Daw Mya Sein

Daw Mya Sein We sell machinery parts/car spare parts / Pipes/ different kinds of lubricants / Filers

27/01/2025

ဂီယာဝိုင်အမျိုးအစား လွဲမှားနိုင်သော
Honda Fit (GD-1) နှင့် Honda Airwave
🚨🚨🚨🚨🚨

🚗HONDA Fit (GD-1) တစ်စီးကားမဆွဲလို့..ဆိုပြီးကျွန်တော့်ဝပ်ရှော့ကိုလာပြပါတယ်။

🚙မောင်းစမ်းကြည့်တဲ့အခါမှာ ကီလို ၆၀ လောက်ကို RPM 3000 ကျော်နင်းနေရပြီး ဂီယာချော်သလိုဖြစ်နေတာတွေ့ရပါတယ်…
'D'
မီးလည်းခုန်လာပါတယ်။

🚑ဘောနက်ဖုံးဖွင့်ပြီးစစ်ကြည့်လိုက်တော့….
သဲလွန်စ….ကို စ တွေ့လိုက်ရပါပြီ၊ ဂီယာဝိုင်တိုင်းတံမှာ….
💣 ’ATF’…တဲ့…

🚒အဲ့ဒါနဲ့ ကားပိုင်ရှင်ကို ဂီယာဝိုင်လဲထားသေးလားလို့မေးကြည့်တဲ့အခါမှာ….လဲထားတယ်လို့ ပြန်ဖြေပါတယ်။
🚑အင်း…..ဒါဆိုရင်တော့ လွဲ နိုင်ပြီလို့ စဉ်းစားရင်း….
🚉ကားပိုင်ရှင်ကို ဂီယာဝိုင် ဘာအမျိုးအစားသုံးထားလဲဆိုတော့…လက်ကျန်ဆီနည်းနည်းရှိနေသေးတဲ့…ဂီယာဝိုင်ဘူးထုတ်ပြပါတယ်။

🚃ကျွန်တော်လည်းဂီယာဝိုင်ဘူး ကိုကြည့်လိုက်တဲ့အခါမှာတော့….ဟာ….ဆီမှားသွားပြီ….ဆိုတာသိလိုက်ရပါတော့တယ်။
🚑ယခုကား HONDA Fit (GD-1) မှာ HMMF (CVT) အမျိုးအစားသုံးတဲ့ဂီယာဘောက်ပါ…
ဂီယာဝိုင်တိုင်းတဲ့ဂိတ်တံမှာ …
💣 ’ATF’….
လို့ရေးထားပါတယ်……
ဂိတ်တံမှာရေးထားတဲ့ဆီအမျိုးအစားကိုသုံးခဲ့ရင်တော့…..သေပြီဆရာပဲ…..

🚉HONDA Airwave ဟာလည်းHMMFပါ……ထိုကားများမှာလည်း…HMMF…ဆိုတဲ့ဂိတ်တံနဲ့လာသလို…ATF…ဆိုတဲ့ဂိတ်တံနဲ့လည်းလာတာ နှစ်စီး သုံးစီးမကကြုံခဲ့ရဘူးပါတယ်…..

🚑ထိုကဲ့သို့ဂိတ်တံမှားတဲ့ကားတိုင်းလည်း ဆီမှားထည့်မိကြပြီး ဂီယာဘောက်ပြဿ နာ တွေဖြစ်ကုန်ကြပါတယ်။

🚨 ကားပြုပြင်နေကြတဲ့မိတ်ဆွေများလည်း တစ်ခါတစ်ရံမှာ….
> CVT လား
> ATF လားခွဲရခက်နေပါလျှင်…….
Scan tool ထိုးပြီး Data စစ်ကြည့်ပါက ခွဲခြားသိနိုင်ပါတယ်….
> CVT Data နဲ့
> ATF Data တွေကကွဲပြားပါတယ်။ အောက်ကပုံတွေမှာလည်းဖေါ်ပြထားပါတယ်။

🔧ကားဂီယာတံ ကိုကြည့်၍
ATF နှင့် CVT ခန့်မှန်း ခွဲနည်း
• ဂီယာအမှတ်အသားက
P R N D D3 2 1
D3 2 1 ဆိုရင် CVT မဟုတ်ပါ။
• ဂီယာအမှတ်အသားက
P R N D S L
🚨 D ပြီးရင် S နဲ့ Lသာပါ ပါမယ် ။
🚨 3 2 တွေမပါဘူးဆိုရင်တော့ CVT ပါ။

🔧နောက်တစ်နည်းကတော့ မောင်းနှင်ကြည့်ရမှာဖြစ်ပါတယ်။
CVT (Continuously Variable Transmission)
ဆိုတဲ့အတိုင်း ...ATF လို ဂီယာတစ်ခုနဲ့တစ်ခု အချိန်းအပြောင်းတိုင်း ကားလှုပ်မသွားတော့ပါဘူး
အရှိန်ပြောင်းလဲမှုကတည်ငြိမ်ပါတယ်။
လေးစားစွာဖြင့်
ကိုထွန်း ရဲ့ပိုစ် အားပြန်လည် မျှဝေ ပါတယ်။

⛓️‍💥ကားနည်းပညာများ အခမဲ့
လေ့လာသင်ယူလိုသူများအတွက်

⛓️‍💥Tiktok link

⛓️‍💥https://www.tiktok.com/.automotive?_t=8qPHddJraEs&_r=1

⛓️‍💥Youtube link

⛓️‍💥https://youtube.com/?feature=shared

⛓️‍💥Subscribe & Following လုပ်ပြီး
လေ့လာနိုင်ပါတယ်။

🧑‍🔧BFBM AUTOMOTIVE
🧑‍🔧အင်ဂျင်၊အောက်ပိုင်း၊အဲကွန်း၊ဝါယာရိမ်း၊ရေဆေး ဆီလိုက် အာမခံ ၀န်ဆောင်မှု လုပ်ငန်း

🧑‍🔧တောင်ကြီးမြို့၊အေးသာယာ၊စက်မှုဇုန်လမ်း

🧑‍🔧09666550682

Credit》》
Ko Htun Htun
photo:Ko Htun Htun

24/10/2024

Car fuse ⚠️
It is one of the important elements to protect the car and its devices from any short circuit or lock, which may result in a sudden increase in the ampere draw that exceeds the ampere value written on the fuse
In this case, the fuse collapses and burns immediately to protect what comes after it from burning or damage
Each color of the car fuse means the ampere value it works on, as in the following picture
The importance of coupling the ampere with the task that the fuse performs in protection makes it more sensitive to the problem and quick to respond and cut at the appropriate time
Therefore, it is wrong to put a fuse with a different ampere than the original or replace the fuse with a bridge of wire or a wire strand because the wire you put is random ampere and you do not know the limit at which it will be cut off and may cause a fire!!
Therefore, this is considered a mistake and an uncalculated risk.

But sometimes circumstances force you to use a wire strand as an alternative if it breaks down on the road, but this must be a temporary alternative only and for a very short time until a fuse with a suitable amperage is purchased and installed..

Important note
If you install a new fuse and it burns out, you must stop trying to put another fuse and you must look for the reason that causes the fuse to burn out and solve the problem from the root✋

29/08/2024
04/07/2024

ကားဘက်ထရီ
ခေါင်းဖြုတ်မိသောအခါ
သေချာပေါက်ကြုံကျရသော
ပါဝါဝင်းဒိုး ပြသာနာ
💥💥💥💥💥

💣 ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။

ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။

ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...

