POWER A3

POWER A3 Spearparts and Engineering Service group

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်အမြဲတမ်းသတိပြုသင့်သော အချက်များ========= ========= =======ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ...
22/02/2026

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
========= ========= =======

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

Crd:




Retarder ( ခေါ် ) ကားကြီးအဆင့်မြင့်ဘရိတ်​စနစ်​ 🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧  🚩 Retarder Function 🚩 Working DAF Retarder 🚩 Other Main po...
19/02/2026

Retarder ( ခေါ် ) ကားကြီးအဆင့်မြင့်ဘရိတ်​စနစ်​
🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧🔧

🚩 Retarder Function
🚩 Working DAF Retarder
🚩 Other Main point of Retarder

👨‍🎓 Retarder ဆိုတာ ယခု​နောက်​ပိုင်းကား​ကြီးတွေမှာ ( ဒီနေရာမှာ ကားကြီးဆိုတာ Heavy duty နှင့် Bus တွေ Heavy machinery တွေကိုဆိုလိုတာပါ ) ၎င်းတို့မှာ ​ခေတ်​စားလာခဲ့တဲ့ Auxiliary Brake System တစ်​ခု​ပါပဲ ... ခုနှစ်​အားဖြင့်သေချာမပြောနိုင်​ပေမဲ့ အထူးသဖြင့် 1999 ခုနှစ်​နောက်ပိုင်းမှာ ​​ခေတ်စားလာခဲ့တဲ့ Euro 3 Engine သုံး ​Heavy Duty Tractor ​​​တွေနဲ့ Bus ​တွေ Long Coach မှာ ​တွေ့ရတဲ့ Brake စနစ်​တစ်​ခုပါ ... ​နောက်​ပြီး အသုံးများတဲ့ Retarder (2) မျိုးရှိပါတယ်​ အဲ့ဒီ 2 မျိုးက​တော့ Electronic Retarder နဲ့ Hydraulic Retarder ပဲဖြစ်​တယ်​ ​​ဒါ့အပြင်​ Bus ​တွေနဲ့ Truck ​တွေမှာ အဓိကအားဖြင့် Hydraulic Retarder ကိုပဲ အသုံးများကြပါတယ်​ ... Retarder ကို US ထုတ်​ကား​တွေဖြစ်​တဲ့ Freightliner , Mack , Peterblit စတဲ့ Truck ​တွေမှာ ကျယ်​ကျယ်​ပြန့်ပြန့် အသုံးပြု သလို MAN , VOlVO , DAF , IVECO , SCANIA , RENAULT စတဲ့ Europe ကား​တွေမှာလဲ အသုံးများကြပါတယ်​ ... အဲ့ဒီကား​တွေမှာ Service Brake နဲ့တွဲပြီး ပါဝင်​တဲ့ Brake 3 မျိုးရှိတယ်​ အဲ့ဒါ​တွေက​တော့ ....

1 ... Retarder
2 ... Exhaust Brake ( EEB )
3 ... Compression Brake ( or ) Engine Brake ( EVB ) စတဲ့ Auxiliary Brake 3 ခုပါဝင်​ပါတယ်​ ... အခု​ပြောမှက Retarder အ​ကြောင်းပါ ... ကဲဆက်​ရ​အောင်​

👨‍🎓 Retarder ရဲ့ Function က Torque Control ပါ ... Engine ရဲ့ shaftpower ကို Vehicle က မလိုအပ်တဲ့ အ​ခြ​နေတစ်ခုမှာ rpm ကိုလျော့ချမှာပဲ ဖြစ်​တယ်​ ... Engine က​နေ Higher Speed နဲ့လည်​​နေတဲ့ အ​ခြေ​နေမှာ Service Brake ကလဲ နိုင်​နိုင်​နင်းနင်း အလုပ်​မလုပ်​နိုင်​ပါဘူး ( ဥပမာ ... ကီလို 80 ​လောက်​ရှိ​နေတဲ့အ​ခြေ​နေမှာ Brake ကိုမသုံးပဲ Retarder ရဲ့ အကူညီနဲ့ Engine rpm ကို​လျော့ချလိုက်​တာမျိုးပါ ) ဒါ​​ကြောင့် Service Barke ရဲ့ Braking Performance တက်​လာမယ်​ ပြီးရင်​ Barke pads ​တွေ Damage ဖြစ်​တာနည်းသွားမယ်​ ​နောက်​ပြီး Vehicle အ​နေနဲ့ Safe လဲ ဖြစ်ပါတယ်​ ... DAF XF series ​တွေမှာဆိုရင်​ Retarder ဟာ ကီလို 50 က​နေ စပြီးအလုပ်​လုပ်​တယ်​လို့ သိရပါတယ်​ ထုတ်​လုပ်​တဲ့ Company ရဲ့ ကွာခြားချက်​အရ အလုပ်​လုပ်​တဲ့ ကီလိုအနည်းအများရှိ​ပေမဲ့ သူရဲ့စနစ်​က​တော့ Torque အားများ​တဲ့ အ​ခြေ​နေမှာ အလုပ်​လုပ်​နိုင်​​အောင်​ စီစဉ်​စားတာဖြစ်​လို့ ကီလိုနည်းတဲ့ အ​ခြေ​နေမှာ အလုပ်​လုပ်​စရာမလိုတဲ့အချက်​ဟာ မငြင်းနိုင်​ပါဘူး ...

