BWT Co.,Ltd - ဘာဝတီ ကုမ္ပဏီလီမိတက်

  • Home
  • Myanmar
  • Mandalay
  • BWT Co.,Ltd - ဘာဝတီ ကုမ္ပဏီလီမိတက်

BWT Co.,Ltd - ဘာဝတီ ကုမ္ပဏီလီမိတက် နယ်မြို့များသို့ကားဂိတ်များဖြင့်ပ?

အခုလို မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံတဲ့ နှစ်ဆန်း (၁) ရက်နေ့မှစတင်၍ ကျေးဇူးရှင်တောင်သူဦးကြီးများ၊ ဘာဝတီကို စဉ်ဆက်မပြတ...
17/04/2026

အခုလို မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံတဲ့ နှစ်ဆန်း (၁) ရက်နေ့မှစတင်၍ ကျေးဇူးရှင်တောင်သူဦးကြီးများ၊ ဘာဝတီကို စဉ်ဆက်မပြတ်အားပေးခဲ့ကြသောဖောက်သည်ကြီးများနှင့် မြန်မာပြည်သူပြည်သားများအားလုံးဘေးဘယာအပေါင်း၊ ကပ်ဆိုးအပေါင်းနဲ့ ဝေးကွာပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးကြွယ်ဝကြပါစေကြောင်း ဘာဝတီမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ.. 🙏

#ဘာဝတီ #နှစ်သစ်ဆုတောင်း #နှစ်ဆန်းတစ်ရက်နေ့

ရိတ်ခြွေစက်၊ ထွန်စက်ကြီးတွေ ဘယ်လောက်ကောင်းကောင်း တာယာတွေအရည်အသွေးမကောင်းရင် ဟောင်းလွယ်ရုံမက စက်ကိုပါ ဒုက္ခပေးနိုင်ပါသေးတ...
30/03/2026

ရိတ်ခြွေစက်၊ ထွန်စက်ကြီးတွေ ဘယ်လောက်ကောင်းကောင်း တာယာတွေအရည်အသွေးမကောင်းရင် ဟောင်းလွယ်ရုံမက စက်ကိုပါ ဒုက္ခပေးနိုင်ပါသေးတယ် ..

🔺တာယာမကောင်းရင် အင်ဂျင်က ပို အလုပ်လုပ်းမယ်။
🔺လိုအပ်သလောက် အလုပ်တွင်မှာမဟုတ်ဘူး။
🔺ဆီပိုစားတော့ ထည့်မလောက်ပဲပေါ့ …
ဒါကြောင့် ဒီဇယ်တွေ ချွေတာချင်ရင် အရုန်းအဆွံကောင်းတဲ့ တာယာတွေနဲ့သာမောင်းပါ။

ဒီတော့ ထွန်စက်တာယာနဲ့ ရိတ်ခြွေ Crawler တွေကို အရည်အသွေးမြင့် လုပ်ဆောင်မှုအားအကောင်းဆုံးမှ သုံးချင်ရင် ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) ကို ဆက်သွယ်လိုက်ပါ။

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

နွေလည်းရောက်ပြီဆိုတော့ ရာသီဥတုက တဖြည်းဖြည်းပူလာပြီ။အသွားအလာ၊ အလုပ်အကိုင်လေးတွေ အစစအရာရာ ဂရုစိုက်ကြပါ မိတ်ဆွေတို့ရေ …🤗ထွန...
26/03/2026

နွေလည်းရောက်ပြီဆိုတော့ ရာသီဥတုက တဖြည်းဖြည်းပူလာပြီ။

အသွားအလာ၊ အလုပ်အကိုင်လေးတွေ အစစအရာရာ ဂရုစိုက်ကြပါ မိတ်ဆွေတို့ရေ …🤗

ထွန်စက်၊ ရိတ်ခြွေနဲ့ ပတ်သက်လို့ လိုအပ်တာရှိရင်တော့ ဘာဝတီကို ဖုန်းဆက်လိုက်ပါ …
ကိုယ်တိုင်ဆိုင်လာကြည့်ချင်သပဆိုလည်း နီးစပ်ရာဆိုင်ကို ညွှန်းပေးချင်တာမို့ ဖုန်းလေးအရင်ဆက်ပေးနော် …🤗

