Golden Dream City Engineering & Construction Co.,Ltd

Golden Dream City Engineering & Construction Co.,Ltd အ​ဆောက်အဦးများကို လူကြီးမင်းတို့စိတ်တိုင်းကျ တာ၀န်ယူ​တည်​ဆောက်​ပေးပါသည်။
(1)

24/08/2024

ကဲ ကိုယ်နေချင်တဲ့အိမ်ပုံစံတွေက ပြောတဲ့ကိုယ့်အကြောင်းတွေက ဘာတွေများလဲ ❓

(၁) တစ်ထပ်တိုက်ပု
တစ်ထပ်တိုက်ပုလေးတွေကိုကြိုက်တဲ့သူတွေက အေးဆေးနေရတာကို ကြိုက်နှစ်သက်ပြီး တစ်သက်လုံး လူပျိုကြီး၊ အပျိုကြီး ဘဝနဲ့အစွံထုတ်သွားကြမဲ့သူတွေပါ။ 🤪

(၂) နှစ်ထပ်တိုက်
နှစ်ထပ်တိုက်နဲ့နေရတာ ကြိုက်တဲ့သူတွေကတော့
အရမ်းခင်တတ်မင်တတ်ကြပြီး မချစ်ရရင်မနေနိုင်ကြသူများ ဖြစ်ပါတယ်။ 👩‍❤️‍👨

(၃) Condo
Condo မှာနေရတာကြိုက်တဲ့သူတွေက ဘဝကိုလွတ်လပ်ပေါ့ပါးစွာဖြတ်သန်းပြီး အချစ်ဆိုတာ ပကာသနတွေ မလိုဘူးဆိုပြီး တွေးတတ်ကြတဲ့သူတွေပါ။ 👨🏻‍💻

(၄) ၃ ထပ်တိုက်
၃ ထပ်တိုက်လို အမြင့်ကြီးတွေနဲ့နေချင်တဲ့သူတွေကတော့ ဘဝကိုအကောင်းဆုံး၊ အခမ်းနားဆုံးတွေနဲ့သာဖြတ်သန်းချင်ပြီးတော့ ကိုယ့်အတွက်ကိုယ်ပဲ ပိုက်ဆံသုံးချင်ကြတဲ့သူမျိုးတွေပဲ ဖြစ်ပါတယ်။ 😎

အိမ်လှလှလေးတစ်လုံး တည်ဆောက်ဖို့ လိုနေပြီဆိုရင်တော့ Golden Dream City ကိုသာ သတိရလိုက်ပါနော် 😍

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။






အ​ဆောက်အဦးများကို လူကြီးမင်းတို့စိတ်တိုင်းကျ တာ၀န်ယူ​တည်​ဆောက်​ပေးပါသည်။

မော်လမြိုင်မြို့မှာ ဆောက်လုပ်ရေးနဲ့ပတ်သက်ရင် လှည့်ကြည့်စရာမလိုအောင် စိတ်ချရတဲ့ Golden Dream City ရှိနေပါပြီ 😍Golden Drea...
20/08/2024

မော်လမြိုင်မြို့မှာ ဆောက်လုပ်ရေးနဲ့ပတ်သက်ရင် လှည့်ကြည့်စရာမလိုအောင် စိတ်ချရတဲ့ Golden Dream City ရှိနေပါပြီ 😍

Golden Dream City အနေနဲ့
လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေး လိုအပ်ချက်တွေကို
One Stop Service နဲ့ အကောင်းဆုံးတာဝန်ယူ ဆောက်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

Golden Dream City နဲ့ ဆောက်လုပ်တဲ့အခါမှာ
🏘️ လူကြီးမင်းတို့ ဆောက်လုပ်ချင်တဲ့ Design အပေါ်အခြေခံပြီး ပိုပြီးလိုက်ဖက်စေမဲ့ Design အကြံဉာဏ်များပေးခြင်း။
🏘️ Material အသုံးပြုမှုများ‌အပေါ် အကြံပေးခြင်း။
🏘️ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ပေးခြင်း။
စတဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မော်လမြိုင်မြို့ရဲ့ ဆောက်လုပ်ရေးတိုင်းကို အကောင်းဆုံးဖြစ်နေစေဖို့ Golden Dream City ကနေ သေချာလေးတာဝန်ယူပေးပါရစေနော် 🤗

