Linn Lett Tun Myint

Linn Lett Tun Myint Engineering

🎉 𝙈𝙚𝙧𝙧𝙮 2025 🎉 ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ကြပါစေခင်ဗျာ။ပူပန်မှုတွေ စိုးရိမ်သောကတွေနဲ့ ကာလတွေကို ထားခဲ့လိုက်ပါတော့...အတွ...
07/01/2025

🎉 𝙈𝙚𝙧𝙧𝙮 2025 🎉 ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ကြပါစေခင်ဗျာ။

ပူပန်မှုတွေ စိုးရိမ်သောကတွေနဲ့ ကာလတွေကို ထားခဲ့လိုက်ပါတော့...

အတွေးတွေကြောင့် သောကများနေရရင်
တရားထိုင်ပါ🍀

တာဝန်မကျေတဲ့ Construction တွေကြောင့် နောက်ဆံတင်းနေရတယ်ဆိုရင်တော့
𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 ကိုသာ ဆက်သွယ်လိုက်ပါ...
စိတ်ကျေနပ်လို့ ပြုံးပျော်သွားစေရမယ် ခင်ဗျာ🥰

အိမ်တစ်အိမ်မှာ 🎨 𝘾𝙤𝙡𝙤𝙪𝙧 ‌ရွေးချယ်မှု မှန်ကန်မှ လိုချင်တဲ့ Vibe မျိုး ရမှာပါ✨အိမ်တစ်အိမ်ရဲ့ အဓိကနေရာတွေဖြစ်တဲ့ အိပ်ခန်း၊ ...
05/01/2025

အိမ်တစ်အိမ်မှာ 🎨 𝘾𝙤𝙡𝙤𝙪𝙧 ‌ရွေးချယ်မှု မှန်ကန်မှ လိုချင်တဲ့ Vibe မျိုး ရမှာပါ✨

အိမ်တစ်အိမ်ရဲ့ အဓိကနေရာတွေဖြစ်တဲ့ အိပ်ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် တို့မှာ လိုချင်တဲ့ခံစားချက်မျိုး ရစေဖို့ အရောင်တွေနဲ့ စနစ်တကျ ဖန်တီးပုံဖော်ကြရအောင်🌈

💤 အိပ်ခန်းအတွက် ဆိုရင်
စိတ်ကိုငြိမ်သက်အေးချမ်းစေမယ့် အပြာရောင် blue tone ပါတဲ့အရောင်မျိုး နဲ့ သဘာဝအစိမ်းရောင်ဖြစ်တဲ့ soft green colour ‌တို့က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

လုံးဝ ရှောင်ရမယ့်အရောင်တွေကတော့ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့် လိ‌မ္မော်ရောင် နဲ့ အနီရောင် တို့လို အရောင်တောက်တောက်တွေပါ🙅🏼‍♂️

⚜️ Luxury ဆန်ဆန် ဧည့်ခန်းလေးအတွက် အသင့်တော်ဆုံး Colour လေးတွေက
အဖြူရောင်ဘက်သွားတဲ့ shade လေးတွေ🤍
ဥပမာ : off-white, cream, soft linen colour လေးတွေဖြစ်ပါတယ်။ သန့်ပြန့်တဲ့အသွင်လေးရရှိစေပြီး ဧည့်ခန်းကို ရှိရင်းစွဲထက် ပိုကျယ်တယ်လို့ ခံစားရစေပါတယ်။

🍜 မီးဖိုချောင်လေးမှာ နွေးထွေးတဲ့ ခံစားချက်ရစေပြီး အစာစားချင်စိတ်ကို ဖြစ်လာစေဖို့ဆိုရင်
အဖြူဖောက်တဲ့အဝါနုရောင်လေးတွေ၊ အဝါ shades ရေးရေးလေးတွေ၊ နို့နှစ်ရောင် beige tones လေးတွေ၊ အညိုဖျော့ဖျော့ soft brown colour၊ ခဲနုရောင် Light Gray လေးတွေက ရွေးချယ်သင့်တဲ့ Colour လေးတွေပါပဲ🤎

အရောင်ရွေးချယ်ရခက်နေတယ်ဆိုရင် LLTM ရဲ့ Colour Ideas Sharing လေးက အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ...

