Htoo Ya Design & Build

Htoo Ya Design & Build We offers building construction services,project management and interior design consultants services.

We offers building construction services,project management services, interior design consultants services and decoration & renovation services.

🏡 ခေါင်မိုးလှလှလေးနဲ့ အိမ် 🏡ဒီတလော ခေါင်မိုးနဲ့အိမ်လေးတွေ ဓာတ်ကျနေတယ်ရော ဘယ်တော့မှ ရိုးမသွားတဲ့ ဒီဇိုင်း Htoo Ya Design ...
23/08/2025

🏡 ခေါင်မိုးလှလှလေးနဲ့ အိမ် 🏡

ဒီတလော ခေါင်မိုးနဲ့အိမ်လေးတွေ ဓာတ်ကျနေတယ်ရော ဘယ်တော့မှ ရိုးမသွားတဲ့ ဒီဇိုင်း Htoo Ya Design & Build နဲ့ ဆောက်လို့ရတယ်နော် 😉

𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ 𝐃𝐞𝐬𝐢𝐠𝐧 𝐒𝐭𝐚𝐭𝐞 𝐭𝐨 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐭𝐞 ထိ တာဝန်ယူဆောက်လုပ်ပေးနေတဲ့ နေရာကိုရှာနေရင် ဆက်သွယ်ကြည့်ပါနော်

ကျွမ်းကျင်အင်ဂျင်နီယာတွေချည့် ခေါင်းဆောင်ပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တတ်မြောက်ထားတဲ့ပညာများဖြင့် တထောင့်တနေရာကနေ အကျိုးပြုရင်းးး

အိမ်လှလှလေးတွေ ဖန်တီးပေးနိုင်တဲ့ နေရာ

ဆက်သွယ်ရန် ☎️ 𝟎𝟗𝟕𝟖𝟗𝟔𝟏𝟕𝟔𝟔𝟖/ 𝟎𝟗𝟐𝟓𝟔𝟐𝟑𝟑𝟖𝟏𝟐

#𝐇𝐭𝐨𝐨𝐘𝐚𝐃𝐞𝐬𝐢𝐠𝐧𝐚𝐧𝐝𝐁𝐮𝐢𝐥𝐝
#𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

Mandalay City Development Committe~~~~~~~~~~~~~~~~~~~~~~~~အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများနှင့် အခြာ...
15/08/2025