🤔 ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..
👀 ကျနော်တို့အခေါ် အဝေါ်
ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ..

💭 ဘယ်လိုလုပ်ရမလဲ ?
🚘 ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..

🚘 ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..
ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)
ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..

ု🚘 ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။

မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း
ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...

🚨 သတိပေးချက် ။ ။
ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ ...
လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ ...

04/07/2024

သင့်ကားမှာ
ဓာတ်ဆီနံ့
ထွက်နေရခြင်းအကြောင်း ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားတွေမှာ ဓာတ်ဆီနံ့တွေ ထွက်ထွက်နေတာ ကြုံဖူးပါလိမ့်မယ်။

အကြောင်းကတော့ အများကြီးရှိပါလိမ့်မယ်။
ထင်ရှားတဲ့ အချက်တွေကတော့...

🔹၁။ ဆီတိုင်ကီ ဆီထည့်တဲ့ အဖုံး Gas cap မလုံတော့လို့ ဆီငွေ့ပျံခြင်းဖြစ်ပါတယ်။

ဒါဆိုရင် ဆီအဖုံး အက်နေလား၊ seal ချောင်နေလား၊ အဖုံးမကြပ်တာလား စစ်ဆေးပြီး ပြုပြင်လိုက်ပါ။

🔹၂။ EVAP စနစ်မှ ဆီနံထွက်ခြင်း။

EVAPစနစ်ကတော့ ဆီတိုင်ကီထဲက ဆီငွေ့တွေကို ကာဗွန်မှုန့်တွေနဲ့ ဖမ်းပြီး အင်ဂျင်လေလိုင်းထဲကို ပြန်ထည့်ပေးခြင်းပါ။

ဆီငွေ့ အပိတ်အဖွင့်အတွက် Solenoid ဗားကိုအသုံးပြုပါတယ်။
ကာဗွန်ဗူး (Charcoal Canister) အက်ကွဲနေတာ၊ ပိုက်တွေမလုံတာ ဖြစ်နေရင်လည်း ဆီနံ့ထွက်ပါလိမ့်မယ်။

🔹၃။ အင်ဂျင် ဆီများနေခြင်း။

အများအားဖြင့် စက်စနှိုးတဲ့အချိန်မှာ ဆီနံ့ထွက်တတ်ပါတယ်။

အကြောင်းကတော့ အင်ဂျင်မှာ လိုအပ်တဲ့ ဆီပမာဏထက် များပြီးပေးနေလို့ပါ။

အဲ့လိုဖြစ်နေတာကတော့
အင်ဂျင် အအေးခံရေ ဆင်ဆာ Engine Coolant Temperature Sensor (ECT) မကောင်းတာ၊ Fuel Injector အမြဲ ပွင့်နေတာ၊ လေဆင်ဆာ (MAF/MAP) များမကောင်းတာ၊
အင်ဂျင် မီးတိုင်မင် မမှန်တာ၊ လေစစ် ညစ်ပတ်ပြီးပိတ်နေတာ၊ O2 sensor မကောင်းတာ၊
လေအဝင် အပူချိန်ဆင်ဆာ (IAT) မကောင်းတာ နဲ့ ဆီဖိအား regular မကောင်းတာတို့ကြောင့်ဖြစ်ပါတယ်။

အာ့ဆိုရင် အိတ်ဇောမှာ အမဲမှုန့်တွေပါမယ်၊ ဆီစားမယ်၊ ပလတ်ဂ် မှာ အမဲဂျိုးတွေကပ်မယ်၊ အင်ဂျင် မီးသံထွက်ပြီး အဆွဲအရုန်းကျပါမယ်။

🔹၄။ အင်ဂျင် Misfire ဖြစ်ခြင်း။

ဆီနံ့ကတော့ အိတ်ဇောလိုင်းမှ ထွက်ပါမယ်။
အင်ဂျင်တွင်း မီလောင်ပေါက်ကွဲမှု အပြည့်အဝမရှိလို့ မလောင်ကျွမ်းလိုက်ရတဲ့ ဆီတွေ အိတ်ဇောကထွက်လာပါမယ်။

အကြောင်းကတော့ ပလက်ဂ် မကောင်းခြင်း၊
Head gasket နဲ့ ဗားတွေ၊ ရင်းတွေ မလုံခြင်းကြောင့်ဖြစ်ပါတယ်။

အင်ဂျင်လည်း နှိုးရခက်ပြီး Check engine light ပေါ်လာပါမယ်။
နောက်ဆက်တွဲအနေနဲ့ Catalytic Converter ပါပျက်စီးတတ်ပါတယ်။

🔹၅။ Fuel Injector ယိုစိမ့်ခြင်း။

ကားစက်စနှိုးချိန်နဲ့ အရှိန်တင်တဲ့ အချိန်တွေမှာ ဆီနံ့ထွက်ပါမယ်။

ဆီစားမယ်၊ အိတ်ဇော အငွေ့မြင်ရပါမယ်။ အင်ဂျက်တာမှာ ဆီတွေစိုနေတာ မြင်နိုင်ပါမယ်။

🔹၆။ နောက်ဆုံးအဖြစ်များတာတော့ ကားထဲမှာ ဆီနံ့တွေမွှန်နေတာပါ။

အာ့ဆိုရင်တော့ ဆီတိုင်ကီထဲက
ဆီပန့်၊ ဆီစစ် နဲ့ ပိုက်စနစ် မကောင်းလို့ ဖြစ်နိုင်ပါတယ်။

နောက်ထိုင်ခုံအောက်မှာ ဆီပန့်ထိုင်ထားတဲ့ ကားတွေမှာ ပိုဆိုးပါမယ်။

အချို့ ဆီတိုင်ကီပန့် လဲလှယ်ပြီး ကောင်းကောင်းပြန်မတပ်ထားရင်လည်း ဆီခိုးထွက်ပါမယ်။

စာရေးသူကိုယ်တိုင်ကြုံဖူးတာကတော့ ဆီတိုင်ကီကြမ်းပြင်ကို အောက်နဲ့ ပွမ်းထားပြီး သံချေးတက်ကာ ဆီတိုင်ကီပေါက်စိမ့်နေခြင်းဖြစ်ပါတယ်။

ဒါကြောင့် ကားအောက်ပိုင်း ခြစ်မိရင် သေချာကြည့်ပါ။
အောက်မှာ တန်းတွေပါတာပဲ ဆီတိုင်ကီကို မထိဘူးမထင်ပါနဲ့။ ကိုယ်တွေ့ဖြစ်ပါကြောင်းဖြင့်။ ။

