09/10/2026
အိမ်စဆောက်မယ့်သူတိုင်း သိထားသင့်တဲ့ အချက် (၈) ချက်
1️⃣ Budget ကို အရင်သတ်မှတ်ပါ
ဆောက်လုပ်စရိတ်အပြင် မမျှော်မှန်းထားတဲ့ အသုံးစရိတ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၀–၁၅% လောက်ကို အရန်ငွေအဖြစ် ချန်ထားတာ ကောင်းပါတယ်။
2️⃣ မြေနေရာကို သေချာစစ်ဆေးပါ
ရေကြီးနိုင်ခြေ၊ မြေအမျိုးအစားနဲ့ ပတ်ဝန်းကျင်ကို အရင်လေ့လာပါ။
3️⃣ အလင်းရောင်နဲ့ လေဝင်လေထွက်ကို ကြိုတင်စီစဉ်ပါ
အိမ်ဆောက်တဲ့အခါ အခန်းတိုင်းမှာ သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်၊ လေဝင်ပေါက်နဲ့ အခန်းဖွဲ့စည်းပုံကို အစကတည်းက သေချာစီစဉ်သင့်ပါတယ်။
4️⃣ Foundation & Structure ကို စံချိန်စံညွှန်းအတိုင်း တည်ဆောက်ပါ။
အိမ်ရဲ့ ကြာရှည်ခံမှုက ဒီအပိုင်းပေါ်မှာ အများကြီးမူတည်ပါတယ်။နောက်ပိုင်းပြင်ရတာ အခက်ဆုံးနဲ့ ကုန်ကျစရိတ်အများဆုံးလည်း ဒီအပိုင်းပါပဲ။
5️⃣ ဆောက်လုပ်ရေးပစ္စည်းရဲ့ Quality ကို စစ်ဆေးပါ
ဈေးနှုန်းတစ်ခုတည်းမကြည့်ဘဲ အရည်အသွေးနဲ့ Specification ကိုပါ စစ်ဆေးပါ။
6️⃣ အမိုးကို အစကတည်းက သေချာစီစဉ်ပါ
Roof Slope၊ မိုးရေစီးဆင်းမှုနဲ့ Roofing Material ရွေးချယ်မှုက ရေရှည်အသုံးပြုမှုကို သက်ရောက်စေပါတယ်။
7️⃣ ရေစီးဆင်းမှုနဲ့ အမိုးအကာပိုင်းကို မမေ့ပါနဲ့
အိမ်ဆောက်တဲ့အခါ မိုးရေဘယ်လိုစီးဆင်းမလဲ၊ အမိုးကနေ ရေထွက်လမ်းဘယ်လိုထားမလဲဆိုတာကို အစကတည်းက သေချာစီစဉ်ထားသင့်ပါတယ်။ရေယိုစိမ့်မှုနဲ့ နံရံစိုထိုင်းမှုတွေကို ကာကွယ်ပေးပါလိမ့်မယ်။
8️⃣ ဆောက်လုပ်နေစဉ် Quality Control လုပ်ပါ။
ပစ္စည်းနဲ့ လက်ရာ နှစ်ခုလုံးကို စစ်ဆေးမှ အရည်အသွေးကောင်းတဲ့ အိမ်တစ်လုံး ရရှိနိုင်ပါတယ်။အဆင့်တစ်ဆင့်ပြီးတိုင်း စစ်ဆေးပြီးမှ နောက်အဆင့်ကို ဆက်ပါ။
**အိမ်ဆောက်တဲ့အခါ “ဘယ်လောက်ကုန်မလဲ” တစ်ခုတည်း မစဉ်းစားပါနဲ့။
“ဘယ်လောက်ကြာကြာ စိတ်ချရမလဲ” ကိုပါ စဉ်းစားပါ။
ရေရှည်စိတ်ချရတဲ့ အမိုးအတွက် — ၇၇၇ ကို ရွေးချယ်ပါ။