မိတ်ဆွေတို့ရဲ့ နွေးထွေးရဲ့အိမ်လေးအတွက်
ယုံကြည်စိတ်ချစွာ အပ်နှံလို့ရတဲ့ Construction ဆိုရင် 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 ကိုသာ သတိရလိုက်ပါ။

☎️ 09449730306, 09962430793, 09 792455646

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။


🌧️ “မိုး”ကိုကြောက်လို့ အိမ်မဆောက်ဖြစ်သေးတာဆိုရင်တော့ အခုလို နှစ်သစ်ကူးချိန် မိုးလွတ်လေလွတ် ကာလက အိမ်ဆောက်ဖို့အတွက် အကောင...
02/01/2025

🌧️ “မိုး”ကိုကြောက်လို့ အိမ်မဆောက်ဖြစ်သေးတာဆိုရင်တော့ အခုလို နှစ်သစ်ကူးချိန် မိုးလွတ်လေလွတ် ကာလက အိမ်ဆောက်ဖို့အတွက် အကောင်းဆုံးအချိန်ပဲနော်...

မိတ်ဆွေတို့ရဲ့ စိတ်ကူးထဲက အိမ်လေးကို ပုံဖော်တည်ဆောက်ဖို့အတွက် 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 ကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ်🤝

ဘာကြောင့် စိတ်ချယုံကြည်နိုင်တာလဲ ဆိုတော့

✅PAE စနစ်ဖြင့် စနစ်တကျတွက်ချက်ပြီး လိုချင်တဲ့အိမ်ပုံစံအတိုင်းရရှိနိုင်ရန် ကုန်ကျစရိတ် ညှိနှိုင်းနိုင်ပါတယ်။

✅ LLTM Construction Team ရဲ့ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းတာဝန်တွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိကြတယ်။

✅ Construction နဲ့ပတ်သတ်ပြီး Knowledge တွေကို အစဉ်မပြတ် လေ့လာနေကြတဲ့အတွက် ခေတ်မီဆန်းသစ်လှပသော Design များကို ဖန်တီးပုံဖော် ပေးနိုင်ပါတယ်။

✅ အတွေ့အကြုံ ဆယ်စုနှစ်ကျော် သက်တမ်းရှိတဲ့ Engineer များ၊ ဆောက်လုပ်ရေးလုပ်သားများဖြင့် ဖွဲ့စည်းထားသော Team တစ်ခုလည်း ဖြစ်ပါတယ်။

✅ လိုချင်တဲ့အတိုင်း ထပ်တူမကျတဲ့ပုံစံနဲ့ အရည်အသွေးဆိုတာ LLTM ရဲ့ သမိုင်းမှာ လုံးဝ မရှိစေရပါဘူး။

အပြောထက် အလုပ်ကို ဦးစားပေးတဲ့ LLTM Construction က Service အပ်လိုက်ပြီဆိုတာနဲ့ နောက်ဆံမတင်းရလောက်တဲ့အထိ Client စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးနေတာကြောင့်

အချိန်အခါကောင်းမှာ မိတ်ဆွေတို့တို့ရဲ့စိတ်ကူးအိပ်မက်တွေကို အချိန်ဆွဲမနေဘဲ

💁🏼‍♂️ Project အသစ်တွေ လက်ခံပေးနေတဲ့ ကျွန်တော်တို့ 𝙇𝙇𝙏𝙈 နဲ့အတူ အကောင်းဆုံးပုံဖော်လိုက်ပါ‌။

မိတ်ဆွေတို့ သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်အတွက်
☎️ 09449730306, 09962430793, 09 792455646

LLTM မှ တာဝန်ယူဆောက်လုပ်ပေးခဲ့သော အိမ်ခန်း၊ ရုံးခန်း နှင့် တိုက်ခန်းလက်ရာများကိုလည်း Cb မှ တစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

“ သေသပ်မြန်ဆန် 𝙇𝙇𝙏𝙈 ”

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။


🎄🎅🏼 𝑾𝒆 𝑾𝒊𝒔𝒉 𝒀𝒐𝒖 𝒂 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 🎶✝️ Jesus မွေးဖွားရာနေ့လို့ သတ်မှတ်ကြတဲ့ အခုလို အချိန်ကာလလေးမှာမိသားစုနှင့်အတူ ပျော်ရွ...
25/12/2024

🎄🎅🏼 𝑾𝒆 𝑾𝒊𝒔𝒉 𝒀𝒐𝒖 𝒂 𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 🎶

✝️ Jesus မွေးဖွားရာနေ့လို့ သတ်မှတ်ကြတဲ့ အခုလို အချိန်ကာလလေးမှာ

မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ် ခရစ်စမတ်ပိတ်ရက်လေးကို ရရှိပိုင်ဆိုင်ကြပါစေလို့ 𝙇𝙇𝙏𝙈 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 𝙏𝙚𝙖𝙢 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ 🎁✨


