Shwe Thiha Saw Car Service Center

Shwe Thiha Saw Car Service Center ရွှေသီဟစော (ပုသိမ်) One-Stop Car Service Center ကားပြုပြင်ရန်လိုအပ်ပါက ရွှေသီဟစောထံ ကြွရောက်လိုက်ပါ Auto Service, Car alignment, Car wash

ချစ်ခင်လေးစားအပ်ပါသော ကာစတန်မာကြီးများခင်ဗျာ 🙏အောက်တိုဘာလ ၆ ရက် ၂၀၂၅ခုနှစ် (တနလ်ာနေ့)သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသဖြင...
02/10/2025

ချစ်ခင်လေးစားအပ်ပါသော ကာစတန်မာကြီးများခင်ဗျာ 🙏

အောက်တိုဘာလ ၆ ရက် ၂၀၂၅ခုနှစ် (တနလ်ာနေ့)သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသဖြင့် ရွှေသီဟစော ကားဆားဗစ်စင်တာ ပိတ်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အကယ်၍ ခရီးသွားနေစဥ် ကားအခက်အခဲရှိလာပါက အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

အောက်တိုဘာ ၇ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။

ဆက်သွယ်ရန် -
09 74086 1072
09 25555 4072-4

Shwe Thiha Saw Car Service Center
၂၂က၊ ပုသိမ်-မုံရွာလမ်း၊ လွန်ကန်၊ ပုသိမ်မြို့

Auto Detailing  လုပ်မယ်ဆို ဒါတွေသိထားရပါတယ် 🌟🚘✨️Auto Detailing ဆိုတာ ကားကိုအမြဲသန့်ရှင်း တောက်ပြောင်နေမှကြိုက်တဲ့ ကားပို...
27/09/2025

Auto Detailing လုပ်မယ်ဆို ဒါတွေသိထားရပါတယ် 🌟🚘✨️

Auto Detailing ဆိုတာ ကားကိုအမြဲသန့်ရှင်း တောက်ပြောင်နေမှကြိုက်တဲ့ ကားပိုင်ရှင်တွေအတွက်ပါ💁‍♂️💃

ရိုးရှင်းစွာပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာ ညစ်ပတ်ပေတေနေတဲ့ကားများကို Car showroom မှ ထုတ်လာသည့်ပုံစံအတိုင်း ဖန်တီးပေးမှာဖြစ်ပါသည်။ 👌👍😍

ရွှေသီဟစော ကားဆားဗစ်စင်တာသည် ချစ်မိတ်ဆွေများအတွက် လစဥ် ပရိုရှင်းများပြုလုပ်ပေးပါသည်။

ခရီးသွားကာလ ဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်အတွက် Auto Detailing (Car Polish & Coating) အထူးပရိုမိုးရှင်းကြီး 20% Discount ရမည့်အခွင့်အရေးကို အရယူလိုက်ပါ 🥰🥳

အမျိုးတွေအိမ်သွားရင် ကားအသစ်ဝယ်ထားလားလို့တောင်အမေးခံရမှာနော်။ အဲဒီလောက်ကားက *shiny* ဖြစ်သွားမှာကို အာမခံပါတယ်။ 🤗🤩

Auto Detailing ဗဟုသုတများကို share ထားပါတယ်။
အချိန်ရရင်ဖတ်ပေးပါ။

အချိန်မရရင်ရင်တော့ ရွှေသီဟစောကို အခုဖုန်းဆက်ပြီး booking ယူပေးပါနော်! 🤭😁

Auto Detailing လုပ်ရင် မှားယွင်းနေတဲ့ အယူအဆတွေကြောင့် လူကြီးမင်းတို့ရဲ့ ကားကို မထင်မှတ်ထားတဲ့ ဒဏ်ရာရစေနိုင်ပါတယ်!

