YGT Glass

YGT Glass Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGT Glass, 6th Street, Mingalardon Industrial Zone, Mingaladon.

YGT Company Limited is a trusted supplier of Grade-A glass and mirror solutions, delivering reliable quality, precision craftsmanship, and nationwide support for construction and renovation projects across Myanmar.

✨YGT Company မှ စီစဉ်ကျင်းပပြုလုပ်ပေးခဲ့သော Future-Ready Leadership Training ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ဝန်ထမ်း...
04/08/2026

✨YGT Company မှ စီစဉ်ကျင်းပပြုလုပ်ပေးခဲ့သော Future-Ready Leadership Training ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသော ဝန်ထမ်းများအား Certificate ပေးအပ်ပွဲ အခမ်းအနား ကို ဂုဏ်ပြုစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုလို ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို ပိုမိုတိုးတက်အောင် Training များ ပြုလုပ်ပေးခဲ့ကြတဲ့ YGT ၏ Top Management များကို အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။
📸 ယနေ့အခမ်းအနားမှ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။

💎Mirror Quality ကောင်း၊ မကောင်း ဘယ်လိုခွဲမလဲ?✨💎Mirror ကောင်းတစ်ချပ်က အလှဆင်ပစ္စည်းတစ်ခုတင်မဟုတ်ပါဘူး။ သင့်အိမ်နဲ့ လုပ်ငန...
01/08/2026

💎Mirror Quality ကောင်း၊ မကောင်း ဘယ်လိုခွဲမလဲ?✨
💎Mirror ကောင်းတစ်ချပ်က အလှဆင်ပစ္စည်းတစ်ခုတင်မဟုတ်ပါဘူး။ သင့်အိမ်နဲ့ လုပ်ငန်းခွင်ရဲ့ အရည်အသွေးကို တန်ဖိုး မြှင့်တင်ပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။✨
ဒါကြောင့် မှန် ဝယ်မယ်ဆိုရင် ဒီအချက် (၅) ချက်ကို အရင်စစ်ဆေးကြည့်ပါ။
✅ 1. Reflection (ပုံရိပ်ပြန်လည်ထင်ဟပ်မှု)
Quality ကောင်းတဲ့ မှန် က...
✔️ ပုံရိပ်ကို ကြည်လင်ပြတ်သားစွာ ပြန်လည်ထင်ဟပ်ပေးပါတယ်။
✔️ အရောင်မလွဲဘဲ သဘာဝအတိုင်း မြင်ရပါတယ်။
✔️ လှုပ်ရှားသလို၊ လှိင်းထနေသလို မဖြစ်ပါဘူး။
✅ 2. Glass Surface (မျက်နှာပြင်အရည်အသွေး)
မှန် မျက်နှာပြင်ကို အလင်းရောင်အောက်မှာ ကြည့်လိုက်ပါ။
✔️ လှိင်းတွန့်ခြင်း (Wave)
✔️ အဖုအပိန့် (Bubble)
✔️ အစက်အပြောက် (Scratch)
✔️ အညစ်အကြေးပါဝင်မှု
မရှိသင့်ပါဘူး။
မျက်နှာပြင် ပိုချောမွေ့လေ၊ Reflection ပိုကောင်းလေ ဖြစ်ပါတယ်။
✅ 3. Mirror Coating (နောက်ခံ Coating)
မှန် ရဲ့ နောက်ကျော Coating က အရေးကြီးဆုံးအပိုင်းတစ်ခုပါ။
Quality ကောင်းတဲ့ မှန် တွေမှာ...
✔️ Coating ညီညာပါတယ်။
✔️ အလွယ်တကူ မခွာပါဘူး။
✔️ အစိုဓာတ်ကြောင့် အလွယ်တကူ မပျက်စီးပါဘူး။
ဒါကြောင့် အသုံးခံပြီး ပိုကြာရှည်ခံပါတယ်။
✅ 4. Edge Finish (ဘောင်အစွန်း)
မှန် အစွန်းတွေကိုလည်း သတိထားကြည့်ပါ။
✔️ ဖြတ်တောက်မှု သေသပ်ရမယ်။
✔️ ချွန်ထက်မှု မရှိရဘူး။
✔️ အက်ကွဲခြင်း မရှိရဘူး။
✔️ Edge Polish ညီညာရမယ်။
ဒါက အန္တရာယ်ကင်းခြင်း နဲ့ အလှအပ ထင်ဟပ်မှု နှစ်ခုလုံးအတွက် အရေးကြီးပါတယ်။
✅ 5. Moisture Resistance (အစိုဓာတ်ခံနိုင်မှု)
အထူးသဖြင့်...
✔️ Bathroom
✔️ Dressing Room
✔️ Hotel
✔️ Commercial Building
လို နေရာတွေမှာ အသုံးပြုမယ်ဆိုရင်...
အစိုဓာတ်ကြောင့် မှန် အစွန်းတွေ မည်းလာတာ၊ Coating ပျက်စီးတာမျိုး မဖြစ်အောင် Moisture Resistance ကောင်းတဲ့ Quality ကောင်းတဲ့မှန်ကို ရွေးချယ်သင့်ပါတယ်။
သင့် Project အတွက် လိုအပ်တဲ့ အရည်အသွေးမြင့် မှန် များကို YGT မှာ စိတ်ကြိုက်မှာယူ ဝယ်ယူနိုင်ပါသည်။
📩 စျေးနှုန်းနှင့် အသေးစိတ်ကို သိရှိလိုပါက Chat Box ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်သလို၊ ပေးထားတဲ့ ဖုန်းနံပါတ်ကနေလည်း တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
☎️ (Raw Glass)မှန်စိမ်းမှာယူလိုတယ်ဆိုရင်
09 760308673 ၊ 𝟎𝟗𝟕𝟔𝟎𝟑𝟎𝟖𝟔𝟕𝟏
☎️ Customized မှန်များမှာယူလိုတယ်ဆိုရင်
𝟎𝟗𝟕𝟔𝟓𝟔𝟖𝟏𝟗𝟖𝟓 | 𝟎𝟗𝟕𝟔𝟓𝟔𝟖𝟏𝟗𝟖𝟕 | 𝟎𝟗𝟕𝟔𝟓𝟔𝟖𝟐𝟎𝟏𝟔

