27/05/2026
🔶🔶 ဝန်ထမ်းအလိုရှိသည်။🔶🔶
ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် (ရုံးချုပ်)၊ ရုံးခွဲနှင့် နယ်လုပ်ငန်းဌာနများတွင် စပါး / ဆန်နှင့် ပဲမျိုးစုံ ဝယ်ယူကြိတ်ခွဲရေးလုပ်ငန်းများအတွက် တာဝန်ထမ်းဆောင်နိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီသည့်ဝန်ထမ်းများ အလိုရှိသည်။
1. ကုန်ချိန်တာလီစာရေး - ကျား (၅)ဦး (Yangon)
2. စက်မောင်း (အကူ) - ကျား (၅)ဦး (စက်မောင်း) (Yangon)
3. Electrical Engineer - ကျား (၃)ဦး (Branch/Yangon)
4. Service Engineer/( After Sales Service) - ကျား (၅)ဦး (Yangon)
5. Assistant Manager, Office Admin & Farmland Section - ကျား (၁) ဦး (Yangon)
6. Supervisor (Security & Maintenance Section) - ကျား (၁)ဦး (Yangon)
7. Supervisor, Fleet Vehicle Maintenance Section - ကျား (၁)ဦး (Yangon)
8. Supervisor, License & Liaison Section - ကျား (၁)ဦး (Yangon)
9. Driver Helper, Fleet, Transportation Section - ကျား (၁)ဦး (Yangon)
10. Junior Auditor - ကျား/မ (၁)ဦး (Yangon)
၁။ ကုန်ချိန်တာလီစာရေး - ကျား (၅)ဦး (Yangon)
Job Descriptions and Requirements
➡ ကုန်ပစ္စည်းများကိုလက်ခံရယူခြင်း၊ ထုတ်ပေးခြင်းတို့ကိုဆောင်ရွက်ရာတွင်၊ သေချာစွာ ချိန်တွယ်ခြင်း၊ တာလီပေးခြင်း ကိုဆောင်ရွက်ရန်။
➡ကုန်ပစ္စည်းများကို လက်ခံခြင်း၊ ထုတ်ပေးခြင်းကို ချိန်တွယ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ကိုစနစ်တကျ ကိုင်တွယ် အသုံးပြုရန်နှင့် ထိန်းသိမ်းရန်။
➡ ပစ္စည်းများလက်ခံခြင်း/ထုတ်ပေးခြင်းကို မဆောင်ရွက်မီ၊ အသုံးပြုပစ္စည်းများ မှန်ကန်ရှိ/မရှိ၊ အရေအတွက်ပြည့်၊ မပြည့် စစ်ဆေးရန်။
➡ကုန်ပစ္စည်းများလက်ခံခြင်း၊ ထုတ်ပေးခြင်းများဆောင်ရွက်ရာတွင် သတ်မှတ်ပစ္စည်း မှန်ကန်မှု ရှိ/မရှိ နှင့် အရည်အသွေးအား စစ်ဆေးနိုင်ရန်အတွက် ဆန်ထိုးပိုက်ကို အသုံးပြုဆောင်ရွက်ရန်။
➡ ချိန်တွယ်ရရှိသော ကုန်ပစ္စည်းအလေးချိန်၊ အရေအတွက်အတိအကျကို စာရင်းဇယားမှတ်တမ်း များရေးသွင်း ပြုစုတင်ပြရန်။
၂။ စက်မောင်း (အကူ) - ကျား (၅)ဦး (စက်မောင်း) (Yangon)
Job Descriptions and Requirements
➡ ထုတ်လုပ်ရေးတာဝန်ခံ၏ လုပ်ငန်းများကို ပူးတွဲ ဆောင်ရွက်ပေးရန်။
➡ ဆန်၊ စပါးများတွင်ပါဝင်သည့် အဖျင်း၊အမှော်၊ဖုန်၊သဲ၊ခဲများအားသန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ရန်။ ပြုပြင်ရန်များကိုအချိန်မီဆောင်ရွက်ပေးရန်။
➡ ပြုပြင်ရာ၌အသုံးပြုသော လက်သုံးကိရိယာများ ပြည့်စုံကောင်းမွန်ရန်စီစဉ်ရန်။
➡ ပြင်ထိန်းအင်ယာများနှင့် မပြတ်ဆက်သွယ်ပြီးလိုအပ်သောပြုပြင်မှုများဆောင်ရွက်ရန်။
➡ ကုန်ကြမ်း/ကုန်ချောအရည်အသွေး စစ်ဆေးမှုကိုကြပ်မတ်ရန်။
➡ သက်ဆိုင်ရာဌာနတာဝန်ခံမှ အခါအားလျှော်စွာ ပေးအပ်သောတာဝန်များကိုထမ်းဆောင်ရန်။
၃။Electrical Engineer - ကျား (၃)ဦး (Branch/Yangon)
Job Descriptions
➡ အင်ဂျင်နီယာချုပ်အား တာဝန်ခံ၍ ဆန်စက်၏ လျှပ်စစ်ဆိုင်ရာပစ္စည်းများ လိုအပ်ချက် စာရင်းပြုစုတင်ပြရန်။
➡ ထပ်မံတိုးချဲ့တပ်ဆင်မည့် စက်ယူနစ်အစိတ်အပိုင်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများလိုအပ်ချက်ပြုစုတင်ပြပေးရန်။
