SNL Engineering Co., Ltd

SNL Engineering Co., Ltd Engineering Services which provide consultation for M&E Services, Tenders Estimation and selling ACM

10/04/2026
လက်ရှိ Projects Training Batch06 မှာတက်နေတဲ့ တပည့်တစ်ယောက် စလုံးက ACMVLevel-6 Company မှာ ACMV (QS) နဲ့ ထပ်ပြီးတော့ အလုပ...
13/01/2026

လက်ရှိ Projects Training Batch

06 မှာတက်နေတဲ့ တပည့်

တစ်ယောက် စလုံးက ACMV

Level-6 Company မှာ ACMV (QS) နဲ့ ထပ်ပြီး

တော့ အလုပ်ရသွားတယ်

အလုပ်ရသွားတဲ့တပည့်က သင်တန်းမှန်မှန်

တက်တယ် Projects တွေကိုသေချာ

လိုက်လုပ်တဲ့တပည့်တွေ

အင်တာဗျူး ပြီးတာနဲ့ အလုပ်တန်းရတဲ့တပည့်ပါ

Congratulations ပါ Aung Khant Sat ရေ

အလုပ်ထဲမှာ အဆင်ပြေ ပါစေလို့

ဆရာဆုတောင်းပေးပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

06/11/2024

မနက်ဖြန်ည 7:30 pm Revit MEP အတန်းသစ်စပါမယ်

ဒီနေ့ မနက် ကျနော် Consultant လုပ်ပေးနေတဲ့ACMV Company က သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ လာကန်တော့တယ်ဒီ Company က Boss က သူ့...
05/11/2024