ဝယ်ယူသူတွေ အဆင်ပြေနေဖို့သာ အဓိကပဲဖို့
👉🏻အပိုပစ္စည်းတွေ ဝယ်ယူချင်တာပဲဖြစ်စေ
👉🏻စက်တစ်ခုခုဖြစ်လို့ မေးမြန်းချင်တာပဲဖြစ်စေ
👉🏻ထိန်းသိမ်းနည်းတွေ သိချင်တာပဲဖြစ်စေ
ဘာဝတီကို အချိန်မရွေး ဆက်သွယ်ဖို့ ဝန်မလေးပါနဲ့ခင်ဗျာ ..

ဦးကြီးတို့အတွက် အမြဲ အသင့်ရှိနေလျက်ပါ ..

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

ရိတ်သိမ်း၊ အခွံခွါ၊ အစေ့ခြွေကြမယ့် ဦးကြီးတို့အတွက် ပြောင်းရိတ်စက်အပိုပစ္စည်းစုံ ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မှာ မှာလို့ရပြီဗျို့ …...
25/03/2026

ရိတ်သိမ်း၊ အခွံခွါ၊ အစေ့ခြွေကြမယ့် ဦးကြီးတို့အတွက် ပြောင်းရိတ်စက်အပိုပစ္စည်းစုံ ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မှာ မှာလို့ရပြီဗျို့ …

ဦးကြီးတို့ အားကိုးရတဲ့ ပြောင်းရိတ်စက်ခေါင်းတွေကို အရည်အသွေးမြင့်တာမှ သုံးချင်ရင် ဆက်သွယ်လိုက်ပါ …

✅လူသက်သက်သာသာနဲ့ ဧကများစွာကို အချိန်တိုအတွင်း ရိတ်သိမ်းလို့ ပြီးစေမယ်။
✅အနာ နည်း၊ ပယ်ပြောင်း နည်း အကောင်းချည်း တဝေါဝေါထွက်စေမယ်။
✅ကိုယ်ပိုင်သုံးလို့လည်း တပ်ဆင်ရလွယ်ကူ
✅အငှါးလိုက်ကြမယ့် စက်ပိုင်ကြီးတို့အတွက်လည်း ရေရှည်သုံး တွက်ချေကိုက်မယ့် အမျိုးအစားဖြစ်လို့ ချက်ချင်းဝယ်၊ ချက်ချင်း ရချင်ရင် ဆက်သွယ်လိုက်ပါ။

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

🚜 နွေပူပူမှာ စက်ပစ္စည်းတွေ "အပူမရှပ်" စေဖို့ ဒီ (၆) ချက်ကို လုပ်ဆောင်ပါ။ပူပြင်းလှတဲ့ နွေရာသီမှာ တောင်သူဦးကြီးတို့ရဲ့ လုပ...
05/03/2026

🚜 နွေပူပူမှာ စက်ပစ္စည်းတွေ "အပူမရှပ်" စေဖို့ ဒီ (၆) ချက်ကို လုပ်ဆောင်ပါ။

ပူပြင်းလှတဲ့ နွေရာသီမှာ တောင်သူဦးကြီးတို့ရဲ့ လုပ်ဖော်ကိုင်ဖက် စိုက်ပျိုးရေးစက်ပစ္စည်းတွေဟာလည်း လူတွေလိုပဲ အပူဒဏ်ကို ခံစားရပါတယ်။ စက်ပစ္စည်းတွေ သက်တမ်းရှည်ဖို့နဲ့ ငွေကုန်ကြေးကျ သက်သာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ကြပါစို့နော်

