Fuse Electrical Installation Group

Fuse Electrical Installation Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fuse Electrical Installation Group, Engineering service, 68*69/111st, Mandalay.

09/03/2025
08/03/2025
22/12/2024

ရေတင်ဖို့အတွက် ဘယ်လို Pump အမျိုးအစားသုံးမှရမယ် ဘယ်လိုတွက်ရမလဲ အဲအတွက် နည်းလေးမျှဝေလိုပါတယ်
Pump Size တွက်နည်း

Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ်
e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ်
2U4S ဆိုတော့ အားလုံး (၈)ခန်းရှိမယျ GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ်
2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ်
GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ်
OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ်
OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ်
e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင်
15 minute = 800 gal
1 minute = ?
= 800* 1/15
1. flow rate= 53.33 gal/min ရမယ်
2. head ရှာချင်ရင် ရေတင်ရမယ့် pump to OH tank ရဲ့ အမြင့်ပေကိုသိရမယ်
ရေတင်ရမယ့် အလျားလိုက် pipe length ကြောင့် ဆုံးရှုံးမယ့် friction losses တွေအားလုံးအပါတွက်ရမှာမို့ Head တန်ဖိုးက ဆ/ဦ ရဲ့အမြင့်ပေ ကို losses အတွက် (40%) ထပ်ပေါင်းပေးလိုက်ရင် ရေတင်ရမယ့် head တန်ဖိုးရမယ်
head = 4ထပ်တစ်ထပ်ကို 10' ထားတွက်မယ်ဆိုတော့ 40' ရမယ် အဲ့ဒါကို (40%) ထပ်ပေါင်းတော့
total head = 56' ရတယ်
3. Ep = efficiency pump power ကို 60% ထားတွက်မယ်
4. Em = Efficiency motor power ကို 80% ထားတွက်မယ်
ဒီ4 ချက်သိပြီဆို pump size တွက်လို့ရပြီ
pump size = (flow rate * Head)/(33000* Ep* Em)
flow rate ရဲ့ ယူနစ်က lb/min ဆိုတော့
ရေ 1gal =10 Lb
53.33 gal=?
= (10* 53.33) lb/min ရမယ်
pump size = (53.33*10)* 56/33000* 0.6*0.8
= 1.88 Hp~ 2Hp ရမယ်
ဒီနည်းအတိုင်းပဲ အခြား ဆ/ဦ တွေရဲ့ pump size ကို ရှာနိုင်တယ်

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့.. ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုး============================          အရပ်...
20/09/2023

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့..
ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုး
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်း ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီး ဆောက်ပေးတာ တွေ့နေရပါတယ်။🔻🔻
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်ဈေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။🔻🔻
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြား ဖြစ်လာပြီး တစ်သက်လုံး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။🔻🔻
ပုံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်း အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။🔻🔻

🏩🏩ပုံဆွဲပြီး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ🔻🔻

#အိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်

✨137st/ 51st×52st siteအတွက် 550W Solarများကိုအိမ်ရှင်စိတ်တိုင်းကျ တပ်ဆင်ပေးခဲ့ပါတယ်ဗျ✨လူကြီးမင်းတို့အနေဖြင့် အိမ်တွင်းဝါ...
02/09/2023

✨137st/ 51st×52st siteအတွက် 550W Solarများကိုအိမ်ရှင်စိတ်တိုင်းကျ တပ်ဆင်ပေးခဲ့ပါတယ်ဗျ✨
လူကြီးမင်းတို့အနေဖြင့် အိမ်တွင်းဝါယာရိန်းလိုင်းများအဟောင်းပြုပြင်ခြင်း၊အသစ်တပ်ဆင်ခြင်းများကို လုပ်ငန်းအသေးစားမှအကြီးထိ ပြုပြင်တပ်ဆင်လိုလျှင်
ကျွန်တော်တို့Fuse electrical installation group သို့ လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Phone no - 09979540382
09779972137 သို့လည်းကောင်း
page messengerသို့လည်းကောင်း လာရောက်စုံစမ်းဆက်သွယ်နိုင်ပါတယ်ဗျ

ဆိုလာပြား မှမီးလောင်ရခြင်းနှင့် မီးမလောင်အောင်ဘယ်လိုကာကွယ်မလဲဆိုလာပြား မှမီးလောင်ရခြင်း=====================ဆိုလာပြားမှ ...
12/07/2023