ဒီနေ့ မနက် ကျနော် Consultant လုပ်ပေးနေတဲ့

ACMV Company က သီတင်းကျွတ်အထိမ်းအမှတ်

အနေနဲ့ လာကန်တော့တယ်

ဒီ Company က Boss က သူ့ Company စီးပွါးရေးနဲ့

ပက်သက်တဲ့ အမြင်ရှိတယ်ပြောရမယ်

ဒီမှာရှိတဲ့ Company တော်တော်များများက Consultant

အတွက် ပိုက်ဆံသုံးဖို့ အစီအစဉ် မရှိကြဘူး

Technical ပိုင်းဆိုင်ရာအကြံပေးဖို့ စီးပွါရေးနဲ့

ပက်သက်တာတွေ မှာ အကြံပေးဖို့ အတွက်ပိုက်ဆံသုံး

သင့်တယ်လို့ မထင်ကြဘူး

အနောက်နိုင်ငံတွေ သက်ဆိုင်ရာ Service အလိုက်

အကြံပေးခန့်တာ အကြံဉာဏ်ယူတာတွေကလွန်ခဲ့တဲ့

အနှစ်နှစ် လောက်တည်းက အသုံးပြုနေကြလို့

ဖွတ်ဖွတ်ညက်ညက် တောင်ကြေနေပြီ

ကျနော်တို့ဆီမှာ ခုနောက်ပိုင်းမှ Technical ဆိုင်ရာ

အကြံပေးတွေ စီးပွါးရေးပက်သက်တဲ့အကြံပေးတွေ

ခေတ်စားလာတာပါ

စီးပွါးရေးနဲ့ပက်သက်တဲ့ Company တွေကိုအကြံပေး

နေတဲ့ အနောက်နိုင်ငံက ဂုရုတွေ ထဲမှာတော်ဖလာ

ကနာမည်ကျော်တယ်ပြောရမယ်

သူ့ရဲ့ဦီးထုပ်ခြောက်လုံးစဉ်းစားနည်းက ကမ္ဘာကျော်တယ်

တော်ဖလာတို့ ဒီဘိုနိုး တို့အကြောင်းကို ကျနော်ဆီက

ဆရာကိုတာ မိတ်ဆက်ပေးလို့ ကျနော်တို့သိခွင့်ရခဲ့တယ်

တော်ဖလာဆိုတဲ့ ပုဂ္ဂိုလ်ကြီးက လန်ဒန်က ဆင်ခြေဖုံးမှာ

နေတယ်

သူ့အိမ်ကို ရုံးခန်းလုပ်ထားတယ် နိုင်ငံတကာက

Corporations တွေ Company ကြီးတွေက သူ့ဆီက

အကြံဉာဏ်ရဖို့အတွက်ဒေါ်လာသိန်းချိီပြီးပေးရတယ်

သူ့ကိုတွေ့ချင်ရင် Appointment ကြိုယူရတယ်

သူနေ့တဲ့ ဆင်ခြေဖုံးက အိမ်ကိုတစ်ကူးတစ်ကလာတွေ့

ပြီးအကြံဉာဏ်ယူရတယ်

ပြီးခဲ့တဲ့လက Consultant လုပ်နေတဲ့ကျနော့်ဆရာ

တစ်ယောက်နဲ့ ဆိုင်ထိုင်ဖြစ်တယ်

ဆရာက ကျနော့်ကို မင်းတင်ထားတဲ့ Consultation

လုပ်ပေးရင် Consultation fees တောင်းထားတဲ့

post ကို ငါတွေ့တယ် ငါသဘောကျတယ်ကွ

ငါတို့ဆီမှာ အဲလိုမျိုး Technical ပိုင်းဆိုင်ရာအကြံပေး

တာကို အလကားလုပ်ပေးစေချင်တာကွ

ပိုက်ဆံပေးသင့်တယ်လို့မထင်ဘူး မင်းဆက်လုပ်ပါ

ဆရာအားပေးတယ်ဆိုပြီး ကျနော့်ကို အားပေးပါတယ်

ကျနော်လက်ရှိ အကြံပေးနေတဲ့ ACMV Company က

ဘောစိက အမြင်ကျယ်တယ်ပြောရမယ်သူ့ဆီမှာ

စီးပွါးရေးဆိုင်ရာအကြံပေးတစ်ယောက်ကို full time

ခန့်ထားတယ်

Technical နဲ့ပက်သက်ပြီး ကျနော့်ကို အကြံပေးခန့်တယ်

ဘယ်လိုဘဲ ဖြစ်ဖြစ်ဒီလိုမျိုး အမြင်ကျယ်တဲ့ဘောစိ

တွေရှိနေသေးတဲ့ အတွက် ကျနော်တို့ အလုပ်လုပ်ခွင့်

ရတဲ့အတွက် ကျေးဇူးတင်ရမှာပါဘဲ

Company ဒီထက်တိုးတက်အောင်မြင်ပါစေလို့ဆုတောင်း

ပေးပါတယ် ကိုတင့်လွင်ရေ

ချစ်ခြင်းအားဖြင့်

Nanda Lynn

ဒီရက်ထဲ Project နှစ်ခုက ပြီးခါနီးဆိုတော့စိတ်ရော လူရော နည်းနည်းပင်ပန်းနေပေမယ့်M Tower Shopping Mall မှာ Maintenance Engin...
01/11/2024

ဒီရက်ထဲ Project နှစ်ခုက ပြီးခါနီးဆိုတော့

စိတ်ရော လူရော နည်းနည်းပင်ပန်းနေပေမယ့်

M Tower Shopping Mall မှာ Maintenance Engineer

နဲ့လုပ်နေတဲ့ တပည့်တစ်ယောက်

စလုံးက ACMV Company မှာ အလုပ်ရသွားတယ်

တစ်ဖက်တစ်လမ်းကနေ ကျနော်သင်ပေးလိုက်တဲ့

တပည့်တွေ အဆင်ပြေသွားရင် ကျနော်ကျေနပ်ပါတယ်

ကျနော် သိသလောက် တတ်သလောက်ကို ကျနော့်

တပည့်တွေကို အလုပ်ထဲမှာ အဆင်ပြေပြေရပ်တည်

နိုင်အောင်လို့ ဖြန့်ဝေပေးတာပါ

စလုံးရဲ့ ACMV လောကမှာ ဗမာတွေ ကခေသူတွေမဟုတ်

ဘူးဆိုတဲ့ ကျနော့်တို့ ရဲ့ Senior ကြီးပြောခဲ့တဲ့စကား

အတိုင်း ကျနော့်ကောင်တွေ ဆက်ထိမ်းနိုင်မယ်လို့

မျှော်လင့်ပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

Jobs Vacancy**************L6 စလုံး Company နှစ်ခုမှာ ACMV ProjectManager ရာထူးနဲ့ နောက် Company တစ်ခုမှာElectrical Proje...
26/10/2024

Jobs Vacancy
**************
L6 စလုံး Company နှစ်ခုမှာ ACMV Project

Manager ရာထူးနဲ့ နောက် Company တစ်ခုမှာ

Electrical Project Engineer one Post နဲ့

Electrical ( QS) One Post လိုချင်တာပါ

ACMV Manager Position ကအတွေ့အကြုံရှိတယ်

လုပ်နိုင်တယ် ဆိုရင် လစာတောင်းလို့ရပါတယ်

ကျနော့်ဆီမှာ တိုက်ရိုက်ဖုန်းနံပါတ်လာတောင်းပါ

Electrical Project Engineer နဲ့ Electrical (QS)

ကတော့ Email လာတောင်းပါ

ချစ်ခြင်းအားဖြင့်

Nanda Lynn

Cleanroom တွေမှာ Venturi Valve ကိုဘာကြောင့်သုံးတာလဲ ဘာအတွက်သုံးတာလဲ Venturi Valve ဘယ်လိုအလုပ်လုပ်သလဲ ?Venturi Valve နဲ့ပ...
25/10/2024

Cleanroom တွေမှာ Venturi Valve ကိုဘာကြောင့်သုံး

တာလဲ ဘာအတွက်သုံးတာလဲ

Venturi Valve ဘယ်လိုအလုပ်လုပ်သလဲ ?