Mandalay City Development Committe
~~~~~~~~~~~~~~~~~~~~~~~~
အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ
စည်းမျဥ်းစည်းကမ်းများနှင့် အခြားဆောက်လုပ်ခွင့် စည်းမျဥ်းစည်းကမ်းများ

RC (၁)ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာ
ရရှိထားသူ

၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက် (၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံ A1ဆိုဒ်(၃)စုံနှင့်(Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section
(လှေကားအား ဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Septic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာပါဝင်သော သတင်းစာကြော်ငြာ)

(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း
မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း
ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း
ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း
၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

RC(၁)ထပ်/SS(၁)ထပ်မှ RC(၃)ထပ်/SS(၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များ အား ကော်မတီဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း

(၅)ထပ်နှင့်အထက်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများ

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ

၂။ လျှောက်ထားရမည့် ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ(၁၀၅)မူရင်း(အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက်ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃)စုံနှင့် (Autocad Drawing (၁) စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Bio Spetic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) Soil Report (၁)စုံ

(ဌ) အဆောက်အဦး၏ Structure Design (ETAB & SAFE (or) Other Software) Soft Copy နှင့် Hard Copy (၁)စုံ

- Structure Designer ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ (MEC၏သတ်မှတ်ချက်အရည်အချင်းနှင့် ကိုက်ညီသူဖြစ်ရမည်။)

(ဍ) အဆောက်အဦး၏ Estimate Hardcopy (၁)စုံ

(ဎ) ကားရပ်နားရန်ဝန်ခံကတိ/ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

(ဏ) သတင်းစာကြော်ငြာ (အဆောက်အအုံအမျိုးအစားနှင့် အသုံးပြုရန် ရည်ရွယ်ချက်ပြည့်စုံစွာပါဝင် သောသတင်းစာကြော်ငြာ)

(တ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ထ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဒ) မီးသတ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(ဓ) လျှပ်စစ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(န) သန့်ရှင်းရေးဌာန(MCDC)၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

(က) အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များ ပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများ ပူးတွဲခြင်း

(ခ) မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း

(ဂ) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ Structure Design တွက်ချက်မှုများအား ပဏာမစစ်ဆေး၍ MESသို့Structure Design များပေးပို့စစ်ဆေးခြင်းနှင့် လိုအပ်ချက်ရှိပါက Designerသို့ အကြောင်းပြန်ကြားခြင်း