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။






05/08/2024

အိမ်ဆောက်မယ်လို့သာပြောလိုက် ကျန်တဲ့အပိုင်းတွေအားလုံး Golden Dream City ရဲ့တာဝန်သာထားလိုက်ပါ 😎

Golden Dream City မှာဆိုရင် အိမ်ဆောက်လုပ်ပေးပြီးတဲ့အပြင်ကိုမှ
🏡 Interior Design များ။
🏡 ခြံစည်းရိုးခတ်ခြင်းများ။
🏡 မိုးကြိုးလွှဲတပ်ဆင်ခြင်း။
🏡 ရေလိုင်း၊ မီးလိုင်း တပ်ဆင်ပေးခြင်း များနဲ့
🏡 Solar System တွေပါ တပ်ဆင်ပေးတဲ့ အထိ အပြီးအစီး One Stop Service တာဝန်ယူဆောင်ရွက်ပေးနေပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင်
❗ အိမ်ရဲ့အတွင်းအပြင် Design များကိုအကြံပေးခြင်း။
❗ သုံးသင့်တဲ့ Materials များကိုအကြံပေးခြင်း။
❗ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ပေးခြင်း။
စတဲ့ ဝန်ဆောင်မှုတွေကိုလည်း အခမဲ့လုပ်ဆောင်ပေးသွားဦးမှာပါနော်

အားလုံးပြင်ဆင်ဆောက်လုပ်ပြီးသွားတဲ့အခါမှာလည်း သန့်ရှင်းရေးပါသေချာလုပ်ပေးသွားတာဆိုတော့ Golden Dream City ရဲ့ One Stop Service က ဘယ်လောက်တောင် ပြီးပြည့်စုံလဲဆိုတာ စဉ်းစားသာကြည့် 😍

Golden Dream City မှာဆိုရင် လူကြီးမင်းတို့သုံးချင်တဲ့ Budget ပေါ်မူတည်ပြီး Customized Package တွေလည်း စိတ်တိုင်းကျရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မော်လမြိုင်မြို့နယ်မှာ အိမ်ဆောက်လုပ်တော့မယ်ဆိုရင် လှည့်ကြည့်စရာမလိုအောင် စိတ်ချရတဲ့ Golden Dream City (GDC) နဲ့သာ လက်တွဲလိုက်တော့နော် 🤝🏻🤝🏻

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။






အ​ဆောက်အဦးများကို လူကြီးမင်းတို့စိတ်တိုင်းကျ တာ၀န်ယူ​တည်​ဆောက်​ပေးပါသည်။

ဒါကတော့ Golden Dream City အနေနဲ့လက်ရှိဆောက်လုပ်ပေးနေတဲ့ Project တွေကို မျှဝေပေးလိုက်ပါတယ်နော်..😍😍Golden Dream City မှာဆိ...
31/07/2024

ဒါကတော့ Golden Dream City အနေနဲ့လက်ရှိဆောက်လုပ်ပေးနေတဲ့ Project တွေကို မျှဝေပေးလိုက်ပါတယ်နော်..😍😍

Golden Dream City မှာဆိုရင် လူကြီးမင်းတို့ လုပ်ငန်းစအပ်ပြီဆိုတာနဲ့ သုံးချင်တဲ့ဘက်ဂျက်နဲ့ကိုက်ညီတဲ့
✔️ Design များကိုအကြံပေးခြင်းများ။
✔️ သုံးသင့်တဲ့ Materials များကိုအကြံပေးခြင်း။
✔️ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ပေးခြင်း။

စတဲ့အချက်တွေကို အခမဲ့လုပ်ဆောင် လုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အပြင်

