Htun Brother Mandalay Yangon Aircon Sale & Service

Htun Brother Mandalay Yangon Aircon Sale & Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htun Brother Mandalay Yangon Aircon Sale & Service, Engineering service, Corner of 48 Street and 117 Street, , Chanmyathazi Tsp, Mandalay.

🚩 #အဲကွန်းဂက်စ်တပေါင်မှာPsiဘယ်လောက်ရှိလဲအဲကွန်း ဂက်စ်1Lb မှာ PSIဘယ်လောက် လဲရှိတာသိချင်ရင် ဂက်စ်တပေါင်၀ယ်ပြီး ၁-ဂက်စ်မရှိ...
29/05/2024

🚩 #အဲကွန်းဂက်စ်တပေါင်မှာPsiဘယ်လောက်ရှိလဲ

အဲကွန်း ဂက်စ်1Lb မှာ PSIဘယ်လောက် လဲရှိတာသိချင်ရင် ဂက်စ်တပေါင်၀ယ်ပြီး
၁-ဂက်စ်မရှိတဲ့ 1HP အဲကွန်း outdoorအလွတ်ထဲထည့်ကြည့်ပါ။
၂-အဲကွန်ဂက်စ်အိုးအလွတ် ပေါင်(၃၀)အိုးထဲထဲထည့်ကြည့်ပါ
၃-အခု လူတွေရှူနေတဲ့ အောက်ဆီဂျင်အိုးကြီး 40L ထဲထည့်ကြည့်ပါ။
၄-ဂက်စ်မရှိတဲ့ 3HP အဲကွန်း outdoor အလွတ်ထဲထည့်ကြည့်ပါ။
၅-ဂက်စ်မရှိတဲ့ 1HP အဲကွန်း Indoor ထဲထည့်ကြည့်ပါ။

အဲဒီမှာ PSI တွေမတူတာတွေ့ရင် သဘောပေါက်လာပါလိမ့်မယ်။

အဲကွန်းဂက်စ် အလေးချိန် (Lb)နဲ့ ဖိအား (PSI)က သူတို့နှစ်ဦးကြား တိုက်ရိုက်ဆက်စပ်မှု မရှိပါ။

အားလူးတစ်ပိဿာ ဘယ်နှလုံးရှိလဲဆိုတဲ့ မေးခွန်းမျိုးပါ။
အာလူး တစ်ပိဿာ မှာ အလုံးသေးရင် အရေအတွက်များမယ် ကြီးရင် အရေအတွက်နည်းမယ်။အသေတွက်မရသလိုပါ။

ဂက်စ်တပေါင်မှာရှိနေမည့် ဖိအား PSI ကြတော့
အဲဒီဂက်စ်ထည့်ထားတဲ့ အိုးနဲ့ ပိုက်တွေရဲ့ ထုထည်၊
ပတ်၀န်းကျင်အပူချိန် တွေပေါ်မူတည်နေတာပါ။

ပတ်၀န်းကျင် အပူချိန် တူတဲ့အခြေအနေမှာ
ဂက်စ်တပေါင်ကို 1HP စက်ထဲထည့်ရင် PSI များမယ်။
2HP စက်ထဲထည့်ရင် PSI နည်းမယ်။
10 HP စက်ထဲထည့်ရင် မဆိုစလောက်ပဲရှိမယ်။

ဒီကြားထဲပတ်၀န်းကျင်အပူချိန်နိမ့်ရင် PSI လျော့မယ်။
အပူချိန်မြင့်ရင် တိုးလာမယ်။

ဆိုလိုချင်တာက ဂက်စ်တပေါင်မှာ PSI ဘယ်လောက်ရှိလဲ #တိကျတဲ့ဆက်သွယ်ချက်မရှိပါ။

ဒီလိုအခြေခံကျတဲ့ ဟာမျိုးတွေကို အဲကွန်းနဲ့အသက်မွေးမည့်သူများက သူများကဲ့ရဲ့မခံရအောင် နားလည်သူတွေဆီမှာ သေချာမေးမြန်း မှတ်သားထားရင်အသင့်တော်ဆုံးပါဗျ။

🚩 #အဲကွန်းတွေကိုဂက်စ်PSIဘယ်လောက်ဖြည့်ရတာလဲ။ဘယ်နှစ်ပေါင်ဖြည့်ရတာလဲ?

🚩လုပ်ငန်းခွင်၀င်စအဲကွန်းလောကကညီငယ်တွေ
မေးတတ်တာရှိပါတယ်။အဲကွန်းတလုံးကို ဂက်စ်ဖိအား PSI ဘယ်လောက်ဖြည့်ရမလဲ?ဘယ်နှစ်ပေါင်ဖြည့်ရမလဲ?