📌Construction ရွေးချယ်တော့မယ်ဆိုရင် 💁🏼‍♂️အဓိကထား စဉ်းထားရမယ့်အချက် (5) ချက်ကို မျှဝေပေးလိုက်ပါတယ်...1. လိုချင်တဲ့ အဆောက်...
24/12/2024

📌Construction ရွေးချယ်တော့မယ်ဆိုရင် 💁🏼‍♂️အဓိကထား စဉ်းထားရမယ့်အချက် (5) ချက်ကို မျှဝေပေးလိုက်ပါတယ်...

1. လိုချင်တဲ့ အဆောက်အဦးပုံစံအတိုင်း ရရှိဖို့အတွက် လိုအပ်တဲ့ Estimate Budget

2. PAE စနစ်ဖြင့် စနစ်တကျဆောင်ရွက်ပြီး ရှိသင့်ရှိထိုက် ရသင့်ရထိုက်တဲ့ Quality ပေးစွမ်းနိုင်မှု

3. Structure & Decoration လက်ရာများကို သေသပ်လှပတဲ့ အနုပညာဒီဇိုင်းများဖြင့် ဖန်တီးပုံဖော်နိုင်မှု

4. Project ပြီးစီးသည်အထိ Construction တာဝန်ရှိသူများ နှင့် Client များကြား ထိတွေ့မှုမပြတ် ညှိနှိုင်းဆောင်ရွက်နိုင်မှု

5. Project စတင်ချိန်မှ အောင်မြင်စွာပြီးဆုံးသည်အထိ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် စေတနာပါပါ ဆောင်ရွက်ပေးနိုင်မှု

လူကြီးမင်းတို့ ရှာဖွေစုဆောင်းထားသမျှ သဲထဲရေသွန် မဖြစ်ချင်ဘူးဆိုရင်တော့🤷🏼‍♀️

လူကြီးမင်းရဲ့ စိတ်ကူးထဲကအတိုင်း ကောင်းမွန်တဲ့ ‌အဆောက်အဦးတစ်ခုကို တည်ဆောက်တဲ့အခါ....

Construction နဲ့ ပတ်သတ်တဲ့ ဒီလိုအခြေခံအချက်တွေကို စနစ်တကျ ဆွေးနွေး‌ဆောင်ရွက် ပေးနိုင်တဲ့ Construction ကိုသာ ရွေးချယ်သင့်ပါတယ်။

စိတ်ချယုံကြည်ရတဲ့ Construction Service အပ်နှံဖို့အတွက်
လူကြီးမင်းတို့ အခက်တွေ့နေတယ်ဆိုရင်...

Client တိုင်းအတွက် ယုံကြည်စိတ်ချမှုနှင့် စိတ်ချမ်းသာပျော်ရွှင်မှုတွေ ယူဆောင်လာတဲ့
ကျွန်တော်တို့ 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 နှင့် လာရောက်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

☎️ 09449730306, 09962430793, 09 792455646

“ သေသပ်မြန်ဆန် 𝙇𝙇𝙏𝙈 ”

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။


လူကြီးမင်းတို့ရဲ့ သေသပ်လှပတဲ့နေအိမ်ကြမ်းခင်းနဲ့ နံရံလေးတွေကို ကြွေပြားကပ်တဲ့အခါ ကြွေပြားတွက်နည်း‌ မသိသေးသောသူများအတွက် အ...
21/12/2024

လူကြီးမင်းတို့ရဲ့ သေသပ်လှပတဲ့နေအိမ်ကြမ်းခင်းနဲ့ နံရံလေးတွေကို ကြွေပြားကပ်တဲ့အခါ

ကြွေပြားတွက်နည်း‌ မသိသေးသောသူများအတွက် အလွယ်ကူဆုံးနည်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ပုံမှန်အားဖြင့် (၁၀'×၁၀') ၁၀ပေ ပတ်လည်ကို ၁ကျင်း ဟူ၍ စံနှုန်းသတ်မှတ်ထားကြပါတယ်။

၁ပေ မှာ ၁၂ လက်မ ရှိတာကြောင့်
၁၀×၁၂ = ၁၂၀
၁၂၀×၁၂၀ = ၁၄၄၀၀
၁ ကျင်းရှိ စကွဲယားလက်မ ၁၄၄၀၀ ကို ရလာပါတယ်။

