Noble Honesty Group

Noble Honesty Group Noble Honesty Group Co.,Ltd is one of the Pyin Oo Lwin Township's leading company specialized in building design, construction and trading.

 #ရပ်ကွက်ကြီးမြေရောင်းရန်ရှိသည်။(၀၉ ၇၈၉ ၇၈၅ ၉၀၆)၁။ မြေကွက်တည်ရှိရာ -ရပ်ကွက်ကြီး (၁၁)၊ ရေငယ်၊ မန်းလေး-လားရှိုးလမ်းမကြီး အ...
07/06/2023

#ရပ်ကွက်ကြီးမြေရောင်းရန်ရှိသည်။
(၀၉ ၇၈၉ ၇၈၅ ၉၀၆)
၁။ မြေကွက်တည်ရှိရာ -ရပ်ကွက်ကြီး (၁၁)၊ ရေငယ်၊ မန်းလေး-လားရှိုးလမ်းမကြီး အနီး။

၂။ မြေအကျယ် - 65' x 90' (5850 sqft)

၃။ စျေးနှုန်း - ၁၆၀၀ သိန်း။

၄။ ရေတွင်းနှင့် လျှပ်စစ်မီတာပါပြီး။
အလုပ်သမားထားရန် အဆောက်အဦငယ် ရှိပါသည်။ခြံစည်းရိုးခတ်ထားပါသည်။

၅။ လမ်းထောင့်အကွက်ဖြစ်ပြီး သီးပင်၊ အရိပ်ရပင်များ စိုက်ပျိုးထားရှိပါသည်။

၆။ ပိုင်ရှင်နှင့် တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။

၇။ အကျိုးတော်ဆောင်ကြီးများလည်း ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန်။
၀၉ ၇၈၉ ၇၈၅ ၉၀၆

 #ဂရန်မြေကွက်ရောင်းရန်ရှိသည်။(၀၉၇၈၉၅၈၆၆၂၉)၁။ မြေကွက်တည်ရှိရာ -ရပ်ကွက်ကြီး (၁၄)၊ ညောင်နီ၊  ရွာလယ် လမ်းမကြီး မေးတင်၊ ရပ်ကွ...
03/06/2023

#ဂရန်မြေကွက်ရောင်းရန်ရှိသည်။
(၀၉၇၈၉၅၈၆၆၂၉)

၁။ မြေကွက်တည်ရှိရာ -ရပ်ကွက်ကြီး (၁၄)၊ ညောင်နီ၊ ရွာလယ် လမ်းမကြီး မေးတင်၊ ရပ်ကွက်ရုံးအနီး၊ မြို့ရှောင်လမ်းမကြီးအနီး။

၂။ မြေအကျယ် -53' x 61' x 36' x 60' (2630 sqft)

၃။ စျေးနှုန်း -၁၂၅၀ သိန်း။

၄။ ဂရန်သက်တမ်း -၂၀၄၇ ခုနှစ်အထိ။

၅။ စာချုပ်စာတမ်းမှတ်ပုံတင် ပြုလုပ်၍ ချုပ်ဆိုပါမည်။ရောင်းချသူမှ ရောင်းခွန်ဆောင်ပါမည်။

၆။ သီးပင်၊ အရိပ်ရပင်များ စိုက်ပျိုးထားပြီး ခြံစည်းရိုး ပါရှိပါသည်။

၇။ ပိုင်ရှင်နှင့် တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။

၈။ အကျိုးတော်ဆောင်ကြီးများလည်း ဖိတ်ခေါ်ပါသည်။

ဆက်သွယ်ရန်။
၀၉၇၈၉၅၈၆၆၂၉

အဆောက်အဦ အတွင်းပိုင်း အလှဆင်ခြင်း ပြုလုပ်ကြရာတွင် မျက်နှာကျက်ကို ပုံစံအမျိုးမျိုးပြုလုပ်၍ အလှဆင်လေ့ရှိကြပါသည်။ မျက်နှာကျ...
28/05/2023

