Farmers Choice Tractor Co.Ltd.

Farmers Choice Tractor Co.Ltd. Exclusive Distributor of SONALIKA Brand Tractors and Implements ( INDIA MADE ) in MYANMAR

Sole Distributor of SONALIKA Brand Tractor and distributor of Agricultural Machinery Equipment (M/E) spare parts

🙏ကျော်မိသားစုနှင့် 🚜Farmers Choice Tractor Co.ltd ဝန်ထမ်းမိသားစုတို့၏ ဒွါဒဿမ အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ...
15/08/2026

🙏ကျော်မိသားစုနှင့် 🚜Farmers Choice Tractor Co.ltd ဝန်ထမ်းမိသားစုတို့၏ ဒွါဒဿမ အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ 🙏🙏🙏 (15-8-2026)

💧💧 ကာလဝမ်းရောဂါအကြောင်း သင်သိပါသလား? ဓာတ်ဆားရည် (ORS) တစ်ထုပ်က အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်! 🩺✨❓ ကာလဝမ်းရောဂါ ဆိုတ...
14/08/2026

💧💧 ကာလဝမ်းရောဂါအကြောင်း သင်သိပါသလား? ဓာတ်ဆားရည် (ORS) တစ်ထုပ်က အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်! 🩺✨

❓ ကာလဝမ်းရောဂါ ဆိုတာ ဘာလဲ?
ကာလဝမ်းရောဂါ (Cholera) ဆိုတာ Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် မသန့်ရှင်းသော အစားအစာ သို့မဟုတ် သောက်သုံးရေကို စားသုံးမိရာမှ ကူးစက်တတ်သော ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပါတယ် ခင်ဗျာ။

ရောဂါပိုးဝင်ပြီးနောက် ၁၂ နာရီမှ ၅ ရက်အတွင်း လက္ခဏာများ စတင် ပြသတတ်ပြီး၊ ဆေးကုသမှု ချက်ချင်း မခံယူပါက နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်သည်အထိ အလွန် လျှင်မြန်စွာ ရေဓာတ် ခမ်းခြောက်စေသည့် ရောဂါဖြစ်ပါတယ်။

🔍 သတိပြုရမည့် ရောဂါလက္ခဏာများ
💧 ဆန်ဆေးရေကဲ့သို့ ဝမ်းသွားခြင်း - ကာလဝမ်းရောဂါ၏ ထူးခြားချက်မှာ ဆန်ဆေးရေကဲ့သို့ (Rice-water Stools) အမိုက်အမဲမပါဘဲ အရည်များ ဒလဟော အလွန်အမင်း သွားခြင်းနှင့် အန်ခြင်းတို့ ဖြစ်ကြပါတယ်။

🚨 ပြင်းထန် ရေဓာတ် ခမ်းခြောက်ခြင်း - ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်သတ္တုများ လျှင်မြန်စွာ ဆုံးရှုံးသွားသဖြင့် မျက်တွင်းချိုင့်ခြင်း၊ အရေပြား တွန့်ခေါက်သွားခြင်း၊ ဆီးမထွက်ခြင်း၊ သွေးပေါင်ကျ၍ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

⚠️ လက္ခဏာ မပြသူများ - ပိုးကူးစက်ခံရသူ အများစုသည် လက္ခဏာ မပြဘဲ ရှိတတ်သော်လည်း ၎င်းတို့၏ မစင်မှတစ်ဆင့် ၁ ရက်မှ ၁၀ ရက်အထိ ပတ်ဝန်းကျင်သို့ ပိုး ပြန့်ပွားစေနိုင်ပါတယ်။

🛡️ ရောဂါမဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်မလဲ?
1️⃣ WASH စနစ် လိုက်နာပါ - သန့်ရှင်းသော သောက်သုံးရေ၊ အခြေခံ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး (WASH) ကို အလေးထားပါ။
2️⃣ လက်ကို စနစ်တကျ ဆေးပါ - မစင် စွန့်ပြီးချိန်၊ အစာမစားမီနှင့် အစာ မပြင်ဆင်မီ လက်ကို ဆပ်ပြာ၊ ရေသန့်တို့ဖြင့် စင်ကြယ်စွာ ဆေးပါ။
3️⃣ အစားအသောက် သန့်ရှင်းပါ - အစားအစာနှင့် ရေကို သန့်ရှင်းစွာ ပြင်ဆင်ပြီး၊ ကျက်အောင် ချက်ပြုတ်၍ စနစ်တကျ ဖုံးအုပ် သိုလှောင်ပါ။
4️⃣ မစင် စနစ်တကျ စွန့်ပါ - မစင်များကို ယင်းလုံ အိမ်သာများတွင်သာ စနစ်တကျ စွန့်ပစ်ပါ။
5️⃣ ကာကွယ်ဆေး သောက်ပါ - သောက်သုံးရသော ကာလဝမ်းရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine - OCV) ကို သတ်မှတ်ချက်များနှင့်အညီ သောက်သုံး ထိုးနှံပါ။

💊 ဖြစ်လာခဲ့လျှင် ဘယ်လို ကုသမလဲ?
💧 ဓာတ်ဆားရည် (ORS) တိုက်ပါ - ကာလဝမ်းရောဂါသည် အချိန်မီ ORS ဓာတ်ဆားရည် ကို စနစ်တကျ ဖျော်၍ ဝမ်းသွားသည့် ပမာဏအတိုင်း ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် အသက်အန္တရာယ်မှ ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်ပါသည်။

🏥 အရေးပေါ် ဆေးရုံပြသပါ - ပြင်းထန် ရေဓာတ် ခမ်းခြောက်မှု ခခံစားနေရသော လူနာများအတွက် အသက်ဘေးမှ ကာကွယ်ရန် သွေးပြန်ကြောသွင်း ဆေးရည် (IV Fluids) နှင့် ပဋိဇီဝ ပိုးသတ်ဆေးများ ချက်ချင်း လိုအပ်သဖြင့် ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရပါမည်။

💡 အနှစ်ချုပ် အကြံပြုချက်
မိမိကိုယ်တိုင်နှင့် မိသားစုဝင်များတွင် ဆန်ဆေးရေကဲ့သို့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လက္ခဏာများ ခခံစားရပါက အချိန်မဆွဲဘဲ ORS ဓာတ်ဆားရည် စတင် တိုက်ကျွေးရင်း နီးစပ်ရာ ဆေးရုံ/ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနများသို့ ချက်ချင်း သွားရောက် ကုသမှု ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ။