➡ စက်ရုံများတွင် တပ်ဆင်ထားသော လျှပ်စစ်ဆိုင်ရာပစ္စည်းများ၏ ကြံ့ခိုင်မှုနှင့်ထိန်းသိမ်းမှုဆိုင်ရာများကို ကွင်းဆင်း စစ်ဆေး၍ ပြုပြင်ခြင်းဆောင်ရွက်ရန်။
➡ လျှပ်စစ်ဆိုင်ရာချို့ယွင်းချက်များကိုပြုပြင်နိုင်ရေးအတွက် ထုတ်လုပ်ရေးမန်နေဂျာနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရန်၊ တင်ပြတောင်းခံ ခြင်း၊ တပ်ဆင်ခြင်းများကို ဆောင်ရွက်ရန်။
➡ MPPE မှ ဓါတ်အားလက်ခံရယူ၍ အန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်သုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ရန်။
➡ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုများအား ပြုပြင်မွမ်းမံရေးအတွက် အပတ်စဉ်၊ လစဉ်စီမံချက်ရေး ဆွဲဆောင်ရွက်ခြင်း၊ ဓါတ်အားခွဲရုံမှဓါတ်အားလက်ခံရရှိမှု ရှိ/မရှိ စစ်ဆေးရန်၊ ဓါတ်အားလက်ခံရယူသည့် Control ယူနစ်များ ထိန်းချုပ်၍ ဓါတ်အားသုံးစွဲရန်။
➡ MPPE မှ မီးပျက်ခဲ့လျှင် Diesel Generatorများ မောင်းနှင်ခြင်းများကို ကြီးကြပ်ဆောင်ရွက်ရန်။
➡ အခါအားလျော်စွာ အင်ဂျင်နီယာချုပ်မှပေးအပ်သော တာဝန်များထမ်းဆောင်ခြင်း၊ ထူးခြားဖြစ်စဉ်များမှတ်တမ်း ရေးသွင်းခြင်းကို ဆောင်ရွက်ရန်။
Job Requirements
➡ B.E/EP(Electrical) ဘွဲ့ရရှိထားသူဖြစ်ရမည်။ ဘွဲ့တစ်ခုခုရရှိထားပြီး လျှပ်စစ်ပိုင်း ကျွမ်းကျင်သူများလဲ လျှောက်ထား နိုင်ပါသည်။
➡ အတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ ဦးစားပေးခန့်ထားမည်။
➡ အသက် (၂၀)နှစ်မှ(၄၀)နှစ်အတွင်းရှိသူဖြစ်ရမည်။
➡ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံနှင့်အရည်အချင်းအလိုက် လစာညှိုနှိုင်းပေးမည်။
➡ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ၊ ကုမ္ပဏီပိုင်ဆန်စက်များတည်ရှိရာမြို့နယ်များတွင် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
၄။ Service Engineer/( After Sales Service) - ကျား (၅)ဦး (Yangon)
Job Descriptions
➡ စက်ပစ္စည်းများနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်းချက်များနှင့် လိုအပ်ချက်များ အား Customer သို့ ဝန်ဆောင်မှုပေးရန်။
➡ အရောင်းအဝယ် သဘောတူညီချက်အပေါ် မူတည်၍ စက်ပစ္စည်းများနှင့် ပတ်သက်ပြီး စက်တပ်ဆင်ရေး စက်လည်ပတ်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်ပေးရန်။
➡ Customer များ မကြာခဏ လဲလှယ်ရသော အပို ပစ္စည်းများနှင့် ရောင်းအားပေါ် အခြေခံပြီး၊ နောက်ထပ်မှာယူရန်။
➡ လိုအပ်မည့်ပစ္စည်းစာရင်းအား အရောင်းတာဝန်ခံ နှင့် ပူးပေါင်းပြီးအချိန်နှင့် တပြေးညီပြုစု၍ အထက်သို့တင်ပြရန်။
➡Customer များ၏ လိုအပ်ချက်များအား အရောင်းတာဝန်ခံ နှင့် ပူးပေါင်းပြီး အဆိုပြုလွှာ ပြင်ဆင်ပြုစုရန်။
➡ Customer များ၏ စက်ပစ္စည်းများ ချို့ယွင်းမှု့ဖြစ်၍ အရောင်းတာဝန်ခံမှ အကြောင်းကြားလာပါက ဆွေးနွေးတိုင်ပင်ပေးပြီး လိုအပ်လျှင် သွားရောက်ပြင်ဆင်ဆောင်ရွက်ပေးရန်။
Job Requirements
➡ BE/B.Tech(Electrical)ဘွဲ့ရရှိထားသူဖြစ်ရမည်။ ဘွဲ့တစ်ခုခုရရှိထားပြီး လျှပ်စစ်ပိုင်း ကျွမ်းကျင်သူများလဲ လျှောက်ထားနိုင်ပါသည်။
