Cobai Eain - ကိုယ်ပိုင်အိမ်

Cobai Eain - ကိုယ်ပိုင်အိမ် Engineering Design, Inspection and Construction Services

04/02/2024

"TWO AND HALF STOREYED RCC RESIDENTIAL BUILDING"

Area : 26ft x 31ft
Framing Type: IMRF
Location : Mandalay, Myanmar

မန္တလေးမြို့ စက်မှု(၂) အရှေ့ဘက်ပိုင်းထဲက နှစ်ထပ်ခွဲ လူနေအိမ် အဆောက်အဦအတွက် ခိုင်ခံ့မှုဒီဇိုင်း(Structural Design)ကို လက်ခံဆောင်ရွက် ပေးဖြစ်တဲ့ ပရောဂျက် ဖြစ်ပါတယ်။ အလုပ်အပ်သူရဲ့ စိတ်တိုင်းကျဖြစ်တဲ့ Framing Typeနဲ့ ကျနော်တို့ Design Team တခုလုံးမှ ကြိုးစားပေးထား၊ သေချာတွက်ချက်ပေးထားတာ ဖြစ်ပါတယ်။

လူနေအိမ်နဲ့ အဆောက်အဦခိုင်ခံ့မှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အိမ်ရဲ့အဆောက်အဦ ခိုင်ခံ့မှုရှိပါမှ မိသားစုနဲ့ နေထိုင်သူများကို လုံခြုံစေပြီး အကောင်းဆုံး ကာကွယ်ပေးထားခြင်းမျိုး ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်မယ့် အိမ်ရှင်များ အနေနဲ့ ယခုလိုဘဲ စက်ရုံ ဂိုဒေါင်နှင့် နေအိမ် အဆောက်အဦများအတွက်
(၁) ခိုင်ခံ့မှု တွက်ချက်လိုတဲ့အခါ ဖြစ်စေ၊
(၂) တည်ဆောက်စဥ်ကာလအတွင်း နည်းစနစ်များအတိုင်း တည်ဆောက်မှု မှန်ကန်စေရန် စစ်ဆေးပေးဖို့ အင်ဂျင်နီယာလိုအပ်တဲ့အခါဖြစ်စေ၊
(၃) သံထည်အဆောက်အဦ(Steel Structure)များအတွက် ထုတ်လုပ်ရေး Drawingများ လိုအပ်တဲ့အခါဖြစ်စေ လာရောက် ဆက်သွယ်ပြီး ကျနော်တို့ကို ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။

အတွေ့အကြုံရှိ အင်ဂျင်နီယာဘွဲ့ရများကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ပေးတာ ဖြစ်တဲ့အတွက် အပြည့်အဝ ယုံကြည်နိုင်ကြောင်း ဖြည့်စွက် ပြောပါရစေ။

မန္တလေးမြို့တွင်းနှင့် အနီးတဝိုက်ကို မြေပြင်အထိဆွေးနွေးရနိုင်ပြီး၊ နယ်ဝေးများကိုတော့ အွန်လိုင်းစနစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန် -

Phone: 09 970 270 474
Email : [email protected]
Cosine - Structural Design & Steel Detailing
Mandalay, Myanmar














16/01/2024

39'x27' TWO STOREYED RC BUILDING "STRUCTURAL DESIGN "

Architectural Design : THE PRiZE Construction
Structural Design : Cosine - Structural Design & Steel Detailing
Construction : THE PRiZE Construction
Building Area : 39ft x 27ft
Location : Sintgaing Region, Mandalay

စဥ့်ကိုင်မြို့နယ်ထဲက မိသားစု လူနေအိမ်အတွက် ခိုင်ခံမှုဒီဇိုင်း(Structural Design) တွက်ချက်ပေးဖြစ်တဲ့ ၂ထပ် အာစီ အဆောက်အဦ ဖြစ်ပါတယ်။
နေအိမ်ရဲ့ ခိုင်ခံ့မှုဒီဇိုင်းတာဝန်ကို ပေးအပ်တဲ့ THE PRiZE Constructionအား ကျေးဇူးတင်ပါတယ်။