အဆောက်အဦ အတွင်းပိုင်း အလှဆင်ခြင်း ပြုလုပ်ကြရာတွင် မျက်နှာကျက်ကို ပုံစံအမျိုးမျိုးပြုလုပ်၍ အလှဆင်လေ့ရှိကြပါသည်။ မျက်နှာကျက်ကို ပုံစံတကျ အလှဆင်ခြင်းဖြင့် အဆောက်အဦ အတွင်း ရည်ရွယ်ရာ အလိုက် သက်သောင့်သက်သာဖြစ်စေမှု၊ ပြင်ပမှ သက်ရောက်မှုတို့ကို လျော့နည်းအောင် ပြုလုပ်စေနိုင်မှု တို့ကြောင့် မျက်နှာကျက်အလှဆင်ခြင်းကို အိမ်တိုင်း၌ အခန်းတိုင်းဖြစ်စေ၊ အဓိကအခန်းများအတွက် ရွေးချယ်၍ ဖြစ်စေ ပြုလုပ်လေ့ရှိပါသည်။ ထို့အပြင် မျက်မှောက်ကာလ၌ ကြွယ်ဝမှု၏ ပြယုဂ်အဖြစ်လည်း အလှဆင်မှု ပြုလုပ်ကြပါသည်။ ထိုသို့ အလေးထားပြင်ဆင် လုပ်ဆောင်မှုများကြောင့် အခန်းတစ်ခု၏ နံရံလေးဘက် အပြင် အလှဆင်ရမည့် ပဉ္စမမြောက်နံရံအဖြစ်လည်း တင်စား ဖော်ပြလေ့ရှိပါသည်။
ဆောက်လုပ်ရေးဝန်ဆောင်မှုများ ပြုလုပ်နေသည့် ကျွန်တော်တို့အနေဖြင့်လည်း ကျွန်တော်တို့ နှစ်သက်သည့် မျက်နှာကျက်ပုံစံများနှင့် ကျွန်တော်တို့ ခံယူနားလည်မိသည့် မျက်နှာကျက်ပုံစံများအား ပြန်လည်မျှဝေအပ်ပါသည်။
၁။ Coffered Ceiling
Grid ကွက်ပုံစံကဲ့သို့သော ညီညာသည့် စတုရန်းပုံစံ ချိုင့်ခွက်များဖြင့် အလှဆင်သည့် ပုံစံများကို ခေါ်ပါသည်။ ပုံမှန်ပြုလုပ်လေ့ရှိသည့် မျက်နှာကျက်ပုံစံလည်း ဖြစ်ပါသည်။
၂။ Tray Ceiling
အခန်း၏ ပတ်လည်ဧရိယာတွင် နယ်နိမိတ်သဘောကဲ့သို့ နှစ်ပေ သို့မဟုတ် တစ်ပေခွဲခန့် ဘောင်ပြုလုပ်၍ အလှဆင်ကြပါသည်။ အခန်းအမြင့်ရှိသည့် နေရာများတွင် အဆိုပါ ဘောင်ပုံစံမျက်နှာကျက်ကို တစ်ဆင့်ထက်ပို၍ နှစ်ထပ်၊ သုံးထပ်လည်း ပြုလုပ်ကြပါသည်။ အနားသပ်များတွင် Cornic ကိုအတိုင်းအတာအလိုက် ထပ်ပိုးအလှဆင်ကြပါသည်။
၃။ Vaulted Ceiling
အခန်း၏ အမိုးတွင်ပါရှိသည့် ဒိုင်းတစ်ခုစီနှင့် အပြိုင် မျက်နှာကျက်တွင် သစ်သားချောင်းဖြင့် ဖြစ်စေ၊ ဟော်လိုကဲ့သို့သော ပစ္စည်းအမျိုးအစားကို အသုံးပြု၍ ဖြစ်စေ ပြုလုပ်ထားသည့် မျက်နှာကျက်အမျိုးအစားကို ရည်ညွှန်းပါသည်။
