Hexa Mandalay Structural Design & Construction Co., Ltd

Hexa Mandalay Structural Design & Construction Co., Ltd HEXA MANDALAY was founded in December 2021. Structural design service as a freelance structural designer has been started since 2019. Structural Design
2.

The available services are
1. Construction
3. Fabrication & Installation for Steel Structures

𝐓𝐰𝐨 & 𝐇𝐚𝐥𝐟 𝐒𝐭𝐨𝐫𝐞𝐲 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞Type of Structure   ~Reinforced Concrete (RC) StructureLocation   ~Patheingyi Township, Manda...
08/02/2022

𝐓𝐰𝐨 & 𝐇𝐚𝐥𝐟 𝐒𝐭𝐨𝐫𝐞𝐲 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞

Type of Structure ~Reinforced Concrete (RC) Structure

Location ~Patheingyi Township, Mandalay

Status ~Completed in Jan, 2022

Architectural Design ~Marvellous Designs

Structural Design ~Hexa Mandalay

Construction Management ~PM Construction Co.,Ltd

MEP Design & Installation ~ Young Tech Engineering

𝘊𝘰𝘯𝘵𝘢𝘤𝘵
𝘗𝘩𝘰𝘯𝘦 : 09 986 670 694
𝘌𝘮𝘢𝘪𝘭 : 𝘩𝘦𝘹𝘢𝘮𝘢𝘯𝘥𝘢𝘭𝘢𝘺@𝘨𝘮𝘢𝘪𝘭.𝘤𝘰𝘮
𝘈𝘥𝘥𝘳𝘦𝘴𝘴 : 𝘙𝘰𝘢𝘥 60(𝘊), 𝘉𝘦𝘵: 134𝘵𝘩𝘹135𝘵𝘩 𝘴𝘵𝘳𝘦𝘦𝘵𝘴, 𝘐𝘯𝘥𝘶𝘴𝘵𝘳𝘪𝘢𝘭 𝘡𝘰𝘯𝘦 (1), 𝘗𝘺𝘪𝘨𝘺𝘪𝘵𝘢𝘨𝘰𝘯 𝘛𝘰𝘸𝘯𝘴𝘩𝘪𝘱, 𝘔𝘢𝘯𝘥𝘢𝘭𝘢𝘺





အိမ်ကို စနစ်တကျ ဘယ်လိုဆောက်မလဲ?အိမ်ရှင်တိုင်းဟာ မိမိနေအိမ်မည့် အိမ်ကိုစနစ်တကျနဲ့ လှလှပပလေး ဖြစ်ချင်ကြပါတယ်။ နေအိမ်တစ်လုံ...
30/01/2022

အိမ်ကို စနစ်တကျ ဘယ်လိုဆောက်မလဲ?

အိမ်ရှင်တိုင်းဟာ မိမိနေအိမ်မည့် အိမ်ကိုစနစ်တကျနဲ့ လှလှပပလေး ဖြစ်ချင်ကြပါတယ်။ နေအိမ်တစ်လုံးဟာ စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်လေး ဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အိမ်ဆောက်တော့မယ့် အိမ်ရှင်တွေအတွက် မိမိနေအိမ်ကို စနစ်တကျ နှင့်ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင်လုပ်ဆောင်ရမယ့် လုပ်ငန်းအဆင့်ဆင့်ကို အခုပိုစ့်မှာ ဖော်ပြသွားပါမယ်။

နေအိမ်ပလန် ရေးဆွဲခြင်း
အိမ်မဆောက်ခင် ပထမဦးဆုံး လုပ်ရမယ့်အလုပ်ကတော့ အိမ်ရှင်ရဲ့ လိုအပ်ချက်နှင့် ကိုက်ညီမယ့် အိမ်ပလန်ကို ရေးဆွဲရပါမယ်။ အိမ်ပလန် ရေးဆွဲခြင်းအတွက် ပထမဦးဆုံး တွေ့သင့်တဲ့ ပညာရှင်ကတော့ ဗိသုကာပညာရှင် (Architect) ဖြစ်ပါတယ်။ ဗိသုကာပညာရှင် များက ဆောက်လုပ်မယ့် အဆောက်အဦး ဧရိယာ ပေါ်မူတည်ပြီး အိမ်ရှင်ရဲ့လိုအပ်ချက်တွေကို ပြည့်မှီအောင် နေရာချပေးမှာဖြစ်ပါတယ်။ ဗိသုကာပညာရှင် တွေဘက်ကလုပ်ဆောင် ပေးမယ့်အရာတွေကတော့
✓နေရာ အလေအလွင့် မရှိအောင် အခန်းဖွဲ့ပေးခြင်း
✓လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ပေးခြင်း
✓သဘာဝအလင်းရောင် လုံလုံလောက်လောက်ရရှိအောင်ပြုလုပ်ပေးခြင်း
✓လျောက်လမ်းတွေ၊ လှေကားတွေ ကျဥ်လွန်း၊ ကျယ်လွန်းခြင်းမရှိအောင် နေရာချထားပေးခြင်း
✓အချောထည် လုပ်ဆောင်သည့်အခါ နေအိမ်နဲ့ သဟဇာတဖြစ်မယ့် ပစ္စည်း (ဥပမာ ဆေးအရောင်၊ ကြွေပြားဒီဇိုင်း) တွေကို ရွှေးချယ်သတ်မှတ်ပေးခြင်း

နေအိမ် ခိုင်ခံ့မှုကို တွက်ချက်ခြင်း
ဗိသုကာပညာရှင် မှထွက်လာတဲ့ပုံနဲ့ အိမ်တန်းဆောက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ်ဆောက်တော့မယ်အချိန်မှာ ခိုင်ခံ့မှုအတွက် အမှန်တကယ်လိုအပ်တဲ့ တိုင်ဆိုဒ်၊ထုတ်ဆိုဒ်တွေက ဗိသုကာ ရေးဆွဲလိုက်တဲ့ ပုံမှာပါမလာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့် ဒုတိယအနေနဲ့ တွေ့သင့်တဲ့ ပညာရှင်ကတော့ Structural Designer ဖြစ်ပါတယ်။ Structural Designer တွေက ဗိသုကာပညာရှင် ပေးထားတဲ့ နေအိမ်ရဲ့ ပလန်ကို ခိုင်ခံ့မှုရှိအောင်နှင့် တည်ဆောက်လို့ရအောင် တွက်ချက်ပေးပါတယ်။ Structural Designer တွေဘက်က လုပ်ဆောင်ပေးမယ့် အရာတွေကတော့
✓မြေကြီးစမ်းတဲ့ မှတ်တမ်း (Soil Investigation Report)ပေါ်မူတည်ပြီး ဖောင်းဒေးရှင်းအနက်၊ ဖောင်းဒေးရှင်း အမျိုးအစား၊ ဖောင်ဒေးရှင်း အရွှယ်အစား သတ်မှတ်ပေးခြင်း
✓တိုင်ဆိုဒ် သတ်မှတ်ပေးခြင်း
✓ထုတ်ဆိုဒ်သတ်မှတ်ပေးခြင်း
✓ကြမ်းခင်းထု သတ်မှတ်ပေးခြင်း

ဖောင်ဒေးရှင်းအတွက် မြေကြီးစမ်းခြင်း
အဆောက်အဦး မှာရှိတဲ့ဝန် (Load) အားလုံးကို နောက်ဆုံး မြေကြီးကပဲထမ်းရတဲ့ အတွက်ကြောင့် မြေကြီးရဲ့ ခံနိုင်ရည်ကိုစမ်းသင့်ပါတယ်။ မြေကြီးစမ်းရမယ့်အဆင့်သည် ဗိသုကာပုံထွက်လာကတည်း စစမ်းသင့်ပါတယ်။ ဒါမှသာ Structural Designer ကမြေကြီးခံနိုင်ရည် ပေါ်မူတည်ပြီး ဖောင်းဒေးရှင်းအတွက် တွက်ချက်လို့ရမှာဖြစ်ပါတယ်။ ပရောဂျက် သေးတဲ့အချိန်မှာ ဖောင်းဒေးရှင်းပိုင်းကို Structural Designer တာဝန်ယူတွက်ချက်ပေမယ့် Project ကြီးတဲ့အချိန် (သို့မဟုတ်) မြေအောက်ထဲကြီးကြီးမားမား လုပ်ဆောင်ရမယ့် အချိန်မှာ Geotechnical Engineer ပါဝင်လာပါမယ်။