နေအိမ်ခိုင်ခံ့မှုဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ အိမ်ရဲ့အဆောက်အဦ ခိုင်ခံ့မှုရှိပါမှ မိသားစုနဲ့ နေထိုင်သူများကို လုံခြုံစေပြီး အကောင်းဆုံး ကာကွယ်ပေးထားခြင်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်မယ့် အိမ်ရှင်များ အနေနဲ့ ယခုလိုဘဲ နေအိမ် အဆောက်အဦများအတွက်
(၁) ခိုင်ခံ့မှု တွက်ချက်လိုတဲ့အခါ ဖြစ်စေ၊
(၂) တည်ဆောက်စဥ်ကာလအတွင်း စစ်ဆေးပေးဖို့ အင်ဂျင်နီယာလိုအပ်တဲ့အခါဖြစ်စေ၊
(၃) သံထည်အဆောက်အဦ(Steel Structure)များအတွက် ထုတ်လုပ်ရေး Drawingများ လိုအပ်တဲ့အခါဖြစ်စေ လာရောက် ဆက်သွယ်ပြီး ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။

မန္တလေးမြို့တွင်းနှင့် အနီးတဝိုက်ကို မြေပြင်အထိဆွေးနွေးရနိုင်ပြီး၊ နယ်ဝေးများကိုတော့ အွန်လိုင်းစနစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန်👷 -

Phone: +959 970 270 474
Email : [email protected]
Cosine - Structural Design & Steel Detailing
Mandalay, Myanmar











06/01/2024

25'X30' TWO AND HALF STOREYED RC BUILDING "STRUCTURAL DESIGN "

အဆောက်အဦတခု ခိုင်ခံမှုရှိခြင်းဟာ မိမိနဲ့ မိမိရဲ့ မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ထားခြင်းလို့ ပြောရပါမယ်။

မန္တလေးမြို့ပေါ်မှာ ပေါ်ထွက်လာမယ့် မိသားစု လူနေအိမ်အတွက် ခိုင်ခံမှုဒီဇိုင်း တွက်ချက်ပေးဖြစ်တဲ့ ပေ၂၅ ပေ၃၀ အကျယ်အဝန်းရှိ ၂ထပ်ခွဲ အာစီ အဆောက်အဦ ဖြစ်ပါတယ်။ လိုအပ်ချက်များနဲ့အညီ တွက်ချက်ပေးထားတဲ့ Structure တခုဖြစ်ပါတယ်။

Structural Design - Cosine - Structural Design & Steel Detailing
Archi & Build - Snuggle Design & Construction Co.,Ltd.

ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်မယ့် အိမ်ရှင်များ အနေနဲ့ ယခုလိုဘဲ နေအိမ် အဆောက်အဦများအတွက်
(၁) ခိုင်ခံ့မှု တွက်ချက်လိုတဲ့အခါ ဖြစ်စေ၊
(၂) တည်ဆောက်စဥ်ကာလအတွင်း စစ်ဆေးပေးဖို့ အင်ဂျင်နီယာလိုအပ်တဲ့အခါဖြစ်စေ၊
(၃) သံထည်အဆောက်အဦ(Steel Structure)များအတွက် ထုတ်လုပ်ရေး Drawingများ လိုအပ်တဲ့အခါဖြစ်စေ လာရောက် ဆက်သွယ်ပြီး ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။

မန္တလေးမြို့တွင်းနှင့် အနီးတဝိုက်ကို မြေပြင်အထိဆွေးနွေးရနိုင်ပြီး၊ နယ်ဝေးများကိုတော့ အွန်လိုင်းစနစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန် -

Phone: 09 970 270 474
Email : [email protected]
Mandalay, Myanmar









ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီချင်းကျွတ်လပြည့်နေ့မှာ "စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ္မာခြင်းတို့ ပြည်...
28/10/2023

ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီချင်းကျွတ်လပြည့်နေ့မှာ "စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ္မာခြင်းတို့ ပြည့်စုံကြပါစေကြောင်း" ဆုမွန်ကောင်း တောင်းအပ်ပါသည်။


#သီတင်းကျွတ်

#လပြည့်

#ကိုယ်ပိုင်အိမ်

📌""Beautiful Home Idea 🧡🧡""✅ Credit : Ming Architects    🔸🔶•••••••••🟠🟠•••••••••🔶🔸
09/09/2023

📌""Beautiful Home Idea 🧡🧡""