ဆိုလာပြား မှမီးလောင်ရခြင်းနှင့် မီးမလောင်အောင်ဘယ်လိုကာကွယ်မလဲ
ဆိုလာပြား မှမီးလောင်ရခြင်း
=====================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်း ကြောင့် ဖြစ်ပွားနိုင်ပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင် ယာကြိုးတစ်လျှောက် ကြိုးပေါက် တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”
ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင်ဘယ်လိုကာကွယ်မလဲ
======================================
၁/Controller ခံသုံးပါ။
၂/အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။ ။
Credit: Kyaw Swa Win

ဒယ်နီဝယ်ပြီး မီးမလာသောအခါCrd
12/07/2023

ဒယ်နီဝယ်ပြီး မီးမလာသောအခါ
Crd

"RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ"( RCBO = RCCB + MCB )ဒီ breaker ၂ခုကိုဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာ..အောက်ပါအချက်မ...
06/07/2023

"RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ"

( RCBO = RCCB + MCB )
ဒီ breaker ၂ခုကိုဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာ..
အောက်ပါအချက်များဖြင့်လေ့လာကြည့်ရအောင်ပါ။ပုံကိုကြည့်ပါ။
တူညီသောအချက်များ
၁) test button ပါတယ်။
၂) residual current လို့ခေါ်တဲ့ leakage current ပါတယ်
၃) residual or leakage current သိနိုင်တဲ့ magnetic core သင်္ကေတ ပါတယ်...
မတူညီသောအချက်များ
၄) rated current ဖော်ပြရာတွင် RCCB က current တန်ဖိုးတစ်ခုတည်း ဖော်ပြပြီး, ဥပမာ..20A, 30A...
RCBO က current တန်ဖိုးရှေ့မှာ tripping current type B or C or D ထည့်ရေးတယ်။ဥပမာ..C20, B30... (MCB နဲ့အတူတူပဲ)
၅) သက်ဆိုင်ရာ safety standard မတူဘူး...။
RCCB ( IEC/EN 61008-1)
RCBO ( IEC/EN 61009-1)
(IEC/EN အပြင် china ပြည်တွင်းသုံး G နဲ့စတဲ့ standard တစ်ခုလည်းတွဲရေးတတ်တယ်။)
၆) RCBO switch symbol မှာ overcurrent ကိုသိနိုင်တဲ့ thermal သင်္ကေတ နဲ့ short current ကိုသိနိုင်တဲ့
Magnet သင်္ကေတ ပါတယ်။
( MCB switch သင်္ကေတ နဲ့အတူတူပဲ)


Excellent Technology

*53C  105st×106st*✨မီးလုံးကပ် socket တပ်မြေညီထပ်လေးအပြီးကိုင်ခဲ့ပြီ✨ ✨လူကြီးမင်းတို့အနေဖြင့် လုပ်ငန်းကိစ္စကြီးငယ်မှန်သမျ...
01/07/2023

*53C 105st×106st*
✨မီးလုံးကပ် socket တပ်
မြေညီထပ်လေးအပြီးကိုင်ခဲ့ပြီ✨

✨လူကြီးမင်းတို့အနေဖြင့် လုပ်ငန်းကိစ္စကြီးငယ်မှန်သမျှကို လာရောက်ပြုပြင်ဝန်ဆောင်မှုပေးပါသည်။ အသေးစိတ်စုံစမ်းသိရှိလိုပါက Chat boxမှတစ်ဆင့်ဖြစ်စေ (သို့မဟုတ်)
09-979540382
09-779972137 တို့မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ✨

အိမ်သုံး လျပ်စစ်ပစ္စည်း များအတွက် Breaker size ( Short cut ) ရွေးချယ်နည်း***********************************************...
01/07/2023