Venturi Valve နဲ့ပက်သက်ပြီး စလုံးကတပည့်တွေထဲက

လာမေးတာလေးငါးယောက်လောက်ရှိပြီမို့ ကျန်တဲ့သူ

တွေလည်း သိရအောင် Knowledge sharing လေး

လုပ်ပေးလိုက်ပါတယ်

What is Venturi Valve
************************

Venturi valve ဆိုတာ Cleanroom တွေမှာ air flow

နဲ့တိကျတဲ့ pressure ကိုထိန်းညှိဖို့အတွက်မရှိမဖြစ်

လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

Venturi valve ဟာ အခန်းထဲကိုလေထည့်သွင်းပေးဖို့

အသုံးပြုသလို အခန်းထဲကလေကိုအပြင် စုပ်ထုတ်

ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်

Venturi valve ကိုအသုံးပြုခြင်းအားဖြင့်

contaminants ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို

ဖန်တီးပေးနိုင်ပါတယ်

Working Principle
*****************

Venturi valve ဟာ Venturi effect ပေါ်မှာ မူတည်ပြီး

အလုပ်လုပ်ပါတယ် Venturi effect ဆိုတာ valve

ရဲ့ထိန်းချုပ်ထားတဲ့ အပိုင်းကိုလေကိုဖြတ်စီးစေပြီး

pressure ကိုလျော့ကျစေပြီး velocity ကိုများလာ

အောင်လုပ်ပေးတာပါ

ဒီ Venturi effect ဟာ mechanical အစိတ်အပိုင်း

ဖြစ်တဲ့ damper ကိုအသုံးမပြုဘဲ air flow ကို

ထိန်းညှိပေးတာပါ

Venturi valve ဟာ duct အတွင်းမှာရှိနေတဲ့ ဖိအား

ကိုအလိုအလျောက်ထိန်းညှိပေးပြီးလေစီးဆင်းမှုကို

တစ်သတ်မတ်တည်းစီးဆင်းအောင်ပြုလုပ်ပေးတာပါ

ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် Cleanroom လိုနေရာ

မျိုး air flow အတိအကျလိုချင်တဲ့ ပတ်ဝန်းကျင်

အတွက် အသုံးပြုဖို့အဆင်ပြေလှပါတယ်

Features
*********

Venturi valve ရဲ့သွင်ပြင်လက္ခဏာတွေကိုအောက်မှာ

ရေးပေးထားပါတယ်

1. Pressure Independence
******************************

Venturi valve ဟာ duct pressure ပြောင်းလဲနေသည့်

တိုင် air flow ကိုတစ်သတ်မတ်တည်းဖြစ်အောင်

ထိန်းညှိပေးသလို system တစ်ခုလုံးမတည်မငြိမ်

ဖြစ်နေသည့်တိုင်အောင် air flow ကိုတည်ငြိမ်အောင်

ပြုလုပ်ပေးပါတယ်

ဒီလက္ခဏာ ဟာ Cleanroom လိုမျိုး air flow ကို

အတိအကျရဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပတ်ဝန်းကျင်မှာ

အဆင်ပြေပါတယ်

2. Fast Response
********************

Venturi valves တွေ ဟာ Cleanroom ရဲ့လိုအပ်ချက်

ပေါ်မူတည်ပြီး လျင်လျင်မြန်မြန်ပြောင်းလဲနိုင်ပါတယ်

အထူးသဖြင့် duct ထဲမှာရှိနေတဲ့ ဖိအားအမျိုးမျိုး

ပြောင်းလဲနေသည့်တိုင်အောင် air flow ကိုတည်ငြိမ်

အောင်ထိန်းပေးထားနိုင်ပါတယ်

3. Low Maintenance
***********************

Venturi valve တွေဟာ dampers တွေအပေါ်မှာ မူ

တည်ခြင်းမရှိတာကြောင့် သူတို့ကိုထိန်းသိမ်းရမယ့်

ကုန်ကျစရိတ်ဟာ နည်းပါးပါတယ်

4. Contamination Control
****************************

Venturi valves တွေဟာ air flow ကိုအတိအကျ

