Asia Speed Construction Co.,ltd.

Asia Speed Construction Co.,ltd. Creating Customer Lifetime Value. ISO 9001:2015 certified construction company in Mandalay. Safety is core in our projects. Since 2003.

Safety is CORE in our Projects. ISO 9001:2008 Certified at 2015 scope with construction and design.
100 %

🎉 PAHG ရဲ့ ပျော်ရွှင်စရာ လစဉ် Birthday & Gathering Party အခိုက်အတန့်လေးများ 🎂​ချစ်ခင်ရပါသော PAHG မိသားစုဝင် မောင်နှမများ...
27/05/2026

🎉 PAHG ရဲ့ ပျော်ရွှင်စရာ လစဉ် Birthday & Gathering Party အခိုက်အတန့်လေးများ 🎂
​ချစ်ခင်ရပါသော PAHG မိသားစုဝင် မောင်နှမများအားလုံးရဲ့ လစဉ်ကျင်းပမြဲဖြစ်တဲ့ Birthday & Gathering Party လေးကို PAHG ရုံးချုပ်ကြီးမှာစည် ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
​ပွဲအစီအစဉ်လေးကိုတော့ ကျွန်မတို့ရဲ့ လေးစားရပါသော Chairman Dr. Tun Tun Aung မှ နွေးထွေးမှုရှိတဲ့ အဖွင့်အမှာစကားများ ပြောကြားပေးရင်း စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
​🎂 မေလရဲ့ မွေးနေ့ရှင် ဝန်ထမ်းတွေကိုယ်စီကို ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုခဲ့ကြသလို...
အရသာရှိတဲ့ အစားအသောက်တွေ၊ မွေးနေ့ကိတ်တွေကို အတူတူသုံးဆောင်ပြီး သီချင်းတွေ ပျော်ပျော်ပါးပါး သီဆိုခဲ့ကြပါတယ်။
​နေ့စဉ်အလုပ်ဖိအားတွေကို ခဏတာမေ့ပျောက်ပြီး အားလုံးတက်တက်ကြွကြွနဲ့ ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို PAHG မောင်နှမများအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်။ 🥰✨
​

"အလုပ်မှာလည်း ကုသိုလ်၊ စိတ်မှာလည်း ကြည်ညို" ​PAHG ပရဟိတအဖွဲ့သားများဟာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသလိုပ...
25/05/2026

"အလုပ်မှာလည်း ကုသိုလ်၊ စိတ်မှာလည်း ကြည်ညို"
​PAHG ပရဟိတအဖွဲ့သားများဟာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသလိုပဲ ဘာသာရေး၊ သာသနာရေးမှာလည်း မပျက်မကွက် ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။
​အခုဆိုရင် အဖွဲ့အလိုက် ဓမ္မ​စကြာတရားတော်များကို သတ်မှတ်ရက်များအတိုင်း နေ့လည် (၃:၀၀) နာရီမှာ ရွတ်ဖတ်ပူဇော်နေကြပြီ ဖြစ်ပါတယ်။ ညီညွတ်တဲ့ အသံများဖြင့် ဘုရားရှင်ကို ပူဇော်ခြင်းဟာ ကျွန်မတို့ Pacific Asia High Tech Group ကြီးရဲ့ စည်းလုံးမှုနဲ့ အေးချမ်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲရှင်။ 🙏🌿
​ သာဓု... သာဓု... သာဓု 🙏🙏🙏
​

🎯 လုပ်ငန်းခွင်အောင်မြင်မှုဆီသို့... ပျော်ရွှင်စရာ Game များနှင့်အတူ အတူတူတက်လှမ်းခြင်း.....​အလုပ်ခွင်မှာ ပိုမိုထက်မြက်ပြ...
18/05/2026