၄။ Beam Ceiling
Slab ၏ အောက်တွင် ထောက်မပံ့ပိုးထားသည့် Beam များကို သစ်သားဖြင့် ဖြစ်စေ၊ Gypsum Board ကဲ့သို့သော ပစ္စည်းအမျိုးအစားဖြင့် ဖြစ်စေ အလှဆင်ထားသည့် မျက်နှာကျက်အမျိုးအစားကို ဆိုလိုပါသည်။
၅။ Suspended Ceiling
ယခုပုံစံမျက်နှာကျက်မှာ အလွှာတစ်လွှာထက် ပိုမို၍ ပြုလုပ်လေ့ရှိပါသည်။ ပထမပိုင်းတွင် ရေပြင်ညီ မျက်နှာကျက် တစ်လွှာပြုလုပ်လေ့ရှိကြပြီး အဆိုပါ မျက်နှာကျက်မှ အောက်သို့ တွဲလွဲချ၍ အဝိုင်းပုံစံ၊ လေးထောင့်ပုံစံ သို့မဟုတ် အခြားဖန်တီးလိုသည့် ပုံစံများဖြင့် မျက်နှာကျက် ထပ်ပိုးအလွှာ ပြုလုပ်ကြပါသည်။ အထက်တွင် ဖော်ပြထားသည့် Tray Ceiling ကဲ့သို့ သဘောသဘာဝချင်းတူညီသော်လည်း တွဲလွဲချသည့် နေရာနှင့် ပုံစံကွဲပြားပါသည်။ နေအိမ်အဆောက်အဦထက် အများအတွက် ရည်ရွယ်သည့် ဆိုင်များ၊ အပန်းဖြေရန် နေရာများတွင် ပိုမိုသုံးစွဲသင့်ပြီး လုံလောက်သည့် အခန်းအမြင့်လည်း လိုအပ်ပါသည်။ နေအိမ်အဆောက်အဦများတွင်မူ ယခုအမျိုးအစားအနေဖြင့် ရိုးရှင်းသည့် ပုံစံများကို အသုံးများပါသည်။
၆။ အခြားပုံစံများဖြင့် မျက်နှာကျက် အလှဆင်ခြင်း
အခြားပုံစံများဖြင့် မျက်နှာကျက် အလှဆင်ရာတွင် ဆေးရောင်ဖြင့် ပုံရေးဆွဲ အလှဆင်ခြင်းကို ရှေး နှစ်ပေါင်း များစွာ ကာလ၌ပင် သုံးစွဲခဲ့ကြပါသည်။ သို့သော် မျက်မှောက်ကာလ၌ ဆေးဖြင့်အလှဆင်ရာတွင် မျက်နှာကျက် ၏ အခန်းအလယ်နေရာတွင်သာ ကနုတ်ပန်း သို့မဟုတ် ကနုတ်သဏ္ဍာန် ပုံရေးဆွဲ အလှဆင်ကြပြီး ကျန်နေရာများတွင်မူ ဆေးအရောင် တစ်ခုတည်းသာ သုတ်လိမ်းလေ့ရှိပါသည်။ ဆေးရောင်ဖြင့် အလှဆင်ခြင်းကို ဟိုတယ်နှင့် ဈေးဝယ်စင်တာများ၊ ပြတိုက်များ၊ မြေအောက်ရထားဘူတာများကဲ့သို့သော အများနှင့် သက်ဆိုင်သည့် နေရာများတွင် အများဆုံး ပြုလုပ်ကြပါသည်။

