17/09/2021
(ကျွန်တော့်ညီမလေးက ကျောင်းတက်တာနဲ့ ပတ်သက်ပြီး တတ်နိုင်တာ တခုခု မျှဝေပေးပါလို့ တိုက်တွန်းတဲ့အတွက် ဒီpostလေးကို တင်ပေး ဖြစ်တာပါ
တခုခု ရသွားမယ်လို့တော့ မျှော်လင့်ပါတယ်)
ကျွန်တော်ကတော့ လက်ရှိ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက်ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာမဟာတန်းကို structureအထူးပြုနဲ့ တက်ရောက်နေပါတယ် ထိုင်းမှာ ကျောင်းတက်နေရင်းနဲ့ နည်းပညာတက်ကသိုလ်က ကျောင်းသားတချုိ့ကိုလည်း onlineကနေ စာသင်ပေးဖြစ်ပါတယ်
ကျောင်းသားတွေ အများစုနဲ့ စကားပြောဖြစ်တဲ့ အခါ နိုင်ငံခြားမှာ ကျောင်းတက်ချင်တာ ဘယ်ကစလုပ်ရမလဲ အထူးပြုကို ဘယ်ဘာသာကို ရွေးရမလဲ ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ မေးကြပါတယ်
လက်ရှိ ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်အနေနဲ့ ဘာသာရပ်အထူးပြုရွေးချယ်တာရယ် ပြင်ဆင်ထားသင့်တာတွေရယ်အတွက် အကြံပြုချင်တာကတော့
☆ အရင်ဆုံး ကိုယ်က ဘယ်ဘာသာရပ်တွေမှာ စိတ်အဝင်စားဆုံးလဲ ဆိုတာကို ရွေးပါ
၃မျုိးလောက်တော့ ရွေးထားဖို့ လိုပါတယ် ဦးစားပေး ၁၊၂၊၃ လိုမျုိးပါ ကိုယ်တကယ် စိတ်ဝင်စားပြီး လုပ်ချင်တာကိုပဲ ရွေးပါ သူများတိုက်တွန်းလို့ အလုပ်မရမှာစိုးလို့ စသဖြင့် ကိုယ်မလုပ်ချင်တာ မလုပ်နိုင်တာတွေကို မရွေးပါနဲ့ အကြောင်းရင်းကတော့ တကယ်လို့များ ကိုယ်လုပ်ရတဲ့ researchက ကိုယ်စိတ်မဝင်စားတာမျုိးဖြစ်ခဲ့ရင် stressအရမ်းပိပြီး စိတ်ညစ်ရလို့ပါ ကိုယ်ကိုယ်တိုင်က ဝါသနာပါမှသာ stressကို အန်တုပြီး စာလုပ်နိုင်မှာပါ ကိုယ်က စိတ်မဝင်စားရင် ကံကောင်းလို့ ကူပေးမည့်သူရှိလို့ researchသာ ပြီးသွားတယ် ဘာမှကို မသိလိုက်ဘူး ဖြစ်သွားပါလိမ့်မယ်
☆ ကိုယ်ရွေးထားတဲ့ ဘာသာရပ်အပေါ် passionateဖြစ်ပါ
ကျွန်တော်တို့ဟာ တခုခုကို လေ့လာတယ်ဆိုရင် တစိုက်မတ်မတ် မဆုတ်မနစ် လေ့လာသင့်ပါတယ် ကိုယ်လိုချင်တာ မရမချင်း လက်မလျှော့သင့်ပါဘူး Reasearchတွေဟာ အသစ်အသစ်သော အရာတွေကို လေ့လာကြတာ ဖြစ်တဲ့အတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ် အောင်မြင်မှုကို လိုချင်ရင်တော့ တစိုက်မတ်မတ် ကြိုးစားရပါမယ်
ကျွန်တော်ဆိုရင် Researchအတွက် Analysisတွေ ဆက်တိုက် လုပ်ပေမယ့် errorတွေ တက်ပြီး ထင်သလောက် resultတွေက မကောင်းတဲ့အခါ ကျွန်တော် စိတ်ဆိုးပါတယ် ဒေါသထွက်ပါတယ် အဲ့လို ဖြစ်လာရင် ခဏနားပြီး ချုိတဲ့ဟာ တခုခုစားပါတယ် စိတ်ငြိမ်သွားရင် ဆက်လုပ်ပါတယ် အရင်ဆုံး errorဘယ်ကလာသလဲ စိတ်ရှည်လက်ရှည် ရှာပါတယ် ပြီးရင် ဘယ်လို ဖြေရှင်းလို့ရမလဲဆိုတဲ့ နည်းလမ်းကို paperတွေမှာ ဖြစ်စေ googleကဖြစ်စေ youtubeက ဖြစ်စေ ရှာပါတယ် သိပ်မကြာခင်မှာပဲ ကျွန်တော် ဖြေရှင်းနည်း ရတတ်ပါတယ် တစိုက်မတ်မတ်တော့ လုပ်ရတာပေါ့ ခုလုပ် ခုရတာမျုိးတော့ မဟုတ်ပါဘူး