၁။ "Dish Soap (ပန်းကန်ဆေးဆပ်ပြာ) နဲ့ ကားဆေးတာမျိုး
❌ မှားပါတယ်! Dish Soap တွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ကားကား Body ကို ကာကွယ်ပေးထားတဲ့ Wax လွှာနဲ့ Clear Coat ကို ပျက်စီးစေပါတယ်။ ကြာလာရင် ကားအရောင်မှိန်ပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မခံနိုင်တော့ပါဘူး။ ကားဆေးကြောဖို့အတွက် pH Balanced Car Shampoo ကိုပဲ အသုံးပြုပါ။

၂။ "Wax / Polish / Compound အားလုံးဟာ အတူတူပဲ"

ကားကို ပြောင်လက်စေရင် အားလုံးအတူတူပဲ။
❌ လုံးဝမှားပါတယ်!
· Compound : ခြစ်ရာပြင်းတွေကို ဖယ်ရှားဖို့ အကြမ်းဆုံးပစ္စည်း။ ကားကိုယ်ထည်ကို ပါးစေနိုင်တယ်။
· Polish : Compound ကြောင့်ကျန်ခဲ့တဲ့ ခြစ်ရာသေးသေးလေးတွေကို ပြန်ညှိပေးပြီး မှန်ကဲ့သို့ ကြည်လင်စေတယ်။
· Wax/Sealant : Polish လုပ်ပြီးသား မျက်နှာပြင်ကို ကာကွယ်ပေးပြီး ရေစက်မတင်အောင်၊ ဖုန်မကပ်အောင် လုပ်ဆောင်ပေးတယ်။

၃။ "Detailing ဆိုတာ ကားအပြင်အဆင်ကိုပဲ ဂရုစိုက်တာ"

Engine Bay နဲ့ Interior က သိပ်အရေးမကြီးဘူး။
❌ မှားပါတယ်! တကယ့် Professional Detailing ဟာ ကားတစ်စီးလုံးကို ဂရုစိုက်တာပါ။
· Engine Bay: ဖုန်မှုန့်တွေ၊ ဆီတွေစုပြီး အင်ဂျင်ပိုင်းချို့ယွင်းမှုတွေ ၊ ကြိုးဟောင်းတွေ ကွဲအက်တာကို စောင့်ကြည့်ရန် ခက်ခဲစေတယ်။
· Interior: ဖုန်၊ ဘက်တီးရီးယားတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၄။ "Microfiber Towel (မိုက်ခရိုဖိုင်ဘာ အဝတ်) အားလုံးဟာ အတူတူပဲ"

· အယူအဆ: ဈေးချိုတဲ့ အဝတ်နဲ့ ဈေးကြီးတဲ့ အဝတ် ကွာခြားချက်မရှိဘူး။
❌ မှားပါတယ်! ဈေးပေါတဲ့ အဝတ်တွေက ချော်မွေ့တဲ့ ချည်မျှင်တွေနဲ့ လုပ်ထားတာမဟုတ်ဘဲ ကားကိုယ်ထည်မှာ Swirl Marks (စက်ဝိုင်းပုံအစင်း) ထင်စေနိုင်တဲ့ ချောမွေ့မှုမရှိတဲ့ ချည်မျှင်တွေပါဝင်ပါတယ်။ High-Quality Microfiber Towel တစ်ထည်ရဲ့ တန်ဖိုးကို မမေ့ပါနဲ့။

၅။ "Wax တစ်ခါလိမ်းရင် တစ်နှစ်စာခံတယ်"

· အယူအဆ: တစ်ခါလိမ်းရင် ၁ နှစ်အတွင်း ထပ်မလိမ်းရဘူး။
· ❌ အပြည့်အဝမမှန်ပါ! Wax/Sealant တစ်ခုရဲ့ သက်တမ်းဟာ ရာသီဥတု၊ ကားသိမ်းဆည်းတဲ့နေရာ၊ ဆေးကြောနည်း အပါအဝင် အကြောင်းရင်းများစွာပေါ် မူတည်ပါတယ်။ ပျမ်းမျှအားဖြင့် ကောင်းမွန်တဲ့ Wax တစ်မျိုးဟာ ၃ လ ကနေ ၆ လအထိပဲ ခံပါတယ်။ Ceramic Coating တွေကတော့ နှစ်ချီခံပါတယ်။

ဒီအချက်တွေကို သိထားမယ်ဆိုရင် လူကြီးမင်းတို့ရဲ့ ကားကို ပိုပြီး စနစ်တကျနဲ့ ဂရုစိုက်နိုင်မှာပါ!