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞
အမှတ် (၂၆၆) ၊ (၆) လမ်း ၊ မင်္ဂလာဒုံစက်မှုဇုန် ၊ မင်္ဂလာဒုံမြိုနယ် ၊ ရန်ကုန်မြို။

🎉 Happy Birthday, July Borns! 🎂🎈ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐘𝐆𝐓 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရဲ့ ဇူလှိုင်လမှာ မွေးဖွားခဲ့ကြတဲ့ ဝန်ထမ်း...
31/07/2026

🎉 Happy Birthday, July Borns! 🎂🎈
ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐘𝐆𝐓 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရဲ့ ဇူလှိုင်လမှာ မွေးဖွားခဲ့ကြတဲ့ ဝန်ထမ်းတွေအားလုံးအတွက် မွေးနေ့ပွဲလေးကို ပျော်ပျော်ပါးပါး ကျင်းပပေးခဲ့ပါတယ်။
July လမှာ မွေးဖွားလာကြတဲ့ YGT မိသားစုဝင်များအားလုံးကို ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေလို့ YGT မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💙

🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)Full Moon Waso Festival🙏 ဇူလိုင်လ (၂၉) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြ...
29/07/2026

🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)
Full Moon Waso Festival

🙏 ဇူလိုင်လ (၂၉) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယ၌ မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်းကို အောက်မေ့အမှတ်ရလျက်၊

ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ပြီး မိသားစုများနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း YGT Co., Ltd. မှ လေးစားစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🌿 May this sacred Full Moon Waso Festival bring you and your family peace, happiness, good health, prosperity, and success. Wishing everyone safety, blessings, and harmony on this auspicious day.

Happy Full Moon Waso Festival! 🙏

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

🙏 YGT မိသားစု ဝါဆိုသင်္ကန်း နှင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု မြတ်ကုသိုလ် 🙏🙏 ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်လှတဲ့ ဝါဆိုလ ဟာ ကုသ...
25/07/2026

🙏 YGT မိသားစု ဝါဆိုသင်္ကန်း နှင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု မြတ်ကုသိုလ် 🙏
🙏 ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်လှတဲ့ ဝါဆိုလ ဟာ ကုသိုလ်ဒါနပြုခြင်း၊ သာသနာတော်ကို ထောက်ပံ့ခြင်းနဲ့ မေတ္တာတရားများ မျှဝေခြင်းတို့ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။
ယခုလို မင်္ဂလာရှိတဲ့ အချိန်အခါမှာ YGT မှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း နှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်မင်္ဂလာကို ဝန်ထမ်းများနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
🙏 ယခုကုသိုလ်အလှူ၏ ကောင်းမှုအစုစုကြောင့် မိတ်ဖက်များ၊ Customer များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများ တိုးတက်ကာ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း YGT မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ကုသိုလ်တော် #ဝါဆိုသင်္ကန်းကပ်လှူပွဲ #ဆွမ်းအလှူ