(ဃ) Designer မှ လိုအပ်ချက်များအားပြင်ဆင်ပြီး ပြည့်စုံသော အမှုတွဲများအား အထပ်မြင့်အစည်းအဝေးတင်ပြခြင်း

(င) အထပ်မြင့်အစည်းအဝေးမှ ခွင့်ပြုသောအမှုတွဲများအား ကော်မတီသို့ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူခြင်း

(စ) ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း

၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

(၅)ထပ်နှင့်အထက် အမှုတွဲများအား ကော်မတီထိ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ခြင်းနှင့် အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ (၇၅ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက် (၁၂၀ ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အထပ်မြင့်အစည်းအဝေး တစ်လတစ်ကြိမ်
ကျင်းပရန် နှောင့်နှေးခြင်း
MES မှ structure စစ်ဆေးမှုအကြောင်းပြန်ကြားချိန် နောက်ကျခြင်း
structure Designer မှ လိုအပ်ချက်များပူးတွဲရန်နောက်ကျခြင်း
အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း
ကြိုဆောက်လုပ်ထားခြင်းရှိပါက ဒဏ်ကြေးငွေတောင်းခံခြင်းနှင့် အိမ်ရှင်မှ ဒဏ်ကြေးငွေပေးဆောင်ရန်ပျက်ကွက်ခြင်း/ပေးဆောင်ရန်နောက်ကျခြင်း

#အဆောက်အအုံဖျက်သိမ်း ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ

‌ (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဖျက်သိမ်းမိန့် / အိမ်ဆောက်မိန့် လျှောက်ထားရန်အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်း ရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်ရှင်အိမ်ငှား အရှုပ်အရှင်းကင်းရှင်းကြောင်းထောက်ခံချက်

( စ) ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓာတ်ပုံ

(ဆ) သတင်းစာကြော်ငြာ(ဖျက်သိမ်းမည့်အဆောက်အအုံအမျိုးအစားပြည့်စုံစွာ ပါဝင်သောသတင်းစာကြော်ငြာ)

အဆောက်အအုံပြင်ဆင်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) မြေယာပုံစံ (၁၀၅) မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P)ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပိုင်ဆိုင်မှုအရှုပ်အရှင်းကင်းရှင်းကြောင်း ထောက်ခံချက်

(စ) ပြင်ဆင်မည့်အဆောက်အအုံ၏ဓါတ်ပုံ

(ဆ) ပြင်ဆင်မည့်အဆောက်အအုံ၏အထပ်အလိုက် Floor တစ်ခုခြင်းစီ၏ Plan ပုံ (A4 Size ၁ စုံ)

( ဇ) မျက်နှာစာပြင်ဆင်မည်ဆိုပါက ပြင်ဆင်မည့် Design ပုံ (A4 Size ၁ စုံ)

အဆောက်အအုံသက်တမ်းတိုး/အသုံးပြုခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) ယခင်အိမ်ဆောက်မိန့်ခွင့်ပြုခဲ့သည့်ခွင့်ပြုမိန့်နှင့်အဆောက်အဦပုံစံပါမိတ္တူ(၁)စုံ

( ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

( ဂ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏အိမ်ဆောက်မိန့်သက်တမ်းတိုး/ အသုံးပြုရန် ထောက်ခံချက်

( င) လက်ရှိမြေကွက်နှင့် အဆောက်အအုံမှတ်တမ်းဓါတ်ပုံ(၂)ပုံ

#ဝင်းခြံကာရံခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (ဝင်းခြံကာရံခွင့်/အိမ်ဆောက်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်

( စ) ဝင်းခြံပုံစံ A3 ဆိုဒ် ၃စုံ

(ဆ) တင်ပြသည့်ဝင်းခြံပုံစံ(၃)စုံတွင်အိမ်ရှင်၊လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

( ဇ) သတင်းစာကြော်ငြာ(ကန့်ကွက်ရန်ရှိ/မရှိ)

