Techno Halo

Techno Halo Engineering Training Group Engineering Training Group
အေးမေတ္တာလမ်း၊ ကုန်းတန်းလေး (နန်းဦးလွင်၊ ဘူးကုန်း) မန္တလေးတိုင်း‌ဒေသကြီး။

22/07/2025

Ultrasonic Mist Maker လေး စမ်းထားတာပါ

စုဆောင်းထားမိတဲ့ ကာလာစုံ Arduino board နဲ့ Shield လေးတွေ ❤️ဟိုတုန်းကတော့ စျေးသက်သာတယ်၊ ခုတော့ ဝယ်ရတာ ပျော်စရာ မကောင်းတော...
04/07/2025

စုဆောင်းထားမိတဲ့ ကာလာစုံ Arduino board နဲ့ Shield လေးတွေ ❤️

ဟိုတုန်းကတော့ စျေးသက်သာတယ်၊ ခုတော့ ဝယ်ရတာ ပျော်စရာ မကောင်းတော့ဘူးဗျိုး 😓

28/06/2025

Blynk တို့ ThingSpeak တို့လို IoT service တို့ကို သုံးရင် Data Transmission limt ထိပြီး ငွေသွင်းရမှာ စိုးရိမ်နေရင် Firebase Real Time Database နည်းလမ်းလေး သုံးကြည့်နိုင်ပါတယ်။

50,000 reads/day
20,000 writes/day ရပါတယ်တဲ့။

27/06/2025

FingerPrint application

Image Processing Technique သုံးထားတဲ့ GUI Application လေး တစ်ခုပါ။

26/06/2025

စျေးပေါတဲ့ OV7670 camera လေးကို သုံးပြီး ESP32 ကနေ WiFi က တစ်ဆင့် Live လွှင့်ထားတာပါ။

ဒီနေ့ 450W computer power supply အပျက် ၆ ခု ကလိဖြစ်တယ်။ သင်တန်းသားများအတွက် ဗဟုသူတပါနော်။Capacitor ဖေါင်းနေတာ၊ Fuse ပျက်...
06/06/2025

ဒီနေ့ 450W computer power supply အပျက် ၆ ခု ကလိဖြစ်တယ်။ သင်တန်းသားများအတွက် ဗဟုသူတပါနော်။

Capacitor ဖေါင်းနေတာ၊
Fuse ပျက်ယုံမက Fuse ဘေး ဝါယာ ကပါ မီးကျွမ်းတာ၊
Transistor တွေ အရောင် ညိုလာတာတွေကတော့ အစားထိုး ပစ္စည်း ရမှ ပြင်ဖြစ် မှာပါ။

Component တွေ ပုံမှန် လိုလို ဖြစ်နေရင်တော့ Multimeter က connectivity mode နဲ့

ခလုတ်နားက ဝါယာအဆက် ပြုတ်နေတာကို ပြင်လိုက်တာနဲ့ တစ်လုံး ပြန်သုံးလို့တယ်။ (ရှုံပိုက် အောက်မှာမို့ ပျက်နေတာ မမြင်ရပါလို့ တိုင်းမှ သိနိုင်တာပါ။)

ဒုတိယ တစ်ခုက 3.3 5 12 Volt တွေက ထွက်တယ်။ (အနက်ကို ground ထားပြီး ကျန် Wire တွေ DC တိုင်းပါ။) Fan က မလည်။ စစ်လိုက်တော့ ရှုံ့ပိုက်အောက် အဆက်တွေ ပြုတ်တာပါပဲ။ သူလည်း ကောင်းသွားတယ်။

အခုလို စမ်းဖို့ ကွန်ပျူတာကြီးနဲ့ တွဲစမ်းဖို့ မလို။ ပုံမှာ ပြသလို အစိမ်းကြိုးကို Ground ချရင် ပုံမှန်က Volt ထွက် Fan လည်ရမယ်။ မလည်ရင် အပေါ်က ပြောသလို စစ်ပါ။

❌ စမ်းပြီးသားကို လက်နဲ့ တိုင်းမကိုင်ပါနဲ့။ အရင်ဆုံး Capacitor ကို discharge လုပ်ပါ။

✅ အလွယ်ဆုံး discharge နည်းက wire နဲ့ short မတိုက်ပါနဲ့။ soldering gun ခဲဂဟေဆော်ဂန်းဟာ AC နဲ့ DC မြင့်မြင့်တွေ Discharge လုပ်ဖို့ အသင့်တော်ဆုံး load ပါပဲ။ ခဲဂန်းက မီးလေး ခဏနီပြီး မှိတ်သွားရင် Safe ဖြစ်ပါပြီ။ စမ်းလို့ ရပါပြီ။

Prototype model လေးတွေနဲ့၊ PC setup A+ ပိုင်း စမ်းသပ်လိုတဲ့ သင်တန်းသားဟောင်းများကို TechnoHalo က ဖိတ်ခေါ်ပါတယ်။အချိန်ပေး...
05/06/2025

Prototype model လေးတွေနဲ့၊ PC setup A+ ပိုင်း စမ်းသပ်လိုတဲ့ သင်တန်းသားဟောင်းများကို TechnoHalo က ဖိတ်ခေါ်ပါတယ်။

အချိန်ပေးနိုင်သူများ ဆက်သွယ်ပေးပါခင်ဗျ။

31/05/2025

🦾 3D Printed Robot Arm

🦾 Metal Servo 4 လုံး သုံးထားပြီး၊ 3D Print ထုတ်ထားတဲ့ Robot Arm လေးပါ။

🦾 မှာယူလိုသူများအနေနဲ့ (Robot Arm + Metal Servo x4) ၂ သိန်းကျပ် ကျသင့်ပါတယ်။

🟠 စရံ တစ်ဝက် ပေးသွင်းကာ မှာယူနိုင်ပါတယ်ခင်ဗျ။ (လတ်တလော instock မရှိသေးလို့ ၂ ပတ်ခန့်တော့ စောင့်ရနိုင်ပါတယ်။)

🔺 ESP32 Mini ၃ သောင်းကျပ်
🔺 Servo Shield ၂ သောင်းကျပ် တို့ကိုလည်း သီးသန့် မှာယူနိုင်ပါတယ်ခင်ဗျ။

TechnoHalo Engineering Training Center

31/05/2025

HC-SR04 ultrasonic sensor နဲ့ obstacle ဖတ်ပြီး 128x64 LCD နဲ့ display ပြထားတာပါ။ Source code ကိုတော့ Microcontroller Training Group မှာ တင်ပေးပါမယ်။ ゚viralシfypシ゚viralシalシ

25/05/2025

Job Opportunities for Myanmar Engineers in Japan

Address

Aye Myitta Street
Patheingyi

Alerts

Be the first to know and let us send you an email when Techno Halo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Techno Halo:

Share