ရေလိုင်း၊မီးလိုင်း တွက်ချက်ခြင်း
နေအိမ်တစ်လုံးက ရေလိုင်း၊မီးလိုင်း မပါဘဲ လည်ပတ်လို့မရပါဘူး။ ရေလိုင်း၊ မီးလိုင်း ဒီဇိုင်းအတွက် နောက်ထပ်တွေ့သင့်တဲ့ ပညာရှင်က M&E Designer ဖြစ်ပါတယ်။ M&E Designer တွေကအဆောက်အဦး တစ်ခုလုံးလည်ပတ်ဖို့ နေရာမှာအဓိက လိုအပ်တဲ့ ရေနှင့်မီး ကိုတွက်ချက်ပေးမှာဖြစ်ပါတယ်။ M&E Designer ကတွက်ချက်ပေးမယ့်အရာကတော့
✓နေအိမ်မှာရှိတဲ့ လူဦးရေပေါ်မူတည်ပြီး သုံးစွဲမည့် ရေဂါလံတွက်ထုတ်ပေးခြင်း
✓သုံးစွဲမည့်ဂါလံပေါ်မူတည်ပြီး ရေပိုက်ဆိုဒ်ကိုတွက်ထုတ်ပေးခြင်း
✓အခန်းပုံစံ ပေါ်မူတည်ပြီး သုံးစွဲမည့် မီအားကိုတွက်ထုတ်ပေးခြင်း
✓သုံးစွဲမည့်မီအားပေါ်မူတည်ပြီး မီကြိုးဆိုဒ်များတွက်ထုတ်ပေးခြင်း

ကုန်ကျစာရိတ် တွက်ချက်ခြင်း
ဆောက်လုပ်မယ့် အဆောက်အဦးရဲ့ ကုန်ကျစာရိတ်ကို ဗိသုကာ၊ Structure၊ M&E ပုံတွေကနေတဆင့် အသေးစိတ် တွက်ချက်ရပါတယ်။ အဆောက်အဦးရဲ့ ကုန်ကျစာရိတ်ကိုတော့ QS (Quantity Surveyor) ကတွက်ထုတ်ပေးပါတယ်။

ဆောက်လုပ်ခြင်း
အိမ်ရှင်သည် မိမိလိုချင်တဲ့ ဒီဇိုင်းက တတ်နိုင်တဲ့စျေးနှင့် ကိုက်ညီရင် ဆောက်လုပ်ဖို့ နောက်ဆုံးတွေရမယ့် ပညာရှင်က ကန်ထရိုက်တာဖြစ်ပါတယ်။ ကန်ထရိုက်တာ ကနောက်ဆုံး အိမ်ရှင်ရဲ့ လိုအပ်ချက် တွေနှင့်အညီ ဒီဇိုင်းလုပ်ထားတဲ့ အဆောက်အဦးကို မြေပြင်မှာ အကောင်ထည် ဖော်မယ့်သူဖြစ်ပါတယ်။




𝟯𝟬’𝘅𝟰𝟬’ 𝗧𝗪𝗢 𝗦𝗧𝗢𝗥𝗘𝗬 𝗥𝗘𝗦𝗜𝗗𝗘𝗡𝗧𝗜𝗔𝗟 𝗕𝗨𝗜𝗟𝗗𝗜𝗡𝗚2022 ခုနစ်ရဲ့ ပထမဦးဆုံး ဒီဇိုင်း project လေးပါ။ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မ...
26/01/2022

𝟯𝟬’𝘅𝟰𝟬’ 𝗧𝗪𝗢 𝗦𝗧𝗢𝗥𝗘𝗬 𝗥𝗘𝗦𝗜𝗗𝗘𝗡𝗧𝗜𝗔𝗟 𝗕𝗨𝗜𝗟𝗗𝗜𝗡𝗚

2022 ခုနစ်ရဲ့ ပထမဦးဆုံး ဒီဇိုင်း project လေးပါ။ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ ဆောက်လုပ်မယ့် 30’x40’ နှစ်ထပ် လူနေအိမ်ကို Archi ဒီဇိုင်းနှင့်အညီ ခိုင်ခံ့မှုရှိအောင် structural design တွက်ချက်ပေးထားပါတယ်။

Dimension ~ 30’x40’ x 2 Storey with roof Slab

Type of Structure ~ RC Structure

Location ~ Patheingyi Township, Mandalay

Architectural Design ~ Jaw San Aung (B.Arch, MIT/MTU COE 1st Batch)

Structural Design ~ Hexa Mandalay

Construction Management ~ Thet Khaing Aung (BE.Civil, MIT/MTU COE 1st Batch)

𝑃ℎ𝑜𝑛𝑒 : 09 986 670 694
𝐸𝑚𝑎𝑖𝑙 : ℎ𝑒𝑥𝑎𝑚𝑎𝑛𝑑𝑎𝑙𝑎𝑦@𝑔𝑚𝑎𝑖𝑙.𝑐𝑜𝑚
𝐴𝑑𝑑𝑟𝑒𝑠𝑠 : 𝑅𝑜𝑎𝑑 60(𝐶), 𝐵𝑒𝑡𝑤𝑒𝑒𝑛 134𝑡ℎ 𝑥 135𝑡ℎ 𝑆𝑡𝑟𝑒𝑒𝑡𝑠, 𝐼𝑛𝑑𝑢𝑠𝑡𝑟𝑦 𝑍𝑜𝑛𝑒 (1), 𝑃𝑦𝑖𝑔𝑦𝑖𝑡𝑎𝑔𝑜𝑛 𝑇𝑜𝑤𝑛𝑠ℎ𝑖𝑝, 𝑀𝑎𝑛𝑑𝑎𝑙𝑎𝑦





အဆောက်အဦးတစ်လုံးရဲ့ ကုန်ကျစာရိတ်သိဖို့ ဘာကြောင့် BQ တွက်သင့်တာလဲ?BQ (သို့မဟုတ်) BoQ (Bill of Quantities) ကိုဘာကြောင့် တ...
15/01/2022

အဆောက်အဦးတစ်လုံးရဲ့ ကုန်ကျစာရိတ်သိဖို့ ဘာကြောင့် BQ တွက်သင့်တာလဲ?

BQ (သို့မဟုတ်) BoQ (Bill of Quantities) ကိုဘာကြောင့် တွက်သင့်လဲဆိုတာ မပြောခင် BQ ဆိုတာဘာလဲ ဆိုတာ အရင်သိသင့်တာပေါ့။ BQ ဆိုတာ အိမ်၊ လမ်း၊ တံတား၊ ခြံစည်းရိုး စတာတွေရဲ့ တည်ဆောက်ချိန်မှာ ပါဝင်မယ့် လုပ်ငန်း (သို့မဟုတ်) လုပ်ကွက် တွေပေါ်မူတည်ပြီး ပစ္စည်းဖိုး၊ လုပ်အားခ စုစုပေါင်း ကုန်ကျမည့်ငွေကို အသေးစိတ် တွက်ချက်ခြင်းဖြစ်ပါတယ်။

အခုပိုစ့်မှာကတော့ လူနေအိမ်တွေ နှင့်ပတ်သတ်ပြီး BQ တွက်ရင် အိမ်ရှင်အတွက်ကော၊ ဆောက်လုပ်မယ့် ကန်ထရိုက်တာ အတွက်ပါ ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲဆိုတာ၊ BQ က PAE (Plinth Area Estimate) နဲ့နှိုင်းယှဉ်ရင် ဘယ်လိုအားသာချက်တွေရှိလဲ၊ BQ တွက်မယ်ဆိုရင် ဘယ်အရာတွေ လိုအပ်လည်း၊ နောက်ဆုံးအနေနဲ့ BQ နှင့် PAE ကိုဘယ်လိုအချိန်တွေမှာ သုံးသင့်လဲ ဆိုတာတွေကို ဖော်ပြသွားပါမယ်။

