Mandalay Royal Chance

Mandalay Royal Chance အလင်းရှိတဲ့နေရာတိုင်းကိုလျှပ်စစ်မီးသယ်ဆောင်ပေးသူများ( SOLAR installer)

Hello မင်္ဂလာပါခင်ဗျာ  အခုပြီးသွားတဲ့ဆိုဒ်လေးကတော့ ရန်ကုန်တိုင်း ၊လှိုင်သာယာမြို့နယ် စက်မှုဇုန် 4က စက်ရုံ၊ ရုံးခန်း၊ ဝန်...
29/12/2023

Hello
မင်္ဂလာပါခင်ဗျာ
အခုပြီးသွားတဲ့ဆိုဒ်လေးကတော့ ရန်ကုန်တိုင်း ၊လှိုင်သာယာမြို့နယ် စက်မှုဇုန် 4က စက်ရုံ၊ ရုံးခန်း၊ ဝန်ထမ်းအဆောင်တွေ အတွက်ဆိုလာတပ်ဆင်ပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။ စက်ရုံ၊ ရုံးခန်းနဲ့ ဝန်ထမ်းအဆောင်တွေ မီးထွန်းရန် ပလပ်ပေါက်သုံးရန် လျှောက်လမ်းမီးများထွန်းရန်နှင့် ရုံးခန်း Aircon ၊ အရာရှိများအိပ်ခန်း Aircon သုံးရန် ဖြစ်ပါတယ်ခင်ဗျာ။ ဒါတွေသုံးရန် Trina solar 550 W 20 ချပ်၊ Growatt Inverter 5 KW ၊ Battery Sandy solar 200 AH 2 လုံးတို့ကို စနစ်တကျ အန္တာရာယ်ကင်းစွာဖြင့် အသုံးပြုနိုင်ရန် စနစ်တကျ တပ်ဆင်ပေးခဲ့ပါတယ်ခင်ဗျာ။

ဆိုလာတပ်ဆင်ရန် ယုံကြည်စိတ်ချစွာအပ်နှံပေးသော လူကြီးမင်းများအားလုံး ကျန်းမာ ချမ်းသာစွာဖြင့် အသက်ရှူတိုင်းငွေဝင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။


ဆိုလာတပ်ဆင်ရာတွင် စံချိန်စံညွှန်းပြည့်ဝစွာ တပ်ဆင်ပေးနေပါသဖြင့် ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ခင်ဗျာ။

ဆိုလာတပ်ဆင်ရန်နှင့် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09259068330 သို့ဖြစ်စေ page messenger သို့ဖြစ်စေ ဆက်သွယ်စုံစမ်း‌ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ စိတ်ဝင်စားစွာ ဝင်ရောက်ကြည့်ရှူသူများလည်း ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ။

ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ကြပါစေခင်ဗျာ။

Hello Sweet December  အခုဒါလေးကတော့ ကျွန်တော်တို့ရုံးခန်းလေးမှာ ဆိုလာဆင်ထားတာလေးပါ။ ရုံးခန်းက အိမ်နဲ့တွဲထားတာဖြစ်လို့ အိ...
01/12/2023

Hello Sweet December

အခုဒါလေးကတော့ ကျွန်တော်တို့ရုံးခန်းလေးမှာ ဆိုလာဆင်ထားတာလေးပါ။ ရုံးခန်းက အိမ်နဲ့တွဲထားတာဖြစ်လို့ အိမ်လဲသုံးရ ရုံးလဲသုံးရအောင်လို့ ဆင်ထားတာပါ။ Aircon ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် ၊ ထမင်းပေါင်းအိုး၊ မီးလုံးမီးချောင်းများ၊ အဝီစိတွင်းရေမှုတ်စက်၊ စသည်များသုံးနိုင်ရန် ဆိုလာ 15 ချပ်၊ အင်ဗာတာ 6KVA inverter, Battery Felicity Gel 24 လုံး +3KVA inverter , Battery Felicity Gel 2 လုံး ကို စနစ်တကျတပ်ဆင်ထားပါတယ်။ 24 နာရီမီးအသုံးပြုလို့ရအောင်ပါခင်ဗျာ။