အခန်းကျဉ်းလို့ စိတ်ညစ်နေလား? 🤔✨ မှန်တစ်ချပ်တည်းနဲ့ အခန်းကို ပိုကျယ်သလို မြင်ရအောင် ပြောင်းလဲနိုင်ပါတယ်!မှန်ကို နေရာမှန်၊...
23/07/2026

အခန်းကျဉ်းလို့ စိတ်ညစ်နေလား? 🤔
✨ မှန်တစ်ချပ်တည်းနဲ့ အခန်းကို ပိုကျယ်သလို မြင်ရအောင် ပြောင်းလဲနိုင်ပါတယ်!

မှန်ကို နေရာမှန်၊ အရွယ်အစားမှန်နဲ့ စနစ်တကျ တပ်ဆင်လိုက်ရင်...
❇️ ကျဉ်းကျပ်နေတဲ့အမြင်ကို ချက်ချင်း ကျယ် ဝန်းသွားစေမယ်။
❇️ အလင်းရောင် ပြန်ဟပ်မှုကြောင့် အခန်းက ပိုလင်း ၊ ပိုရှင်း သွားစေမယ်။
❇️ ဘယ်တော့မှ ရိုးမသွားတဲ့ Modern Interior Look ကို ရစေမယ်။

သာမန်အခန်းကျဉ်းလေးကနေ Luxury ဆန်ဆန် ကျယ်ဝန်းတဲ့ အခန်းလေးအဖြစ် ပြောင်းလဲဖို့ အကောင်းဆုံး မှန်ဒီဇိုင်းတွေကို ကျွန်တော်တို့ဆီမှာ စိတ်တိုင်းကျ အပ်နှံနိုင်ပါပြီ။
တန်ဖိုးရှိတဲ့ သင့် Space လေးကို အလှပဆုံး ဖန်တီးလိုက်ပါ။ ✨

📩 စျေးနှုန်းနှင့် အသေးစိတ်ကို သိရှိလိုပါက Chat Box ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်သလို၊ ပေးထားတဲ့ ဖုန်းနံပါတ်ကနေလည်း တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
☎️ (Raw Glass)မှန်စိမ်းမှာယူလိုတယ်ဆိုရင်
09 760308673 ၊ 𝟎𝟗𝟕𝟔𝟎𝟑𝟎𝟖𝟔𝟕𝟏
☎️ Customized မှန်များမှာယူလိုတယ်ဆိုရင်
𝟎𝟗𝟕𝟔𝟓𝟔𝟖𝟏𝟗𝟖𝟓 | 𝟎𝟗𝟕𝟔𝟓𝟔𝟖𝟏𝟗𝟖𝟕 | 𝟎𝟗𝟕𝟔𝟓𝟔𝟖𝟐𝟎𝟏𝟔

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞
အမှတ် (၂၆၆) ၊ (၆) လမ်း ၊ မင်္ဂလာဒုံစက်မှုဇုန် ၊ မင်္ဂလာဒုံမြိုနယ် ၊ ရန်ကုန်မြို။
#မှန်စိမ်းအမျိုးမျိုး

YGT Company မှ ဝန်ထမ်း သား/သမီးများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပွဲ ✨✨ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် YGT Company မှ ဝန်ထမ်းသား/...
21/07/2026

YGT Company မှ ဝန်ထမ်း သား/သမီးများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပွဲ ✨

✨ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် YGT Company မှ ဝန်ထမ်းသား/သမီးများအတွက် ကျောင်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ပံ့ပိုးပေးခဲ့ကြသော YGT ၏ Top Management များအား အထူးကျေးဇူးတင် လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
✨ YGT Company မှ ဝန်ထမ်း သား/သမီးများအား ကျောင်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ ပညာရေးလမ်းကြောင်းပေါ်တွင် ယုံကြည်မှုအပြည့် နဲ့ အားအင်များစွာဖြင့် လျှောက်လှမ်းနိုင်စေရန် YGT မိသားစုမှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
✨ YGT အတွက် လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ ထုတ်ကုန်ကောင်းတွေ ဖန်တီးနိုင်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ဝန်ထမ်းများနဲ့ သူတိုရဲ့ မိသားစုတွေ အတူတကွ တိုးတက်ပျော်ရွှင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။

💙 YGT Company
Building Quality, Building People, Building the Future.