✅ Credit : Ming Architects
🔸🔶•••••••••🟠🟠•••••••••🔶🔸

Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက်တစ်လုံး ဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ် များပါတယ် ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရ...
20/04/2023

Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက်တစ်လုံး ဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ် များပါတယ် ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်

Solar system မှာ ဘာတွေသိသင့်လဲဆိုတော့
ပထမဆုံး solar panel ပါ
လက်ရှိ solarpanel မှာ
Poly, mono, thinflim solar ရယ်ဆိုပြီး သုံးမျိုးရှိပါတယ်

Thinflim solar က အကောင်းဆုံး ဆိုပေမယ့် စျေးများတယ် အသုံးနည်းတယ်
Satellites တွေမှာလောက်ပဲ သုံးတယ်လို့သိပါတယ်
Poly နဲ့ mono က အသုံးအများဆုံးပါ
Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး mono ကတော့ သန့်စင်ထားတဲ့ silicon ကနေ ထုတ်တယ်

အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ mono ဆို အမည်းရောင် နက်ပြာရောင်ဆိုပြီး တွေ့ရပါတယ်
Poly solar တွေရဲ့ အကွက်အရောင်တွေက မညီညာဖူး mono ကတော့ တညီတညာထဲပါ

Poly တွေက ရေးထားတဲ့ watt ရဲ့ 70% လောက်ပဲထွက်ပြီး Mono ကတော့ 99% လောက်ထိ ထုတ်ပေးပါတယ် စျေးကလည်း အနည်းငယ်လောက် ပိုများတယ်

Warranty အနေနဲ့ poly ကို 15 years လောက်ပေးတယ်
Mono ဆို 25 years လောက်ထိ ပေးပါတယ်
ဒါတောင် မပျက်စီးသေးပါဖူး power effency လျော့သွားတာမျိုးပဲ ရှိပါသေးတယ်
Mono မှာ halfcell ဆိုပြီး ထပ်ခွဲထားတာရှိတယ်

အတွင်းထဲမှာ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ အဲ့ diode တွေက ဆိုလာအလုပ်လုပ်အောင်ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင် တပ်ထားတာပါ diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်

တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေပါလာတာပါ အဲ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ် ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ် ဂျင်းတွေပေါ့ဗျာ
Solar ဝယ်မယ်ဆို တကယ် warrenty ရှိပြီးသား brand ကိုဝယ်သုံး brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီး ဝယ်တာ အဆင်အပြေဆုံးပါပဲ

Solar cable. တွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာ ရွေးဝယ်သင့်ပါတယ် သူက ရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါ
Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒါဏ်ခံအောင် ထုတ်ထားပါတယ်
Copper99% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ် ကြိုးတွေက ငွေရောင်ပါ ကြေးခြစ်လိုက်မှ ကြေးရောင်ထွက်ပါတယ်
ဒါက အလွယ်ပြောတာပါ ပိုပြောရင် အများကြီးရှိပါသေးတယ်

နောက်တစ်ခုကတော့ solar system မှာအရေးအကြီးဆုံး controller ပါ သူက နှစ်မျိုးရှိပါတယ်
PWM (Pulse Width Modulation) နဲ့
MPPT (Maximum Power Point Tracking) controller တွေပါ

Pwm ကတော့ battery ကို ဘယ်အချိန်သွင်းမယ် ဘယ်လောက်သွင်းမယ် ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိကထားပါတယ်
PV ကနေလာတဲ့ power ကို တိုးမြင့်ပေးတာမရှိပါ

Mppt ကတော့ pv ရဲ့ power ကို တိုးမြင့်လုပ်ဆောင်ပေးပါတယ် မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကို အမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ် inverter စျေးထက်တောင်ကြီးတဲ့ mppt တွေရှိပါတယ်
တကယ်သုံးမယ်ဆိုရင်တော့ mppt ကို ရွေးပါ

နောက်မှာတော့ inverter ကတော့ ပုံစံသုံးမျိုးရှိပါတယ်
ဒါက solargrid system နဲ့ ဆိုင်ပါတယ်
On grid
Offgrid နဲ့ hybird ပါ

On grid ကတော့ မီးအမြဲရတဲ့နေရာတွေ(မီးမပျက်) လျပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ
Backup အတွက် battery မပါပါ
Solar ကထွက်တဲ့ power ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့powerကိုအစိုးရဆီပြန်ရောင်းပါတယ်) သုံးတာက solar power ထက်များရင် maingrid ကနေ လိုသလောက် ယူသုံးပေးပါတယ်