ဆိုလာတပ်ဆင်ရာတွင် စံချိန်စံညွှန်းပြည့်ဝစွာ စနစ်တကျတပ်ဆင်ပေးနေပါသဖြင့် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09259068330 သို့မဟုတ် page messenger မှာလည်း ဆက်သွယ်စုံစမ်း‌ မေးမြန်းနိုင်ပါတယ်။

စိတိဝင်စားစွာဝင်ရောက်ကြည့်ရှူသူများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

တခါတုန်းက လူမည်းလေးတယောက်ဟာ ပင်လယ်ကူးသ‌‌င်္ဘောပေါ်မှာ လိုက်ပါလာခဲ့တယ်။ သင်္ဘောကပ္ပတိန်ဟာ လူမည်းလေးအပေါ်မှာ စိတ်ကောင်းထား...
14/11/2023

တခါတုန်းက လူမည်းလေးတယောက်ဟာ ပင်လယ်ကူးသ‌‌င်္ဘောပေါ်မှာ လိုက်ပါလာခဲ့တယ်။ သင်္ဘောကပ္ပတိန်ဟာ လူမည်းလေးအပေါ်မှာ စိတ်ကောင်းထားပေးတယ်။ ပင်လယ်ထဲရောက်တော့ တနေ့မှာ လူမည်းလေးဟာ ပင်လယ်ထဲကိုပြုတ်ကျသွားခဲ့တယ်။ သူဟာအော်ဟစ်ပြီး အကူအညီ တောင်းပေမဲ့ စက်သံ၊ ရေလှိုင်းသံ တွေကြောင့် ဘယ်သူကမှမကြားပါဘူး။ သူဟာ သင်္ဘောနောက်ကို‌ ရေကူးပြီးလိုက်တယ်။ ဒါပေမဲ့လည်း သင်္ဘောဟာတဖြည်းဖြည်းဝေးသွားတယ်။ သူဟာပင်ပန်းပြီး လက်လျှော့လိုက်ချင်ပေမဲ့ ကပ္ပတိန်ဟာ သူ့အပေါ်ကို ကောင်းပေးတာကြောင့် သူ့ကိုပြန်လာရှာမယ်လို့ ယုံကြ ည်တယ်။ ဒီယုံကြည်မှု‌ကြောင့်ဘဲ သူဟာ အားမလျော့ဘဲ ဆက်လက်ကူးခတ်တယ်။ သင်္ဘောကပ္ပတိန်ဟာလည်း လူမည်းလေး ပျောက်နေမှန်းသတိထားမိသွားတယ်။ ဒါကြောင့်သင်္ဘောကို ပြန်လှည့်ရှာဖို့ ပြောတယ်။ သင်္ဘောပေါ်ကလူတွေဟာ ကပ္ပတိန်ကို လူမည်းလေးတယောက်အတွက် အချိန်ကုန်မခံဖို့ပြောကြတယ်။ ပထမတော့ ကပ္ပတိန်ဟာ ပြန်လှည့်ရှာဖို့တွေဝေသွားတယ်။ နောက်တော့ ကပ္ပတိန်ဟာ လူမည်းလေးကိုပြန်လှည့်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။သင်္ဘော ဟာ ပြန်လှည့်ပြီး လိုက်ရှာတော့ ရေနစ်လုဆဲဖြ‌စ်နေတဲ့ လူမည်းလေးကို ကယ်တင်မိတယ်။ ကပ္ပတိန်ဟာ လူမည်းလေးကို ဘယ်လိုယုံကြည်ချက်နဲ့ အကြာကြီးတောင့်ခံနိုင်လဲလို့မေးကြည့်တယ်။ လူမည်းလေးက ကပ္ပတိန်က ကျွန်တော့ကိုလာကယ်မှာဘဲဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော် ကူးခတ်ရင်းစောင့်နေခဲ့တာပါ လို့ပြန်ဖြေတယ်။ ကပ္ပတိန်ဟာ မျက်ရည်တွေ ကျပြီးလာမည်းလေးကိုပြောတယ် ။ မင်းကို ကယ်တင်ဖို့ ပထမတွေဝေမိတဲ့ အတွက် ငါ့ကိုယ်ငါ ရှက်မိပါတယ်။ ငါကိုယုံကြည်တဲ့မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။