(ဈ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

မြေစိုက်တာဝါတိုင်/ Roof Top ပေါ်တာဝါတိုင်ထောင်ရန် ခွင့်ပြုမိန့် ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့် လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက် အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(င) အသုံးပြုမည့်အောက်ခံအဆောက်အဦသည် structure ခိုင်ခံကြောင်း အင်ဂျင်နီယာနှင့်အိမ်ရှင်ထောက်ခံချက်

(စ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

(ဆ) ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်မိတ္တူ

(ဇ) အဆောက်အဦပုံစံ A3 ဆိုဒ်(၃)စုံ

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section

- Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဈ) Drawing(၃)စုံတွင်လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

#ယာယီဇာတ်စင်၊ မဏ္ဍပ်များဆောက်လုပ်ခွင့်ဆောင်ရွက်ခြင်း

တင်ပြလျှောက်ထားရမည့်စာရွက်စာတမ်းများ

(က) ဌာနမှူးသို့ လိပ်မူ၍ တင်ပြလျှောက်ထားလိုသည့်အကြောင်းအရာပါဝင်သည့် စာရွက်စာတမ်း

(ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဂ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက်

( င) ကျင်းပမည့်ပွဲ၏ဖိတ်စာ

( စ) ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာအပြည့်အစုံ

(ဆ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

(ဇ) ရဲစခန်းထောက်ခံချက်

#တိုင်ထောင်/နံရံကပ်ကြော်ငြာစိုက်ထူခွင့်လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ကြော်ငြာတိုင်၏ Foundation Section ပုံ

(ဂ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်း/ဒီဇိုင်းဓါတ်ပုံ

(ဃ) အိမ်ရှေ့ဉပစာရှင်၏ထောက်ခံချက်

ယာယီကြော်ငြာဘုတ်စိုက်ထူခွင့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်းဒီဇိုင်း/ဓာတ်ပုံ

(ဂ) ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း/ထောက်ခံစာ

(က) လျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ၊ မှတ်ပုံတင်မိတ္တူ

(ဂ) ကုမ္ပဏီလိုင်စင်မိတ္တူ/ကုမ္ပဏီ၏ဖွဲ့စည်းပုံ

(ဃ) အထပ်မြင့်ကြီးကြပ်ရေးပညာရှင်အဖွဲ့၏ထောက်ခံချက်(Pile လုပ်ငန်း)

(င) ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာ

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) သက်တမ်းတိုးလျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ

(ဂ) ယခင်နှစ်က ထုတ်ပေးထားသော လိုင်စင်ကဒ်မိတ္တူ၊ စာအုပ်မိတ္တူ

#အင်ဂျင်နီယာလိုင်စင် အသစ်/သက်တမ်းတိုးဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) လျှောက်ထားတင်ပြစာ(အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်)PE/RSE/LA/SLA တံဆိပ်တုံးရိုက်နှိပ်ရမည်)

(ခ) PE/RSE/LA/SLA ကဒ်မိတ္တူ

(ဂ) ဓါတ်ပုံ(၁)ပုံ

#တိုက်ခန်းများ၏ လူနေထိုင်ပိုင်ဆိုင်ခွင့်အမည်ပြောင်း ဆောင်ရွက်ခြင်း

၁။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ထောက်ခံချက်များ

(က) တိုက်ခန်းလျှောက်ထားသူ၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်

(ခ) တိုက်ခန်းလျှောက်ထားရန် ကန့်ကွက်နိုင်ကြောင်းသတင်းစာကြော်ငြာ

(ဂ) တိုက်ခန်းပိုင်ဆိုင်မှုအထောက်အထား

(ဃ) တိုက်ခန်းအမည်ပြောင်းပါက (မှတ်ပုံတင်စာချုပ်ရုံး၏ G.P/S.P)