၁။ ရေတိုင်ကီကို အမြဲမျက်စိဒေါက်ထောက်ကြည့်ပါ 💧
🔺အင်ဂျင်အပူလွန်ကဲခြင်း (Overheating) မဖြစ်ဖို့ ရေတိုင်ကီမှာ ရေ (သို့မဟုတ်) Coolant အပြည့်ရှိပါစေ။ ရေတိုင်ကီအကွက်တွေထဲမှာ ဖုန်တွေ၊ မြက်ခြောက်တွေ ပိတ်နေရင် လေမှုတ်စက်နဲ့ သန့်ရှင်းရေး အမြဲလုပ်ပေးပါ။

၂။ တာယာလေပေါင်ကို (၂) ပေါင်လောက် လျှော့ထားပါ 🛞
🔺နေပူထဲ အလုပ်လုပ်တဲ့အခါ တာယာထဲကလေက အပူကြောင့် ပွလာတတ်ပါတယ်။ တာယာမပေါက်စေဖို့ ပုံမှန်ထက် လေပေါင်အနည်းငယ်လျှော့ထားတာက အကောင်းဆုံးပါ။

၃။ အင်ဂျင်ဝိုင်နဲ့ ဟိုက်ဒရောလစ်ဆီ စစ်ပါ 🛢️
🔺အပူချိန်ပြင်းရင် ဆီတွေက ကျဲသွားတတ်ပါတယ်။ နွေရာသီနဲ့ ကိုက်ညီတဲ့ အပူဒဏ်ခံ အင်ဂျင်ဝိုင်မျိုး သုံးပေးပါ။ ဆီအဆင့် လျော့မလျော့ ပုံမှန်တိုင်းတာတံနဲ့ စစ်ဆေးပါ။

၄။ ဘက်ထရီ ထိန်းသိမ်းခြင်း
🔺အပူရှိန်က ဘက်ထရီအတွင်းပိုင်း ဓာတုဗေဒပြောင်းလဲမှုကို မြန်ဆန်စေပြီး ဘက်ထရီသက်တမ်းကို တိုစေပါတယ်။ဘက်ထရီရေ အငွေ့ပျံမှု ပိုမြန်တဲ့အတွက် အမှတ်အသားထက် မလျော့စေဖို့ ပုံမှန်စစ်ဆေးပြီး ဖြည့်ပါ။ ဘက်ထရီခေါင်းတိုင်တွေမှာ ချေးတက်နေရင် လျှပ်စစ်စီးဆင်းမှု မမှန်ဘဲ အပူပိုထွက်တတ်ပါတယ်။

၅။ လေစစ် (Air Filter) ကို မကြာခဏ ဖုန်ခါပါ 🌬️
🔺နွေရာသီက ဖုန်ထူတဲ့အတွက် လေစစ်ပိတ်လွယ်ပါတယ်။ လေစစ်ပိတ်ရင် ဆီစားပိုပြီး အင်ဂျင်အပူချိန် တက်လာတတ်ပါတယ်။ တစ်ပတ်တစ်ခါ (သို့မဟုတ်) ဖုန်ထူတဲ့နေ့တွေမှာ ပုံမှန်သန့်ရှင်းရေးလုပ်ပါ။

၆။ စက်ကို အတင်းမခိုင်းဘဲ အနားပေးပါ 🕒
🔺အလုပ်လုပ်နေစဉ် အင်ဂျင်အပူချိန်ပြဒါး (Temperature Gauge) ကို မျက်ခြေမပြတ်ကြည့်ပါ။ အနီရောင်အဆင့်နား ရောက်လာရင် စက်ကို မပိတ်ဘဲ Slow (အနှေး) အနေအထားနဲ့ ခဏထားပြီးမှ အပူကျသွားမှ စက်ကိုပိတ်ပါ။ အသုံးမပြုတဲ့အချိန်မှာ စက်ပစ္စည်းတွေကို နေပူထဲမှာ မထားပါနဲ့။ အမိုးအကာအောက်မှာ ထားခြင်းဖြင့် ဆေးသားပျက်စီးခြင်းနဲ့ ရော်ဘာအစိတ်အပိုင်းတွေ ကြွပ်ဆတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဒီတော့ "စက်ကောင်းမှ အလုပ်တွင်မယ်၊ အလုပ်တွင်မှ ဝင်ငွေဖြောင့်မယ်" ဆိုတဲ့စကားအတိုင်းပဲ ဒီနေ့ကစပြီး ဦးကြီးတို့ရဲ့ စက်ပစ္စည်းတွေကို နွေပူအလယ်မှာ ကြံ့ကြံ့ခံဖို့ ဒီ (၆) ချက်နဲ့ ဂရုစိုက်ပေးလိုက်ရအောင်လားခင်ဗျာ …