ကျန်းမာရေး Post လေးကို လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။ 💙✨

👉 Dr ThuRa page မှကူးယူဖော်ပြပါသည် 👈

#ကျန်းမာရေးအသိပညာ #ကာလဝမ်းရောဂါကာကွယ်ရေး #ကျန်းမာရေးစောင့်ရှောက်မှု

ဗားချိန်ကြမယ် 🔧🔧🔧*********************Valve ချိန်တယ်ဆိုတာဘာလဲ ?👉 အရိုးရှင်ဆုံးအားဖြင့်တော့ valveချိန်တယ်ဆိုတာက valve နဲ့...
13/08/2026

ဗားချိန်ကြမယ် 🔧🔧🔧
*********************

Valve ချိန်တယ်ဆိုတာဘာလဲ ?
👉 အရိုးရှင်ဆုံးအားဖြင့်တော့ valveချိန်တယ်ဆိုတာက valve နဲ့ rocker arm ကြားမှာ ထားရှိပေးရမယ့် ကင်းလွှတ်အကွာအဝေး ( Valve Clearance )ကို ချိန်ညှိပေးခြင်းပဲဖြစ်ပါတယ် ။ စက်တစ်စီး နဲ့ တစ်စီး ထားရှိပေးရမယ့် ကင်းလွှတ်အကွာအဝေးသတ်မှတ်ချက် ( mm )ကတော့ အမျိုးအစားတွေအလိုက်ကွာခြားမှုရှိနိုင်ပါတယ် ။

Valve တွေကို ဘာကြောင့်ချိန်ညှိပေးရတာလဲ ?
👉 ဒြပ်သတ္ထုပစ္စည်းတွေဟာ အပူရှိန်မြင့်လာလေ ပွလေဖြစ်ပါတယ် ။ valve ဆိုတာက ဒြပ်သတ္ထုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အပြင် အင်ဂျင်နှိုးချိန်တိုင်းမှာ အမြဲရိုက်ခတ်နေရတဲ့အရာဖြစ်ပါတယ် ။ အဲ့ဒါကြောင့် အပူချိန်ကြောင့် ဖြစ်လာမယ့် ပွလာခြင်း ဆန့်ထွက်လာခြင်းတွေအတွက် စက်ရဲ့စွမ်းအင်မဆုံးရှုံးစေဖို့ နဲ့ တိကျတဲ့အချိန်မှာ အဖွင့်အပိတ်လုပ်ပေးနိုင်ဖို့ Valve အကွာအဝေးတွေကို ချိန်ညှိပေးရခြင်းဖြစ်ပါတယ် ။

ဗားချိန်တော့မယ်ဆိုရင် ပထမအနေနဲ့ 4 Stroke Cycle အကြောင်းကို အရင်ဆုံးနားလည်းထားရင်တော့ ဗားချိန်တဲ့ နေရာမှာ ပိုပြီးလွယ်ကူ မြန်ဆန်လိမ့်မယ်ဗျာ့ ။

နောက်တစ်ချက်ကတော့ ကိုယ်ချိန်ရမယ့်စက်မှာ ရှိတဲ့ In. Valve နဲ့ Ex. Valve ကို ကွဲကွဲပြားပြား သိရမယ် ၊ In.Valve ဆိုတာကတော့ ပြင်ပမှာရှိတဲ့ လေတွေကို Cylinder (စလစ်) ထဲရောက်ရှိဖို့အတွက် အလုပ်လုပ်ပေးတဲ့ Valve ဖြစ်ပြီးတော့ Ex. Valve ဆိုတာကတော့ Cylinder ထဲမှာရှိတဲ့ လောင်ကျွမ်းပြီးသား ဓာတ်ငွေ့တွေကို ပြင်ပကိုစွန့်ထုတ်ပေးတဲ့ Valve ပဲဖြစ်ပါတယ် ။ တနည်းဆိုရရင်တော့ အဖွင့် အပိတ်လုပ်ပေးနေကြတဲ့ လေတံခါးတွေပါပဲ ။ Valve တွေကို Camshaft (ကင်းမရှပ်) နေဖွင့်ပေးပြီး ပြန်ပိတ်တဲ့အလုပ်ကိုတော့ Valve Spring တွေကလုပ်ပေးတာပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ လယ်ယာသုံးထွန်စက်တွေမှာကတော့ ရေတိုင်ကီ(Radiator)ဘက်က စပြီးရေတွက်ရင် In. Valve _ Ex.Valve _ In.Valve_ Ex.Valve ဆိုပြီး 4 လုံးထိုးအင်ဂျင်ဆိုရင် In.Valve 4 ချောင်း Ex.Valve 4 ချောင်း စုစုပေါင်း Valve 8 ချောင်း ပါဝင်ပါတယ် ။

နောက်ထပ်အရေးကြီး တစ်ချက်ကတော့ ကိုယ် valveချိန်မယ့် အင်ဂျင်ရဲ့ မီးပေါက်စဥ် (Fireing Order)ကို သိရှိရပါမယ် ။
လေးလုံးထိုးအင်ဂျင်ရဲ့ မီးပေါက်စဥ်ဟာဆိုရင် = (1) (3) (4) (2)

ခြောက်လုံးထိုးအင်ဂျင်ရဲ့ မီးပေါက်စဥ်ဟာဆိုရင် = (1) (4) (2) (6) (3) (5) နဲ့ (1) (5) (3) (6) (2) (4) ဆိုပြီး (၂) မျိုးရှိပါတယ် ။

👉 လေးလုံးထိုးအင်ဂျင် Valve ချိန်နည်း 👈

(1) (3) (4) (2) မီးပေါက်စဥ်ရှိတဲ့ လေးလုံးထိုးအင်ဂျင်တွေမှာ (1) စလင်ဒါမှာရှိတဲ့ In.Valve နဲ့ Ex. Valve ကို ချိန်တော့မယ်ဆိုရင် (1) စလင်ဒါမှာရှိတဲ့ ပင်စင်နဲ့ အတက်အဆင်းချင်းတူတဲ့ (4) စလင်ဒါရဲ့ Valve Overlap ကိုအရင်ရှာရပါမယ် ။

( 👉valve overlap ရှာဖို့ဆိုရင် အင်ဂျင်ကို သူလည်ရာဘက်အတိုင်း လိုက်ပြီး flywheel ကနေ လူအားနဲ့ လိုက်လှည့်ပေးရပါမယ် 👈)