(င) တိုက်ခန်းပိုင်ဆိုင်ကြောင်း ရ.ယ.က၏ ထောက်ခံချက်မူရင်း

၂။ တိုက်ခန်းပိုင်ဆိုင်ခွင့် စာချုပ်စာအုပ်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလသတ်မှတ်ချက်

တိုက်ခန်းပိုင်ဆိုင်ခွင့်အမည်ပြောင်း လျှောက်ထားလာသည့်အချိန်မှစ၍ တိုက်ခန်း ပိုင်ဆိုင်ခွင့်စာချုပ်စာအုပ်ထုတ်ယူနိုင်သည်အထိ (၃၀ရက်)

Related Link
[email protected]

* 𝐑𝐞𝐬𝐭𝐨𝐫𝐞 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 *ပျက်စီးသွားတဲ့ အခြေအနေမျိုးကိုပဲ ပြင်ပြန်တဲ့ အပိုင်းပါ“ပျက်စီးတာတွေကို စျေးကွက်ထဲမှာ အသုံးပြုနေတဲ့...
01/07/2025

* 𝐑𝐞𝐬𝐭𝐨𝐫𝐞 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 *

ပျက်စီးသွားတဲ့ အခြေအနေမျိုးကိုပဲ ပြင်ပြန်တဲ့ အပိုင်းပါ

“ပျက်စီးတာတွေကို စျေးကွက်ထဲမှာ အသုံးပြုနေတဲ့ 𝐂𝐡𝐞𝐦𝐢𝐜𝐚𝐥 တွေနဲ့ ပြင်လိုက်လို့ “အလွယ်လေးပြောလိုက်ရတာမျိုးတော့မဟုတ်ဘူး

ဒီစာက စနစ်တကျပြန်လည်ပြင်ဆင်ချင်တဲ့ 𝐂𝐥𝐢𝐧𝐞𝐭 တွေအတွက်ပဲ ဖတ်ကောင်းလိမ့်မယ်ထင်ပါတယ် မလိုအပ်ဖူးလို့ ထင်တဲ့သူအချို့အတွက်ကျ အင်ဂျင်နီယာတွေ အပိုလုပ်နေတယ်ထင်ပါလိမ့်မယ်

𝐀𝐬 𝐲𝐨𝐮 𝐥𝐢𝐤𝐞 ပါ !

ကျနော်တို့တွေ ငလျင်ထိထားတဲ့ အဆောက်အဦးတခုကို ပြင်ဆင်ရန်အတွက် ပထမဦးစွာ 𝐕𝐢𝐬𝐮𝐚𝐥 𝐂𝐡𝐞𝐜𝐤 ကျတဲ့အခါ 𝐌𝐚𝐢𝐧 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 တွေကို စစ်ပါတယ်

𝐌𝐚𝐢𝐧 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 ဆိုတာ တိုင်နဲ့ ထုတ်တွေ အစရှိသဖြင့်ပေါ့နော် မန္တလေးငလျင်မှာ များသောအားဖြင့် တိုင်တွေ သံချောင်းပေါ်ပီး ကွဲတဲ့ အနေအထားမျိုးတွေ အများကြီးတွေ့ရတယ်

ဒီလို အခြေအနေဖြစ်နေပီဆိုရင်တော့ 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ( အဆောက်အဦးခိုင်ခန့်မှုအား) စစ်ကိုစစ်သင့်တဲ့ အခြေအနေပါ

စစ်လိုက်တဲ့ အခြေအနေမှာ ပြင်ဆင်လို့ရမဲ့ ပုံစံ 𝟑 မျိုးလောက်ထွက်ပါတယ် အဲ့ထဲမှာမှ

𝟏. 𝐆𝐫𝐚𝐯𝐢𝐭𝐲 𝐃𝐞𝐬𝐢𝐠𝐧 ( ငလျင်မပါဝင်သောဒီဇိုင်း ) မှာ 𝐎𝐤 နေခဲ့ရင်
𝟐. 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐃𝐞𝐬𝐢𝐠𝐧 ( ငလျင်ပါဝင်သောဒီဇိုင်း ) မှာ 𝐎𝐤 နေခဲ့ရင် ပျက်စီးနေတဲ့ အပိုင်းအစလေးတွေကိုပဲ ပြန်လည်ပြုပြင်ပြီး အဆောက်အဦးကို ဆက်လက်အသုံးပြုနိုင်ပါတယ်

တချို့အဆောက်အဦးတွေက ဆောက်ခဲ့တဲ့အချိန်မှာနဲ့က 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐬𝐢𝐠𝐧 ရှိခဲ့တာမျိုးဆို 𝐎𝐧 𝐆𝐫𝐨𝐮𝐧𝐝 မှာရှိနေတဲ့ 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 ကို ပြန်စစ်ရတာ 𝐄𝐚𝐬𝐲 𝐆𝐨𝐢𝐧𝐠 ဖြစ်တာပေါ့နော် ( 𝐃𝐞𝐬𝐢𝐠𝐧 နဲ့ 𝐎𝐧 𝐆𝐫𝐨𝐮𝐧𝐝 လွဲနေတာမျိုးကရှိတတ်သေးတာ 𝐃𝐞𝐭𝐚𝐢𝐥 ပြန် 𝐂𝐡𝐞𝐜𝐤 တာက စိတ်အချရဆုံးပါ)

𝐃𝐞𝐬𝐢𝐠𝐧 မရှိခဲ့ရတဲ့ အဆောက်အဦးတွေအတွက်က 𝐎𝐧 𝐆𝐫𝐨𝐮𝐧𝐝 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 တခုလုံး 𝐃𝐞𝐭𝐚𝐢𝐥 𝐌𝐞𝐚𝐬𝐮𝐫𝐞𝐦𝐞𝐧𝐭 ပြန်လုပ်ပြီး စစ်ရပါတယ်

တမြို့လုံးလဲ ပြင်ပြီးသွားကြပြီထင်ပါတယ် 😅 စာရေးဖို့အချိန်နဲနဲပေးနိုင်မှသာ တင်နိုင်ပါတယ် မပြင်ရသေးတဲ့အိမ်ရှင်တွေအတွက်လဲ အကျိုးတခုတော့ရှိစေမှာပါ

အဲ့တော့ ကြော်ငြာလေးတဖြတ်ဝင်ရရင်
အဆောက်အဦးအတွက် ပြင်ချင်တာပဲဖြစ်ဖြစ် အသစ်ဆောက်ချင်တာပဲဖြစ်ဖြစ် အင်ဂျင်နီယာကျင့်ဝတ်တွေနဲ့အညီ အကောင်းဆုံးအကြံဉာဏ်တွေနဲ့အတူ အမြဲတမ်း 𝐀𝐜𝐭𝐢𝐯𝐞 ဖြစ်နေကြတဲ့

“ ထူးရ “ ကို ဆက်သွယ်ကြည့်ပါ
☎️ 𝟎𝟗𝟕𝟖𝟗𝟔𝟏𝟕𝟔𝟔𝟖 / 𝟎𝟗𝟐𝟓𝟔𝟐𝟑𝟑𝟖𝟏𝟐