ရေးသားသူ
မဟာသမာသမတ် ဆောက်လုပ်ရေး (Noble Honesty Group Construction)
ဎ-၈၅၊ မြတ်လေးလမ်း၊ ရကက (၁၀)၊ ပြင်ဦးလွင်မြို့။
09789785906

မဂ်လာရှိသော နေ့ရက်ပါ ခင်ဗျာ။ပျော်ရွင် ချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ ခင်ဗျ။ ၁။ မကြာသေးခင်အချိန်ကပဲ ပြီးစီးအပ်နှံခဲ့သည့် အ...
18/04/2023

မဂ်လာရှိသော နေ့ရက်ပါ ခင်ဗျာ။
ပျော်ရွင် ချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ ခင်ဗျ။

၁။ မကြာသေးခင်အချိန်ကပဲ ပြီးစီးအပ်နှံခဲ့သည့် အဆောက်အဦ၏ ပုံများမျှဝေခွင့်ပြုပါ။

၂။ # # #အဆောက်အဦ၏ အခြေခံအချက်အလက်များ # # #

က။ RC အမျိုးအစား တစ်ထပ်အဆောက်အဦ ဖြစ်ပါသည်။

ခ။ ဧည့်ခန်း တစ်ခန်း၊ ဘုရားခန်း တစ်ခန်း၊ Masterbedroom တစ်ခန်း၊ မီးဖိုနှင့် ထမင်းစားခန်း တစ်ခန်း၊ အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်းအိမ်သာ တစ်ခန်း နှင့် ကားရပ်နားရန် ဧရိယာ တို့ပါဝင်ပါသည်။

ဂ။ အဆောက်အဦ တစ်ခုလုံးကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၁၄၀၀ ခန့် ဖြစ်ပါသည်။

ဃ။ အဆောက်အဦမှာ ရပ်ကွက်ကြီး(၁၇)၊ လျှံရိပ်ငြိမ်(၃)လမ်းတွင် တည်ရှိပြီး ခြံအကျယ်အဝန်းမှာ ၉၀ ပတ်လည်ခန့် ကျယ်ဝန်းပါသည်။

င။ အဆောက်အဦအတွက် သိန်း ၇၀၀ ခန့် ကုန်ကျခဲ့ပါသည်။

၃။ ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံသူ မိသားစုနှင့် အတူတကွ ကြိုးစားလုပ်ဆောင်ကြသည့် လုပ်ဖော်ကိုင်ဖက်အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိပါသည်။ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေဟု အမြဲ မေတ္တာဖြင့် ဆုတောင်းအပ်ပါသည် ခင်ဗျ။

၄။ Listen Better, Plan Better, Service Better ဟူသည့် ကျွန်တော်တို့၏ ဆောင်ပုဒ်အတိုင်း စစ်မှန်သော စေတနာ အရင်းခံသည့် ကြိုးစား အားထုတ်မှုတို့ဖြင့် အရည်အသွေး အကောင်းဆုံး နှင့် ဈေးနှုန်း အမှန်ဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစား လုပ်ကိုင်ပေးကြောင်း ထပ်လောင်း ပြောကြားအပ်ပါသည်။

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

09789785906
အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

မဂ်လာရှိသော နေ့ရက်ပါ ခင်ဗျာ။၁။ မကြာသေးခင်အချိန်ကပဲ ပြီးစီးအပ်နှံခဲ့သည့် အဆောက်အဦ၏ ပုံများမျှဝေခွင့်ပြုပါ။၂။  # # #အဆောက...
02/04/2023

မဂ်လာရှိသော နေ့ရက်ပါ ခင်ဗျာ။

၁။ မကြာသေးခင်အချိန်ကပဲ ပြီးစီးအပ်နှံခဲ့သည့် အဆောက်အဦ၏ ပုံများမျှဝေခွင့်ပြုပါ။

၂။ # # #အဆောက်အဦ၏ အခြေခံအချက်အလက်များ # # #

က။ RC အမျိုးအစား နှစ်ထပ်အဆောက်အဦ ဖြစ်ပါသည်။

ခ။ မြေညီထပ်တွင် ဧည့်ခန်းကျယ် တစ်ခန်း၊ Masterbedroom တစ်ခန်း၊ မီးဖိုနှင့် ထမင်းစားခန်း တစ်ခန်း၊ စတိုခန်း တစ်ခန်း၊ ရေချိုးခန်းအိမ်သာ တစ်ခန်း နှင့် ကားရပ်နားရန် ဆင်ဝင်ဧရိယာ တို့ပါဝင်ပါသည်။