⛔တချို့ကလည်း စက်မှာပါတဲ့အလေးချိန်တိုင်းဖြည့်ရမှာတဲ့။
⛔တချို့ကလည်း PSIနဲ့တဲ့။

⛔နှစ်ခုစလုံးက လုပ်ငန်းခွင်လိုအပ်ချက်အရ၊ဈေးကွက်လိုအပ်ချက်အရသုံးကြတာပါ။
PSI နဲ့ဖြည့်တယ်ဆိုတာကတော့ အိမ်သုံးအဲကွန်းစက်သေးတွေ ဂက်စ်လျော့တဲ့အခါ ထပ်ဖြည့်ရတဲ့ဂက်စ်က ပေါင်ချိန်နည်းတော့ အလေးချိန်နဲ့တောင်းရင်လည်း ၀န်ဆောင်ခအတွက်အဆင်မပြေဘူး။
(မြန်မာပြည် အဲကွန်းပိုင်ရှင်များက ထိုက်တန်တဲ့ ပညာကြေးး၀န်ဆောင်ခတောင်ရင်မပေးကြလို့ တခြားဘက်က လှည်ယူကြရတဲ့သဘောပါ)
ဒါကြောင့်ဖိအားယူနစ် PSI နဲ့တောင်းကြပုံပေါ်ပါတယ်။ ဒါကဈေးကွက်ရဲ့သဘောအရပေါ့။

🚩တကယ်တော့ ကိုယ်ဖြည့်ရတဲ့ ဂက်စ်ကို
အလေးချိန်နဲ့၀ယ်ရတဲ့အတွက် အလေးချိန်နဲ့ပြန်တောင်းရတာက ပိုသဘာ၀ကျပါတယ်။

နောက်အဲကွန်းဂက်စ်ဖြည့်ရင် PSI နဲ့ဈေးနှုန်းသတ်မှတ်ရတဲ့အကြောင်းတခု စက်ကဂက်စ်လျော့လို့ ထပ်ဖြည့်ရတဲ့အခါ တလုံးလုံးစာဖြည့်ရတဲ့ ဂက်စ်အလေးချိန်ကို Name Plateဖတ်ကြည့် သိပေမဲ့ စက်ထဲမှာကျန်ခဲ့တဲ့ ဂက်စ်ရဲ့ လက်ကျန်အလေးချိန်ကို မှန်းဆသိနိုင်ဖို့ကအခက်အခဲရှိတာကတ‌ေကြာင်း၊ချိန်ခွင်ကို သယ်ဖို့ခက်တဲ့အချိန်တခုရှိတာကြောင့်တကြောင်းကြောင့် စက်သေးတွေပြင်တဲ့အခါဖိအားPSIနဲ့တောင်းယူခဲ့ကြတဲ့သဘောပါ။

🔺အဲဒီအတိုင်း စက်ကြီးတွေကို ဂက်စ်ဖြည့်ရာမှာ
သွားတောင်းလို့မရပါဘူး။

ဘာကြောင့်လဲဆိုတော့ စက်သေးသေးကြီးကြီး သုံးစွဲတဲ့ ဂက်စ်အမျိုးအစားတူရင် ဖြည်ြ့ရတဲ့ ဂက်စ်ရဲ့ဖိအားပမာဏPSI ကတူနေလို့ပါ။

အဲဒါကြောင့် စက်သေးတွေပြင်ရင် PSIနဲ့တောင်းပြီး၊စက်ကြီးတွေပြင်ရင် ပေါင်အလေးချိန်နဲ့ တောင်းကြတဲ့သဘောပါ။
(ပိုက်ဆံလည်းပိုရတာပေါ့😬)

စက်ကြီးတွေကို PSI နဲ့ 1PSI ဘယ်လောက်ဆိုပြီးသွားတောင်းရင် စက်ပြင်ဆရာခံသွားရပါမယ်။

တကယ်တော့ အဲကွန်းပြင်ရာမှာ
စက်လည်နေချိန် စက်ရဲ့ ဂက်စ်ဖိအားကို PSIနဲ့ ကြည့်တာက စက်က ပုံမှန်ဂက်စ်ဖိအားနဲ့အပူချိန်တွေအတိုင်း အလုပ်လုပ်နေမနေ မဖြစ်မနေကြည့်ရတဲ့သဘောပါ။ဆရာ၀န်တွေနားကျပ်ထောက်သလိုပါ။

ဂက်စ်ကို ပေါင်ချိန်အတိုင်း စက်ထဲရောက်သွားတာနဲ့စက်ကတန်းမကောင်းသွားပါဘူး။အဲကွန်းမှာပါတဲ့
အပူကွိုင်၊အအေးကွိုင်၊ကွန်ပရက်ဆာတွေပုံမှန်အလုပ်နေမနေကတော့ ပိုက်လိုင်းတလျှောက်မှာရှိသင့်တဲ့ သူ့ရဲ့ သတ်မှတ် ဂက်စ်ဖိအားနဲ့အပူချိန်တွေကို သိနေဖို့လိုအပ်ပါတယ်။
အဲဒါတွေကြည့်ဖို့ Pressure Guageကိုသုံးရတာပါ။

ပိုက်ဆံတောင်းတာကတော့ ကိုယ့်ဖြည့်ရတဲ့
ဂက်စ်ပမာဏအလေးချိန်နဲ့ တောင်းတာကအသင့်တော်ဆုံးပါ။

စက်တလုံးကို မြင်းကောင်ရေ HPလိုက်လို့
ဂက်စ်ဘယ်လောက်သုံးထားတယ်ဆိုတာ အောက်မှာ အနီးစပ်ဆုံးရှင်းပြပေးထားပါတယ်။