ရေးသားသူ -လင်းထက်
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်

04/07/2024
04/07/2024

ABS ဘရိတ်စနစ်ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ ?
ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ ?
ABS မီးဘာကြောင့်လင်းရသလဲ ?
ဘယ်လိုပြုပြင်နိုင်သလဲ ?
ဆိုတာတွေကို ကားတစ်စီးရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဘရိတ်စနစ်တွေအကြောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ဆွေးနွေးတင်ပြပေးပါ့မယ်။
ဒီဆောင်းပါးလေးဖတ်ပြီးရင် ကားလောကရဲ့ ဗဟုသုတအမှားတွေဖြစ်တဲ့ ABS ဘရိတ်စနစ်ကမကောင်းဘူးလို့ပြောကြတယ်၊ အဲဒါဖြုတ်လို့ရမလား ?။ ABS ဆိုတာ Auto Braking System ကိုပြောတာလား ?။ ABS ဘရိတ်တပ်ထားရင် ဘရိတ်ရှူးတွေပိုစားတယ်။ ကားလမ်းကြပ်ရင် အဲဒီဘရိတ်စနစ်က မကောင်းဘူး။ ABS မီးလင်းလာတာနဲ့ ဘရိတ်လုံး၀မမိတော့ဘူး။ အစရှိသဖြင့် ပြောနေကြတဲ့ နားလည်မှု လွဲနေတဲ့ အမှားတွေကို သိပ္ပံနည်းကျ နားလည်ဖြေရှင်းတတ်သွားမယ်လို့ အာမခံပါတယ်။
ABS ဘရိတ်စနစ်ဆိုတာဘာလဲ ?
ABS ဆိုတဲ့စကားလုံးကိုတော့ အခုခေတ်ကားမောင်းနေတဲ့ သူတိုင်းကြားဖူးနား၀ရှိမှာပါ။ ABS ဆိုတာက အခုကားသမားအများစုထင်နေသလို Auto ဘရိတ်ဖမ်းတဲ့စနစ်မဟုတ်ပါဘူး။ ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့စကားလုံးကို အတိုကောက်ယူထားတာပါ။ Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁၀၀ ရာခိုင်နှုန်းမချုပ်ထားဘဲ လိုသလောက်ပဲထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို့ မြန်မာမှုပြုနိုင်ပါတယ်။ ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင်လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်ကကောင်းပါ့မလားလို့ ထင်မြင်ယူဆဖွယ်ရာတွေရှိလို့ ဘာကြောင့်ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ် ပြန်လွှတ် ပြန်ဖမ်းပေးရသလဲဆိုတာ ထပ်ရှင်းပြပါ့မယ်။
ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကျနော်တို့ကိုးတန်းဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ့နိယာမ (Pascal 's Law) P=F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး (Hydraulic Braking) နည်းတွေနဲ့တီထွင်အသုံးပြုပါတယ်။ အဲဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁၀၀ ရာခိုင်နှုန်းအသေဖမ်းချုပ်ကိုင်လိုက်တဲ့ (Lock) စနစ်ဖြစ်ပါတယ်။
အဲဒီလိုအရှိန်များများနဲ့ရွေ.လျားနေတဲ့ကားရဲ့ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ်ဆိုရင်ပဲ ရွေ့လျားနေသော အရာ၀တ္ထုသည်ဆက်လက်ရွေ့လျားခြင်း (Law of Inertia) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေအကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွေ့လျားနေတဲ့ ကားရဲ့ဘော်ဒီတခုလုံးက ဆက်လက်အရှိန်နဲ.ရွေ့လျားကာ ကားက သင်ထိန်းချုပ်မှုအောက်ကလွတ်သွားပြီး တရွတ်တိုက်ဆွဲသွားပြီး တိုက်ချင်တဲ့ဆီကို ၀င်တိုက်၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက်ပြီး မလိုလားအပ်တဲ့ Accident တွေဖြစ်ကုန်ပါတော့တယ်။ ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့အတွက် ဘီးတွေကို အသေမထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန်ကားကို လိုသလိုကွေ့နိုင်ခေါက်နိုင် ထိန်းချုပ်နိုင်တဲ့ ABS စနစ်ဆိုတာကို တီထွင်ခဲ့ကြတာပါ ။
ABS စနစ်ကဘယ်လိုအလုပ်လုပ်သလဲ ?
ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, ABS Accumulator, Hydraulic Control Unit ၊ ECU ( Electronic Control Unit ) တို့ဖြစ်ပါတယ်။
ကားတစီးအရှိန်နဲ့မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တခုနဲ့ ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ့လည်ပတ်နေသလဲ၊ ဘရိတ်ဖမ်းလိုက်ချိန်ဘယ်လောက်အရှိန်လျော့သွားသလဲဆိုတာကို ECU (Electronic Control Unit) ကိုသွားသတင်းပို့ပါတယ်။
ECU ( Electronic Control Unit ) ကနေတဆင့်ရထားတဲ့ ဒေတာတွေကို Hydraulic Control Unit ကို တဆင့်စေခိုင်းပြီး အဲဒီကနေမှ ဘရိတ်ဖမ်းဖို့ဘယ်လောက် ဖိအားပေးသင့်တယ်ဆိုတာကိုတွက်ချက်ပြီး Solenoid Valve တွေကနေတဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန့်ပေးတာ၊ လျှော့ချပေးတာ၊ တိုးပေးတာတွေလုပ်ပြီး ဘရိတ်ကို ၁၀၀ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။ အဲ့ဒီဖြစ်စဉ်တွေဟာ စက္ကန့်အစိတ်အပိုင်းလေးမှာဘဲ တွက်ချက်ပေးပြီး အလုပ်လုပ်သွားတာမျိုးပါ။
ABS စနစ်ရဲ့အားသာချက်တွေ က ဘာတွေလဲ ?
ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာဘဲ စီယာတိုင်ကို လိုသလိုထိန်းချုပ်မောင်နှင်နိုင်တယ်။ ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ဘဲ ထိန်းချုပ်တာမို့ ကားက စလစ်ဖြစ်ချော်ထွက်ခြင်းမှကာကွယ်နိုင်တယ်။ အရှိန်ပြင်းပြင်းနဲ့ မောင်းနေချိန်ဘရိတ်ဖမ်းလိုက်လို့ မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်းတည်ငြိမ်တယ်။ ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေးတိုတာမို့ ပိုလို့အန္တရာယ်ကင်းဝေးတယ်။ အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကိုကာကွယ်ပေးတယ်။ လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတခုခြင်းဆီရဲ့လည်ပတ်နှုန်းကိုအာရုံခံတာမို့ လမ်းကနေချော်ထွက်သွားတာမျိုးကာကွယ်ပေးတယ်။ ကြမ်းတမ်းနေတဲ့လမ်းအနေအထား၊ ရေတို့၊ ချောဆီတို့ ရှိနေတဲ့လမ်းအနေအထားမျိုးမှာ ဘရိတ်ဖမ်းလိုက်ရင် ချော်ထွက်ခြင်းမှကင်းဝေးစေတယ်။
ABS မီးဘာကြောင့်လင်းရသလဲ ?
ABS မီးလင်းရတဲ့အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, Hydraulic Control Unit, ECU (Electronic Control Unit) တို့တခုခုချို့ယွင်းပျက်စီးခဲ့မယ်ဆိုရင် ABS မီးလင်းလာပါမယ်။ အဓိကအားဖြင့် အဖြစ်များဆုံးကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ကနေအဖြစ်များပါတယ်။ ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေကြောင်ပြီးABS မီးလင်းလာတတ်ပါတယ်။ သံကြေးတက်သွားတာမျိုး၊ ဘရိတ်ပြုပြင်ရင်း မတော်တဆထိခိုက်မိတာမျိုး၊ Wheel Speed Sensorsတွေပြန်မတပ်မိတာမျိုး တွေကလည်း ABS မီးလင်းလာတတ်ပါတယ်။ တချို့ကားတွေမှာ နောက် ဘရိတ်မီးသီးကျွမ်းနေတာကနေလည်း ABS မီးသွားလင်းနေတတ်ပါတယ်။ Brake Pad တွေကုန်နေရင်လည်း ABS မီးလာလင်းတာမျိုးတွေ တချို့ကားတွေမှာဖြစ်တတ်ပြီး တချို့မော်ဒယ်မြင့်ကားတွေမှာတော့ Brake Pad ကုန်နေတာကို Warning Light သီးသန့် ဖော်ပြပေးပါတယ်။
ABS မီးလင်းလာရင် ဘာလုပ်သင့်လဲ ?
ABS မီးက ပုံမှန်အားဖြင့် ကားသောဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ။ မဟုတ်ဘဲ ဆက်လင်းနေတယ်ဆိုရင်တော့ ABS System တခုခုချို့ယွင်းနေပြီး ၊ဒါပေမဲ့ သင့်ကားမှာ ရိုးရိုးဘရိတ်စနစ်ကတော့အလုပ်လုပ်နေဆဲပါ။ ABS မီးတခုတည်းလင်းနေတာမျိုးဆိုရင်တော့ ကားရဲ့ ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ၊ ဘရိတ်လျော့ကျသွားလား၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်၀ပ်ရှော့မှာစစ်ဆေးပြုပြင်ရမှာပါ။
Brake Warning Light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ ?
အခြေခံဘရိတ်မီးလင်းလာတာ(ABS မီးနဲ့မတူပါဘူး) မျိုးကတော့ Parking Brake (ဟန်းဘရိတ်ဆွဲထားတာ)၊ Master Cylinder Fluid Reservoir (ဘရိတ်အပေါ်ဆုံ) မှာဘရိတ်ဆီနည်းနေတာ၊ ဘရိတ်ဆလင်ဒါတွေ က ဝါရှာတွေပေါက်နေတာ၊ ဘရိတ်ရှူး တွေပါးနေတာ ဘရိတ်ဆီလိုင်းတွေ ပေါက်နေတာတွေကြောင့်ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီးဆွဲထားမိသလား ပြန်စစ်ပါ ဆွဲထားမိရင် ဟန်းဘရိတ်ပြန်ချပါ။ အပေါ်ဆုံမှာ ဘရိတ်ဆီနည်းနေသလားပြန်စစ်ပါ။ နည်းနေရင် Max အမှတ်ရောက်အောင် ဖြည့်ပေးပါ၊ ကားစက်သတ်ပြီး တဖန် ကားစက်ပြန်နှိုးကြည့်ပါ။ မပျောက်သေးရင် ကျွမ်းကျင်၀ပ်ရှော့ကို ပြသစစ်ဆေးဖို့လိုနေပါပြီ။
တချို့ကားတွေမှာ Brake Warning Light ကိုပဲ အဝါရောင် နဲ့ အနီရောင်နှစ်မျိုးခွဲထားပြီး အဝါရောင်က သင့်ရဲ့ဘရိတ်စနစ်မကြာခင်ချို့ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို့ ချက်ခြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။
ABS မီးရော Normal Brake Warning Light ရောပေါ်နေတယ်ဆိုရင် ?
ဒါဆိုရင်တော့သင့်ကားရဲ့ ဘရိတ်စနစ်တခုလုံး ချို့ယွင်းပျက်စီးနေပါပြီ။ အရမ်းအန္တရာယ်ကြီးတာမို့ မပြုပြင်ဘဲ မောင်းနှင်ဖို့မသင့်တော့ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ချက်ခြင်း ကျွမ်းကျင်၀ပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို့ အကြံပြုတင်ပြလိုက်ရပါတယ်။ အခြားမျိုးတူမူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမဲ့ အခုလောက်ဆိုရင် ABS စနစ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ အခြေခံတွေသိလောက်ပြီလို့ ယူဆရပါတယ်။
မှတ်ချက်။ ။တချို့ကားတွေမှာ Brake Pad (ဘရိတ်ရူးကုန်တာမျိုး)၊ Parking Brake (ဟန်းဘရိတ်) ဆွဲထားတာမျိုးတွေကို သီးသန့်အချက်ပြမီးတွေပြတာမျိုးရှိပါတယ်။ ဘရိတ်နည်းပညာတွေဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ Over Speed မောင်းနှင်ခြင်းကသင့်နဲ့သင်ကားကိုထိခိုက်ပျက်စီးစေမှာမို့ အသိသတိနဲ့ဆင်ခြင်ကြပါလို့ စေတနာထားတိုက်တွန်းရပါတယ်။