ဒါလေးကတော့ ကိုယ့်ဘက်ကစပြီး ယုံကြည်မှု ပေးရင်တောင်မှ လူတဘက်သားဆီက တုံ့ပြန်မှုရဖို့ မသေချာပါဘူး။ ဒါပေမဲ့ ကိုယ်က လူတဘက်သားကို မယုံကြည်ခဲ့ရင်တော့ ဘာမှပြန်ရမှာမဟုတ်ပါဘူး။ ဒါ‌ကြောင့် ယုံကြည်မှုဟာ ရွှေလိုဘဲ တန်ဖိုးရှိပါတယ်။ ရွှေထက်တောင် တန်ဖိုးရှိပါတယ်လို့ ပြောလို့ရပါတယ်။

ဆိုလာဆို M.R.C ကိုတာသတိရလိုက်ပါ
Mandalay Royal chance
09259068330

13/11/2023
မင်္ဂလာပါခင်ဗျာလွန်ခဲ့တဲ့ ရက်ပိုင်းလောက်မန္တလေးမြို့က မိတ်ဆွေတဦးရဲ့ အိမ်မှာ ဆိုလာတပ်ဆင်ပေးခဲ့ပါတယ်။ ကလေးတွေစာကြည့်ရန်နဲ့...
13/11/2023

မင်္ဂလာပါခင်ဗျာ
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်မန္တလေးမြို့က မိတ်ဆွေတဦးရဲ့ အိမ်မှာ ဆိုလာတပ်ဆင်ပေးခဲ့ပါတယ်။ ကလေးတွေစာကြည့်ရန်နဲ့ အိမ်သုံးရန် အတွက် ဆိုလာ Trina (660W) 9 ချပ်နဲ့ ၊. Inverter Growatt 5 KVA ၊ Battery Felicity 300 AH တို့ကို စနစ်တကျဖြင့် အန္တာရာယ်ကင်းစွာ အသုံးပြုနိုင်ရန် တပ်ဆင်ပေးခဲ့ပါတယ်ခင်ဗျာ။

ဆိုလာတပ်ဆင်ရန် အပ်နှံပေးသော မိတ်ဆွေကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မိတ်ဆွေတို့မိသားစုလည်း ကျန်းမာချမ်းသာစွာ အသက်ရှူတိုင်း ငွေဝင်ပါစေခင်ဗျာ။

ဆိုလာတပ်ဆင်ရာတွင် စံချိန်စံညွှန်းပြည့်ဝစွာဖြင့် အန္တာရာယ်ကင်းစွာ တပ်ဆင်ပေးနေပါသဖြင့် ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ခင်ဗျာ။

ဆိုလာတပ်ဆင်ရန် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09259068330 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ သို့မဟုတ် ပေ့ခ်ျမက်ဆင်ဂျာ ကလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဝင်ရောက်ကြည့်ရှူသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

စစ်ကိုင်းမြို့က အသိမိတ်ဆွေအိမ်ကိုအိမ်းသုံး lighting မီး၊ph အားသွင်းရန်၊ ကလေးများTV ကြည့်ရန်နှင့် computer သုံးရန်နှစ်ရက်...
08/11/2023

စစ်ကိုင်းမြို့က အသိမိတ်ဆွေအိမ်ကို
အိမ်းသုံး lighting မီး၊ph အားသွင်းရန်၊ ကလေးများTV ကြည့်ရန်နှင့် computer သုံးရန်
နှစ်ရက်တည်းနဲ့အပြီးဆင်ပေးခဲ့တာပါ
Mandalay Royal Chance
09259068330