🚩အဲကွန်းမှန်ရင် ဘယ်အဲကွန်းဖြစ်ဖြစ် ဘာဂက်စ်အမျိုးအစားပဲသုံးသုံးလူတွေအတွက်သုံးတဲ့အဲကွန်းမှန်ရင် ပတ်၀န်းကျင်အပူချိန် 40'Cမ‌ကျော်ရင်၊အအေးကွိုင်ကို၀င်တဲ့ ဂက်စ်ရဲ့အပူချိန်က 4.4'C ကနေ 7.2'C ကြားထဲမှာ စံအနေနဲ့ဒီဇိုင်းလုပ်ပြီးထုတ်ထားလေ့ရှိပါတယ်။
အအေးကွိုင်းအ၀င် Liquid pipeကို သာမိုမီတာနဲ့တိုင်းကြည့်လို့ရပါတယ်။တကယ်တော့ အထူးတလည်တိုင်းစရာမလိုပါဘူး
အဲကွန်းသမားတွေသုံးနေတဲ့ ဂိတ်မှာလဲ ကိုယ်တိုင်းနေတဲ့ ဂက်စ်က Saturatedအပူချိန်ဘယ်လောက်ရှိတယ်ဆိုတာ ပါပြီးသားပါ။
ဂိတ်ကိုသေချာကြည့်ပါ။

🚩အဲဒါကြောင့် အအေးကွိုင်ကိုသွားတဲ့ Liquid lineရဲ့အပူချိန်ကို အင်ဒိုးအ၀င်မှာ သာမိုမီတာနဲ့တိုင်းကြည့်ရင် အပေါ်ကပြောတဲ့အပူချိန်အတွင်းရှိပါလိမ့်မယ်။
အဲဒီအပူချိန်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအားကတော့
အဲကွန်းထဲမှာ သုံးထားတဲ့ဂက်စ်အမျိုးအစားလိုက်လို့ မတူပါဘူး။

🚩အင်ဒိုးအ၀င်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအားဟာအင်ဒိုးအထွက် ကွန်ပရက်ဆာအ၀င်ထိအတူတူပါပဲ။
(မဆိုစလောက်ပဲပြောင်းလဲလို့ အတူတူလို့ပြောတာပါ)
စက်အများစုက
R22 ဆိုရင် 69PSI ကနေ 76 ကြား
R410aဆိုရင် 120PSI ကနေ 130ကြား
R32 ဆိုရင် 120PSI ကနေ 130PSIကြား
R134aဆိုရင် 35PSIကနေ 40PSIကြား
ရှိနေပါလိမ့်မယ်။

🚩ဘယ်‌အဲကွန်းဖြစ်ဖြစ်၊စက်ဘယ်လောက်ကြီးကြီး
သုံးတဲ့ဂက်စ်လိုက်လို့ အပေါ်ကပြောတဲ့ ပရက်ရှာ
အတိုင်းအတာနဲ့ပဲရှိပါမယ်။
(VRV စက်တွေမှာတော့ အအေးကွိုင်တွေရဲ့အပူစုပ်ရတဲ့၀န်ပမာဏာကန့်သတ်ချက်ကြောင့် စက်မှာတပ်ထားတဲ့ အအေးကွိုင်အားလုံး အကုန်မသုံးထားရင် စက်ဒီဇိုင်းလိုက်လို့ ၀န်အပြောင်းအလဲလိုက်လို့ အချိန်တခုမှာ အပေါ်က‌ေပြာထားတဲ့ဖိအားထက်ပိုနိုင် လျော့နိုင်ပါတယ်)

အဲဒီလိုဖိအားအနေအထားအတွင်း မှန်နေရင် သူ့စက်ရဲ့ သတ်မှတ်အမ်ပီယာကို တိုင်းကြည့်ရင် စက်မှာရေးထားတဲ့အတိုင်းနီးပါး မှန်‌ေနပါလိမ့်မယ်။

ဉပမာ သူ့စက်က
4.5Ampဆိုရင် 4.3က‌နေ4.8 ကြားလောက်ပေါ့။

အဲလိုအမ်ပီယာအနေအထားမှာ
ဂက်စ်ပရက်ရှာက
R22 ဆိုရင် 69PSI ကနေ 76 ကြား
R410aဆိုရင် 120PSI ကနေ 130ကြား
R32 ဆိုရင် 120PSI ကနေ 130PSIကြား
R134aဆိုရင် 35PSIကနေ 40PSIကြား
ကြားတနေရာရာမှာရှိ‌ေနပါလိမ့်မယ်။

အမ်ပီယာရော
ဂက်စ်ပရက်ရှာရော အဲဒီအနေအထားမှာရှိရက်နဲ့ အအေးပေါ့တာဆိုရင်
အခန်းနဲ့စက်ကိုက်လားကြည့်ပါ
အခန်းတခါးတွေပွင့်နေလား မျက်နှာကျက်နဲ့နံရံတွေလုံလားကြည့်ပါ
အဲဒါတွေအဆင်ပြေပီးမအေးရင်တော့
ဂက်စ်အသစ်ပြန်လဲဖြည့်ကြည့်ပါ။