အိမ်ဆောက်လုပ်ပြီးတဲ့အခါမှာလည်း
🏡 Interior Design များ။
🏡 ခြံစည်းရိုးခတ်ခြင်းများ။
🏡 မိုးကြိုးလွှဲတပ်ဆင်ခြင်း။
🏡 ရေလိုင်း၊ မီးလိုင်း တပ်ဆင်ပေးခြင်း များနဲ့
🏡 Solar System တွေပါ တပ်ဆင်ပေးတဲ့ အထိ အပြီးအစီး တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

ကဲ ဒါဆို သေသပ်လှပပြီး စနစ်ကျတဲ့ဆောက်လုပ်ရေးတိုင်းအတွက် Golden Dream City (GDC) ကိုသာ လာခဲ့လိုက်တော့နော် 🤗

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။






ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့အခါသမယမှာ ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများတစ်လုံးတဝပြည့်စုံကြပ...
19/07/2024

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့အခါသမယမှာ ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများတစ်လုံးတဝပြည့်စုံကြပါစေလို့ "Golden Dream City Construction" မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🏻🙏🏻

#ဓမ္မစကြာနေ့
#ဝါဆိုလပြည့်နေ့

ယနေ့ ၁၉ ဇူလိုင်တွင် ကျရောက်သော (၇၇) ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသောအာဇာနည်များကို "G...
19/07/2024

ယနေ့ ၁၉ ဇူလိုင်တွင် ကျရောက်သော (၇၇) ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသောအာဇာနည်များကို "Golden Dream City Construction" မှ ရိုသေလေးစားစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ် 🌟

#အာဇာနည်နေ့

အိမ်တွင်းမီးအလှဆင်ခြင်းဟာ လက်တွေ့နဲ့ရသ ကို ပေါင်းစပ်ဖန်တီးရတဲ့ အနုပညာတစ်ခုပဲဖြစ်ပါတယ် ❤️ဒါ‌ကြောင့် ကိုယ့်ရဲ့အိမ်မှာ Ligh...
17/07/2024

အိမ်တွင်းမီးအလှဆင်ခြင်းဟာ လက်တွေ့နဲ့ရသ ကို ပေါင်းစပ်ဖန်တီးရတဲ့ အနုပညာတစ်ခုပဲဖြစ်ပါတယ် ❤️

ဒါ‌ကြောင့် ကိုယ့်ရဲ့အိမ်မှာ Lighting ဆင်တော့မယ်ဆိုရင် ဘာတွေသိထားဖို့မလဲဆိုတာကို ကြည့်လိုက်ရအောင်

✴️ Ambient Lighting (အိမ်နှင့်ပတ်ဝန်းကျင်အလင်းရောင်)

Ambient Lighting လို့ခေါ်တဲ့အထွေထွေမီးအလှဆင်ခြင်းဟာ အိပ်ခန်းအပါအဝင် အလှဆင်လိုတဲ့နေရာတိုင်းကို ကောင်းမွန်တဲ့မီးအလင်းရောင်ရရှိစေဖို့ ပြုလုပ်ရတဲ့အလှဆင်နည်းတစ်မျိုးပါ။ ဒီအလှဆင်နည်းမှာဆိုရင် နေရာလွတ်တွေရဲ့အခင်းအကျင်း၊ လွယ်ကူသက်သာစွာရွှေ့ပြောင်းနိုင်မှုနဲ့ လုံခြုံမှုစတဲ့အချက်တွေကိုပါထည့်သွင်းစဉ်းစားပြီး လုံလောက်တဲ့အလင်းရောင်ရရှိအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။

✴️ Accent Lighting (မြင်သာထင်ရှားတဲ့အလင်းရောင်)