Off grid ကတော့ solar ရယ် battery ရယ်ပဲသုံးပါတယ် မီးလာနေရင်မီးနဲ့သုံးပြီး မီးမရရင် solar ကနေသုံးတယ် ညဖက်လိုမျိုးဆို backup ထားတဲ့ battery ကနေပြန်သုံးပါတယ်

Hybird ကတော့ အထက်ကနှစ်မျိုးကိုပေါင်းထားတာမျိုးပါ ဒါပေမယ့် ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီပြန်ပို့မရပါဘူး

ဘယ်အမျိုးအစား inverter မျိုး သုံးသုံး puresine wave ဖြစ်ဖို့လိုအပ်ပါတယ်
modified sinewave ဆိုရေးထားတဲ့ watt ရဲ့ တစ်ဝက်ပဲ သုံးလို့ရမယ်

Freezer တွေ aircon တွေ motor တွေသုံးမယ်ဆို Peakpower မြင့်တဲ့ low frequency puresine wave တွေဝယ်ရပါမယ်

Battery မှာတော့ leadacid နှစ်မျိုး
Nomalplate
tubeller tall
Gel type
Calcium battery
Nicad နီကယ်-ကက်
Lifepo4 ဆိုပြီးထွက်ပါတယ်

Nomalplate battery တွေက solarsystem မှာ သုံးမရပါဖူး ကျတော်တို့ဆီမှာ သုံးနေတဲ့ ကားအိုး
3K toyo အစရှိတာတွေပါ ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ
Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubeller tall ကနေစသုံးရပါမယ်
ပြီးရင် gel type deepcycle တွေ

Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ
Charge rate မြင့်သလို peak power လည်း မြင့်တယ်
ရိုးရိုး leadacid 200A တစ်လုံးနဲ့ယှဉ်ကြည့်ရင်
Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်
စျေးနဲ့ တွက်ရင်များပေမယ့် 5years လောက် စိတ်ချလက်ချသုံးရမယ် ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တစ်ချင်းပဲ လဲလို့ရမယ် ဒီလိုအားသာချက်တွေ ရှိပါတယ်

တော်သေးပြီ 😁 😁 😁 😁

Credit Ko Wai Yan

Designed by Baris Arch. Vietnam.
23/12/2022

Designed by Baris Arch. Vietnam.