တန်ဖိုးရှိတဲ့ လူကြီးမင်းတို့ကားရေရှည်ဆေးသားခိုင်ဖို့ တောင်ပြောင်လှပတဲ့ ဆေးသားနဲ့အတူ ပေါ်လွင်စေဖို့ ကျတော်တို့ ဒေါင်းမင်းဗေဒါမှ အခြေခံ ကားရေဆေးwax ကအစ အထူးဂရုစိုက်ဆောင်ရွက်ပေးပါတယ်။ ကားဆေးသားတွေခိုင်ခံ့တောက်ပြောင်စေဖို့ ခေတ်မီ Compound များကိုအသုံးပြုပြီးဆောင်ရွက်ပေးလျှက်ရှိပါသည်။

☎️Call us
09 740 861 072/6
09 2555 4072/4

လိပ်စာ
Shwe Thiha Saw Car Service Center
ရွှေသီဟစော ကားဆားဗစ်စင်တာ
၂၂-က၊ ပုသိမ်-မုံရွာလမ်း၊ လွန်ကန်၊ ပုသိမ်မြို့။

ရန်ကုန်ဆိုင်လိပ်စာ
Daung Minn Baydar Auto Service Center
Address : 97 B Aung Zeya Road, (Opposite Million Mart) Kyauk Kone, Yankin, Yangon
09255554092-5/ 09454555168

မဂ်လာပါရွှေသီဟစော ကားဆားဗစ် ပုသိမ်မြို့မှကြိုဆိုပါသည်။လူကြီးမင်းတို့၏ တန်ဖိုးကြီးကားတစ်စီး မောင်းတော့မယ်ဆိုပါကသိထားသင့်သ...
02/09/2025

မဂ်လာပါ
ရွှေသီဟစော ကားဆားဗစ် ပုသိမ်မြို့မှကြိုဆိုပါသည်။
လူကြီးမင်းတို့၏ တန်ဖိုးကြီးကားတစ်စီး မောင်းတော့မယ်ဆိုပါကသိထားသင့်သောအချက်ပြသင်္ကေတများကို မြန်မာဘာသာပြန်ထားသည်ကို တင်ပြပေးထားပါသည်။

လူကြီးမင်း၏လမ်းဘေးကင်းရေးသည် ကျွန်ုပ်တို့၏ထိပ်တန်းဦးစားပေးဖြစ်သည်။

ရွှေသီဟစောတွင် အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည် -
🔴ရိုးရိုးကားဘီးအလိုင်းမင်းချိန်
🔴3D ကားဘီးအလိုင်းမင်းချိန်
🔴ကားအောက်ပိုင်းပြုပြင်ရေး
🔴အင်ဂျင်အလုံးလိုက်ပြုပြင်ရေး
🔴ဘရိတ်စနစ်ပြုပြင်ရေး
🔴ဂီယာပြုပြင်ရေး
🔴အင်ဂျင်ဝိုင်၊ ဂီယာ/အော်တိုဝိုင်လဲ
🔴ကား EFI / diagnostic
🔴မှန်တံခါးနှင့် အဲကွန်းပြုပြင်ရေး
🔴ကားရေဆေး/ ပေါလစ် လုပ်ငန်း
🔴ကားအလှဆင်လုပ်ငန်း
🔴 ကားဆေးဘော်ဒီ
🔴 auto detailing/ coating (coming soon)

ပုသိမ်မြို့တွင် 1-stop auto service အနေဖြင့် ၁၉၉၂ မှစတင်တည်ထောင်နေပါသည်။

ပုသိမ်မြို့နှင့် နယ်ဝေးမှ လာအားပေးငည့်မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်းများကို အထူးကျေးဇူးတင်ပါသည်။

ဆက်သွယ်ရန်

ရွှေသီဟစော ကားဆားဗစ်
၂၂-က ပုသိမ်-မုံရွာလမ်း၊ လွန်ကန်ရပ်ကွက်၊ ပုသိမ်မြို့

09255554072/3/4
09740861072/6

05/08/2025

လူကြီးမင်းတို့ကားများ ကျန်းမာရေးပုံမှန် စစ်ဆေးပြီးပါပြီလား?