ဂ။ ပထမထပ်တွင် ဘုရားခန်းကျယ် တစ်ခန်း၊ Masterbedroom တစ်ခန်း၊ Single Bedroom တစ်ခန်း၊ ရေချိုးခန်းအိမ်သာ တစ်ခန်း၊ ဝရန်တာကျယ်ဧရိယာ နှစ်ခု တို့ပါဝင်ပါသည်။

ဃ။ အုတ်ကြွပ် အမိုးဖြင့် နှစ်ထပ်အမိုးပုံစံ အလှဆင်ထားသကဲ့သို့ Floor Beam ပတ်လည်တွင်လည်း အုတ်ကြွပ်အမိုးဖြင့် အမြင်တင့်တယ်စေရန်သာမက Functional Requirements ပြည့်စုံရန်လည်း ပြုလုပ်အလှဆင်ထားပါသည်။

င။ အဆောက်အဦ တစ်ခုလုံးကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၃၀၀၀ ခန့် ဖြစ်ပါသည်။

စ။ အဆောက်အဦမှာ ရပ်ကွက်ကြီး(၅)၊ စန္ဒာလမ်းမကြီးနှင့် ပြင်ဦးလွင် ဂေါက်ကွင်းအနီးတွင် တည်ရှိပြီး ခြံအကျယ်အဝန်းမှာ ၈၀ ပတ်လည်ခန့် ကျယ်ဝန်းပါသည်။

ဆ။ အဆောက်အဦအတွက် သိန်း ၁၆၀၀ ခန့် ကုန်ကျခဲ့ပြီး အဆောက်အဦ ပတ်လည် ခြံစည်းရိုးပြုလုပ်ခြင်း၊ ရေမြောင်းနှင့် Apron ပြုလုပ်ခြင်း၊ ခြံစောင့် ဝန်ထမ်းအိမ်ယာ ပြုလုပ်ခြင်း၊ Solar စနစ်လုံခြုံရေးမီးများ ထည့်သွင်းခြင်း၊ ရေတွင်းတူးဖော်ခြင်းနှင့် ပြရေလှောင်ကန်၊ ရေစစ်ကန် ပြုလုပ်ခြင်း အစရှိသည့် လုပ်ငန်းများအတွင် သိန်း ၄၀၀ ခန့် ထပ်မံကုန်ကျခဲ့ပါသည်။

၃။ ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံသူ မိသားစုနှင့် အတူတကွ ကြိုးစားလုပ်ဆောင်ကြသည့် လုပ်ဖော်ကိုင်ဖက်အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိပါသည်။ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေဟု အမြဲ မေတ္တာဖြင့် ဆုတောင်းအပ်ပါသည် ခင်ဗျ။

၄။ Listen Better, Plan Better, Service Better ဟူသည့် ကျွန်တော်တို့၏ ဆောင်ပုဒ်အတိုင်း စစ်မှန်သော စေတနာ အရင်းခံသည့် ကြိုးစား အားထုတ်မှုတို့ဖြင့် အရည်အသွေး အကောင်းဆုံး နှင့် ဈေးနှုန်း အမှန်ဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစား လုပ်ကိုင်ပေးကြောင်း ထပ်လောင်း ပြောကြားအပ်ပါသည်။

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

09789785906
အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

၂၀၂၃ ခုနှစ်၏ နှစ်သစ်ကူးအချိန်အခါတွင် ချစ်ခင်​လေးစားရပါသော လုပ်ငန်းအပ်နှံသူ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချ...
31/12/2022

၂၀၂၃ ခုနှစ်၏ နှစ်သစ်ကူးအချိန်အခါတွင် ချစ်ခင်​လေးစားရပါသော လုပ်ငန်းအပ်နှံသူ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံး ကျန်းမာပါစေ၊ အေးချမ်းသာယာပျော်ရွင်မှုများ ရရှိနိုင်ပါစေ၊ အဆင်ပြေချောမွေ့၍ အောင်မြင်တိုးတက်ပါစေ၊ ပြီးပြည့်စုံသည့် အနာဂတ်ဘဝ ပိုင်ဆိုင်ကြပါစေကြောင်းနှင့် မဂ်လာရှိသော နှစ်သစ်အဖြစ် ဖြတ်သန်းနိုင်ပါစေ ဟု ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျ။