ကိုယ့်researchအပေါ်မှာ စိတ်ရှည်ပြီးတော့ ကြိုးစားရပါတယ်
☆ ကိုယ့်ကို motivate ဖြစ်စေမည့်သူကို ရှာထားပါ
ကိုယ်ရွေးထားတဲ့ ဘာသာရပ်နယ်ပယ်ထဲက တယောက်ယောက် ဖြစ်နေရင် ကောင်းပါတယ် ကိုယ်လုပ်သမျှ အဆင်မပြေလို့ စိတ်ညစ်ရတဲ့အခါ သူတို့ကို ကြည့်ပြီး motiယူရပါတယ် ပြီးတော့ သူတို့က ဘာသာရပ်နဲ့ ပတ်သက်ရင် အမြဲ တက်ကြွပြီး ideaအသစ်တွေ ထွက်နေတယ်ဆိုရင် ပိုကောင်းပါတယ် သူတို့က ကိုယ်လေ့လာထားတာတွေကို အသုံးချပြီး ပိုက်ဆံဘယ်လိုရှာလဲဆိုတာအထိ အတွေးအခေါ်တွေပေးနိုင်ပါလိမ့်မယ် (industryမှာ ပညာရပ်ကို အသုံးချပြီး incomeရှာတာကို မြင်ရတာ ကျွန်တော့်အတွက် moti အတော်ရလို့ပါ ငါ ဒါကို ရသွားရင် ဘာဆက်လုပ်လို့ ရသွားပြီဆိုတာကို သိသွားတယ် ငွေရှာနိုင်တယ်ဆိုတာကိုပါ မြင်ရတဲ့အတွက် ရအောင် ကြိုးစားချင်စိတ် ဖြစ်လာစေလို့ပါ)
☆ ကိုယ်ရွေးချယ်မည့် ဘာသာရပ်တွေမှာ သုံးရမည့် skillsတွ(softwareတွေ methodတွေ procedureတွေ အထူးသဖြင့် programming)ကို ကြိုလေ့လာထားသင့်ပါတယ်
ကျောင်းက assignmentတွေ စာမေးပွဲတွေဟာ deadlineရှိပါတယ် အချိန်မီလုပ်ရတဲ့အခါ ကိုယ့်ရဲ့ skillsကို အဓိက အသုံးချရတာပါ ကိုယ့်မှာ လိုအပ်တဲ့ skillsရှိပြီးသားဆိုရင် Researchကိုပဲ အပြည့်အဝ အာရုံစိုက်ထားနိုင်ပါတယ် မပြင်ဆင်လာလည်း ရတယ်ဆိုပေမယ့် အသုံးလိုတဲ့အခါ ကိုယ်ကမရထားရင် ရင်မောရပါတယ် stressပိပါတယ် အဲဒါ မရမချင်း စိတ်ဆင်းရဲရပါတယ်
ကျောင်းက တခါတလေမှာ softwareသုံးနည်း သင်ပေးပေမယ့် just how to useပါ အသေးစိတ် မသင်ပေးပါဘူး ကိုယ့်ဟာကိုယ် self-studyလုပ်ရတာပါ
နိုင်ငံခြားကကျောင်းအကုန်လုံးနီးပါးဟာ programmingကို သုံးရတာ များပါတယ် Programming languageတခုခုတော့ တတ်မြောက်ထားသင့်ပါတယ်
☆ အရေးအကြီးဆုံးကတော့ စိတ်ဓါတ်ပါပဲ
ကိုယ့်ဘာသာ တယောက်တည်း ရှင်သန်ရပါတယ် ရုန်းကန်ရပါတယ် အရမ်းပင်ပန်း စိတ်ညစ်ပြီး စာလုပ်ချင်စိတ်တွေ ပျောက်သွားခဲ့ရင် ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ လိုပါတယ် ကိုယ့်ကို ကူညီဖို့ ဘယ်သူ့မှာမှ တာဝန်မရှိဘူးဆိုတာကို အမြဲ မှတ်ထားသင့်ပါတယ် နိုင်ငံရပ်ခြားမှာ နေပြီး ပညာသင်ရတာဖြစ်တဲ့အတွက် အရာရာဟာ ကိုယ့်ဆီမှာလိုတော့ လွယ်ကူမှာ မဟုတ်တာကိုလည်း မေ့မထားသင့်ပါဘူး
နောက်အလျင်းသင့်ခဲ့ရင်လည်း ကျွန်တော့် researchဖြစ်တဲ့ Structural Optimizationနဲ့ ပတ်သက်တာလေးတွေလည်း စိတ်ဝင်စားမည့်သူများရှိခဲ့ရင် မျှဝေပေးချင်ပါတယ်
အားလုံးပဲအဆင်ပြေကြပါစေရှင်