Kubotaservice ဝါယာရိန်း

Kubotaservice ဝါယာရိန်း ရိတ်​ခြွေစက်များအားလုံးအတွက် အင်ဂျင်၊ဂီယာ​ဘောက်၊ဟိုက်ဒ​ရောလစ်နှင့်ဝါယာရိန်းတို့ကိုပြုပြင်​ပေးပါတယ်

17/10/2022

Steering
*********
ရိတ်​ခြွေစက်​တွေမှာ ဘယ်​ကွေ့ညာ​ကွေ့မရတဲ့ပြဿနာဟာ အဖြစ်များတဲ့ပြဿနာ​ တစ်ခုဖြစ်ပါတယ်...
Dc 70 g ရဲ့ steering စနစ်ဟာ ကလပ်ဖြင့်ဘရိတ်ဖမ်းပေးတဲ့စနစ်ဖြစ်ပါတယ်...
အော်ပ​​ရေတာက ကိုယ်​ကွေ့ချင်တဲ့ဘက်သို့ ​လီဗာမောင်းတံကို ယိမ်း​ပေးလိုက်ရုံနဲ့ ကလပ်ဆလင်ဒါသို့ ဟိုက်ဒ​ရောလစ်ဖိအား သက်​ရောက်​သဖြင့် ကလပ် bolt(နတ်တိုင်) မှ ကလပ်​မောင်းများ​ကိုတွန်းဖိ​လိုက်​သော​ကြောင့် ဆိုက်ကလပ်ဂီယာများကို ဖရီးဖြစ်​​ခြင်းနှင့် ဘရိတ်ဖြစ်​​​ခြင်းတို့​ ဖြစ်​ပေါ် ပြီး စက်ကို ကွေ့​​စေမှာဖြစ်ပါတယ်..
အဲ့ဒီလို လွယ်ကူစွာအလုပ် လုပ်နိုင်ဖို့အတွက် hydraulic စနစ်နဲ့ electrical စနစ်တို့ကို​ပေါင်းစပ်လုပ်​ဆောင်​​စေတာ ဖြစ်ပါတယ်...
​မောင်းတံကို ဘယ်/ညာ သို့ယိမ်းလိုက်​သောအခါ ​မောင်းတံ​အောက်ဘက်ရှိ switch မှ အပ်( - ) ဆစ်ဂနယ်ကို ဆိုက်ကလပ်ရီ​လေး(ဘယ်/ညာ) သို့ ​ရောက်ရှိ​​စေမှာဖြစ်ပါတယ်...
ရီ​လေးအလုပ်လုပ်ရင် hydraulic control unit ရှိ solenoid valve သို့ ( - ) ဆစ်ဂနယ်ထပ်ရောက်ပြီး ကလပ်စလင်ဒါ(ဘယ်/ညာ) သို့သွား​သော ဆီလမ်း​ကြောင်းများကို solenoid valve က ဖွင့်/ပိတ် လုပ်​​ဆောင်​ပေးမှာဖြစ်ပါတယ်...
အဲ့ဒီမှာ သိထားရမှာက စက်ကို ဘယ်ဘက် (သို့)ညာဘက်သို့ လမ်း​ကြောင်း​ပြောင်းရုံဆိုရင် လီဗာ​မောင်းတံကို အဆုံးထိဆွဲကပ်စရာမလိုဘဲ အနည်းငယ်တိမ်း​ပေးရုံနဲ့ လမ်း​ကြောင်း​ပြောင်းလဲ နိုင်မှာဖြစ်ပြီး ကွေ့ချင်​သောအခါကျမှသာ ကိုယ်​ကွေ့ချင်​သောဘက်သို့ လီဗာ​မောင်းတံကို အဆုံးထိဆွဲကပ်​ပေးရမှာဖြစ်ပါတယ်...
အဲ့ဒီလို လီဗာမောင်းတံကို တစ်ဖက်ဖက်သို့ ဆွဲကပ်လိုက်ခြင်းဟာ ဆိုက်ကလပ်ဂီယာကို ဟိုက်ဒ​ရောလစ်ဖြင့် ဘရိတ်ဖမ်း​ပေးတာဖြစ်လို့ ကိုယ်​ကွေ့ချင်​တဲ့ဘက်သို့ လျှင်မြန်စွာ​ကွေ့​စေမှာဖြစ်ပါတယ်...
အကယ်၍ လီဗာတံကိုအဆုံးထိဆွဲကပ်ထားပါလျက် စက်ကို ချာခနဲမလှည့်နိုင်ဘူးဆိုရင်​ ကလပ်ပြား​တွေ​ချော်​​နေတာ၊ ဘရိတ်ကြိုး​လျော့​နေတာ စသည်ဖြင့် အစိတ်အပိုင်း​တစ်ခုခုမှာ ပြစ်ချက်၊ချွတ်ယွင်းချက် ရှိ​နေလို့ဖြစ်ပါတယ်...
လီဗာတံကို ဘယ်/ညာ ကစားပေမယ့်လည်း ဆိုက်ကလပ်​မောင်းများ လှုပ်ရှားမှုမရှိဘူးဆိုရင် လျှပ်စစ်ပိုင်းမှာပြဿနာရှိ​နေတာဖြစ်ပြီး switch, relay, fuse တို့ကိုစစ်​ဆေး​ပေးရမှာဖြစ်ပါတယ်...
​ ပိုင်းနဲ့
#ဝါယာရိန်း ပိုင်း​တွေမှာ အခက်အခဲတစ်စုံတစ်ရာရှိတယ်ဆိုရင်​
#09799837132ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ...
ဝါယာရိန်း

Address

Pyay

Telephone

+959799837132

Website

Alerts

Be the first to know and let us send you an email when Kubotaservice ဝါယာရိန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share