ဒီအလှဆင်နည်းကတော့ ဆုံမှတ်တစ်ခုကို ဖန်တီးရသလိုပါပဲ။ မြင်ရသူကို ဆွဲဆောင်မှုရှိစေတဲ့ အလှဆင်နည်းလို့ဆိုနိုင်ပါတယ်။ အခန်းတစ်ခန်းမှာဆိုရင် အခြားသောနေရာတွေထက် ဆုံမှတ်ရှိရာနေရာကို အလင်းရောင် ၃ ဆ သုံးပေးရပါတယ်။ ဒီအလှဆင်နည်းအတွက် အကောင်းဆုံးအသုံးပြုနိုင်တာကတော့ LED မီးသီးတွေပါ။

✴️ Task Lighting (ကိုယ်တိုင်ဖန်တီးယူရတဲ့ အလှဆင်နည်း)

ဒီအလှဆင်နည်းကတော့ မိမိအလှဆင်လိုတဲ့နေရာပေါ်လိုက်ပြီး အလင်းအမှောင်ကို လိုသလိုချိန်ညှိတပ်ဆင်ရတဲ့ အလှဆင်နည်းပါ။ တစ်နည်းအားဖြင့် ဗိသုကာမြောက်အလှဆင်နည်းလို့လည်း ဆိုနိုင်ပါတယ်။ဒီအလှဆင်နည်းမှာ အရေးအကြီးဆုံးအချက်ကတော့ အရမ်းကြီးစူးရှတဲ့အလင်းရောင်တွေကို မသုံးမိဖို့ပါပဲ။ ဘာနဲ့တူသလဲဆိုရင် စာဖတ်တာ၊ ချက်ပြုတ်တာ၊ အလုပ်လုပ်တာ၊ လက်မှုအနုပညာတွေဖန်တီးတာလိုမျိုး စိတ်ကူးစိတ်သန်းကို ပုံဖော်ဆောင်ရွက်ရတဲ့ အလှဆင်နည်းပါပဲ။

ဒါဆို ဘယ်လိုနေရာတွေမှာ ဘယ်လိုဆင်ရင် လှမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်

💡 ဧည့်ခန်းတွေကိုအလှဆင်နည်း

မျက်နှာကျက်ကိုအလှဆင်ဖို့အတွက် မျက်စိပသာဒဖြစ်စေတဲ့ မီးရောင်စုံတွေကိုအသုံးပြုပေးနိုင်ပြီး စာဖတ်ဖို့အတွက်ဆို စားပွဲတင်မီးအိမ်နဲ့ နံရံတွေအတွက်ကိုတော့ စပေါ့မီးသီး၊ ဒါမှမဟုတ် နံရံကပ်မီးသီးတွေနဲ့ အလှဆင်နိုင်ပါတယ်။

💡 မီးဖိုချောင်ကိုအလှဆင်နည်း

ကြည့်လိုက်တာနဲ့ သပ်ရပ်လှပပြီး ဆွဲဆောင်မှုရှိတဲ့ မီးဖိုချောင်လေးဖြစ်ဖို့ဆိုရင်တော့ အံဆွဲအောက်ခြေမီးအလှဆင်ခြင်းတွေနဲ့ မီးဖိုချောင်မျက်နှာကျက်ကနေ တွဲလောင်းကျနေတဲ့ မီးဆိုင်းလေးတွေကိုအသုံးပြုပြီး အလှဆင်နိုင်ပါတယ်။

💡 အိပ်ခန်းမီးအလှဆင်ခြင်း

အိပ်ခန်းမီးအတွက်ကိုတော့ နူးညံ့မှိန်ဖျော့တဲ့ အလှဆင်မီးသီးတွေ၊ LED ရောင်စုံမီးသီးတွေနဲ့ မျက်နှာကျက်အလှဆင်မီးသီးတွေကို သုံးလို့ရပါတယ်။ အိပ်ခန်းဖြစ်တဲ့အားလျော်စွာ မိမိအလှဆင်လိုက်တဲ့မီးတွေကြောင့် သက်သောင့်သက်သာဖြစ်ပြီး ဇိမ်ရှိတယ်လို့ခံစားရစေအောင် အလှဆင်ပေးရမှာဖြစ်ပါတယ်။