BQ တွက်ရင် ဘယ်လို ကောင်းကျိုးတွေ ရလာနိုင်လဲ?
BQ တွက်လိုက်ခြင်းအားဖြင့် အိမ်ရှင်ဘက်မှ သုံးနိုင်သည့်ငွေပမာဏ ပေါ်မူတည်ပြီး ရရှိလာမယ့် အဆောက်အဦးရဲ့ အရည်အသွေးကို အတိအကျသိနိုင်ပါတယ်။ တစ်နည်းအားဖြင့် သုံးမယ့် ပစ္စည်းအမျိုးအစား (သို့မဟုတ်) အရေအတွက်ကို အတိုးအလျော့လုပ်ခြင်းအားဖြင့် အိမ်ရှင်ဘက်က တတ်နိုင်တဲ့ ဘက်ဂျက်ကိုချိန်လို့ရပါမယ်။ BQ တွက်လိုက်ခြင်း အားဖြင့် အိမ်ရှင်တွေဘက်မှ ကုန်ကျငွေနှင့် တူညီတဲ့ အရည်အသွေးရမှာ ဖြစ်ပြီး ကန်ထရိုက်တာဘက်မှာလည်း မိမိဆောက်လုပ်မည့် အဆောက်အဦးအတွက် ပစ္စည်းဖိုး၊ လုပ်အားဖိုး နှင့်ပတ်သတ်သည့် ကုန်ကျစာရိတ် တွေကိုတိတိကျကျ တွက်ချက်လို့ရပါမယ်။

BQ က PAE နဲ့နှိုင်းယှဉ်ရင် ဘယ်လို အားသာချက် တွေရှိလဲ?
BQ ကဘာလဲဆိုတာ အပေါ်မှာ ရှင်းပြပြီးပြီးဆိုတော့ PAE ဆိုတာ ဘာလဲဆိုတာလည်း သိဖို့လိုတာပေါ့။ PAE ဆိုတာ တစ်ပေပတ်လည်မှာ သတ်မှတ်ထားတဲ့ ကုန်ကျနှုန်းကို ဆောက်လုပ်မည့် အဆောက်အဦး စုစုပေါင်း ဧရိယာနှင့် မြှောက်၍ရရှိလာသော ကုန်ကျငွေကို တွက်ချက်သည့်ပုံစံဖြစ်သည်။ ဥပမာ ၃၆ ပေx၅၀ ပေ တစ်ထပ်တိုက် အဆောက်အဦးရဲ့ ကုန်ကျစရိတ်ကို တစ်ပေပတ်လည် ၃၅,၀၀၀ နှင့်တွက်မယ်ဆိုရင် ၆၃,၀၀၀,၀၀၀ ကုန်ကျပါမယ်။ ၃၆ ပေx၅၀ ပေ တစ်ထပ်တိုက်အတွက် ကုန်ကျငွေ သိန်း ၆၃၀ သည်အမှန်တကယ် ကုန်ကျမည့်စျေးမဟုတ်ဘဲ ခန့်မှန်းခြေ စျေးသာဖြစ်သည်။ ၃၆ x၅၀ တစ်ထပ်တိုက်ရဲ့ ကုန်ကျငွေကို BQ တွက်မယ်ဆိုရင်
၁။အခန်းဖွဲ့စည်းပုံ ပေါ်မူတည်ပြီး အိပ်ခန်းအရေအတွက်၊ ရေချိုးခန်း အိမ်သာအရေအတွက်၊ အုတ်ရိုးထု
၂။တိုင်ဆိုဒ်၊ ထုတ်ဆိုဒ်၊ ကြမ်းခင်းထု
၂။သုံးမယ့် ပစ္စည်းအရည်အသွေး
၃။ပစ္စည်းအရေအတွက်
၄။ပစ္စည်းတွေရဲ့ စျေးနှုန်း
၅။လုပ်အားခ စျေးနှုန်း
စတဲ့အချက်တွေအပေါ် အသေးစိတ်တွက်ချက်တာ ဖြစ်တဲ့အတွက် အိမ်ရှင် လိုအပ်ချက်အပေါ်မူတည်ပြီး ကုန်ကျစာရိတ် အနည်းအများဖြစ်နိုင်ပါတယ်။ အခန်းဖွဲ့စည်းပုံ ပြောင်းခဲ့မယ်ဆိုရင် PAE နှင့်တွက်ထားမယ့် ဈေးကမပြောင်းလဲပေမယ့် BQ နဲ့တွက်ထားခဲ့မယ်ဆိုရင်တော့ ဈေးကအပြောင်းအလဲဖြစ်ပါမယ်။ BQ တွက်ချက်ရာတွင် ပစ္စည်းဖိုး၊လုပ်အားခ ကိုလက်ရှိပေါက်‌ဈေး အတိုင်းထည့်သွင်း တွက်ချက်နိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုအနည်းဆုံးဖြစ်ပါတယ်။

BQ တွက်ဖို့ဘာတွေလိုအပ်လဲ?
BQ သည်ကုန်ကျစရိတ်ကို အသေးစိတ် တွက်ချက်တာဖြစ်သောကြောင့် Archi Drawing၊ Structural Drawing၊ M&E Drawing စတဲ့ အဆောက်အဦး နဲ့ပတ်သတ်တဲ့ Drawing တွေလိုအပ်ပါတယ်။ Archi Drawing မှအခန်းဖွဲ့စည်းပုံပေါ် မူတည်ပြီး အုတ်၊ ကြွေးပြား၊ ဆေး၊ တံခါးနှင့် ပြတင်းပေါက် စတဲ့ ပစ္စည်းအရည်အသွေး နှင့်အရေအတွက်ပေါ်မူတည်ပြီး အချောထည်နှင့် ပတ်သတ်တဲ့ ကုန်ကျစာရိတ်ရရှိပါမယ်။ Structural Drawing မှာတော့ အာစီ (RC) ဆိုရင် တိုင်ဆိုဒ်၊ ထုတ်ဆိုဒ် ပေါ်မူတည်ပြီး ဘိလပ်မြေ၊ သဲ၊ ကျောက်၊ သံလုံးတို့ကို တွက်ချက်နိုင်မှာဖြစ်ပြီး သံဖရိန် (Steel Structure) ဆိုရင် သုံးမယ့် သံဘင်းအထူအပါး၊ Plate အထူးအပါး ပေါ်မူတည်ပြီး အကြမ်းထည်နှင့် ပတ်သတ်တဲ့ ကုန်ကျစာရိတ်ကိုတွက်ချက် နိုင်မှာဖြစ်ပါတယ်။ မီးလိုင်း၊ ရေလိုင်း နဲ့ဆိုင်တဲ့ ကုန်ကျစာရိတ် ကို M&E Drawing ကနေတွက်ချက်လို့ရပါတယ်။ ဒါမှသာ BQ ကတွက်ချက်လို့ရတဲ့ ကုန်ကျစာရိတ်က အမှန်တကယ် အဆာက်အဦး ဆောက်တဲ့အချိန်မှာ ကုန်ကျမယ့် ကုန်ကျစာရိတ်နှင့် အနီးစပ်ဆုံးတူညီမှာဖြစ်ပါတယ်။