Valve Overlap ဆိုတာက Ex.Valve ပိတ်ပြီးစ In.Valve ပွင့်ကာစအချိန်ကို ခေါ်တာပါ ။ တစ်နည်းပြောရရင် In Valve ကို Rocker Arm ကစပြီးထောက်မိတဲ့အချိန် ပါ ။
အဲ့လို (4) စလင်ဒါရဲ့ Valve Overlap ရပြီဆိုတာနဲ့ (1) စလင်ဒါမှာရှိတဲ့ Valve ၂ချောင်းလုံးကို ချိန်လို့ ရပြီပဲဖြစ်ပါတယ် ။
ထိုနည်းအတိုင်းပါပဲ (4) စလင်ဒါက Valve ၂ချောင်းကိုချိန်ချင်ရင် (1) စလင်ဒါရဲ့ Valve Overlap ကိုအရင်ရှာရမှာဖြစ်ပါတယ် ။
(2) စလင်ဒါက Valve တွေချိန်ရင်လည်း piston အတက်အဆင်းတူတဲ့ (3) စလင်ဒါရဲ့ Valve Overlap ကိုရှာအရင်ရှာရမယ် ။ အပြန်အလှန်အားဖြင့် (3) စလင်ဒါမှာရှိတဲ့ Valve ကိုချိန်မယ်ဆို (2) စလင်ဒါ ရဲ့ Valve Overlap ကိုရှာပြီးမှချိန်ရမှာဖြစ်ပါတယ် ။
(1) ချိန် (4) valve overlap ရှာ
(4) ။ (1) ။ ။
(3) ။ (2) ။ ။
(2) ။ (3) ။ ။ ယခုပြောပြခဲ့နည်းဟာ valve overlap တခါရှာပြီး တခါ valve ချိန်တဲ့နည်းဖြစ်တဲ့အတွက် Valve ချိန်ညှိရာမှာ မမှားနိုင်ပေမယ့် အချိန်အားဖြင့်တော့ ကြာမြင့်စေပါတယ် ။ ဘာကြောင့်လဲ ဆိုရရင် Valve overlap လေးခါရှာပြီး ချိန်ရတဲ့အတွက်ပဲဖြစ်ပါတယ် ။

ဒါဆို အချိန်ကုန်သက်အောင် ဘယ်လိုချိန်ကြည့်မလဲဆိုရင် (1) စလင်ဒါ နဲ့ (4) စလင်ဒါရဲ့ valve overlap ၂ခါတည်းရှာပြီး စလင်ဒါလေးလုံး လုံးမှာရှိတဲ့ Valve ရှစ်ချောင်းလုံးကို ချိန်ကြည့်ပါမယ် ။
👉 ပထမဆုံးအနေနဲ့ ရေတိုင်ကီဘက်မှာရှိတဲ့ (1) စလင်ဒါရဲ့ In.valve ကစပြီး (4)စလင်ဒါမှာရှိတဲ့ နောက်ဆုံး Ex.valve အထိ valve စုစုပေါင်း ရှစ်ချောင်းကို 1.2.3.4.5.6.7.8 လို့ မှတ်သားထားပါ ။ မှတ်သားပြီးပါက(4) စလင်ဒါ valve overlap ကိုရှာပြီး မှတ်သားထားတဲ့ နံပါတ် 1.2.3.6 valveတွေကို ချိန်ညှိပါ။

ထို့နောက် (1) စလင်ဒါရဲ့ valve overlap ကိုရှာပြီး ကျန်ရှိတဲ့ နံပါတ်များဖြစ်တဲ့ 4.5.7.8 valve များကို ချိန်ညှိလိုက်တဲ့ အခါ overlap ၂ခါတည်းရှာရုံနဲ့ စလင်ဒါ (4)ခု လုံးမှာရှိတဲ့ valve တွေကို အကုန်ချိန်ညှိပြီးသွားမှာပဲ ဖြစ်ပါတယ် ။

👉 ခြောက်လုံးထိုးအင်ဂျင် Valve ချိန်နည်း 👈

ခြောက်လုံးထိုး အင်ဂျင်တွေမှာလဲ လေးလုံးထိုး အင်ဂျင်တွေနည်းတူ valve overlap တစ်ခါရှာ တစ်ခါချိန်ချင်တယ်ဆိုရင်တော့ ... မီးပေါက်စဥ်ဟာ
(1) (5) (3) (6) (2) (4) ဖြစ်ဖြစ်
(1) (4) (2) (6) (3) (5) ပဲဖြစ်ဖြစ်

(1) ကိုချိန်ရင် (6) valve overlap ရှာ
(5) ။ (2) ။ ။
(3) ။ (4) ။ ။
(6) ။ (1) ။ ။
(2) ။ (5) ။ ။
(4) ။ (3) ။ ။ ပြီးအပြန်အလှန် Valve ချိန်ညှိရမှာပဲ ဖြစ်ပါတယ် ။

(1) (5) (3) (6) (2) (4) မီးပေါက်စဥ်ဖြစ်တဲ့ ခြောက်လုံးထိုးအင်ဂျင်တွေကို valve overlap နှစ်ခါတည်း ရှာပြီး cylinder ခြောက်လုံးမှာရှိတဲ့ valve တွေအကုန်ချိန်ချင်တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းအတိုင်း valve တွေကိုအမှတ်စဥ်မှတ်ပါ ။ ​
Cylinder ခြောက်လုံး ရှိတဲ့အတွက်
1.2.3.4.5.6.7.8.9.10.11.12 ဆိုပြီးဖြစ်ရပါမယ် ။

အဲ့ဒီနောက်မှာတော့ နံပါတ် (6) စလင်ဒါကို valve overlap ကိုရှာပြီး ......
1 . 2 . 3 . 6 . 7 . 10 ဆိုတဲ့ Valve တွေကို ချိန်ညှိပေးရပါမယ် ။ ပြီးလျှင်

နံပါတ် (1) စလင်ဒါရဲ့ valve overlap ကိုရှာပြီး ကျန်ရှိတဲ့ ........
4 . 5 . 8 . 9 . 11 . 12 valve တွေချိန်ညှိပေးလိုက်ရုံနဲ့ ချိန်ညှိခြင်း ပြီးဆုံးသွားမှာပဲဖြစ်ပါတယ် ။