28/04/2024
19/01/2023

အမြဲတမ်း D မှာထားပြီးကားမောင်းနေကြတဲ့ မိတ်ဆွေတွေ အတွက် ၊မဖြစ်မနေ ဖတ်သင့်သော
အော်တိုဂီယာအကြောင်း
********************

ကီလို 100 ကျော်နေရင် အရှိန်ကိုO/D
နဲ့လျှော့ပါ ကီလို60/70 ဆိုရင် အရှိန်ကို2နဲ့လျှော့ပါ Lကတော့ဝိတ်နဲ့အမြင့်တတ်ရင်သုံးပါ...

[ " ကီလို-၁၀၀-အေးဆေးပါ------ဒါပေမယ့်--၁-စက္ကန့်မှာ-၈၈--ပေ--သွားနေတာတော့-သင်သိပါ-" ]
၁-စက္ကန့်မှာ-၈၈-ပေ-သွားနေတာကိုအချိန်မီထိန်းချုပ်နိုင်မှ-ကားတစ်စီးဟာ-ဘေးကင်းစွာရပ်တန့်သွားမှာပါ-
ကားရဲ့လားရာအမှန်ကို-လက်ကိုင်ဂွေကို-ထိန်းချုပ်လို့တစ်မျိုး--ကားမြန်နှုန်းကို-ဂီယာ-ဘရိတ်-များနဲ့စနစ်တကျလည်းထိန်းချုပ်တတ်ရပါသေးတယ်-
အဓိက-ပြောပြချင်တာကတော့-ခုခေတ်ပေါ်လူစီး-ကားအားလုံးနီးပါးမှာ-AT/CVT-စနစ်များနဲ့လာတဲ့-အော်တိုဂီယာ-ဖြစ်လို့သွားပါပြီ-
--ယခင်မော်ဒယ်များမှာ-ပါနေကျ--ဂီယာဘုတံကြီးဘေးနားက--အသီးလေးဖြစ်တဲ့--OverDrive- On/Off--ဆိုတဲ့ဖန်ရှင်လေးကို--
အရှိန်-90/100km--လောက်နဲ့မောင်းနေရင်း--လမ်းရဲ့-curve--တွေ-band ---တွေကိုရောက်လာတဲ့အခါ--ဘရိတ်ကိုအရင်မဖမ်းပဲ--
-O/D --On-Off--ဖန်ရှင်ဘုလေးကို-ဖွင့်လိုက်ပိတ်လိုက်ကစားပြီးမောင်းတတ်ဘို့-ကိုလည်းလက်တွေ့ပြောပြလိုက်ပါတယ်--
-P-နဲ့-R--ကိုထိုးဘို့နှိပ်လိုက်ရတဲ့ဘုအကြီးမဟုတ်ပါ---ဒါနဲ့မမှားပါနဲ့--
အဆိုးဆုံးက-ဒီဘုလေးအလုပ်လုပ်ပုံကိုဘာမှန်းမသိ-ညာမှန်းမသိပဲ--ကိုင်လို့ကောင်း-ကြည့်လို့ကောင်းအောင်--အလှအပအစွပ်တွေစွပ်လိုက်တာဟာလည်း-
စနစ်တကျမောင်းဘို့ကိုသင်ပေးလို့မရတော့ပါဘူး--တတ်နိုင်ရင်လက်ကိုင်ဂီယာတံကိုဘာမှမစွပ်ပါနဲ့--ဟုတ်တယ်ဟုတ်-
ဒီ-ဘုလေး-အဖွင့်အပိတ်ကို--ကီလိုမနဲမများအရှိန်လောက်ရောက်မှ-စမ်းကြည့်ရင်-
သူ့ရဲ့အလုပ်လုပ်ပုံကသိသာစွာတွေ့ရပါတယ်--မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့--ထူးခြားတာတွေ့ရမှာမဟုတ်ပါ---
ဟိုက်ဝေးလမ်းကြောင်းပေါ်မှာ--ကီလို-မနဲမများနဲ့----၉၀-၁၀၀-ကျော်ကျော်လောက်မောင်းနေရင်း--စောစောကပြောပြတဲ့-ဂီယာတံလက်ကိုင်ကြီးအောက်နားက-
ဘေးဘက်မှာရှိတဲ့-ဒီဘုသီးလေးကိုနှိပ်လိုက်ရင်--ဒိုင်ခွက်ထဲမှာ--O/D --On-Off --ဆိုတဲ့လိမ္မော်ရောင်-မီးလေးလင်းလာပါလိမ့်မယ်-
-ဒီအချိန်မှာ--ဒီဖန်ရှင်ကစတင်အလုပ်လုပ်ပါပြီ--
-ကားရဲ့တက်လာတဲ့-Speed--ကို-ကွန်ထရိုးလေးလုပ်လိုက်ပါပြီ--ကား--အရှိန်နှုန်းမြန်လာမှုကို-သတိပေးချုပ်ချယ်လိုက်ပါပြီ-
ဂီယာဘောက်ခေါ်တဲ့ထရန်စမစ်ရှင်းအားကိုးနဲ့အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့-ကား-အမြန်နှုန်းဟာ-ရုတ်တရက်---စည်း--ကနဲဖြစ်သွားပါပြီ-
-လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး-နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါဘူး--
-ဒီတော့--Over Drive --မဖြစ်အောင်ထိန်းထားပေးတဲ့သဘောလည်းသက်ရောက်သွားပါတယ်--ဒီအချိန်မှာဘရိတ်ကိုလိုအပ်လို့မှေးမယ်-နင်းမယ်ဆိုပါတော့-
အင်ဂျင်ကွန်ထရိုးတစ်ခုက-လိုအပ်သလိုပံ့ပိုးထားလို့--ဘရိတ်အတွက်လည်းအထောက်အကူပြုပါတယ်--
အမြဲတန်း-ဒီဘုလေးကို-နှိပ်ထားပြီးမောင်းရင်လည်းရပါတယ်----ဒိုင်ခွက်ထဲမှာ-လိမ္မော်ရောင်မီးလေးလင်းလာတာကိုမြင်ရပါမယ်---
နိုင်ငံခြားမှာတော့-ဟိုက်ဝေးလမ်းကိုတက်လိုက်ပြီဆိုတာနဲ့အပြီးနှိပ်မောင်းတယ်လို့သိရပါတယ်--သူ့အဓိပါယ်အရလည်း--အိုဗါဒရိုက်--မဖြစ်အောင်လုပ်ထားပေးတယ်ဆိုပါတယ်-
သူတို့ကတော့-ဆီလေးနဲနဲပိုစားတာကိုဂရုစိုက်ဘို့မလိုဘူးလေ--ဒီမှာက--ဒါမျိုးကိုလုပ်ဘို့အသာထား--ဆီစားသက်သာအောင်-ဘာဂီယာဖြစ်ဖြစ်-
ဖရီးရိုက်နေတာကိုတွေ့နေရပါတယ်----ဂီယာကွန်ထရိုးမပါပဲလွတ်လွတ်လပ်လပ်ကြီးသွားနေတဲ့ကားဟာအလွန်အန္တရာယ်များပါတယ်--
ကားရပ်ဘို့အတွက်-ဘရိတ်တစ်ခုထဲပဲအားကိုးပြုရတော့မယ်--ဒါဟာမကောင်းပါဘူး--
အိုဗါဒရိုက်ကွန်ထရိုးနဲ့သုံးပြီးကားကိုအရှိန်နဲ့မောင်းနေတဲ့အခါ-
-စည်းစည်းလုံးလုံးနဲ့မောင်းနေတာကိုသိရမယ်---ဒါပေမယ့်--ဆီတော့နဲနဲပိုစားပါမယ်----
လမ်းကွေ့တွေ-အစောင်းတွေရောက်တဲ့အခါ--မှာ--ရုတ်တရက်--အရှိန်များသွားတာကိုမခံရပါ--OverDrive--ဖြစ်လာမှာကိုတားဆီးပေးထားတာပါ--
နင်းလိုက်ရင်လည်း--စည်းစည်းလုံးလုံးနဲ့ကားကပြေးမယ်-လီဗါကိုလွှတ်လိုက်ရင်လည်း--ကားက--ဂီယာအောက်တစ်ချက်ကိုဆင်းသွားသလို--ငြိမ့်ကနဲ-
ကွန်ထရိုးအငယ်စားလေး-တစ်ခု၀င်သွားကာ-ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ--ဘရိတ်အားကိုးနဲ့ထင်တိုင်းမမောင်းရပါဘူး--
ကိုယ်မောင်းနိုင်တဲ့အခြေအနေ-လမ်းအခြေအနေများကိုတွက်ဆကာ--ကိုယ်နိုင်တဲ့ကွန်ထရိုးနဲ့ကားကိုမောင်းရပါတယ်ခင်ဗျာ--
[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်--အော်တိုဂီယာလို့-သဘောမထားပဲ--ဒီ-ဘုသီးလေးကို-လိုအပ်တဲ့အခါ-ဖွင့်လိုက်ပိတ်လိုက်နဲ့မောင်းတတ်ရင်တော့-
အကောင်းဆုံးပေါ့ဗျာ-]