ရလာတဲ့ ၁၄၄၀၀ လက်မ ပေါ်မူတည်ပြီး
လူကြီးမင်းတို့ ကပ်လိုတဲ့ ကြွေပြားဆိုဒ်ဖြင့် စားပါက ၁ ကျင်းရှိ ကြွေပြားအရေအတွက်ကို အလွယ်တကူသိနိုင်ပါပြီ။

#ဥပမာ

၈"×၁၂" ကြွေပြားဖြင့်

၁ ကျင်းတွင် ကြွေပြားဘယ်နှစ်ချပ် ဝင်ဆန့်မလဲတွက်လိုလျှင်

၈"×၁၂" = ၉၆

၁၄၄၀၀
÷ ၉၆
------------
၁၅၀ ချပ်

၁၂"×၁၂" ကြွေပြားအတွက်ဆိုပါက

၁၂"×၁၂" = ၁၄၄

၁၄၄၀၀
÷၁၄၄
------------
၁၀၀ ချပ်

ဘယ်ကြွေပြား size မဆိုအထက်ပါနည်းအတိုင်းအလွယ်တကူတွက်ကြည့်လို့ရပါပြီခင်ဗျာ🥰

သတိပြုရန်မှာ
တစ်ကျင်းရှိ စကွဲယားလက်မဖြင့် တိုင်းတာ‌သောကြောင့် ကြွေပြားအရွယ်အစားကို လက်မဖြင့်သိရန်လိုပါသည်။

မှန်ကန်သော ဈေးနှုန်းများဖြင့် သေသပ်လှပသော အဆောက်အအုံများအတွက် မှန်ကန်တဲ့ရွေးချယ်မှု ✅ 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣
https://www.facebook.com/share/p/8TwUQvq8uFhQxw1P/

လူကြီးမင်းတို့ရဲ့ Project များအတွက် ☎️ 09449730306, 09962430793, 09 792455646 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။


#ကြွေပြားကပ်နည်း

ခမ်းနားလှပတဲ့ အထပ်မြင့် အဆောက်အဦးတွေ တည်ဆောက်ကြတဲ့အခါ Construction Site တစ်ခုမှာ 𝘚𝘢𝘧𝘦𝘵𝘺 ဖြစ်ဖို့က ပထမဦးစားပေးပါပဲ။အန္တရာ...
19/12/2024

ခမ်းနားလှပတဲ့ အထပ်မြင့် အဆောက်အဦးတွေ တည်ဆောက်ကြတဲ့အခါ Construction Site တစ်ခုမှာ 𝘚𝘢𝘧𝘦𝘵𝘺 ဖြစ်ဖို့က ပထမဦးစားပေးပါပဲ။

အန္တရာယ်ကင်းတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာစေဖို့ အဓိကကျတဲ့
📌 ဒီအချက် (၅) ချက်ကို‌ အထူးဂရုပြုသင့်ပါတယ်။

🔹Local Safety Laws များကို သိရှိနားလည်ပြီး
Safety Policies နှင့် Procedures များကို လုပ်ငန်းခွင်အတွင်း ထင်သာမြင်သာ ကပ်ထားရပါမယ်။

🔹ပစ္စည်းကိရိယာ အသုံးပြုနည်းများနှင့် အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ရင် ဘာတွေလုပ်ကြမလဲ ဆိုတာတွေကို Safety Training ပေးတာ၊ Education အနေနဲ့မျှဝေတာ‌တွေ လုပ်ပေးရပါမယ်။

🔹အထပ်မြင့်တွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းမှာ Personal Protective Equipment (𝘗𝘗𝘌) လုပ်ငန်းခွင်သုံး ဦးထုပ်၊ လက်အိတ်၊ Safety Shoes နဲ့ Vests တွေကို ပြင်ဆင်ထားရှိရပါမယ်။

🔹ထိခိုက်နိုင်ခြေရှိသည်များ နှင့် လိုအပ်သည်များကို ပုံမှန် စစ်ဆေးနေပြီး သတိပေး ပြင်ဆင်ထားရပါမယ်။