မဟာသမာသမတ် ဆောက်လုပ်ရေးလုပ်ငန်းအနေဖြင့်လည်း ၂၀၂၃ နှစ်သစ်တွင် အလုပ်များယခင်ထက် ဆတိုးကြိုးစားလုပ်ကိုင်လျက် နှစ်သစ်ကို ကြိုဆိုအပ်ပါတယ် ခင်ဗျာ။

Happy New Year!!!!!!!!!

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395

#2023

Black Architecture!Noble Honesty Group Co.,Ltdမဟာသမာသမတ်အုပ်စု ကုမ္ပဏီဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်းပြင်ဦးလွင်မြို့။အ...
29/05/2022

Black Architecture!

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


#မဟာသမာသမတ်အုပ်စုဆောက်လုပ်ရေး

The architecture of the house which is enclosed by sloping concrete volume!Noble Honesty Group Co.,Ltdမဟာသမာသမတ်အုပ်စု က...
22/04/2022

The architecture of the house which is enclosed by sloping concrete volume!

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


#မဟာသမာသမတ်အုပ်စုဆောက်လုပ်ရေး

18/04/2022

This is how modern buildings are built in the west!

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


#မဟာသမာသမတ်အုပ်စုဆောက်လုပ်ရေး

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် ချစ်ခင်​လေးစားရပါသော လုပ်ငန်းအပ်နှံသူ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများ...
17/04/2022

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် ချစ်ခင်​လေးစားရပါသော လုပ်ငန်းအပ်နှံသူ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံး အေးချမ်းသာယာပျော်ရွင်မှုများ ရရှိနိုင်ပါစေ၊ အဆင်ပြေချောမွေ့၍ အောင်မြင်တိုးတက်ပါစေ၊ ပြီးပြည့်စုံသည့် အနာဂတ်ဘဝ ပိုင်ဆိုင်ကြပါစေကြောင်းနှင့် မဂ်လာရှိသော နှစ်သစ်အဖြစ် ဖြတ်သန်းနိုင်ပါစေ ဟု ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျ။

ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်ကူးအခါသမယ၌ အနန္တောအနန္ဒ ဂိုဏ်းဝင် မိဘ၊ ဆရာသမားများနှင့်တကွ သက်ကြီးဝါကြီး ဆွေမျိုးအပေါင်း၊ ကျွန်တော်တို့လုပ်ငန်းနှင့် ကျွန်တော်တို့ လုပ်ငန်းလက်အောက်ရှိ မိသားစုများအပေါ် တနည်းနည်းဖြင့် ကူညီ စောင့်ရှောက်ခဲ့ကြသူများ၊ ကျေးဇူးရှိ ကျေးဇူးပြုခဲ့ကြသူများကို ဂါရဝတရား ရှေ့ထား၍ သုံးကြိမ် သုံးခါ ဦးချ ကန်တော့လိုက်ပါတယ်ခဗျာ 🙏🙏🙏

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


၂၀ ရာစုအစောပိုင်း၏ ခမ်းနားထည်ဝါသည့် ခေတ်ဟောင်းအငွေ့အသက်တွင် ၁၈၀ ဒီဂရီ မြင်ကွင်းရရှိသည့် ရေကူးကန် စသည့်ကဲ့သို့သော ပတ်ဝန်း...
04/04/2022

၂၀ ရာစုအစောပိုင်း၏ ခမ်းနားထည်ဝါသည့် ခေတ်ဟောင်းအငွေ့အသက်တွင် ၁၈၀ ဒီဂရီ မြင်ကွင်းရရှိသည့် ရေကူးကန် စသည့်ကဲ့သို့သော ပတ်ဝန်းကျင်နှင့် သဟဇာတ ရှိနိုင်သည့် ပြင်ဆင်ထည့်သွင်းမှုများကို စင်ကာပူအခြေစိုက် Interior Decoration ကုမ္ပဏီမှ ပြုလုပ်ထားသည့် Villa Peduzzi ၏ ပုံရိပ်များကို သက်ဆိုင်ရာ Webpage မှ တဆင့် ကူးယူဝေမျှအပ်ပါသည်။