-ကားမောင်းရင်းအပျင်းလည်းပြေတာကိုတွေ့ရမှာပါ--လုပ်စရာအလုပ်တစ်ခုကိုလည်းအမြဲလုပ်ပြီးသားဖြစ်နေတော့--အိပ်ငိုက်လာတဲ့-စိတ်လည်း-
မရှိတော့ဘူးပေါ့--
မောင်းချင်သလိုမောင်း--ကွေ့တွေ-အစောင်းတွေတွေ့တာနဲ့ဘရိတ်ကိုရုတ်တရက်ဖမ်းရင်--ဗဟိုခွါအားတို့--အီနားရှားတို့ဆိုတဲ့သဘောနဲ့ကားကမှောက်တတ်ပါတယ်-
လမ်းကြောင်းလွဲထွက်တတ်ပါတယ်----
မော်တော်ကားရဲ့-ဘရိတ်ဆိုတာ---****ဘီး-၄-ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ--****
***ကားတစ်စီးလုံးကိုရပ်တန့်စေတဲ့--အရာ--မဟုတ်ပါ--ဆိုတာကိုလည်း--သိသူအလွန်နည်းပြီး--ဘရိတ်အားကိုးနဲ့မောင်းနေကြသူများနေလို့ပါ--
စောစောကပြောခဲ့တဲ့--အိုဗာဒရိုက်ကွန်ထရိုးဘုအသေးလေးက--နောက်ပေါ်ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ကားအချို့မှာတော့သီးခြားပါမလာတော့ပါဘူး--
(3- AT--ပဲရှိတဲ့မီနီထရပ်ခွေးဘီလူးအုပ်စုကားများမှာမပါပါ-)
ဇစ်-ဇက်-ဂီယာတံနဲ့လာတဲ့-ဒီကားမျိုးမှာတော့---D-နဲ့-ကပ်လျက်နေရာမှာ--S--ဆိုပြီးရေးထားပါတယ်--အရှိန်များလာရင်--စောစောကပြောထားတဲ့-ဘုသီးလေးကိုနှိပ်သကဲ့သို့---သဘောထားပြီး-
ဂီယာတံကို-D--နေရာမှ--S--နေရာကို-ရဲရဲတင်းတင်းပြောင်းလိုက်ပါ---ကားအရှိန်က-စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်--ရိုးရိုး-AT-ဂီယာတံက-2-ကိုပြောင်းလိုက်သလိုပါပဲ-
ဒါလည်း--အိုဗါဒရိုက်ကွန်ထရိုးပါပဲ--မိမိထိန်းသိမ်းနိုင်တဲ့အရှိန်ကိုပြန်ရတော့မှ-D-ကိုပြန်ထားလိုက်ပါ--မြေပြန့်လိုခရီးဝေးသွားရင်-
ဒီလောက်တော့-ကွန်ထရိုးအသီးသီးလုပ်နိုင်ရပါမယ်---ကျန်တဲ့-ဂီယာ-နေရာပြ-2-တို့--L--တို့အကြောင်းကတော့--သာမာန်မောင်းမယ့်သူများအတွက်-နေပြည်တော်လိုမြေပြန့်လမ်းအတွက်-
သုံးစရာမလိုပါ---တောင်ပေါ်/မြေပြန့်-တက်လိုက်ဆင်းလိုက်လုပ်တဲ့အခါမှသုံးရမှာမို့-ခုတော့ရှင်းမပြသေးပါဘူး--ခုပြောနေတဲ့ခေါင်းစဉ်နဲ့မဆိုင်လို့ပါ-
ခုလိုအခါမျိုးခရီးသွားရာသီရောက်လာတာနဲ့အမျှ-အမြန်လမ်းအသီးသီးမှာ-ကားမျိုးစုံ-က-မိုင်နာ-ရော-မေဂျာရော-အက်ဆီးဒင့်ခဏ-ခဏဖြစ်နေကြတာကိုလည်း-
တွေ့နေ-မြင်နေရတော့-ဖြေဖျောက်ဘို့လည်းမလွယ်-မကြျစိထဲတဝဲ၀ဲလညျလညျ-မြင်ရအားကြီးလို့--မျက်စိနောက်-နားငြီးအောင်သတိပေးစကားပြောကြားနေရတာပါ-
ထပ်မံပြီး-ခု-ဆက်တိုက်ရောက်ရှိလာတဲ့ခေတ်မီကားများအကြောင်းထဲက--ခေတ်မီကိရိယာကွန်ထရိုးများအကြောင်းလည်းပြောပြချင်ပါတယ်-
ဘရိတ်စနစ်များကလည်း--ABS--ဆိုတဲ့--Anti Locked Braking System---များပါလာကြပါတယ်----
ဘရိတ်စနစ်ကိုစပြောပါ့မယ်----ဘရိတ်ဖမ်းလိုက်တဲ့ပုံစံကို-ဘီးကို-လော့ချလိုက်တယ်ပေါ့--ဘရိတ်ကို-လွှတ်လိုက်တယ်ဆိုပါတော့--လော့မချလိုက်တော့ဘူးပေါ့-
ကဲ--အန်တီလော့ဘရိတ်စနစ်ဆိုတာ-ဘာကိုလဲဆိုတော့--ဘရိတ်ကိုရုတ်တရက်-လော့ချလိုက်တာကနေ-ခဏပြန်လွှတ်---ပြီးမှ-တစ်ဘီးချင်းစီကို-
လည်ပတ်နှုန်းမြန်အရ--ဖိအားကိုစနစ်တကျတွက်ချက်လွှတ်ပေးလို့-ဘရိတ်အမိညင်သာသွားပါတယ်-အင်မတန်မြန်တဲ့အချိန်လေးအတွင်းမှာ-ကွန်ပြူတာအာရုံခံ
စနစ်များက-ဘရိတ်ဘူစတာ-ကိရိယာကတစ်ဆင့့်-ဘီးတစ်ဘီးချင်းစီရဲ့-ဟိုက်ဒရောလစ်ပိုက်-အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက်တွက်ချက်လွှတ်လိုက်ပါပြီ-
ကားတစ်စီးတည့်တည့်မတ်မတ်သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ-ဘီး-လေးဘီးကအညီအမျှလည်ပေးပါတယ်--ဒီအချိန်မျိုးမှာ-ဘီး-၄-ဘီးရဲ့-ဘရိတ်ကိုတော့-
အညီအမျှဖမ်းပေးပါလိမ့်မယ်--ဒီအခြေအနေနဲ့-ဒက်စတော့-ဆိုတဲ့-တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင်-ယခင်ကားဟောင်းများအတွက်စနစ်ဟောင်းနဲ့ဆိုပါက-
ကျွိ-အိ-အိ-ဗျိ---ဆိုတဲ့--လမ်းနဲ့တာယာပွတ်သံကျိမ်းသေထွက်မှာပါ---
လမ်းမှာလည်းမြင်မကောင်း--အောင်--တာယာပွတ်သွားတဲ့လမ်းကြောင်းဟာလည်း-မြွေလိမ်-မြွေကောက်-သဏ္တန်ကျန်ခဲ့မှာပါ--
ကားရပ်သွားပေမယ့်-အိနြေ္ဒပျက်ပါတယ်----ဘရိတ်မိပြီးချိန်-တာယာအားလုံးရပ်ပြီးချိန်ရောက်မှ-ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့-အရှိန်နဲ့-ရှေ့က -Object-တစ်ခုခုကို
သွားတိုက်ပါလိမ့်မယ်---ဒီအချိန်မှာကားဟာ-ဘီးတတ်ထားတယ်ဆိုသောငြားလည်း--ဘီးတွေအားလုံးရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့-
-အရာ၀တ္တုတုံးကြီးတစ်ခုလိုဖြစ်သွားပြီး--အီနားရှားသဘောနဲ့ရွေ့မြဲရွေ့နေလိုတဲ့သဘောရှိနေလို့----လမ်းနဲ့-ဘီးရပ်လျက်အနေထားတို့ရဲ့-ပွတ်မှုအနေထားဖြစ်စဉ်များအရ-
တစ်နည်းအားဖြင့်--ဘရိတ်ဖမ်းလိုက်တော့မှ-လမ်းဘေးကိုထိုးကျသွားတာတို့--ရှေ့ကားကိုလွဲသွားပေမယ့်--ဘေးကကျော်တက်လာတဲ့ကားနဲ့-တွေ့သွားကြတာတို့
ဖြစ်ကြရပါတယ်--တစ်နည်းအားဖြင့်-ဘရိတ်အမိကြမ်းခဲ့လို့--ဒရွတ်ဆွဲသွားတဲ့ပြသနာဆိုးကျိုးတစ်ခုပေါ့ဗျာ--ဘီးမလည်တော့-ကားရဲ့လားရာကိုကွန်ထရိုးမလုပ်နိုင်တော့ပါဘူး-