မဂ်လာပါ 🙏🙏🙏

ရွှေသီဟစော ကားဆားဗစ်စင်တာမှ ကြိုဆိုပါသည်။

✅️ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်/ အော်တိုဝိုင်ပုံမှန်စစ်ဖြစ်ပါသလား?

✅️ စိတ်ချလက်ချခရီးသွားနိုင်ရန် ကားကိုစစ်ဆေးထားပါသလား?

✅️ ဘရိတ်ပိုင်း/ ဟတ် ဘောတွေရောအသံထွက်နေပါလား?

✅️ ကားစက်နှိုးပါက စိတ်တိုင်းမကျဖြစ်နေပါသလား?

✅️ ဂီယာထိုးရင် မူမမှန်သလိုခံစားရပါလား?

✅️ ကားအောက်ပိုင်းတွေလည်းအသံစုံ မြည်နေပါသလား?

✅️ အင်ဂျင်ပိုင်းတွေ ချက်မီးလင်းနေပါသလား?

ကားကျန်းမာရေးစစ်ဆေးခြင်းများကို 05.08.25 မှ 30.10.25 အထိ အခမဲ့ 🆓️ ရွှေသီဟစောတွင်လာရောက်စစ်ဆေးနိုင်ပါကြောင်းလူကြီးမင်းတို့အား သတင်းကောင်းပါးလိုက်ပါသည်။

( တစ်ရက်လျှင် ကား ၁၅စီးသာ အခမဲ့ စစ်ဆေးပေးသည့်အတွက် ကြိုတင်ဖုန်းဘိုကင်ယူပေးပါရန် မေတ္တာရပ်ခံပါသည်။ )

ကြိုတင်ဘိုကင်ယူရန် : 09255554072-4/ 09740861072/6

လိပ်စာ - ရွှေသီဟစော ကားပြုပြင်ရေးလုပ်ငန်း
၂၂/က ပုသိမ်-မုံရွာလမ်း၊ လွန်ကန်ရပ်၊ ပုသိမ်မြို့

ရွှေသီဟစော (ပုသိမ်) One-Stop Car Service Center ကားပြုပြင်ရန်လိုအပ်ပါက ရွှေသီဟစောထံ ကြွရောက်လိုက်ပါ

Castrol အင်ဂျင်ဝိုင် ပရိုမိုးရှင်းကြီး 🥰😍 exclusively at Shwe Thiha Saw Car Service Centerကမ္ဘာကျော်တံဆိပ်ဖြစ်သည့် Castr...
11/07/2025

Castrol အင်ဂျင်ဝိုင် ပရိုမိုးရှင်းကြီး 🥰😍
exclusively at Shwe Thiha Saw Car Service Center

ကမ္ဘာကျော်တံဆိပ်ဖြစ်သည့် Castrol အင်ဂျင်ဝိုင် မှ
ရွှေသီဟစောချစ်မိတ်ဆွေကြီးများအတွက်
မေတ္တာလက်ဆောင်များ ရနိုင်မည့်
အခွင့်အရေးလေးတစ်ခုပါ 🎁🎉

EDGE 5W30/ Magnatec 0W20/ Magnatec 5W30
(၄) လီတာ ၁ဗူးဝယ်ယူပါ
🎁အင်ဂျင်ဝိုင်လဲလက်ခ FREE
🎁 ၅၀,၀၀၀ တန် CASTROL TUMBLER ၁ခု
လက်ဆောင်ရယူနိုင်ပါသည် 🤗🤗

ဒါ့အပြင်..
Castrol Engine Oil (၄)လီတာနှင့်
အထက်ဝယ်ယူအားပေးပါက
🎁 CASTROL T-shirt လက်ဆောင် နှင့်
🎁 အင်ဂျင်ဝိုင်လဲလက်ခ FREE

Promotion ကာလ
(11-07-2025) to (17-07-2025)

ရွှေသီဟစောမှ အခြား အင်ဂျင်ဝိုင်များဝယ်ယူအားပေးပါကလည်း Oil filter FREE လက်ဆောင်ပေးနေပါသည်။

Please visit us

ရွှေသီဟစော ကားဆားဗစ်စင်တာ
(၂၂-က) ပုသိမ်-မုံရွာလမ်းမကြီး၊ လွန်ကန်၊ ပုသိမ်မြို့
09740861076/ 09255554072/4/6

