17/03/2024
Solenoid Valve ဆိုလိုနွိုက်ဗားဆိုသည်မှာ
----------------------------------------
ဆိုလိုနွိုက်ဗား ဆိုသည်မှာ စက်ပစ္စည်းများ၏ လေလိုင်း (သို့) ဆီလိုင်းများအတွက်လမ်းကြောင်းများအား လိုအပ်သလို ဖွင့်ပိတ်ပြုလုပ်နိုင်ရန် လျှပ်စစ်သံလိုက်စွမ်းအင် အားအသုံးပြု ဖွင့်ပိတ်ပြုလုပ်ပေးသော ကိရိယာဖြစ်ပါသည်။ လိုင်းများ၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်တို့အပေါ်လိုက်၍ စွမ်းအင်ပေးရသည့်ပမာဏ အနည်းအများကွာခြားပါသည်။ လိုအပ်သောပမာဏ ကိုမူတည်၍ ဒီဇိုင်းဖန်တီးထုတ်လုပ်ထားပါသည်။
Solenoid Valve များ ဘယ်လိုအလုပ်လုပ်ပါသလဲ?
------------------------------------------------
လျှပ်စစ်သံလိုက် Coil အား အဆို့ရှင် ဗားပေါ်တွင်တပ်ဆင်ထားပြီး လျှပ်စစ်စွမ်းအင်ပေးပါက သံလိုက်ဖြစ်ပေါ်စေပြီး ဖွင့်ပေးခြင်း(သို့) ပိတ်ပေးခြင်း ပြုလုပ်ပေးပါသည်။ ထိုသို့ဖွင့် /ပိတ် အားဖြင့် လမ်းကြောင်းများကို ထိန်းချုပ်မှုပြုလုပ်ပြီး လိုအပ်သလို ဖြတ်သန်းစေပါသည်။ ပုံမှန်အားဖြင့် စွမ်းအင်မပေးချိန်တွင် ပိတ်ထားသော အခြေအနေ(သို့) ဖွင့်ထားသည့်အခြေအနေအတိုင်း ရှိနေတတ်ပါသည်။
ဘယ်လို Solenoid Valve များကို သုံးသင့်ပါသလဲ?
------------------------------------------------
ရိုးရှင်းသည့်ပုံစံဖြင့် ဒီဇိုင်းပုံစံပြုထုတ်လုပ်ထားသော Solenoid ဗားများသည် ဈေးနှုန်းသက်သာ၍ ယုံကြည်စိတ်ချရပြီးတာရှည်ခံပါသည်။ အထူးသဖြင့် ပျက်စီးမှုများတတ်သည့် Coil များအတွက် အရည်အသွေးကောင်းမွန်သော Solenoid Valve များကို တပ်ဆင်အသုံးပြုသင့်ပါသည်။
အကောင်းဆုံးအရည်အသွေးနှင့် တာရှည်ခံပြီး ဈေးနှုန်းသက်သာသော ကိုရီးယာနိုင်ငံထုတ် YPC Solenoid ဗားများသည် လူကြီးမင်းတို့၏ စက်အစိတ်အပိုင်းများအတွက် ခိုင်မာကောင်းမွန်သော ယုံကြည်ခြင်း နှင့် စိတ်ချမ်းသာမှုအား ရရှိစေမည်ဖြစ်ပါသည်။
Solenoid Valve, Pneumatic Valve များနှင့် Sub Base မျိုးစုံမှာယူနိုင်ပါရန်
- ဖုန်း 09421122085