အဲကွန်းတွေကိုဖြည့်ရတဲ့ဂက်စ်ပမာဏက
5HPအောက်ဆိုရင် စက်ကိုလုပ်ထားတဲ့ဒီဇိုင်းလိုက်လို့ ၁ကောင်(1HP)ကို 1 ပေါင်ကနေ 2ပေါင်ကြား နှုန်းဖြည့်ရ‌ ‌ေလ့ရှိပါတယ်။
ဉပမာ
3HPဆိုပါတော့
3 HP X 2lb =6 Lb (အနီးစပ်ဆုံး )အများဆုံးရှိတတ်ပါတယ်။
အနည်းဆုံးကတော့ 3Lbပေါ့။
ဒါကစက်အသစ်မှာ ပါလာတဲ့ဂက်စ်ကိုပြောတာပါ။ လက်တွေ့မြေပြင်မှာ ပိုက်လိုင်းကရှည်ရင်တော့တွက်လို့ရတာထက် ၂၀%က‌ နေ ၄၀%လောက်ထိပိုနိုင်ပါတယ်။

ဒါကစက်တလုံးကို မြင်းကောင်ရေလိုက်လို့ ဂက်စ်ကိုဖြည့်ရတဲ့အခါအလေးချိန်အနေနဲ့ ပိုက်ဆံတောင်းဖို့ ဘယ်နှစ်ပေါင်လောက်ဖြည့်ရမယ် မသိတဲ့အခါ အကြမ်းဖျဉ်းတွက်နိုင်ဖို့ပါ။

စက်တွေတော်တော်များများတော့ သူ့ရဲ့ Name Plateမှာ စက်ထဲဂက်စ်ဘယ်နှပေါင်ပါတယ် ရေးထားပြီးသားပါ။အဲဒီအတိုင်းဖြည့်နိုင်ရင်‌ေတာ့အ‌ေကာင်းဆုံးပါ။Name Plateပျောက်ရင်ဖြစ်စေ၊မဖတ်တတ်တဲ့အခါဖြစ်စေ မှန်းလို့ရအောင်ပြောပြတာပါ။

#ကိုနန္ဒမိုး
_______
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 / 09-775208017
_________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

ဒဂုံဆိပ်ကမ်း(ရန်ကုန်မြို့) ရှိ ရတနာနှင်းဆီကွန်ဒို သို့ Aircon Servicing & Installation ဝင်ရောက်ပေးနေသော ပုံရိပ်များပဲဖြစ...
11/03/2024

ဒဂုံဆိပ်ကမ်း(ရန်ကုန်မြို့) ရှိ ရတနာနှင်းဆီကွန်ဒို သို့ Aircon Servicing & Installation ဝင်ရောက်ပေးနေသော ပုံရိပ်များပဲဖြစ်ပါတယ်။🧑🏻‍🔧🧑🏻‍🔧
ယခုကဲ့သို့ ယုံကြည်စိတ်ချစွာ အပ်နှံပေးမှုအတွက် ကျွန်တော်တို့ 👉🏻 Htun Brother Aircon Sale and Service 👈🏻 မှ ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ။🥰🥰
Customer တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော်တို့ Htun Brother မှ အမြဲတမ်း အဆင်သင့်ရှိနေပါပြီ။💞💞
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 / 09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ် #ရတနာနှင်းဆီ

တချို့ အိမ်သုံးအဲကွန်း အသေးတွေရဲ့ အပြင် Unit တွေဟာပတ်ဝန်းကျင် အပူချိန် 35*C ပတ်ချာလည်ရှိတဲ့ အပူချိန်မှာသာပုံမှန် အလုပ်လု...
25/02/2024

တချို့ အိမ်သုံးအဲကွန်း အသေးတွေရဲ့ အပြင် Unit တွေဟာ
ပတ်ဝန်းကျင် အပူချိန် 35*C ပတ်ချာလည်ရှိတဲ့ အပူချိန်မှာသာ
ပုံမှန် အလုပ်လုပ်တာ ဖြစ်တဲ့အတွက် နေရောင်ခြည် တိုက်ရိုက်ကျတဲ့
နေရာ၊ ဒီထက်ပိုပူတဲ့နေရာ နဲ့ ပြင်ပ လေအဝင်အထွက် မရှိတဲ့နေရာ
တွေမှာ တပ်ဆင်ထားတယ်ဆိုရင်၊ အဲကွန်းဟာ ပူလိုက်၊ အေးလိုက်ဖြစ်နိုင်သလို
သက်တမ်းလည်း အပြည့် မရနိုင်တော့ပါဘူး။
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09-447719571 / 09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09451384395 / 09-447718571


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

အချိန်တိုင်းပူ🥵 နေရာတိုင်းပူ🥵12 လရာသီလုံးပူ‌နေတဲ့ မြန်မာပြည်ကြီးမှာ မရှိမဖြစ်အဲကွန်းတစ်လုံးတော့ ရှိသင့်ပါတယ်နော်။🥰အဲကွန်...
27/01/2024

အချိန်တိုင်းပူ🥵 နေရာတိုင်းပူ🥵

12 လရာသီလုံးပူ‌နေတဲ့ မြန်မာပြည်ကြီးမှာ မရှိမဖြစ်အဲကွန်းတစ်လုံးတော့ ရှိသင့်ပါတယ်နော်။🥰

အဲကွန်းရှိနေပြီဆိုလဲ Servicing ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်ဗျ။🤗
လူကြီးမင်းတို့ရဲ့ Aircon နဲ့ပတ်သတ်ပြီးပြဿနာအားလုံးကို အမြန်ဆုံးနဲ့ အသက်သာဆုံး‌‌ ဖြေရှင်းချင်တယ်ဆိုရင် ကျွန်တော်တို့ 👉Htun Brother ကိုသာ ချက်ချင်းဆက်သွယ်လိုက်ပါ...💙💙