(79) နှစ်‌မြောက် အာဇာနည်နေ့အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂါဝရပြုအပ်ပါသည်။     #အာဇာနည်နေ့
19/07/2026

(79) နှစ်‌မြောက် အာဇာနည်နေ့
အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂါဝရပြုအပ်ပါသည်။
#အာဇာနည်နေ့

🏠အိမ်ထဲကို သဘာဝအလင်းရောင် အပြည့်အဝရချင်တယ်၊ မြင်ကွင်းကိုလည်း တကယ့်ကို ကြည်လင်ပြတ်သားနေတာမျိုး လိုချင်တယ်ဆိုရင်... ✨ရိုးရ...
16/07/2026

🏠အိမ်ထဲကို သဘာဝအလင်းရောင် အပြည့်အဝရချင်တယ်၊ မြင်ကွင်းကိုလည်း တကယ့်ကို ကြည်လင်ပြတ်သားနေတာမျိုး လိုချင်တယ်ဆိုရင်... ✨
ရိုးရိုးမှန်တွေလို စိမ်းဖန်ဖန်အရောင် လုံးဝမပါဘဲ ပတ်ဝန်းကျင်ရဲ့ တကယ့်သဘာဝအရောင်အစစ်ကို ရောင်ပြန်ဟပ်ပေးနိုင်တဲ့ Ultra Clear Glass ရှိပါတယ်။ 💎
Ultra Clear Glass ရဲ့ အားသာချက်များ
❇️ ကြည်လင်မှု 99% အထိရှိခြင်း: ရိုးရိုးမှန်တွေထက် အလင်းဖြတ်သန်းမှု ပိုကောင်းလို visual ပိုင်းမှာ ပိုမိုတောက်ပပြီး ဇိမ်ကျတဲ့ Luxury Look ကို ပေးစွမ်းနိုင်ပါတယ်။
❇️ သဘာဝအရောင်မပျက်ခြင်း: အထူးသဖြင့် Showrooms တွေ၊ ဇိမ်ခံစိန်ရွှေရတနာဆိုင်တွေနဲ့ Luxury လူနေအိမ်တွေမှာ အရောင်မှန်ကန်မှုရှိစေဖို အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။
❇️ ပိုမိုဘေးကင်းစိတ်ချရခြင်း: အရည်အသွေးမြင့် ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားလို ခိုင်ခံ့မှုပိုင်းမှာလည်း စိတ်ချရပါတယ်။
သင့်ရဲ့ ဧည့်ခန်း Glass Partition ပဲဖြစ်ဖြစ်၊ ရေချိုးခန်းမှန်အကာ (Shower Enclosure) ပဲဖြစ်ဖြစ်၊ ဆိုင်ခန်း Window Display ပဲဖြစ်ဖြစ် Premium ဆန်ဆန် လှပသွားဖို Ultra Clear Glass ကို အခုပဲရွေးချယ်လိုက်ပါ။
💬 အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်း [09 760308673 ၊ 𝟎𝟗 𝟕𝟔𝟎𝟑𝟎𝟖𝟔𝟕𝟏] ကနေဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🎉 Future-Ready Leadership Training လေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ 🌟ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကိ...
13/07/2026

🎉 Future-Ready Leadership Training လေးကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ 🌟
ပထမဦးဆုံးအနေနဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေကို အမြဲ အသိမှတ်ပြုပြီး၊ ပိုမိုတိုးတက်ပြီး အောင်မြင်တဲ့ Leader ကောင်းတွေဖြစ်လာဖို အမြဲတစေပံ့ပိုးကူညီပေးနေတဲ့ YGT Co.,Ltd ၏ Top Management များ ကိုလည်း အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

Training တစ်လျှောက်လုံးမှာ အတွေ့အကြုံကောင်းတွေ နဲ့ တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ထိရောက်တဲ့ Leadership Skill တွေကို စေတနာအပြည့်နဲ့ စိတ်ရှည်လက်ရှည် မျှဝေသင်ကြားပေးခဲ့တဲ့
ဆရာမကြီး ကိုလည်း YGT မိသားစု ကိုယ်စား အလေးအနက်ကျေးဇူးတင်ရှိပါတယ်။

ဒီသင်တန်းကာလ တစ်လျှောက်လုံးမှာ စိတ်အားထက်သန်စွာနဲ့ ကြိုးစားသင်ယူခဲ့ကြတဲ့ Team Members တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 🎉

Address

6th Street, Mingalardon Industrial Zone
Mingaladon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09733677777

Alerts

Be the first to know and let us send you an email when YGT Glass posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YGT Glass:

Shortcuts

Share