👉👉 Valve ချိန်ညှိတဲ့ နည်းလမ်းတွေကို သိရှိပြီး ကိုယ်တိုင်ချိန်ညှိမယ် ဆိုရင် စက်တွေရဲ့ သတ်မှတ်ပေးထားတဲ့ အကွားအဝေးအတိုင်း သေချာချိန်ညှိဖို့က အရေးကြီးကြောင်း သတိရှိစေလိုပါတယ် ခင်ဗျာ 👈



#ဘားချိန်နည်း

12/08/2026

“တောင်သူတွေ ဘာလိုချင်လဲ?” — မေးရုံနဲ့မလုံလောက်ပါဘူး။ ကိုယ်တိုင်သွားနားထောင်ရပါတယ်။ 👨‍🌾🚜

Sonalika ထွန်စက်အသုံးပြုနေတဲ့ တောင်သူကြီးတွေဆီကို 🇮🇳 India မှ တာဝန်ရှိသူများနဲ့အတူ သွားရောက်တွေ့ဆုံခဲ့ပြီး လယ်ယာလုပ်ငန်းခွင်ထဲက တကယ့်အတွေ့အကြုံတွေကို ကိုယ်တိုင်နားထောင်ခဲ့ပါတယ်။
တောင်သူတွေပြောတဲ့ စကားတိုင်းမှာ
👉 လက်တွေ့အသုံးပြုရတဲ့ အတွေ့အကြုံရှိတယ်
👉 ကောင်းမွန်တဲ့အချက်တွေရှိတယ်
👉 ပိုကောင်းစေချင်တဲ့အချက်တွေရှိတယ်
👉 နောက်ထပ်ဖြည့်ဆည်းပေးစေချင်တဲ့ လိုအပ်ချက်တွေရှိတယ်
အဲ့ဒီအချက်တွေကို နားထောင်ပြီး မှတ်တမ်းတင်၊ ပြန်လည်သုံးသပ်ကာ တောင်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ Product နဲ့ Service ဖြစ်လာစေဖို့ ဆက်လက်ကြိုးစားနေပါတယ်။
တောင်သူတွေအတွက် စိတ်ချရတာက
စက်ကောင်းတစ်စီးရှိရုံနဲ့ မပြီးပါဘူး။
လိုအပ်တဲ့အချိန်မှာ အနားမှာရှိပေးမယ့် After-Sales Service လည်း လိုပါတယ်။
ဒါကြောင့် Sonalika ကို ဝယ်ယူပြီးတဲ့နောက်မှာလည်း
“စက်ဝယ်ပြီး ပြီးသွားပြီ” မဟုတ်ဘဲ
“စက်ဝယ်ပြီးမှ ပိုပြီးလက်တွဲမယ်” ဆိုတဲ့စိတ်ထားနဲ့ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ 🤝



#ထွန်စက်

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ******************************************************...
11/08/2026

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ



See less See less

⭐PPRD page မှကူးယူဖော်ပြပါသည်⭐

ဆေးဖျန်းပြီး ဘယ်နှစ်နာရီ မိုးလွတ်ရင် ဆေးအာနိသင် ရပြီလဲ ၁။ ဆေးဖျန်းပြီး ဘယ်လောက်ကြာမှ မိုးရွာလဲဆိုတာကို အရင်ကြည့်ရပါမယ်။ ...
07/08/2026

ဆေးဖျန်းပြီး ဘယ်နှစ်နာရီ မိုးလွတ်ရင် ဆေးအာနိသင် ရပြီလဲ

၁။ ဆေးဖျန်းပြီး ဘယ်လောက်ကြာမှ မိုးရွာလဲဆိုတာကို အရင်ကြည့်ရပါမယ်။

အပင်ထဲ စိမ့်ဝင်စုပ်ယူမှု အားကောင်းတဲ့ဆေးက (၁) နာရီကနေ ( ၂) နာရီအတွင်းမှာတင် ဆေးအာနိသင် (၇၀)% လောက် စုပ်ယူနိုင်ပါတယ်။ စိမ့်ဝင်စုပ်ယူမှု အားနည်းတဲ့ဆေးဆိုရင်တော့ (၄) နာရီကနေ (၆) နာရီအတွင်းမှာ ဆေးအာနိသင် (၆၀ - ၈၀)% အထိ စုပ်ယူနိုင်တာပေါ့။

ဒါကြောင့် ဆေးဖျန်းပြီး (၄) နာရီကျော်မှ မိုးရွာတာဆိုရင်တော့ ဆေးရည်က သီးနှံပင်တွေထဲကို အပြည့်အဝ ထိတွေ့စိမ့်ဝင်သွားပြီလို့ ပြောလို့ရပါတယ်။ သို့သော် မိုးရွာချလိုက်ရင်တော့ ဆေးရည်တချို့ မျောပါသွားနိုင်တာမို့ ဆေးအာနိသင် ခံနိုင်ရည်ရှိမယ့် သက်တမ်းကိုတော့ အနည်းငယ် ထိခိုက်နိုင်ပါ တယ်။ တကယ်လို့ ဒီနေ့ ဆေးဖျန်းပြီး မနက်ဖြန်ကျမှ မိုးရွာတာမျိုး၊ ကြားထဲမှာ တစ်ရက်လောက် ကွာသွားတာမျိုးဆိုရင်တော့ ဘယ်လိုပိုးသတ်ဆေးမျိုးပဲသုံးသုံး အခြေခံအားဖြင့် ဆေးထပ်ဖျန်းဖို့ မလိုတော့ပါဘူးခင်ဗျာ။



၂။ ပိုးသတ်ဆေး အမျိုးအစားကို ကြည့်ပါ

ဆေးအမျိုးအစားအလိုက် မိုးဒဏ်ခံနိုင်ရည်ရှိပုံချင်း မတူကြလို့ အလွယ်တကူ မှတ်သားနိုင်ဖို့ အောက်ပါ အတိုင်း ခွဲခြားကြည့်ရှုနိုင်ပါတယ် -