👨‍🎓 Retarder ဟာ Torque Converter လိုပုံစံတူ​ပေမဲ့ Function က​တော့ ကွဲပါတယ်​ Torque Converter က Shaft power ကို မြင့်​ပေးတာဖြစ်​ပေမဲ့ Retarder က​တော့ Shaft power ကို ​လျော့ချ​ပေးပါတယ်​ ... သူရဲ့တည်​​နေရာက Transmission ရဲ့ ​နောက်​မှာရှိပါတယ်​ ပြီးရင်​ သူ့ရဲ့အထွက်​ကို Propeller Shaft နဲ့တွဲထား​ပေးပါတယ်​ တချို့ကား​တွေမှာ Retarder ဟာ Auto အလုပ်​လုပ်​တယ်​ ပြီး​တော့ Lever လွှတ်​ရင်​ အလုပ်​လုပ်​တယ်​ဘာတို့ ​ဆိုထား​ပေမဲ့ အများအားဖြင့်​တွေဖူးတာက​တော့ Automated Transmission ​တွေမှာ ဆိုရင်​ ​Driver ရဲ့ ညာဘက်​​ဘေးမှာ ရှိတဲ့ Cruise Control ​လေးမှာ တပါတည်း​ပေါင်းထားပါတယ်​ ဒါက Freightliner မှာပါ ... ​နောက်​ပြီး DAF မှာဒီတိုင်းပါပဲ ဒါ​ပေမဲ့ Volvo မှာကျ​တော့ သီးသန့် Control တစ်​ခုနဲ့ ရှိ​နေပါတယ်​ ... Retarder မှာ Position ( 1 2 3 4 5 ) အစသဖြင့် ၅ ချက်ထိ ရှိတက်​ပါတယ်​ သူကလဲ Transmission လို အချက်​​ရေနဲ့ပါပဲ တစ်​ချက်​ဆွဲရင်​ ကီလို 20 ​လောက်​​လျော့သွားမယ်​ ​နောက်​ပြီး Retarder မှာရှိတဲ့ အချက်​​ရေနဲ့ Engine rpm နဲ့ကို အချိုးချထားတာဖြစ်​တယ်​ ...

👨‍🎓 Germany ထုတ်​ Voith VR115 CT model Retarder အ​ကြောင်း ဗဟုသုတဖြစ်​ဖွယ်​ ​ရှင်းပြရရင်​တော့ ... သူရဲ့ Function က Impeller ထဲကို Hydraulic Oil လို့​ခေါ်တဲ့ Retarder Oil ​တွေထည့်ပြီး Oil ရဲ့ pressure နဲ့ တဖက်​မှာရှိတဲ့ Output Shaft ရဲ့ rpm ကို ​reduce လုပ်​​ပေးတာပဲဖြစ်​တယ်​ ... အထဲမှာ ... အထဲမှာ Gear 2 ခုမကပါပါတယ်​ Torque Converter လဲပါမယ်​ အကယ်​၍ Driving Condition တစ်​ခုမှာ Retarder ဆွဲဖို့လိုလာပြီဆိုရင်​ CAN system နဲ့ လှမ်းပြီး Signal ​ပေးတာကို Retarder Control ကသိရှိပြီး Actuator ထဲမှာရှိတဲ့ Spring ​လေးက Oil ​တွေကို ဖွင့်​ပေးလိုက်​ပါတယ်​ အဲ့ဒီ Oil ​တွေက​ပဲ Impeller ရဲ့ Blade ​တွေကို ရိုက်​ခက်​​စေပြီး RPM ကို​လျော့ချလိုက်​တာဖြစ်​ပါတယ်​ ပြီးရင်​ Retarder Cooler က​တော့ ထုံးစံအတ်ိုင်း Engine ရဲ့ Radiator ကလာတဲ့ Cooling System ကိုပဲ ယူတာပါပဲ ... Retarder ထဲမှာပါဝင်​တဲ့ အစိတ်​အပိုင်း Details ဖော်​ပြရရင်​ ...

1 ... Gearbox
2 ... Step-up gear
3 ... Input Shaft
4 ... Rotor
5 ... Stator
6 ... Gearbox-intependent oil supply system
7 ... Heat Exchanger ( Stainless Steel )
8 ... Prop shaft

👨‍🎓 Techanical Data အနည်းငယ်​ကိုလဲ ​ဖော်​ပြရရင်​ ...

1 ... Max Retarder Braking Torque = 1600Nm
2 ... Max speed prop shaft = 2500rpm~2700rpm
3 ... Standard operation = 5-stage hand-brake switch ( Foot Control and Cruise control )
4 ... Operation medium = oil
5 ... Control medium = Compressed Air
6 ... Supply air pressure = 6.5bars~11bars
7 ... unit wight = approx 70kg
8 ... Normal Voltage = 24V
9 ... Current Consumption = max 1.0A
10 .. CAN-Bus specific electronic control system = VERA