🎯 လုပ်ငန်းခွင်အောင်မြင်မှုဆီသို့... ပျော်ရွှင်စရာ Game များနှင့်အတူ အတူတူတက်လှမ်းခြင်း.....
​အလုပ်ခွင်မှာ ပိုမိုထက်မြက်ပြီး စနစ်ကျတဲ့ခေါင်းဆောင် ကောင်းတွေ ဖြစ်လာဖို့နဲ့ မိမိကိုယ်မိမိ အကောင်းဆုံး ပုံစံတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး Asia Speed Construction ရုံးချုပ်မှာ ထူးခြားတဲ့ သင်တန်းတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
​ဒီသင်တန်းမှာတော့...
📌 Daily Construction Site Management Checklist Training: ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို နေ့စဉ် စနစ်တကျ၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ အရည်အသွေးပြည့်မီအောင် စီမံခန့်ခွဲရမယ့် checklist တွေအကြောင်းကို ထိရောက်စွာ ဆွေးနွေးပို့ချပေးခဲ့သလို၊
​📌 Developing Best Yourself Training: မိမိရဲ့အတွေး အခေါ်၊ စွမ်းရည်နဲ့ အရည်အချင်းတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့ အလေ့ အကျင့်ကောင်းတွေကိုပါ မျှဝေပေးခဲ့ပါတယ်။
​💡 သင်တန်းရဲ့ ထူးခြားချက်
စာတွေ့တင်မကဘဲ အဖွဲ့အစည်းစိတ်ဓာတ် (Teamwork) ပိုမိုခိုင်မာလာစေဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ပူးပေါင်ဆောင်ရွက် တတ်စေဖို့ စိတ်ဝင်စားစရာ Puzzle Game အပါအဝင် ပျော်စရာ၊ စိန်ခေါ်မှုရှိရာ Game ကစားပွဲလေးတွေကိုပါ ထည့်သွင်းပေးခဲ့တာကြောင့် အချင်းချင်း စည်းလုံးမှုတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ တက်ကြွမှုတွေ ရုံးခန်းတစ်ခုလုံး ပြည့်နှက်နေခဲ့ပါတယ်။
​ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အရည်အချင်းတိုးတက်မှုဟာ Asia Speed Construction Co.,ltd. ရဲ့ အရည်အသွေးမြင့်မားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပုံဖော်ပေးမယ့် အဓိကသော့ချက်ဖြစ်တာကြောင့် အခုလိုသင်တန်း တွေကို အစဉ်အမြဲ အားပေးထောက်ပံ့ပေးလျက်ရှိပါတယ်။
​သင်တန်းမှာ တက်တက်ကြွကြွ ပါဝင်သင်ကြားပေးခဲ့ပါသော Business Director ဒေါ်သဇင်မြင့်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် Asia Speed Co.,ltd မိသားစုဝင်များအားလုံးရဲ့ ပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေရှင်.
​

ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လက်ဖဝါးကြမ်းကြမ်း.       တွေနဲ့ တည်ဆောက်ကြသူများ.......​ခိုင်ခံ့တဲ့ အဆောက်အအုံတစ်ခုဖြစ်ပေါ...
01/05/2026

ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လက်ဖဝါးကြမ်းကြမ်း. တွေနဲ့ တည်ဆောက်ကြသူများ.......
​ခိုင်ခံ့တဲ့ အဆောက်အအုံတစ်ခုဖြစ်ပေါ်လာဖို့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကအစ စနစ်တကျနဲ့ ပင်ပင်ပန်းပန်း ဆောင်ရွက်ကြရပါတယ်။ အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ အလုပ်သမားအားလုံးရဲ့ စုပေါင်းအားမာန်ဟာ ကျွန်တော်တို့ Asia Speed Construction Co.,Ltd ရဲ့ အောင်မြင်မှု သော့ချက်ပါပဲ။
​အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
​မေလ (၁) ရက်၊ အလုပ်သမားနေ့ကို ဂုဏ်ပြုကြပါစို့! 👷‍♂️
​
​​Contact: 📞 09 790 999 282 ,09 441001815
​Address: ၃၂ လမ်း နှင့် ၇၈ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
​

🌸 ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day) နှင့် ညောင်ရေ သွန်းပွဲတော် မင်္ဂလာ 🌸"နွေအကုန် မိုးအကူး ကဆုန်လတန်ခူး"ဆိုတဲ့အတိုင်း ပူပ...
29/04/2026

🌸 ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day) နှင့် ညောင်ရေ သွန်းပွဲတော် မင်္ဂလာ 🌸
"နွေအကုန် မိုးအကူး ကဆုန်လတန်ခူး"ဆိုတဲ့အတိုင်း ပူပြင်းတဲ့ နွေရာသီရဲ့ အပူဒဏ်ကို အေးမြစေဖို့နဲ့ မြတ်စွာဘုရားရှင် ပွင့်တော်မူရာ "ဗောဓိညောင်ပင်"ကို ရည်မှန်းပြီး ရေစင်သွန်းလောင်းကြတဲ့ မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့ရဲ့ ထူးခြားချက် (၄) ရပ်
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်-
* ဒီပင်္ကရာ ဘုရားရှင်ထံမှ ဗျာဒိတ်တော် ခံယူသောနေ့။
* အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့။
* ဘုရားအဖြစ်သို့ ရောက်ရှိကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိသောနေ့။
* မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ့။
ထိုကဲ့သို့ ထူးခြားလှတဲ့နေ့မှာ ကျွန်မတို့ Asia Speed Construction Co.,Ltd မိသားစုမှ ဘုရားကျောင်းကန်သွားကာ ကုသိုလ်ယူကြမယ့် မိဘပြည်သူများအားလုံး စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်🙏🙏🙏