မန္တလေးမြို့တွင်းမှ တန်ဖိုးထားရသော ဖောက်သည်တဦးရဲ့ အိမ်နှင့်ဆိုင်တွင် သုံးရန်အတွက် Inverter 5KVA 3လုံး (15KVA) ကို စနစ်တက...
02/11/2023

မန္တလေးမြို့တွင်းမှ တန်ဖိုးထားရသော ဖောက်သည်တဦးရဲ့ အိမ်နှင့်ဆိုင်တွင် သုံးရန်အတွက် Inverter 5KVA 3လုံး (15KVA) ကို စနစ်တကျ၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် တပ်ဆင်ပးခဲ့ပါတယ် ခင်ဗျာ။
ဆိုလာတပ်ဆင်ရန် ယုံကြည်စွာ အပ်နှံပေးသော လူကြီးမင်းများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ဆိုလာတပ်ဆင်ရာတွင် စံချိန်စံညွှန်းပြည့်ဝစွာ တပ်ဆင်‌ ပေးနေပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့် အပ်နှံနိုင်ပါတယ် ခင်ဗျာ။
ဆိုလာတပ်ဆင်ရန်နှင့် အသေးစိတ်သိရှိလိုပါက ကျွန်တာ်တို့ရဲ့ ဖုန်းနံပါတ် 09259068330 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ် ပေ့ခ်ျမက်ဆင်ဂျာကနေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ယုံကြည်စွာ လုပ်ငန်းအပ်နှံသူများနှင့် စိတ်ဝင်စားစွာကြည့်ရှုသူများကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

31/10/2023
အရောင်းစာရေးတယောက် က လုပ်ငန်းမိတ်ဆက်ရန် ကုမ္ပဏီတခု၏အတွင်းရေးမှူးထံမှတဆင့် ဥက္ကဋ္ဌထံသို့ လိပ်စာကဒ်ပေးရန်တောင်းဆိုခဲ့ပါသည်...
31/10/2023

အရောင်းစာရေးတယောက် က လုပ်ငန်းမိတ်ဆက်ရန် ကုမ္ပဏီတခု၏အတွင်းရေးမှူးထံမှတဆင့် ဥက္ကဋ္ဌထံသို့ လိပ်စာကဒ်ပေးရန်တောင်းဆိုခဲ့ပါသည်။

အတွင်းရေးမှူးက လိပ်စာကဒ်ကို ဥက္ကဋ္ဌထံ ပေးခဲ့ပြီး၊ဥက္ကဋ္ဌက ကဒ်ကို စိတ်မရှည်စွာ လွှင့်ပစ်လိုက်သည်။

တံခါးပေါက်ရှိ အရောင်းစာရေးက ယဉ်ယဉ်ကျေးကျေးဖြင့် "အဆင်ပြေပါတယ်။ လိုအပ်ခဲ့ရင် ဥက္ကဋ္ဌ အလွယ်တကူ ဆက်သွယ်နိုင်ရန် ကျွန်တော့်ရဲ့ လိပ်စာကဒ်ကို ထားခဲ့ပေးတာပါ"ဆိုပြီးနောက်တကဒ်
ပြန်ပေးလိုက်ပါတယ်။

အတွင်းရေးမှူးကလည်း ကဒ်ကို သတ္တိရှိရှိ ခေါင်းမာမာဖြင့် ဥက္ကဋ္ဌထံသို့ပေးလိုက်ပြန်တယ်။ဥက္ကဋ္ဌက ဒေါသအရမ်းထွက်ပြီး ကဒ်ပြားကို ဖြဲပြီး အမှိုက်ပုံးထဲကို ပစ်ချလိုက်တယ်။" ပိုက်ဆံတရာပေးလိုက်၊သူ့လိပ်စာကဒ်ကိုငါဝယ်လိုက် ပြီလို့၊ သူ့ကို ထွက်သွားဖို့ ပြော!"