ထိန်းချုပ်နိုင်တဲ့ အတွက်ကြောင့် Cleanroom ထဲကို

ဝင်လာမယ့် contaminants တွေကိုလည်းကာကွယ်

ပေးနိုင်ပါတယ်

ဒါ့အပြင် Cleanroom ထဲမှာ ရှိနေတဲ့ မသန့်ရှင်းတဲ့

contaminates တွေကိုလည်းအပြင်ကိုဖယ်ထုတ်

ပေးနိုင်ပါတယ်

Applications in Cleanroom
***************************

Pressure Control
******************

Cleanroom တွေဟာ Cleanroom level ကိုထိန်း

ပေးဖို့အတွက် တိကျတဲ့ pressure လိုအပ်ပါတယ်

ဒီလိုမျိုး တိကျတဲ့ဖိအားကို ရရှိစေဖို့အတွက်

Venturi valve က လိုအပ်တဲ့ air flow ချိန်ညှိပေးခြင်း

အားဖြင့် ကူညီပေးပါတယ်

Air Flow Regulations
*********************

Venturi Valve ကိုသင့်တော်တဲ့ air change rate နဲ့

contamination ဖြစ်တာကနေကာကွယ်ပေးဖို့အတွက်

Supply အနေနဲ့ရော exhaust အနေနဲ့ပါ အသုံးပြု

နိုင်ပါတယ်

Energy Efficiency
******************

Venturi valve ဟာ pressure ပြောင်းလဲမှုပေါ်မူတည်

ပြီး air flow ကိုချိန်ညှိပေးနိုင်တဲ့ အတွက်ကြောင့်

မလိုအပ်တဲ့ resources တွေကို မဖြုန်းတီးခြင်း

အားဖြင့် Energy savings ဖြစ်အောင်လည်းကူညီပေး

ပါတယ်

Static Pressure Loss
**********************

Venturi Valve တွေဟာ Static pressure 150 Pa မှာ

ကောင်းကောင်းအလုပ်လုပ်ပြီး သူ့ရဲ့ အလုပ်လုပ်တဲ့

range က 150 Pa နဲ့ 750 Pa ကြားမှာပါ

AHU တစ်လုံးရဲ့ Fan Static Pressure ကိုတွက်မယ်ဆိုရင်

Venturi Valve ရဲ့ losses ကို 150 Pa လောက်ယူတွက်

ဖို့လိုပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

ဒီနေ့ နေ့လည် On Jobs Training ဆင်းနေတဲ့တပည့်တွေနဲ့ နေ့လည်စာအတူတူစားဖြစ်တယ်တစ်လတစ်ကြိမ်လောက် ကျနော့်Team Members ရော OJTဆ...
25/10/2024

ဒီနေ့ နေ့လည် On Jobs Training ဆင်းနေတဲ့တပည့်တွေနဲ့

နေ့လည်စာ

အတူတူစားဖြစ်တယ်

တစ်လတစ်ကြိမ်လောက် ကျနော့်Team Members ရော

OJTဆင်းနေတဲ့တပည့်တွေနဲ့ပါ နေ့လည်စာချက်ပြီး

အတူတူစားဖြစ်တယ်

ကျနော် အခုလို မျိုးလုပ်ပေးဖြစ်တာက အဖွဲ့အစည်းနဲ့

ပူးပေါင်းပြီးလုပ်တက်စေချင်တာရယ် တစ်ယောက်နဲ့

တစ်ယောက်ပိုပြီး ချစ်ခင်ရင်းနှီးစေချင်တာလည်းပါတယ်

တစ်ချိန် အလုပ်ထဲရောက်လို့ အခက်အခဲတွေ့ရင်

အချင်းချင်းကူညီရင်းပင်းစေချင်တာလည်းပါပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

စလုံးကတပည့်တစ်ယောက် Project Training တန်းမှာမေးတဲ့VAV box နဲ့ VAV Thermal Diffuser နှစ်ခုရဲ့ကွားခြားချက်ကို ACMV field ထ...
24/10/2024

စလုံးကတပည့်တစ်ယောက် Project Training တန်းမှာ

မေးတဲ့VAV box နဲ့ VAV Thermal Diffuser နှစ်ခုရဲ့ကွားခြား

ချက်ကို ACMV field ထဲမှာလုပ်နေတဲ့ တပည့်တွေ

အားလုံးသိအောင်လို့ sharing လုပ်ပေးလိုက်ပါတယ်

Difference Between VAV Box VAV Thermal Diffuser
***************************************************