09/11/2022

မြန်မာပြည်မှာ တိုက်တွေ ဆောက်တယ် .. ဘယ်တော့မှ Finishing ဟာ မသေသပ် မသပ်မရပ်တွေ နဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးရလာဒ်ဖြစ်ကြတယ်။ ဘာလို့လဲဆို .. ခေါ်ခိုင်းသမျှ အလုပ်သမားအများစုဟာ ဘာ Professional Training မှ မတက်ပဲ .. သီချင်းတကြော်ကြော်နဲ့ သီချင်းဆိုပြီး အလုပ်ပြီး ပြီးရော လုပ်ကြတယ်။ သူတို့ကို ပေးတဲ့ အလုပ်ကြေးကလည်း အောက်ထစ်ဈေးဆိုတော့ သူတို့ အပြစ်မဟုတ်။ တိုက်ဆောက်တဲ့သူတွေကလည်း ဘာမှ မလေ့လာတဲ့ပုံ။ ဆရာကြီးလုပ်တာ မဟုတ်ဖူး။ နိုင်ငံတကာမှာ sustainable development goals တွေ နဲ့ စပြီးလုပ်နေတဲ့အချိန် မိမိ အကျိုးအမြတ် နဲ့ လောဘကြီးတဲ့ Client ဆိုသူကြောင့် ကြီးလေ မြင့်လေ ပိုက်ဆံပေါတယ် ထင်ရင် ထင်သလို လုပ်ပစ်တယ်။
ဘာကြောင့်မို့လဲ ဆိုတာ ပြောပြမယ်။
ဥပမာ မိသားစု ၅ ဦးပဲ ရှိတယ်။ သို့ပေမယ့် တိုက်က ၅ ထပ် ဆောက်ထားတယ်။ အဲဒီမှာ အဖိုးကြီး အဖွားကြီးက အောက်ထပ်ကနေ အထက်က အထပ်ကို မသွားတော့။ စုအိပ်တတ်တဲ့ အကျင့်ရှိတဲ့ မြန်မာပြည်က လူတွေ Behavior ကြောင့် .. လင်မယား ၂ယောက်က ဒုတိယထပ် ယူလိုက်တာနဲ့ ကလေးက အဖိုး နဲ့ အဖွားနဲ့ အောက်ထပ်မှာ အိပ်။ ကျန်တဲ့ ၄ ထပ်ဟာ လူမနေတော့ ဖုန် အလိမ်းလိမ်းနဲ့ဖြစ်ရော။ အိမ်ဖော်လား .. အိမ်ဖော် ၂ ယောက်ကလည်း အောက်ထပ်မှာ ဖြစ်သလို အိပ်လိုက်တယ်။ ဘာလို့ အဲဒီ ၅ ထပ် ဆောက်ရသလဲဆို .. တန်ကြေးကြီးအောင် နဲ့ ပြန်ရောင်းရင် မျိုးမျိုးမြတ်မြတ်ရအောင်တို့ .. ဘေးက အိမ်က ဆောက်လို့ သူတို့လည်း အားကျ မခံ ဆောက်တာတို့ .. စုံစုံ ငါ့မှာ ခန်းနာတယ်ဆိုတဲ့ အဖြစ်မျိုးပြချင်လို့ ဆောက်ထည့်လိုက်တယ်။ ဆိုလိုတာက အဲဒီမှာ သုံးတဲ့ Natural Resources တွေက အများကြီးပဲ။ ကျုပ်ကိုသာ အဲဒီမိသားစု အလုပ်လာအပ်လျှင် အလုပ်မရချင်နေ .. သေချာတွက်ချက်ပြီး ၃ ထပ်ထက် ပိုမဆောက်ပါနဲ့ ဆိုပြီး ရှင်းပြမှာ။ ကိုယ်ပြောတာ မကြိုက်လို့ အလုပ်မအပ်လည်း နေပလေ့စေ။
လောဘက အသောမသတ်တော့ .. မျက်နှာသာ ပေ ၃ဝ - ၄ဝ လည်း အပြည့်ဆောက်ထည့်တယ်။ အကျင့်ယုတ်တဲ့ ကန်ထရိုက်တာနဲ့ တွေ့ရင် ..