ကွန်ထရိုးမလုပ်နိုင်တဲ့သဘောတရားများကိုပြောပြရရင်--ရှင်းလေရှုပ်လေတော့နဲနဲဖြစ်ပါမယ်-ခုပြောမယ့်သဘောတရားများကို-ဂရုတစ်စိုက်-တော့ရှိလိုက်ပါ-
ကားများမှာရှိတဲ့တာယာပန်းအားလုံးဟာတစ်ပြေးတည်းအထူအပါး-ပုံစံဒီဇိုင်းမရှိနိုင်ပါ--
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့-လမ်းမျက်နှာပြင်-အနုအကြမ်းလည်း--မတူနိုင်ပါ--
ဒီတော့-ပွတ်မှုသဘောတရားအရ-
-တာယာမျက်နှာပြင်ကြမ်းနဲ့-လမ်းမျက်နှာပြင်ကြမ်း---ထိတွေ့ပုံကတစ်မျိုး---
-တာယာနုနဲ့-လမ်းမျက်နှာပြင်ကြမ်း-ထိတွေ့ပုံကတစ်မျိုး-
တာယာနုနဲ့လမ်းချောချောက-ထိတွေ့ပုံကတစ်မျိုး-
တာယာကြမ်းနဲ့-လမ်းမျက်နှာပြင်နုနုထိတွေ့ပုံကတစ်မျိုး---ဆိုတဲ့အခြေအနေအမျိုးမျိုးအလိုက်-ဘီးတဘီးချင်းစီရဲ့ဘရိတ်မိပုံမတူနိုင်ပါ--
ဒါကြောင့်လမ်းမှာ--ဘရိတ်ဒရွတ်ဆွဲကြောင်းများက--ရထားသံလမ်းလိုမျဉ်းပြိုင်အနေအထားဘယ်တော့မှမရှိနိုင်တော့ပဲ--မြွေလိမ်မြွေကောက်သဏ္တန်ကျန်ခဲ့တာပေါ့ဗျာ-
ယခင်ကားများက--ပါစကယ်ရဲ့-ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့-ဟိုက်ဒရောလစ်ဘရိတ်ပါ--ကောင်းသထက်ကောင်းအောင်-ဘရိတ်ကိုမိသထက်မိအောင်-
ပတ်၀န်းကျင်လေထုအက်တမောစဖီးယားကိုထပ်မံစေခိုင်းဘို့--ဒူရိုဆာဗိုဘရိတ်ဆိုတဲ့စနစ်ကိုလည်းထွင်ခဲ့ကြပြန်တယ်---ဆာဗိုဆိုတဲ့အတိုကောက်ခေါ်တဲ့စနစ်ကို
မှတ်မိကြမှာပါ--နာမည်ကြီး--တိုယိုတာဟိုင်းလပ်--ဒိုင်နာတို့ဆိုတာ--ဘရိတ်အားကိုးနဲ့မောင်းလာကြတဲ့လိုင်းကားများပါ---
ဒါပေမယ့်သူတို့ကားများမှာဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား--ဘေ့စစ်အခြေခံဆိုတဲ့ကားမောင်းတဲ့နည်းပညာကိုညက်ညက်ညောညောနောကျေနေတဲ့-
ကားမောင်းသူများဆိုတော့---ဘရိတ်ကိုဒီအတိုင်းမဖမ်း--တစ်ဆင့်နိမ့်-ဂီယာဒေါင်းပြီးမှဖမ်းတတ်တဲ့ကောင်းမွန်တဲ့အမူအကျင့်လေးများကိုလည်း-
မူလလက်ဟောင်းဒရိုင်ဗာကြီးများက-အလေ့အကျင့်လုပ်ထားကြပါတယ်---ဒီတော့--ရောက်ရှိဂီယာမှတစ်ဆင့်နိမ့်ဂီယာကိုဒေါင်းလိုက်တဲ့အခြေအနေကိုကြည့်လိုက်တော့--
အင်တီလော့ပါပဲ---အတားအဆီးတွေ့ရင်ရုတ်တရက်ဘရိတ်နဲ့ခဏမှေးလိုက်တယ်-ပြီးရင်အမြန်ဆုံးဂီယာကို-အောက်တစ်ဆင့်ဂီယာသို့-
လီဗါပုတ်ဒေါင်း-ပြီးမှ-ဘရိတ်ကိုအပိုင်ဖမ်းကြပါတယ်-
တစ်ချို့လူများသတိထားမိကြမှာပါ--ကားက-ရုတ်တရက်စက်သံဆူတက်လာပြီး--မြန်နှုန်းက-စည်းစည်းလုံးလုံးကျသွားပါတယ်---တစ်နည်းအားဖြင့်-အတိုင်းအတာတစ်ခုညင်သာပါတယ်-
ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့မဖမ်းပဲ-ကားအင်ဂျင်ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေးလိုက်တဲ့သဘောပါ--ဒါမှကားတစ်စီးလုံးကိုဘီးအရင်မရပ်စေပဲ-တဖြေးဖြေးချင်းရပ်ပေးမှာပါ-
ခုခေတ်ပေါ်ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်ကဘီးအားလုံးကိုအညီအမျှအပိုင်ချက်ချင်းဖမ်းမပေးပါဘူး-
-ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက်-လိုသလောက်ပြန်ဖမ်းပေးလိုက်-
ဆိုတဲ့အလုပ်ကို--ကွန်ပြူတာအာရုံခံနဲ့ချိန်ညှိလွှတ်နေပါတယ်--ကားအောက်ပိုင်းလုပ်တဲ့အခါဘီးများကိုသေချာစွာလေ့လာလိုက်ပါ-
ဘီးများလည်တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့-ပွိုင့်လေးများ--ဆင်ဆာများ-ဆော့ကက်များ-ကိုတွေ့ကြရမှာပါ-
ဒီသဘောတရားကိုမသိတဲ့-အောက်ပိုင်းဆရာများ-အောက်ပိုင်းလုပ်လိုက်တဲ့ကားများကို-ပြန်တတ်ပေးဘို့-ဟိုဆော့ကက်ကျန်-ဟို-ဝါယာကျန်ခဲ့လို့-
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်--အနဲဆုံး-ဒိုင်ခွက်ထဲမှာ--ABS--ဆိုတဲ့မီးနီလင်းပြလာလိမ့်မယ်-
ဒါကိုလည်း--AirBag--နဲ့ထပ်ပြီးအမှတ်မမှားနဲ့---
ABS-ကွန်ထရိုးက-နဲနဲလည်တဲ့ဘီးကို-နဲနဲပဲညှစ်--များများလည်တဲ့ဘီးကိုများများညှစ်-
မနဲမများလည်တဲ့ဘီးကိုမနဲမများညှစ်--တတ်နိုင်သလောက်-ဘရိတ်အမိကြမ်းလို့ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာချိန်ညှိဖမ်းကြကွာ-
ဆိုပြီးအမိန့်ပေးနေလို့-မိတော့မိတယ်-အမိမကြမ်းတော့ဘူး---ဒီတော့-ဘရိတ်-ဒရွတ်ဆွဲသံတွေလည်းမကြားရသလောက်ပါပဲ--
ဒါကိုမီးပွိုင့်မှာမီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ကားများရပ်
သွားတဲ့ကားများရပ်သွားတဲ့ပုံကိုကြည့်လိုက်ရင်---ကားတော့ရပ်သွားတယ်--ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ-အသံလည်း
မကြားရသလောက်ပါပဲ--မီးပွိုင့်မှာငြိမ့်ခနဲတော့ထိုးထိုးရပ်သွားပါတယ်--
ဒါပေမယ့်--နဲနဲလေးမမိတမိနဲ့-ဒက်စတော့ဆိုတာမဖြစ်လို့--ရှေ့ကားနောက်ပိုင်းလေးများကို-Kiss me quick--သွားလုပ်ကြတော့-ခဏ-ခဏမြင်မိပါတယ်--
တက်စီလုပ်ဆွဲစားနေကြတဲ့--ပရိုဘောက်-၁၀-စီးမှာ-၈-စီးလောက်--နောက်ဖက်အဖုံးလေးတွေပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ-ဒါဟာလည်းသက်သေတစ်မျိုးပါပဲ-
ဒီပုံလေးတစ်ပုံလည်းကြုံလို့တင်ထားပေးလိုက်တယ်---ဒီတော့အပြင်မှာအတွေ့အကြုံအရလူပြောများနေတဲ့အပြောကိုနားထောင်ကြည့်ပါအုံး--