🤩🤩🤩 မိုးရာသီ ရှယ်ပရိုမိုးရှင်းပြန်လာပါပြီMonsoon Double Promotion 🤩🤩🤩အင်ဂျင်ဝိုင်လဲပါက FREE oil filterရေဆေး (၅)ကြိမ် FRE...
16/06/2025

🤩🤩🤩 မိုးရာသီ ရှယ်ပရိုမိုးရှင်းပြန်လာပါပြီ
Monsoon Double Promotion 🤩🤩🤩

အင်ဂျင်ဝိုင်လဲပါက FREE oil filter
ရေဆေး (၅)ကြိမ် FREE wash

မိုးရာသီတွင် ရွှေသီဟစော ကားဆားဗစ်စင်တာ
ကိုလာရောက်အားပေးသည့် ချစ်မိတ်ဆွေတွေအတွက်
အထူးပရိုမိုးရှင်းကြီးကိုလာရောက်အားပေးကြပါနော်

၃သိန်းအထက် အားပေးသည့် ကာစတန်မာများအတွက်
FREE WIPER လဲပေးပါသည်။

Visit us in Pathein!

ကြိုတင် booking ပေးရန် -
09740861072
09255554072

ရွှေသီဟစော ကားဆားဗစ်စင်တာ
ပုသိမ်မြို့

ကားတစ်စီးပြင်တော့မယ်ဆိုရင် ဘာတွေလုပ်မလဲ❓🤔ရွှေသီဟစောကားဆားဗစ်စင်တာ  -  1993 ခုနှစ်မှ လူကြီးမင်းတို့အား ယုံကြည်စိတ်ချရသော ...
01/06/2025

ကားတစ်စီးပြင်တော့မယ်ဆိုရင် ဘာတွေလုပ်မလဲ❓🤔

ရွှေသီဟစောကားဆားဗစ်စင်တာ - 1993 ခုနှစ်မှ လူကြီးမင်းတို့အား ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုကို ပေးဆောင်နေပါသည်

🔴 ကားဝပ်ရှော့ကောင်းကောင်း ရွေးချယ်သင့်တယ် ။ (Reliable Service & Spare Parts)

🔴 ဘယ်အစိတ်အပိုင်းတွေကို စစ်ဆေးပြုပြင်သင့်သလဲဆိုတာကလည်း သိဖို့လိုအပ်လာပါတယ်။ Preventive Maintenance

🔴ပုံမှန်စစ်​ဆေးနိုင်မှ ကားကျန်းမာပါမယ် ။ Maintenance Schedule

🔴 ပိုက်ဆံကုန်တိုင်း ကား မ​ကောင်းလာပါဘူး၊ ကုန်ကျစရိတ်ကို​တောင်းရပါမယ်။ Estimate Cost

🔴 ကား​တော့ပြင်လိုက်တယ် တာဝန်ယူမှူ တာဝန်ခံမှုရှိပါသလား။ အာမခံ​ပေးမှု​ပေးနိုင်ပါသလား။ Guarantee

✅ ယုံကြည်စိတ်ချရတဲ့ ကားဝပ်ရှော့ရွေးချယ်ခြင်း
ကားဝပ်ရှော့ရွေးချယ်ရတာကလည်း ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကားဝပ်ရှော့ကိုမသွားခင် ဝန်ဆောင်မှုကောင်းမကောင်း(Reliable Service) ၊ ကားပြုပြင်တဲ့ နည်းပညာပိုင်း အားသာချက်၊ အားနည်းချက်၊ အပိုပစ္စည်း (spare parts)ရရှိနိုင်မှု၊ Social Media ပေါ်ကမှတ်ချက်ကောင်းမှု စတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလို မိမိမိတ်ဆွေတစ်ယောက် သွားရောက်ပြုပြင်ဖူးတယ်ဆိုရင် သူ့ရဲ့ထောက်ခံမှု(Recommend)ကလည်း အရမ်းအရေးကြီးပါတယ်။