BQ & PAE ကိုဘယ်လို အချိန်တွေမှာ သုံးသင့်သလဲ?
BQ တွက်ဖို့ အမှန်တကယ် ဆောက်မယ့် အဆောက်အဦးနဲ့ ပတ်သတ်တဲ့ ပုံတွေလိုအပ်တဲ့ အတွက်ကြောင့် ကုန်ကျစာရိတ်ကို အလွယ်တကူတွက်ချက်လို့ မရပါဘူး။ ပုံတွေရှိခဲ့မယ်ဆိုရင်တောင် ကုန်ကျစာရိတ် သိဖို့အချိန်ပေး တွက်ချက်ရပါတယ်။ ဒါကြောင့် PAE ကိုလုပ်ငန်းမတည့်ခင် အကြမ်းဖျင်းဈေး သိအောင်ပြောတဲ့ အချိန်မှာသုံးသင့်ပါတယ်။ လုပ်ငန်းကသေချာ ပြီးဆိုရင် ကုန်ကျစာရိတ် ကိုသိဖို့ သက်ဆိုင်ရာ ပုံတွေကတစ်ဆင့် BQ ကိုတွက်ချက်ရပါမယ်။ အဆောက်အဦးကို BQ နဲ့တွက်ချက်ပြီး ဆောက်ခဲ့မယ်ဆိုရင် အဆောက်အဦးရဲ့ အရည်အသွေးနဲ့ပတ်သတ်လို့ BQ တွင် ပါဝင်မယ့် ပစ္စည်းနှင့် လုပ်ငန်းတွေကို အသေးစိတ်ဖော်ပြထားမှာဖြစ်ပြီး PAE နှင့်ဆောက်ခဲ့မယ်ဆိုရင်တော့ အိမ်ရှင်တွေဘက်က လိုချင်တဲ့ အချက်လက် (ဥပမာ အခန်းအရေအတွက်၊ ဆေးအမျိုးအစား၊ ကြွေပြားအမျိုးအစား စသည့်) တွေပါမပါ အသေးစိတ် မေးမြန်းဖို့လိုပါမယ်။

နောက်ဆုံး အနေနဲ့ပြောရရင် အဆောက်အဦးတစ်လုံးရဲ့ တန်ဖိုးကို PAE နဲ့ဈေးဖြတ်တာက ဘာနဲ့တူလဲဆိုတော့ စာအုပ်တစ်အုပ် ရဲ့တန်ဖိုးကို စာမျက်နှာ အရေအတွက် တစ်ခုတည်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်သလို ဖြစ်နေပါတယ်။ BQ တွက်ပြီး အဆောက်အဦးတစ်လုံးရဲ့ တန်ဖိုးကို ဖြတ်တာက ဘာနဲ့တူလဲဆိုတော့ စာအုပ်တစ်အုပ် ရဲ့တန်ဖိုးကို စာအုပ်အမျိုးအစား၊ စာမျက်နှာအရေအတွက်၊ စာအုပ်ရဲ့ကုန်ကြမ်း အရည်အသွေး၊ စာအုပ်ကပေးမယ့် အနှစ်သာရ စတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး တန်ဖိုးဖြတ်တာ နှင့်တူပါတယ်။


AISC Design Guide 1 (Base Plate & Anchor Rod Design)အခု Post မှာတော့ Base Plate နှင့် Anchor Rod အကြောင်းပတ်သတ်ပြီး သိသင...
01/01/2022

AISC Design Guide 1 (Base Plate & Anchor Rod Design)

အခု Post မှာတော့ Base Plate နှင့် Anchor Rod အကြောင်းပတ်သတ်ပြီး သိသင့်တာလေးတွေကို AISC Design Guide 1 (2nd Edition) ကိုမှီငြမ်းပြီး ရေးပြသွားမှာဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တွက်ချက်ရမယ့်အပိုင်းတွေ အခုပိုစ့်မှာပါမှာ မဟုတ်တဲ့အတွက်ကြောင့် AISC Design Guide 1 မှာပြန်လေ့လာရပါမယ်။ အခုပိုစ့်လေးဖတ်ပြီးသွားရင် Base Plate နှင့် Anchor Rod တွေကို AISC Design Guide 1 နဲ့အညီရွှေးချယ်တတ်လာပါလိမ့်မယ်။

Steel Structure အဆောက်အအုံတွေမှာ Steel Column ကို RC Footing or RC Column တို့နှင့်ဆက်တဲ့အချိန်မှာ Base Plate နှင့် Anchor Rod ကိုသုံးရပါတယ်။ Column Base Plate နဲ့ပတ်သတ်ပြီး ပါဝင်တဲ့ အစိတ်အပိုင်းတွေကို Figure 1 မှာကြည့်နိုင်ပါတယ်။ Base Plate connection များဟာ အဆောက်အအုံတွေမှာဆိုရင် Gravity Load အပြင် Lateral Load ကိုလည်းခံနိုင်အောင် ဒီဇိုင်းလုပ်ရပါတယ်။ AISC Design Guide 1 ထဲမှာ Steel နဲ့ပတ်သတ်လို့ ဒီဇိုင်းလုပ်မယ်ဆိုရင် AISC 360-05 ကိုအခြေခံထားပြီး Concrete အပိုင်းဆိုရင် ACI 318-02 Appendix D ပေါ်မူတည်ပြီးဒီဇိုင်း လုပ်ရပါမယ်ဖော်ပြထားပါတယ်။ Anchor Rod အပိုင်းနဲ့ပတ်သတ်ပြီး နောက်ထပ် AISC Design Guide 7 ကိုပြန်ညွန်းထားပါတယ်။

Base Plate ရဲ့ Connection ဟာဒီဇိုင်းစဥ်းစားတဲ့ ပေါ်မူတည်ပြီး Pin or Fixed condition ဖြစ်နိုင်ပါတယ်။ Gravity Load သာရှိပြီး Lateral Force သိပ်မရှိတဲ့နေရာမျိုးမှာဆိုရင် Base Plate Connection ဒီဇိုင်းကို er****on လုပ်ဖို့အချိန်မှာ လိုအပ်တဲ့ Column stability ဖြစ်ရုံလောက်ဆိုရင်ရပါပြီး။ OSHA (Occupational Safety and Health Administration) အရ Anchor Rod ကိုအနည်းဆုံး ၄ လုံးထည့်ပေးရပါမယ်။ နောက်ပြီး Column Base Plate Connection ကအနည်းဆုံး moment 300lb x 18” from the extreme outer face of the column ကိုခံနိုင်ရပါမယ်။ ဥပမာ 14” depth ရှိတဲ့တိုင်အတွက်ဆိုရင် ဒီဇိုင်း moment ခံနိုင်ရည်အနည်းဆုံး 1.6x300x(7+18) = 12,000 lb-in ရှိရပါမယ်။

အသုံးများတဲ့ Base Plate ရဲ့ grade ကတော့ A36 (Yield strength = 36ksi, Tensile strength = 58ksi) ဖြစ်ပါတယ်။ လမ်းမီးတိုင်၊HSS (Hollow Structural Section) တိုင်တွေ အတွက်ဆိုရင် Base Plate ရဲ့အထူက 1/2" အနည်းဆုံးရှိရမှာဖြစ်ပြီး တခြား Structural member တွေအတွက်ဆိုရင် 3/4" အနည်းဆုံးရှိရပါမယ်။

Wide Fl**ge Steel Column နဲ့ Base Plate ဆက်ဖို့ Weld Symbol ပေးတဲ့အချိန်မှာ Weld-All-Around Symbol ကိုမပေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Fl**ge Tip တို့ Corner Radius တို့မှာ ရှိတဲ့ Weld က Strength နည်းတဲ့အတွက် လုပ်ရတာနဲ့မကာမိပါဘူး။

Anchor Rod ရဲ့အသုံးများတဲ့ diameter နှင့် grade ကတော့ 3/4" A36 ဖြစ်ပါတယ်။ Anchor Rod ရဲ့ပုံစံအမျိုးမျိုးကို Figure (2) မှာဖော်ပြထားပါတယ်။
Anchor Rod ကို ချိတ်(Hook) ပါတာထက်စာရင် ချိတ်မပါတဲ့ပုံစံကို AISC Design Guide 1 မှာ Recommend ပေးထားပါတယ်။ Steel Column မှာ Moment ဒါမှဟုတ် Axial Tension တွေပါလာပြီးဆိုရင် Anchor Rod ထည့်ဖို့အတွက် Base Plate မှာဖောက်ရမယ့် Hole Diameter ကို အောက်မှာ Design Guide Table 2.3 အနေနဲ့ဖော်ပြထားပါတယ်။ Plate Washer ရဲ့ thickness ကတော့ 1/3 x Anchor Rod Diameter နီးပါးလောက်ရှိရပါမယ်။ အကယ်၍ Steel Column က only compression ပဲဖြစ်မယ် နောက်ပြီး base Plate အထူက 1-1/4" ထက်နည်းမယ်ဆိုရင် 3/4" Anchor Rod အတွက် Hole Diameter ကို 1-1/16" လောက်လဲသုံးလို့ရပါတယ်။