💡 ရေချိုးခန်းမီးအလှဆင်နည်း

ရေချိုးခန်းမီးအတွက်ကိုတော့ အရိပ်မထင်ဘဲ အလင်းရောင်ကောင်းစွာရရှိစေတဲ့ မီးလုံးတွေကိုအသုံးပြုပေးနိုင်ပါတယ်။ မီးလုံးတွေက ရေစိုခံဖြစ်ဖို့လည်းလိုပါတယ်။

💡 လှေကားမီးအလှဆင်နည်း

နောက်ဆုံးတစ်ခုကတော့ လှေကားမီးလေးတွေ အလှဆင်ခြင်းပါ။ လှေကားလေးတွေမှာ Step light လေးတွေကိုသုံးပေးနိုင်သလို နံရံတစ်လျှောက်မှာလည်း နံရံကပ်အလှဆင်မီးသီးလေးတွေကို သုံးပေးနိုင်ပါတယ်။ ဒီအလှဆင်နည်းကို လျှောက်လမ်းတွေမှာလည်းအသုံးပြုပေးနိုင်ပြီး မော်ဒန်ဖြစ်ဖို့တော့လိုပါလိမ့်မယ်နော်။

ကဲ ဒီလိုအချက်တွေကိုသာ သေချာလေးလုပ်ဆောင်မယ်ဆိုရင်တော့ အလှဆုံးမီးတွေနဲ့ တောက်ပနေတဲ့ အိမ်လေးတစ်လုံးရရှိစေမှာ အသေချာပါပဲ...

ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့ အိမ်လေးတစ်လုံးဆောက်လုပ်ချင်တယ်ဆိုရင်တော့ GDC ကိုသာ လာခဲ့လိုက်တော့နော် 😘😘

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Address - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။







ကိုယ့်ရဲ့အိမ်ကို အလှဆုံးဖြစ်နေစေဖို့ ဘယ်လို Decoration လုပ်ကြမလဲ ❓ကိုယ့်ရဲ့အမောဖြေရာ အိမ်လေးတစ်လုံးကို Decoration လေးသာ ...
16/07/2024

ကိုယ့်ရဲ့အိမ်ကို အလှဆုံးဖြစ်နေစေဖို့ ဘယ်လို Decoration လုပ်ကြမလဲ ❓

ကိုယ့်ရဲ့အမောဖြေရာ အိမ်လေးတစ်လုံးကို Decoration လေးသာ ကောင်းကောင်းလုပ်ထားဖို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုးလေးတွေ လုပ်ထားဖို့ လိုမလဲဆိုတာကို မျှဝေပေးပါရစေ...

🏡 အပင်များစိုက်ပါ။
အိမ်ထဲမှာ Indoor Plant လေးတွေထားပါ။ လေသန့်စင်ပေးတဲ့ Indoor Plant လေးတွေက စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့အပြင် ကိုယ့်ရဲ့အိမ်ထဲမှာရှိတဲ့ လေထုကိုလည်း ပိုပြီးကောင်းမွန်တဲ့အတွက် Decorations လုပ်တော့မယ်ဆိုရင် အပင်လေးတွေကို မမေ့သင့်ပါဘူးနော်။

🏡 အိမ်ရဲ့အရောင်လေးတွေကို သေချာရွေးပါ။
အိမ်ကို ကိုယ်ကြိုက်တဲ့အရောင်လေးတွေ၊ သင့်တော်တဲ့အရောင်လေးတွေကို ရွေးချယ်ပြီးသုတ်ပါ။ ဘုရားခန်း၊ အိမ်ရှေ့မျက်နှာစာ၊ ဧည့်ခန်း၊ အိပ်ခန်း တို့ကို သူ့အခန်းနဲ့သူ လိုက်ဖက်တဲ့အရောင်လေးတွေသုတ်ပါ။

🏡 ပန်းချီကားများထားပါ။
ပန်းချီတွေဆိုတာ အိမ်တစ်လုံးမှာ တစ်ခုလောက်တော့ ရှိနေဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ပန်းချီအနုပညာတွေက စိတ်ကိုကြည်လင်စေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ပန်းချီကားလေးတွေထားဖို့လည်း မမေ့နဲ့နော်...