👨‍🎓 Retarder Function ဟာ Theory အရသာ ရိုးရှင်းတယ်​လို့ ထင်​ရ​ပေမဲ့ Partical မှာ​တော့ အလွန်​ရှုပ်​​ထွေးလှပါတယ်​ သူမှာပါတဲ့ Valve ​လေး​တွေ Accumulator ​တွေနဲ့ Spring အလုပ်​လုပ်​ပုံ​တွေနဲ့ အထဲမှာပါတဲ့ Bolt အ​ရေတွက်​​တောင်​ မနည်းပါဘူး ပြီးရင် အဲ့ဒီ Bolt ​တွေရဲ့ အတ်ိုအရှည်​နဲ့ တည်​​နေရာကို အ​တွေ့ကြုံ အရသိရှိမှဖြစ်​မှာပါ ... မှားတပ်​လို့လဲ မဖြစ်​ပါဘူး အရမ်းဂရုစိုက်​ရတဲ့ အစိတ်​အပိုင်းထဲမှာ Retarder ပါပါတယ်​ ( မှတ်​ချက်​ ... Workshop manual လိုပါတယ်​ ) ဒီ​တော့ သူကလဲ သီးသန့် Field တစ်​ခုအ​နေနဲ့ ရှိ​နေတာပါ ... ​နောက်​ပြီး သူက ဆီနဲ့ အလုပ်​လုပ်​တာ ဖြစ်​လို့ ဆီကို အထူးဂရုစိုက်​​ပေးရပါတယ်​ ဆီက​တော့ Engine Oil ​(သို့) Gear Oil စတဲ့ သူ့သီးသန့်ဆီ​ သော်​လည်​​ကောင်း ရှိပါတယ်​ ...

👨‍🎓 ကားကြီး ဘရိတ်​စနစ်​တစ်​လုံးဟာ မှာ Retarder ​ကြောင့်ပဲ Braking Efficiency ပိုင်းမှာ 40%~60% ​လောက်​ထ်ိ တက်​လာပါတယ်​ အထူးသဖြင့် Driver ​တော်​​တော်​များများက​တော့ Retarder ပါတဲ့ ကား​တွေကို ကြိုက်​နှစ်​သက်​ကြပါတယ်​ ဘာလို့ဆို​တော့ ​မောင်းရတာလဲ ​ကောင်းပြီး Driver အတွက်​ Confortable ဖြစ်​သလို Driverablity လဲတက်​လာပါတယ်​ ပြီးရင်​ တခြားကား​တွေထက်​လဲ Fuel Consumption ပိုင်းမှာလဲ သက်​သာသွားပါတယ်​ အဓိက​တော့ < Safe and reliable braking > ပါပဲ ...

Reference ; Wiki , Voith VR115 CT Retarder , DAF Retatder System
✍️ Crd by Saw Naing




CRS (Common Rail System) ပါတဲ့ HINO (ဟီးနိုး) နဲ့ TOYOTA (တိုယိုတာ) ကားတွေမှာ ဒီ DTC code တွေ ဖော်ပြလာပြီဆိုရင် Common R...
13/02/2026

CRS (Common Rail System) ပါတဲ့ HINO (ဟီးနိုး) နဲ့ TOYOTA (တိုယိုတာ) ကားတွေမှာ ဒီ DTC code တွေ ဖော်ပြလာပြီဆိုရင် Common Rail System နဲ့ သက်ဆိုင်နေပြီဆိုတာ သတိရပေးကြပါ.... ။