Anchor Rod တွေက shear resist လုပ်ဖို့မလိုဘူးဆိုရင် washer တွေကို Base Plate နဲ့တွဲပြီး weld လုပ်စရာမလိုပါဘူး။ Anchor Rod ရဲ့ thread length က 3" လောက် Level ကစားလို့ရအောင်အထိ ရှည်ရပါမယ်။ အဆောက်အဦးမှာ Lateral Force ခုခံဖို့မလိုဘူးဆိုရင် Anchor Rod ရဲ့ clear edge distance ကို 1/2" ထိထားလို့ရပါတယ်။

Anchor Rod တွေကိုနေရာချတဲ့ အချိန်မှာ ပုံစံပြား (Template) သုံးပြီးနေရာချလို့ရပါတယ်။ ပုံစံပြားအနေနဲ့ ဆိုက်တွေထဲမှာ အသုံးများတဲ့ပစ္စည်းကတော့ အထပ်သား (Plywood) ဖြစ်ပါတယ်။အကယ်၍ Anchor Rod ထည့်ရမယ့် RC အပိုင်းကပြီးတော့မယ် Anchor Rod Layout ပုံစံအတွက် structural Drawing ကလည်းမပြီးသေးဘူး (သို့မဟုတ်) Anchor Rod ရဲ့ Layout Plan ကလည်းရှုပ်တဲ့အတွက် နောက်မှ သေသေချာချာလေး ထည့်ချင်တယ်ဆိုရင် drilled ဖောက်ပြီး epoxy anchor rod type ကိုလည်းသုံးလို့ ရပါတယ်။

Steel Column ကို RC Column ပေါ်တင်ပြီး Level တွေညှိပြီးသွားတဲ့အခါမှာ Base Plate အောက်ခြေမှာ gap ဖြစ်နေတဲ့အတွက်ကြောင့် Grout လောင်းရပါတယ်။ အဲဒီ Grount ရဲ့ strength က Base Plate အောက်မှာရှိတဲ့ Concrete strength ထက်အနည်းဆုံး နှစ်ဆရှိရပါမယ်။Base Plate အရမ်းကြီးလို့ Grout လောင်းလို့ အဆင်မပြေရင် Grout Hole ဖောက်လောင်းလို့ ရပါတယ်။Grout Hole ရဲ့ diameter ပုံမှန်အားဖြင့် 2” ကနေ 3” လောက်ထိရှိတတ်ပါတယ်။

နောက်ဆုံးအနှစ်ချုပ် အနေနဲ့သိသင့်တာလေးတွေကာတော့
၁။ Base Plate ရဲ့ Grade အနေနဲ့ဆိုရင် A36 ကအသုံးများပါတယ်။
၂။ Base Plate ရဲ့ thickness က လမ်းမီးတိုင်လိုမျိုး ပေါ့တဲ့ Structure တွေဆိုရင် အနည်းဆုံး 1/2”, Structural member တွေအတွက်ဆိုရင် အနည်းဆုံး 3/4” ရှိရပါမယ်။
၃။ Anchor Rod ဆိုရင် OSHA requirement အရ အနည်းဆုံး ၄ လုံးထည့်ရမှာဖြစ်ပြီး moment အနေနဲ့ အနည်းဆုံး 300 lb x (18” from the extreme outer face of the column) ကိုခံနိုင်ရပါမယ်။
၄။ Anchor Rod ရဲ့အသုံးများတဲ့ diameter နှင့် grade ကတော့ 3/4" A36 ဖြစ်ပါတယ်။ Anchor Rod ကိုအရစ်ဖော် တဲ့အချိန်မှာ 3” အနည်းဆုံး Level ကစားလို့ရအောင် ဖော်ပေးရပါမယ်။
၅။ Grout ရဲ့ grade ကအောက်မှာရှိတဲ့ concrete grade ထက်အနည်းဆုံး ၂ဆ ရှိရပါမယ်။

အဆောက်အဦးတစ်လုံးမှာ ဘာကြောင့် Structure ဒီဇိုင်းတွက်သင့်တာလဲ?အမှန်တကယ်ကတော့ အဆောက်အဦးအပြင်ကျန်တဲ့ တံတား၊ ဂုံးကျာ်လမ်း၊...
30/12/2021

အဆောက်အဦးတစ်လုံးမှာ ဘာကြောင့် Structure ဒီဇိုင်းတွက်သင့်တာလဲ?

အမှန်တကယ်ကတော့ အဆောက်အဦးအပြင်ကျန်တဲ့ တံတား၊ ဂုံးကျာ်လမ်း၊ ဆက်သွယ်ရေး တာဝါတိုင်၊ ဥမင်လိုဏ်ခေါင်း စတာတွေကိုလည်း Structure ဒီဇိုင်းတွက်ရပါတယ်။ တချို့ အဆောက်အဦးတွေမှာ Structure ဒီဇိုင်း မပါဘဲဆောက်တဲ့ အဆောက်အဦးတွေ များစွာရှိနေတော့ အခု Post မှာဘာကြောင့် အဆောက်အဦးတွေမှာ Structure ဒီဇိုင်းတွက်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ခိုင်ခံ့မှု
ဒါကတော့ ရှင်းပါတယ်။ အကြမ်းဖျင်းအားဖြင့် မပြိုရင်ခိုင်ခံ့တယ်ပေါ့။ ဒါပေမယ့် Structure ဒီဇိုင်း တွက်လို့ရလာတဲ့ ခိုင်ခံ့မှု နဲ့ Structure ဒီဇိုင်း မတွက်ဘဲရလာတဲ့ ခိုင်ခံ့မှု ကမတူပါဘူး။ Structure ဒီဇိုင်းတွက်ထားတဲ့ အဆောင်အဦးကတော့ လာမယ့် ဝန် (Load) ပေါ်မူတည်ပြီး တွက်ချက်တာကြောင့် လိုအပ်တဲ့ တိုင်ဆိုဒ်၊ ထုတ်ဆိုဒ် တွေကလိုအပ်တဲ့နေရာမှာ လိုအပ်သလိုရှိနေမှာဖြစ်ပြီး ဒီဇိုင်းမတွက်ထားခဲ့ရင်တော့ ခိုင်ခံ့ဖို့အတွက် တိုင်ဆိုဒ်၊ ထုတ်ဆိုဒ် အကြီးကြီးလိုတဲ့ နေရာမှာ ဆိုဒ်ကြီးကြီးသုံးပေးမယ့် တိုင်ဆိုဒ်၊ ထုတ်ဆိုဒ် သေးသေးလိုတဲ့နေရာမှာတော့ တိုင်ဆိုဒ်၊ ထုတ်ဆိုဒ် အကြီးကြီးတွေဖြစ်နိုင်ပါတယ်။ ဥပမာ ဒီဇိုင်းမတွက်ထားတဲ့ အဆောက်အဦးရဲ့ ဖောင်ဒေးရှင်း (Foundation) ချတဲ့အချိန်မှာ တိုင်ဖိနပ်ဆိုဒ် (Footing Size) တွေက အားလုံးအတူတူဖြစ်နေပြီး Structure ဒီဇိုင်းတွက်ထားခဲ့ရင်တော့ အဆောက်အဦးရဲ့ ဝန်ကိုထမ်းမယ့်နေရာပေါ်မူတည်ပြီး တိုင်ဖိနပ် (Footing Size) အမျိုးမျိုးဖြစ်နေပါလိမ့်မယ်။ နောက်ဆုံး Structure ဒီဇိုင်းတွက် ထားတဲ့အဆောက်အဦး တစ်လုံးသည် သက်ဆိုင်ရာ ဆောက်လုပ်ရေး စံနှုန်း၊ ဥပေဒ အပေါ်မူတည်၍ ခိုင်ခံ့မှုကိုပြောဆိုနိုင်ပြီး Structure ဒီဇိုင်းမတွက်ထားရင်တော့ ဘယ်စံနှုန်းနဲ့အညီခံနိုင် တယ်ဆိုတာပြောဖို့ ခက်ပါလိမ့်မယ်။