🏡 Furniture တွေကို အစီအစဉ်တကျထားပါ။
Furniture တွေကို ဧည့်ခန်းမှာထားတဲ့အခါ စကားအတူတူဝိုင်းပြီး ပြောဆိုရတာ အဆင်ပြေဖို့အတွက် စီစဉ်ပြီး ထားရပါမယ်။ ဥပမာ U Shaped, I Shaped ပုံစံထားပေးတာမျိုးပါ။

🏡 သုံးတဲ့အိမ်သုံးပစ္စည်းလေးတွေကို Colour Match ဖြစ်အောင် ရွေးချယ်ပါ။
ဥပမာ ပြတင်းပေါက်လိုက်ကာနဲ့ အခန်းလိုက်ကာလေးတွေ အတူတူထားတာမျိုး၊ ခြေသုတ်ခုံအရောင်လေးကို အိမ်အတွင်းမှာသုတ်ထားတဲ့ အရောင်လေးနဲ့ လိုက်ဖက်ညီတဲ့အရောင်လေးတွေ ရွေးတာမျိုး။ ဒီလိုမျိုး အိမ်ထဲမှာထားတဲ့ ပစ္စည်းလေးတွေကို Colour Match ဖြစ်အောင် ထားရင် ပိုအလှဆုံးဖြစ်နေမှာပါ။

ဒီလိုအချက်တွေကတော့ အိမ်ကိုအလှဆုံးဖြစ်အောင်ပြုလုပ်နိုင်မဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်...

ကဲ ဒါဆို ကိုယ့်ရဲ့စိတ်ကူးထားတဲ့အိမ်လေးကို အကောင်းဆုံးတည်ဆောက်ပြီး Decoration သေချာလုပ်မယ်ဆို GDC ကိုသာ လာခဲ့လိုက်တော့နော် 🤗

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။







10/07/2024

ကိုယ့်ရဲ့အိမ်ကို အလှဆုံး၊ ‌အကောင်းဆုံးဖြစ်စေဖို့ ဘယ်လိုဆေးအရောင်တွေရွေးသုတ်ကြမလဲ ❓

အခုတစ်ခါမှာတော့ အိမ်တစ်လုံးဆောက်လုပ်ပြီးတဲ့အခါမှာ အခန်းအလိုက် လိုက်ဖက်တဲ့ဆေးအရောင်လေးတွေကို နည်းနည်းလောက် မျှဝေပေးချင်ပါတယ်

💌 အိပ်ခန်း
အိပ်ခန်းအတွက် အ‌သင့်တော်ဆုံးနဲ့ အကောင်းဆုံးအရောင်ကတော့ အစိမ်းရောင်နဲ့အပြာရောင်ပါ။ အစိမ်းရောင်က သဘာဝတရားရဲ့ အရောင်ဖြစ်လို့ ပင်ပန်းမှုတွေကိုလျှော့ချပေးနိုင်ပြီး အပြာရောင်ကတော့ စိတ်ကိုတည်ငြိမ်စေတဲ့အတွက် ကောင်းကောင်းအိပ်ပျော်စေတဲ့ အရောင်လေးတွေပဲ ဖြစ်ပါတယ်။ အရမ်းတောက်တဲ့အရောင်တွေက အိပ်ပျော်ဖို့ခက်ခဲစေလို့ မသုတ်တာ အကောင်းဆုံးပါ။

💌 ဧည့်ခန်း
ဧည့်ခန်းမှာတော့ မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင် လိုတဲ့ မျက်လုံးအေးတဲ့အရောင်တွေက အကောင်းဆုံးပါ။ ဒီလိုအရောင်တွေက ကျဉ်းတဲ့နေရာကိုတောင် ကျယ်သွားစေတယ်လို့ ခံစားရနိုင်ပါတယ်။