VAV Box ရော VAV Thermal Diffuser နှစ်မျိုးစလုံး

ကို Commercial Buildings အများစုရဲ့ Air

conditioning အတွက်အသုံးပြုပါတယ်

VAV ( Variable Air Volume Box)
*******************************

VAV box ဆိုတာ commercial building တွေမှာ

မတူညီတဲ့ zones တွေမှာရှိနေတဲ့ air flow ကိုထိန်းညှိ

ပေးဖို့အတွက် အသုံးပြုပါတယ်

VAV box ဟာ ductwork မှာတပ်ဆင်ထားပြီး

အခန်းရဲ့အပူချိန်ပေါ်မူတည်ပြီး လိုအပ်တဲ့ air flow ကို

အခန်းတွင်းကိုထည့်သွင်းပေးပါတယ်

VAV box ရဲ့အဓိကရည်ရွယ်ချက်က အပူချိန်ကို

တသတ်မတ်တည်းထိန်းညှိပေးဖို့အတွက် အခန်းက

လိုအပ်တဲ့ air flow ကို အပူချိန်ပေါ်မူတည်ပြီး

အခန်းထဲကိုဖြည့်သွင်းပေးတာပါ

VAV box ကို thermostat နဲ့ထိန်းညှိပေးပြီး VAV

box ထဲမှာ ရှိတဲ့ damper ကနေတစ်ဆင့် air flow

အနည်းအများကိုထိန်းညှိပေးတာပါ

VAV box ရဲ့ control system ကရှုပ်ထွေးပြီး

BMS system နဲ့ပေါင်းစပ်အသုံးပြုဖို့လိုပါတယ်

VAV box ရဲ့အားသာချက်တွေက

1. Precise Temperature Control
**********************************

အပူချိန်ကို အတိအကျ control လုပ်ပေးနိုင်ပါ

တယ် အထူးသဖြင့် မတူညီတဲ့ ဇုန်အသီးသီးအတွက်

သင့်တော်တဲ့ အပူချိန်ရအောင်ထိန်းညှိပေးနိုင်ပါတယ်

2. Energy Efficiency
********************

အခန်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး air flow ကိုချိန်ညှိ

နိုင်တဲ့အတွက် မလို လားအပ်တဲ့ ပူခြင်း အေးခြင်းကို

လျော့ချပေးနိုင်ပါတယ်

3. Customizable Air Flow
****************************

ဇုန်တစ်ခုချင်းစီကလိုအပ်တဲ့ air flow ပေါ်မူတည်ပြီး

ဇုန်အသီးသီးအလိုက်လိုအပ်တဲ့ air flow ကို

ဖြန့်ဖြူးပေးနိုင်ပါတယ်

VAV boxes ကို အထူးသဖြင့် ကြီးမားတဲ့

commercial buildings တွေ offices တွေနဲ့ မတူညီတဲ့

Zones တွေအတွက် လိုအပ်တဲ့ အပူချိန်ရရှိနိုင်ဖို့

အတွက်အသုံးပြုကြပါတယ်

2. VAV Thermal Diffuser
***************************

VAV thermal diffuser ဆိုတာက diffuser တစ်မျိုးဘဲ

ဖြစ်ပြီး အခန်းရဲ့အပူချိန်ပေါ်လိုက်ပြီး အခန်းထဲကို

လိုအပ်တဲ့လေပမာဏထည့်သွင်းပေးတဲ့ diffuser

အမျိုးအစားဖြစ်ပါတယ်

VAV thermal diffuser မှာ external dampers နဲ့

external controls တွေ မလိုအပ်ပါဘူး

VAV Thermal diffuser က air flow ကိုထိန်းညှိဖို့

အတွက် thermal expansion နဲ့ contraction

ကိုအသုံးပြုပါတယ်

Characteristics of a VAV Thermal Diffuser
*******************************************