🔹လုပ်ငန်းခွင်ရှိ လုပ်သားအားလုံး ကျန်းမာရေးထိခိုက်မှုမရှိစေရန် သောက်ရေသန့် အလုံအလောက်ထားရှိရပါမယ်။ ဖုန်မှုန့် နှင့် တခြားသော အညစ်အကြေး၊ အနှောက်အယှက်ဖြစ်စေသော အရာများအတွက်လည်း ကြိုတင်ပြင်ဆင် ကာကွယ်ထားရပါမယ်ခင်ဗျာ။

Project တစ်ခုစတင်တဲ့အခါ
ဒီဇိုင်းလှပဖို့၊ လက်ရာသေသပ်ဖို့ လိုအပ်သလို
Construction ထဲက လူတွေအားလုံး အန္တရာယ်ကင်းကင်း နဲ့ site တစ်ခုလုံး safety ရှိရှိ အပြီးသတ်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Project အတွင်း ပါဝင်တဲ့သူများဖြစ်ကြတဲ့ labour က အစ designer အပါအဝင် site အတွင်း တာဝန်ကျသူ ဝန်ထမ်းများအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ မရှိရ‌လေအောင်

ကျွန်တော်တို့ LLTM Construction မှ အထူးအလေးပေး စီမံဆောင်ရွက်လျှက်ရှိပါတယ်ခင်ဗျာ။

Safety ဖြစ်ပြီး သေသပ်ခိုင်မာတဲ့ Project များအတွက်
✅ 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 ကိုသာ သတိရလိုက်ပါ။

☎️ 09449730306, 09962430793, 09 792455646 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။


“𝙇𝙇𝙏𝙈” Construction က လူကြီးတို့အတွက် ဘာတွေ တာဝန်ယူပေးနေလဲ ဆိုတာ အသေးစိတ်ပြောပြပါရစေ💁🏼‍♂️လူကြီးမင်းတို့ ဆောက်လုပ်လိုသော ...
16/12/2024

“𝙇𝙇𝙏𝙈” Construction က လူကြီးတို့အတွက် ဘာတွေ တာဝန်ယူပေးနေလဲ ဆိုတာ အသေးစိတ်ပြောပြပါရစေ💁🏼‍♂️

လူကြီးမင်းတို့ ဆောက်လုပ်လိုသော တန်းဖိုးနည်း/တန်းဖိုးသင့် နှင့် အဆင့်မြင့်အိမ်ရာများ၊ အထပ်မြင့်/အထပ်နိမ့် အဆောက်အဦးများ၊
ရုံးများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုထောင်များတည်ဆောက်ခြင်းအတွက်
အောက်ပါ လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

▫️Structure drawing တွက်ချက်ခြင်း
▫️Estimate တွက်ချက်ခြင်း
▫️R.C (or) Steel Structure လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း
▫️M.&E လုပ်ငန်း
▫️ကြွေပြား လုပ်ငန်း
▫️မျက်နှာကျက် လုပ်ငန်း
▫️မှန်၊ အလူမီနီယံ လုပ်ငန်း
▫️အိမ်တွင်း အလှဆင် လုပ်ငန်း

✅ Material + Labour - PAE
✅ Labour -Only - PAE တို့ကိုလည်း

လက်ရှိ ဒေသပေါက်စျေးအတိုင်း ကျွမ်းကျင်သော Engineerများ က စနစ်တကျ ကြီးကြပ်၍ လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

စာချူပ်စာတမ်းများနှင့်တစ်ကွ အကောင်းဆုံးသောဝန်ဆောင်မှုများဖြင့်

လူကြီးမင်းတို့အတွက် စိတ်ချယုံကြည်နိုင်မှု နှင့် ပျော်ရွှင်မှုတို့ကို ပေးစွမ်းသွားမှာဖြစ်တဲ့အတွက်

ကျွန်တော်တို့ 𝙇𝙞𝙣𝙣 𝙇𝙚𝙩𝙩 𝙏𝙪𝙣 𝙈𝙮𝙞𝙣𝙩 𝘾𝙤𝙣𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣 ကို ယုံကြည်စွာ အပ်နှံလိုပါက

☎️ 09449730306, 09962430793, 09792455646 များသို့ ဆက်သွယ်၍ သိလိုသမျှ အသေးစိတ်များကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။


*** ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့***     •••••••••••••••••••••••(သန္ဓေ၊တောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ) ဓမ္မစကြာတရားတော...
20/07/2024

*** ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့***
•••••••••••••••••••••••
(သန္ဓေ၊တောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ)
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည် ။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ "ပဉ္စဝဂ္ဂိယကထာ" အမည်ဖြင့်လာရှိပါသည်။ ပဋိသမ္ဘိဒါ မဂ္ဂပါဠိတော်၌ "ဓမ္မစက္က ပဝတ္တနဝါရ" အမည်ဖြင့်လာရှိပါသည်။ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ "ဓမ္မစက္က ပဝတ္တန သုတ္တ" အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္က ပဝတ္တန-၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို သိစေ လည်စေတော်မူခြင်းဟု အဓိပ္ပါယ် ရပါသည်။ (ဓမ္မစက္က-တရားတော် + ပဝတ္တန- ဖြစ်စေ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားတော်ကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား "အစွန်း (၂) ခု"ကို ရှောင်ကြဉ်ရေး မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြာင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက် ရှိကြပါသည်။
(ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )
.....................
မြန်မာ့ရိုးရာ (၁၂)လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ
နေသောနေ့ဖြစ်၍ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်
မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။
၈။ "ဧဟိ ဘိက္ခု" ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါဝိသသေအကြောင်း
များကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်
တို့ကဤဝါဆိုလပြည့်နေ့၌ကျောင်းကန်
ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ
ကပ်လှုခြင်း၊ ဝါဆိုသင်္ကန်း လှုဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်
သရဇ္ဈာယ်ခြင်းအားဖြင့် "ဝါဆိုလပြည့်
ဓမ္မစကြာအခါတော်နေ့" ကို ဆင်နွှဲ
ပြုလုပ်ကြပါသည်။

“ စဝ် ၊ ရာ ၊ ချို ၊ မြ ၊ ကျဆုံးကြမန်း ၊ ၀င်း ၊ အုန်း ၊ ထွေး ၊ အောင်ဆန်းသွေး ”စဝ်- မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း........
19/07/2024

“ စဝ် ၊ ရာ ၊ ချို ၊ မြ ၊ ကျဆုံးကြ
မန်း ၊ ၀င်း ၊ အုန်း ၊ ထွေး ၊ အောင်ဆန်းသွေး ”

စဝ်- မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း......(2-ချက်)
ရာ - ဦးရာဇတ်.... .(6-ချက်)......
ချို - ဦးဘချို.......(5-ချက်)
မြ - သခင်မြ......(1-ချပ်)
မန်း -မန်းဘခိုင်......(15-ချက်)
၀င်း - ဦးဘ၀င်း......(8-ချက်)
အုန်း - ဦးအုန်းမောင် ....(5-ချက်)
ထွေး - ရဲဘော်ကိုထွေး.....(4-ချက်)
- ဗိုလ်ချုပ်အောင်ဆန်း.......(13-ချက်)
******************
လုပ်ကြံ တဲ့ သူများ အတိုကောက်-
“ စော ၊ ရင် ၊ သု ၊ နှင်း ၊ ညွှန့် ၊ နီ ၊ ရန် ၊ စိန် ၊ မှုံ ၊ စိုး ၊ ဂဠုန်မျိုး ”
(ဂဠုန်ဦးစော ၊ ခင်မောင်ရင် ၊ သုခ ၊ သက်နှင်း ၊ ဘညွှန့် ၊ မောင်နီ ၊ ရန်ကြီးအောင် ၊ စိန်ကြီး၊ မှုံကြီး ၊ စိုးကြီး။)
**********************
“ အာဇာနည်ဆိုတာ ဘာလဲ ”
********************************
အာဇာနည်ဆိုတာ- အများအကျိုးအတွက် ကိုယ့်အကျိုးမဖက်ဘဲ
အသက်စွန့်ဝံ့ သူကို အာဇာနည် ဟုခေါ်သည်။

အာဇာနည်ဆိုတာ- ကိုယ့်အကျိုးထက် အများအကျိုးကို အမြဲစဉ်းစားပေးနေတတ်သူကို
သတ္တိ ၊ ဗျတ္တိ နဲ့ ပြည့်စုံပြီး
သင့်မသင့် တော်မတော်ကို ခဏခြင်းသိပြီးတော့
အများအကျိုး ဆောင်ရွက်တဲ့ အခါမှာလည်း ပေါက်မြောက်အောင်မြင်သည်အထိ
ရဲ၀င့်စွာဆောင်ရွက်သွားသူကို အာဇာနည် ဟုခေါ်တယ်။