ဖောင်ဒေရှင်းပါ သူများမြေဖက်ကို ယူပြီး အောက်ကလှိုက်တူးလို့ ချပေးကြသေးတယ်။ သို့ပေမယ့် .. အပြည့်ယူပလိုက်တော့ ဘေးက လေဝင်လေထွက် မရှိ .. အဲကွန်းနဲ့နေမယ် ဆိုပြီး မှန်အပိတ်တွေနဲ့ .. တပ်မည့် အဲကွန်းဟာ ဘယ်လောက် Square ထိ လေအေးနိုင်အောင် effectiveness ဖြစ်မယ်ဆိုတာလည်း မစဉ်းစား .. centralized aircon ထားမှာလား ဆိုတာလည်း မတွက်ချက် .. လုပ်ချင်တာတွေ လုပ်တယ်။ နောက်ဆုံး ဧည့်ခန်းဆိုတဲ့ အိမ်ရှေ့က အခန်းက ကားထိုးထည့်တဲ့ ကား ပါကင် ဖြစ်သွားတယ်။ ညပိုင်း ကားထိုးထားလို့ ဧည့်သည်လာတာနဲ့ ကားဆီစော်ထောင်းထောင်းထနေတဲ့ ကားအနောက်ဖြစ်စြဖ် ဘေးမှာထိုင်ပြီး စကားစမြည်ပြောကြတယ်။ Noise pollution စုံလှတဲ့ နိုင်ငံမှာ မျက်နှာသာက တိုးလျိုပေါက်ဖြစ် .. အိမ်အပြင်က အသံတွေကို ပြန်ကာတဲ့ အနေနဲ့ အတွင်းက တီဗီတွေ သီချင်းတွေကို အသံအကျယ်ကြီးဖွင့်မှ ကြားရရှာတော့ အသံအကျယ်ကြီးဖွင့်ကြ။ သိန်းပေါင်း ရာပေါင်းများစွာ အကုန်ကျခံထားတဲ့ တိုက်ဟာ နောက်ဆုံး သာလာယံ ဇရပ်မှာ နေသလိုဖြစ်သွားတာကို အိမ်ပိုင်ရှင်က မသိရှာဘူး။ အနောက်ကို ထွက်ပေါက်မရှိပိတ်ဆောက်ပြီး ဟိုးနောက်ဆုံးမှာ မီးဖိုထားတတ်တဲ့ အကျင့်နဲ့ .. မီးပျက်ရင် မီးသွေးမီးဖိုနဲ့ ချက်တက်တဲ့အကျင့်မပျောက်သေးတဲ့ နိုင်ငံမှာ လေဝင်လေထွက် အဆင်မပြေဖြစ်ပြီး အောက်ထပ်က မျက်နှာကျက်မှာ ကြာတော့ ဆီချေးတွေ မီးခိုးမှိုင်းတွေစွဲ .. အထပ်က အထပ်ကို မတက်နိုင်တဲ့ အဖိုးကြီး အဖွားကြီးတွေက မီးခိုးတွေ ရှု .. အတူအိပ်တဲ့ ကလေးကပါ မီးခိုးရှု .. မသိမသာ အဆုပ်မကောင်းဖြစ်လာကြတာ မသိကြ။ မြန်မာပြည်မှာ ဝယ်ထားတဲ့ အဲကွန်းဟာ ဘယ်တော့မှ မအေးတော့တဲ့ အကြောင်းတခုဟာ အဲဒါပဲ။
မပြီးသေးဘူး။ တိုက်အတွင်းသုတ်ဆေးလား .. အပြာရောင် သိပ်ကြိုက်တဲ့သူနဲ့တွေ့တာနဲ့ အပြာရောင် သုတ်ပစ်ကြတယ်။ မိုးများတဲ့ဒေသ နဲ့ .. အိမ်ဟာ နေအလင်းမကျတဲ့ အဖက်မှာ ဆောက်ထားလျှင် .. ထိုအရောင်ဟာ လူကို ထိုင်းမှိုင်းလေးလံစေတယ်ဆိုတာ မသိကြဘူး။ ဟိုးတခါက အစ်ကိုရာ ကျွန်တော့်ဆိုင်ရောင်းမကောင်းဘူး ဆိုပြီးပြောတော့ .. သူ့အတွင်းတခုလုံး မဲပြာရောင် သုတ်ထားတယ်။ မင်း ဘာလို့သုတ်တာလဲဆိုတော့ ဗေဒင်ဆရာက အပြာက လာဘ်ကောင်းတယ်ပြောလို့တဲ့။ ဟိုက်ရှားလဘား .. တကယ်တန်း အပြာရောင်ကို စားသောက်ဆိုင်ဖွင့်သူတိုင်း ရှောင်ရတယ်။ နာမည်ကြီးဆိုင်တွေဆို လူကို စာလောင်မွတ်သိပ်ပြီး ပိုစားချင်လာအောင် Burning colors တွေဖြစ်တဲ့ အနီတွေ လိမ္မော်တွေ အဝါတွေကို အဖြူ အညိုတွေ နဲ့ သေချာစီချယ်ပြီး မျိုးစုံအောင် စားချင်လာအောင် ပုံတွေနဲ့ လုပ်ကြရတယ်။ ဖွင့်တဲ့ သီချင်းကအစ .. လူတွေ လာပြီး အစားများမည့် အချိန်ဆို .. မြူးကြွတဲ့ သီချင်း .. မြန်မြန်စားပြီး မြန်မြန်ပြန်အောင် .. နို့မို့ဆို