➡အတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်၍ ဦးစားပေးခန့်ထားမည်။
➡ အသက် (၂၀)နှစ်မှ(၄၀)နှစ်အတွင်းရှိသူဖြစ်ရမည်။
➡ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံနှင့်အရည်အချင်းအလိုက် လစာညှိုနှိုင်းပေးမည်။
၅။ Assistant Manager, Office Admin & Farmland Section - ကျား (၁) ဦး (Yangon)
Job Requirements
➡ အသက် (၂၅) နှစ်မှ (၄၀) နှစ်အတွင်းရှိသူဖြစ်ရမည်။
➡ လိုအပ်ပါက ရံဖန်ရံခါ ခရီးသွားနိုင်သူဖြစ်ရမည်။
➡ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားသူဖြစ်ရမည်။
➡လုပ်ငန်းအတွေ့အကြုံ(၅)နှစ်အထက်ရှိသူဖြစ်ရမည်။
Job Descriptions
➡ Office Paper work management
➡ Email (in/out) and incoming/outgoing letters Reg management
➡ Office Orders, Instructions and Planning management
➡ Head Office and Regions admin work management
➡ Farmland Registration and Document management
➡ Meter Bill and Phone Bill Filling management
➡ Meeting minutes recording management
၆။ Supervisor (Security & Maintenance Section) - ကျား (၁)ဦး (Yangon)
Job Requirements
➡ တက္ကသိုလ် မှ ဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။
➡ ကွန်ပျူတာ ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
➡ အသက် (၂၅) နှစ်မှ (၃၅) နှစ်အတွင်းရှိသူဖြစ်ရမည်။
Job Descriptions
➡ Checking and report the security gate record from Head Office (Security Company) and Other Regions (Security Staff)
➡ Checking and report the Requirements and requests from the security gates.
➡ Oversees the Operation of security technology such as CCTV, alarm systems, and access control to prevent unauthorized entry.
➡ Acts as the first responder to security breaches, fires or medical emergencies and emergency services as needed.
➡ To report in real time and step by step when occur security incidents case.
➡ Checking and reporting on issues related to building maintenance at the head office regional offices/ rice mill.
၇။ Supervisor, License & Liaison Section - ကျား (၁)ဦး (Yangon)
Job Requirements
➡ တက္ကသိုလ် မှ ဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရမည်
➡ အတွေ့အကြုံ (၃)နှစ်မှ (၅)နှစ်အတွင်း ရှိသူဖြစ်ရမည်။
➡ အစိုးရရုံးများ၊ ဝန်ကြီးဌာနများနှင့် လုပ်ထုံးလုပ်နည်းများ၊ လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ ဥပဒေများကို နားလည်ရမည်။
➡ ဆက်သွယ်ပြောဆိုရေး ကျွမ်းကျင်မှု (Communication Skill) အလွန်ကောင်းမွန်ရမည်။
➡ ကွန်ပျူတာ (Microsoft Word, Excel, Email) အခြေခံ ကျွမ်းကျင်ရမည်။
➡ အင်္ဂလိပ်စာ အသင့်အတင့် နားလည်တတ်ကျွမ်းရမည်။
Job Descriptions
➡ Enterprise License and other License to update and registration
➡ Paper work and other relation with the Government Offices
➡ Other Instruction works from MD.