အာဇာနည်ဆိုတာ- သတ္တိ ၊ ဗျတ္တိ ကို သူနေရာ၊ သူအချိန်၊ သူကာလ အားလျော်စွာ
အသုံးချတတ်သူကို အာဇာနည်လို့ခေါ်တယ်။

အာဇာနည် (9) ဦး။ လုပ်ကြံသူများ ၀တ်ဆင်ခဲ့သည့်၀တ်စုံမှာ အမှတ်(12) “ ခြင်္သေ့ ၀တ်စုံ” ဖြစ်တယ်။

( မိုင်းပွန်စော်ဘွားကြီးက ခုံများကိုတွန်းပစ်ပြီး ကယ်ခဲ့သည့် မသေသူများ- ဦးရွှေဘော် ၊ ပျော်ဘွယ် ဦးမြ ၊ ဦးအောင်ဆန်း၀င်း ၊ ဦးဘဂျမ်း)

-“ စာရေးဆရာ ဓာတု ဦးဘုန်း ” စာပေဟောပြောပွဲ ခွေမှ ကောက်နုတ် ဖော်ပြမျှဝေပါသည်။

'ဘယ်လုပ်ငန်းမှာမဆို ယုံကြည်မှုနဲ့ တစ်ဦးပေါ်တစ်ဦး လေးစားမှုဆိုတာက လိုအပ်ပါတယ်'။ တစ်ချိန်တည်းမှာပဲ မိမိရဲ့ အိပ်မက်လေးတစ်ခု...
14/07/2024

'ဘယ်လုပ်ငန်းမှာမဆို ယုံကြည်မှုနဲ့ တစ်ဦးပေါ်တစ်ဦး လေးစားမှုဆိုတာက လိုအပ်ပါတယ်'။ တစ်ချိန်တည်းမှာပဲ မိမိရဲ့ အိပ်မက်လေးတစ်ခုကို တခြားသူလက်ထဲအပ်လိုက်ရမယ်ဆိုရင်တော့ အဲ့ဒီလူပေါ် ၁၀၀% ယုံကြည်မှုတွေအပြင် အရာအားလုံးကို ပေးအပ်ထားရတာမျိုးပါ 💁‍♀️

ဒါဆိုရင် မိမိအချိန်ပေါင်းများစွာ စိတ်ကူးယဥ်ထားတဲ့ အိမ်လေးတစ်လုံးကို ပုံဖော်ဖို့ Construction Service အပ်ပြီဆိုရင်လည်း Client ဘက်က အတော်လေး ခေါင်းကိုက်ရတာပါပဲ 🤦‍♀️

ဒါပေမယ့် Clientbတွေရဲ့ ခေါင်းကိုက်နေရခြင်းတွေကို ဖြေရှင်းပေးမယ့် LLTM က မိတ်ဆွေတို့ရှေ့ရောက်ရှိလာပါပြီ 🙋‍♀️

◻️LLTM ကို မိတ်ဆွေတို့ ယုံကြည်နိုင်ပါတယ် ဘာလို့လဲ ?

🔺LLTM ကနေဦးဆောင်ပြီးလုပ်တဲ့ Engineering အပိုင်းကနေ အောက်ခြေလုပ်နေရတဲ့ ဝန်ထမ်းတွေကအစ 100% တာဝန်ယူမှု၊ တာဝန်ခံမှုတွေကနေ ထွက်ပြေးတတ်သူတွေမဟုတ်ရအောင် ကျွန်တော်တို့ Train ပေးထားပါတယ်။

🔺Construction လုပ်ငန်းဖြစ်လို့ Construction နဲ့ပတ်သက်တဲ့ Knowledge တွေအပြင် လက်တွေ့မှာ အတွေ့အကြုံပေါင်းများစွာရှိပြီးသားဖြစ်တဲ့ Engineer များ၊ ဆောက်လုပ်ရေးသမားများနဲ့သာ Team တစ်ခုကိုဖွဲ့စည်းထားပါတယ်။

🔺ကိုယ့် Team ရဲ့ ဆယ်စုနှစ်တာ လုပ်ငန်းအတွေ့အကြုံတွေအပေါ်အခြေခံပြီး LLTM ကနေ မိတ်ဆွေအပ်နှံထားတဲ့ Service တစ်ခုအတွက် ခေါင်းအစခြေအဆုံးတာဝန်ယူပြီး နောက်ပြန်လှည့်ကြည့်ဖို့မလိုအောင် ကူညီပြီးဖန်တီးပေးနေပါပြီ။