VAV Thermal diffuser ကို duct ရဲ့အဆုံး

ceiling ဒါမှမဟုတ် wall မှာ တပ်ဆင်လေ့ရှိပါတယ်

အဲဒီအဆုံးသတ် ပွိုင့်ကနေ လေကို အခန်းထဲကို

ဖြန့်ဖြူးပေးတာပါ

VAV thermal diffuser က အခန်းရဲ့အပူချိန်ပေါ်

မူတည်ပြီး လေကိုထိန်းညှိပေးတာပါ

အခန်းအပူချိန်တက်လာတာနဲ့အမျှ diffuser ကပိုမို

ပွင့်လာပြီး လေကို အခန်းထဲကို ဖြန့်ဖြူးပေးတာပါ

အခန်းအပူချိန်ကျပြီးအေးလာတာနဲ့ diffuser က

သူသတ်မှတ်ထားတဲ့ air flow ရအောင် diffuser က

တစ်ဖြည်းဖြည်းပိတ်ပါတယ်

ဒီလိုနည်းလမ်းနဲ့ အခန်းထဲမှာ သက်သောင့်သက်သာ

ဖြစ်အောင် ပြင်ပ ကနေ ထိန်းချုပ်ထားတဲ့

Control system မပါဘဲ comfort ဖြစ်အောင်ပြုလုပ်

ပေးပါတယ်

VAV thermal diffuser က thermally actuated

mechanism ကိုအသုံးပြုပြီး များသောအားဖြင့်

bimetallic strips နဲ့လုပ်ထားပြီး diffuser ရဲ့အဖွင့်

အပိတ်ကိုပြုလုပ်ပေးပါတယ်

ဒီ system မှာ ပြင်ပကနေ ထိန်းချုပ်ပေးမယ့်

Electronic control လည်းမလိုသလို external

thermostat လည်းမလိုပါဘူး

Diffuser က ပတ်ဝန်းကျင်အပူချိန်ပေါ်မူတည်ပြီး

Air flow ကိုထိန်းညှိပေးပါတယ်

VAV Thermal diffuser ရဲ့အားသာချက်တွေက

1. သီးသန့် control system ဒါမှမဟုတ်

damper system မလိုအပ်ပါဘူး အခန်းအပူချိန်ပေါ်

မူတည်ပြီး အလုပ်လုပ်ပါတယ်

2. VAV box နဲ့ နှိုင်းယှဉ်ရင် ထိန်းသိမ်းမှု ကုန်ကျ

စရိတ်နည်းပါတယ် သူ့မှာ thermostat ဒါမှမဟုတ်

လှုပ်ရှားနေတဲ့ အစိတ်အပိုင်းမပါဝင်ပါဘူး

3. သေးငယ်တဲ့အခန်းတွေ individual offices တွေ

အတွက် VAV system ကိုသုံးမယ်ဆိုရင် ပိုမိုရှုပ်ထွေး

ပြီး ကုန်ကျစရိတ်များပါလိမ့်မယ်

VAV thermal diffuser ကို အထူးသဖြင့်

သေးငယ်တဲ့ အခန်းငယ်တွေ individual offices တွေ

meeting rooms တွေ တိကျတဲ့ အပူချိန်ထိန်းချုပ်မှု

မလိုအပ်တဲ့ နေရာတွေ အဓိက air flow ပေါ်အခြေခံ

တဲ့နေရာတွေ မှာအသုံးများပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

Evaporative Air Coolers အပိုင်း(၄)**********************************Design Considerations ***********************Evapora...
21/10/2024

Evaporative Air Coolers အပိုင်း(၄)
**********************************

Design Considerations
***********************

Evaporative Air Coolers တစ်ခုက design လုပ်ရာ

မှာ အခန်းထဲကို ဖြန့်ဖြူးတဲ့ လေကို အေးမြစေဖို့

အတွက် အချက်အလက်များစွာကို ထည့်သွင်းစဉ်းစား

ဖို့လို့ပါတယ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲ

ကအရေးကြီးတဲ့ အချက်တွေကို အောက်မှာရေးပြ

ထားပါတယ်

1. ရာသီဉတု အခြေအနေ ( Climate Suitability)
***********************************************