💌 မီးဖိုခန်း
မီးဖိုခန်းအတွက်ဆို အနီရောင်က အကောင်းဆုံးပါ။ အနီရောင်က အစားစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်လို့ ဆိုကြပါတယ်။ နောက်ထပ် အဖြူရောင်၊ ခဲရောင်၊ အပြာရောင်၊ အနီရောင်၊ အဝါရောင် တွေလိုမျိုး နွေးထွေးတဲ့အရောင်တွေကလည်း မီးဖိုခန်းအတွက် သင့်တော်ပါတယ်။

💌 ရေချိုးခန်း
ရေချိုးခန်းအတွက် အရောင်ရွေးချယ်တဲ့နေရာမှာ ရိုးရှင်းပြီး ငြိမ်သက်တဲ့အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ အဖြူရောင်၊ အညိုရင့်ရင့်နဲ့ မီးခိုးရောင်နုနုလေးတွေက ဆွဲဆောင်မှုရှိပြီး သန့်ရှင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့အတွက် ရေချိုးခန်းအတွက်ဆို ဒီလိုအရောင်လေးတွေ ရွေးချယ်ပါနော်။

ဒါတွေကတော့ အခန်းအလိုက် သင့်တော်လိုက်ဖက်တဲ့ဆေးအရောင်တွေပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အလှဆုံးအိမ်လေးတစ်လုံး တည်ဆောက်ဖို့ဆိုရင်တော့ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေတဲ့ GDC ကိုသာ လာခဲ့လိုက်ပါနော် 🤗

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။







အ​ဆောက်အဦးများကို လူကြီးမင်းတို့စိတ်တိုင်းကျ တာ၀န်ယူ​တည်​ဆောက်​ပေးပါသည်။

02/07/2024

အိမ်ကိုဘတ်ဂျက်သက်သက်သာသာနဲ့ Renovation လုပ်နိုင်မဲ့နည်းလမ်းများ 🏡🏡

ကိုယ်ရဲ့အိမ်လေးကို ဘတ်ဂျက်သက်သာစွာနဲ့ အလှဆုံးပြန်လည်ပြုပြင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလို့ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ဘတ်ဂျက်နည်းနည်းလေးကိုမှ ကိုယ့်ရဲ့အတွေးတွေ၊ လုပ်နိုင်စွမ်းတွေနဲ့ပေါင်းစပ်ပြီး အကောင်းဆုံးရလာဖို့ ပြုပြင်ရမှာဖြစ်လို့ပါပဲ...

‌ဒါဆို ဘတ်ဂျက်သက်သာစွာနဲ့ Renovation လုပ်မယ်ဆိုရင် ဘယ်လိုအချက်တွေ သိထားရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်...

🏡 ဘတ်ဂျက်တစ်ခုသတ်မှတ်ပြီး ဦးစားပေးသင့်တာတွေကို အရင်ဦးစားပေးစဉ်းစားပါ။
အရင်ဦးဆုံး ကိုယ်သုံးနိုင်မဲ့ဘတ်ဂျက်တစ်ခုကို သေချာလေးသတ်မှတ်ပါ။ ပြီးရင်တော့ Renovation လုပ်တဲ့အခါ အဓိကကျတဲ့ ဆေးသုတ်ခြင်း၊ ကြမ်းခင်းတွေပြင်ခြင်း စတဲ့ဦးစားပေးပြင်ရမဲ့အရာတွေကို အရင်အာရုံစိုက်လုပ်ပါ။

