04/07/2024
⚙️ Cooling System ဟာ မော်တော်ကားအင်ဂျင်များအတွက် အရေးကြီးတဲ့အပိုင်းထဲက တစ်ပိုင်းအပါအဝင်ဖြစ်ပါတယ်။
⚙️Cooling system ထဲမှာပါဝင်တဲ့ ကားရေတိုင်ကီကို engine overheat ဖြစ်မှသာ သတိတရရှိတက်ကြပါတယ်။
⚙️ကားရေတိုင်ကီထဲက်ို ရိုးရိုးရေထည့်ခြင်းဟာ ရေတိုင်ကီအတွင်း ရေဂျိူး တည်နိုင်သလို ရေဆူပြီး ရေငွေ့ပျံခြင်းကြောင့် ရေခဏခဏဖြည့်ရခြင်းနှင့် engine overheat ဖြစ်လာနိုင်တဲ့ အကြောင်းအရာ ထဲမှ တချက်ဖြစ်ပါတယ်
⚙️ထို့အပြင် အအေးပေးပန်ကာမကောင်းခြင်း၊ ရေတိုင်ကီ အဖုံးမကောင်းခြင်း၊ coolant မကောင်းခြင်းတို့က engine ရဲ့ cooling system မကောင်းမွန်ခြင်းရဲ့ လက္ခဏာတွေဘဲ ဖြစ်ပါတယ်။
⚙️အဲ့ဒါကြောင့် cooling system ကို အချိန်မှန် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
⚙️မိမိကားရဲ့ cooling system ကောင်းမွန်နေမှသာ လိုရာခရီးကို လွယ်ကူလျင်မြန်စွာ သွားလာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။
⚙️Coolant water ကို သတ်မှတ် ကီလိုမီတာအလိုက် လဲလှယ်ပေးဖို့ကိုလည်း
အကြံပြုအပ်ပါတယ်။