ပင်လုံးပြန့်ဆေး (Systemic Pesticide): ဒီဆေးမျိုးက အပင်ထဲ စိမ့်ဝင်သွားတာမို့ မိုးရေတိုက်စားမှုကို ပိုခံနိုင်ပါတယ်။ ဥပမာ - ထရိုင်စိုက်ကလာဇိုး (Tricyclazole) ဆိုရင် ဖျန်းပြီး (၁) နာရီအကြာမှာ မိုးရွာရင်တောင် ဆေးအာနိသင်ကို ဘာမှမထိခိုက်ပါဘူး။ ထရိုင်အာဒီမီဖွန် (Triadimefon) ဆိုရင်လည်း ဖျန်းပြီး (၄) နာရီအတွင်းမှာ အပင်က ဆေးအာနိသင် (၈၀)% လောက် စုပ်ယူပြီးသားဖြစ်တာကြောင့် မိုးရွာလည်း သိပ်စိတ်ပူစရာ မလိုပါဘူး။

ထိသေဆေး (Contact Pesticide): အထူးသဖြင့် ထိသေပိုးသတ်ဆေးတွေဆိုရင် ဖျန်းပြီး (၁) နာရီကနေ (၂) နာရီအတွင်း ပိုးကောင်တွေကို အဆိပ်သင့်စေပြီး (၄) နာရီအတွင်းမှာ အာနိသင် ပြပါတယ်။ ဥပမာ - ပိုင်ရီသရွိုက် (Pyrethroids) ဆေးတွေဟာ ထိသေအာနိသင် အလွန်အားကောင်းလို့ ဖျန်းပြီး (၄) နာရီကျော်မှ မိုးရွာတာဆိုရင် ဆေးထပ်ဖျန်းဖို့ မလိုတော့ပါဘူး။

မှိုရောဂါသတ်ဆေး (Protective Fungicide): ဥပမာ - မန်ကိုဇက် (Mancozeb)၊ ဇင့် (Zinc) နဲ့ ကလိုရိုသာလိုနေးလ် (Chlorothalonil) တို့လို မှိုကာကွယ်ဆေးတွေဟာ မိုးဒဏ်ခံနိုင်ရည် ရှိတယ်ဆိုပေမယ့် မိုးရွာရင်တော့ အာနိသင် လျော့သွားတတ်ပါတယ်။ အကယ်၍ ဆေးဖျန်းပြီး (၄) နာရီအတွင်းမှာ မိုးရွာချလိုက်ရင်ဖြစ်စေ၊ (၄ - ၈) နာရီအတွင်းမှာ မိုးအကြာကြီး စွေရွာနေရင်ဖြစ်စေ မိုးစဲလို့ ရာသီဥတုပြန်ကောင်းတာနဲ့ ဆေးချက်ချင်း ပြန်ဖျန်းပေးရပါမယ်။

ပဋိဇီဝပိုးသတ်ဆေး (Antibiotic Pesticide): အဗာမက်တင် (Avermectin)၊ စပီနိုဆတ် (Spinosad)၊ ဂျင်ဂန်မိုင်စင် (Jinggangmycin)၊ ကျုံစန်းမိုင်စင် (Zhongshengmycin) နဲ့ ခါဆူဂါမိုင်စင် (Kasugamycin) တို့လို ပဋိဇီဝပိုးသတ်ဆေးတွေကတော့ ဆေးဖျန်းပြီး (၃) နာရီအတွင်း မိုးရွာရင် ဆေးပြန်ဖျန်းပေး ရမှာဖြစ်ပြီး (၃) နာရီကျော်မှ မိုးရွာတာဆိုရင်တော့ ထပ်ဖျန်းဖို့ မလိုပါဘူး။

အဏုဇီဝပိုးသတ်ဆေး (Microbial Pesticide): ဘာဆေလပ်စ် သူရင်ဂျီယန်ဆစ် (Bt)၊ ထရိုင်ကိုဒါးမား (Trichoderma)၊ ဘာဆေလပ်စ် ဆပ်တလစ် (Bacillus subtilis) နဲ့ ပါပယ်လ် ဘက်တီးရီးယမ်း လိုင်လာဆီးနပ်စ်တို့လို အဏုဇီဝပိုးသတ်ဆေးတွေကတော့ စိုထိုင်းဆများတဲ့ ရာသီဥတုမှာ အဏုဇီဝ ပိုးမွှားတွေ ပိုပြီး အောင်မြင်ဖြစ်ထွန်း မျိုးပွားနိုင်လို့ မှိုသတ်၊ ပိုးသတ်အာနိသင်ကို ပိုပြီး ကောင်းကောင်းပြနိုင်ပါတယ်။ ဒါကြောင့် ဆေးဖျန်းပြီး (၂ - ၄) နာရီအတွင်း ဖြစ်ဖြစ်၊ (၄) နာရီကျော်မှ ဖြစ်ဖြစ် မိုးရွာမယ်ဆိုရင် အခြေခံအားဖြင့် ဆေးထပ်ဖျန်းဖို့ လုံးဝမလိုပါဘူး။



၃။ မိုးရေချိန်ပမာဏ ဘယ်လောက်ရှိလဲဆိုတာကိုလည်း ကြည့်ရပါမယ်။

ဆေးဖျန်းပြီးလို့ ရွာတဲ့မိုးက မိုးဖွဲဖွဲရွာတာမျိုး (< ၁၀ mm မီလီမီတာအောက်) ဆိုရင်တော့ ဆေးထပ်ဖျန်းဖို့ မလိုအပ်ပါဘူး။ အကယ်၍ တစ်ကြိမ်တည်းနဲ့ မိုးရေချိန် (၁၀) မီလီမီတာထက်ကျော်ပြီး မိုးသည်းသည်း မဲမဲ ရွာချလိုက်တယ်ဆိုရင်တော့ ဆေးဖျန်းထားတဲ့အချိန် (၈) နာရီမပြည့်သေးရင် ဆေးပမာဏ (တစ်ဝက်) လျှော့ပြီး ဆေးပြန်ဖျန်းပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။



၄။ ဆေးဖျန်းပြီးတဲ့နောက် အာနိသင် ထိရောက်မှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ရပါမယ်။

ဆေးဖျန်းပြီး (၃) ရက်လောက်အထိ ထူးခြားတဲ့ အာနိသင်မတွေ့ရဘူး၊ ပိုးကောင်တွေလည်း သေမသွားဘူး၊ အပင်ရောဂါလည်း ဆက်ပြန့်နေတုန်းပဲ၊ ဒါမှမဟုတ် ပေါင်းမြက်တွေလည်း ညှိုးမသွားဘူး ဆိုရင်တော့ ဆေးပြန်ဖျန်းဖို့ လိုပါလိမ့်မယ်။