မန္တလေးဧရိယာမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို✨ “𝐇𝐭𝐨𝐨 𝐘𝐚 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝” မှ📐 စနစ်တကျ နည်းပညာတွေနဲ့အခြေခံပြီး ပြန်...
17/06/2025

မန္တလေးဧရိယာမှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို

✨ “𝐇𝐭𝐨𝐨 𝐘𝐚 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝” မှ

📐 စနစ်တကျ နည်းပညာတွေနဲ့အခြေခံပြီး ပြန်လည်အားဖြည့်ပြင်ဆင်ပေးနေပါပြီ

🛠️ ခိုင်ခံ့မှု, တိကျမှုနဲ့ အရည်အသွေးရှိတဲ့ 𝐬𝐞𝐫𝐯𝐢𝐜𝐞 ကို ခံစားလိုက်ပါရှင်

📞 ဆက်သွယ်ရန် – 𝟎𝟗𝟐𝟓𝟔𝟐𝟑𝟑𝟖𝟏𝟐 / 𝟎𝟗𝟕𝟖𝟗𝟔𝟏𝟕𝟔𝟔𝟖

28.3.2025 ငလျင်ကြောင့် အဆောက်အဦးတွေ ထိခိုက်ဒဏ်ရာရခဲ့ကြရတယ် ပျက်စီးမှု့ မှတ်တမ်းတွေ များလွန်းသလို အိမ်ပိုင်ရှင်တွေလဲ စိတ်...
15/06/2025

28.3.2025 ငလျင်ကြောင့် အဆောက်အဦးတွေ ထိခိုက်ဒဏ်ရာရခဲ့ကြရတယ်

ပျက်စီးမှု့ မှတ်တမ်းတွေ များလွန်းသလို အိမ်ပိုင်ရှင်တွေလဲ စိတ်ထိခိုက်ကြရသေးတယ် ဖြိုရမလား? ပြင်ရမလား ? ဆိုတဲ့ စိတ်အဆင်မပြေမှု့တွေလဲ တပုံကြီးပေါ့

အခုထိ ပြင်လို့မပြီးနိုင်သော အခြေအနေတွေရယ် ပြင်ဖို့အတွက် ငွေကြေးခက်ခဲနေသူတွေကလဲ ငွေစုနေရတဲ့အခြေနေတွေရယ် အများကြီးကြုံနေကြရတာပါ

ပြင်ဆင်ရမဲ့စရိတ်က အိမ်အသစ်တလုံးစာလောက်ကျနေရင် မပြင်ပါနဲ့လို့ပဲ အကြုံပြုချင်ပါတယ် အဲ့လိုအခြေအနေကရှားပါတယ်

အဆောက်အဦးကို ပြန်လည်စစ်ဆေးတဲ့အခါ ပြင်လို့ရတဲ့အိမ်တွေချည့်က များပါတယ် ငွေကတော့ အိမ်အသစ်တလုံးစာမကုန်ပေမဲ့ အကြီးစားပြင်ဆင်မှုလို့ခေါ်ရတဲ့အတွက် ငွေကတော့ ကုန်ပါတယ်

ပျက်တဲ့နေရာတင်ပြင်တာမျိုးမဟုတ်ပဲ လက်ရှိအဆောက်အဦးရဲ့ ရှိနေတဲ့ တိုင်တွေ ထုတ်တွေရဲ့ အခြေအနေတွေကို အားလုံးပြန်လည်စစ်ဆေးပြီး ဘယ်နေ့လှုပ်အုံးမယ်မှန်း မသိသေးတဲ့ ငလျင်ကိုကြိုတင်ကာကွယ်လို့ရအောင် နည်းလမ်းမှန်တွေတော့ ဆောင်ရွက်ထားသင့်တာပါနော်

အဆောက်အဦးခံနိုင်ရည်အားတွေလဲ ပြန်လည်စစ်ဆေးပေးနေသလို စောင်းနေတဲ့ အိမ်တွေ စနစ်တကျပြန်လည် တည့်မတ်ဖို့ ဝန်ဆောင်မှုလဲရှိပြီး ပြန်လည်ပြင်ဆင်ရေးအတွက်လဲ Standard တွေနဲ့ အညီ ပြန်လည်ပြင်ဆင်ပေးနေပါတယ်ရှင်

Htoo Ya Design & Build
09256233812
09789617668

11/05/2025

အတူတကွ ကြိုးစားပေးခဲ့ကြသော အင်ဂျင်နီယာများအားကျေးဇူးအထူးပင် တင်ရှိရပါသည်။

𝐅𝐘𝐈𝐏𝐄 𝐒𝐢𝐠𝐧 𝐚𝐧𝐝 𝐌𝐞𝐭𝐡𝐨𝐝 𝐎𝐟 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐛𝐲 𝐒𝐄𝐂 𝐂𝐨.,𝐋𝐭𝐝𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐛𝐲 𝐇𝐭𝐨𝐨 𝐘𝐚 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝စည်ပင်သာယာရေးက...
10/05/2025

𝐅𝐘𝐈

𝐏𝐄 𝐒𝐢𝐠𝐧 𝐚𝐧𝐝 𝐌𝐞𝐭𝐡𝐨𝐝 𝐎𝐟 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐛𝐲 𝐒𝐄𝐂 𝐂𝐨.,𝐋𝐭𝐝
𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐛𝐲 𝐇𝐭𝐨𝐨 𝐘𝐚 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝

စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေနဲ့အညီ တဆင့်ချင်း 𝐑𝐞𝐩𝐨𝐫𝐭 တွေနဲ့အတူ အမြဲတမ်း 𝐅𝐨𝐫𝐦𝐚𝐭 ကျနေတဲ့ ကျနော်တို့ 𝐓𝐞𝐚𝐦 နဲ့ 𝐉𝐨𝐢𝐧 ချင်ရင် 𝐖𝐞𝐥𝐜𝐨𝐦𝐞 ပါ

ဆက်သွယ်ရန်
𝟎𝟗𝟐𝟓𝟔𝟐𝟑𝟑𝟖𝟏𝟐/𝟎𝟗𝟕𝟖𝟗𝟔𝟏𝟕𝟔𝟔𝟖

Address

38A , 71 X 72
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959789617668

Website

Alerts

Be the first to know and let us send you an email when Htoo Ya Design & Build posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share