၂။ ဒီဇိုင်းစာအုပ် (Structural Drawing Book)
ဒီဇိုင်းစာအုပ်ဆိုတာကတော့ Structure ဒီဇိုင်းတွက်မှရလာမယ့် စာရွက်စာတမ်းတွေဖြစ်ပါတယ်။ အဲစာရွက်စာတမ်း တွေက ဘာနဲ့သဘောတရားတူလဲဆိုတော့ ဖုန်းတွေ၊ကွန်ပျူတာတွေ ဝယ်ရင်ကုမ္ပဏီကထည့်ပေးလိုက်တဲ့ စာရွက်စာတမ်း တွေနဲ့သဘောတရား တူပါတယ်။ ဖုန်းဆိုရင် မိမိဝယ်လိုက်တဲ့ဖုန်းမှာ RAM ဘယ်လောက်၊ CPU ဘယ်လောက်၊ Storage ဘယ်လောက်ပါတယ် ဆိုတာကိုဖုန်းဗူးထဲမှာပါတဲ့ စာရွက်ထဲမှာကြည့်ရင် သိနိုင်ပါတယ်။ ထိုအတူ အဆောက်အဦး တစ်လုံးကို Structure တွက်ထားရင် မိမိအဆောက်အဦးမှာ သုံးမယ့် ကွန်ကရစ် ရဲ့ခံနိုင်ရည် (Concrete Grade)၊ တိုင်ဆိုဒ်၊ ထုတ်ဆိုဒ်၊ နောက်ပြီးဆောက်လုပ်ပြီးစီးသွားရင် မမြင်ရတော့မယ့် အဆောက်အဦးရဲ့ ဖောင်ဒေးရှင်း အနက်၊ ဖောင်ဒေးရှင်း အမျိုးအစား နှင့် အရွယ်အစား၊ သံလုံး အမျိုးအစား ၊ သံလုံး အရွယ်အစား၊ သံလုံး ဘယ်နလုံး ထည့်ထားတယ်ဆိုတာ အစရှိသည့် အချက်အလက်တွေကို ဒီဇိုင်းစာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ဖော်ပြထားမှာဖြစ်ပါတယ်။ ထိုအချက်အလက် တို့အပေါ်မူတည်ပြီး အဆောက်အဦးမစမှီ တိကျတဲ့ကုန်ကျစရိတ် ကိုတွက်ယူလို့ရပါတယ်။ အဆောက်အဦး ဆောက်လုပ်နေစဥ် အတွင်းမှာလည်း အိမ်ရှင်ဘက်မှ ဒီဇိုင်းစာအုပ် အတိုင်းဖြစ်မဖြစ် စစ်ဆေးလို့ရပါသေးတယ်။ နောက်ဆုံး အဆောက်အဦးဆောက်ပြီသွားလို့ နောင်တစ်ချိန်မှာ မိမိနေအိမ်ကို Gym ဖွင့်ချင်တာဖြစ်ဖြစ်၊ ဖုန်းတာဝါတိုင် တင်ချင်တာ ဖြစ်ဖြစ် ခံနိုင်ရည်ပြန်စစ်ဖို့ဆိုရင် ဒီဇိုင်းစာအုပ်က မရှိမဖြစ်လိုအပ်လာမှာဖြစ်ပါတယ်။

၃။ကုန်ကျစရိတ်
Structure ဒီဇိုင်းတွက်တာက ဒီဇိုင်းခအတွက် ပိုက်ဆံပိုကုန်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အဲဒီ ကုန်ကျစရိတ်ဟာ ခန့်မှန်းချေ အဆောက်အဦး အချောထည် ကုန်ကျစရိတ်ရဲ့ ၀.၂% ကနေ ၀.၆% လောက်ပဲရှိပါတယ်။ ဥပမာ သိန်း ၅၀၀ တန်အဆောက်အဦးအတွက်ဆိုရင် Structure ဒီဇိုင်းအတွက်ကုန်ကျငွေက ၁ သိန်း ကနေ ၃ သိန်းလောက်ထိပေါ့။ Structure ဒီဇိုင်းအတွက် ကုန်ကျမယ့်ငွေကို သုံးလိုက်မယ်ဆိုရင် တခြားမလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ကာကွယ်ပြီးသား ဖြစ်သွားပါမယ်။ ဥပမာ ပစ္စည်းမှန် နေရာမှန်ရောက်မှာ ဖြစ်တဲ့အတွက် မလိုအပ်တဲ့ နေရာမှာ ပိုက်ဆံကော အချိန်ကော ပိုမကုန်တော့ပါဘူး။ ဒီဇိုင်းပုံ (Structural Drawing) ပေါ်မူတည်ပြီး တည်ဆောက်ရေးပုံ (Working Drawing) ရေးဆွဲလို့ရမှာဖြစ်တဲ့အတွက် ပစ္စည်းအလေအလွင့် ဖြစ်မှုကို ထိန်းချုပ်နိုင်ပါမယ်။

အာစီ (RC) အဆောက်အဦးမှာသုံးတဲ့ သံလုံးနှင့်ပတ်သတ်ပြီး အိမ်ရှင်ဘက်က ဘယ်အချက်လေးတွေ သိထားသင့်လဲ?အာစီ (RC) အဆောက်အဦး ဆောက်မယ်...
28/12/2021

အာစီ (RC) အဆောက်အဦးမှာသုံးတဲ့ သံလုံးနှင့်ပတ်သတ်ပြီး အိမ်ရှင်ဘက်က ဘယ်အချက်လေးတွေ သိထားသင့်လဲ?

အာစီ (RC) အဆောက်အဦး ဆောက်မယ်ဆိုရင် အိမ်ရှင်တွေဘက်က သံလုံးနဲ့ ပတ်သတ်ရင် အနည်းဆုံး (၃) ချက်လောက် သိထားသင့်ပါတယ်။ အဲဒီအချက်တွေကတော့ သံလုံးရဲ့ ဆိုဒ် (diameter), ခံနိုင်ရည်အား (Grade) နှင့် သံလုံးရဲ့ ပေ၄၀ မှာရှိတဲ့ အလေးချိန် (Weight) တို့ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာရနိုင်တဲ့ သံလုံးအချို့ ကို ပုံ (၁) နှင့် (၂) မှာဖော်ပြထားပါတယ်။

သံလုံးဆိုဒ် ဆိုတာ သံလုံးရဲ့ အချင်း (diameter) ကိုခေါ်တာဖြစ်ပါတယ်။ အပြင်မှာဆိုရင် 10mm ဆိုရင် ၃မူးလုံး၊ 16mm ဆိုရင် ၆မူးလုံး၊ 20mm ဆိုရင် ၃မတ်လုံး၊ 25mm ဆိုရင် ၁လက်မလုံး ဆိုပြီးခေါ်ကြပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ အသုံးများတဲ့ သံလုံးရဲ့ ခံနိုင်ရည်အား (Grade) တွေကတော့ HRB400 နှင့် HRB500 တို့ဖြစ်ကြပါတယ်။ ပုံ(၁) မှာပါတဲ့ HRB400 ရဲ့အဓိပ္ပါယ်က တစ်လက်မပတ်လည် အတုံးဆိုရင် 26တန် (400N/mm2) လောက် အဆွဲခံနိုင်ပြီး HRB500 ဆိုရင် 32တန် (500N/mm2) လောက်အဆွဲခံနိုင်တယ်လို့ အကြမ်းဖျင်း သိထားရင်ရပါပြီး။ အရွယ်အစား တူမယ်ဆိုရင် HRB500 က HRB400 ထက် 25% လောက် ပိုအဆွဲခံနိုင်ပါတယ်။ ကွန်ကရစ်ရဲ့ ခံနိုင်ရည်အားကို များအောင် မလောင်းနိုင်သေးတဲ့နေရာတွေဆိုရင် HRB500 ကိုမသုံးသင့်ပါဘူး။

သံလုံးဆိုဒ် အမျိုးအစားတူဆိုရင် အလေးချိန်များတဲ့ သံလုံးက ပိုတုတ်ပါတယ်။ ပုံ (၂) မှာဖော်ပြထားတဲ့ 16mm အမျိုးအစား တွေထဲကဆိုရင် 16mm (14kg or 8.60viss) သည်အတုတ်ဆုံးဖြစ်သည်။