အီတလီနိုင်ငံ၌ တည်ရှိသည့် Villa Peduzzi သည် အထပ်သုံးထပ်မြင့် အဆောက်အဦ ဖြစ်ပြီး အိပ်ခန်း ၉ ခန်းပါရှိကာ လူဦးရေ ၁၆ ဦးအထိ တည်းခိုနေနိုင်ပါသည်။

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


#မဟာသမာသမတ်အုပ်စုဆောက်လုပ်ရေး

Modular house "TOPOL 27"အချိန်တိုအတွင်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်တည်ဆောက်နိုင်ပြီး ရွှေ့ပြောင်းနိုင်သည့် TOPOL 27 ...
19/02/2022

Modular house "TOPOL 27"

အချိန်တိုအတွင်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်တည်ဆောက်နိုင်ပြီး ရွှေ့ပြောင်းနိုင်သည့် TOPOL 27
ဟုအမည်ရသည့် ယခု Modular House အမျိုးအစားအား design ပြုလုပ်ခဲ့သည့် ဗိသုကာပညာရှင်
Ivan Ovchinnikov ၏ webpage မှပြန်လည်ကူးယူပြုစု၍ မျှဝေဖော်ပြအပ်ပါသည်။

အချက်အလက်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
Location: country hotel PineRiver, Zhukovsky district, Kaluga region, Russia
Architects: Ivan Ovchinnikov, Olga Sandakova, Kirill Kazakov
Interior design: Anna Kandybovich
Manufacture: DublDom
Photographer: Ivan Ovchinnikov

အိပ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖို၊ ရေချိုးခန်းအိမ်သာ၊ အဝတ်လဲလှယ်ရန် စသည့်ဖြင့် သက်သောင့်သက်သာစွာဖြင့် နေထိုင်နိုင်ရန်အတွက် ရနိုင်သည့်ဧရိယာထဲမှ ကောင်းမွန်မျှတအောင် နေရာပြုပုံစံချထားပါသည်။

အဆောက်အဦ အတွက် တည်ဆောက်ရေး ပစ္စည်း သုံးစွဲရာ၌ ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေ၍ ကြာရှည်ခံမှုရှိအောင် ဦးတည်ချက်ထား၍ သုံးစွဲထားပါသည်။

ဥပမာအားဖြင့် ကြမ်းခင်း အတွက် နှင်းမိုးစသည့် ဒဏ်ခံနိုင်မည့် hypoallergenic FORBO Flotex material အမျိုးအစားသုံးစွဲထားခြင်း ဖြစ်ပါသည်။

အတွင်းပိုင်း အသုံးအဆောင်ပစ္စည်းများကိုလည်း နေရာအလိုက် သိုသိပ်အထားအသို ရှုပ်ပွမနေဘဲ ကျစ်လစ်ရှင်းလင်းစွာဖြင့် အသုံးဝင်အောင် စီစဥ်ထားပါသည်။

Noble Honesty Group Co.,Ltd
မဟာသမာသမတ်အုပ်စု ကုမ္ပဏီ
ဆောက်လုပ်ရေး ဝန်ဆောင်မှု လုပ်ငန်း
ပြင်ဦးလွင်မြို့။

အမှတ်(ဎ-၈၅)၊ မြတ်လေးလမ်း၊ ကားကြီးဝင်းအနီး၊ ရကက(၁၀)၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်။

09254276290၊
09402579395


#မဟာသမာသမတ်အုပ်စုဆောက်လုပ်ရေး

Address

No. (85), Myat Lay Lane, (10) Quarter, Pyin Oo Lwin
Maymyo

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959254276290

Website

Alerts

Be the first to know and let us send you an email when Noble Honesty Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Noble Honesty Group:

Share