အတွင်းရေးမှူးက ငွေတရာကို အရောင်းစာရေးထံ ပေးအပ်ပြီး အရောင်းစာ‌ရေးက လိပ်စာကဒ်အသစ်တရွက်ကို ထုတ်ကာ “ကျွန်တော့်လိပ်စာကဒ်က တရာဖိုး သုံးကဒ် ဝယ်လို့ရတယ်၊ ဒါကြောင့် ဥက္ကဋ္ဌကို ကျွန်တော် ပေးစရာတကဒ် လိုပါသေးတယ်။ ကျေးဇူးပြု၍ သူ့ကိုပေးပေးပါ။"

သိပ်မကြာခင်မှာပဲ ရုံးခန်းထဲကနေ ရယ်မောသံထွက်လာတယ်။ ထို့နောက် ဥက္ကဋ္ဌသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်လာပြီး အရောင်းစာရေးအား အားရပါးရ ကြိုဆိုသည်။

ဇွဲရှိမှု၊ ငြင်းပယ်မှုကို ကျော်လွှားပြီး ထပ်ခါထပ်ခါ ကြိုးစားခြင်းသည် အောင်မြင်ခြင်း၏ဖခင်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်သူတွေဟာ သူတို့ရဲ့ အကျင့်စာရိတ္တနဲ့ အကျင့်စရိုက်တွေမှာ လည်းဒီလိုပဲမဟုတ်လား။

秘书把名片交给董事长,董事长不耐烦地把名片丢了出去。

门外的业务员礼貌地说:“没关系,我下次再来,请董事长留下我的名片。”

秘书又硬着头皮把名片递进去,董事长气极了,把名片撕成两半丢到垃圾桶里,并且拿了五块钱,发疯似的说:“五块钱买他一张名片,叫他走!”

秘书把五元钱交给业务员,业务员又拿出一张名片说:“我的名片两块五毛钱一张,五块钱可以买两张,所以我还欠董事长一张名片。麻烦交给他。”

没多久,办公室传出一阵笑声。接着,董事长满面笑容地走了出来,热情地把业务员迎了进去。

坚持不懈,战胜拒绝,一而再、再而三地去试,这是推销成功的一剂药方。实社会各领域的成功者,在做事做人上又何尝不是如此呢

အချိန်ပေးပြီဖတ်ပေးတဲ့အတွက်
အထူးကိုကျေးဇူးတင်ပါတယ်။
ဗဟုသုတ တစ်ခုခုရမယ်လို့ မျှော်လင့်ပါတယ်။
Mandalay Royal Chance
Company မိသားစု
09259068330

မင်္ဂလာပါခင်ဗျာမန္တလေးမြို့မှကာစတာမာအိမ်မှာဆိုလာတပ်‌ ပေး ခဲ့ပါတယ်ခင်ဗျာ။ ကလေးလေးရှိလို့ အဲယားကွန်းကိုအဓိကသုံးမယ် ပြိးတော...
30/10/2023

မင်္ဂလာပါခင်ဗျာ
မန္တလေးမြို့မှကာစတာမာအိမ်မှာဆိုလာတပ်‌ ပေး ခဲ့ပါတယ်ခင်ဗျာ။ ကလေးလေးရှိလို့ အဲယားကွန်းကိုအဓိကသုံးမယ် ပြိးတော့‌ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ ထမင်းဟင်းချက်ရန် နှင့်တအိမ်လူမီးထွန်းရန်အတွက် 6KVA အင်ဗာတာနှစ်လုံးကို parallel ဆက်ပြီး 12 KVA အဖြစ်ဆာင်ရွက်တပ်ဆင်ပးခဲ့ပါတယ်ခင်ဗျာ။

ဆိုလာတပ်ဆင်ရန်စိတ်ဝင်စားပါက ကျွန်တာ်တို့ရဲ့ ဖုန်းနံပါတ် ၀၉၂၅၉၀၆၈၃၃၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒါမှမဟုတ် ပေ့ခ်ျမက်ဆင်ဂျာမှာလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ လုပ်ငန်းအပ်နှံသူများနှင့် စိတ်ဝင်တစားကြည့်ရှုသူများအားလုံးကိုလည်း‌ေကျးဇူးအထူးတင်ပါတယ်ခင်ဗျာ။