ကျွန်တော်တို့ 👉Htun Brother 👈နဲ့လက်တွဲလုပ်ကိုင်မယ်ဆိုလျှင် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများအတွင်းရှိ Customer များအတွက် အိမ်အရောက် ကားခအခမဲ့ဖြင့် ဝန်ဆောင်မှုပေးပြီး
⏭️ Aircon ရေဆေးခြင်း
⏭️ Gas ဖြည့်ခြင်း
⏭️ တပ်ဆင်ခြင်း
⏭️ နေရာရွေ့ခြင်း
⏭️ ပြုပြင်ခြင်း လုပ်ငန်းများကို
တာဝန်ယူဖြေရှင်းပေးပါတယ်ခင်ဗျာ။ 💁‍♂️👨‍🔧
💢💢 Company ကြီးများ၊ ရုံးခန်း၊ ဆိုင်ခန်း နှင့်
စက်ရုံအလုပ်ရုံများအတွက် နှစ်အလိုက် လအလိုက်
Service Maintain အတွက် Contract များကိုလဲ
ဈေးနှုန်းချိုသာစွာဖြင့်တာဝန်ယူဆောင်ရွက်ပေးနေပါပြီ...🤝🤝🤝

ငွေကုန် အချိန်ကုန် မဖြစ်ရအောင်
အခုပဲ 📲📞 09447718571 / 09-775208017 ကို ဆက်သွယ်ခေါ်ယူနိုင်ပါတယ်။
_______
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 09-775208017
_________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

26/01/2024

အိမ်က၊ အလုပ်က အဲကွန်းတွေ ပျက်နေလား❓
ကျွန်တော်တို့ Htun Brother Aircon Service ကို သတိရလိုက်ပါဗျ။🤗🤗
_______
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 / 09-775208017
_________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

မိန်းမကြောက်(ချစ်) တဲ့ သူငယ်ချင်းကို mention ခေါ်လိုက်ပါ😁😁_____________________👉Mandalay Office 48လမ်း နှင့် 117 ထောင့်C...
25/01/2024

မိန်းမကြောက်(ချစ်) တဲ့ သူငယ်ချင်းကို mention ခေါ်လိုက်ပါ😁😁
_____________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 /09451384395
_____________________
💢Htun Brother Business Group Yangon 💢
🏢Build(12), Room(002), 10St(A),
Yuzana, Yangon.
☎️09447718571 / 09-775208017

#ကားခအခမဲ့
#ပြုပြင်ရေး
#လျှပ်စစ်ပစ္စည်း #ကားခfree

#မန္တလေးလျှပ်စစ်ပြုပြင်ရေး

အပူချိန်မြင့်ချိန် အဲကွန်းတွေမအေးရင်🥵🥵အပူချိန်မြှင့်လာတိုင်း ဖြစ်လာတတ်တဲ့ အဲကွန်းပြသာနာက အရမ်းဆိုးပါတယ်နော်။🥺ဘာကြောင့်ဖြ...
25/01/2024

အပူချိန်မြင့်ချိန် အဲကွန်းတွေမအေးရင်🥵🥵
အပူချိန်မြှင့်လာတိုင်း ဖြစ်လာတတ်တဲ့ အဲကွန်းပြသာနာက အရမ်းဆိုးပါတယ်နော်။🥺
ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့.....👇👇
ပုံမှန်အခြေအနေမှာ အေးနေတဲ့အဲကွန်းတွေက အပူပြင်းတဲ့အချိန်ရောက်လာရင်မအေးတာက ပြင်ပအပူချိန်က အဲကွန်းစက်အများစုရဲ့ ဒီဇိုင်းအပူချိန်ကိုကျော်နေလို့ဖြစ်တတ်ပါတယ်။🥵🥵
(အိမ်သုံးအဲကွန်းစက်အများစုရဲ့ ပြင်‌ပဒီဇိုင်းအပူချိန်က 35'C to 40'Cကြား ဒါမှ စက်စွမ်းအား အပြည့်အလုပ်လုပ်နိုင်ဖို့သတ်မှတ်ထုတ်လုပ်ထားကြပါတယ်)
Aircon outdoor က အရိပ်ထဲရှိမနေတဲ့စက်အများစုကစက်ဖွင့်ထားပေမယ့် နေ့လည်၁၂နာရီကနေ ညနေ၄နာရီလောက်ကြား မအေးတတ်ကြပါဘူး။🫢🫢

ထိုအချိန်မှာဆိုရင်တော့ ပြင်ပအပူချိန်ကမြင့်လို့ Aircon outdoor unit ရဲ့အပူထုတ်အားက ပုံမှန်အောက် အရမ်းကျနေရတဲ့ကြားထဲ အဲကွန်းတပ်ထားတဲ့အခန်းကလည်းအပူချိန်မြင့်ပြန်ဆိုတော့ ပတ်လည်ရိုက်နေမှာပါ။🤧
(ပတ်၀န်းကျင်အပူချိန်က 40'C အပေါ်ဆိုရင် မြန်မာပြည်သွင်းတဲ့အိမ်သုံးအဲကွန်းတော်တော်များများက မအေးတတ်ကြပါဘူး (အခန်းထဲကအပူထုတ်အားနည်းသွားတတ်လို့ပါ)🤔
Outdoor ကိုနေတည့်တည့်ထိုးတဲ့စက်ဆိုရင် ပိုဆိုးပါတယ်ဗျ။
ထိုစက်မျိုးတွေက ညပိုင်းကြရင် ပြန်အေးလာပါလိမ့်မယ်။🤗
(ညပိုင်းထိပြန်မအေးရင်တော့ ကျွမ်းကျင်သူသာခေါ်ပါတော့)🤗