P0006 Fuel shutoff valve "A" control circuit low voltage
P0007 Fuel shutoff valve "A" control circuit high voltage
P0016 Crankshaft position sensor, cylinder recognition sensor correlation
P0030 A/F sensor heater control circuit
P0031 A/F sensor heater control circuit low voltage
P0032 A/F sensor heater control circuit high voltage
P0036 A/F sensor heater control circuit
P0037 A/F sensor heater control circuit low voltage
P0045 Turbo/supercharger control solenoid open circuit
P0049 Turbo/supercharger overspeed
P0087 Fuel/rail pressure too low
P0088 Fuel/rail pressure too high
P0093 Fuel system leak maximum quantity detection
P0095 Intake air temperature sensor 2, circuit related
P0097 Intake air temperature sensor 2 circuit low voltage
P0098 Intake air temperature sensor 2 circuit high voltage
P0100 Mass Air Flow (MAF) meter, circuit related
P0101 MAF meter circuit range/performance
P0102 MAF meter circuit low input
P0103 MAF meter circuit high input
P0105 Boost pressure sensor, circuit related
P0107 Boost pressure sensor circuit low input
P0108 Boost pressure sensor circuit high input
P0112 Boost pressure sensor 1 circuit low voltage
P0113 Boost pressure sensor 1 circuit high voltage
P0115 Coolant temperature sensor, circuit related
P0117 Coolant temperature sensor circuit low voltage
P0118 Coolant temperature sensor circuit high voltage
P0119 Coolant temperature sensor circuit intermittent operation
P0120 Accelerator position sensor, switch "A" circuit related
P0121 Accelerator position sensor switch "A" circuit range/performance
P0122 Accelerator position sensor switch "A" circuit low voltage
P0123 Accelerator position sensor switch "A" circuit high voltage
P0124 Accelerator position sensor switch "A" circuit intermittent operation
P0168 Fuel temperature too high
P0180 Fuel temperature sensor, "A" circuit related
P0181 Fuel temperature sensor "A" circuit range/performance
P0182 Fuel temperature sensor "A" circuit low voltage
P0183 Fuel temperature sensor "A" circuit high voltage
P0184 Fuel temperature sensor "A" circuit intermittent operation
P0185 Fuel temperature sensor, "B" circuit related
P0186 Fuel temperature sensor "B" circuit range/performance
P0187 Fuel temperature sensor "B" circuit low voltage
P0188 Fuel temperature sensor "B" circuit high voltage
P0189 Fuel temperature sensor, "B" circuit intermittent operation
P0190 Rail pressure sensor, circuit related
P0191 Rail pressure sensor circuit range/performance
P0192 Rail pressure sensor circuit low voltage
P0193 Rail pressure sensor circuit high voltage
P0194 Rail pressure sensor circuit intermittent operation
P0200 Injector open circuit
P0201 Injector open circuit- #1 cylinder
P0202 Injector open circuit- #2 cylinder
P0203 Injector open circuit- #3 cylinder
P0204 Injector open circuit- #4 cylinder
P0205 Injector open circuit- #5 cylinder
P0206 Injector open circuit- #6 cylinder
P0208 Injector open circuit- #8 cylinder
P0217 Engine overheat
P0218 Transmission overheat
P0219 Engine overrun
P0230 Fuel pump, primary circuit related
P0234 Turbo/supercharger overboost
P0237 Boost pressure sensor circuit low voltage
P0263 Cylinder correction quantity error- #1 cylinder
P0266 Cylinder correction quantity error- #2 cylinder
P0269 Cylinder correction quantity error- #3 cylinder
P0272 Cylinder correction quantity error- #4 cylinder
P0275 Cylinder correction quantity error- #5 cylinder
P0278 Cylinder correction quantity error- #6 cylinder
P0299 Turbo/supercharger supercharge deficiency
P0335 Crankshaft position sensor, "A" circuit related
P0339 Crankshaft position sensor "A" circuit intermittent operation
P0340 Cylinder recognition sensor, "A" circuit related
P0400 EGR flow volume abnormality
P0404 EGR control circuit range/performance
P0405 EGR sensor "A" circuit low voltage
P0406 EGR sensor "A" circuit high voltage
P0407 EGR sensor "B" circuit low voltage
P0408 EGR sensor "B" circuit high voltage
P0500 Vehicle speed sensor, "A" circuit related
P0501 Vehicle speed sensor "A" circuit range/performance
P0504 Brake switch "A", "B" correlation
P0510 Throttle position switch closed
P0524 Engine oil pressure too low
P0540 Intake air heater "A" circuit
P0544 Exhaust gas temperature sensor, circuit related
P0545 Exhaust gas temperature sensor circuit low voltage
P0546 Exhaust gas temperature sensor circuit high voltage
P0560 Battery voltage
P0605 Engine ECU internal malfunction
P0607 Engine ECU internal malfunction
P0611 EDU malfunction
P0617 Starter relay circuit high voltage
P0627 Fuel pump "A" open control circuit
P0686 Engine ECU power supply relay control circuit low voltage
P0704 Clutch switch input circuit abnormality
P0710 Transmission oil temperature sensor, "A" circuit related
P0715 Turbine speed sensor, "A" circuit related
P0753 Shift solenoid "A" actuation related
P0758 Shift solenoid "B" actuation related
P0850 Parking/neutral switch, input circuit related
P2002 Particulate Matter (PM) capture efficiency at or below specified value
P2031 Exhaust gas temperature sensor, circuit related
P2032 Exhaust gas temperature sensor circuit low voltage
P2033 Exhaust gas temperature sensor circuit high voltage
P2047 Exhaust gas fuel addition valve abnormality
P2120 Accelerator position sensor, switch "D" circuit related
P2121 Accelerator position sensor switch "D" circuit range/performance
P2122 Accelerator position sensor, switch "D" circuit low input
P2123 Accelerator position sensor, switch "D" circuit high input
P2125 Accelerator position sensor, switch "E" circuit related
P2127 Accelerator position sensor, switch "E" circuit low input
P2128 Accelerator position sensor, switch "E" circuit high input
P2138 Accelerator position sensor, switch "D"/"E" circuit voltage correlation
P2226 Atmospheric pressure sensor, circuit related
P2228 Atmospheric pressure sensor circuit low voltage
P2229 Atmospheric pressure sensor circuit high voltage

နည်းပညာ post တွေ မရေးပေးဖြစ်တာကြာနေပြီဆိုလို့ CRS အကြောင်း အသေးစိတ်လေး ခုကတည်းက အချိန်ပေးပြီး ပြန်လည် ဖြည့်စွက်ရေးသားနေပါပြီ စောင့်မျှော် ဖတ်ရှုချင်ကြမယ်လို့ ယူဆပါတယ် ။

ပညာရှင်အားလုံးအားလေးစားလျက်

credit: AMT




My job to do kta19
06/02/2026

My job to do kta19

20/12/2025

On day😏



AD van = Wingroad  ကားအကြောင်း AD van Grade ခွဲနည်းWingrod Grade ခွဲနည်းမြန်မာနာမည် = နွား1982 ခုနှစ်, အောက်တိုဘာလ မွာ ဂ...
10/11/2025

AD van = Wingroad ကားအကြောင်း
AD van Grade ခွဲနည်း
Wingrod Grade ခွဲနည်း

မြန်မာနာမည် = နွား

1982 ခုနှစ်, အောက်တိုဘာလ မွာ ဂျပန် နိုင်ငံ တိုကျိုမြို့မှာ နစ်ဆန်းရဲ့ ကားပြပွဲ တစ္ခု ပြုလုပ်ကျင်းပ နေပါတယ်။ AD van လို ခေါ်တဲ့ commercial van အမျိုးအစား ကို မိတ်ဆက်ခဲ့ပြီး စတင်ရောင်းချခဲ့တဲ့ အတွက် ထူးခြားမှုရှိခဲ့ပါတယ်။ ကားအမ်ားစုဟာ ထုတ်ဖေါ် ပြသပြီး ရက်အနည်းငယ်အကြာမှသာ ဈေးကွက်ဝင်လေ့ရှိပေမဲ့ ဒီနြား ဘိုးအေ ကြီးကတော့ စကတည်းယဉ်သကို ဆိုသလို စစခြင်း ဈေးကွက် ဝင်ပါတယ်။
1983 ခုနှစ်မှာ နစ်ဆန်းရဲ့ နာမည်ကြီး station wagon တွေ ဖြစ်တဲ့ Cedric wagon နဲ့ Gloria van တို့ကို ဈေးကွက်ကနေ ဖယ်ထုတ်လိုက်ပြီး AD van တစ်မျိုးတည်းသာ ဈေးကွက်မှာ ထားခဲ့ပါတယ်။ AD van ဟာ 1982 မှာဈေးကွက်စဝင် ပေမဲ့ သူ့ရဲ့ ပြေ ာင်းလဲလာတဲ့ မျိုးဆက်ကို လေ့လာကြည့် တဲ့ အခါမှာတော့ အရမ်းကို ထူးခြားသွားပါတော့တယ်။
မြန်မာတွေ နှစ်သက်ခဲ့ကြဖူး တဲ့ sunny super saloon လို sunny pick-up လို ၁၉၆၆ Datsun လို မော်ဒယ်တွေ စတင်မြစ်ဖျားခံတဲ့ sunny ကေန ဆင်းသက်လာလို့ပါပဲ။