Evaporative air coolers တွေဟာ ခြောက်သွေ့ပြီး

ပူပြင်းတဲ့ ရာသီဉတု အခြေအနေမှာ ကောင်းမွန်စွာ

အလုပ်လုပ်နိုင်ပါတယ်

ဘာကြောင့်လဲဆိုတော့ ရေငွေ့ပျံဖို့ ပိုမိုလွယ်ကူစေတဲ့

အတွက် cooling effects ကိုသိသိသာသာ ကောင်းမွန်

စေပါတယ်

Efficiency ကောင်းဖို့အတွက်ဆိုရင် ပတ်ဝန်းကျင်မှာ

Humidity levels ( ရေငွေ့ပါဝင်မှု နှုန်း) နည်းဖို့

လိုပါတယ်

ရေငွေ့ပါဝင်နှုန်းများတဲ့ ဒေသတွေမှာ cooling effects

လျော့ကျပြီး evaporative coolers တွေရဲ့

Efficiency ကိုလျော့ကျစေပါတယ်

2. Cooling Capacity
**********************

Evaporative air coolers တွေအတွက်လိုအပ်တဲ့

Air flow rate ( CMH) ကိုတွက်ချက်ရာမှာ

အောက်ကပုံသေနည်းနဲ့ တွက်ချက်နိုင်ပါတယ်

Air Flow Rate ( CMH) = Area of space ( m2 ) x

Ceiling height ( m) x 15 ACH / Hr

3. Design Components
**************************

(i) Cooling Pads
*****************

Cooling pads ရဲ့အထူနဲ့ အမျိုးအစားဟာ

Cooling efficiency အပေါ်မှာ အများကြီးသက်ရောက်

မှုရှိပါတယ်

Honeycomb နဲ့ cellulose pads အမျိုးအစားတွေ

ကအကောင်းဆုံးဖြစ်ပြီးရေကိုလည်း ကြာရှည်စွာ

ထိန်းထားနိုင်ပြီး cooling capacity ကိုလည်း

ကောင်းမွန်စေပါတယ်

( II) Fan Type
*************

သေးငယ်တဲ့ EC တွေမှာ axial fans တွေ အသုံးပြုပြီး

ကြီးမားတဲ့ EC တွေမှာ air flow နဲ့ static pressure

များများရဖို့အတွက် Centrifugal fans တွေကို

အသုံးပြုပါတယ်

( III) Water Distribution System
*******************************

Cooling pads ပေါ်ကို ဖြန့်ဝေပေးတဲ့ ရေပေးဝေတဲ့

စနစ်ကောင်းမွန်ရင် cooling efficiency ကိုကောင်းမွန်

စေပါတယ်

(4) Water Source & Consumption
***********************************

(1) Water Supply
*****************

ကောင်းမွန်တဲ့ cooling efficiency ကိုထိန်းထားဖို့

အတွက်ဆိုရင် အဆက်မပြတ်ပေးပို့နိုင်တဲ့ရေစီးဆင်း

မှု နဲ့ လုံလောက်တဲ့ရေပမာဏ ရှိဖို့လိုပါတယ်

အသုံးပြုတဲ့နေရာပေါ်မူတည်ပြီး ရေရရှိနိုင်မှုနဲ့ရေသုံးစွဲ

မှုကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်

(2) Water Quality
*****************

ညံ့ဖျင်းတဲ့ရေဟာ cooling pads တွေမှာ scaling

ဖြစ်ပေါ်စေပြီး cooling pads ရဲ့ efficiency ကိုလည်း

လျော့ကျစေပါတယ်

ဒါကြောင့် scaling ဖြစ်တာကို ကာကွယ်ဖို့အတွက်

သန့်စင်ထားတဲ့ရေ ကိုအသုံးပြုဖို့လိုပါတယ်

5. Air Flow Design
*********************

(1)Intake & Exhaust
*****************

Effective cooling ဖြစ်ဖို့အတွက်သင်လျော်တဲ့ fresh

air နဲ့ exhaust air ရှိဖို့လိုပါတယ်

လေအေးတွေကို cooling pads တွေကနေတစ်ဆင့်

အခန်းထဲကို ဖြန့်ပေးပြီး exhaust air ကို အခန်းအပြင်

ဘက်ကိုပြန်ထုတ်ပေးဖို့လိုပါတယ်

(2) Ductwork
**************
တစ်ကယ်လို့ ductwork တွေတပ်ဆင်ဖို့လိုမယ်ဆိုရင်

Ducts bends နဲ့ fittings တွေကို အနည်းဆုံးဖြစ်

အောင် design ပြုလုပ်ဖို့လိုပါတယ်

ဘာကြောင့်လဲဆိုတော့ air flow ကောင်းမွန်ဖို့အတွက်

နဲ့ static pressure losses နည်းပါးစေဖို့အတွက်ပါ

6. Maintenance Considerations
***********************************

(1) Easy Access
****************

Cleaning & maintenance လုပ်ဖို့အတွက် EC ရဲ့

အစိတ်အပိုင်းတွေဖြစ်တဲ့ cooling pads, water pump

နဲ့ water reservoir ရှိရာဆီတွေကို အလွယ်တစ်ကူ

ဝင်ရောက်နိုင်ဖို့လိုသလို နေ့စဉ် သန့်ရှင်းရေးအပြင်

Cooling pads လဲလှယ်ဖို့ ရေရဲ့ အရည်အသွေးကို

စစ်ဆေးဖို့နဲ့ pump နဲ့ fan blades တွေကို သန့်ရှင်းရေး

လုပ်ဖို့လိုပါတယ်

(2) Corrosion Resistance
*************************

Evaporative coolers တွေရဲ့သက်တမ်းကြာရှည်စွာ

အသုံးပြုနိုင်ဖို့ ရေနဲ့ထိတွေ့နေတဲ့ အစိတ်အပိုင်းတွေကို

