29/10/2025
QGIS ကိုအသုံးပြု၍ မြေပြိုမှုဒေသများ ခွဲခြမ်းစိတ်ဖြာခြင်း (Landslide Susceptibility Mapping)
မိတ်ဆက်
မြေပြိုမှုဆိုတာ မြန်မာနိုင်ငံကဲ့သို့တောင်ကုန်းထူထပ်သော နိုင်ငံများအတွက် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ QGIS ဟာ အခမဲ့ရရှိနိုင်ပြီး စွမ်းရည်ပြည့် GIS Software တစ်ခုအနေဖြင့် မြေပြိုနိုင်ခြေရှိသော ဒေသများကို ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းများစွာကို ပေးစွမ်းနိုင်ပါတယ်။ ဤpost တွင်မြေပြိုမှုဆိုင်ရာ အချက်အလက်များကို QGIS ဖြင့် မည်သို့ဆောင်ရွက်ရမည်ကို အဆင့်ဆင့်ဖော်ပြသွားမှာဖြစ်ပါတယ်။
မြေပြိုမှုခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ဆင့်
အဆင့် ၁ - ဒေတာများ စုဆောင်းခြင်းနှင့် ပြင်ဆင်ခြင်း
မြေပြိုမှုကို လွှမ်းမိုးမှုရှိသော အဓိကအချက်များ (Landslide Influencing Factors) အတွက် ဒေတာများ စုဆောင်းရပါမည်။
· မြေပြိုမှု ယခင်က ဖြစ်ပွားရာနေရာ (Landslide Inventory): ယခင်ကမြေပြိုဖူးသော နေရာများ၏ မြေပုံ။ ၎င်းဒေတာသည် မော်ဒယ်တည်ဆောက်ရန် အခြေခံပဲဖြစ်ပါတယ်။
· (Digital Elevation Model - DEM): SRTM သို့မဟုတ် ASTER DEM ကဲ့သို့သော အခမဲ့ DEM ဒေတာများကို USGS EarthExplorer ကဲ့သို့သော ဝက်ဘ်ဆိုက်များမှ ရယူနိုင်သည်။ DEM မှ အောက်ပါအချက်များကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်-
· (Slope)
· (Aspect)
· (Curvature)
· (Land Use/Land Cover - LULC): USGS သို့မဟုတ် ESRI မှ အခမဲ့ LULC ဒေတာများကို ရယူနိုင်ပါတယ်။
· ကျောက်လွှာအမျိုးအစား (Lithology/Geology): မြေပြိုမှုသည် ကျောက်လွှာအမျိုးအစားပေါ်တွင် လည်းများစွာမူတည်ပါတယ်။
· မြစ်ချောင်းများနှင့် အကွာအဝေး (Distance from Rivers): ရေသည် မြေဆီလွှာ၏ တည်ငြိမ်မှုကို ထိခိုက်စေပါသည်။
· လမ်းများနှင့် အကွာအဝေး (Distance from Roads): လူ့လုပ်ဆောင်မှုများ၊ တုန်ခါမှုအစရှိသည် တို့သည်မြေပြိုမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။
အဆင့် ၂ - မြေပြိုအချက်လက်မြေပုံ ဖန်တီးခြင်း (Landslide Inventory Map)
QGIS ထဲတွင် ယခင်ကမြေပြိုဖူးသော နေရာများကို Point, Line, သို့မဟုတ် Polygon Layer အသစ်တစ်ခုအနေဖြင့် ရေးဆွဲပါ။ Satellite Image (Google Satellite) ပေါ်တွင် ပြန်လည်ဆန်းစစ်၍ ရေးဆွဲနိုင်ပါသည်။
အဆင့် ၃ - မြေပြိုအကြောင်းရင်းခံ အချက်များ မြေပုံပြုလုပ်ခြင်း
DEM ဒေတာမှ မြေပြိုမှုကို လွှမ်းမိုးမှုရှိသော အချက်များကို မြေပုံပြုလုပ်ပါ။
· Slope Map ပြုလုပ်ခြင်း:
· Raster Menu > Terrain Analysis > Slope ကိုသွားပါ။
· Input DEM အဖြစ် ရွေးချယ်ပြီး Output Slope Map အတွက် နာမည်ပေးပါ။
· Aspect Map ပြုလုပ်ခြင်း:
· Raster > Terrain Analysis > Aspect ကိုသွားပါ။
· Distance from Rivers Map ပြုလုပ်ခြင်း:
· မြစ်ချောင်း Line Layer ရှိပါက Vector > Geoprocessing Tools > Buffer ဖြင့် Buffer ယူပါ။
· Raster > Conversion > Rasterize (Vector to Raster) ဖြင့် Raster အဖြစ်ပြောင်းပါ။
· Raster > Analysis > Proximity (Raster Distance) ဖြင့် အကွာအဝေးမြေပုံ ပြုလုပ်နိုင်သည်။
အဆင့် ၄ - မြေပြိုနိုင်ခြေ ခွဲခြမ်းစိတ်ဖြာခြင်း (Landslide Susceptibility Analysis)
ဤအဆင့်သည် အရေးအကြီးဆုံးဖြစ်ပြီး နည်းလမ်းပေါင်းစုံရှိပါသည်။
· အချက်ပေါင်းစပ်မှုနည်းလမ်း (Overlay Analysis):
· Processing Toolbox ကိုဖွင့်ပါ။
· Raster calculator ကိုရှာပါ။
· Slope, Aspect, Land Use စသည့် အချက်တိုင်းကို အောင်းတစ်ခုစီ (ဥပမာ - 1 မှ 10) ပေးပြီး၊ အောက်ပါပုံစံအတိုင်း ပေါင်းစပ်နိုင်သည်။
· Formula: ("Slope@1" * 0.3) + ("LandUse@1" * 0.2) + ("DistanceFromRivers@1" * 0.2) + ...