#စိုက်ပျိုးရေး #စက်ပစ္စည်းထိန်းသိမ်းနည်း #နွေရာသီဂရုစိုက်စရာ #တောင်သူဦးကြီးများအတွက်

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်က သီးနှံတွေကိုတင် ခြိမ်းခြောက်နေတာမဟုတ်ဘဲ ကျွန်တော်တို့ တောင်သူဦးကြီးတွေရဲ့ ကျန်းမာရေးကို...
03/03/2026

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်က သီးနှံတွေကိုတင် ခြိမ်းခြောက်နေတာမဟုတ်ဘဲ ကျွန်တော်တို့ တောင်သူဦးကြီးတွေရဲ့ ကျန်းမာရေးကိုပါ ဒုက္ခပေးနိုင်ပါတယ်။‼️

တဖြည်းဖြည်းပိုပူလာတော့မယ်နွေမှာ အလုပ်ကလည်း အလျဉ်မပြတ်လုပ်ရဦးမှာမို့ ဒီ အချက် (၄) ချက်ကိုလိုက်နာပြီး အထူးဂရုစိုက်ကြပါစို့နော် …

၁။ အချိန်ကို ရွှေလိုစီမံပါ။
နေပူရှိန်အပြင်းဆုံးအချိန်မှာ အပြင်ထွက်အလုပ်လုပ်တာဟာ အပူရှပ်ခြင်း (Heatstroke) ကို အဓိကဖြစ်စေနိုင်ပါတယ်။
✅မနက်စောစော (၅ နာရီ - ၁၀ နာရီ) အတွင်းမှာ ထွန်ယက်ခြင်း၊ မြေဆီကျွေးခြင်း စတဲ့ ခွန်အားစိုက်ရတဲ့အလုပ်တွေကို ဒီအချိန်မှာ အပြီးလုပ်ပါ။
✅နေအလွန်ပူချိန် (၁၁ နာရီ - ၄ နာရီ) မှာ လယ်ထဲ၊ ယာထဲမှာ အလုပ်မလုပ်ပါနဲ့။ အရိပ်ရတဲ့နေရာမှာ အနားယူပါ။
✅ညနေပိုင်း (၄ နာရီနောက်ပိုင်း) အပူရှိန်လျော့မှ ရေလောင်းတာ၊ ပေါင်းသင်တာတွေကို ပြန်လုပ်ပါ။
၂။ ရေဓာတ်ကို အပြည့်ဖြည့်ပါ
ရေငတ်မှ ရေသောက်တာမျိုးမဟုတ်ဘဲ။
✅၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ တိုင်းမှာ ရေတစ်ခွက် ပုံမှန်သောက်ပေးပါ
✅ချွေးထွက်များတဲ့အခါ ရေထဲမှာ ဓာတ်ဆားထည့်သောက်တာ ဒါမှမဟုတ် သဘာဝအုန်းစိမ်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။
🔺နေပူထဲ အလုပ်လုပ်နေချိန်မှာ အရက်သေစာနဲ့ ကဖိန်းဓာတ် (ကော်ဖီ) တွေကို ရှောင်ပါ။ ရေဓာတ်ကို ပိုမိုခမ်းခြောက်စေလို့ပါ။

၃။ ခန္ဓာကိုယ်ကို သေချာဝတ်စားကာကွယ်ပါ။
အရေပြားကို နေရောင်ခြည် တိုက်ရိုက်မထိပါစေနဲ့။
✅ချည်သားစစ်စစ်၊ ပွပွချောင်ချောင် လက်ရှည်၊ ခြေရှည် ဝတ်ဆင်ပါ။
✅အရောင်ရင့်တာ (အနက်ရောင်) တွေက အပူကို စုပ်ယူတဲ့အတွက် အရောင်ဖျော့တာတွေကို ရွေးချယ်ဝတ်ဆင်ပါ။
✅အနားကျယ်တဲ့ ခမောက် ဆောင်းပါ။ လည်ပင်းမှာ ပုဝါအစိုလေး ပတ်ထားပေးရင် ခန္ဓာကိုယ်အပူချိန်ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