🏡 DIY များလုပ်ပါ။
ကိုယ်တိုင်လုပ်လို့ရနိုင်တဲ့ အပြင်အဆင်တွေကို လုပ်ပါ။ ကိုယ့်မှာရှိတဲ့ဖန်တီးမှုလက်ရာတွေကို အသုံးချပါ။ ဥပမာ ရှိပြီးသား ပရိဘောဂတွေကို ပြန်လည်ဆေးကြောခြင်း ဒါမှမဟုတ် အသစ်ပုံစံတစ်ခုဖြစ်ဖို့ ပြန်လည်ပြုပြင်ခြင်းမျိုး လုပ်ပါ။ DIY လုပ်ဖို့အတွက် YouTube ကနေ Tutorial တွေကြည့်တာမျိုး၊ Social Media Group တွေထဲမှာ ဝင်ရောက်မေးမြန်းတာမျိုး လုပ်နိုင်ပါတယ်။

🏡 ကိုယ်တတ်နိုင်တဲ့ပစ္စည်းတွေကိုသာ ရွေးချယ်ပါ။
ပစ္စည်းတွေအသုံးပြုတဲ့အခါမှာ ဘတ်ဂျက်ထဲကို ဝင်နိုင်မဲ့ပစ္စည်းတွေကိုသာ တိတိကျကျဆုံးဖြတ်ပြီး ရွေးချယ်ဝယ်ယူပါ။

🏡 ဈေးသက်သာမဲ့နေရာတွေမှာဝယ်ပါ။
လျှော့ဈေးပေးနေတဲ့နေရာတွေ၊ Promotion ပေးနေတဲ့နေရာတွေကို ရှာဖွေပြီး ပစ္စည်းများဝယ်ယူပါ။ ပရိဘောဂ တို့ အသုံးအဆောင်ပစ္စည်းလိုမျိုး ကြီးကြီးမားမားပစ္စည်းတွေကို ဈေးသက်သာစွာနဲ့ ပြန်ရောင်းတဲ့သူတွေဆီက ဝယ်ယူတာမျိုးလုပ်ပါ။

🏡 အပင်များစိုက်ပါ
အိမ်ထဲမှာ လန်းဆန်းနေနိုင်စေဖြိ့ အပင်လေးတွေထားပါ။ ပန်းအိုးတွေအတွက် ဈေးသက်သာတဲ့ပန်းအိုးတွေရှာတာမျိုး၊ ကိုယ့်ဟာကိုယ် DIY လုပ်တာမျိုးလေးတွေလုပ်ပါ။

🏡 မလိုတာတွေရှင်းထုတ်ပါ
နေရာယူတဲ့ ပစ္စည်းအကြီးကြီးတွေ၊ မလိုအပ်တဲ့အရာတွေကို ရှင်းထုတ်ပါ။ ပစ္စည်းများ ပြန့်ကျဲတာမျိုး မဖြစ်စေဖို့ ခြင်းတောင်းတွေ၊ စင်တွေကို အသုံးပြုပါ။

ကဲ ဒီအချက်တွေကတော့ ဘတ်ဂျက်သက်သက်သာသာနဲ့ အိမ် Renovation လုပ်တဲ့နေရာမှာ အများကြီးအထောက်အကူပြုစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်...

တကယ်လို့ ကိုယ်တိုင်မပြင်ချင်ဘူး Renovation လုပ်ဖို့ လက်ရာသေသပ်တိကျတဲ့ Construction နဲ့ပဲလုပ်ချင်တယ်ဆိုရင်‌တော့ Golden Dream City (GDC) ကိုသာ လာခဲ့လိုက်ပါနော်...🤗

☎️ Hotlines - 09797222218, 09785433076, 09787777783, 09980340051
📧 Email - [email protected]
🏘️ Adress - အမှတ် (၁၂) ၊ လိပ်ကုန်းလမ်း၊ ဘိုကုန်း ရပ်ကွက်၊ မော်လမြိုင်မြို့။







အ​ဆောက်အဦးများကို လူကြီးမင်းတို့စိတ်တိုင်းကျ တာ၀န်ယူ​တည်​ဆောက်​ပေးပါသည်။

Address

No. 12, Late Kone Street, Bo Gone Ward
Mawlamyine

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959787777783

Website

Alerts

Be the first to know and let us send you an email when Golden Dream City Engineering & Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Dream City Engineering & Construction Co.,Ltd:

Share