သို့သော် ဆေးပြန်ဖျန်းတဲ့အခါမှာ အရင်သုံးခဲ့တဲ့ ဆေးအမျိုးအစားအတိုင်း ထပ်မသုံးဘဲ လုပ်ဆောင်ပုံ ချင်း မတူတဲ့ တခြားဆေးအမျိုးအစားကို ပြောင်းသုံးပေးရပါမယ်။ ဒါမှ ဆေးတစ်မျိုးတည်းကို အလွန် အကျွံသုံးမိလို့ ပိုးမွှားတွေ ဆေးယဉ်ပါးသွားတာနဲ့ အပင်ဆေးလောင်တာမျိုးတွေကို ရှောင်ရှားနိုင်မှာပါ။

အခုလို ရာသီဥတုမျိုးမှာ မိုးခဏခဏရွာတတ်ပေမဲ့ မိုးရွာလို့ဆိုပြီး အပင်တွေမှာကျရောက်တဲ့ ပိုးမွှား ရောဂါတွေကို ပစ်ထားလို့တော့ မရပါဘူး။ ဒါကြောင့် ဆေးမဖျန်းခင် ရာသီဥတုပြောင်းလဲမှုကို သေချာ သတိထားကြည့်ဖို့ လိုသလို ဆေးဖျန်းတဲ့အခါမှာလည်း ဆေးအာနိသင်ပိုထိရောက်စေရန် ကော်ဆေး (သို့) စွဲကပ်ပြန့်နှံ့ဆေးများ ထည့်သုံးပေးသင့်ပါတယ်။

Rain After Foliar Spray: When to Reapply Pesticides? - Knowledge မှ ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါသည်။

-----------

👉စိုက်ပျိုး-Site Pyo page မှကူးယူဖော်ပြပါသည်👈

ဒီဇယ်အင်ဂျင် အကြောင်း*************************    Engine တွေဆိုတာ ဓာတုစွမ်းအင် (သို့) အပူစွမ်းအင်ကနေပြီးတော့ စက်စွမ်းအင်...
06/08/2026

ဒီဇယ်အင်ဂျင် အကြောင်း
*************************
Engine တွေဆိုတာ ဓာတုစွမ်းအင် (သို့) အပူစွမ်းအင်ကနေပြီးတော့ စက်စွမ်းအင် အဖြစ်ကို ပြောင်းလဲပေးတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်လို့ အမည်တွင် ခေါ်ဝေါ်သုံးစွဲလာကြတာကတော့ 4 Stroke Engine တွေကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ ဂျာမန်ပြည်သား Rudolf Diesel ကို ဂုဏ်ပြုပြီးတော့ သူတီထွင်ခဲ့တဲ့ Engine တွေကို Diesel Engine လို့ ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်တွေမှာ 2 stroke Engine နဲ့ 4 Stroke Engine (2) မျိုးရှိပါတယ်။

👉 ဒီဇယ်အင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်တာလဲ?

ဒီဇယ်အင်ဂျင်တွေမှာတော့ ပစ္စတင် (Piston) တွေဟာ အပေါ် (TDC)ကနေ အောက် (BDC) ကိုဆင်းတဲ့အခါ လေကို စလစ် (Cylinder) အတွင်းသို့ ဆွဲစုပ်ယူပြီးတော့ BDC ကနေ TDC ကိုပြန်တက်တဲ့အခါမှာ Valve နှစ်ခုလုံး ပိတ်နေပြီး စုပ်ယူထားတဲ့လေတွေကို ဖိသိပ်ပြီး အပူဖြစ်ပေါ်လာတဲ့ အချိန်မှာ နော်ဇယ်တွေကနေ အချိန်ကိုက် ထွက်လာတဲ့ ဆီအမှုန်အမွှားကြောင့် မီးလောင်ခန်းအတွင်းမှာ လောင်ကျွမ်းပေါက်ကွဲစေပြီး စွမ်းအင်ကို ရရှိဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
TDC (Top Dead Center)
စလစ် (Cylinder) အတွင်းမှာ Piston ရောက်ရှိနိုင်တဲ့ အပေါ်ဆုံးနေရာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
BDC (Bottom Dead Center)
Cylinder အတွင်း Piston အောက်ကို ပြန်ဆင်းတဲ့အခါ ရောက်နိုင်တဲ့ အနိမ့်ဆုံးနေရာကို ခေါ်ခြင်းဖြစ်ပါတယ်။
Stroke
ပစ္စတင် TDC ရောက်ရှိတဲ့နေရာနဲ့ BDC ရောက်နေတဲ့ နေရာအကြားမှာ အထက် ၊ အောက် ရွှေ့လျားနေတဲ့ အကွာအဝေးကို Stroke လို့ ခေါ်ခြင်းဖြစ်ပါတယ်။

👉 ဒီဇယ်အင်ဂျင်ရဲ့ အားသာချက်တွေကဘာလဲ ?
(1) ဆီစားသက်သာခြင်း ။
(2) Diesel Engine တွေဟာ အပူချိန် နဲ့ ဖိအားတွေကိုခံနိုင်အောင် ပြုလုပ်ထားတဲ့အတွက် ရေရှည်ခံခြင်း ။
(3) Compression မြင့်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် အထွက်နည်းခြင်း ။
(4) အရုန်းအဆွဲအား ပိုကောင်းခြင်း ။

👉 ဒီဇယ်အင်ဂျင်ရဲ့ အာနည်းချက်တွေကဘာလဲ ?
(1) စက်အသံကျယ်လောင်ခြင်း ။
(2) RPM နည်းခြင်း ။
(3) ငွေကြေးတန်ဖိုး ကြီးမားခြင်း ။
(4) အင်ဂျင်ထုထည် ကြီးမားလေးလံခြင်း ။

👉 ဒီဇယ်အင်ဂျင် နဲ့ ဓာတ်ဆီအင်ဂျင် ရဲ့ ကွာခြားချက်တွေက ဘာတွေလဲ ?
1.(a) ဓာတ်ဆီအင်ဂျင်တွေဟာ လေနဲ့လောင်စာဆီကို (Carburetor) ထဲမှာ ရောနှောစေပြီးမှ Cylinder ထဲကိုဝင်ရောက်စေတယ်။
(b) ဒီဇယ်အင်ဂျင်တွေမှာတော့ Cylinder ထဲကို လေတွေချည်းပဲ ဝင်ရောက်စေတယ်။