#ညောင်ရေသွန်းပွဲတော်

"Foundation Knowledge" အဆောက်အဦးတစ်ခု ခိုင်မာမှုရှိမရှိဆိုတာကိုအပေါ်ယံဒီဇိုင်းထက် “Foundation” က ပိုပြီးအဓိကကျပါတယ်။အဆော...
26/04/2026

"Foundation Knowledge"

အဆောက်အဦးတစ်ခု ခိုင်မာမှုရှိမရှိဆိုတာကို
အပေါ်ယံဒီဇိုင်းထက် “Foundation” က ပိုပြီးအဓိကကျပါတယ်။
အဆောက်အဦးတစ်ခုရဲ့ တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ကြာရှည်ခံမှုတို့ကို Foundation မှစပြီး ထောက်ပံ့ပေးတဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်
Foundation ဆောက်လုပ်ရာတွင် အရေးကြီးသော အချက်များကိုပြောပြရမယ်ဆိုလျှင်မြေသားအခြေ အနေ စစ်ဆေးခြင်း (Soil Test)က အဓိကဖြစ်ပါတယ် မြေသားခိုင်မာမှု မတူကြပါဘူး။
Foundation တည်ဆောက်မည့်နေရာတွင် မြေသားကို စနစ်တကျ စစ်ဆေးမှသင့်တော်သော Foundation design ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။
အလေးချိန်တွက်ချက်ခြင်း (Load Calculation)
အဆောက်အဦရဲ့ အလေးချိန်ကို မှန်ကန်စွာတွက်ချက်ပြီးFoundation က strength လုံလောက်စွာရရှိအောင် စနစ်တကျ ဒီဇိုင်းရေးဆွဲ၍ အသုံးပြုရပါမယ်။
မြေသားအခြေအနေအပေါ်မူတည်ပြီးအဆောက် အဦး၏ အလေးချိန်နှင့် တည်ဆောက်မည့် ပတ်ဝန်း ကျင် အခြေအနေအရပ်ရပ်တို့ကို အခြေခံပြီး သင့်တော်သော Foundation design ကို ရွေးချယ်ရပါမည်။
Type Of Foundation -
(1)Shallow Foundation
• Single Footing
• Combined Footing
• Strip Footing

(2)Deep Foundation (Pile Foundation)
• Mat Foundation
• Pile Foundation
• Pile Raft Foundation

Shallow Foundation ကိုတော့ အထပ်နိမ့် အဆောက်အဦး ဆောက်တဲ့အခါမှာ Soil Test result ပေါ်မူတည်ပြီးဖော်ပြထားတဲ့ Type သုံးခုထဲ တစ်ခုကိုအသုံးပြုပြီး Deep Foundation (Pile Foundation)ကိုတော့ အထပ်မြင့် အဆောက်အဦးဆောက်တဲ့နေရာမှာ အသုံးပြုရပါမယ်။
အရည်အသွေးမြင့် ပစ္စည်းများ အသုံးပြုခြင်းဖြင့် Foundationရဲ့ ကြာရှည်ခံမှုနှင့် ခိုင်မာမှုအတွက် အရေးကြီးပါတယ်။
Concrete Grade နှင့် Steel Reinforcement(Rebar) များကို စံချိန်စံညွှန်းနှင့်အညီ မှန်ကန်စွာ အသုံးပြုခြင်းဖြင့် အဆောက်အဦး၏ လုံခြုံမှုနှင့် ခိုင်ခံ့မှုကို ပိုမိုအားကောင်းစေပါတယ်။
Foundation Design နှင့် ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စများအတွက်ကျွမ်းကျင်သော Structural Designers များနှင့် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
Asia Speed Construction မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။
ကျွန်မတို့ Asia Speed Construction ဟာဆိုရင်ဖြင့်
Foundation မှစ၍ အရည်အသွေးကို ဦးစားပေးကာ
လုံခြုံစိတ်ချရပြီး ကြာရှည်ခံနိုင်သော အဆောက်အအုံများကိုတည်ဆောက်ပေးလျက်ရှိနေပါတယ်။မိတ်ဆွေတို့ရဲ့ အိပ်မက်ထဲကလှပသေသပ်ခိုင်ခံ့တဲ့အဆောက် အအုံ အတွက်ဆို Asia Speed Construction ရှိတယ်နော်။သက်ဆိုင်ရာ ကျွမ်းကျင် Structure Designes တွက်ချက်မှုများနှင့်
“Strong Foundation = Safe Building”