၄။အပူဒဏ်အန္တရာယ်တွေကို သတိပြုပါ။
အောက်ပါလက္ခဏာတွေ ဖြစ်လာရင် ဇွတ်မလုပ်ပါနဲ့၊ အလုပ်ကို ချက်ချင်းရပ်လိုက်ပါ
🔺ခေါင်းအရမ်းမူးပြီး ရီဝေဝေဖြစ်လာခြင်း။
🔺ပျို့အန်ချင်ခြင်း။
🔺အသားအရေတွေ အရမ်းပူလာပြီး ချွေးလုံးဝမထွက်တော့ခြင်း (ဒါဟာ အန္တရာယ်အရှိဆုံး အဆင့်ပါ)။

အကြံပြုပေးချင်တာကတော့ "လူရှိမှ အလုပ်ရှိမှာ" ဆိုသလိုပဲ မိမိကျန်းမာရေးကို အရင်ဂရုစိုက်မှသာ သီးနှံတွေလည်း အထွက်နှုန်းကောင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအထူးဂရုစိုက်ကြဖို့ မှာချင်ပါတယ်ခင်ဗျာ ..🤗

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

ဒီနေ့မှာ ကျရောက်တဲ့ (၆၄) ကြိမ်မြောက် “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။တောင်သူဦးကြီးများအားလုံး စီးပွါးလာဘ်...
02/03/2026

ဒီနေ့မှာ ကျရောက်တဲ့ (၆၄) ကြိမ်မြောက် “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

တောင်သူဦးကြီးများအားလုံး စီးပွါးလာဘ်လာဘများတိုးပွါးအောင်မြင် ကြပါစေကြောင့် ဘာဝတီမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ 🙏

#တောင်သူလယ်သမားနေ့

ထွန်စက်အပိုပစ္စည်းနဲ့ပတ်သက်လာရင် သေးသေး၊ ကြီးကြီးကနေ ရှားရှား ပါးပါးတွေထိ ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မှာ အားလုံး ရနိုင်ပါပြီ။ဘာဝတ...
20/02/2026

ထွန်စက်အပိုပစ္စည်းနဲ့ပတ်သက်လာရင် သေးသေး၊ ကြီးကြီးကနေ ရှားရှား ပါးပါးတွေထိ ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မှာ အားလုံး ရနိုင်ပါပြီ။

ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘 ) က တင်သွင်းပေးထားတဲ့ အပိုပစ္စည်းတွေက
✅အရည်အသွေးမှန်
✅စျေးနှုန်းမှန်
✅အကြမ်းခံတာမို့ ရေရှည်အတွက် စိတ်ပူစရာမလိုဘူးနော် …

ရှာရမခက်၊ ဝယ်ရမခက်အောင် ဘာဝတီဆိုင်ခွဲတိုင်းမှာ ရောင်းချပေးနေပြီမို့ ဦးကြီးတို့ရဲ့ ထွန်စက်တွေအတွက် ဘာပဲလိုလို ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) ကိုသာ သတိရလိုက်ပါ ….

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

(12-2-26) ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့အားဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။  #ပြည်ထောင်စုနေ့
12/02/2026

(12-2-26) ရက်နေ့တွင် ကျရောက်သော
ပြည်ထောင်စုနေ့အား
ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။

#ပြည်ထောင်စုနေ့

လူကြီးမင်းတို့ရဲ့ ထွန်ခုံတွေအတွက်အရည်အသွေးကောင်းတဲ့  JOIN တွေ ဘာဝတီ (𝗕𝗮𝗿 𝗪𝗮 𝗧𝘆) မှာ ဆက်သွယ်မှာယူနိုင်ပါပြီ။၆ ပေ၊ ၆ ပေခွဲ...
08/02/2026