2.(a) ဓာတ်ဆီအင်ဂျင်တွေဟာ ရောနှောနေတဲ့ လေနဲ့လောင်စာဆီကို မီးလောင်ပေါက်ကွဲစေဖို့အတွက် Electric Plug ကနေမှ မီးကူးပေးတယ်။
(b) ဒီဇယ်အင်ဂျင်တွေမှာတော့ ဖိသိပ်ထားတဲ့ လေပူတွေကို နော်ဇယ်ကနေ ဖြန်းပတ်လိုက်တဲ့ ဒီဇယ်ဆီအမှုန်အမွှားကနေ မီးလောင်ကျွမ်းစေတယ်။

3.(a) ဓာတ်ဆီအင်ဂျင်တွေဟာ Compression Ratio နည်းတယ်။ ဥပမာ (10 : 1) to (14 : 1)
(b) ဒီဇယ်အင်ဂျင်တွေကတော့ Compression Ratio များတယ်။ ဥပမာ (16 : 1) to (24 : 1)။

4.(a) ဓာတ်ဆီအင်ဂျင်တွေဟာ လောင်စာဆီလောင်ကျွမ်းမှု့ ပမာဏများတယ်။ (ဆီစားများတယ်)
(b) ဒီဇယ်အင်ဂျင်တွေမှာ လောင်ကျွမ်းတဲ့ဆီပမာဏနည်းတယ်။ (ဆီစားသက်သာတယ်)

5.(a) ဓာတ်ဆီအင်ဂျင်တွေကို Light Vechieles တွေမှာအသုံးများတယ်။
(b) ဒီဇယ်အင်ဂျင်တွေကိုတော့ High Power လိုအပ်တဲ့ Heavy Vechicles တွေနဲ့ Tractor တွေမှာအသုံးများကြတယ်။

6.(a) ဓာတ်ဆီအင်ဂျင်တွေဟာ အလေးချိန်နည်းတယ် ။
(b) ဒီဇယ်အင်ဂျင်တွေကတော့ အလေးချိန်ပိုများတယ်။

7.(a) ဓာတ်ဆီအင်ဂျင်တွေရဲ့ အသုံးပြုနိုင်မှု သက်တမ်းက တိုတယ်။
(b) ဒီဇယ်အင်ဂျင်တွေရဲ့ အသုံးပြုနိုင်မှု့ သက်တမ်းကတော့ ရှည်တယ်။

8.(a) ဓာတ်ဆီအင်ဂျင်တွေက Starting Time ပိုမြန်တယ်။
(b) ဒီဇယ်အင်ဂျင်တွေကတော့ Starting Time အရမ်းမမြန်ပါဘူး။

9.(a) ဓာတ်ဆီအင်ဂျင်တွေက Maintenance Cost နည်းတယ်။
(b) ဒီဇယ်အင်ဂျင်တွေကတော့ Maintenance Cost များတယ်။

10.(a) ဓာတ်ဆီအင်ဂျင်တွေက (RPM) ပိုများတယ်။
(b) ဒီဇယ်အင်ဂျင်တွေကတော့ (RPM) နည်းတယ်။

👉 ဒီဇယ်အင်ဂျင်တွေကို ရေရှည်ခံအောင် ဘယ်လို Matainance ပြုလုပ်ကြမလဲ?

1. နေ့စဥ်စစ်ဆေးမှု့များကို မပျက်မကွက် လုပ်ဆောင်ရမည်။ ဥပမာ - ရေစစ်ဆေးခြင်း ၊ အင်ဂျင်ဝိုင် စစ်ဆေးခြင်း ၊ လေစစ် စစ်ဆေးခြင်း စသည်များ••••••

2. သတ်မှတ်နာရီအလိုက် လဲလှယ်ရမည့်အရာများကို လဲလှယ်ပေးရမည်။ ဥပမာ - အင်ဂျင်ဝိုင် ၊ ရေ နဲ့ ဖစ်တာများ ။

3. အင်ဂျင်ချို့ယွင်းခြင်းကို သိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန် အင်ဂျင်အား သန့်ရှင်းရေးလုပ်ရမည်။ ထိုမှသာ ဆီယိုစိမ့်ခြင်း ၊ ရေယိုစိမ့်ခြင်း ၊ လေပိုက်မလုံခြင်းများကို သိရှိစေမည်။

4. အင်ဂျင် Over Load ဖြစ်စေမည့် အရာများကို အသုံးမပြုရန်။

5. အရည်သွေးပြည့်ဝကောင်းမွန်သော လောင်စာဆီ ၊ ချောဆီ များကိုသာ အသုံးပြုရန်။

6. အင်ဂျင်စတင်နိုးချိန်တွင် လီဗာမကစားရန် (သို့) မနင်းရန်။ ထိုသို့ပြုလုပ်ခြင်းဟာ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းများထံကို ချောဆီမရောက်ခင် RPM အမြင့်ဖြင့် လည်ပတ်စေပြီး ပျက်စီးထိခိုက်စေနိုင်ပါတယ်။

7. စက်အားမောင်းနှင် အသုံးပြုချိန်ပြီးဆုံးလျှင် စက်ကိုချက်ခြင်းမရပ်တန့်ရ (သို့) မသတ်ရပါ။ RPM အနိမ့်ဖြင့် အနည်းငယ် နှိုးထားစေပြီးမှ ရပ်တန့်ရမည်။ ထိုကဲ့သို့ နည်းစနစ်မှန်မှန် ရပ်တန့်ခြင်းဟာ တာဘိုနဲ့ စက်ရဲ့အစိတ်အပိုင်းများကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။


#ထွန်စက်
#ဒီဇယ်အင်ဂျင်

🙏ဝယ်ယူအားပေးမှုအတွက် အထူးကျေးဇူးတင်ရှိခြင်း 🙏  👉👉👉Sonalika  လယ်ထွန်စက်အသစ်ကြီးနှင့်အတူ လယ်ယာလုပ်ငန်းများချဲ့ထွင်စိုက်ပျိ...
05/08/2026