အော်တိုဂီယာတွေရဲ့ဘရိတ်က--ရိုးရိုးဂီယာလောက်အမိမကောင်းဘူးတဲ့--
ဒါကြောင့်အော်တိုဂီယာတွေက-အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့----
ဒါဟာအမှားမှတ်-အမှတ်မှားနေကြတာပါ---ရိုးရိုးဂီယာနဲ့လာလာ-အော်တိုဂီယာနဲ့လာလာ-ဘရိတ်စနစ်ကတော့အများအားဖြင့်-ABS--ဆိုတဲ့ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ-
ဘယ်သူကပိုကောင်းတယ်မရှိတော့ပါဘူး--ဒါပေမယ့်-အော်တိုဂီယာမှာ--AT ---CVT--ဆိုပြီးထပ်ကွန့်ထားပါတယ်--AT-ဂီယာနဲ့ကားများက-ဂီယာတစ်ခုနဲ့တစ်ခုအကူး
အပြောင်းမှာကြန့်ကြာချိန်လေးမဆိုသလောက်ရှိပါတယ်---ယခင်-မတ်တူးလိုကားမျိုးမှာစထွက်ထွက်ချင်း--ကလပ်ချော်နေသလို--ဖြစ်နေတတ်ပါတယ်-
ဂီယာချိန်းရင်လည်း--စက်သံပြောင်းနေတဲ့အသံကိုသိသာစွာကြားရတတ်ပါတယ်---
CVT--တတ်ထားတဲ့--ဘယ်လ်တာ--ဗစ်ဇ်လိုကားလေးတွေမှာတော့--Continuously Variable Transmission--ဆိုတဲ့အဓိပါယ်အတိုင်း--စထွက်ကထဲက-ကားက
ငေါက်ကနဲစထွက်ပေးပါတယ်--ဂီယာချိန်းသွားရင်လည်း-ဆက်တိုက်မသိမသာချိန်းသွားလို့--ဆီစားသက်သာတာ--အထကောင်းတာ-ကိုလက်တွေ့မြင်ရပါတယ်-
ယခင်က-ရိုးရိုးဂီယာ-တတ်ကားများက-အထနှေးပါတယ်---အရှိန်ရလာလို့နောက်ဆုံးဂီယာနဲ့မောင်းတယ်ထား--လီဗါကိုလွှတ်လိုက်ရင်-ဂီယာကွန်ထရိုးနဲ့မို့-
ကားက-စည်းကနဲရှိနေပေးပါတယ်---ကျွမ်းကျင်မှုအရ-အောက်တဆင့်ဂီယာကိုပြန်ဒေါင်းနိုင်ပါက--ကားက-အရှိန်ထပ်သေသွားပါတယ်-
ယခုအော်တိုဂီယာတွေကတော့-ရိုးရိုးဂီယာကားများထက်အထမြန်သွားပါပြီ--ဒါကလည်းအက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ်-
အော်တိုဂီယာကတော့--လီဗါလျှော့လိုက်ရင်အော်တိုကလပ်အလုပ်ကိုလည်းလုပ်ပေးနေပါတယ်--လိုအပ်တဲ့ဂီယာကိုအလိုအလျောက်ချိန်းပေးဘို့အတွက်ပါ-
ဒီတော့-လီဗါလျှော့လိုက်တဲ့အခါ-ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ်--ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာရိုးရိုးဂီယာလောက်အမိမပိုင်ဘူးထင်ရလို့ပါ--
ဒါကတော့အထင်ပါ--ဘရိတ်က-ဘရိတ်အလုပ်ကိုပိုင်နိုင်စွာလုပ်ပေးပါတယ်--စိတ်ထင်လို့ပါ---
ဒီတော့ရိုးရိုးဂီယာလိုဘရိတ်ပိုမိအောင်ဖမ်းချင်ရင်--ရိုးရိုးAT--ဆို-D-မှာမောင်းနေရင်း- 2-ကို-ရဲရဲတင်းတင်းပြောင်းပြီးမှဘရိတ်ဖမ်းကြည့်ပါ-
ဂီယာဒေါင်းပြီးဘရိတ်ဖမ်းလိုက်တဲ့သဘောကိုတွေ့ပါလိမ့်မယ်-
ဇစ်ဇက်ဂီယာဆိုရင်တော့--D-မှ-S--ကိုပြောင်းပြီးမှဘရိတ်ဖမ်းလိုက်ပါ----စိတ်ချလက်ချပြန်မောင်းတော့မှ-D--ကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့---
ခေတ်ပေါ်ကားများနဲ့ပတ်သက်လို့-မြန်နှုန်းမြင့်မောင်းကြတဲ့အခါမျိုးမှာ--အော်တိုဂီယာ-ဆိုပြီး--အမြဲတန်း--D-နဲ့တောက်လျှောက်မမောင်းသင့်ပါဘူး-
အိုဗာစပိဖြစ်လာလို့-အချိန်မီပြန်ထိမ်းသိမ်းချင်ရင်---OD/OnOff---တို့---D-မှ-2--နေရာသို့-----D-မှ-S-နေရာသို့ခေတ္တပြောင်းပြီးမောင်းသင့်ပါကြောင်း--
ဒီလိုနည်းစနစ်များကိုလည်း---ကြိုတင်ခါ-ဇာတ်တိုက်လေ့ကျင့်ထားကြရင်ဖြင့်-----
၁-စက္ကန့်မှာ--၈၈-ပေ-သွားနေတဲ့ကားအလျင်ကို--အန္တရာယ်အတွင်းမှအချိန်မီထိမ်းချုပ်နိုင်မှာဖြစ်တဲ့အကြောင်း---
မိတ်ဆွေတို့ကို-ယာဉ်အန္တရာယ်--လမ်းအန္တရာယ်ကင်းရှင်းစေဘို့----နည်းလမ်းကောင်းလေးညွှန်ပြလိုက်ပါတယ်---

ကိုသက်-
Credit: Kothet Win
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

Address

Theraphi Avenue Bet 25th & 26th St And Bet 83th & 84th St
Mandalay

Telephone

092014895

Website

Alerts

Be the first to know and let us send you an email when Daw Mya Sein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share