ဆောင်ရွက်ပြီး လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက Space ကို လက်တွေ့အကောင်အထည်ဖော်မယ့် Journey ကို စတင်လိုက်ပြီဖြစ်ပါတယ်။ 🤝

ACE ARCHI အနေနဲ့…

✔️ Quality
✔️ Innovation
✔️ Timeliness

ဆိုတဲ့ အဓိက Value တွေနဲ့ လူကြီးမင်းတို့ စိတ်ကျေနပ်မှုအပြည့်ရရှိစေမယ့် Service ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

“လှပမှုတစ်ခုတည်းမဟုတ်ဘဲ…
အသုံးဝင်မှု၊ စိတ်ချမ်းသာမှုနဲ့ Quality Living ကိုပါ ဖန်တီးပေးနိုင်တဲ့ Space တစ်ခု”
ဖြစ်လာဖို့ ACE ARCHI က အမြဲအသင့်ရှိနေပါတယ်ခင်ဗျာ။

---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

10/05/2026

Our Completed Structure Project !

ဒီနေ့မှာတော့ အင်းစိန်မြို့နယ်မှာ အကြမ်းထည် Structure လုပ်ငန်း တည်ဆောက်ပြီးစီးသွားတဲ့ Ace Archi ရဲ့ Project အသစ်လေးဆီကို Project Tour လိုက်ပြပါရစေ။

ဒီ Project ကို လုပ်ဆောင်နေဆဲကာလအတွင်းမှာ ဆီအခက်အခဲတွေရှိခဲ့ပေမယ့်လဲ ACE ARCHI က Client ကိုရေးဆွဲထားတဲ့ schedule အတိုင်းနောက်မကျစေပဲ အတိအကျ အပ်နှံနိုင်ခဲ့ပါတယ် 💚

Client ဘက်ကလဲ အကြမ်းထည်လက်ရာကိုစိတ်တိုင်းကျတာဖြစ်လို့ Decoration Service အတွက်ပါ ACE ARCHI ကိုအပ်နှံသွားတဲ့အတွက်လည်း အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူရပါတယ်ရှင်။ 💚

အခုဆိုရင်တော့ ဒီအိမ်လေးဟာ အကြမ်းထည်ပိုင်း ပြီးစီးနေပြီဖြစ်လို့ အိမ်ရဲ့ ခမ်းနားတဲ့ ပုံစံအစစ်အမှန်ကို စတင်မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ မြေကွက်လွတ်ကနေ အခုလို ခိုင်ခံ့လှပတဲ့ အိမ်တစ်လုံးဖြစ်လာဖို့ ဘယ်လိုမျိုး စနစ်တကျ တည်ဆောက်ထားလဲ၊ လေဝင်လေထွက်နဲ့ သဘာဝအလင်းရောင် ရရှိဖို့အတွက် အခန်းဖွဲ့စည်းပုံတွေကို ဘယ်လို သေသေချာချာ တွက်ချက်ပေးထားလဲဆိုတာကို ဒီ Vlog လေးထဲမှာ အသေးစိတ် လိုက်လံရှင်းပြပေးထားပါတယ်။

ကိုယ့်ရဲ့ အိမ်လေး အုတ်မြစ်ချတာကစလို့ အကြမ်းထည် ပြီးစီးသွားတဲ့အထိ Ace Archi ရဲ့ အင်ဂျင်နီယာအဖွဲ့တွေက ဘယ်လောက်တောင် စေတနာထားပြီး ဖန်တီးပေးလဲဆိုတာကို ဗီဒီယိုလေးထဲမှာ အတူတူ ခံစားကြည့်လိုက်ရအောင်ပါရှင်။

လူကြီးမင်းတို့ရဲ့ အိမ်မက်ထဲက အိမ်၊ ရုံးခန်း၊ စီးပွားရေးအဆောက်အအုံတွေကို အခုလို စိတ်ချယုံကြည်ရတဲ့ Quality၊ တိကျတဲ့ အချိန်ဇယားတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ Ace Archi ကို အချိန်မရွေး ဆက်သွယ် တိုင်ပင်နိုင်ပါတယ်ရှင်။

---------------------------
ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ရရှိစေဖို့ Ace Archi က အမြဲအသင့်ရှိနေပါတယ်။ 💚🙏🏻
ACE ARCHI CONSTRUCTION & DECORATION CO.,LTD
📞 Phone: 09 891 646 654
📧 Email: [email protected]
📍 Address: No.614, CL-2, Starcity, Thanlyin, Yangon.

Happy Mother's Day 💚အမေများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမေများအားလုံးကို ACE ARCHI မှ လှိုက်လှဲစွာ ဂါရဝပြု ဆုတောင်းမေတ္တာ ပိ...
10/05/2026

Happy Mother's Day 💚

အမေများနေ့မှာ ကမ္ဘာတစ်ဝှမ်းရှိ အမေများအားလုံးကို ACE ARCHI မှ လှိုက်လှဲစွာ ဂါရဝပြု ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏❤️

အိမ်တစ်အိမ်ကို ခိုင်မာတဲ့ အုတ်မြစ်တွေနဲ့ တည်ဆောက်ရသလိုပဲ၊ ကျွန်တော်တို့ ဘဝတွေရဲ့ အခြေခံအုတ်မြစ်ကတော့ အမေ့ရဲ့ ကြီးမားလှတဲ့ မေတ္တာတရားတွေနဲ့ ပေးဆပ်မှုတွေပါပဲ။ အမေ့ရဲ့မေတ္တာနဲ့ မိသားစုတိုင်း သာယာပျော်ရွှင်ပါစေ။

Address

No. 614, City Loft 2, Star City
Thanlyin
11291

Telephone

+959891646654

Website

Alerts

Be the first to know and let us send you an email when ACE ARCHI Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ACE ARCHI Construction Co.,Ltd:

Share