🙏ဝယ်ယူအားပေးမှုအတွက် အထူးကျေးဇူးတင်ရှိခြင်း 🙏

👉👉👉Sonalika လယ်ထွန်စက်အသစ်ကြီးနှင့်အတူ လယ်ယာလုပ်ငန်းများချဲ့ထွင်စိုက်ပျိုးနိုင်စေဖို့အတွက် ကျွန်တော်တို့ Farmers Choice Tractor Co.,ltd. မှတင်သွင်းရောင်းချတဲ့ Sonalika WT-75RX (မြင်းကောင်ရေ 70 ကောင်) ထွန်စက်အား ယုံကြည်စိတ်ချစွာဖြင့် လာရောက်ဝယ်ယူအားပေးသွားပါသော ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်မှ တောင်သူဦး​​အေးကို တို့မိသားစုအား ကျွန်တော်တို့ Farmers Choice Tractor Co., Ltd.မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ။

⭐⭐⭐ရောင်းချပြီးနောက်ပိုင်း လယ်ထွန်စက်နှင့်ပတ်သက်သည့် အာမခံဝန်ဆောင်မှုများ၊ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများအတွက်လည်း မိသားစုဝင်တစ်ယောက်လို အမြဲအနီးကပ်ရှိနေပါ့မယ် ခင်ဗျာ ...⭐⭐⭐

🏅🏅🏅Sonalika လယ်ထွန်စက်အသစ်ကြီးနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပြီး သီးနှံများအထွက်တိုးလို့ စီးပွားရေးဒီရေအလားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏

☎️အရောင်းဌာနများသို့ ဆက်သွယ်ရန်☎️
👉ရန်ကုန်👈
09 443091151 . 09 977906900
09 977906902 .09 977384760

👉 မန္တလေး 👈
09 2001078 . 09 91000109

👉 ပခုက္ကူ 👈
09 401631316
09 977906920
09 977906921

👉 မကွေး 👈
09 977909610 . 09 977909611




#ထွန်စက်

စကားနဲ့ မပြောဘူး... လယ်ထဲမှာ အလုပ်နဲ့ သက်သေပြမယ့် မြင်းကောင်ရေ ၅၀ အား Sonalika DI-50 Rx!​🌾 "မိုးကလည်း ရွာတယ်၊ လယ်ကွက်ကလည...
04/08/2026

စကားနဲ့ မပြောဘူး... လယ်ထဲမှာ အလုပ်နဲ့ သက်သေပြမယ့် မြင်းကောင်ရေ ၅၀ အား Sonalika DI-50 Rx!

​🌾 "မိုးကလည်း ရွာတယ်၊ လယ်ကွက်ကလည်း နွံထူတယ်... လုပ်ငန်းတွေ ဘယ်လိုပြီးမြောက်အောင် လုပ်ရပါ့မလဲ..." ဆိုပြီး စိုးရိမ်ပူပန်နေရတဲ့ တောင်သူဦးကြီးများအတွက် အဖြေမှန်က ဒီမှာရှိနေပါပြီ။

​လယ်ယာလုပ်ငန်းဆိုတာ ရာသီဥတုကို အဓိက အခြေခံရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အချိန်ကိုက်၊ နေရာကိုက် မြန်မြန်ဆန်ဆန်နဲ့ ပြီးမြောက်ဖို့ဆိုတာ အလွန်တရာမှ အရေးကြီးပါတယ်။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ သင့်ရဲ့ မိတ်ဆွေစစ်၊ အဖော်မွန် အစစ်အမှန်ဖြစ်လာမယ့် ထွန်စက်ကတော့ တခြားမဟုတ်ပါဘူး... Sonalika DI-50 Rx ပဲ ဖြစ်ပါတယ်။

​🚜 ဘာကြောင့် Sonalika DI-50 Rx ကို ရွေးချယ်သင့်တာလဲ?

​မြင်းကောင်ရေ ၅၀ ရဲ့ ပြည့်ဝတဲ့ အင်ဂျင်စွမ်းအားကြောင့် ဘယ်လိုခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်၊ထူထပ်တဲ့ ရွှံ့နွံဧရိယာကိုမဆို အသာလေး ရုန်းထွက်ပြီး ထယ်ထိုး၊ ထွန်ယက် လုပ်ငန်းတွေကို ချောမွေ့စွာ ပြီးမြောက်စေပါတယ်။

​လယ်ထွန်စက်တွေဆိုတာ လုပ်ငန်းခွင်မှာ နေ့စဉ်သုံးစွဲရတာဖြစ်လို့ ကုန်ကျစရိတ်ကို အထူးဂရုစိုက်ရပါတယ်။ Sonalika DI-50 Rx ဟာ ဆီစားအလွန်သက်သာသလို စက်ကြံ့ခိုင်မှု အလွန်ကောင်းမွန်တာကြောင့် နှစ်ရှည်လများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

​ တစ်နေ့ကုန် မောင်းနှင်ရတဲ့အခါ တောင်သူဦးကြီးတွေ ပင်ပန်းနွမ်းနယ်မှု မရှိစေဖို့အတွက် ထိုင်ခုံဒီဇိုင်းနဲ့ ထိန်းချုပ်မှုစနစ်တွေကို လည်းအကောင်းဆုံး ဖန်တီးပေးထားတာဖြစ်လို့

​💡 သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံး တန်ဖိုးကို ပေးစွမ်းနိုင်ပါတယ်။

​စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အချိန်ကုန်သက်သာပြီး အထွက်နှုန်း ပိုမိုတိုးတက်စေဖို့ဆိုရင် ခွန်အားပြည့်ဝပြီး ယုံကြည်စိတ်ချရတဲ့ ထွန်စက်ကောင်း တစ်စီး လက်ဝယ်ရှိဖို့ လိုပါတယ်။
ဒါ့ကြောင့် "စကားနဲ့မပြောဘဲ လယ်ထဲမှာ အလုပ်နဲ့ သက်သေပြမယ့်" Sonalika DI-50 Rx ကို ယနေ့ပဲ ပိုင်ဆိုင်လိုက်ပါ။

​လုပ်ငန်းခွင်တိုင်းမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် Sonalika က သင့်ကို အမြဲအသင့် စောင့်ကြိုနေပါတယ်။

​အရောင်းဌာနများ သို့ ဆက်သွယ်ရန်
ရန်ကုန်
☎ 09 443091151 .09 977906900
☎ 09 977906902.09-977384760

မန္တလေး
☎09 2001078. 09 91000109

ပခုက္ကူ
☎09 401631316 .09 977906920
☎09 977906921

မကွေး
☎09 977906910 .09977906911

Address

Yangon-Myanmar
Mingaladon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443091151

Alerts

Be the first to know and let us send you an email when Farmers Choice Tractor Co.Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Farmers Choice Tractor Co.Ltd.:

Shortcuts

Share