လူကြီးမင်းတို့ရဲ့ ထွန်ခုံတွေအတွက်အရည်အသွေးကောင်းတဲ့ JOIN တွေ ဘာဝတီ (𝗕𝗮𝗿 𝗪𝗮 𝗧𝘆) မှာ ဆက်သွယ်မှာယူနိုင်ပါပြီ။

၆ ပေ၊ ၆ ပေခွဲ ထွန်ခုံတွေအတွက်
✅Rx 183 Join (CH/ Original )

၆ ပေခွဲ ထွန်ခုံတွေအတွက်
✅Rx 193 Join (CH/ Original )

(၇) ပေခုံအတွက်
✅Rx 220 Join (CH/ Original )

Join ကောင်းမှ အလုပ်ပိုတွင်တာပါ ..‼️
ဒါကြောင့် ထွန်ခုံတွဲခါနီးတိုင်း Join တွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး လိုအပ်တာနဲ့ အချိန်မီလဲလှယ်ပါ …

ကြာရှည်အကြမ်းခံချင်ရင်တော့ ဘာဝတီ (𝗕𝗮𝗿 𝗪𝗮 𝗧𝘆) မှာ တင်သွင်းရောင်းချပေးနေတဲ့ Join တွေကိုသာ ဝယ်ယူလဲလှယ်လိုက်ပါ။

𝗕𝗮𝗿 𝗪𝗮 𝗧𝘆 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက် #ထွန်ခုံ

တောင်သူလယ်သမားတွေအနေနဲ့ ငွေယိုပေါက်တွေပိတ်ချင်ရင် အရည်အသွေးပြည့်မီတဲ့ စက်ပစ္စည်းတွေကိုသာသုံးစေချင်တယ်...အချိန်နဲ့အမျှ မြ...
31/01/2026

တောင်သူလယ်သမားတွေအနေနဲ့ ငွေယိုပေါက်တွေပိတ်ချင်ရင် အရည်အသွေးပြည့်မီတဲ့ စက်ပစ္စည်းတွေကိုသာသုံးစေချင်တယ်...

အချိန်နဲ့အမျှ မြေကြီးက ရွှေသီးနိုင်တဲ့ လယ်ယာ၊ တောင်ယာလုပ်ငန်းတွေမှာ စက်ပစ္စည်းချို့ယွင်းခြင်းက အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတာထက် ရိတ်သိမ်းချိန်ကာလ မမီလိုက်ရင် စိုက်ခင်းတစ်ခုလုံးကိုပါ ပျက်စီးသွားစေနိုင်တဲ့ထိ ဆုံးရှုံးမှုက ကြီးမားပါတယ်။
‼️စက်ပြင်နေစဉ်အတွင်းမှာ စက်မောင်းသမားတွေနဲ့ လုပ်သားတွေကို အလဟဿ အခကြေးငွေ ပေးထားရသလို ဖြစ်နေတတ်ပါတယ်။

နောက်ပြီး လယ်ယာသုံးစက်တွေဟာ အကြမ်းပတမ်း အသုံးပြု အလုပ်လုပ်ရတာပါ။
✅အရည်အသွေးမြင့် အပိုပစ္စည်းတွေက စက်ရုံထုတ် တိုင်းတာချက်အတိုင်း တိတိကျကျ ပြုလုပ်ထားတာဖြစ်လို့ တပ်ဆင်တဲ့အခါမှာ ချောမွေ့မှုပိုရှိပါတယ်။ မတိကျတဲ့ အပိုပစ္စည်းလေးတစ်ခုရဲ့ ချို့ယွင်းချက်ကနေ စက်တစ်ခုလုံးကို ပျက်စီးစေနိုင်တာကို သတိထားပါ။
❌ဈေးပေါတဲ့ မူလီ (Bolt) တစ်ခုဟာ အပြင်ပန်းကြည့်ရင်တော့ တူတူပါပဲကွာလို့ တွေးလို့ရပေမဲ့ အင်ဂျင်ရဲ့ အားပြင်းတဲ့ လည်ပတ်မှုကို ခံနိုင်ရည်ရှိတဲ့ သတ္တုစပ်မျိုး မဟုတ်တာကြောင့် ကျိုးလွယ်၊ ပျက်စီးလွယ်ပါတယ်။