⛔ မီးအားနိမ့်တဲ့နေရာတွေဆိုရင် အပူချိန်အရမ်းမြင့်ချိန်မှာဖွင့်ရင် အဲကွန်းကွန်ပရက်ဆာနဲ့ မော်တာ‌တွေပျက်စီးတာမျိုးပါဖြစ်နိုင်ပါတယ်နော်။

⛔ တချို့ဆိုလဲ စက်က အပူချိန်များလွန်းလို့ စက်မအေးရင် ပိုအေးအောင်ဆိုပြီး.ရီမုတ်ကို 16'C ထိ လွဲမှားစွာထားတတ်ကြပါတယ်။

ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါနော်။

⛔ ရီမုတ်ကအပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကိုချိန်ပေးတာဖြစ်လို့
စက်ကိုပိုအေးအောင် မလုပ်‌ဆောင်ပေးနိုင်ပါဗျ။🥺🥺
(အခန်းအပြင်မှာ အရမ်းပူပြင်းချိန် အခန်းကို အရမ်းအေးနေအောင်အပူချိန်ကိုချိန်ထားခြင်းဟာ အဲဒီအခန်းမှာနေသူ အပြင်ကိုရုတ်တရက်ထွက်ရင် အခန်းနဲ့အခန်းပြင်ပအပူချိန်ကွာဟချက်ကြောင့်ကိုယ်ခန္ဓာမှာ ရုတ်တရက် အပူချိန်ပြောင်းလဲမှုဒဏ်ခံရပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်)😱

ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲအဖတ်တင်မှာပါဗျ။😮‍💨

အကောင်းဆုံးထားသင့်တဲ့အပူချိန်က 22'C နဲ့ 25'C ကြားပါ။စက်ကောင်းနေရင်အေးပါတယ်။

အကယ်လို့ ဒီရာသီမှာစက်ကကောင်းကောင်းမွန်မွန်အလုပ်လုပ်လို့ အခန်းအပူချိန်နိမ့်ထားမိတာမျိုး၊ မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲဝင်မိတာမျိုးဆိုရင် အပူချိန်ကွာဟချက်က 40'C ကနေ 20'C အောက်အခန်းထဲရောက်သွားလို့ ခန္ဓာကိုယ်အတွက် အပူချိန်အပြောင်းအလဲများလွန်းလို့ မလိုလားအပ်တဲ့ပြဿနာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်နော်။🤒🤒

စက်ကပူလွန်းလို့အလုပ်မလုပ်နိုင်ရင်တော့👇👇
🔹ခဏတနာရီလောက်အနားပေးပြီးမှပြန်ဖွင့်ပါ။
အပူချိန်မြင့်လို့ စက်လည်လိုက်၊ ရပ်လိုက်ဖြစ်ချိန်အတင်းဖွင့်ထားရင် စက်ပျက်စီးနိုင်ပါတယ်ဗျ။

🔹 Fan Mode ပဲ High ထားပြီးဖွင့်ထားပါ။🤗

ညပိုင်းထိပြန်မအေးတော့ရင်ဖြစ်စေ၊အဲကွန်းအောက်ဒိုးကကျနေဘက်မှာမရှိပဲအရိပ်ထဲမှာရှိနေလျှက်နဲ့
မအေးတော့ရင်ဖြစ်စေ

🔹အဲကွန်းကို Service လုပ်ပါ။
🔹တတ်ကျွမ်းသူနဲ့စစ်ဆေးပြီးလိုအပ်တာကိုပြုပြင်ပေးပါ။
ဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့
အခန်းထဲမှာအပူချိန်မကျပဲ စက်ကမအေးတာလဲဖြစ်နိုင်သလို၊ ဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်းဖြစ်နိုင်ပါတယ်နော်။

ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်မယ် ဆိုရင်လဲ👇

❄️ရန်ကုန် နှင့် မန္တလေးမြို့ကြီးများမှ Customer များသို့ အိမ်အရောက် (ကားခ အခမဲ့) ဖြင့်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။🤗

❄️လူကြီးမင်းတို့ရဲ့ Company ကြီးများ၊ ရုံးခန်း၊ ဆိုင်ခန်း နှင့် စက်ရုံအလုပ်ရုံများ ရဲ့ 👉Service Maintain 👈 များအတွက်လည်း နှစ်အလိုက်၊ လအလိုက် Contract များကို ဈေးနှုန်းချိုသာစွာဖြင့် တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။🥰🥰