ဆိုင်ထဲ စားပြီးလေးနေလျှင် ဆိုင်ကို နောက်ဝင်ထိုင်မည့်သူအတွက် နေရာမရဖြစ်လျှင် အမြတ်နည်းမှာ။ ဆိုင်ထဲ လူမကျတဲ့ အချိန်မျိုးကျတော့ အားနာပြီး ထပ်စားအောင် ဖီးသီချင်းတွေ ငြိမ့်ငြိမ့်လေးတွေ ဖွင့်ပြီး Customer ကိုတပွဲပြီး တပွဲ အားနာပြီး ထိုင်စားအောင် ဆွဲထားရတယ်။ အဲဒီတော့ အပြာရောင်တွေ ဘေးတံခါးမရှိ .. အလင်းကောင်းကောင်း မဝင် .. မိုးများ နေမကျတဲ့အဖြစ်မှာ အားလုံးဟာ Depress - စိတ်ကျသလိုဖြစ်ပြီး လေးလေးပင်ပင်ကြီးတွေနဲ့ဖြစ်ရော။
ကျွန်းဘယ်လောက်ကုန်တယ်ဆိုပြီးပြောတော့ မှင်သက်ပြီး ကြည့်ပေးနေရတယ်။ သစ်သားကို မူရင်းအရောင်ကို နှစ်လိုဖွယ်မရှိတဲ့ တိုင်းပြည်ဟာ အားတိုင်း နနွင်းဆီရောင်သုတ်ကြတယ်။ နိုင်ငံတကာမှာ သစ်သားကို အမြတ်တနိုးတန်ဖိုးထားကြတယ်။ သစ်သားရဲ့ Texture လေးတွေကို ကြည့်ပြီး ဖီလင်ခံစားတတ်အောင် သူ့မူရင်း Texture မပျက် အရောင်မပျက် သေချာတာရှည်ခံအောင် နည်းပညာသုံးပြီး ကြမ်းခင်းတာ နံရံ မျက်နှာကျက်ကနေ ပရိဘောဂမှာ သုံးတယ်။ ကိုယ်တွေနိုင်ငံက ဝါထိန်နေတဲ့ နနွင်းဆီ အဝါရောင်တွေ အလိမ်းလိမ်းနဲ့ သုတ်ထည့်လိုက်တယ်။ လူ့ရဲ့ Perception အရ .. သူတို့က အဲဒါသည်သာ အလှ။ ကိုယ်က ခင်ဗျားဗျာ .. မူရင်း Texture တွေကို ဘာလို့ ရူးမိုက်စွာ ပြောင်းပစ်တာလဲဆိုပြီး ပြောလျှင် မနာလိုလို့ ထင်ရင်ထင် .. မထင်ရင် အထိုးခံရမည့်အဖြစ်။ သို့ပေမယ့် ကြာကြာမခံရှာ။ ခဏနေတော့ ထို နနွင်းရောင်တွေဟာ မဲတူးပြီး ချေးအလိမ်းလိမ်းတက်လာတယ်။
ကြွေပြား Texture နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ တိုင်ပင်တာ ရွေးချယ်တာတွေ မလုပ်ဖူး။ နယ်က အသိတွေဆိုလည်း သူတို့ဆီက ရတဲ့ Texture ကိုပဲ သုံးတယ်။ ပန်းပွင့်ကြိုက်တဲ့ အိမ်ဆောက်တဲ့သူနဲ့တွေ့လျှင် မီးဖိုခန်းတို့ အိမ်သာ ရေချိုးခန်းကို အကုန်လုံး ပန်းပွင့် Texture ကြွေပြားတွေ ကပ်ပစ်တယ်။ ဝင်လိုက်တာနဲ့ မျက်စိတွေနောက်ပြီး ရေချိုးခန်းထဲ မူးလဲသေသွားမယ့်ပုံပဲ။
နောက်ကိုယ်ဆောက်တဲ့ အိမ်ဟာ ဘုန်းကြီးကျောင်း လက်ရာ နဲ့ လူနေအိမ်နဲ့ မကွဲဖြစ်လာပြန်တယ်။ တချို့တိုက်ဆောက်လိုက်တယ် .. ဘုန်းကြီးကျောင်းလက်ရာတွေနဲ့။ ပွတ်လုံးတိုင်တွေ ကနုတ်တွေ ရွှေအနားကွပ်တွေ .. အိမ်တခုလုံးက နံရံချိတ်ပုံမှန်သမျှ ရွှေဘောင်တွေ ကနုတ်တွေနဲ့ လိုက်တာ မလိုက်တာ အပထား အဆင်အယင်ပေါ့။