First Generation VB11 ( 1982-1990)
B11 စီးရီး Sunny wagon ကို ပုံအနည်းပြောင်းပြီး ပြဲထြက္လာတဲ့ ပထမမျိုးဆက်မှာ တံခါး ၅ ပေါက် , ရှေ့ဆွဲ ထောင့်စပ်စပ် အချိုးအပြစ်နဲ့ ပွဲထွက်လာပါတယ်။
အင်ဂျင် ၃ မျိုးနဲ့ ဂီယာ ၂မျိုး တပ်ဆင်ပေးခဲ့ပါတယ်။
1.3L E13S I4 ( 55 kW )
1.5L E15S I4 (63 kW)
Diesel 1.7 L CD17 I4
ဂီယာအေနနဲ့ကေတာ့ 4/5 speed မန်နူရယ် နဲ့သာမက 3 speed auto နဲ့ပါ ထုတ်လုပ်ပေးပါသေးတယ်။ AD van ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပေါ့ပေါ့ပါးပါး ကုန်စည် သယ်ယူဖို့ ဖြစ်ပါတယ်။ တံခါး ၃ ပေါက် အမျိုးအစား ကိုတော့ နောက်တစ်နှစ်အကြာမှာ စတင်ရောင်းချခဲ့ပါတယ်။

Second Generation Y10/N14 (1990-1999)
Chassis ပြေ ာင်းသွားတဲ့ AD van အမျိုးအစားမှာတော့ sunny ထံမွ ဒီဇိုင်းပိုင်း ကိုတော့ ကူးချထားပါသေးတယ်။ အနားသတ်တွေ လုံးဝန်းလာတဲ့ ပုံစံ နဲ့ ပြဲထုတ္လာခဲ့ျပီး နည်းပညာ အဆင့်မြင့်ထားတဲ့ အင်ဂျင်တွေ နဲ့ ပွဲထုတ်လာခဲ့ပါတယ်။
1.3L GA13DS I4 DOHC
1.5L GA16DS I4 DOHC
DIESEL 2.0L CD20 I4 စတဲ့ အင်ဂျင်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
နောက် ခေါင်မိုး မြင့် ထားတဲ့ AD Max ဆိုတဲ့ အမျိုးအစားလည်း ပွဲထွက်လာပါသေးတယ်။
1995 မှာတော့ Wingroad လို့ ခေါ်တဲ့ RV ( recreation vehicle) ကား ကို ပွဲထုတ်လာခဲ့ပါတယ်, AD can ကို အဆင့်မြင့်ထားတဲ့ Wingroad ဟာ မြန်မြန်ဆန်ဆန် လူကြိုက်များခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်ကို ရောက်ရှိခဲ့ပါတယ်။
Taiwan, Malaysia နဲ့ ထိုင်းနိုင်ငံမှာ AD resort , Japan မွာ wingroad, Mexico မွာ Tsubame, Europe မွာ Sunny wagon နဲ့ ရွရွားမွာ Datsun wagon ဆိုပြီး အမျိူးမျိုး ခေါ်ဆိုကြပေမဲ့ ဒီ AD van ပဲဖြစ်ပါတယ်။
1995 wingroadကို ကြိုက်နှစ်သက် ကြတာကလည်း အော်တို ဂီယာ ၄ ချက် တပ်ဆင်ပေးထားတာ အပြင် ထိုအချိန်က အင်ဂျင်ပါဝါ အရမ်းကောင်းတဲ့ အတွက် ဖြစ်နိုင်ခြေရှိပါတယ်။
ဂျပန်မှာ AD Max ဆိုပြီး ပွဲထုတ်ခဲ့တဲ့ တံခါး ၂ ပေါက် van ကိုတော့ ထိုင်းနိုင်ငံမှာ NV pick-up လို့ ခေါ်ခဲ့ကြပါသေးတယ်။
ဂရိတ် အေနနဲ့ ကေတာ့ LE, SLX, LE max , SLX max ဆိုပြီး ရှိပါတယ်။
၁၉၉၆ ခုနှစ်မှာ Air bag system ကို optional အဖြစ်စပေးခဲ့တာဖြစ်ပါတယ်။