အပေါ်ကအချက် တွေသိပြီးဆိုရင် အောက်မှာဖော်ပြထားတဲ့ ကွာခြားချက်လေးကို ကြည့်ကြည့်ရအောင်။
တကယ်လို့ ဆောက်လုပ်မယ့် ကန်ထရိုက်တာဘက်မှ 16mm သုံးမယ်ဆိုရင်

၁။ ဆိုဒ်တူပြီး Grade မတူရင် (ပုံ(၁) အရ)
16mm (HRB 500) = 1,270,000 (1ton ဈေး)
16mm (HRB 400) = 950,000 (1ton ဈေး)
1 ton ဈေးကွာဟချက် = 1,270,000 – 950,000 = 320,000

၂။ ဆိုဒ်တူ Grade တူပြီး အလေးချိန် မတူရင် (ပုံ(၂) အရ)
16mm (Local) (14kg) = 830,000 (1ton ဈေး)
16mm (Local) (13kg)= 740,000 (1ton ဈေး)
1 ton ဈေးကွာဟချက် = 830,000 – 740,000 = 90,000

တကယ်လို့ Structure ဒီဇိုင်းမတွက်ဘဲ အပြင်ကန်ထရိုက်တာ နှင့်ဆောက်မယ်ဆိုရင် အပေါ်က အချက်တွေကိုမေးရပါမယ်။ ဒါမှသာ အိမ်ရှင်ဘက်က သံလုံးနှင့်ပတ်သတ်ပြီး ကုန်ကျငွေအတိုင်း ရရှိသင့်တဲ့ သံလုံးရဲ့ ဆိုဒ်, ခံနိုင်ရည်အား နှင့် အလေးချိန် တို့ကိုရရှိမှာ ဖြစ်ပါတယ်။ မိမိအဆောက်အဦးကို Structure ဒီဇိုင်းတွက်မယ်ဆိုရင်တော့ သုံးမယ့် သံလုံးရဲ့ ဆိုဒ်, ခံနိုင်ရည်အား နှင့် အလေးချိန် တွေအပြင် သံလုံးအရေအတွက်ကို Structure Drawing စာအုပ်မှာ အသေးစိတ် ဖော်ပြထားမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သတိထားရမယ့် အချက်ကတော့ ပြည်တွင်းမှာ သံတိုသံစအ‌ဟောင်း တွေကနေ အရည်ကျိုပြီး ထုတ်လုပ်ထားတဲ့ သံလုံးတွေက ခံနိုင်အား တသမတ်တည်း မရှိသည့်အပြင် သံလုံးကွေးသည့်အခါ အလွယ်တကူ ကျိုးသည့်အတွက်ကြောင့် အသုံးမပြုသင့်ပါဘူး။

𝐓𝐰𝐨 𝐒𝐭𝐨𝐫𝐞𝐲 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜Type of Structure        : Steel StructureLocation                       : MandalayStatus       ...
25/12/2021

𝐓𝐰𝐨 𝐒𝐭𝐨𝐫𝐞𝐲 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜

Type of Structure : Steel Structure
Location : Mandalay
Status : Completed in May, 2021
Architectural Design : Marvellous Designs
Structural Design : Hexa Mandalay
Construction : PM Construction Co.,Ltd
Collaborative Partner : Radiant Construction
Plumbing & Sanitary : Young Tech Engineering
Site Engineers : Min Khant Naung & Htut Lin Aung





𝐓𝐡𝐫𝐞𝐞 𝐒𝐭𝐨𝐫𝐞𝐲 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 + 𝐑𝐞𝐭𝐚𝐢𝐥 𝐒𝐡𝐨𝐩Type of Structure                : Steel StructureLocation                          ...
24/12/2021

𝐓𝐡𝐫𝐞𝐞 𝐒𝐭𝐨𝐫𝐞𝐲 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 + 𝐑𝐞𝐭𝐚𝐢𝐥 𝐒𝐡𝐨𝐩

Type of Structure : Steel Structure
Location : Mandalay
Status : Completed in December, 2020
Architectural Design : Marvellous Designs
Structural Design : Hexa Mandalay
Construction : PM Construction Co.,Ltd
Collaborative Partner : Radiant Construction
M&E Design & Installation : Ko Aung Chan Myae
Site Engineers : Min Khant Naung & Htut Lin Aung





Skin Reinforcement ဆိုတာဘာလဲ?==========================Skin reinforcement ဆိုသည်မှာ RC beam tension reinforcement ရဲ့ အပ...
21/12/2021

Skin Reinforcement ဆိုတာဘာလဲ?
==========================

Skin reinforcement ဆိုသည်မှာ RC beam tension reinforcement ရဲ့ အပေါ် ဘေးသားတလျောက် မှာရှိတဲ့ ကွန်ကရစ်တွေ ကွဲမသွားအောင် ကာကွယ်ပေးတဲ့ reinforcement အမျိုးအစားဖြစ်ပါတယ်။ ACI 318-19 Section 9.7.2.3 အရဆိုရင် skin reinforcement တွေကို beam ရဲ့ total depth 36” ထက်ကျော်သွားရင် စထည့်ရမယ် လို့ဖော်ပြထားပါတယ်။ skin reinforcement ကို Figure 1 တွင်ဖော်ပြထားသည့် နေရာများတွင် ထည့်ရမှာဖြစ်ပြီး maximum spacing အနေနဲ့ကတော့ Figure 2 (where cc = clear side cover of skin reinforcement) တွင်ဖော်ပြထားသည့် အတိုင်းဖြစ်သည်။

Skin reinforcement အတွက်သုံးရမယ့် bar size ကိုအတိအကျ မသတ်မှတ်ထားပေမယ့် ACI 318-19 ရဲ့ Commentary R9.7.2.3 မှာတော့ No.3 to No.5 (10mm to 16m) ကို အနည်းဆုံး reinforcement area အနေနဲ့ 0.1 in2 per ft of depth အနေနဲ့အသုံးများတယ်လို့ ဖော်ပြထားပါတယ်။ research တွေအရ skin reinforcement ရွှေးချယ်တဲ့အချိန်မှာ bar size ကြီးပြီး spacing ကျဲသုံးထားထက်စာရင် bar size သေးပြီး spacing ခပ်စိပ်စိပ်သုံးတာက ပိုပြီး effective ဖြစ်တယ်ဆိုတာတွေ့ရပါတယ်။

skin reinforcement တွေကို beam ရဲ့ flexural design တွက်တဲ့အချိန်မှာ main reinforcement အနေနဲ့ ထည့်စဥ်းစားလို့ရပါတယ်။ Flexural Strength အတွက်လိုအပ်တဲ့ reinforcement တွေက တစ်ချောင်းနှင့်တစ်ချောင်း 14” ကျော်ရင် hoop ကွင်းထည့်ဖို့လိုအပ်ပေးမယ့် skin reinforcement အတွက်မလိုအပ်ပါဘူး။

AISC Design Guide 31 (Castellated and Cellular Beam Design)အခု Post မှာတော့ Castellated Beam နှင့် Cellular အကြောင်းပတ်သ...
21/12/2021

AISC Design Guide 31 (Castellated and Cellular Beam Design)

အခု Post မှာတော့ Castellated Beam နှင့် Cellular အကြောင်းပတ်သတ်ပြီး သိသင့်တာလေးတွေကို AISC Design Guide 31 ကိုမှီငြမ်းပြီး ရေးပြသွားမှာဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ပတ်သတ်ပြီး တွက်ချက်ရမယ့်အပိုင်းတွေ ယခုပိုစ့်မှာပါမှာ မဟုတ်တဲ့အတွက်ကြောင့် AISC Design Guide 31 မှာပြန်လေ့လာရပါမယ်။ အခုပိုစ့်လေးဖတ်ပြီးသွားရင် Castellated Beam & Cellular Beam နှင့်ပတ်သတ်ပြီး အခြေခံသိစရာလေးတွေ နှင့် အားသာချက်တွေကို သိလာပါလိမ့်မယ်။ နောက်ပြီး Castellated Beam & Cellular Beam တွေကိုထုတ်လုပ်ရေးလုပ်တဲ့ အချိန်မှာ AISC Design Guide 31 နဲ့အညီဘယ်လို ထုတ်ရမှာလဲဆိုတာသိရှိလာ ပါလိမ့်မယ်။