Corrosion ဒဏ်ခံနိုင်အောင်ရွေးချယ်ဖို့လိုပါတယ်

7. Energy Efficiency
***********************

(1) Motor & Pump Efficiency
****************************

အသုံးပြုတဲ့ power consumption နဲ့ operating cost

ကိုလျော့ချဖို့အတွက် energy efficient ဖြစ်တဲ့

motors နဲ့ pumps တွေကိုရွေးချယ်ဖို့လိုပါတယ်

(2) Variable Speed Control
***************************

Fans နဲ့ Pumps တွေမှာ

အခန်း ရဲ့ load ပေါ်မူတည်ပြီး speed

ကိုထိန်းညှိဖို့အတွက် VSD တွေကိုတပ်ဆင်သင့်ပါ

တယ်ဒါမှသာ energy saving ဖြစ်မှာပါ

8. Safety and Health
************************

Evaporative coolers တွေကိုပုံမှန်သန့်ရှင်းရေးလုပ်

ဖို့လိုပါတယ် ဒါမှသာ ဘတ်တီးရီးယားပိုးမွှားတွေ

ပေါက်ဖွားခြင်းကနေ ကာကွယ်နိုင်မှာပါ

9. Sizing
***********

Evaporative cooler တစ်လုံးကိုရွေးချယ်ရာမှာ

အခန်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး under sizing နဲ့

over sizing မဖြစ်အောင်ဂရုစိုက်ဖို့လိုပါတယ်

Under sizing ဖြစ်ရင် လိုအပ်တဲ့ cooling efficiency

မရနိုင်သလို Over sizing ဖြစ်ရင် operating cost

များနိုင်ပါတယ်

10. Environmental Considerations
************************************

(1) Location
*************

Evaporative coolers တွေကိုတပ်ဆင်တဲ့နေရာမှာ

Efficiency ကောင်းမွန်ဖို့နဲ့ ရေငွေ့ပျံမှု နှုန်း

Evaporation rate ကိုလျော့ချနိုင်ဖို့အတွက် အရိပ်ရ

တဲ့နေရာမှာ တပ်ဆင်သင့်ပါတယ်

(2) Noise Level
***************

Evaporative coolers တွေကို design လုပ်ရမှာ

Noise level ကိုအနည်းဆုံးဖြစ်အောင်လျော့ချနိုင်

ဖို့လိုပါတယ် အထူးသဖြင့် residential နဲ့

office areas တွေမှာ အသုံးပြုမယ်ဆိုရင် noise ကို

လျော့ချနိုင်ဖို့လိုပါတယ်

11. Portability and Space Consideration
*****************************************

1. Portable Units
********************

Portable Evaporative coolers တွေအတွက်ဆိုရင်

ဒီဇိုင်းစဉ်းစားရင် ကျစ်လစ်မှု အလွယ်တစ်ကူရွေ့ရှား

နိုင်မှု နဲ့ air flow ပမာဏ နဲ့ ရွေ့ရှားနိုင်မှုပေါ်မူတည်ပြီး

စဉ်းစားသင့်ပါတယ်

2. Fixed Units
****************

ကြီးမားတဲ့ အဆောက်အဉီးတွေမှာ

Fixed units တွေကိုတပ်ဆင်ဖို့စဉ်းစားမယ်ဆိုရင်

ဒီဇိုင်းကို ductwork , structural support နဲ့ အပြင်မှာ

တပ်ဆင်မှာလား အမိုးမှာတပ်ဆင်မှာလားစတဲ့

အချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်

12. Aesthetic and User Comfort
*********************************

1. Design for User Interface
*******************************

အသုံးပြုတဲ့သူတွေ လွယ်ကူဖို့အတွက် control

လုပ်တဲ့နေရာမှာ remote controls, digital panels

ဒါမှမဟုတ် thermostat စတဲ့ controls တွေကိုအသုံး

ပြုခြင်းအားဖြင့် operation ကိုပိုမိုလွယ်ကူစေပါတယ်

2. Design Aesthetic
**********************

Residential အတွက်ဘဲဖြစ်ဖြစ် commercial အတွက်

ဘဲဖြစ်ဖြစ် evaporative coolers တွေကို ဒီဇိုင်းလုပ်

တဲ့နေရာမှာ အခန်းနဲ့ကိုက်ညီတဲ့ အသွင်အပြင် ပတ်

ဝန်းကျင်နဲ့ အဆင်ပြေတဲ့ materials အရောင်စတာ

တွေကိုအသုံးပြုသင့်ပါတယ်

ချစ်ခြင်းအားဖြင့်

Nanda Lynn

Design & Build for Mechanical Ventilation Project*************************************************
21/10/2024

Design & Build for Mechanical Ventilation Project
*************************************************

Address

No. 1, 2nd Floor Zayarthiri Street, Hledan
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959254050198

Alerts

Be the first to know and let us send you an email when SNL Engineering Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SNL Engineering Co., Ltd:

Share