ဝန်ဆောင်မှုပေးနေတဲ့👉 Servicing Team ကလည်း အတွေ့အကြုံရင့်ပြီး Aircon တစ်လုံးဘယ်လိုလည်ပတ်တယ်ဆိုတာ ကောင်းကောင်းနာလည်တာမို့လို့ ယုံကြည်စိတ်ချစွာဖြင့် အပ်နှံနိုင်ပါတယ်ခင်ဗျ။💯💯

💙 တစ်ခါဆက်သွယ်မိရုံနဲ့ ထာဝရ လက်တွဲချင်သွားအောင် တိကျမြန်ဆန်ပြီး အချိန်တိုအတွင်း အရောက်လာမယ့် 💙

" ယုံကြည်အားထား Htun Brother "👍👍👍
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571/09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571/09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

ကျွန်တော်တို့ 👉🏻 Htun Brother Aircon Sale and Service 👈🏻 မှ လှိုင်မြို့နယ်(ရန်ကုန်မြို့)ရှိ Thai Pot သို့ Servicing ဝန်ဆ...
25/01/2024

ကျွန်တော်တို့ 👉🏻 Htun Brother Aircon Sale and Service 👈🏻 မှ လှိုင်မြို့နယ်(ရန်ကုန်မြို့)ရှိ Thai Pot သို့ Servicing ဝန်ဆောင်မှု ပြုလုပ်ပေးခဲ့ပါတယ်ခင်ဗျ။💞💞

ယခုလို ယုံကြည်စိတ်ချစွာ အလုပ်အပ်နှံမှုအတွက် Thai Pot အား ကျွန်တော်တို့ 👉🏻 Htun Brother Aircon Sale and Service 👈🏻 မှ ကျေးဇူးအထူးပင် တင်ရှိပါတယ်။❤️❤️
Customer တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော်တို့ Htun Brother မှ အမြဲတမ်း အဆင်သင့်ရှိနေပါပြီ။💞💞
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

Aircon Remote Control (Sleep mode)အကြောင်း 🌙 အသုံးပြုသူတွေသိထားသင့်တဲ့Air con remote control တွင်sleep mode သည်အများအားဖ...
24/01/2024

Aircon Remote Control (Sleep mode)အကြောင်း 🌙

အသုံးပြုသူတွေသိထားသင့်တဲ့
Air con remote control တွင်
sleep mode သည်အများအားဖြင့်ပါဝင်လေ့ရှိသည်။

Sleep Mode ကတော့ ညအိပ်ရာဝင်ချိန်
Sleep Mode Control ကိုနှိပ်ထားရင်
Speed ကသိသိသာသာလျှော့နည်းလာပြီး
လေအနည်းငယ်သာဖြန့်ဖြူးပါတော့တယ် …🧑‍💼

အသုံးဝင်ပုံ ✨

sleep mode ကိုနှိပ်လိုက်လျှင်
မိမိချိန်ထားသောTemperature setting
တွင်စတင်လည်စေပြီး ၁ နာရီအကြာတွင်
ချိန်ထားသော Temperature ၏အထက်
၁ ဒီဂရီတိုးကာ အလုပ်လုပ်စေပြီးကျန်
၁ နာရီ ၂ နာရီညအကြာတွင် နောက်ထက်
၁ ဒီဂရီ ထပ်တိုးစေကာစက်ကိုလည်စေပါတယ် ….

စက်အမျိုးအစားပေါ်မူတည်ပြီးအချိန်နှင့်
ဒီဂရီသည်အနဲငယ်ကွာခြားပါသည်
အလုပ်လုပ်ပုံခြင်းသဘောတရားတူညီပါတယ် 💁

🌙 ညအိပ်အိပ်ချင်းအအေးဓာတ်
ပိုမိုလိုအပ်ပြီး ၁ နာရီ ၂ နာရီအကြာတွင်
အအေးဓာတ်ကိုအလိုလျောက်လျော့နည်းစေသဖြင့် ကျန်းမာရေး အရနှင့် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း မီတာခ သက်သာစေခြင်းတို့အကျိုးတို့ရရှိစေပါသည်။

အအေးကြိုက်သူများအတွက် ၂၄ဒီဂရီ နှင့် သိပ်မကြိုက်သူတွေအတွက် ၂၅ ဒီဂရီကို ည အိပ်ခါစတွင်ချိန်ပြီး Sleep mode ကိုနှိပ်၍ အိပ်စက်စေရန်အကြံပြုလိုက်
ပါတယ်ခင်ဗျ။ 🧑‍💼
___________________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

မဟာအောင်မြေမြို့နယ်(မန္တလေးမြို့) ရှိ M P G Office သို့ Aircon Servicing ပြုလုပ်ပေးခဲ့သော ပုံရိပ်လေးတွေကို မျှဝေပေးလိုက်...
24/01/2024

မဟာအောင်မြေမြို့နယ်(မန္တလေးမြို့) ရှိ M P G Office သို့ Aircon Servicing ပြုလုပ်ပေးခဲ့သော ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။📷📷

ယခုကဲ့သို့ ယုံကြည်စိတ်ချစွာ အပ်နှံပေးမှုအတွက် ကျွန်တော်တို့ 👉🏻 Htun Brother Aircon Sale and Service 👈🏻 မှ ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ။🥰🥰
Customer တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော်တို့ Htun Brother မှ အမြဲတမ်း အဆင်သင့်ရှိနေပါပြီ။💞💞
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09447718571 / 09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