အိမ်သုံး လျပ်စစ်ပစ္စည်း များအတွက် Breaker size ( Short cut ) ရွေးချယ်နည်း
***********************************************************************
Breaker / RCBO တွေ က over load အတွက် function ပါပါတယ်။ အဲတော့ အနီးစပ်ဆုံး Load amp ကို တွက်ချက်တပ်ဆင်နိုင်ပါတယ်။ ( RCCB ကတော့မပါပါဖူး)
ပထမဆုံး မိတ်ဆွေတို့ သိရမှာက Load ရဲ့ စုစုပေါင်း အများဆုံး watts သို့မဟုတ် Horse Power ( HP ) ပါပဲ ။ HP ကိုသိရင် 800 နဲ့ မြှောက်ပါ။
( #မှတ်ချက် ..အများအားဖြင့် name plate တွေ မှာ အများဆုံး စီးမဲ့ current တွေ ရေးထားတတ်ပါတယ်)
Watts တွေ ရပြီ ဆိုရင် အဲဒါ ကို သိရင် ၂၀၀ နဲ့စားပါ ။ ရတဲ့ အဖြေ ရဲ့ တဆင့်မြင့်တဲ့ Breaker C type ကို ရွေးချယ်ပါ။
ဥပမာ watts 2000 ရှိတဲ့ မီးဖို ကို ဘာတပ်မလဲပေါ့။
2000 ကို 200 နဲ့စားရင် 10 ရမယ် ။ 10 အထက်က 16 Amp breaker ရှိမယ်။ အဲတော့ C 16 Breaker ကို ရွေးပါမယ် ။ RCBO တပ်ချင်ရင် RCBO C 16 ကို ရွေးပါမယ် ။
3000 watts ရှိတဲ့ water heater ဆို ရင်ဘာတတ်မလဲ ။ 15 Amp ရမယ် ။ သူ့ထက်မြင့်တာ 16 Amp ရှိမယ် ။ သိပ်ပြီး ကပ် တယ်ထင်ရင် 20 Amp ရွေးလိုက်ပါမယ်။
1.5 HP ရှိတဲ့ motor ဆိုရင်ရော ။ 1.5 x 800 = 1200 watts အကြမ်းဖျင်း ဆိုတော့ 200 နဲ့ စား။ 6 Amp ရတယ်။ C-10 breaker or C-10 RCBO တပ်လို့ ရပါတယ်။ အကြီးကြီး တွေ မတပ်ကျပါနဲ့။
Aircon တွေဆိုရင်လဲ maximum running current တွေ name plate မှာပါတယ်။ အဲဒါ ကို ကြည့်ပြီး တဆင့် မြင့်ပြီး ထည့်လိုက်လို့ရပါတယ် ။ ဥပမာ Current က 6.75 A ဆိုရင် တဆင့်မြင့်တာက 10 Amp အဲဒါတပ်လိုက်လို့ရပါတယ်။
Air con ၂ လုံး အတွက် Breaker တလုံးထဲ ဆိုရင် 13.4 ဆိုတော တဆင့်မြင့်တာ 16 Amp ဆိုရင် ရပါတယ်။
အိမ်သုံး MCB Breaker တွေ RCBO တွေ က 3 , 6, 10 , 16,20, 25, 32, 40 အစရှိသဖြင့် သတ်မှတ် ထုတ်ပါတယ်။
အဲဒီ ထဲ က အသင့်တော်ဆုံး သတ်မှတ် ရွှေးချယ် ပါ ။
သိထားရမှာက Breaker/ RCBO ဆိုတာ Over load relay ကို အတိအကျ ချိန်လို့ မရပါဖူး။
RCCB ကတော့ over load အတွက်မပါဖူး ဆိုတော့ ကြီးကြီး တတ်လဲ ကိစ္စ မရှိပါဖူး။
ဒါ ဟာ အိမ်သုံး တွေ အတွက် အကြမ်းဖြင်းတွက်ချက်ဖို့ သုံးတာပါ ဆရာတို့
ကျေးဇူးတင်ပါတယ်။
Credit: Kyaw Oo
EI Engineering

Breaker အကြောင်း သိကောင်းစရာများ=============================MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆို...
30/06/2023

Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။ ( Hyundai = Korea , Mitsubishi = Japan , Terasaki = Japan, Fuji = Japan, Legrand = France, Schneider = France , Hager = France , Siemens = Germany , ABB = Germany )။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
Credit to original post

Address

68*69/111st
Mandalay

Telephone

+959979540382

Website

Alerts

Be the first to know and let us send you an email when Fuse Electrical Installation Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fuse Electrical Installation Group:

Share