ဆိုလိုတာက ကိုယ်သုံးလိုက်တဲ့ ငွေ နဲ့ ရလာတဲ့ Result ဟာ တန်လား ဆိုတာတွေ .. အပေါ်ကပြောသလို .. ကွန်ကရစ်တိုက်တခုရဲ့ lifespan ကို အိမ်က ရှိတဲ့သူ ဦးရေ .. နေထိုင်သူရဲ့ ပျှမ်းမျှ lifespan စတာတွေနဲ့ ၅ ထပ်အစား ၂ ထပ် - ၃ ထပ်နဲ့ ဆောက်လို့ရနိုင်လို့ ကျန်တဲ့ ငွေကြေး အပိုဖြစ်လာသလို .. မလိုလားအပ်တဲ့ Natural Resources တွေမသုံးမိလို့ ကျောက်တောင်တွေ သစ်ပင်တွေ နဲ့ အခြား carbon pollution တွေကိုယ့်အတွက်ကြောင့် ကျဆင်းလာမယ် ဆိုတာကို မတွေးတော့။ နောက် မစဉ်းစား မဆင်ခြင် လုပ်ချင်တိုင်း လုပ် .. ကိုယ့်မင်းကိုယ်ချင်း .. အကွက်ရိုက်လို့ ဘာ water supply ဘာ sewerage system မှ မရှိပဲ .. လုပ်နေကြတော့ ပတ်ဝန်းကျင် ပျက်စီးတာတွေ မြေအောက်ရေ ရှားပါးပြီး မြေဆီလွှာ ပျက်ဆီးလာတာ .. အပူချိန် မြင့်မားလာတာတွေ မစဉ်းစားကြတော့။
တနေ့ ကျုပ်တို့သေသွားလျှင် ကျုပ်တို့ မျိုးဆက်တွေဟာ အပူချိန် မြင့်မားတဲ့ အဖြစ်မှာ တိုက်မြင့်ကြီးထဲ လက်ချောင်း ၃ - ၄ ချောင်းထက် မပိုတဲ့ .. ထိုထက်နည်းတဲ့ မိသားစု ဦးရေနဲ့ နေကြရမယ်။ တိုက်တတိုက်လုံးရဲ့ Space တွေတိုင်းဟာ အပိုတွေဖြစ်နေလိမ့်မယ်။ သူတို့စဉ်းစားဆင်ခြင်တတ်လို့ သုံးထားတဲ့ သံတွေ ကျောက်တွေ သစ်သားတွေကို မြင်တိုင်း ရူးမိုက်တဲ့ ဘိုးဘွားတွေလက်ချက်ဆိုပြီး ဒေါသထွက်နေမှာ အမှန်။
ကိုယ်နေတဲ့ နေအိမ်ဟာ ဈေးကြီးတာ ဈေးပေါတာ ပစ္စည်းကောင်းတွေ သုံးတာ ဆိုတာမျိုးမဟုတ်ပဲ .. သဘာဝကို တန်ဖိုးထားတတ်တာ .. အခန်းထဲ ထိုင်လိုက်တာနဲ့ အိပ်လိုက်တာနဲ့ ဖီလင် ရသ တခုပေးနိုင်တာ .. ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး အတွက် ဘာဘေးဆိုးကျိုးမှ မရှိတာ အကုန်တွက်ချက်တတ်ရမယ်။ ပိုက်ဆံတွေကုန်ပြီး ဖြစ်ချင်တိုင်းဖြစ်နေလျှင် ဘာအဓိပ္ပာယ်မှမရှိပါ။
I am just reporting ပါ။

Credit to Ko Myo Han Htun

Bloody true!ဒါပေမဲ့ တချို့ ဆိုက်အင်ယာတွေ ဖုန်တောင် မပေဘဲ သပ်သပ်ရပ်ရပ် နေနိုင်ကြသူတော့ ရှိကြသေးတယ်။ 🙄🙄
19/10/2022

Bloody true!

ဒါပေမဲ့ တချို့ ဆိုက်အင်ယာတွေ ဖုန်တောင် မပေဘဲ သပ်သပ်ရပ်ရပ် နေနိုင်ကြသူတော့ ရှိကြသေးတယ်။ 🙄🙄

ကျွန်တော်ပါဘဲ 😐😐
26/09/2022

ကျွန်တော်ပါဘဲ 😐😐

Address

Mandalay

Telephone

+959797384008

Website

Alerts

Be the first to know and let us send you an email when Cobai Eain - ကိုယ်ပိုင်အိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cobai Eain - ကိုယ်ပိုင်အိမ်:

Share