အေးတဲ့ရက်လေးတွေ ကုန်ဆုံးတော့မှာ🥺အေးတာကို ကြိုက်လား❓ပူတာကို ကြိုက်လား❓အေးတာကြိုက်ရင်တော့ ကျွန်တော်တို့ Htun Brother နဲ့ လ...
24/01/2024

အေးတဲ့ရက်လေးတွေ ကုန်ဆုံးတော့မှာ🥺
အေးတာကို ကြိုက်လား❓
ပူတာကို ကြိုက်လား❓
အေးတာကြိုက်ရင်တော့ ကျွန်တော်တို့ Htun Brother နဲ့ လက်တွဲဖို့လိုမယ်နော်🥰🥰
ဆောင်းရာသီ အေးတာက အမြဲ မဟုတ်ဘူးနော်
အဲကွန်းရှိနေမှ အမြဲအေးမှာဗျ။
အမြဲ အေးချင်တဲ့ လူကြီးမင်းတို့အတွက် 👉 Htun Brother Aircon Sale & Service ရှိနေပါပြီနော်။🥰🥰
အိမ်က ပြသာနာတွေနဲ့ အဲကွန်း ကိုပြုပြင်ဖို့
အမြန်ဆုံးနဲ့ အသက်သာဆုံး‌‌ ဖြေရှင်းချင်တယ်ဆိုရင် ကျွန်တော်တို့ 👉Htun Brother ကိုသာ ချက်ချင်းဆက်သွယ်လိုက်ပါ...💙💙

ကျွန်တော်တို့ 👉Htun Brother 👈နဲ့လက်တွဲလုပ်ကိုင်မယ်ဆိုလျှင် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများအတွင်းရှိ Customer များအတွက် အိမ်အရောက် ကားခအခမဲ့ဖြင့် ဝန်ဆောင်မှုပေးပြီး
⏭️ Aircon ရေဆေးခြင်း
⏭️ Gas ဖြည့်ခြင်း
⏭️ တပ်ဆင်ခြင်း
⏭️ နေရာရွေ့ခြင်း
⏭️ ပြုပြင်ခြင်း လုပ်ငန်းများကို
တာဝန်ယူဖြေရှင်းပေးပါတယ်ခင်ဗျာ။ 💁‍♂️👨‍🔧
💢💢 Company ကြီးများ၊ ရုံးခန်း၊ ဆိုင်ခန်း နှင့်
စက်ရုံအလုပ်ရုံများအတွက် နှစ်အလိုက် လအလိုက်
Service Maintain အတွက် Contract များကိုလဲ
ဈေးနှုန်းချိုသာစွာဖြင့်တာဝန်ယူဆောင်ရွက်ပေးနေပါပြီ...🤝🤝🤝

ငွေကုန် အချိန်ကုန် မဖြစ်ရအောင်
အခုပဲ 📲📞09-447718571/ 09-775208017 ကို ဆက်သွယ်ခေါ်ယူနိုင်ပါတယ်။
_______
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09-447718571/09-775208017
_________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09447718571 / 09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

🪔ဆိုင်ဆိုင်မြိုင်မြိုင် တန်ဆောင်တိုင်🪔တန်ဆောင်ဘုန်းလပြည့်နေ့အခါသမယလေးမှာ ကျွန်တော်တို့ (ရန်ကုန်) 👉Htun Brother Aircon Sa...
26/11/2023

🪔ဆိုင်ဆိုင်မြိုင်မြိုင် တန်ဆောင်တိုင်🪔
တန်ဆောင်ဘုန်းလပြည့်နေ့အခါသမယလေးမှာ ကျွန်တော်တို့ (ရန်ကုန်) 👉Htun Brother Aircon Sale & Service Team က ကုသိုလ်ဖြစ် အလှူလုပ်မှာဖြစ်လို့ (၂၇.၁၁.၂၃) ရက်နေ့တွင် ပိတ်မှာဖြစ်ပြီး (၂၈.၁၁.၂၃) ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည် Service ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။😍😍

(မန္တလေး) Htun Brother Aircon Sale & Service Team ကတော့ပုံမှန်အတိုင်း ဖွင့်လှစ်ထားမှာဖြစ်ကြောင်း မန္တလေးမှ လူကြီးမင်းများအတွက် သတင်းကောင်းပေးပါးအပ်ပါတယ်ဗျ။🤗🤗

ရန်ကုန်မှ လူကြီးမင်းများအနေနဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မိသားစုနဲ့ အေးအေးလေးဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပဲ ဖုန်းဆက်လိုက်တော့နော်🤗🤗

" ယုံကြည်အားထား Htun Brother "👍👍👍
_____________________
💢Htun Brother Business Group💢
🏢Build(12), Room(002), 10St(A),
Yuzana Garden City, Dagon Seikkan Township, Yangon.
☎️09-775208017
______________________
👉Mandalay Office
48လမ်း နှင့် 117 ထောင့်
Corner of 48 Street and 117 Street,
Chanmyathazi Tsp, Mandalay.
☎️09451384395


#ကားခအခမဲ့
#အဲယားကွန်းဆားဗစ်

Address

Corner Of 48 Street And 117 Street, , Chanmyathazi Tsp
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959447718571

Website

Alerts

Be the first to know and let us send you an email when Htun Brother Mandalay Yangon Aircon Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share