11/04/2026
ချစ်ခင်ရပါသော မိမိတို့ရဲ့ Customer များအားလုံး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း အဦးဆုံး ဆုတောင်းပေးလိုက်ပါတယ်။
သင်္ကြန်ရုံးပိတ်ရက်ရှည်အတွင်း ကျွန်တော်တို့ ဆိုင်ကို ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး (၁၈) ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
အားလပ်ရက်မှာ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ သင်္ကြန်ကာလလေးဖြစ်ပါစေ။ ခရီးသွားမည့်သူများလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ကြပါစေခင်ဗျာ။