LLTM မှာ Project အသစ်တွေလက်ခံနေပါပြီနော်၊ အပြောထက်အလုပ်ကို ပိုပြချင်တာ LLTM ဖြစ်ပြီး လုပ်နိုင်တာကိုပဲ ပြောပြီးတကယ်ဖြစ်အောင်လုပ်ပေးတာကလည်း LLTM ရဲ့ ထူးခြားချက်ပါပဲ 💥

ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်လေးတွေအတွက် ခေါင်းကိုင်မခံဘဲ ပုံဖော်ဖို့ Ready ပဲဆိုရင်တော့👇

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။

📱09449730306
📱09962430793
📱09797835839

စတဲ့ ဖုန်းနံပါတ်များအား ဆက်သွယ်၍သိရှိလိုသည်များကို မေးမြန်းနိုင်ပါတယ်နော်၊ ကျွန်တော်တို့ Linn Lett Tun Myint Construction မှ နွေးထွေးစွာ ကြိုဆိုလျက်ပါ ခင်ဗျာ။






"မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိပါတယ်" အိပ်မက်တွေကို ပုံဖော်ဖို့ရာအတွက် စိုးရိမ်မှုတွေကို ဖြေရှင်းပြီး အေးခ...
12/07/2024

"မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိပါတယ်"

အိပ်မက်တွေကို ပုံဖော်ဖို့ရာအတွက် စိုးရိမ်မှုတွေကို ဖြေရှင်းပြီး အေးချမ်းမှုတွေ ယူဆောင်လာပေးဖို့ LLTM က မိတ်ဆွေတို့အတွက် ရှိနေပါပြီ 🤍

LLTM ကနေဦးဆောင်ပြီး နောက်လှည်ကြည့်စရာမလိုအောင် ဖန်တီးပေးထားတဲ့ နောက်ထပ် အိမ်လေးတစ်လုံးပါ🏡

LLTM နဲ့ဆို အမြဲတမ်း အပြင်သွားနေတဲ့ ကိုယ့်ရဲ့ ခင်ပွန်းဖြစ်သူတောင် အိမ်ထဲမှာပဲနေချင်သွားရအောင်ထိ ကိုယ့်ရဲ့အိမ်လေးကို အလှဆုံး နဲ့ အရိုးရှင်းဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ပေးနေပါပြီနော် 🤭

LLTM ရဲ့ထူးခြားချက်က "ဘာတွေပဲလုပ်ရလုပ်ရ ဘာတွေပဲဖြစ်ဖြစ် ကျွ အလုပ်လုပ်ရတယ်လို့ မခံယူထားဘဲ ကိုယ့် Client တွေရဲ့ အိပ်မက်လေးတွေကို ကူညီပြီး ဖန်တီးပေးနေရတယ်လို" နှလုံးသွင်းထားတာဖြစ်လို့ ပျော်ရပါတယ်ပေါ့။

ဒီတော့ မိတ်ဆွေရဲ့ အိပ်မက်လေးတွေကို အကောင်ထည်ဖော်ချင်တယ်၊ စိတ်ချရတဲ့ Construction ကိုလည်းရှာနေတယ်၊ Design ကနေစပြီး အောက်ခြေအထိ စိတ်ချရချင်တယ်ဆိုရင်တော့ LLTM ကမိတ်ဆွေတို့အတွက် အဆင်သင့်ရှိနေပါတယ် 🫣

နောက်နေ့တွေမှာလည်း LLTM ကဖန်တီးပေးထားတဲ့ Ground Project လေးတွေ ဆက်ပြီးတင်ပေးသွားပါမယ်။

အသေးစိတ်သိရှိရန်အတွက် 👇

Office (1) _အမှတ် (၁၅) ရပ်ကွက်၊ နားဋောင်းကျကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Office (2) _အမရပူရ၊ မှန်တန်း ဧဇရပ် ရပ်ကွက်၊ လမ်းအမှတ် (၂)။

📱09449730306
📱09962430793
📱09797835839

စတဲ့ ဖုန်းနံပါတ်များအား ဆက်သွယ်၍သိရှိလိုသည်များကို မေးမြန်းနိုင်ပါတယ်နော်၊ ကျွန်တော်တို့ Linn Lett Tun Myint Construction မှ နွေးထွေးစွာ ကြိုဆိုလျက်ပါ ခင်ဗျာ။






Address

Mandalay

Telephone

09449730306

Website

Alerts

Be the first to know and let us send you an email when Linn Lett Tun Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share