✅ ကားအတွက် ကြိုတင်ပြုပြင်ထိန်းသိမ်းခြင်း (Preventive Maintenance)
ဘယ်လောက်မော်ဒယ်မြင့်တဲ့ကားပဲဖြစ်ဖြစ် ကြိုတင်စစ်ဆေးပြုပြင်ထိန်းသိမ်းမှုကတော့ လိုအပ်ပါတယ်။ ဆီ၊ရေ၊လေ၊ဝိုင် ဆိုတဲ့ ဆီဖစ်တာလဲခြင်း၊ ကူးလန့်စစ်ဆေးလဲလှယ်ခြင်း၊တာယာနှင့်တာယာဖိအား စစ်ဆေးခြင်း၊အင်ဂျင်လေစစ်များ စစ်ဆေးခြင်း၊ အင်ဂျင်ဝိုင် ဂီယာဝိုင် စစ်ဆေးခြင်းတွေဖြစ်တဲ့ ကားရဲ့အခြေခံ အချက်တွေကိုတော့ မပျက်မကွက် စစ်းဆေးပြုပြင်သင့်ပါတယ်။

✅ ကားထုတ်လုပ်သူရဲ့ ပြုပြင်ထိန်းသိမ်းမှုအချိန်ဇယား အတိုင်း ပြုပြင်ထိန်းသိမ်းခြင်း
ကားထုတ်လုပ်သူမှ သတ်မှတ်ပေးထားတဲ့ ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယားလို့ခေါ်တဲ့ (Maintenance Schedule) အတိုင်း ဘယ်အချိန်မှာ အင်ဂျင်ဝိုင်၊အော်တိုဆီ၊အင်ဂျင်လေစစ်၊ ဆီဖစ်တာ၊ပလပ်၊တိုင်မင်ဘတ် စသည်တို့ကို အချိန်ကာလတစ်ခု (သို့)ခရီးအကွာအဝေး ကီလိုမီတာ (သို့) မိုင် တစ်ခုမှာ စစ်ဆေးလဲလှယ်ရမယ်ဆိုတဲ့အချက်တွေကို ကားပိုင်ရှင်လက်စွဲ (Owner Manual)မှာ ရေးမှတ်ထားတာကြောင့် အဲ့ဒီထဲကအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။

✅ ကုန်ကျစရိတ် တွက်ချက်ခြင်း
ကားပြုပြင်ဖို့ ကားဝပ်ရှော့ကိုသွားရောက်ပြသတဲ့အခါ စမ်းသပ်မောင်းနှင်စစ်ဆေးပြီး ပစ္စည်းဖိုး နှင့် ပြုပြင်လက်ခ ခန့်မှန်းကုန်ကျစရိတ်(Estimate Cost)ကို တောင်းဆိုသင့်ပါတယ်။ ဒါမှသာကုန်ကျစရိတ်ကို ချိန်ဆပြီး အရေးကြီးတဲ့အပိုင်းတွေကိုပြင်မလား၊
ကုန်ကျငွေအားလုံးအဆင်ပြေတယ်ဆိုရင်
ပြုပြင်ရမယ့်အချက်အားလုံးကိုပဲ ပြုပြင်မလားဆိုတာ
စဉ်းစားဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

✅အာမခံချက်ပေးနိုင်ခြင်း
ကားတစ်စီးကိုပြုပြင်ပြီးသွားတဲ့အခါ ဘယ်လောက်အထိ အာမခံ (Guarantee) ပေးနိုင်မလဲဆိုတာကလည်းအရေးကြီးပါတယ်။
စက်ပစ္စည်းတွေရဲ့သဘောကတော့ အသုံးပြုတဲ့သူနဲ့အချိန်ကာလပေါ်မူတည်ပြီး ပျက်စီးတတ်ပါတယ်။ ဒါပေမဲ့ ပစ္စည်းအစိတ်အပိုင်းတစ်ခုလဲပြီးသွားတဲ့အခါ အချိန်ကာလတစ်ခုကတော့ အာမခံပေးသင့်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ဒီအစိတ်အပိုင်းတွေပြုပြင်ပြီးသွားတဲ့အခါ ဘာတွေကိုဆောင်သင့်တယ်၊
ဘာတွေကိုတော့ရှောင်သင့်တယ်ဆိုတာမျိုးကိုလည်း သေချာမေးပြီး လိုက်နာသင့်ပါတယ်။ ဥပမာ-ရောဂါရှိလို့ ဆရာဝန်နဲ့ပြုပြင်ပြီးတဲ့အခါ ဘာအစားအစာတွေကို စားသင့်သလဲ၊ဘာတွေကိုရှောင်သင့်လဲ မေးသလိုမျိုးပေါ့။
အင်ဂျင်ကိုင်(အင်ဂျင်အိုဗာဟောလုပ်)ပြီး တစ်ရက် နှစ်ရက်ပဲရှိသေးတယ်၊ ဝန်တွေအဆမတန်တင်ပြီး ရုန်းခိုင်းတာမျိုးဆိုရင်လည်း အင်ဂျင်အကျမြန်သလို အသားမကျသေးတဲ့အတွက် အင်ဂျင်ပျက်စီးနိုင်ပါတယ်။