ဒါ့အပြင် ခေတ်မီစက်ယန္တရားတွေဟာ အစိတ်အပိုင်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။
ဥပမာ- အရည်အသွေးမမီတဲ့ ဝိုင်ဖေလ်တာ (Oil Filter) တစ်ခုကြောင့် အင်ဂျင်ထဲကို အနယ်အနှစ်တွေ ရောက်သွားပြီး အင်ဂျင်တစ်ခုလုံး ပြန်ပြင်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အရည်အသွေးမမီတဲ့ အပိုပစ္စည်းတွေ သုံးထားရင် ကုမ္ပဏီကပေးထားတဲ့ အာမခံချက်တွေ ပျက်ပြယ်သွားတတ်ပါတယ်။

ထိုနည်းလည်းကောင်းပါပဲ အရည်အသွေးကောင်းတဲ့ နော်ဇယ် (Injector) နဲ့ လေစစ် (Air Filter) တွေကိုသာ အသုံးပြုမယ်ဆိုရင် အင်ဂျင်ကို ဆီစားသက်သာစေပြီး ရုန်းအားကောင်းစေပါတယ်။ အပိုပစ္စည်းကောင်းရင် ကောင်းသလို အင်ဂျင်က အရမ်းအားစိုက်စရာမလိုဘဲ အလုပ်လုပ်နိုင်လို့ စက်သက်တမ်းကို ပိုရှည်စေပါတယ်။

ဒါကြောင့် အရည်အသွေးမြင့် (သို့မဟုတ်) မူရင်း စက်အပိုပစ္စည်းတွေက ဈေးပိုကြီးနိုင်ပေမဲ့ စက်နဲ့ကွက်တိကျဖို့၊ နာရီပေါင်းများစွာအသုံးခံဖို့ စမ်းသပ်စစ်ဆေးထားပြီးသားဖြစ်တာမို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ထွန်စက်၊ ရိတ်ခြွေစက်တွေအတွက် အရည်အသွေးကောင်း၊ အရည်အသွေးမြင့်တဲ့ အပိုပစ္စည်းတွေကိုသာ အသုံးပြုချင်ရင် ဘာဝတီ (𝐁𝐀𝐑 𝐖𝐀 𝐓𝐘) ကိုသာ ဆက်သွယ်လိုက်ပါ။ ဆွေးနွေးအကြံပေးနိုင်တဲ့ အတွေ့အကြုံအပြည့်ရှိ စက်ပြင်ဆရာများ၊ အရောင်းဝန်ထမ်းများကိုယ်တိုင် ရောင်းချပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။

𝐁𝐀𝐑 𝐖𝐀 𝐓𝐘 (ဘာဝတီ) Company Limited
စပါးရိတ်ခြွေစက်၊ ထွန်စက်နှင့် Power Tools အပိုပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
📍(၁၃၉)လမ််း (ကနောင်မင်းသားကြီးလမ်း) နှင့် (၅၅) လမ်းထောင့်၊ စက်မှု (၂)၊ မန္တလေးမြို့။

☎️Ph No

Power Tools
09 766655005, 09 766655008

ရိတ်ခြွေလက်ကား
09 766660122, 09 766660182

ရိတ်ခြွေ လက်လီ
09 760500500, 09 892002009

ထွန်စက်မန္တလေးဆိုင်
09787200060
09740879772

#ဘာဝတီ #ရိတ်ခြွေစက် #ထွန်စက်

Address

Corner Of 55 Street & (139) St (Kanaung Min Thar Gyi St), Industrial Zone(2), Pyigyi Tagon Township
Mandalay
05061

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+9595352624

Alerts

Be the first to know and let us send you an email when BWT Co.,Ltd - ဘာဝတီ ကုမ္ပဏီလီမိတက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BWT Co.,Ltd - ဘာဝတီ ကုမ္ပဏီလီမိတက်:

Share

Category