We Are Hiring 📢Join Our Professional Team 👏🏻Asia Speed Construction Co., Ltd မှ တိုးတက်နေသော ခေတ်ကြီးမှာ Project များအတွ...
22/04/2026

We Are Hiring 📢
Join Our Professional Team 👏🏻
Asia Speed Construction Co., Ltd မှ တိုးတက်နေသော ခေတ်ကြီးမှာ Project များအတွက် အတွေ့အကြုံရှိသော အင်ဂျင်နီယာများနှင့် Professional Staff များကို ဖိတ်ခေါ်လျက်ရှိပါတယ် 🤝
📌 Open Positions
• Senior Site Engineer(Male – Female )

• Site Engineer (Male – Female)

• Junior Site Engineer (Male – Female)

📩 Apply Now
Email – [email protected]
Viber – 09664144468
🏢 Office – Corner of 78×32 Street, Chanayetharzan, Mandalay

16/04/2026
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှသည် သာယာ ဝပြောသော အနာဂတ်ဆီသို့...​နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စ...
13/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှသည် သာယာ ဝပြောသော အနာဂတ်ဆီသို့...
​နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေလို့ Asia Speed Construction မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
​ကျွန်မတို့ Asia Speed Construction အနေနဲ့လည်း နောင်လာမယ့် နှစ်သစ်တွေမှာ ပိုမိုခိုင်မာကောင်းမွန်တဲ့ အဆောက်အအုံတွေ၊ စိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်တွေကို ဆက်လက်တည်ဆောက်ပေးသွားဦးမှာပါ။
​အားလုံးပဲ ရွှင်လန်းချမ်းမြေ့ဖွယ် သင်္ကြန်ပွဲတော်ဖြစ်ပါစေရှင်။ 💦

မြန်မာတို့ရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ "မြန်မာ့ရိုးရာ အတာသင်္ကြန် နဲ့ ပိတောက်ပန်း"​မြန်မာ့ဆယ့်နှစ်လရာသီမှာ အစည်ကားဆုံးနဲ့ ...
12/04/2026

မြန်မာတို့ရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ "မြန်မာ့ရိုးရာ အတာသင်္ကြန် နဲ့ ပိတောက်ပန်း"
​မြန်မာ့ဆယ့်နှစ်လရာသီမှာ အစည်ကားဆုံးနဲ့ အပျော်ဆုံးအချိန်ကို ပြပါဆိုရင် "တန်ခူးလ အတာသင်္ကြန်" ကိုပဲ ပြေးမြင်ကြမှာပါ။ သင်္ကြန်ဆိုတာ "သင်္ကန္တ" ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို အေးမြတဲ့ ရေစင်နဲ့ ဆေးကြောပြီး နှစ်သစ်ကို မင်္ဂလာရှိရှိ ကူးပြောင်းကြတာပါ။
​🌼 သင်္ကြန်ရဲ့ သင်္ကေတ "ရွှေဝါရောင် ပိတောက်"
​"တစ်နှစ်မှတစ်ခါ... တစ်လမှာတစ်ရက်... တစ်ရက်မှာတစ်မနက်" သာ ပွင့်တတ်တဲ့ ပိတောက်ပန်းဟာ သင်္ကြန်ရဲ့ ဝိညာဉ်ပါပဲ။
​အတာမိုးနဲ့အတူ ဝေဆာစွာပွင့်လာတဲ့ ပိတောက်နံ့သင်းသင်းလေးက မြန်မာတို့ရဲ့ သင်္ကြန်အငွေ့အသက်ကို အပြည့်အဝပေးစွမ်းပါတယ်။
​ပိတောက်ခက်လေးတွေကို အတာအိုးထဲထိုး၊ ဆံကေသာမှာ ပန်ဆင်ကြတာဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အလှပဆုံး မြင်ကွင်းတစ်ခုဖြစ်ပါတယ်။
​🙏 နှစ်သစ်ဦးမှာ ကောင်းမှုကုသိုလ် ပွားများကြစို့
​သင်္ကြန်ဟာ ရေပက်ဆော့ရုံတင်မကဘဲ "ဖြူစင်တဲ့ စိတ်ထားနဲ့ ကုသိုလ်ယူရာ" အချိန်အခါလည်း ဖြစ်ပါတယ်။
​သက်ကြီးပူဇော်ပွဲ: လူကြီးမိဘတွေကို ခေါင်းလျှော်ပေး၊ ခြေသည်းလက်သည်း ညှပ်ပေးပြီး ကန်တော့ကြတာဟာ ချစ်စရာကောင်းတဲ့ အစဉ်အလာပါ။
​ဇီဝိတဒါန ဘေးမဲ့ငါးလွှတ်ခြင်း၊ တိရစ္ဆာန်လေးတွေကို အသက်ဘေးက ကယ်တင်ခြင်းတို့ ပြုလုပ်ကြပါတယ်။
​စတုဒိသာ မုန့်လုံးရေပေါ်၊ သာကူ၊ ရွှေရင်အေး စတဲ့ အတာမုန့်လေးတွေကို အလှူအတန်းပြုရင်း တစ်ဦးနဲ့တစ်ဦး မေတ္တာမျှဝေကြပါတယ်...
တောက်လောင်နေတဲ့ နွေအပူတွေကို အတာရေအေးအေးနဲ့ အေးငြိမ်းစေပြီး၊ ပိတောက်ပန်းလိုပဲ မွှေးပျံ့သင်းပျံ့တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 💦✨

"ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး အသိပညာပေး"( UV Radiation & Protection)နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ...
11/04/2026

"ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး အသိပညာပေး"
( UV Radiation & Protection)

နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) ဟာ လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် Asia Speed Construction မှ အခုလို အကြံပြုနှိုးဆော်အပ်ပါတယ်။
​အထူးသဖြင့် အပြင်ဘက်တွင် အလုပ်လုပ်ရသော အင်ဂျင်နီယာများနှင့် လုပ်သားများအနေဖြင့် အောက်ပါအချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါတယ် -
​☀️ UV ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် နည်းလမ်းများ
​ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ပါ နေပူထဲတွင် အလုပ်လုပ်ရပါက လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် အသားကို လုံခြုံစေမည့် အဝတ်အစားများကို ဦးစားပေး ဝတ်ဆင်ပါ။
​Safety Helmet နှင့် အသုံးအဆောင်များ - လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် Helmet ဆောင်းသည့်အပြင် မျက်နှာနှင့် လည်ပင်းကို နေလောင်ခြင်းမှ ကာကွယ်ရန် မျက်မှန် သို့မဟုတ် အကာအကွယ်ပစ္စည်းများ အသုံးပြုပါ။
​Sunscreen အသုံးပြုပါ နေရောင်နှင့် တိုက်ရိုက်ထိတွေ့နိုင်သော အရေပြားနေရာများတွင် SPF (Sun Protection Factor) ပါဝင်သော နေလောင်ကာခရင်မ်ကို လိမ်းထားပါ။
​ရေဓာတ်ဖြည့်တင်းပါ နေပူထဲတွင် အလုပ်လုပ်ရသည့်အတွက် ခန္ဓာကိုယ်မှ ရေဓာတ်ကုန်ခမ်းမှုကို ကာကွယ်ရန် ရေများများသောက်ပေးပါ။
​အရိပ်ရသောနေရာတွင် အနားယူပါ နေရောင်အပြင်းဆုံးအချိန်များတွင် တတ်နိုင်သမျှ အရိပ်ရသောနေရာ၌ ခေတ္တအနားယူပေးပါ။
​"ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုသည် ကျွန်ုပ်တို့ Asia Speed Construction ၏ အဓိက ဦးစားပေးဖြစ်ပါသည်။"
​လုပ်ငန်းခွင်အတွင်း အပူဒဏ်နှင့် UV အန္တရာယ်မှ ကင်းဝေးကြပါစေ။
​Asia Speed Construction
(ISO 9001:2015 Certified Company)

Address

Asia Speed Construction, Corner Of 78th Street & 32nd St, Chan Aye Thar Zan Township
Mandalay
[email protected]

Opening Hours

Monday 09:00 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959790999282

Alerts

Be the first to know and let us send you an email when Asia Speed Construction Co.,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Speed Construction Co.,ltd.:

Share