မိမိကိုယ်ကိုပုလဲတလုံးဖြစ်အောင်လုပ်ပါတခါတုန်းက လူငယ်တယောက်လုပ်ရှာတာ အချိန်တွေကုန်လူပင်ပန်းပြီး စိတ်တိုင်ကျတဲ့အလုပ်ကိုမရတဲ...
23/10/2023

မိမိကိုယ်ကိုပုလဲတလုံးဖြစ်အောင်လုပ်ပါ

တခါတုန်းက လူငယ်တယောက်လုပ်ရှာတာ အချိန်တွေကုန်
လူပင်ပန်းပြီး စိတ်တိုင်ကျတဲ့အလုပ်ကိုမရတဲ့အတွက်
စိတ်ဓာတ်တွေကျ လောကကြီးကို စိတ်ကုန်ပြီးတော့
ကိုယ်ဟာကို ဘဝအဆုံးသတ်ဖို့ ပင်လယ်ကမ်းခြေကိုရောက်လာပါသတဲ့။
အဲ့အချိန်မှာ လူအို တယောက်နဲ့တွေ့မိသတဲ့
လူအိုက ကလေးမင်းကြည့်ရတာအဆင်မပြေဘူးလား။
ဘာတွေဖြစ်လာသလဲလို့မေးတော့
လူငယ်က သူကအလွန်တော်ခဲ့ကြောင်းတတ်ခဲ့ကြောင်း
ယခု အလုပ်ရှာတော့ အဆင်မပြေကြောင်းတွေပြောပြပြီး
လောကစိတ်ကုန်ကြောင်း‌‌ေတွကို လူအိုထံပြောပြခဲ့တယ်။
လူအိုလည်းနားလည်ပြီး လူငယ်ကို
သူတို့ခြေ‌‌ေထာက်အောက်ကကမ်းခြေက
သဲတစ်ပွင့်လောက်ကောက်ပေးလို့ရလားဆိုပြီး ကောက်ခိုင်းပါတယ်။
လူငယ်လည်းကောက်ပေးလိုက်တာပေါ့
လူအိုက သဲပွင့်လက်ထဲ‌ေရာက်တာနဲ့
အဲ့ဒီသဲပွင့်ကိုလူငယ်ကိုကောင်းကောင်းလေ့လာခိုင်းပြီး
ပစ်ချလိုက်ပါတယ်။
ကလေးမင်းခုန ကသဲပွင့်လေးကိုပြန်ကောက်ပေးပါဆိုတော့
လူငယ်က ဘာပြောရမှန်းကိုမသိတော့ပါဘူး
တချိန်ထဲမှာပဲ လူအိုကသူ့ အိတ်ထဲက ပုလဲတလုံးထုတ်ပြပါတယ်
ပြီးတော့ ပင်လယ်ကမ်းခြေပေါ်(သဲသောင်ပြင်ပေါ်)ချလိုက်ပါတယ်။
မင်းအခုချလိုက်တဲ့ပုလဲကိုကောက်ပေးလို့ရလားဆိုတော့
လူငယ်က တခါထည်းကောက်ပေးလိုက်ပါတယ်။
လူအို က ကလေး
အခုလိုပဲ ကိုယ်ကိုကိုယ် ပုလဲတလုံးဖြစ်အောင် အရင် လုပ်ပါ။
တော်တော်များများအခြေအနေမှာ လူတေ က သဲသောင်ပြင်ကသဲတပွင့်လိုပါပဲ
တန်ဖိုးကိုဘယ်သူ သိမလည်း ။

အခုလို အချိန်ပေး ဖတ်ပေးတဲ့အတွက်
အထူးကိုကျေးဇူးတင်အပ်ပါတယ်။
Mandalay Royal Chance
Company မိသားစု
09259068330

Knowledge sharing ပုံပြင်လေး များလည်း တင်သွားပေးမှာ ဖြစ်ပါတယ်
23/10/2023

Knowledge sharing ပုံပြင်လေး များလည်း တင်သွားပေးမှာ ဖြစ်ပါတယ်

Address

35*36*78* 79
Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Royal Chance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share