Third Generation Y11 (1999-2006)
1999, May မှာတော့ တတိယမျိုးဆက် AD van နဲ့ Wingroad ကို စတင်ရောင်းချခဲ့ပါတယ်။ မြန်မာအခေါ် နွားလေး တွေပေါ့ ။ ဒီဇိုင်းပိုင်း အများကြီးပြောင်းလဲထားခြင်းမရှိပေမဲ့ ပါဝင်ပစ္စည်းတွေ ကတော့ကွာသွားပါတယ်။ အင်ဂျင်ပိုင်း မှာလည်း AD နဲ့ Wingroad ကို ခွဲခြားလိုက်ပါတယ်။ AD van မွာ 1.3 နဲ့ 1.5 အင်ဂျင်တွေကို တပ်ဆင်ပေးပြီး , wingroad မှာတော့ 1.5,1.8 နဲ့ 2.0 အင်ဂျင်တွေ တပ်ဆင်ပေးထားပါတယ်။ wingroad 1.8 L အင်ဂျင်တပ် 4WD model လည်း ရနိုင်ပါသေးတယ်။
ဒီဇယ်မော်ဒယ်ကတော့ Wingroad မှာသာတပ်ဆင်ပေးခဲ့ပါတယ်, 2.2L YD22 အင်ဂျင်နဲ့ပါ။
Wingroad ရဲ့ ရှေ့ suspension ကေတာ့ ယခင်သုံးနေကျ MacPherson Strut အမျိုးအစား individual type ကို သုံးပေးထားပေမဲ့ နောက် suspension ကိုတော့ beam axle with coil springs and Panhard rod နဲ့ အဆင့်မြင်တင်ထားပြီး , 4WD model မှာတော့ multi-link rear suspension နဲ့ တပ်ဆင်ထုပ်လုပ်ပါတယ်။ Familia van အနေနဲ့လည်း Mazda တံဆိပ်တပ်ထုတ်ပါသေးတယ် ပုံစံတူ အမျိုးအစားတူပေါ့။
ဂရိတ္ခြဲအေနနဲ့ကေတာ့ G, G limited, G aero, X, X aero, ZX, ZV-S ဆိုပြီးရှိပါတယ်။ ZV-S တစ်မျိုးတည်းသာ 2.0 L အင်ဂျင်နဲ့ လာပါတယ်။

Fourth Generation Y12 (2006- present)
ဒီဇိုင်း လုံးဝနီးပါး ဆန်းသစ်ထားတဲ့ AD van ကို ဒီမျိုးဆက်မှာ စတင်အသက်သွင်းခဲ့တာပါ။ အရင်ဒီဇိုင်းတွေတုန်းက sunny နဲ့ bluebird ရုပ်တွေကိုမှီငြမ်းခဲ့ရပေမယ့် ဒီစတုတၳမျိုးဆက်မှာတော့ ကိုယ်ပိုင် ပုံစံ ကြဲထြက္လာခဲ့ ပါပြီ။
လက်ရှိမြန်မာပြည်မှာ အေတြ့ရမ်ားတဲ့ ဒီ မျိုးဆက် AD van နဲ့ Wingroad အကြောင်းလေးကိုတော့ ရှည်ရှည်ဝေးဝေးလေး ရှင်းပြပါရစေ။
ဒီပုံစံ ဒီဇိုင်းအတိုင်း Mazda familia, Mitsubishi Lancer van , Wingroad ဆိုပြီး အတူတူထုတ်လုပ်ကြပါတယ
ဒီမျိူးဆက် AD van မှာတော့ ရွေးစရာ ဂရိတ် ၃ မျိုးပဲ ရှိပါတယ်။

DX grade မှာတော့ မှန်လက်လှည့်, မှန်ချိန် , မီးချိန် , ရှေ့ထိုင်ခုံ ခေါက်စားပွဲ , Key Remote နဲ့ FM radio လောက်သာပါပါတယ်။
VE grade မှာတော့ air bag 2 လုံး, ပါဝါ ၂ ချပ် , မှန်ချိန်, မှန်ချိုး , TV with DVD player နဲ့ power steering ပါဝင်လာပါတယ်။
LX grade မှာတော့ VE grade နဲ့ ထူးထူးခြားခြား ကြာသြားတာက ဘက်မှန်အရောင်ဟာ ကားအရောင် ဖြစ်လာတာရယ် , 1.5/1.8 အေနနဲ့သာ ထုတ်တာရယ်, ဘီးဖုံးပါလာတာရယ်, နောက်ဖုံးမှာ AD Expert စာတမ်းရယ် သာ ပိုပါတယ်။

ဒီမျိုးဆက်ရဲ့ Wingroad ကေတာ့ပိုမို ရွေးချယ်စရာ များတာတွေ့ရပါတယ်။
RS, RX , RS four , RX four , RX Aero , RS Aero, RS Four Aero, RX Four Aero ဆိုတဲ့ ဂရိတ်တွေ က 2005/2006/2007/2008 မော်ဒယ်တွေမှာ တွေ့ရပါတယ်။
2008 ကေန 2014 ထိ မော်ဒယ်တွေမှာတော့ 15M, 15S, 18G, 15M Authentic, 15M Four , 15S Four, 18G Authentic, AXIS 4WD, AXIS CVT, RIDER 4WD နဲ့ RIDER CVT ဆိုတဲ့ ဂရိတ်တွေ ဖြစ်လာပါတယ်။
2014 model အထက်မှာတော့ ဂရိတ် တွေ သိပ်မများတော့ပါဘူး။ 15B, 15M, 15S, RIDER , 15M V Limited ဆိုတာလောက်ပဲ ရှိပါတော့တယ်။
ဂရိတ်တွေ မ်ားသလို ပါဝင်ပစ္စည်းတွေက မ်ားတဲ့ အတွက် ချန်လှပ်ခဲ့ပါရစေ။
အဓိက ဂရိတ်ရဲ့ နံပါတ်တွေက အင်ဂျင်ပါဝါ ကို ရည်ညွှန်းလေ့ရှိပြီး ,aero ဂရိတ်မှာတော့ အင်ဂျင်ပါဝါ ပိုကောင်းသလို့ စီယာရင် vol control ပါဝင်လာမှာပါ။
အင်ဂျင်ပိုင်းအနေနဲ့ ကေတာ့
AD van မှာ
1.2L CR12DE တပ်ရင် chassis CBE-VAY12
1.5L HR15DE တပ်ရင် chassis DBF-VY12 4WD ဆိုရင် 1.6L HR16DE , DBF-VZNY12 ဆိုပြီးထွက်ပါတယ်။
Wingroad မှာတော့
1.5L HR15DE တပ်ရင် DBA-Y12
1.5L 4WD ဖြစ်သွားရင် DBA-NY12
1.8L MR18DE တပ်ရင် DBA-JY12 ဆိုပြီးထွက်ပါတယ်။
Nissan ရဲ့ Wingroad model ဟာ optional အများဆုံးလို့တောင် ဆိုနိုင်ပါတယ်။