ကားတစ်စီးစစ်ဆေးပြုပြင်တော့မယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်များကို ကားပိုင်ရှင်များအတွက်ကျွန်တော်တို့ ​ရွှေသီဟ​စော ကားဆားဗစ် ပုသိမ် မှ ​လေးစားစွာ မျှဝေပေးလိုက်ရပါသည်။

SHWE THIHA SAW 1-STOP Car Service Center
Providing Reliable Service to our Customers Since 1993

အမှတ်(၂၂/က)၊ ပုသိမ်-မုံရွာလမ်း ၊ လွန်ကန်ရပ်ကွက်၊ ၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း။
Ph :09 – 740861076, 09 - 255554072, 09 – 740861072

>>

လူကြီးမင်းတို့ ​၏ ငွေပေးချေမှုများကို
Mobile banking transfer ဖြင့် AYA, KBZ, A Bank- တို့အပြင်, KBZ pay, AYA pay, Wave Money များဖြင့်လည်း လက်ခံဆောင်ရွက်ပေးပါသည်။

30/03/2025

မဂ်လာပါ။

မီးပျက်နေလို့ ရေလိုအပ်နေသူများ ရွှေသီဟစော

ကားဆားဗစ် တွင် ရေလာသည်လို့ရပါသည်။

ရေချိုးလိုပါကလည်း အခမဲ့ချိုးနိုင်ပါသည်။

ဖုန်းအားသွင်းရန်အတွက်စီစဉ်ပေးထားပါသည်။

ရွှေသီဟစောကားဆားဗစ်‌ သက်ြန်ဈေးရောင်းပွဲတော်ကြီး ပြန်လာပါပြီရှင့် 🤩🥳😃ဂျပန်နိုင်ငံမှတရားဝင်တင်သွင်းထားသည့် KYB Shock Absor...
26/02/2025

ရွှေသီဟစောကားဆားဗစ်‌ သက်ြန်ဈေးရောင်းပွဲတော်ကြီး ပြန်လာပါပြီရှင့် 🤩🥳😃

ဂျပန်နိုင်ငံမှတရားဝင်တင်သွင်းထားသည့် KYB Shock Absorber ရှော့ဘားများကို ရွှေသီဟစောတွင် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် 😊

နွေရာသီကျောင်းပိတ်ရက်နှင့် သက်ြန်ပိတ်ရက်များမှာ ခရီးသွားမည့် လူကြီးမင်းများအတွက်လည်း အရည်အသွေးကောင်းမွန်သည့် ကားရှော့ဘားများ ကိုသာ အသုံးပြုရန်အကြံပေးတိုက်တွန်းအပ်ပါသည် 👨‍🔧

KYB ကားရှော့ဘားများကို 20% Discount ရမည့်အခွင့်အ‌
ရေးကို လက်လွတ်မခံပဲ အမြန်ဆုံးဆက်သွယ်ဝယ်ယူနိုင်ပါသည် 🎁

Shwe Thiha Saw Car Service Center

၂၂-က၊ ပုသိမ်-မုံရွာလမ်း၊ လွန်ကန်ရပ်ကွက်၊ ပုသိမ်မြို့

Customer hotline: 09740861076

Booking: 09255554072/4

Viber: 09740861072


Address

22A Pathein-Monywa Road
Pathein

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959775554564

Website

Alerts

Be the first to know and let us send you an email when Shwe Thiha Saw Car Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Thiha Saw Car Service Center:

Share