Castellated နှင့် Cellular Beam တွေဆိုတာ မူလအတိုင်းရှိနေတဲ့ Wide fl**ge shaped sections တွေကိုသတ်မှတ်ထားတဲ့ cutting plan အတိုင်းဖြတ်ပြီး welding နဲ့ပြန်ဆက်၍ရရှိလာသော Beam အမျိုးအစားဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် Castellated နှင့် Cellular Beam တို့သည်မူလ Beam depth ထက်ပိုများလာသဖြင့် ပစ္စည်းဖိုးသက်သာသွားသည့်အပြင် moment ခံနိုင်အားကို တက်လာစေပါတယ်။ Castellated Beam ဆိုတာ web မှာရှိတဲ့အပေါက်ပုံစံက ဆဌဂံပုံ (Hexagonal Shape) ဖြစ်ပြီး web မှာစက်ဝိုင်း အပေါက်ပုံစံ (Circular Shape) ရှိနေရင်တော့ Cellular Beam လို့ခေါ်ပါတယ်။ Castellated Beam နှင့် Cellular Beam ထုတ်လုပ်ပုံကို Figure 1 တွင်ဖော်ပြထားပါတယ်။

Castellated and Cellular Beam တွေကို US မှာ ၁၉၁၀ ခုနစ်ကစသုံးခဲ့ပေမယ့် ၁၉၄၀ နောက်ပိုင်းမှာမှ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပါတယ်။ ထုတ်လုပ်ချိန်အနေနဲ့ နှိုင်းယှဉ်ရင် Cellular Beam ထုတ်တာက Castellated Beam ထုတ်တာထက်ပိုကြာသည့်အပြင် waste လည်းပိုများပါတယ်။

Castellated Beam တွေကို အတိုစာလုံးအနေဖြင့် CB လို့သတ်မှတ်ပြီး Cellular Beam တွေကိုတော့ LB လို့သတ်မှတ်ပါတယ်။ ဥပမာ CB12x10 ဆိုရင် Castellated Beam ရဲ့ depth က 12" ရှိပြီး 10 ကတော့ သူရဲ့ မူလ Beam W8x10 ရဲ့ တစ်ပေမှာ ရှိတဲ့အလေးချိန်ကို pound unit ဖြင့်ဖော်ပြတာဖြစ်ပါတယ်။ Cellular Beam ဆိုရင်တော့ LB12x10 ဖြစ်ပြီး အဓိပ္ပါယ်က Castellated Beam နဲ့အတူတူဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီဇိုင်းလိုအပ်ချက်ပေါ်မူတည်ပြီး မတူညီတဲ့ မူလ Beam နှစ်ချောင်းကိုသုံးပြီး Castellated Beam ၊ Cellular Beam တွေလုပ်လို့ရပါတယ်။ ဥပမာ CB30x44/57 or LB30x44/57 ဆိုရင် Castellated or Cellular Beam ရဲ့ depth သည် 30" နီးပါးရှိပြီး အပေါ်ဘက်အပိုင်းကို မူလ W21x44 နဲ့လုပ်ထားပြီး အောက်ဘက်အပိုင်းကိုတော့ မူလ W21x57 လုပ်ထားမှာဖြစ်ပါတယ်။ CB30x44/57 or LB30x44/57 ရဲ့ linear own weight ကတော့ မူလ Beam Linear own weight တွေရဲ့ ပျမ်းမျှတန်ဖိုး((44+57)/2=50.5 lb/ft) ဖြစ်ပါတယ်။

Castellated Beam or Cellular Beam တွေကိုသုံးမယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့
၁။ Castellated or Cellular Beam တွေက depth/weight များသောကြောင့် ပေ ၃၀ ကျော်တဲ့ span တွေမှာသုံးရင် economy ပိုဖြစ်ပါတယ်။
၂။ Span အကျယ်ကြီးသွားလို့ရတဲ့ အတွက်ကြောင့် Column အရေအတွက်နည်းလာပါမယ်။ Column အရေအတွက်နည်းလာမယ်ဆိုရင် Footing အရေအတွက်လည်းနည်းသွားပါလိမ့်မယ်။
၃။ Archi ရှူထောင့်ကကြည့်ရင်လည်း Column spacing ကျယ်လာတဲ့အတွက် အခန်းဖွဲ့တဲ့နေရာမှာလည်း စိတ်ကြိုက်ဖွဲ့လို့ရလာပါမယ်။
၄။ Own weight ကော member အရေအတွက်ကော နည်းသည့်အတွက် Er****on လုပ်ရာမှာ ငွေကော၊အချိန်ကော သက်သာမှာ ဖြစ်ပါတယ်။
၅။ M&E နဲ့ဆိုင်တဲ့ air conditioner ပိုက်၊ ရေပိုက်၊ မီးပိုက် စတာတွေကိုလည်း Castellated or Cellular Beam တွေရဲ့အပေါက်တွေထဲကနေ သွားခိုင်းလို့ရတယ်တဲ့အတွက် Flow height အတွက်လည်း effective ဖြစ်သွားပါတယ်။
၆။ Castellated or Cellular Beam တွေက မူလ Beam တွေထက် depth ပိုများသောကြောင့် Vibration Resistance အပိုင်းမှာလည်းပိုကောင်းပါတယ်။

Castellated Beam နှင့် Cellular Beam ဒီဇိုင်း equations တွေက destructive test result ကနေရရှိလာတာ ဖြစ်တဲ့အတွက်သတ်မှတ်ထားတဲ့ Limitation တွေကိုလိုက်နာရပါမယ်။ Limitation မှာပါတဲ့ အတိုကောက် စာလုံးတွေရဲ့ အဓိပ္ပါယ်တွေကို Figure 2 မှာဖော်ပြလိုက်ပါတယ်။

Castellated Beam အတွက်သတ်မှတ်ထားတဲ့ Limitation တွေက 43 ≤ θ ≤ 62, 10 ≤ e/tw ≤ 30, 2h/e ≤ 8 (tw = web thickness, h = ho/2) ဖြစ်ပါတယ်။ θ တန်ဖိုး 58 နှင့် 62 အတွင်းရှိတဲ့ Castellated Beam တွေကပိုပြီး effective ဖြစ်တယ်လို့ Design Guide 31 မှာဖော်ပြထားပါတယ်။ Cellular Beam အတွက် Limitation ကတော့ 1.08 ≤ S/Do ≤ 1.50, 1.25 ≤ dg/Do ≤ 1.75 (S = Hole Spacing) ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ Limitation တွေအားလုံးကိုအဆင်ပြေသွားပြီးဆိုရင် Castellated Beam or Cellular Beam တွေကို ဒီဇိုင်းလုပ်တဲ့အခါ အောက်မှာဖော်ပြထားတဲ့ Limit State တွေကို pass ဖြစ်အောင်လုပ်ရပါမယ်။
1. Compactness and Local Buckling
2. Overall Beam Flexural Strength
3. Virendeel Bending of Tees
4. Web Post Buckling
5. Axial Tension/Compression
6. Horizontal Shear
7. Vertical Shear
8. Lateral Torsional Buckling

နောက်ဆုံး serviceability အနေနဲ့ deflection စစ်ရပါမယ်။ Deflection စစ်တဲ့အချိန်မှာ net section မှာရှိ moment of inertia ကို 10% (0.9 I(net)) လျော့ယူရပါမယ်။

Page မထောင်ခင် 2019 to 2021 အတွင်း Structure Design တွက်ခဲ့တဲ့ project လေးတွေပါ။
21/12/2021

Page မထောင်ခင် 2019 to 2021 အတွင်း Structure Design တွက်ခဲ့တဲ့ project လေးတွေပါ။

Address

Road 60th(C), Between 134thx135th Streets, Industrial Zone (1), Pyigyitagon Township
Mandalay
05051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959986670694

Website

Alerts

Be the first to know and let us send you an email when Hexa Mandalay Structural Design & Construction Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hexa Mandalay Structural Design & Construction Co., Ltd:

Share