#မူရင်းရေးသားသူအားcreditပေးပါသည်

ထိုင်ခုံ တစ်ခုနဲ့ ရာထူးဆိုတာထက်ထိုင်ခုံပေါ်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့တာ၀န်ယူရဲတဲ့စိတ်.. ဆုံးဖြတ်နိုင်စွမ်းရှိတဲ့စိတ်ထက်မ...
13/06/2024

ထိုင်ခုံ တစ်ခုနဲ့ ရာထူးဆိုတာထက်

ထိုင်ခုံပေါ်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့

တာ၀န်ယူရဲတဲ့စိတ်.. ဆုံးဖြတ်နိုင်စွမ်းရှိတဲ့စိတ်

ထက်မြက်မှု ရှိအောင် လေ့ကျင့်ထားတဲ့ ညဏ်ရည်တွေက

ပိုအရေးကြီးတယ်။

စာရွက်တွေကြောင့် ထိုင်ခုံရလာရင်

ဖားတတ်တာကြောင့် ထိုင်ခုံ ရလာရင်

လုယူတတ်လို့..သူတစ်ပါးကို ချနင်းတတ်လို့

ထိုင်ခုံရလာရင်..

အဲဒါက တကယ်တော့.. ထိုင်ခုံသက်သက်ပဲ

တကယ့် တကယ် အရည်အချင်းရှိသူဟာ...

ထိုင်ခုံနေရာကို.. မမက်မောဘူး...

ဘာကြောင့်လဲဆိုတော့.. သူတို့ဟာ..

ဘယ်နေရာမှာမဆို..

ထိုင်ခုံတစ်နေရာစာ သူတို့အတွက်

အဆင်သင့်ရှိတယ်ဆိုတာ.. သိကြတယ်။

ဒါကြောင့် ထိုင်ခုံလုနေမယ့်အစား

ဘယ်နေရာ ရောက်ရောက် ထိုင်ခုံတစ်ခု ရှိနေမယ့်သူပဲ

ဖြစ်အောင်ကြိုးစားပါ ။
Credit _____ internet

05/03/2023

သိသူကျော်သွား မသိသူဖော်စား အပိုင်း (၁၁)