· ဖော်ပြပါကိန်းဂဏန်းများသည် ထိုအချက်၏ အရေးပါမှုကို ကိုယ်စားပြုပါသည်။
· Machine Learning နည်းလမ်းများ (အဆင့်မြင့်):
· QGIS ရှိ SCP Plugin (Semi-Automatic Classification Plugin) သို့မဟုတ် Processing Toolbox အတွင်းရှိ Machine Learning Algorithm များ (Random Forest) ကို အသုံးပြုနိုင်သည်။
· ဤနည်းလမ်းများသည် ပိုမိုတိကျသော ရလဒ်များကို ပေးနိုင်ပါသည်။
အဆင့် ၅ - မြေပြိုနိုင်ခြေမြေပုံ (Landslide Susceptibility Map) ပြုလုပ်ခြင်းနှင့် အနက်ဖွင့်ဆိုခြင်း
· ရရှိလာသော Raster ဖိုင်ကို Raster > Classification > Reclassify by Table ဖြင့် အုပ်စုခွဲပါ။ (ဥပမာ - နိမ့်သည်၊ အလတ်စား၊ မြင့်သည်၊ အလွန်မြင့်သည်)
· သင့်တော်သော Color Ramp (ဥပမာ - အစိမ်းရောင်မှ အနီရောင်သို့) ကို သတ်မှတ်ပါ။
· မြေပုံအပြင် Layout ထဲတွင် Title, Legend, Scale Bar, North Arrow တို့ကို ထည့်သွင်းပါ။
· ဤမြေပုံသည် မည်သည့်နေရာတွင် မြေပြိုနိုင်ခြေပိုများသည်ကို ပြသပေးပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လမ်းတည်ဆောက်ရေး၊ ဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်များအတွက် အလွန်အသုံးဝင်ပါသည်။
သတိပြုရန်: ဤခွဲခြမ်းစိတ်ဖြာမှုသည် သိပ္ပံနည်းကျဒေတာများအပေါ် အခြေခံထားခြင်းဖြစ်ပြီး 100% မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ကျေးလက်ဒေသခံများ၏ ဗဟုသုတနှင့် ကွင်းဆင်းစစ်ဆေးမှုများသည် အလွန်အရေးကြီးပါသည်။
Compass Mapping Team
=====================================
Ads(ကြော်ငြာ)
ကျွန်တော်တို့ Compass Survey Group မှ ArcGIS , QGIS , Civil3D , LandSurveying သင်တန်းများသင်ကြားခြင်း ၊ ArcGIS , QGIS တို့ဖြင့်မြေပုံများရေးဆွဲပေးခြင်း၊ Civil3D ဖြင့်လမ်း Design ရေးဆွဲပေးခြင်း၊ Earthwork Volume တွက်ချက်ပေးခြင်း၊ Survey တိုင်းတာခြင်းလုပ်ငန်းများ (Topo , Level, Construction, Road) များအတွက်တိုင်းတာရေးလုပ်ငန်းများအားဆောင်ရွက်ပေးခြင်းများကိုလက်ခံဆောင်ရွက်ပေးလျက်လဲရှိပါသည်။
သက်သာတဲ့ဈေးနှုန်း၊ မှန်ကန်တဲ့ data အချက်အလက်ပါတဲ့ မြေပုံကိုရရှိလိုသူများအနေဖြင့် လုပ်ငန်းအပ်နှံလိုပါက Page Messenger တွင်လာရောက်စုံစမ်းနိုင်ပါသည်။
#ဘူမိဗေဒ #ဘူမိဗေဒကျောင်းသားများ #စိုက်ပျိုးရေးသိပ္ပံ #သစ်တော