၈။ Supervisor, Fleet Vehicle Maintenance Section - ကျား (၁)ဦး (Yangon)
Job Requirements
➡ တက္ကသိုလ် မှ ဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရမည်
➡ အတွေ့အကြုံ (၃)နှစ်မှ(၅)နှစ်အတွင်းရှိသူဖြစ်ရမည်။
➡ ဆက်သွယ်ပြောဆိုရေး ကျွမ်းကျင်မှု (Communication Skill) အလွန်ကောင်းမွန်ရမည်။
➡ ကွန်ပျူတာ (Microsoft Word, Excel, Email) အခြေခံ ကျွမ်းကျင်ရမည်။
အင်္ဂလိပ်စာ အသင့်အတင့် နားလည်တတ်ကျွမ်းရမည်။
Job Descriptions
➡ Inspection and Supervision of (4) Types of vehicle records that placed on vehicles.
➡ Inspection and supervision of (12) types of ISO Form of vehicle department. (Need to be submitted to the Document Controller)
➡ Inspection and supervision of vehicle repair, maintenance and cleaning.
➡ Supervision of Vehicle license Renewal and new registration process.
➡ Registration of car rental usage from Eden.
➡ Supervision of vehicles insurance process.
➡ Supervision of Driver (OT) and route travel expenses.
၉။ Driver Helper, Fleet, Transportation Section - ကျား (၁)ဦး (Yangon)
Job Descriptions and Requirements
➡ Driver Helper experience at Least (2) Years.
➡ Must have Driver Helper License (active).
➡ Must have under (40) Years.
➡Must have Healthy Physical body.
၁၀။ Junior Auditor - ကျား/မ (၁)ဦး (Yangon)
Job Requirements
➡ တက္ကသိုလ် မှ ဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရမည် / (Accounting) ပိုင်းဘွဲ့ရ ပိုဦးစားပေးမည်။
➡ ကွန်ပျူတာ ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
➡အသက် (၂၃) နှစ်မှ (၃၅) နှစ်အတွင်းရှိသူဖြစ်ရမည်။
➡ နယ်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ အတွက် သွားရောက်နိုင်ရမည်။
➡လုပ်ငန်းအတွေ့အကြုံ ၁ နှစ်မှ ၂ နှစ် ရှိသူဖြစ်ရမည်။
Job Descriptions
➡ ငွေကြေးလွှဲပြောင်းမှုများ၊ စာရွက်စာတမ်းများနှင့် ခွင့်ပြုချက်များကို စစ်ဆေးအတည်ပြုရန်။
➡ ကုန်ပစ္စည်းစာရင်းများ ရေတွက်ခြင်းနှင့် လူကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ရန်။
➡ ထိန်းချုပ်မှုဆိုင်ရာ သက်သေအထောက်အထားများနှင့် လုပ်ငန်းမှတ်တမ်းတွဲများကို ထိန်းသိမ်းထားရန်။
➡ ထိန်းချုပ်မှုစနစ်များ၏ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ရာတွင် ကူညီပေးရန်။
➡ ပြုပြင်မွမ်းမံမှုဆိုင်ရာဆောင်ရွက်ချက်များကို နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရာတွင် ပံ့ပိုးပေးရန်။
➡ လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းတို့တွင် ကူညီပေးရန်။
➡ ဌာနအသီးသီးတွင်ကုမ္ပဏီအတွင်း ထိန်းချုပ်မှုဆိုင်ရာ အသိပညာများ မြှင့်တင်ပေးရန် ။
အထက်ပါရာထူးများနှင့် ပတ်သက်ပြီး အလုပ်လျှောက်ထားရန် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးမှတ်တမ်း (CV Form) ၊ ပညာအရည်အချင်းအထောက်အထား/ လုပ်ငန်းအတွေ့အကြုံ/ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)/ ကြည်လင်ပြတ်သားစွာရိုက်ကူးထားသော အိမ်ထောင်စုစာရင်း(မိတ္တူ) နှင့် ဧည့်စာရင်း (မိတ္တူ)/ အလုပ်သမားမှတ်ပုံတင် (မိတ္တူ)၊ မကြာမီကရိုက်ထားသော ကာလာဓါတ်ပုံ (passport Size) တို့နှင့်အတူ အလုပ် လျှောက်လွှာများကို (၃၀.၀၆.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ ရုံးလိပ်စာသို့ လူကိုယ်တိုင် (သို့မဟုတ်) အီးမေးလ် [email protected] သို့ ပေးပို့လျှောက်ထားနိုင်သလို ဖုန်းနံပါတ် ၀၉ ၄၂၁၀၈၄၁၇၁ (09421084171) ကိုလဲ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
အလုပ်လျှောက်ထားရန်နှင့်ဆက်သွယ်ရန်လိပ်စာ
အမှတ် (၁) ၊ ကနောင်မင်းသားကြီးလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉ ၄၂၁၀၈၄၁၇၁ (09421084171)
Email – [email protected]