Starter Motor တချက်တချက်ကပ်ကပ်နေတယ် ဆိုရင်

ရှည်ရှည်ဝေးဝေး မရေးချင်တော့လို့ ၊ လိုတိုရှင်းပဲရေးလိုက်ပါမယ် ။ P,PA Types Starter Motor တွေမှာ အမှတ်မထင် ဖြစ်တတ်တဲ့ ပြဿနာလေးပါ ။ ဒီ Type လေးကို Alphard တို့ Crown တို့ Mark X တို့မှာ အသုံးများတယ် ။ အခြားသုံးတဲ့ ကားတွေလည်း အများကြီးပဲ ။
ဖြစ်ပုံက ကားစက်နှိုးရ ခက်ခက်နေလို့ဆိုပြီး ကားတစီးရုံရောက်လာတယ် ၊တချက်တချက် ကားနှိုးမရ ၊ Starter Motor ကို ခေါက်နှိုး လိုက်ရင် နှိုးတယ်ပေါ့ ။ ဒီလိုပဲ Starter Motor က နှိုးမရဘဲ ကပ်ကပ်နေတယ် ။ အဲ့ဒါနဲ့ မော်တာဖြုတ်စစ်တယ် ။ ထုံးစံအတိုင်း ကာဗွန်တိုနေတယ်ပေါ့ ။ ကာဗွန်တိုနေရင် ကာဗွန်အသစ်လဲ ဒေါက်ဝှီးနှိုးပြီပေါ့ ။
ပြောတော့သာ လွယ်လွယ်လေး ၊ မော်တာကာဗွန်အသစ်မှာလိုက်တယ် ။ ကာဗွန်အသစ်ရောက်လာတယ် ။ ဝါယာရိန်းလုပ်နေတဲ့သူအတွက် ကာဗွန်လဲတာလောက်တော့ အပျော့ပေါ့ ။ လဲလိုက်လေရော့ အသစ် ။
ကားလေးနှိုးလိုက်တယ် ဒေါက်ဝှီး နှိုးသွားတယ် ။ ဟုတ်ပြီရပြပေါ့ ။
ကားလေးပြန်သွားတယ် ။ နောက်တစ်ရက် နှစ်ရက်နေတော့ ကားလေးပြန်ရောက်လာတယ် ။ Starter Motor က တချက်တချက် ကပ်ကပ်နေတယ် ။ ပူလာလို့ စက်နှိုးလိုက်ရင် တချက်တချက် ၀ပ်၀ပ်သွားတယ် ၊ အမြဲတမ်း လည်း မဟုတ်ဘူးတဲ့ ။
နည်းနည်းခေါင်းစားသွားပြီ ။ ဘတ္ထရီများလား ၊ အမြဲတမ်းဖြစ်နေတာမဟုတ်တော့ မဖြစ်နိုင် ။ မော်တာကိုသွားတဲ့ Relay တွေများလား ၊ စစ်ကြည့်တော့လည်း အိုကေမှာစိုပြေ ။
တခုခုတော့ လွဲနေပြီ ၊ မော်တာပြန်ဖြုတ်စစ်မယ် ၊ မော်တာပြန်ဖြုတ်စစ် ၊ မော်တာကို အောက်မှာစမ်းကြည့်တော့ လည်တာမှာဝီခေါ် ။ မဟုတ်သေးဘူး တခုခုလွဲနေရမယ် ။ မလွဲဘဲ Customer က အချိန်ကုန်ခံပြီး ဘယ်ပြန် လာမလဲ ။
မော်တာဖြုတ်စစ် မော်တာကာဗွန်တွေက အသစ်တွေ ၊ Armature တွေမှာလည်း ထူးထူးခြားခြားဖြစ်ပျက် နေတာ ဘာမှမရှိ ၊ Solenoid တွေများလားပေါ့ ။ Solenoid တွေစမ်းကြည့်တော့လည်း ရှယ်ပဲ ။ ဘာမှချို့ ယွင်းချက် မတွေ့ ။ တခုခုတော့ လွဲနေပြီ ၊ အကုန်ကောင်းရဲ့သား တချက်တချက် ကပ်တယ် ၊ ၀ပ်တယ် ၊ မရုန်းချင်တာ ဘာကြောင့်များပါလိမ့် ။ Starter Motor တခုလုံးလည်း စစ်စရာကုန်နေပြီ ။
မော်တာအသစ်တလုံး လဲလိုက်ရရင်ကောင်းမလား ။ မနိမ့်လှပါဘူး ။ မော်တာကာဗွန်လေးတိုတာနဲ့ အသစ်လဲရမယ်ဆို မဟုတ်သေးပါဘူး ။
ဒီလိုနဲ့ ဟိုဟာကြည့် ဒီဟာကြည့် ကြည့်နေတုန်း ၊ ဟော ဒီမှာ အဖြေတွေ့ပါပြီကော ။ ကာဗွန်အသစ်က ပြဿနာ ဖြစ်နေတာပါတကား။
ကာဗွန်အသစ်နဲ့ Armature မျက်နှာပြင် ဟက်ကြည့်လိုက် ။ ဒီမှာလွဲနေပြီကော ။
ပြဿနာက ဒီလို P, PA Types Starter Motor တွေရဲ့ ကာဗွန်တွေက ပုံစံတူ အထိုင်တွေတူကြပေမယ့် ၊ ကာဗွန်အလှည့်တွေ မတူကြပါဘူး ။ အောက်က ပုံတွေ မှာသာရှုစားပါဗျာ ။
ကာဗွန်အလှည့်တွေ မတူတော့ ၊ Armature မျက်နှာပြင်နဲ့ ကပ်နေတာမှန်ပေမယ့် ။ တင်းပြည့်ကျပ်ပြည့် လိုအပ်သလောက် Current တွေစိုးဖို့ တခါတခါ သေချာမဟက်မိဘူးပေါ့ ။ ဒီလိုကြောင့် တခါတခါ ကပ်နေတာ ၊ ၀ပ်နေတာ ဖြစ်နေတာပေါ့ဗျာ ။
သဘောရှိ ဟောရှိ ၊ သိသွားတော့လည်း လွယ်သွားတာပေါ့ ။ မသိခင် ခေါင်းစား ၊ ဒစ်လည် တိုင်ပတ်တာပေါ့ ။
သိတဲ့သူလည်း သိပြီး ၊ ကြုံပြီးဖြစ်မှာပါ ။ ကိုယ့်ရှေ့က လူတွေက ဒီလိုဖြစ်တတ်တယ် ။ ဒီလို ကာဗွန်အလှည့်တွေ မတူတာ သတိထား ၊ တိုင်ပတ်တတ်တယ် ပြောတာကြားဖူးရင် မြင်ဖူးရင် ဒီလိုခေါင်းမစားတော့ဘဲ စကတည်း တခါတည်း ပြဿနာတန်းသိတာပေါ့ ။
ဒါမျိုး ပြဿနာမကြုံဖူးသေးတဲ့ ခုစာဖတ်လိုက်တဲ့ မိတ်ဆွေညီကိုတွေလည်း ဒါမျိုးကြုံလာရင် ကျနော်လို ခေါင်းမစား တိုင်မပတ်အောင် မျှဝေလိုက်တာပါ ။
သိသူတွေကျော်သွားပြီး ၊ မသိသေးသူတွေ ဖော်စားနိုင်ကြပါစေ ။ ဘယ်သူမှ ပြီးပြည့်စုံအောင် တတ်တဲ့သူမရှိတဲ့ ဒီလောကမှာ မျှ‌ဝေခြင်းဖြင်ံ မင်္ဂလာဖြစ်ပါစေဗျာ ။

Lynn Za Nee (P.T.U)
Prime Auto Technology

Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when POWER A3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share